အခန်း ၇၆၇
Vol. 52 Ch. 767
အခန်း ( ၇၆၇ ) သူဌေးကြီးက ငါပဲ၊ ထိပ်သီး တားမြစ်ပါရမီရှင်သုံးဦးစလုံး အတူတူလှုပ်ရှားခြင်း၊ ဒီလက်သီးက မင်းတို့ကို ကျောင်းမှန်းကန်မှန်းသိအောင် သင်ပေးလိမ့်မယ်။
နဂါးဘုရင်ခန်းမမှ နဂါးဘုရင်လေး ရွယ်ယဲ့သည် အဆုံးစွန်ရှေးဟောင်းလမ်း၏ အထွတ်အထိပ်ရှိ တည်ရှိမှုများထဲမှ တစ်ခု ဖြစ်သည်။
ဤအဆင့်ကို ရောက်လာပြီးနောက် သူ့ထက် များစွာ သန်မာသူမှာ အလွန်နည်းပါး၏။
တိုက်ပွဲကို ရှုံးခဲ့လျှင်ပင် ကွာဟချက်က သိပ်ကြီးမှာ မဟုတ်ပေ။
ထို့ပြင် ယခုကဲ့သို့ တစ်ဖတ်သက် အရိုက်ခံရခြင်းထက်၊ သူ့ပါးတစ်ခြမ်း ရွဲပြဲသွားသည်မှာ ရုပ်ပေါက်လွန်းသည်။
ကျွင်းရှောင်ယောက်က လျစ်လျူရှုထားသော်လည်း သူ၏နည်းလမ်းများက ပြတ်သားလွန်းပေသည်။
သူဟာ တစ်ဖက်လူ၏ အထောက်အထားကို လုံးဝဂရုမစိုက်ဘဲ တိုက်ရိုက် နင်းချေခဲ့ခြင်း ဖြစ်သည်။
"ဝုန်း"
ထိုအခိုက်တွင် ရှန့်ထျန်းရီက လှုပ်ရှားလိုက်သည်။
ယခုအချိန်တွင် သူ့အမူအရာမှာ အလွန်လေးနက်၏။
ယခင်ကကဲ့သို့ ပေါ့ပေါ့ပါးပါး အမူအရာမျိုး မရှိတော့ပေ။
"အလာမ် တံဆိပ်တော်"
ရှန့်ထျန်းရီက သူ့လက်နှစ်ဖက်ဖြင့် တံဆိပ်တော်တစ်ခုကို ရေးဆွဲလိုက်သည်။
ဤသည်မှာ ကုရ်အာန် သူတော်စင်ဂိုဏ်း၏ နတ်ဘုရားသိုင်း လျှို့ဝှက်တံဆိပ်တော် ဖြစ်သည်။ ဤတံဆိပ်တော် ကျရောက်လာသည်နှင့် အယူလွဲမှားသူအားလုံး ကြောက်လန့်ရလိမ့်မည်။
ကျွင်းရှောင်ယောက်က လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ မှောင်မိုက်သော ဝါးမျိခြင်း ရေဝဲကြီးတစ်ခု ထွက်ပေါ်လာခဲ့၏။ ဧရာမသားရဲကြီး၏ ပါးစပ်ကဲ့သို့ ရေဝဲကြီးက လျှို့ဝှက်တံဆိပ်တော်ကို တိုက်ရိုက် ဝါးမျိုသွားတော့သည်။
ရှန့်ထျန်းရီက ကျွင်းရှောင်ယောက်ကို ထမ်မံတိုက်ခိုက်လိုက်သည်။
"လာပြီ၊ သူတို့ သုံးယောက်စလုံး တိုက်ခိုက်ကြပြီ..."
ပါရမီရှင်များစွာ၏ မျက်လုံးများက လင်းလက်သွားကြသည်။
ရွှေကျီးကန်း ဒသမမင်းသား၊ နဂါးဘုရင်လေး ရွယ်ယဲ့နှင့် ရှန့်ထျန်းရီတို့ သုံးဦးစလုံး အတူတကွ လှုပ်ရှားခဲ့ကြပြီ။
ဤသည်မှာ အားနည်းသူများ၏ စည်းလုံးညီညွတ်မှုမဟုတ်ပါ။ သူတို့တစ်ဦးစီ၏လက်တွင် ရှေးဟောင်းလမ်းတစ်လျှောက်ရှိ မရေမတွက်နိုင်သော ပါရမီရှင်သွေးများဖြင့် စွန်းထင်းနေသော တားမြစ်ချက်များ ဖြစ်သည်။
ယခုတော့၊ ကျွင်းရှောင်ယောက်ကို အတူတကွ ပူးပေါင်းကိုင်တွယ်ရန် လိုအပ်နေချေပြီ။
"အဟက်... သူဌေးကြီးကို ပြန်တိုက်ကြတဲ့ အဖွဲ့ပဲ"
ကျွင်းရှောင်ယောက်၏ နှုတ်ခမ်းထောင့်မှ လှောင်ပြောင်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။
ပုံမှန် လုပ်ရိုးလုပ်စဉ်အရ၊ ဤသည်မှာ ဗီလိန်သူဌေးကို အနိုင်ယူရန် ကြိုးစားနေသော ကောင်းကင်သားတော် ညီနောင်ဘွားများ ဖြစ်သင့်သည်။
ယခုတော့...
သူဌေးကြီးမှာ သူကိုယ်တိုင် ဖြစ်နေပြီ။
သို့ရာတွင်၊ ကျွင်းရှောင်ယောက်က ဂရုမစိုက်ပါ။
နွားများနှင့် သိုးများသာ အစုအဖွဲ့ဖြင့် သွားကြသည်။ သားကောင်ကြီးများကတော့ အမြဲတမ်း တစ်ကောင်တည်းပင်။
"ကျွင်းရှောင်ယောက်၊ လူတစ်ယောက်က အသက်ရှင်နေမှ အရေးပါတယ်။ သေဆုံးသွားတဲ့ ဒဏ္ဍာရီက ဒဏ္ဍာရီမဟုတ်ဘူး"
ရွှေကျီးကန်း ဒသမမင်းသားက အေးစက်စက်ဖြင့် အော်လိုက်သည်။
ရွယ်ယဲ့၏ ဝင်ရောက်စွတ်ဖက်မှုကြောင့် ရွှေကျီးကန်း ဒသမမင်းသား အသက်ရှူချောင်သွားကာ သူ့ကိုယ်သူ ကုသနိုင်ခဲ့ပေသည်။
ရွှေကျီးကန်း ဒသမမင်းသား၏ ဦးခေါင်းပေါ်တွင်၊ နေရတနာဘီးက သူ့ဘာသာသူ လည်ပတ်ပြီး တောက်လောင်နေသော နတ်ဘုရားအလင်းများကို ထုတ်လွှတ်နေခဲ့သည်။
တစ်ချိန်တည်းမှာပင်၊ ရှေးဦး ရွှေကျီးကန်းပုံစံများ ရေးထိုးထားသော ရွှေရောင်သွေးနီအလံ သုံးဆယ့်ခြောက်ခုကို ထုတ်ယူလိုက်၏။
အလံများက လေထဲတွင်ရွေ့လျားကာ ကျွင်းရှောင်ယောက်ကို ဝိုင်းရံထားသော ပုံစံတစ်ခု ဖြစ်လာတော့သည်။
"အဲဒါ... လောင်ကျွမ်းနေတဲ့ ရွှေကျီးကန်း ကောင်းကင်အလံပဲ"
ကောင်းကင်မှ ရွှေကျီးကန်းအလံ သုံးဆယ့်ခြောက်ခုကို မြင်ရပြီးနောက် ကောလဟာလတချို့ကို တွေးတောမိကာ ပါရမီရှင်အများအပြား၏ မျက်လုံးများတွင် ကြောက်ရွံ့မှုတို့ ပေါ်လာခဲ့သည်။
ယင်းက နေနတ်ဘုရားတောင်၏ ကြောက်စရာကောင်းသော အထူးနည်းလမ်းတစ်ခုပင်။
ကောလဟာလများအရ၊ စစ်မှန်သော လောင်ကျွမ်းနေသည့် ရွှေကျီန်း ကောင်းကင်အလံက စုစုပေါင်း သုံးထောင်ခြောက်ရာ ရှိသည်။
ယင်းကို ဝင်္ကပါတစ်ခုအဖြစ် တည်ဆောက်ပါက ကြီးမားသော ရှေးဟောင်း ကြယ်တစ်လုံးကိုပင် တခဏချင်း အရည်ဖျော်ပစ်ရန် လုံလောက်၏။
ရွှေကျီးကန်း ကောင်းကင်အလံ ဝင်္ကပါဖြင့် ဧကရာဇ်တစ်ပါးကို သတ်ပစ်ခဲ့သည့် မှတ်တမ်းပင် ရှိသည်။
ဟုတ်ပေသည်၊ ယင်းမှာ နေနတ်ဘုရားတောင်၏ ရွှေကျီးကန်း ကောင်းကင်အလံ အပြည့်အစုံ ဖြစ်သည်။
ဤအလံ သုံးဆယ့်ခြောက်ခုကတော့ ပုံစံတူ အသေးစားဗားရှင်းသာ ဖြစ်ချေသည်။
သို့သော်လည်း၊ ရွှေကျီးကန်း ဒသမမင်းသား၏ လက်ထဲတွင် ဤလောင်ကျွမ်းနေသော ရွှေကျီးကန်း ကောင်းကင်အလံ သုံးဆယ့်ခြောက်ခုက ကြောက်မက်ဖွယ်စွမ်းအားကို ထုတ်ဖော်ပြနိုင်သည်။
လောင်ကျွမ်းနေသော ရွှေကျီးကန်း ကောင်းကင်အလံ သုံးဆယ့်ခြောက်ခုက ကျွင်းရှောင်ယောက်ကို ဝန်းရံထားသည်။ အလံများကို လွှင့်ထူလိုက်သောအခါ တောက်လောင်နေသော အစစ်အမှန် နေမီးတောက်က တောက်လောင်လာခဲ့၏။ ယင်းက ကျွင်းရှောင်ယောက်ကို ဗဟိုပြုပြီး အရာအားလုံးကို ဗလာနတ္ထိသို့ လောင်ကျွမ်းပစ်ချင်ပုံရသည်။
ယင်းကိုမြင်တော့ ကျွင်းရှောင်ယောက်က ခွန်ပန်မဟာနတ်ဘုရားသိုင်းကို ထပ်မံ ထုတ်ဖော်လိုက်သည်။
ခွန်ပန် မဟာနတ်ဘုရားသိုင်းတွင် ယင်နှင့်ယန် အသွင်ပြောင်းခြင်း အရိပ်အမြွက်တို့ ရှိ၏။
တစ်ချိန်တည်းမှာပင်၊ ထိုက်ယင်အင်မော်တယ်ကျမ်းမှ နားလည်ထားသော ထိုက်ယင် သန့်စင်သောစွမ်းအားကို တစ်ဖန် ထုတ်ဖော်လိုက်သည်။
ငွေရောင်လ၏ သန့်စင်သောစွမ်းအားက ကျွင်းရှောင်ယောက်ကို ဖုံးလွှမ်းထားသော ပြဒါးစက်လုံးတစ်ခုအသွင် ပြောင်းလဲသွားတော့သည်။
ဤမြင်ကွင်းကိုမြင်လိုက်ရတော့ ရွှေကျီးကန်း ဒသမင်းသား၏ မျက်လုံးများမှ မနာလိုမှုက ပို၍ ပြင်းထန်လာခဲ့သည်။
ဤအခိုက်တွင် ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာခဲ့၏။
မြေတွင်းကြီးထဲမှ ရွယ်ယဲ့၏ ရုပ်သွင်က အမြောက်ဆံတစ်ခုလို ထုန်ထွက်လာတော့သည်။
အားလုံး ကြည့်လိုက်သောအခါ ရွယ်ယဲ့၏ ခန္ဓာကိုယ်ကို ရွှေရောင်အလင်းနှင့် နဂါးသွေးများ ဖုံးလွှမ်းနေပြီး အလွန်လျင်မြန်သောအရှိန်ဖြင့် ပြန်ကောင်းလာတာကို မြင်လိုက်ရသည်။
ကျွင်းရှောင်ယောက်၏ ရိုက်ချက်ကြောင့် ရွဲသွားသော မျက်နှာမှာလည်း ပြန်လည်ကောင်းမွန်လာခဲ့သည်။
“ဒီသုံးယောက်လုံးက တကယ် ကြမ်းတာပဲ"
လူများစွာတို့ အသက်ပြင်းပြင်းရှူလိုက်သည်။
ထို့ပြင် ကျွင်းရှောင်ယောက်က လောင်ကျွမ်းနေသော ရွှေကျီးကန်း ကောင်းကင်အလံ ဝင်္ကပါအတွင်းမှာ ပိတ်မိနေသောကြောင့် အခြေအနေ သိပ်မကောင်းပုံရသည်။
"ကျွင်းရှောင်ယောက်၊ ဒီနဂါးဘုရင်က မင်းရဲ့မျက်နှာကို အရေခွံဆုပ်ပစ်မယ်"
ရွယ်ယဲ့၏ မျက်လုံးများက သတ်ဖြတ်ချင်စိတ်တို့ ပြည့်နှက်နေပြီး သူ၏လေသံမှာ အလွန်အေးစက်သွားခဲ့သည်။
ကျွင်းရှောင်ယောက်၏ ပါးရိုက်ခံရခြင်း အရှက်တရားကို သူ မည်သို့ သည်းခံနိုင်မည်နည်း။
ထိုစကားကိုကြားတော့ အမျိုးသမီး ကျင့်ကြံသူများက ရွယ်ယဲ့ကို အေးစက်စက်ဖြင့် စိုက်ကြည့်လိုက်၏။
အကယ်၍ ရွယ်ယဲ့သာ ဤနတ်တစ်ပါးကဲ့သို့ မျက်နှာကို ဖျက်ဆီးဝံ့ပါက၊ သူ့ကိုယ်သူ လူပြန်ဝင်စားရန် ဆုတောင်းရတော့မည် ဖြစ်သည်။
'နတ်ဘုရားသားတော် နိုင်ရမယ်'
သူတို့က ရွယ်ယဲ့၊ ရွှေကျီးကန်း ဒသမင်းသားနှင့် ရှန့်ထျန်းရီကိုကြောက်၍ ကျွင်းရှောင်ယောက်ကို ပေါ်တင်မထောက်ခံဝံ့သော်လည်း စိတ်ထဲမှကြိတ်ကာ ဆုတောင်းလိုက်ကြသည်။
ထိုကဲ့သို့သော နတ်သားလေးသာ မတော်တဆ တစ်ခုခုဖြစ်ခဲ့ပါက သူတို့၏နှလုံးသားများ ကြေကွဲသွားလိမ့်မည်။
"ဟားဟားဟား"
ကျွင်းရှောင်ယောက်က ရယ်မောလိုက်သည်။
လောင်ကျွမ်းနေသော ရွှေကျီးကန်း ကောင်းကင်အလံက သူ့ကို နွေးထွေးစေရုံသာ ဖြစ်၏။ သူတို့က သူ့ကို ပိတ်လှောင်နိုင်မည်ဟု အမှန်တကယ် ထင်နေကြသလော။
ရွှေကျီးကန်း ဒသမင်းသားက လောင်ကျွမ်းနေသော ရွှေကျီးကန်း ကောင်းကင်အလံ ဝင်္ကပါကို ထိန်းချုပ်လိုက်သည်။ ကျွင်းရှောင်ယောက်ကို အရည်ဖျော်ချင်ဟန်ဖြင့် အပူလှိုင်းများ တက်လာခဲ့၏။
ရွယ်ယဲ့က ရွှေနဂါးလှံဖြင့် ထိုးနှက်လိုက်ရာ ရွှေနဂါး ပုံရိပ်တစ်ခု အမှန်တကယ် ထွက်ပေါ်လာပြီး ဟိန်းဟောက်လိုက်လေသည်။
ရှန့်ထျန်းရီကမူ ယုံကြည်ခြင်းစွမ်းအားဖြင့် လေးတစ်လက်နှင့် မြှားတစ်စင်းကို စုစည်းလိုက်သည်။
ယုံကြည်ခြင်းလေးနှင့် နှလုံးသား ပြစ်ဒဏ်မြှား။
ရှဲ့ထျန်းရီက လေးညို့ကို တင်ပြီးသည်နှင့် ဘေးဘက် လေဟာပြင်အတွင်းသို့ ချိန်ရွယ်တော့သည်။
"ဒါ…"
အကြောင်းမသိသော ကျင့်ကြံသူတချို့က ဤမြင်ကွင်းကိုမြင်တော့ အနည်းငယ် အံ့ဩသွားကြသည်။
ရှန့်ထျန်းရီက လေးနှင့် ကျွင်းရှောင်ယောက်ကို အဘယ်ကြောင့် မပစ်ခွင်းသနည်း။
"မင်း မသိလို့ပါ။ ကုရ်အာန်သူတော်စင်ဂိုဏ်းရဲ့ ယုံကြည်ခြင်းလေးနဲ့ နှလုံးသားခွင်းမြှားကို ပစ်တာ။ ပစ်မှတ်ကို ပစ်လိုက်ပြီဆိုရင် လုံးဝ မလွတ်မြောက်နိုင်ဘဲ သေချာပေါက် သေလိမ့်မယ်"
ဗဟုသုတ နည်းနည်းရှိသော ပါရမီရှင်တစ်ဦးက ကြောက်ရွံ့နေသောလေသံဖြင့် ပြောလိုက်သည်။
"ဘယ်လို၊ အဲဒါကြီးက အတော်ထူးဆန်းတာပဲ"
လူတော်တော်များများ အံ့သြသွားကြသည်။
ကုရ်အာန်သူတော်စင်ဂိုဏ်းက အမှန်ပင် ကောင်းကင်ကိုးခု အင်မော်တယ်နယ်မြေကြီးရှိ ရှေးအကျဆုံး ဂိုဏ်းကြီးတစ်ခု ဖြစ်ထိုက်သည်။ သူတို့က အနောက်ဘက် နိဗ္ဗာန်ဘုံနှင့်ပင် နှိုင်းယှဉ်နိုင်ပေသည်။
ရွှေကျီးကန်း ဒသမင်းသား၊ နဂါးဘုရင်လေးရွယ်ယဲ့နှင့် ရှဲ့ထျန်းရီ။
ဤအခိုက်အတန့်တွင် ထိပ်တန်း တားမြစ်ပါရမီရှင်သုံးဦးက တပြိုင်နက်တည်း တိုက်ခိုက်ခဲ့ကြသည်။
ဤသို့သော တိုက်ခိုက်မှုမျိုးနှင့် ရင်ဆိုင်ရပါက ထိပ်တန်း တားမြစ်ပါရမီရှင်များပင်လျှင် တုန်လှုပ်သွားရပေလိမ့်မည်။
ကျွင်းရှောင်ယောက်၏ မျက်နှာက အေးစက်သွားသည်။
ဤလူများက သူ့ကို ကိုင်တွယ်နိုင်မည်ဟု တကယ်ထင်နေကြသလော။
ကျွင်းရှောင်ယောက်၏ ခန္ဓာကိုယ်က တစ်ချက် တုန်ခါသွားခဲ့သည်။ ထာဝရအင်မော်တယ်ခန္ဓာကို အသက်သွင်းလိုက်သဖြင့် သူ့အရိုးများတွင် နတ်အလင်းများ တောက်ပလာခဲ့၏။
အနှိုင်းမဲ့ နတ်ဆင်ခွန်အားကိုလည်း အသက်သွင်းလိုက်ရာ နတ်ဆင်တစ်သိန်းစွမ်းအားများ ထွက်ပေါ်လာတော့သည်။
ကျွင်းရှောင်ယောက်က ခြေတစ်ချက်ဆောင့်လိုက်ရာ ရှေးဟောင်းမြင့်မြတ်ခန္ဓာ၏ သဘာဝရူပါရုံ၊ သူတော်စင်တစ်သောင်း အရိုအသေပေးခြင်း ထွက်ပေါ်လာခဲ့သည်။
တချိန်တည်းမှာပင် သူ့နောက်ဘက်တွင် ကောင်းကင်ကိုးပါးနှင့် မြေကမ္ဘာဆယ်ခုကို ဖိနှိပ်ထားသော နတ်ဘုရားကဲ့သို့ အင်မော်တယ်ဘုရင်တစ်ပါး၏ ကြီးကျယ်ခမ်းနားသော အသွင်အပြင်တစ်ခု ပေါ်လာခဲ့သည်။
အင်မော်တယ်ဘုရင် လင်းကျိုးထျန်း ဖြစ်ချေသည်။
ကျွင်းရှောင်ယောက်က လက်သီးဆုပ်လိုက်သောအခါ အလွန်အားကောင်းသော နတ်ဘုရားစွမ်းအင်များ တဟုန်ထိုး တက်လာပြန်သည်။
ဘာမျှမလုပ်ရသေးသော်လည်း ကြီးမားသောအင်အားကြောင့် သူ့ရှေ့မှ ဟင်းလင်းပြင်က ပြိုကျသွားလေသည်။
အစွန်းရောက် ခွန်ပန် နတ်လက်သီး၊ မိုးကြိုးဧကရာဇ်လက်ချောင်း၊ ရွက်လွှာကိုးခု မြက်ဓားသိုင်း၊ အင်မော်တယ်သတ်ဓားသိုင်း၊ ဝါးမျိုခြင်းဖင်းဂေါ့ကျမ်း၊ ကပ်ဘေးကိုးခု သတ်ဖြတ်ခြင်း နတ်ဆိုးမိုးကြိုး။
နတ်ဘုရားသိုင်းကြီးခြောက်ခုကို ဤလက်သီးတစ်ချက်ထဲတွင် ပေါင်းစပ်ထားခဲ့သည်။
ယင်းမှာ လမ်းကြောင်းခြောက်သွယ် ဆမ်ဆာရာလက်သီး၏ ပြီးပြည့်စုံသောဗားရှင်းဖြင့် မဟာနတ်ဘုရားသိုင်းကြီးခြောက်ခုကို ထိန်းချုပ်ထားသော လက်သီးတစ်ချက် ဖြစ်တော့သည်။
"ဒီလက်သီးက မင်းတို့ကို ကျောင်းမှန်းကန်မှန်းသိအောင် သင်ပေးလိမ့်မယ်"