အခန်း ၇၆၈
Vol. 52 Ch. 768
အခန်း ( ၇၆၈ ) ကမ္ဘာကို တုန်လှုပ်စေသော လက်သီးတစ်ချက်၊ ရှန့်ထျန်းရီကို သတ်ဖြတ်ခြင်း၊ သစ္စာတရား၏သားတော်။
လက်သီးတစ်ချက်နှင့် ကြောက်စရာကောင်းသော အငွေ့အသက်များက ကောင်းကင်ကိုးဆင့်ကို ဖြတ်သန်းသွားခဲ့သည်။
စွမ်းအင်အတက်အကျ လှိုင်းများက ဖော်မပြနိုင်အောင် အားကောင်း၏။
ကမ္ဘာကြီးကို ဖျက်ဆီးနေသော အင်မော်တယ်ဘုရင်ကဲ့သို့ပင် ဖြစ်သည်။
အရာအားလုံးကို ဖျက်ဆီးပြီးနောက် အသစ်တစ်ဖန် ပြန်စလိမ့်မည်။
လက်သီးတစ်ချက်ထိုးရုံဖြင့် ကမ္ဘာကြီးတစ်ခုလုံး ပရမ်းပတာ ဖြစ်သွားသည်။
လမ်းကြောင်းခြောက်သွယ် ဆမ်ဆာရာသေဆုံးခြင်း။
လေဟာပြင်က တိတ်တဆိတ် ပျက်သုဉ်းသွားခဲ့သည်။
မြေကြီးလည်း ကွဲအက်သွား၏။
ပါရမီရှင်အားလုံး၏ မျက်လုံးများက တုန်လှုပ်ချောက်ချားမှုတို့ ပြည့်နေတော့သည်။
အားလှိုင်း သက်ရောက်မှုကြောင့် သွေးအန်ပြီး ဆုတ်သွားရသူတချို့ပင် ရှိခဲ့သည်။
တိုက်ပွဲ၏ဗဟိုမှ ရွှေကျီးကန်း ဒသမမင်းသားတို့ သုံးဦးတို့ဆိုလျှင် မည်မျှ ကြောက်စရာကောင်းသော အင်အားကို ရင်ဆိုင်ရမည်မှန်း ခန့်မှန်းနိုင်ပေသည်။
မိုးနှင့်မြေကြားတွင် အသံများ ပျောက်ကွယ်သွားခဲ့သည်။
အသက်ရှူချိန်တစ်ရာကျော် ကြာမြင့်ပြီးနောက် ကျယ်လောင်သော ပေါက်ကွဲသွနှင့် တုန်ခါမှုက မိုးနှင့်မြေကြားတွင် ပြည့်နှက်သွား၏။
တိုက်ပွဲဗဟိုက အနက်ရောင် ဟင်းလင်းပြင်မုန်တိုင်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားတော့သည်။
ဟင်းလင်းပြင် အက်ကြောင်းများက အရပ်ရပ်ကို ပျံ့နှံ့သွားခဲ့သည်။
ဤမြင်ကွင်းကို မြင်လိုက်ရတော့ အားလုံး တိတ်ဆိတ်သွားလေသည်။
ဤသည်မှာ အဓိကနယ်ပယ်အောက်မှ လူများကြောင့် ဖြစ်ပေါ်လာနိုင်သော အခြေအနေမျိုးလား။
ပါရမီရှင် တော်တော်များများ ဤအခိုက်တွင် သံသယဝင်လာခဲ့ကြသည်။
မဟာသူတော်စင်နယ်ပယ်က အစွမ်းထက်သော်လည်း ထိုကဲ့သို့သော ဖရိုဖရဲအခြေအနေကို ဖြစ်စေရန်တော့ မလုံလောက်ပါ။
ဤသည်မှာ အထွတ်အထိပ် အဓိပတိတစ်ပါးက လှုပ်ရှားနေသကဲ့သို့ ဖြစ်သည်။
"ဒါက ကျွင်းသခင်လေးရဲ့ တကယ့်အင်အားပဲလား"
ယွီယွင်ရှန့်လည်း ကြောင်တက်တက်ဖြင့် ရေရွတ်လိုက်သည်။
ယခုမှသာ ကျွင်းရှောင်ယောက်က ချင်ဝူတောက်နှင့်တိုက်ပွဲတွင် စစ်မှန်သောအင်အားကို မထုတ်ဖော်ခဲ့မှန်း သူမ သိခဲ့ရလေသည်။
ချင်ဝူတောက်သာ ဤအခြေအနေကိုသိပါက မည်သို့ ခံစားရမလဲ သူ သိချင်မိသည်။
တစ်ဖက်တွင်၊ ကျွင်းလန်ရှီနှင့် အခြား လျှို့ဝှက်သွေးကြောမှ ပါရမီရှင်များလည်း အံသြသွားကြသည်။
ကျွင်းရှောင်ယောက်၏ တိုက်ခိုက်နိုင်စွမ်းက အစွမ်းထက် မျိုးဆက်သစ် လူငယ်များအပေါ် နားလည်မှုကို ပြန်လည်ဆန်းသစ်စေပေသည်။
ကျွင်းရှောင်ယောက်၏ အင်အားက မျိုးဆက်ဟောင်းတချို့ကို ကျော်လွန်နေပြီ ဖြစ်သည်။
ဤမြင်ကွင်းကိုမြင်တော့ ကျွင်းရွယ်မင်က လက်သီးကို တင်းတင်းဆုပ်လိုက်သည်။
သူ့ရင်ထဲမှာ မနာလိုစိတ်တို့ ပေါ်လာခဲ့၏။
ဤသည်မှာ ပင်မသွေးကြော၏ အရှုံးမဲ့ နတ်ဘုရားသားတော် ဖြစ်သည်။
ကြောက်မက်ဖွယ်ကောင်းသော အတက်အကျများက ကမ္ဘာကြီးကို လွှမ်းမိုးသွား၏။
အားလုံးက တိုက်ပွဲအခြေအနေကို ချက်ချင်း စူးစိုက်ကြည့်လိုက်သည်။
"အဟွတ်... အဟွတ်..."
ချောင်းဆိုးသွေးသံများ ထွက်ပေါ်လာသည်။
ပြိုကျနေသော မြေပေါ်တွင် နဂါးဘုရင်လေးရွယ်ယဲ့က မတ်တပ်ရပ်ရန် ရုန်းကန်နေရ၏။
သူ့လက်ထဲတွင် ရွှေနဂါးလှံကိုကိုင်ပြီး သူ့ကိုသူ ထောက်မထားလေသည်။
သူ့ခန္ဓာကိုယ်ပေါ်ရှိ အဖော်ရတနာဖြစ်သော ရွှေနဂါးချပ်ဝတ်တန်ဆာသည်ပင် အက်ကွဲကြောင်းများ ဖုံးလွှမ်းနေခဲ့ပြီ ဖြစ်သည်။
သူဟာ ပြင်းထန်စွာ ဒဏ်ရာရခဲ့သည်။ သူ့အရှိန်အဝါများက ဖရိုဖရဲဖြစ်ပြီး မျက်လုံးများမှာလည်း သွေးကြောများပေါ်ကာ နီရဲနေတော့သည်။
ရွှေနဂါး ချပ်ဝတ်တန်ဆာ၏ အကာအကွယ်သာ မရှိပါက တစ်ခါတည်း သေဆုံးသွားနိုင်သည်။
တစ်ဖက်တွင်၊ ရွှေကျီးကန်း ဒသမမင်းသားက ဒဏ်ရာများဖြင့် ဖုံးလွှမ်းနေပြီး သူ့နှုတ်ခမ်းထောင့်မှလည်း သွေးများ စီးကျနေခဲ့သည်။
ရွှေကျီးကန်း ဒသမမင်းသား၏ ကောင်းကင်အလံ သုံးဆယ့်ခြောက်ခုမှာလည်း ယခင်ပျက်စီးခြင်းလှိုင်းဖြင့် မျောပါသွားကာ အမှုန်အမွှားအဖြစ်သို့ ပျက်စီးသွားကြပြီ။
အဆိုးဆုံးမှာ ရှန့်ထျန်းရီ ဖြစ်သည်။
ရွယ်ယဲ့နှင့် ရွှေကျီးကန်း ဒသမမင်းသားတွင် တစ်ဦးက နဂါးမျိုးနွယ်ဖြစ်ပြီး နောက်တစ်ဦးကတော့ နေမင်းမြင့်မြတ်ခန္ဓာနှင့် ရွှေကျီးကန်းသွေး ရှိသည်။
သူတို့၏ ရုပ်ခန္ဓာက လွန်စွာ ခိုင်မာမှုရှိ၏။
သူတို့က ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သော်လည်း အသက်အန္တရာယ်မရှိပေ။
သို့ရာတွင်၊ ရှတ့်ထျန်းရီကတော့ ခြားနားသည်။ သူ၏ ရုပ်ခန္ဓာက ကြံ့ခိုင်သန်မာခြင်း မရှိပေ။
ထို့ကြောင့်ပင်၊ ယခုအခါ ရှဲ့ထျန်းရီက ဒဏ်ရာအပြင်းထန်ဆုံးဖြစ်ပြီး အက်ကွဲကြောင်းအမျိုးမျိုး ပြည့်နေခဲ့သည်။
သူ့အသွင်မှာ ပြိုကွဲတော့မည့် အက်ကွဲနေသော ကြွေထည်တစ်ခုကဲ့သို့ပင်။
ရုပ်ပျက်ဆင်းပျက်ဖြစ်နေသော ထိပ်တန်း တားမြစ်ပါရမီရှင် သုံးဦးကိုကြည့်ကာ လူတိုင်း ကျောရိုးထဲထိ စိမ့်တက်သွားကြသည်။
သူတို့က ကျွင်းရှောင်ယောက်ကို တစ်ဖန် ပြန်ကြည့်လိုက်ကြ၏။
ကျွင်းရှောင်ယောက်ဘက်မှာတော့ သူ၏ အဖြူရောင် အဝတ်အစားများပင် ပုံစံပျက်ယွင်းမသွားပေ။
ထိပ်သီး တားမြစ်ပါရမီရှင်သုံးဦး၏ တိုက်ခိုက်မှုက သူ့အပေါ်တွင် ဘာသက်ရောက်မှုမှ မရှိချေ။
ရှန့်ထျန်းရီ၏ နှလုံးသားသတ်မြှားသည်ပင် ကျွင်းရှောင်ယောက်၏ ရှေးဦးဝိညာဉ်ကို ထိခိုက်အောင် မစွမ်းဆောင်နိုင်ခဲ့ပါ။
"အသက်ရှူနိုင်သေးတာပဲ၊ မင်းတို့ကို ငါလျှော့တွက်မိခဲ့ပုံရတယ်"
ကျွင်းရှောင်ယောက်က ခပ်တိုးတိုး ပြောလိုက်သည်။
သူ၏ ဤလက်သီးချက်က တကယ်ကို အားမနည်းပေ။
သို့ရာတွင် ကျွင်းရှောင်ယောက် မျှော်မှန်းထားသည်ထက် အနည်းငယ် သာလွန်ပြီး ရွှေကျီးကန်း ဒသမမင်းသားနှင့် အခြားသူများက ရှင်သန်နေနိုင်ခဲ့သည်။
ဤမှ သူတို့သုံးဦးဟာ မတစ်ထောင် တစ်ကောင်ဖွား၊ လူများကြားမှ နဂါးများဖြစ်ကြောင်း သက်သေပြနိုင်သည်။
သို့သော်လည်း ကံမကောင်းစွာဖြင့် သူတို့ဟာ ကျွင်းရှောင်ယောက်နှင့် တွေ့လိုက်ရသည်။
"ပြီးပြီ"
ကျွင်းရှောင်ယောက်က ခွန်ပန်အမြန်နှုန်းနှင့် လျှောက်လှမ်းပြီး လျစ်လျူရှုစွာ ပြောလိုက်သည်။
သူက ကြင်နာတတ်သူ မဟုတ်ပါ။
သူ့ကို စော်ကားဝံ့ပါက သူတို့၏အသက်ကို ပြန်ပေးဆပ်ရန် အသင့်ပြင်ထားသင့်သည်။
"ရပ်လိုက်စမ်း"
ကျွင်းရှောင်ယောက် လှုပ်ရှားတော့မည်ကို မြင်လိုက်ရသဖြင့် ကုရ်အာန်သူတော်စင်ဂိုဏ်း၊ နဂါးဘုရင်ခန်းမမှ လူများနှင့်နှင့် ရွှေကျီးကန်း မင်းသား လေးယောက်စလုံး အော်ဟစ်ပြီး ရှေ့သို့ ပြေးလာခဲ့ကြသည်။
ရှန့်ထျန်းရီ၊ ရွယ်ယဲ့နှင့် ရွှေကျီးကန်း ဒသမမင်းသားတို့သာ ယနေ့ တစ်ချိန်တည်းတွင် ဤနေရာမှာ ကျဆုံးခဲ့ပါက...
ထိုသက်ရောက်မှုဟာ အလွန်ကြောက်စရာကောင်းပြီး ကြီးစွာသော ပရမ်းပတာ ဖြစ်စေလိမ့်မည်။
"ပုလဲတစ်လုံး၊ ဆန်တစ်စေ့က ဘယ်လောက်ထိ တောက်ပနိုင်မှာလဲ"
ကျွင်းရှောင်ယောက်ရ လှောင်ပြောင်သရော်သော အမူအရာဖြင့် လက်ဝါးတစ်ဖက်ကို လွှဲရိုက်လိုက်သည်။
"ဝုန်း"
အင်မော်တယ် အင်အားစုသုံးခုမှ ပါရမီရှင်များ အရိုးများကျိုးကာ ပေါက်ကွဲထွက်၍ သွေးများရဲသွားတော့သည်။
သွေးမိုး ရွာချလာပြီး ကမ္ဘာကြီးကို အနီရောင်ဆိုးသွားသည်။
အဖြူရောင်ဝတ်စုံ ၀တ်ဆင်ထားသော ကျွင်းရှောင်ယောက်က သွေးမိုးရွာနေသည့်ကြားမှ ဖြတ်လျှောက်သွားလေသည်။
ယွီယွင်ရှန့်၊ ကျွင်းလန်ရှီနှင့် အခြားသူများလည်း ဤမြင်ကွင်းကို စွဲလမ်းသွားကြသည်။
တချို့ ပါရမီရှင်များကတော့ ခေါင်းမွေးထောင်ပြီး ကြက်သီးတဖြန်းဖြန်းထသွား၏။
ထိုစွမ်းအားက တကယ်ကို အနိုင်ယူ၍မရပေ။
"သွားကြစို့"
ရှန့်ထျန်းရီ၏ မျက်လုံးများက အေးစက်နေကာ အံကိုကြိတ်လိုက်သည်။
ယခုအချိန်တွင် သူ့ဒဏ်ရာများက တကယ်ကို ပြင်းထန်ပေသည်။
ယခုလေးတင် သူ့ခန္ဓာကိုယ်ကို ယုံကြည်ခြင်းစွမ်းအားနှင့် ကာကွယ်မထားပါက သူ့ခန္ဓာ ပျက်သုဉ်းသွားနိုင်သည်။
ကျွင်းရှောင်ယောက်၏ လက်သီးချက်ကြောင့် သူတကယ်ကို ကြောက်ရွံ့သွားလေသည်။
ဤလက်သီးချက်က ကောင်းကင်ကို ဖြိုခွဲနိုင်လောက်အောင် အစွမ်းထက်သည်။
နောက်ထပ် ထိုးကြိတ်ခံရရင် သူ အမှန်တကယ် သေလိမ့်မည်။
ရှန့်ထျန်းရီက ချက်ချင်းဆုတ်ပြီး အဝေးကို ပြေးထွက်သွားခဲ့သည်။
"ချီးပဲ"
ရှန့်ထျန်းရီ ထွက်ပြေးတာကိုမြင်တော့ ရွယ်ယဲ့နှင့် ရွှေကျီးကန်း ဒသမမင်းသားလည်း တိတ်တဆိတ် ကျိန်ဆဲလိုက်၏။
ရှန့်ထျန်းရီ ထွက်သွားပါက သူတို့အနိုင်ရရန် အခွင့်အလမ်းမှာ သဘာဝအတိုင်း ပို၍ လျော့နည်းသွားတော့မှာ ဖြစ်သည်။
သူတို့နှစ်ဦးလည်း ဆုတ်ခွာရန် ကြိုးစားရတော့သည်။
"ငါ နတ်ဘုရားသားတော်ကို ကြံစည်ပြီးမှ ဒီလိုနည်းနဲ့ ထွက်သွားချင်တာလား"
ယင်းကိုမြင်တော့ ကျွင်းရှောင်ယောက်က လက်တစ်ဖက်ကို မြှောက်လိုက်သည်။ ကြီးမားလှသော စွမ်းအားများ လိမ့်တက်လာခဲ့၏။
စကြဝဠာ၏မူလစွမ်းအားက သူ့လက်ဖဝါးတွင် စုရုံးလာတော့သည်။
ရှေးဦးကစဉ့်ကလျား အခြေအနေမှ အလင်းတန်းတစ်ခု ထွက်ပေါ်လာသကဲ့သို့ ဖြစ်သည်။
ကမ္ဘာဦးကျမ်း၊ နတ်ဘုရားအလင်း။
ဖော်မပြနိုင်အောင် တောက်ပသော အလင်းတန်းက ကောင်းကင်ကို ထိုးဖောက်ဝင်ရောက်ကာ အဝေးသို့ ဆုတ်ခွာသွားသော ရှန့်ထျန်းရီဆီသို့ တိုးဝင်သွားသည်။
ရှန့်ထျန်းရီလည်း ကျောဘက်မှ အေးစက်သွားသလို ခံစားလိုက်ရသည်။ နီးကပ်လာသော သေခြင်းတရားကို ရုတ်တရက် ခံစားလိုက်ရသည်။
သူလှည့်ကြည့်လိုက်သော အလင်းရောင်တစ်ခုကို မြင်လိုက်ရ၏။
သူ့ရှေ့မှ အရာအားလုံး ဖယ်ခွာသွားပြီး စူးရှတောက်သော အလင်းက အခြားတစ်ဖက်ဆီသို့ သူ့ကို ခေါ်ဆောင်သွားသကဲ့သို့ပင်။
"မဖြစ်နိုင်ဘူး၊ ငါ ရှန့်ထျန်းရီက ဒီလိုမျိုး ဘယ်တော့မှ ကျဆုံးနိုင်မှာ မဟုတ်ဘူး"
ရှန့်ထျန်းရီက အော်ဟစ်ပြီး နတ်ဘုရားစွမ်းအင်များကို ပေါက်ကွဲလိုက်သည်။
တစ်ချိန်တည်းမှာပင်၊ အားကောင်းသော ယုံကြည်ခြင်းစွမ်းအားကို အရူးအမူး စုစည်းလိုက်၏။
"အလ္လာဟ်အထက်၊ မန္ဒလာကမ္ဘာ"
ရှန့်ထျန်းရီက သူ့ဝှက်ဖဲကို အစွမ်းကုန် ထုတ်ဖော်လိုက်သည်။ ယုံကြည်ခြင်းစွမ်းအားများ ပျံ့နှံ့သွားပြီးနောက် ကြောက်မက်ဖွယ်ကောင်းသော ကမ္ဘာတစ်ခုလို ဖြစ်လာခဲ့၏။
သို့သော်…
ပေါက်ကွဲသံတစ်ချက်နှင့် နတ်ဘုရားအလင်းက ယုံကြည်ခြင်းစွမ်းအားကမ္ဘာကို ဖောက်ထွင်းဝင်ရောက်ကာ ရှန့်ထျန်းရီကို လွှမ်းခြုံသွားတော့သည်။
ရှန့်ထျန်းရီက ရူးသွပ်သွားသလို ဟိန်းဟောက်လိုက်သည်။ သူ့ခန္ဓာကိုယ်အတွင်းမှ ဆဲလ်တိုင်းက ဤကြောက်မက်ဖွယ်ကောင်းသော အလင်းရောင်အောက်တွင် ပြိုကွဲသွားသလို သူခံစားလိုက်ရ၏။
"ကျွင်းရှောင်ယောက်၊ ငါ့သူတော်စင်ဂိုဏ်းရဲ့ သစ္စာတရားရဲ့သားတော် မွေးဖွားလာတဲ့အခါ မင်းရဲ့သေနေ့ဖြစ်လိမ့်မယ်"
ရှန့်ထျန်းရီက ဟိန်းဟောက်လိုက်သည်။ ထို့နောက်မှာတော့ သူ့ခန္ဓာကိုယ်ကော စိတ်ဝိညာဉ်ပါ နတ်ဘုရားအလင်းထဲတွင် ပျက်သုဉ်းသွားတော့သည်။
ကျွင်းရှောင်ယောက်က ဤမြင်ကွင်းကို လျစ်လျူရှုထားခဲ့သည်။
"သစ္စာတရားရဲ့သားတော်"
ကျွင်းရှောင်ယောက်၏ မျက်လုံးများက ထူးဆန်းသောအလင်းရောင်တစ်ခု လင်းလက်လာခဲ့သည်။
ကုရ်အာန်သူတော်စင်ဂိုဏ်းက မျိုးဆက်တိုင်းတွင် မြင့်မြတ်သားတော် ရှစ်ပါးထက်ပင် အဆင့်အတန်းမြင့်မားသည့် သစ္စာတရား၏သားတော်ကို မွေးထုတ်ပေးမည်ဟူသော ကောလဟာလများ ရှိ၏။
သို့သော်လည်း ကျွင်းရှောင်ယောက်က ဂရုမစိုက်ပါ။
ကျွင်းမိသားစုက ပျက်စီးခြင်းကောင်းကင် အင်မော်တယ်နယ်မြေကြီးမှ ကုရ်အာန်သူတော်စင်ဂိုဏ်း၏ ဂိုဏ်းခွဲတစ်ခုကို ဖျက်ဆီးပစ်ခဲ့သည်။ ထို့ကြောင့်ပင် သူတို့က မီးနှင့်ရေကဲ့သို့ဖြစ်ပြီး အနာဂတ်တွင် သေချာပေါက် အချင်းချင်းရင်ဆိုင်ရလိမ့်မည်။
ရှန့်ထျန်းရီ ကျဆုံးသွားပြီးနောက် ကျွင်းရှောင်ယောက်က ရွယ်ယဲ့နှင့် ရွှေကျီးကန်း ဒသမမင်းသားတို့ကို လှည့်ကြည့်လိုက်သည်။
နှစ်ယောက်စလုံး၏ နှလုံးသားများက လေးလံလာတော့သည်။