← Chapters

အခန်း ၇၆၉

Vol. 52 Ch. 769

အခန်း ၇၆၉

Vol. 52 Ch. 769

အခန်း ( ၇၆၉ ) နဂါးဘုရင်လေး ရွယ်ယဲ့ ထပ်မံ ကျဆုံးသွားခဲ့ခြင်း၊ ဒေါသထွက်နေသော ရွေကျီးကန်း ဒသမမင်းသား။

ရွှေကျီးကန်း ဒသမမင်းသားနှင့် ရွယ်ယဲ့တို့က အလွန်လျင်မြန်စွာ ဆုတ်ခွာသွားကြသည်။

အထောက်အထား၊ မျက်နှာ...

ဤအခိုက်တွင် ဘာကိုမျှ ဂရုမစိုက်နိုင်တော့ပေ။

အသက်ရှင်နေမှသာ အပြောင်းအလဲများ လုပ်နိုင်မည် ဖြစ်သည်။

ကျွင်းရှောင်ယောက်က ထပ်မံလှုပ်ရှားလိုက်သည်။

ဟင်းလင်းပြင်ကျမ်းဖြင့် ဟင်းလင်းပြင်စွမ်းအားကို သူ၏ထိန်းချုပ်မှုမှာလည်း လွန်ကဲသောအဆင့်ကို ရောက်ရှိသွား၏။

အကြွင်းမဲ့ ခွန်ပန်အမြန်နှုန်းနှင့် ပေါင်းစပ်လိုက်သောအခါ...

ကျွင်းရှောင်ယောက်၏လက်မှ လွတ်မြောက်ရန် ဤလူနှစ်ယောက်အတွက် အလွန်ခက်ခဲသွားခဲ့သည်။

ကျွင်းရှောင်ယောက်က ရွယ်ယဲ့ကို လက်တစ်ဖက်ဖြင့် ဖမ်းဆုပ်လိုက်သည်။

ရွယ်ယဲ့လည်း နောက်ပြန်လှည့်ပြီး ရွှေနဂါးလှံနှင့် ပစ်ထိုးလိုက်၏။

ရွှေနဂါးလှံက လေဟာပြင်ကိုဖြတ်၍ ကခုန်နေသော ရွှေရောင်နဂါးကြီးအဖြစ်သို့ ပြောင်းလဲသွားပုံရသည်။

၎င်းက ကျွင်းရှောင်ယောက်ကို အမြီးဖြင့် ရိုက်ချလိုက်သည်။

ကျွင်းရှောင်ယောက်က ရွှေနဂါးလှံကို ရိုက်ထုတ်လိုက်၏။

မေယုကမ္ဘာ သုံးဆယ့်ခြောက်ခု၏ စွမ်းအားကိုလည်း သူ့လက်ဝါးတွင် စုစည်းထားသေးသည်။

"ဖောင်း"

သွေးမိုးများ တဖွဲဖွဲရွာကျသွားခဲ့သည်။

အက်ကြောင်းများ ပြည့်နှက်နေပြီးဖြစ်သော ရွယ်ယဲ့၏ကိုယ်ပေါ်ရှိ ရွှေနဂါးချပ်ဝတ်တန်ဆာက ဤလက်ဖဝါးအောက်တွင် တစ်စစီ ကြွေကျသွားခဲ့သည်။

နဂါးချပ်ဝတ်တန်ဆာတစ်ခုလုံးက အပိုင်းအစများအဖြစ်သို့ ပြောင်းလဲသွားပြီး အရပ်ရပ်သို့ လွင့်စင်သွား၏။

ဤမြင်ကွင်းကို မြင်လိုက်ရသူတိုင်း တံတွေးကို မြိုချလိုက်မိသည်။

ဤသည်မှာ ရွယ်ယဲ့၏ ဘဝအဖော်နတ်လက်နက်ဖြစ်ပြီး၊ ကောင်းကင်ဘုံမှပေးအပ်ထားသော ရတနာဆိုလျှင်လည်း မမှားပေ။

အဆုံးမှာတော့ ကျွင်းရှောင်ယောက်၏ လက်ဝါးရိုက်ချက်ကြောင့် ကွဲကြေသွားရသည်။

ရွယ်ယဲ့၏ပါးစပ်မှ သွေးများ အန်ထွက်လာတော့သည်။

ဤအသက်လက်နက်က သူ၏ အသွေးအသားကဲ့သို့ ဖြစ်နေပြီ ဖြစ်သည်။ ဤအခိုက်တွင် ရတနာပျက်စီးခြင်းကြောင့် သူ့ဒဏ်ရာများမှာ ပို၍ ဆိုးရွား‌လာတော့သည်။

ကျွင်းရှောင်ယောက်က သူ့လက်နှစ်ချောင်းကို ဓားတစ်လက်ကဲ့သို့ လေထဲတွင် အလျားလိုက် တစ်ခုနှင့် ဒေါင်လိုက် တစ်ခု ဆွဲလိုက်သည်။

အက်ကွဲအက်ကြောင်းတစ်ခု ပေါ်လာပြီး ကောင်းကင်ကြီးက ကြီးမားသော အက်ကြောင်းတစ်ခု ဖြစ်ပေါ်လာသလို ပြန့်ကားလာတော့သည်။

လွမ်ထျန်းလျှို့ဝှက်ကျဉ့်စဉ်၊ ကြယ်ကောင်းကင်ဆုံမှတ်ကို ဖြတ်ကျော်ခြင်း။

"ဒါက ဘယ်လို စွမ်းရည်မျိုးပါလိမ့်"

လူအတော်များများ အံ့ဩသွားကြသည်။ ကျွင်းရှောင်ယောက်မှ ဤနည်းလမ်း အသုံးပြုခြင်းကို တစ်ခါမှ မမြင်ဖူးကြပေ။

ယွီယွင်ရှန့်နှင့် လွမ်ကုမျှော်စင်မှ လိုက်ပါလာသူ အခြားသူများသာ သိရှိကြသည်။

"ဘာ၊ အဲဒါက ဒဏ္ဍာရီလာ လွမ်ထျန်းလျှို့ဝှက်ကျဉ့်စဉ်လား။ ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်က လွမ်ကုဧကရာဇ်ရဲ့ အမွေကို အမှန်တကယ် ရရှိခဲ့တာလား"

အခြေအနေကို သိရပြီးနောက် ပါရမီရှင် များစွာတို့မှာ ပို၍ပင် တုန်လှုပ်သွားတော့သည်။

ကျွင်းရှောင်ယောက်၏အင်အားက နဂိုကပင် လုံလောက်အောင် သန်မာနေပြီ ဖြစ်သည်။

သူက မဟာဧကရာဇ်၏အမွေကို မရရှိလျှင်ပင်၊ မဟာဧကရာဇ်၏အမွေကို ရရှိထားသော ပါရမီရှင်များထက် အားနည်းသည် မဟုတ်ပေ။

ယခုမူ လွမ်ကုဧကရာဇ်၏အမွေကို ရရှိလိုက်ပြီမို့ ကျွင်းရှောင်ယောက်ဟာ၊ ကျားကိုအတောင်တပ်ပေးလိုက်သကဲ့သို့ ဖြစ်နေမည်မှာ အမှန်ပင်ဖြစ်တော့သည်။

မျိုးဆက်တူ အခြား ပါရမီရှင်များလည်း ပို၍ပင် စိတ်ဓာတ်ကျသွားကြသည်။

"ဒီကမ္ဘာကြီးက တကယ်ကို ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော် တစ်ယောက်တည်းအတွက် စင်မြင့်တစ်ခုပါပဲ..."

တစ်စုံတစ်ယောက်က သက်ပြင်းချလိုက်သည်။

လွမ်ထျန်းလျှို့ဝှက်ကျဉ့်စဉ်ကို ထုတ်ဖော်လိုက်သောအခါ...

ဒဏ်ရာပြင်းထန်နေပြီဖြစ်သော ရွယ်ယဲ့၏ ခန္ဓာကိုယ်မှာ လုံးဝ မခုခံနိုင်ဘဲ တိုက်ရိုက် ပြိုကျသွားရသည်။

တစ်ချိန်တည်းမှာပင် သူရှေးဦးဝိညာဉ်ပါ ဖျက်ဆီးခံလိုက်ရသည်။ ကျွင်းရှောင်ယောက်က သူ့ကို ရှင်သန်ရန်အခွင့်အရေး လုံးဝ မပေးခဲ့ပေ။

နောက်ဆုံးတွင် ရွှေကျီးကန်း ဒသမမင်းသား တစ်ပါးသာ ကျန်သည်။

ရွှေကျီးကန်း ဒသမမင်းသားသည် မူလက ရွယ်ယဲ့ဟာ ကျွင်းရှောင်ယောက်ကို ခဏတာ တားဆီးနိုင်မည်ဟု ထင်ခဲ့သည်။

မထင်မှတ်ဘဲ၊ သူဟာ အသက်ရှူချိန်အနည်းငယ်အတွင်း သုတ်သင်ခံလိုက်ရ၏။

ရွှေကျီးကန်း ဒသမမင်းသားလည်း လွန်စွာတုန်လှုပ်သွားပြီး နောက်ကျောမှ ရွှေရောင်တောင်ပံများကိုခတ်ကာ အလင်းတန်းတစ်ခုကဲ့သို့ ပြေးထွက်သွားတော့သည်။

ကျွင်းရှောင်ယောက်က အပြောင်းလဲမရှိသော အမူအရာဖြင့် သူ့လက်ကို မြှောက်လိုက်သည်။

တောက်ပသော အလင်းတန်းများ တောက်ပလာခဲ့၏။

ကမ္ဘာဦးကျမ်း နတ်ဘုရား၏အလင်း တစ်ဖန် ထွန်းလင်းတောက်ပလာခဲ့ပြီ။

ဤအခိုက်တွင် ပုံရိပ်တချို့ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

"ဒသမညီလေး၊ မင်းသွားတော့!"

"ဒသမညီ၊ မင်းအသက်ရှင်နေသ၍ မင်းမှာ အခွင့်အရေးရှိသေးတယ်"

ရုတ်တရက်ပေါ်လာသော ဤရုပ်သွင်များမှာ ကျန်ရွှေကျီးကန်းမင်းသားလေးပါး ဖြစ်ကြသည်။

သူတို့က ထိပ်တန်း ပါရမီရှင်များ ဖြစ်ကြသော်လည်း ရွှေကျီးကန်း ဒသမမင်းသား၏ အမြင့်ကိုတော့ မရောက်နိုင်ကြပေ။

ယခုတော့ ရွှေကျီးကန်းဒသမမင်းသားက အန္တရာယ်ကျရောက်နေပြီဖြစ်သောကြောင့် သဘာဝအတိုင်း ပုန်းကွယ်မနေနိုင်တော့ပါ။

နေနတ်ဘုရားတောင်၏ ရွှေကျီးကန်းဘုရင်ကလည်း သူတို့ကို ပြောကြားခဲ့ဖူးသည်။

မင်းသားအားလုံး သေရလျှင်ပင် ဒဿမမင်းသား မသေရပေ။

တောက်ပသော နတ်ဘုရားအလင်းက ပထမ ရွှေကျီးကန်းမင်းသားများကို တိုက်ရိုက် ထိုးဖောက်ဝင်ရောက်သည်။

ထို့နောက် ဒုတိယ၊ တတိယ။

နောက်ဆုံးက စတုတ္ထ...

ရွှေကျီးကန်း မင်းသားလေးပါးတို့က ခုခံရန် နည်းလမ်းအမျိုးမျိုးကို အသုံးပြုခဲ့ကြသော်လည်း မအောင်မြင်ဘဲ တိုက်ရိုက် ထိုးဖောက်ခံခဲ့ရလေသည်။

"အစ်ကိုကြီး..."

ဤမြင်ကွင်းကို မြင်ရပြီးနောက် အဝေးသို့ ပြေးထွက်သွားသော ရွှေကျီးကန်း ဒသမမင်းသားမှာ နှလုံး‌သွေးယိုစီးပြီး သွေးများ အန်ထွက်လာခဲ့သည်။

ရွှေကျီးကန်း ဒသမမင်းသားသည် ပြင်ပလောကကို အလွန်လွှမ်းမိုးပြီး ရက်စက်သော်လည်း... သူ့အစ်ကိုတွေကိုတော့ လွန်စွာအလေးထားပေသည်။

ရွှေကျီးကန်းမျိုးနွယ်၏ ယခင်မင်းသားငါးဦးသည် ကျွင်းရှောင်ယောက်၏လက်တွင် ကျဆုံးခဲ့ရသည်။

ထို့ကြောင့်ပင် ရွှေကျီးကန်း ဒသမမင်းသားက လက်စားချေရန်တွေးကာ ရှန့်ထျန်းရီ၊ ရွယ်ယဲ့တို့နှင့် ကျွင်းရှောင်ယောက်ကို ထောင်ချောက်ဆင်ခဲ့ခြင်း ဖြစ်သည်။

ရလဒ်အနေဖြင့်၊ တွက်ချက်မှုအမျိုးမျိုးက ကျွင်းရှောင်ယောက်၏အင်အားကို မမှန်းဆနိုင်ဘဲ အခြေအနေ ဆိုးရွားခဲ့လေသည်။

သူ့ကို လက်စားမချေနိုင်ရုံသာမကဘဲ ညီအကိုလေးယောက်လည်း အသက်ပေးခဲ့ရသည်။

ရွှေကျီးကန်း ဒသမမင်းသားလည်း အလွန် မုန်းသွားသည်။

ရူးမတတ် မုန်းတီး၏။

သူက အံကိုတင်းတင်းကြိတ်ထားရာ သွားကြားမှ သွေးများ စီးကျလာတော့သည်။

သို့သော်လည်း နောက်ပြန်လှည့်မကြည့်တော့ အရှိန်မြှင့်ပြီး ထွက်ပြေးသွားခဲ့သည်။

"ဟင်း၊ ညီအစ်ကိုတွေ စည်းလုံးကြတာ တကယ်ကို ကြည်နူးစရာပါပဲ။ ဒါပေမဲ့... ညီအစ်ကိုတွေဖြစ်ပြီး အတူတူမသွားကြတာတော့ စိတ်မကောင်းစရာပဲ"

ကျွင်းရှောင်ယောက်က သက်ပြင်းချလိုက်သည်။

အနောက်ဘက်သို့ သွားရလျှင်ပင် ညီအစ်ကိုများ အတူတူလျှောက်သင့်သည်။

လမ်းတစ်ခုကို အတူတူမလျှောက်နိုင်ပါက နက်ရှိုင်းသော ညီအစ်ကိုများဟု ဘယ်လိုခေါ်ဆိုထိုက်မည်နည်း။

ကျွင်းရှောင်ယောက်က နတ်ဘုရား၏အလင်းကို တစ်ဖန် ပစ်လွှတ်လိုက်သည်။

ဤတစ်ကြိမ်တွင် အတားအဆီးမရှိသဖြင့် ရွှေကျီးကန်း ဒသမမင်းသားထံ တိုက်ရိုက်ကျရောက်ခဲ့၏။

ယင်းကိုမြင်တော့ ရွှေကျီးကန်းမမင်းသားက နေရတနာဘီးကို ထုတ်ဖော်ကာ ရွှေရောင်ငှက်မွေးအတောင်ကို ဖြန့်ကားလိုက်သည်။

ဤရွှေအမွှေးအတောင်များ၏ မျက်နှာပြင်က တောက်လောင်နေသော မီးတောက်များဖြစ်ပြီး ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများ ထွက်ပေါ်လာခဲ့၏။

ရွှေကျီးကန်းဒသမမင်းသားက စွမ်းအင် သွန်းလောင်းလိုက်ရာ ရွှေရောင်အတောင်များက ချက်ချင်းပင်ပေါက်ကွဲပြီး သူ့ခန္ဓာကိုယ်ကို ဖုံးအုပ်ကာ ဟင်းလင်းပြင်အား ခွဲထွက်သွားတော့သည်။

နတ်ဘုရား၏အလင်းရောင်သည် နေရတနာဘီးကို ထိမှန်သွားခဲ့သည်။ ထိုစွမ်းအားမှ တန်ပြန်သက်ရောက်မှုကြောင့် မီးတောက်ထဲမှ ရွှေကျီးကန်း ဒသမမင်းသား သွေးအန်လိုက်ရ၏။ သွေးများနှင့်အတူ ကိုယ်တွင်းအင်္ဂါ အစိတ်ပိုင်းတချို့ ပါလာတော့သည်။

သူ၏ ရွှေကျီးကန်းတောင်ပံတစ်ဝက်လောက်လည်း ကွဲကြေစုတ်ပြဲသွားခဲ့၏။

နောက်ဆုံးမှာတော့ နာကျင်စွာ အော်ဟစ်သံနှင့်အတူ ပျောက်ကွယ်သွားတော့သည်။

"အဲဒါက ရွှေကျီးကန်းဘုရင်ရဲ့ အမွေးတွေများ ဖြစ်နိုင်မလား"

ကျွင်းရှောင်ယောက် အံ့သြသွားသည်။

ရွှေကျီးကန်းဘုရင်က ရွှေကျီးကန်း ဒသမမင်းသားကို အလွန်တန်ဖိုးထားကာ သူ့အသက်ကိုကယ်တင်ရန် အသက်မွေးငှက်ပင်ကို ပေးခဲ့မည်ဟု မထင်ထားခဲ့ပေ။

"ဟင်း...၊ ငါသာ သူ့ကိုသတ်နိုင်ရင် နေမင်းအင်မော်တယ်ကျမ်းကို ရနိုင်မှာ၊ ပြီးတော့ ထိုက်ယင် အင်မော်တယ်ကျမ်းနဲ့တွဲပြီး နားလည်နိုင်တယ်။ ဒါဆိုရင် ငါ့ရဲ့အတွင်းစကြာဝဠာမှာလည်း ယင်နဲ့ယန် အပြောင်းအလဲတွေကို ဖြစ်ပေါ်စေမှာပဲ"

ကျွင်းရှောင်ယောက်က စိတ်မကောင်းဟန်ဖြင့် အနည်းငယ် ခေါင်းခါယမ်းကာ သက်ပြင်းချလိုက်သည်။

သို့သော်လည်း ပြဿနာတော့မရှိပါ။

ရွှေကျီးကန်း ဒသမမင်းသားက ဒုက္ခများကို အမှန်တကယ် ရှာတတ်သည်။

သူက ကျွင်းရှောင်ယောက်ဆီကို နောက်တစ်ခါ ပြန်လာမည်မှာ သေချာလှပေသည်။ ထိုအခါမှ သူ့ကို ရိတ်သိမ်းလိုက်ရုံ ဖြစ်သည်။

ကျွင်းရှောင်ယောက် ခေါင်းယမ်းနေတာကိုမြင်တော့ အနီးနားမှ ပါရမီရှင်အားလုံး ဘာပြောရမည်မှန်း မသိတော့ပေ။

ထိပ်သီး တားမြစ်ပါရမီရှင်သုံးဦးတွင် နှစ်ယောက်ကိုသတ်ပြီး တစ်ယောကို ပြင်းထန်စွာ ဒဏ်ရာရရှိစေခဲ့သည်။

ဒီမှတ်တမ်းကိုတောင် မင်းက မကျေနပ်သေးဘူးလား။

အခြား ပါရမီရှင်များအတွက်၊ သူတို့သုံးဦးကို တပြိုင်နက်တည်း တားဆီးနိုင်လျှင်ပင် ဂုဏ်ယူဝင့်ကြွားနေရန် လုံလောက်သည်။

ကျွင်းရှောင်ယောက်ကတော့ နှစ်ယောက်ကိုသတ်ပြီး တစ်ဦးကို ပြင်းပြင်းထန်ထန် ဒဏ်ရာရစေခဲ့သည့်တိုင် သိပ်ပြီး မကျေနပ်သေးပါ။

"ဒါ့အပြင် ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်မှာ အသုံးမပြုရသေးတဲ့ ဧကရာဇ်တစ်ပိုင်းလက်နက်တွေ ရှိနေတုန်းပဲ မဟုတ်လား"

"ဟုတ်တယ်၊ ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်က အနှိုင်းမဲ့အရိုးကိုလည်း အသုံးမပြုရသေးဘူး"

"ဒါဆိုရင် ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်က ထိပ်တန်းတားမြစ်ချက်သုံးခုကို ရင်ဆိုင်နေရချိန်မှာတောင် သူ့ရဲ့ ခွန်အားကို အပြည့်အ၀ အသုံးမချသေးဘူးပေါ့"

ထိုအကြောင်းကိုတွေးရင်း ပါရမီရှင်အားလုံး တိတ်ဆိတ်သွားကြသည်။

ဆိုရိုးစကားအတိုင်း မသိခြင်းက ကြောက်စရာအကောင်းဆုံး ဖြစ်သည်။

ကျွင်းရှောင်ယောက်၏ အကန့်အသတ်က မည်သည့်နေရာတွင် ရှိသည်မှန်း မည်သူမျှ မသိနိုင်ကြပေ။

သူ့အပေါ် လူတိုင်း၏ နားလည်မှုက အမြဲတမ်း ဆန်းသစ်နေခဲ့ရသည်။

"အကူအညီပေးတာ ကျေးဇူးတင်ပါတယ် အစ်ကိုရှောင်ယောက်"

ကျွင်းလန်ရှီက ကျွင်းရှောင်ယောက်ရှေ့ကို လျှောက်လာကာ ပြောလိုက်သည်။

ဒဏ်ရာအနည်းငယ်ရ၍ ဖရိုဖရဲဖြစ်နေသော်လည်း သူမ၏ အလှများကတော့ မပျောက်ကွယ်သွားပေ။

ဤအခိုက်တွင် ကျွင်းရှောင်ယောက်ကို စိုက်ကြည့်နေသော ကျွင်းလန်ရှီ၏ မျက်လုံးများက လေးစားမှု၊ သဘောကျမှုတို့ဖြင့် တောက်ပနေခဲ့သည်။

All Chapters