← Chapters

အခန်း ၇၇၀

Vol. 52 Ch. 770

အခန်း ၇၇၀

Vol. 52 Ch. 770

အခန်း ( ၇၇၀ ) ငါ ကျွင်းရှောင်ယောက်ရဲ့ ဘဝမှာ ဆန္ဒရှိသလို လုပ်ခဲ့တယ်၊ အကျိုးဆက်တွေကို ဘာဖြစ်လို့ ဂရုစိုက်ရမှာလဲ။ လျှို့ဝှက်သွေးကြောမှ ပါရမီရှင် ကျွင်းရွယ်မင်ကို သတ်ဖြတ်ခြင်း။

ကျွင်းရှောင်ယောက်က ဆန့်ကျင်ဘက်လိင်များအပေါ်တွင် အလွန်ဆွဲဆောင်မှုသည်။

ယခုလည်း ကျွင်းရှောင်ယောက်က ထိပ်သီး တားမြစ်ပါရမီရှင်နှစ်ဦးကို သတ်ခဲ့ပြီး တားမြစ်ပါရမီရှင်တစ်ဦးကို ပြင်းထန်စွာ ဒဏ်ရာရစေခဲ့၏။

ထိုသို့သော ခွန်အား၊ အပြုအမူ၊ အမူအရာများအရ လူအများမှ သူ့ကို အထင်မကြီးရန် ခက်ခဲလှပေသည်။

ကျွင်းလန်ရှီ၏ လှပသော မျက်လုံးလေးများက တောက်ပနေသော ကြယ်မျက်လုံးများအဖြစ်သို့ ပြောင်းလဲသွားခဲ့ပုံရသည်။

ကျွင်းရှောင်ယောက်က ပင်မသွေးပြန်ကြော၏ နတ်ဘုရားသားဖြစ်သော်လည်း ကျွင်းလန်ရှီ၏ မျက်လုံးထဲတွင်တော့ သူတို့ လျှို့ဝှက်သွေးကြောနှင့် မခြားပေ။

လျှို့ဝှက်သွေးကြောက ပင်မသွေးကြောနှင့် ကွဲကွာနေသော်လည်း တစ်ခုနှစ်ခုကြား ကွဲထွက်သွားခြင်းမျိုး မရှိပါ။

ဤသည်မှာ ရိုးရိုးရှင်းရှင်း အနေဝေးနေခြင်းမျှသာ ဖြစ်သည်။

ဤအခိုက်တွင် အရပ်ရှည်ရှည်နှင့် ချောမောသော ကျွင်းရှောင်ယောက်ကိုကြည့်ရင်း ကျွင်းလန်ရှီ ဂုဏ်ယူသွားမိသည်။

ယင်းက သူ့နှလုံးသားထဲမှ ထွက်ပေါ်လာသော လေးစားမှုတစ်မျိုးပင်။

ကျွင်းရှောင်ယောက်၏ စွမ်းဆောင်မှုက လွန်စွာ အံ့သြစရာကောင်းသလို တုနှိုင်းမယှဉ်သာပေ။

"ဒါပေမဲ့ နည်းနည်းနောက်ကျနေသေးတာပါပဲ။ မိသားစုဝင်တွေ အများကြီး သေသွားပြီ"

ကျွင်းရှောင်ယောက်က မြေပြင်မှ ကျွင်းမိသားစု၏ လျှို့ဝှက်သွေးကြာမှ ပါရမီရှင် အကြွင်းအကျန်တချို့ကိုကြည့်ကာ သက်ပြင်းချလိုက်သည်။

ယေဘူယျအားဖြင့် ကျွင်းရှောင်ယောက်သည် ပုရွက်ဆိတ်များ၏ သေဆုံးခြင်းနှင့် ရှင်သန်ခြင်းကို ဂရုမစိုက်သော နတ်ဘုရားကဲ့သို့ သက်ရှိသတ္တဝါအားလုံးကို လျစ်လျူရှုသည်။

သို့သော်လည်း သေဆုံးသွားသူများက ကျွင်းမိသားစုတွေဖြစ်နေသောအခါ ကျွင်းရှောင်ယောက် အနည်းငယ် စိတ်မကောင်းဖြစ်မိဆဲပင်။

ဤသည်က တစ်ကိုယ်ကောင်းဆန်တာ ဖြစ်နိုင်သည်။

ထို့ပြင် ဘိုးဘေးဆယ့်ရှစ်နှင့် အခြားသူများကလည်း သူ့ကို လျှို့ဝှက်သွေးကြောများအား ပြန်ပေးဆပ်ရန် တာဝန်တစ်ခု ပေးခဲ့၏။

သူ့အနေဖြင့် ဖော်ပြသင့်သည့် ခံစားချက်များကို ထုတ်ဖော်ပြရန် လိုအပ်နေသေးသည်။

"အစ်ကိုရှောင်ယောက်၊ ဒီလိုမပြောပါနဲ့။ ရှင်သာ ရောက်မလာရင် လန်ရှီနဲ့ တခြားသူတွေ အသက်ဆုံးရှုံးရမှာပဲ"

ထိုစကားကိုကြားတော့ ကျွင်းလန်ရှီဟာ ပို၍ပင် လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။

သူမ သိရသလောက် ကျွင်းရှောင်ယောက်၏ ပင်ကိုယ်စရိုက်ဟာ လွတ်လပ်ပြီး ဘယ်သူ့ကိုမျှ ဂရုမစိုက်ပေ။

သူ့ပတ်ဝန်းကျင်မှ လူများကလွဲရင် သက်ရှိသတ္တဝါအားလုံးကို လျစ်လျူရှုနိုင်သည်။

ယခုတော့၊ ကျွင်းရှောင်ယောက်၏ သဘောထားက လျှို့ဝှက်သွေးကြောကိုလည်း သူ့မိသားစုအဖြစ် အသိအမှတ်ပြုကြောင်း သက်သေပြနေပေသည်။

ဤသည်မှာ အလွန်အရေးကြီးသော အချက်ဖြစ်သည်။

"ကျွင်းမိသားစုဝင်တွေရဲ့ သွေးတွေက အချည်းနှီး မသွန်းလောင်းရဘူးလို့ ငါပြောခဲ့တယ်။ အဲဒီနှစ်ဦးအပြင် လွတ်မြောက်သွားတဲ့ ရွှေကျီးကန်း ဒသမမင်းသားလည်း သူ့အသက်နဲ့ ပေးဆပ်ရလိမ့်မယ်"

ကျွင်းရှောင်ယောက်က ပြောလိုက်သည်။

သူ့စကားက ရှင်းလင်းပြတ်သားလှပေသည်။

ကျွင်းလန်ရှီကို မဆိုထားနှင့်၊ အသက်ရှင်ကျန်ခဲ့သော အခြား ကျွင်းမိသားစုမှ ပါရမီရှင်နှစ်ဦးသည်ပင် စိတ်လှုပ်ရှားသွားခဲ့ကြသည်။

ပင်မသွေးကြော၏ နတ်ဘုရားသားတော်က လွန်စွာ ကြီးစိုးပေသည်။

သို့သော်လည်း ဤအခိုက်အတန့်တွင် အနည်းငယ် နားကလော်စရာ အသံတစ်ခု ထွက်ပေါ်လာသည်။

"ကျွင်းရှောင်ယောက်၊ သူတို့ကို သတ်ခြင်းရဲ့ အကျိုးဆက်ကို မင်းတွေးဖူးလား"

ထိုစကားများထွက်လာသည်နှင့် တပြိုင်နက် ကျွင်းလန်ရှီနှင့် အခြားလူများ မျက်နှာအမူအရာ ပြောင်းလဲသွား၏။

ကျွင်းရှောင်ယောက်လည်း မျက်ခုံးပင့်ပြီး အသံလာရာဆီသို့ လှမ်းကြည့်လိုက်သည်။

စကားပြောလာသူကတော့ ကျွင်းရွယ်မင်မှတစ်ပါး တခြားသူမဟုတ်ပေ။

အန္တရာယ်ကင်းသွားသော ကျွင်းရွယ်မင်ဟာ ယခင်က စိတ်ပျက်အားငယ်မှုနှင့်မတူဘဲ ယခုအချိန်တွင် စိတ်တည်ငြိမ်မှုတို့ ပြန်လည်ရရှိနေပြီ ဖြစ်သည်။

သူက အရာရာကို စီရင်ဆုံးဖြတ်နိုင်သော ရှင်ဘုရင်တစ်ပါးကဲ့သို့ပင်။

"ကျွင်းရွယ်မင်၊ နင်ဘာတွေပြောနေတာလဲ"

ကျွင်းလန်ရှီက မျက်မှောင်ကြုတ်ပြီး စူးစူးရဲရဲကြည့်ကာ အော်လိုက်သည်။

ကျွင်းရှောင်ယောက်က သူတို့ကို ကယ်တင်ရန် ရည်ရွယ်ချက်နှင့် ရောက်လာသော်လည်း ကျွင်းရွယ်မင်က ဤသို့သော ရိုင်းစိုင်းသည့် စကားများကို ပြောထွက်ဆဲပင်။

ကျွင်းရွယ်မင်က လျစ်လျူရှုပြီး ကျွင်းရှောင်ယောက်ကို ကြည့်လိုက်သည်။

ကျွင်းရှောင်ယောက်၏ ခွန်အားကြောင့် ယခုလေးတင် တုန်လှုပ်ချောက်ချားသွားသော်လည်း...

စဉ်းစားကြည့်ပြီးနောက် သူ နားလည်ပေသည်။

ကျွင်းရှောင်ယောက်က လျှို့ဝှက်သွေးကြောမှ လူများကို တိုက်ခိုက်ရန် မဖြစ်နိုင်ပါ။

ဤအပြိုင်ကြီးတွင် အင်အားစုကြီးများနှင့် ရှေးဟောင်းမျိုးနွယ်များ တစ်ခုပြီးတစ်ခု ပေါ်ပေါက်လာခဲ့သည်။

အဓိပဓိ အင်မော်တယ်ခုံရုံးသည်လည်း ပြန်လည်ဖွဲ့စည်းလိုသော ဆန္ဒရှိခဲ့၏။

ကျွင်းမိသားစု၏ ပင်မသွေးကြောက ကြီးမားသော ဖိအားအောက်တွင် ရှိနေခဲ့ပေသည်။

ဤအတွက် တစ်ခုတည်းသောနည်းလမ်းမှာ လျှို့ဝှက်ထားသော သွေးကြောကို ပြန်လာကြစေရန် ဖြစ်သည်။

ကျွင်းရှောင်ယောက် လှုပ်ရှားခြင်းကိုပင် ကျွင်းရွယ်မင်က လျှို့ဝှက်သွေးကြောကို အနိုင်ယူရန်သာ ဖြစ်ရမည်ဟု ယုံကြည်ခဲ့ပေသည်။

တကယ်တော့ ကျွင်းရွယ်မင် အထင်မမှားပါ။

ကျွင်းရှောင်ယောက်တွင် ထိုအတွေးမျိုး ရှိခဲ့သည်။

သို့သော်...

ဤသည်က ကျွင်းရှောင်ယောက်ဟာ လျှို့ဝှက်သွေးကြောရှေ့မှာ နှိမ့်ချခံရမည်ဟု မဆိုလိုပါ။

"အကျိုးဆက်က ဘာအကျိုးဆက်တွေလဲ ပြောပါဦး"

ကျွင်းရှောင်ယောက် ပြုံးလိုက်သည်။

ကျွင်းရှောင်ယောက်နှင့် ရင်းနှီးသူများကတော့ သူပြုံးသောအခါ ကောင်းသောအရာ မဖြစ်နိုင်မှန်း သိလိမ့်မည်။

သို့ရာတွင် ကျွင်းရွယ်မင်က ဘာမျှမသိဘဲ လျစ်လျူရှုစွာ ပြောလိုက်သည်။

"ဒီအင်အားစုကြီး သုံးခုက ထိပ်တန်း အင်မော်တယ်အင်အားစုတွေပဲ။ အဲဒီအချိန်မှာ တစ်ခုခု ဖြစ်သွားရင် မင်း တာဝန်ခံနိုင်မှာလား"

"အိုး၊ ဒါဆိုရင် ဒီနတ်ဘုရားသားတော်က မင်းသေတဲ့အထိ ပိတ်မိနေတာကို လက်ပိုက်ကြည့်နေသင့်တာလား"

ကျွင်းရှောင်ယောက်က စိတ်ဆိုးပုံမပြဘဲ ပြောလိုက်သည်။

"ဒီလိုမဟုတ်ဘူး၊ မင်းက ငါတို့ကို ကယ်တင်ဖို့ပဲ လိုတာ။ ဒီလောက် ရက်စက်ကြမ်းကြုတ်စရာ မလိုဘူး။ အခု မင်းကြောင့် ရန်ငြိုးဖွဲ့ပြီးသွားပြီး နောက်ဆက်တွဲ အကျိုးဆက်တွေက အရမ်းပြင်းထန်နေပြီ"

ကျွင်းရွယ်မင်က ပြောလိုက်၏။

"ပါးစပ်ပိတ်ထားစမ်း"

ကျွင်းရှောင်ယောက် မပြောရသေးမီပင် ကျွင်းလန်ရှီနှင့် လျှို့ဝှက်သွေးကြောမှ အခြား ပါရမီရှင်များက ကြိမ်းမောင်းလိုက်ကြသည်။

ကျွင်းရွယ်မင်က ကျွင်းမိသားစု၏ လျှို့ဝှက်သွေးကြောအတွက် အရှက်ရစရာပင်။

ဘေးမှ ကြည့်နေကြသော ပါရမီရှင်များလည်း တီးတိုး ပြောဆိုလာကြသည်။

"ဒါက ကျွင်းမိသားစုရဲ့ လျှို့ဝှက်သွေးပြန်ကြောတွေက ပါရမီရှင်လား။ သူက ဘာဖြစ်လို့ ဒီလောက် သူရဲဘောကြောင်သလို ခံစားရတာလဲ"

"ကျွင်းမိသားစုရဲ့ လျှို့ဝှက်သွေးကြောနဲ့ ပင်မသွေးကြောက တူညီတဲ့အဆင့်မှာ တကယ်ကို မရှိဘူးပဲ။ မျိုးဆက်သစ်လူငယ်တွေကြားက ကွာဟချက်က ပိုလို့တောင် ကြီးမားတယ်"

ထိုစကားများကြားတော့ ကျွင်းရွယ်မင်၏ အမူအရာက အနည်းငယ် ရှုံ့မဲ့သွားလေသည်။

ထိုအချိန်တွင် ကျွင်းရှောင်ယောက်က လှောင်ပြောင်သရော်ဟန်ဖြင့် ပြုံးလိုက်သည်။

"ငါ ကျွင်းရှောင်ယောက်က တစ်သက်လုံး ဒီလိုပဲ ပြုမူခဲ့တာ။ အကျိုးဆက်တွေကိုတော့ ဘာကြောင့် ဂရုစိုက်ရမှာလဲ"

"ငါက ကောင်းကင်မှာ အပေါက်ဖောက်ရင်တောင် ကောင်းကင်က ငါ ကျွင်းရှောင်ယောက်ကို အပြစ်ပေးဖို့ အရည်အချင်းမရှိဘူး"

ကျွင်းရှောင်ယောက်က သူ့အင်္ကျီလက်စကို ဆတ်ခနဲ ခါယမ်းပြီး ပြောလိုက်သည်။

သူ့တွင် ထိုသို့ပြောရန် အရည်အချင်းရှိ၏။

လွှမ်းမိုးချုပ်ကိုင်ထားသော စကားလုံးများက အားလုံးကို နှုတ်ဆိတ်သွားစေခဲ့သည်။

သို့သော်လည်း လူတိုင်းက သေသေချာချာ တွေးကြည့်သောအခါ... ကျွင်းရှောင်ယောက်က မွေးဖွားလာချိန်မှ ယခုအချိန်အထိ ကြီးမားသော ထိုးဖောက်မှုများ ပြုလုပ်ခဲ့ကာ မရေမတွက်နိုင်သော ရန်သူများကို ချေမှုန်းပစ်ခဲ့သည်။

ယခုထိ သူ အသက်ရှင်နေပြီး ဘာမျှ မဖြစ်သေးပေ။

ဘယ်သူက သူ့ကို ဒုက္ခပေးရဲဝံ့မှာလဲ။

ကျွင်းရှောင်ယောက်ကို ဆန့်ကျင်ခဲ့သူ အားလုံးနီးပါး အုံလိုက်ကျွတ်ကုန်ပြီ ဖြစ်သည်။

ဘိုးဘွားနဂါးသိုက်၊ အလုံးစုံ ဖီးနစ်ဝိညာဉ်တောင်တန်း၊ ကြွေလွင့်နတ်ဘုရား‌နန်းတော်နှင့် အခြား အင်မော်တယ်အင်အားစုများ... စသည်ဖြင့်။

"မင်း..."

ကျွင်းရွယ်မင်၏မျက်နှာက နီရဲသွားပြီး ခဏတာ ပြောစရာစကား ပျောက်ရှသွားသည်။

"မင်းကြည့်ရတာ ဒီနတ်ဘုရားသားတော်‌အပေါ်မှာ အမြင်တွေ အများကြီးရှိပုံရတယ်။ အခု မင်းက ငါ့ကိုအပြစ်တင်ဖို့ ဆင်‌ခြေရှာနေတာလား"

ကျွင်းရှောင်ယောက်က ကျွင်းရွယ်မင်ကို စိုက်ကြည့်လိုက်သည်။

အကြည့်တစ်ချက်ဖြင့် ကျွင်းရွယ်မင်သည် ကျောရိုးထဲထိ အေးစိမ့်သွားသလို ခံစားလိုက်ရ၏။ အေးစက်စက် ချွေးများ စီးကျလာပြီး မြေပေါ် လဲကျတော့မလို ဖြစ်သွားခဲ့လေသည်။

'မဟုတ်ဘူး၊ ငါက လျှို့ဝှက်သွေးကြောက လူတစ်ယောက်ပဲ။ သူက ပေါ့ပေါ့ဆဆ မလုပ်ဝံ့ဘူး၊ မဟုတ်ရင် နောက်ဆက်တွဲ အကျိုးဆက်တွေကို သူ မခံနိုင်ဘူး'

ကျွင်းရွယ်မင်က သူ့ကိုယ်သူ နှစ်သိမ့်လိုက်သည်။

ထို့နောက်တွင် သူက အေးဆေးတည်ငြိမ်ဟန်ဆောင်ပြီး ဆက်ပြောလိုက်၏။

"ငါ့မှာ ထင်မြင်ချက် မရှိပါဘူး၊ အဖြစ်မှန်ကို ဆွေးနွေးရုံပဲ။ နောက်ပြီး၊ ငါတို့က ခွဲခြားဆက်ဆံခံရတဲ့ အခြေအနေကို ခံစားခဲ့ရတယ်"

"တကယ်လို့ မင်းသာ ရွှေကျီးကန်း ဒသမမင်းသားနဲ့ တခြားသူတွေကို မနှိုးဆော်ဘူးဆိုရင်၊ ငါတို့ လျှို့ဝှက်သွေးကြောရဲ့ ပါရမီရှင်တွေ ဘယ်လိုလုပ်ပြီး ပါဝင်ငြိတွယ်နိုင်မှာလဲ"

ကျွင်းရွယ်မင်၏ ထိုစကားများကို ကြားရချိန်မှာတော့ ကျွင်းလန်ရှီ သည်းမခံနိုင်တော့ပေ။

သူမက ရှေ့ကို လှမ်းပြီး ကျွင်းရွယ်မင်၏ပါးကို ရိုက်ချလိုက်သည်။

"အစ်ကိုရှောင်ယောက်က ငါတို့ရဲ့အသက်ကို ကယ်တင်ခဲ့တဲ့ ကျေးဇူးရှင် ဟဲ့။ နင့်ရဲ့ကျေးဇူးရှင်ကို နင်ဒီလိုပဲ ဆက်ဆံတာလား"

ကျွင်းလန်ရှီ စိတ်ဆိုးသွားပြီး အော်ပြောလိုက်သည်။

"သူ့ကြောင့် အခုလိုဖြစ်ရတာ၊ သူ ငါတိုကို မကယ်သင့်ဘူးလား"

ကျွင်းလန်ရှီ သူ့မျက်နှာကို လက်နှင့်အုပ်ပြီး ပြန်အော်လိုက်၏။

ကျွင်းလန်ရှီနှင့် အခြားသူများက ဤမျှ ပြင်းထန်စွာ တုံ့ပြန်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။

ကျွင်းလန်ရှီက မထိန်းနိုင်ဘဲ ထပ်ပြီး ပါးရိုက်ရန် ဟန်ပြင်လိုက်ချိန်တွင်...

ကျွင်းရှောင်ယောက်က ကျွင်းလန်ရှီ၏ ပခုံးကိုဆုပ်ကိုင်ပြီး တားမြစ်လိုက်သည်။

"အစ်ကိုရှောင်ယောက်"

ကျွင်းလန်ရှီ ရပ်တန့်သွားပြီး ကျွင်းရှောင်ယောက် ပြန်ကြည့်လိုက်၏။

ကျွင်းရှောင်ယောက်က အနည်းငယ်ပြုံးပြီး ကျွင်းရွယ်မင်ရှေ့သို့ အေးအေးဆေးဆေး လျှောက်သွားကာ ပြောလိုက်သည်။

"ဒီနတ်ဘုရားသားတော် သဘောမကျတဲ့ လူတွေ အများကြီးရှိတယ်။ ဒါပေမဲ့ ငါ သဘောမကျဆုံးကတော့ ခေါင်းရှောင်ပြီးမှ ဆန့်ကျင်တတ်တဲ့လူတွေပဲ"

"ကျွင်းမိသားစုရဲ့ လျှို့ဝှက်သွေးကြောက ပင်မသွေးကြောနဲ့ ဘယ်လောက်ကြာကြာ ကွဲကွာနေပါစေ... ကျွင်းမိသားစုရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်နေဆဲပါပဲ"

"ကျွင်းသားစုက အမြဲတမ်း ကျွင်းမိသားစု ဖြစ်နေမှာ။ ဒါပေမဲ့ ခွဲထွက်ဖို့ ကြိုးစားလာရင်တော့ အဆုံးသတ်ကောင်းမှာ မဟုတ်ဘူး"

ကျွင်းရှောင်ယောက်၏ လေသံက ရုတ်တရက် အေးစက်သွားသည်။

ကျွင်းမိသားစု၏ ပင်မသွေးကြောဖြစ်စေ... ကျွင်းဧကရာဇ်ခုံရုံးပင်ဖြစ်စေ...

အတွင်းပိုင်းမှာ ပြိုင်ဆိုင်မှုအမျိုးမျိုး ရှိနိုင်သော်လည်း ယေဘုယျအားဖြင့်တော့ လုံးဝ စည်းလုံးညီညွတ်သော အင်အားစုများ ဖြစ်သည်။

သို့ရာတွင် တစ်ထီးတစ်နန်း ခွဲထွက်ရန် ကြိုးစားလာလျှင်တော့ အဆုံးသတ်ကောင်းတော့မှာ မဟုတ်ပါ။

"ဒီနတ်ဘုရားသားတော်က မင်းရဲ့အသက်ကို ကယ်တင်နိုင်သလို မင်းရဲ့အသက်ကိုလည်း ယူနိုင်တယ်"

ကျွင်းရှောင်ယောက်၏ မျက်လုံးများက အေးစက်သွားပြီး ကောင်းကင်ကြီးကဲ့သို့ လက်ဝါးနှင့် ကျွင်းရွယ်မင်ကို ဖိချလိုက်သည်။

"မဟုတ်ဘူး၊ ငါက ကျွင်းမိသားစုရဲ့ လျှို့ဝှက်သွေးကြောက လူတစ်ယောက်နော်။ မင်း ငါ့ကို သတ်ဝံ့လား"

ကျွင်းရွယ်မင်၏ မျက်လုံးများက တုန်လှုပ်ချောက်ချားမှုတို့ ဖြစ်ပေါ်လာကာ အော်ဟစ်လိုက်၏။

ကျွင်းရှောင်ယောက်က လူတိုင်း၏ရှေ့တွင် လျှို့ဝှက်သွေးကြောမှ ပါရမီရှင်တစ်ဦးကို သတ်ဝံ့မည်ဟု သူ မမျှော်လင့်ထားပေ။

"ဖောင်း"

သည်းထိတ်ရင်ဖိုစရာမရှိဘဲ၊ ကျွင်းရွယ်မင်မှာ သွေးမြူများအဖြစ် ပေါက်ကွဲသွားခဲ့သည်။ သူ၏ ရှေးဦးဝိညာဉ်သည်ပင် ချက်ချင်းပင် ပေါက်ကွဲသွားလေသည်။

မှုန်ဝါးဝါး အရိုးများနှင့် သွေးအိုင်တစ်ခုသာ ကျန်ခဲ့၏။ ဤမြင်ကွင်းက ကြောက်ရွံ့တုန်လှုပ်စရာပင်။

All Chapters