← Chapters

အခန်း ၇၇၁

Vol. 52 Ch. 771

အခန်း ၇၇၁

Vol. 52 Ch. 771

အပိုင်း ( 771 ) ယွီဟွာဝမ်က ရန်သူလား ဒါမှမဟုတ် မိတ်ဆွေလား၊

အားလုံး အံ့အားသင့်နေကြသည်။

ကျွင်းမိသားစု၏ ပင်မသွေးကြောမှ နတ်ဘုရားသားတော်က လျှို့ဝှက်သွေးကြော၏ ပါရမီရှင်ကို ကိုယ်တိုင်သတ်ဖြတ်မည်ဟု မထင်ထားခဲ့ပေ။

ယင်းက အတော်စိတ်ဓာတ်ပြတ်သားရန် လိုသည်။

အကြောင်းမှာ၊ ဤသတင်း ပျံ့နှံ့သွား လျှို့ဝှက်သွေးကြောက သိသွားသည်ရှိသော အခြေအနေ မကောင်းနိုင်သောကြောင့်ပင်။

ကျွင်းရှောင်ယောက်က ကျွင်းမိသားစု၏ ပင်မသွေးကြောမှ အမြင့်မြတ်ဆုံးသော နတ်ဘုရားသားတော်ဖြစ်လျှင်ပင်၊ ဖိအားများစွာကို ခံရဦးမည်သာ ဖြစ်သည်။

ကျွင်းမိသားစုသာ ယခုထက် အဆင့်မြင့်ပြီး အဓိပဓိ အင်မော်တယ်ခုံရုံးအဆင့်ကို ရောက်ရှိလိုပါက လျှို့ဝှက်သွေးကြောကို ပြန်လာရစေမည်ဖြစ်ကြောင်း လူတိုင်း သိကြသည်။

"ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်က လျှို့ဝှက်သွေးကြောကို ပြန်မလာစေချင်ဘူးလား"

"နည်းလမ်းကတော့ တကယ်ကို ပြတ်ပြတ်သားသားပဲ။ ငါသာဆိုရင် ဒီလိုမလုပ်ဝံ့ဘူး"

"ဒါက မင်းနဲ့ ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်ကြားက ကွာဟချက်ပေါ့"

အရပ်ရပ်တွင် တီးတိုး ပြောဆိုသံများ ထွက်ပေါ်လာခဲ့သည်။

ကျွင်းလန်ရှီနှင့် အခြားသူများလည်း တုန်လှုပ်သွား၏။

ရုတ်တရက်မို့ သူတို့လည်း ခဏချင်း မတုံ့ပြန်နိုင်ခဲ့ပေ။

ခဏအကြာမှ၊ ကျွင်းလန်ရှီက သတိပြန်ဝင်လာကာ ကျွင်းရှောင်ယောက်ကိုကြည့်ပြီး‌ ပြောလိုက်သည်။

"အစ်ကိုရှောင်ယောက်၊ ကျွန်မ ဒီအခြေအနေတွေ လျှို့ဝှက်သွေးကြောကို ပြန်ပြီး ရှင်းပြလိုက်ပါမယ်။ ဒါက ကျွင်းရွယ်မင်ရဲ့ အပြစ်ပဲ"

ကျွင်းလန်ရှီက မတုံ့ဆိုင်းဘဲ ကျွင်းရှောင်ယောက်ဘေးတွင် ရပ်လိုက်သည်။

ကျွင်းရှောင်ယောက်၏လုပ်ရပ်က အနည်းငယ် ပြင်းထန်သော်လည်း ကျိုးကြောင်းဆီလျော်မှု ရှိ၏။

သူ့နေရာမှာ သူမဆိုလျှင်လည်း ကျွင်းရွယ်မင်ကို သေသည်အထိ ရိုက်ချင်နေလောက်သည်။

သူ့ပါးစပ်ပေါက်က ဆိုးလွန်းသည်။

"ကိစ္စမရှိပါဘူး၊ ပိုးဖလံတစ်ကောင်ကို ရှောင်တခင်သတ်လိုက်တာပဲ။ နောက်ဆုံးမှာတော့ မိုင်တစ်ထောင်ရှိတဲ့ တာတမံတွေတောင် ပုရွက်ဆိတ်အသိုက်ကြောင့် ပျက်စီးနိုင်တယ်"

ကျွင်းရှောင်ယောက်က အဓိပ္ပာယ်ရှိရှိ ပြောလိုက်သည်။

ကျွင်းလန်ရှီလည်း ချက်ချင်းပင် ဉာဏ်အလင်းရသွား၏။

နောက်ဆုံးတွင်၊ လျှို့ဝှက်သွေးကြောမှာ ကျွင်းရွယ်မင်ကဲ့သို့ လူသိပ်မများသော်လည်း တချို့ ရှိသေးသည်။

ကျွင်းမိသားစု၏ လျှို့ဝှက်သွေးကြောက နှိမ့်ချနေတာ ကြာလာသောကြောင့် ယခင်ထက်မြက်မှုများ တဖြည်းဖြည်း ဆုံးရှုံးသွားခြင်း ဖြစ်နိုင်သည်။

"ဒါပေမဲ့ ကျွင်းရွယ်မင် ဆုံးသွားပြီဆိုတော့ ကျွင်းရင်ဟွမ်က နည်းနည်း တုံ့ပြန်လိမ့်မယ်"

ကျွင်းလန်ရှီက ပြောလိုက်သည်။

"သူက လျှို့ဝှက်သွေးကြောတွေရဲ့ ထိပ်တန်း တားမြစ်ပါရမီရှင်လား"

ကျွင်းရှောင်ယောက် ပြောလိုက်၏။

ကျွင်းလန်ရှီလည်း ကျွင်းရှောင်ယောက်ကို ကျွင်းမိသားစု၏ လျှို့ဝှက်သွေးကြောများ တည်ဆောက်ပုံကို အတိုချုံး ရှင်းပြပေးခဲ့သည်။

ကျွင်းရင်ဟွမ်နှင့် ကျွင်းချင်းရန်က မျိုးဆက်သစ်လူငယ်များကြား၌ အသန်မာဆုံး ဖြစ်လိမ့်မည်။

ကျွင်းရှောင်ယောက်လည်း ထိုစကားများကို ကြားရပြီးနောက် အနည်းငယ်ခေါင်းညိတ်ကာ ပြောလိုက်သည်။

"နားလည်ပါပြီ၊ အချိန်တန်ရင် ဒီနတ်ဘုရားသားတော်က သူတို့ကို လာလည်ခွင့်ပေးမှာပါ"

ကျွင်းရှောင်ယောက်၏ စကားကြောင့် ကျွင်းလန်ရှီ အနည်းငယ် ထိတ်လန့်သွား၏။

ကျွင်းရှောင်ယောက် ပြောတာက သူတို့ကို လာလည်ခွင့်ပေးမည်။

ယင်းက ဘုရင်မင်းမြတ်ထံ လာတွေ့ရမည့် နန်းတွင်သူ၊ နန်းတွင်းသားများကဲ့သို့ပင်။

ယင်းက သာလွန်သူ၏ သဘောထား ဖြစ်သည်။

သို့သော်လည်း ကျွင်းလန်ရှီဟာ ကျွင်းရှောင်ယောက်၏ အဆင့်အတန်း၊ ခွန်အားဖြင့် သူ့တွင် ထိုသို့သော အရည်အချင်းရှိသည်ဟု ခံစားမိခဲ့သည်။

"လန်ရှီ သိပါပြီ"

"ကောင်းပြီ၊ ရှေးဟောင်းလမ်းက အန္တရာယ်များတယ်၊ ဒါကြောင့် အနာဂတ်မှာ ဒီလောက်မဆင်မခြင် မနေပါနဲ့"

ကျွင်းရှောင်ယောက်က ပြောလိုက်သည်။

ကျွင်းလန်ရှီ၏ မျက်နှာက အနည်းငယ်နီမြန်းနေခဲ့လေသည်။

ကျွင်းရှောင်ယောက်က ကြီးစိုးသောအခါ မြင်ရသူတိုင်းကို စွဲလမ်းစေခဲ့သည်။

သို့ရာတွင်၊ ဂရုတစိုက်နှင့် နူးညံ့သိမ်မွေ့သော အခါမှာလည်း နှလုံးသားကို နွေးထွေးစေပါသည်။

'အစ်ကိုရှောင်ယောက်ရဲ့ အစေခံမိန်းကလေးတစ်ယောက်ဖြစ်ရင်တောင်မှ ပင်မသွေးကြောမှာ မွေးဖွားခဲ့မယ်ဆိုရင် အရမ်းကောင်းမှာပဲ'

ကျွင်းလန်ရှီက စိတ်ထဲမှ ညည်းညူလိုက်သည်။

ထို့နောက် ကျွင်းလန်ရှီနှင့် အခြားသူများ ထွက်သွားကြလေသည်။

သူတို့အတွက် ဤအခြေအနေများကို လျှို့ဝှက်သွေးကြောသို့ သတင်းပို့ရန် လိုသည်။

ကျွင်းလန်ရှီက တွန့်ဆုတ်နေသော်လည်း နောင်တွင် ကျွင်းရှောင်ယောက်နှင့်ပြန်ဆုံရန် အခွင့်အရေးရှိကြောင်း သိပေသည်။

ထိုအချိန်တွင်၊ လျှို့ဝှက်သွေးကြောက ပြန်ပေါင်းစည်းရန် အချိန်တန်နိုင်သည်။

ဤကိစ္စများကတော့ ယခုအခါ ပြေလည်သွားခဲ့ပြီ။

ထိုမှသာ သူ့ပတ်ဝန်းကျင်ရှိ ပါရမီရှင်များလည်း ငြိမ်သက်သွားခဲ့သည်။

ထို့နောက် တစ်ယောက်ကို တစ်ယောက်ကြည့်ပြီး အံ့ဖွယ်တိုက်ပွဲအကြောင်း စားမြုံ့ပြန်ကာ ပြောလိုက်ကြလေသည်။

"ဒီတိုက်ပွဲက တကယ်ကို ဂန္တဝင်ပါပဲ။ သုံးယောက်နဲ့ တစ်ယောက် တိုက်ခိုက်တာကို နှစ်ယောက်သေပြီး တစ်ယောက် ဒဏ်ရာပြင်းပြင်းထန်ထန် ရစေနိုင်ခဲ့တယ်။ နတ်ဘုရားသားတော်က ကောင်းကင်ကို အံတုနေတာပဲ"

"အဆုံးစွန် ရှေးဟောင်းလမ်းမှာ ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်ကို ရင်ဆိုင်နိုင်သူ ဘယ်လောက်များများ ရှိနိုင်မလဲ"

"ဒါတောင် လူငယ်မျိုးဆက်ပဲ ရှိသေးတာ၊ ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်က မျိုးဆက်ဟောင်းတချို့ထက်တောင် ပိုသန်မာတာ ဖြစ်နိုင်တယ်"

အံ့သြခြင်း၊ ကြည်ညိုလေးစားခြင်း။

ကျွင်းရှောင်ယောက်၏ လှုပ်ရှားမှုတိုင်းက အားလုံးကို အံ့အားသင့်စေခဲ့သည်။

ယွီယွင်ရှန့်လည်း ရင်ထဲမှာ တုန်ယင်နေခဲ့လေသည်။ သူမ၏ နှလုံးသားက တဒိန်းဒိန်းခုန်နေကာ ကျွင်းရှောင်ယောက်ဆီသို့ ပျံသန်းသွားခဲ့သည်။

အစတုန်းကတော့ သူမဟာ ကျွင်းရှောင်ယောက်၏ အသွင်အပြင်၊ စိတ်နေစိတ်ထားနှင့် ကိုယ်ပိုင်လက္ခဏာကြောင့်သာ သဘောကျခဲ့သည်။

ယခုဆိုလျှင် ကျွင်းရှောင်ယောက်၏ စွမ်းရည်ကြောင့် သူမ အမှန်တကယ် နစ်မွန်းနေလေပြီ။

ကျွင်းရှောင်ယောက်က ဆန့်ကျင်ဘက်လိင်ကို အလွန်ဆွဲဆောင်နိုင်သော အကြောင်းရင်းက ရုပ်ရည်သွင်ပြင်နှင့် မြင့်မားသည့် အဆင့်အတန်းအပြင်...

အရေးကြီးဆုံးအချက်က လူများကို လုံခြုံမှုပေးနိုင်သော သူ့အင်အား ဖြစ်သည်။

အမျိုးသမီးများအတွက် အလိုအပ်ဆုံးက အဘယ်နည်း။

ဤသည်မှာ ယောက်ျားတစ်ယောက်မှ ပေးစွမ်းနိုင်သည့် လုံခြုံမှုရှိသော ခံစားချက် ဖြစ်သည်။

အခြားယောက်ျားများက သူ့အစ်ကိုထက် နိမ့်ကျသည်ဟု ယွီယွင်ရှန့်မှ ထင်မြင်ခြင်းမှာလည်း...

ယွီဟွာဝမ်သည် သူမကို လုံခြုံမှုခံစားချက် ပေးစွမ်းနိုင်လောက်အောင် အားကောင်းသောကြောင့် ဖြစ်သည်။

ယခုဆိုလျှင်၊ ယွီယွင်ရှန့်က ကျွင်းရှောင်ယောက်ဟာ သူမ၏အစ်ကိုထက် သန်မာပြီး လုံခြုံသော ခိုလှုံရာနေရာတစ်ခု ပေးနိုင်ပုံရသည်ဟု ခံစားနေမိခဲ့ချေပြီ။

'ငါ ဘာဆက်လုပ်ရမလဲ၊ အရှက်မဲ့တဲ့ မျက်နှာနဲ့ သူ့နောက်ကို လိုက်သွားရမှာ။ သူက ဒီလိုမိန်းမမျိုးကို မကြိုက်သင့်ဘူးမဟုတ်လား'

"အို...၊ ငါ ခေါင်းရှုပ်လာပြီ'

ယွီယွင်ရှန့်ဟာ အပြင်ပန်းတွင် တည်ငြိမ်နေပုံရသော်လည်း သူ့စိတ်ထဲမှာတော့ စစ်တလင်းပြင်ကို ရောက်နေသကဲ့သို့ ယောက်ယက်ခတ်နေခဲ့ရသည်။

ဤအခွင့်အရေးကို သူမလက်မလွှတ်ချင်ပေ။

ထိုအခိုက်အတန့်တွင် တည်ငြိမ်စွာရပ်နေသော ကျွင်းရှောင်ယောက်၏ မျက်လုံးများက နက်နဲသွားကာ ရုတ်တရက် ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

"မင်းဒီကိုရောက်လာမှတော့ ထွက်ခဲ့ပါ"

"ဟမ်"

ကျွင်းရှောင်ယောက်၏ စကားကိုကြားတော့ လူတော်တော်များများ အံ့ဩသွား၏။

နောက်အခိုက်မှာတော့‌ ပေါ့ပါးသော ရယ်မောသံ ထွက်ပေါ်လာတော့သည်။

"ဟားဟားဟား၊ အစ်ကိုရှောင်ယောက်ရဲ့ အာရုံကိုတော့ ငါ မဖုံးကွယ်နိုင်သေးဘူးပဲ"

စကားသံဆုံးသည်နှင့် တပြိုင်နက်...

ကောင်းကင်မှ ရုတ်တရက် ထူထပ်သော ဆီးနှင်းများ ကျဆင်းလာခဲ့သည်။

"ဘာဖြစ်လို့နှင်းကျနေတာလဲ"

"မဟုတ်ဘူး၊ နှင်းမဟုတ်ဘူးပဲ။ ဒါက... ငှက်မွှေးတွေများလား"

လူတော်တော်များများ အံ့သြသွားကြသည်။

ကောင်းကင်မှ နှင်းသားပမာ နူးညံ့‌ပြီး ကြည်လင်သော နှင်းငှက်မွှေးများ ကျဆင်းလာလေသည်။

လှပသော နှင်းထုများကြားမှ အရပ်ရှည်ရှည်နှင့် အရှိန်အဝါကြီးသော ရုပ်သွင်တစ်ခု ဖြည်းညှင်းစွာ ထွက်လာခဲ့သည်။

ယင်းက လူငယ်တစ်ယောက် ဖြစ်၏။

ထိုသူက နှင်းဖြူဝတ်စုံကို ၀တ်ဆင်ထားကာ အဖြူရောင်ဖိနပ်ကို စီးထားသည်။ သူ့အသွင်က ကြည်လင်သန့်ရှင်းကာ အညစ်အကြေး ကင်းစင်လေသည်။

သူ၏ ငွေရောင်ဆံပင်များကိုတော့ အနောက်ဘက်မှာ ဖြန့်ချထားသည်။ သူ၏ မျက်ခုံးမွှေးကပင် အဖြူရောင်ဖြစ်ကာ အနေအထားက သာမန်မဟုတ်ပေ။

ထိုလူငယ်က မချီးမွမ်းနိုင်လောက်အောင် ချောမောသည့် ယောက်ျားတစ်ယောက် ဖြစ်သည်။

ကျွင်းရှောင်ယောက်သာ ဤနေရာတွင် မရှိပါက၊ ထိုလူငယ်ဟာ လူတိုင်း၏ အာရုံစိုက်ရာ ဗဟိုချက်တစ်ခု ဖြစ်လာနိုင်သည်။

အမျိုးသမီး ကျင့်ကြံသူများကို မဆိုထားနှင့်၊ အချို့သော အမျိုးသားများပင်လျှင် အနည်းငယ် အံ့သြသွားကြ၏။

သို့သော်လည်း အရှေ့ဘက်တွင် ပုလဲနှင့် ကျောက်စိမ်း ကျွင်းရှောင်ယောက် ရှိသည်။

ထို့ကြောင့် ထိုလူငယ်၏ ဆွဲဆောင်နိုင်စွမ်းက အနည်းငယ် လျော့ကျသွားရသည်။

ဟုတ်ပေသည်၊ သို့ဖြစ်လျှင်ပင် သူက အာရုံစူးစိုက်မှုများစွာကို ဆွဲဆောင်နိုင်နေဆဲ ဖြစ်သည်။

"ဒီလို ထူးကဲတဲ့ သက်ရောက်မှုတွေနဲ့"

ကျွင်းရှောင်ယောက်က နှင်းငှက်မွှေးများကြားမှ လျှောက်လှမ်းလာသော ရုပ်သွင်ကို ကြည့်လိုက်သည်။

ယေဘူယျအားဖြင့်၊ မိမိတို့အတူ အလွန်ကောင်းမွန်သော အထူးအကျိုးသက်ရောက်မှုများကို သယ်ဆောင်သူများက သာမန်လူများ မဟုတ်ပေ။

တစ်ချိန်တည်းမှာပင် ထိုသူက တစ်စုံတစ်ခုကို ဖုံးကွယ်ထားသလို သူ ဖျတ်ခနဲ ခံစားလိုက်ရသည်။

"အစ်ကို"

ယွီယွင်ရှန့်၏ လှပသော မျက်လုံးများက ရွှင်လန်းစွာဖြင့် တောက်ပသွားပြီး သမင်ပျိုလေးတစ်ကောင်ကဲ့သို့ ထိုလူအနားကို ပြေးသွားခဲ့လေသည်။

"သူက ယွီဟွာဝမ်လား"

တချို့က တအံ့တဩ မေးလိုက်သည်။

ထိုလူ၏ရုပ်သွင်မှာ ကောလာဟလများမှ ယွီဟွာနတ်ဘုရားမင်းဆက်၏ အထွတ်အထိပ် တားမြစ်ပါရမီရှင် ယွီဟွာဝမ်နှင့် အတိအကျတူကြောင်း ရုတ်တရက် တွေ့လိုက်ကြ၏။

"အဲ့ဒါဆို... ယွီဟွာဝမ်က ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်ကို တိုက်ခိုက်ဖို့ ဒီကိုလာတာလား"

လူတော်တော်များများက ထိုသို့တွေးရင်း တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

All Chapters