← Chapters

အခန်း ၇၇၂

Vol. 52 Ch. 772

အခန်း ၇၇၂

Vol. 52 Ch. 772

အခန်း ( ၇၇၂ ) မိတ်ဆွေဖွဲ့ရန် ဖိတ်ခေါ်ခြင်း၊ အနောက်တိုင်း မယ်တော်ဘုရင်မ မွေးဖွားခြင်း၊ အရပ်ရပ်က အာရုံခံစားမိခဲ့ပြီ။

သူတို့ဒီလိုထင်တာ အံ့သြစရာတော့ မရှိပေ။

ယခုလေးတင်၊ ရွှေကျီးကန်း ဒသမမင်းသားနှင့် အခြား ထိပ်တန်း တားမြစ်ပါရမီရှင်များက ကျွင်းရှောင်ယောက်ကို တိုက်ခိုက်နေခဲ့ကြသည်

ထို့ကြောင့် ဒဏ္ဍာရီလာ ယွီဟွာဝမ် ပေါ်လာသောအခါ သူလည်း ကျွင်းရှောင်ယောက်ကိုတိုက်ခိုက်ရန် လာရောက်ခြင်းဖြစ်မည်ဟု လူအများက သဘာဝအတိုင်း တွေးမိခဲ့ကြသည်။

"အဲဒါဆိုရင်တော့ စိတ်ဝင်စားစရာပဲ"

"ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်ရဲ့ ခွန်အားနဲ့ ရလဒ်က အံ့သြစရာတော့ သိပ်မဖြစ်သင့်ဘူး မဟုတ်လား"

"အဲဒါက မသေချာသေးပါဘူး၊ ယွီဟွာဝမ်က အရမ်းလျှို့ဝှက်တယ်။ အဆုံးစွန်ရှေးဟောင်းလမ်း တစ်ခုလုံးမှာတောင် သူက လှုပ်ရှားခဲတယ်လေ‌။ သူ့ရဲ့ အတိမ်အနက်ကို ဘယ်သူမှ မသိဘူး"

လူများက တီးတိုး ခန့်မှန်းပြောဆိုလိုက်ကြသည်။

"အစ်ကို၊ နင် ဧကရာဇ်ရဲ့အမွေကို ရခဲ့ပြီလား"

ယွီယွင်ရှန့်က ပျော်ရွှင်စွာဖြင့် မေးလိုက်သည်။

"ဒါက နည်းနည်းတော့ အကျိုးရှိပါတယ်"

ယွီဟွာဝမ်က နူးညံ့စွာ ပြုံးပြလိုက်၏။

သူ၏ အနေအထားက ရေကဲ့သို့ တည်ငြိမ်သည်။ သူ၏ ချောမောသော ရုပ်သွင်နှင့် စိတ်နေစိတ်ထားက လူများကို အထင်ကြီးစေရန် လွယ်ကူသည်။

ယွီယွင်ရှန့်က သူမ၏အစ်ကိုအပေါ် အလွန်မှီခိုနေရသည်မှာ အံ့သြစရာမဟုတ်ပေ။

ယွီယွင်ရှန့်က အဘယ်ကြောင့် ယောက်ျားများကို ဤမျှ အလေးထားကြောင်းကိုလည်း လူတချို့ နားလည်ခဲ့ကြသည်။

အကြောင်းမှာ၊ ငယ်စဉ်ကလေးဘဝကတည်းက သူမ၏ အသိအမြင်က လွန်စွာ မြင့်မားခဲ့သောကြောင့်ပင်။

ယွီယွင်ရှန့်လည်း ပြုံးလိုက်ပြီးမှ တစ်ခုခုကို တွေးမိသွားကာ မျက်နှာအမူအရာ ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။

"အစ်ကို၊ နင်က ကျွင်းသခင်လေးကို တိုက်ခိုက်ဖို့ ရောက်လာတာတော့ မဟုတ်လောက်ဘူး မဟုတ်လား"

ယခုလေးတင် ရှန့်ထျန်းရီနှင့် အခြားသူများ ကျဆုံးခြင်း၏ အဖြစ်ဆိုးကို သူမ မြင်ထားခဲ့ရသည်။

ထို့ကြောင့် သဘာဝအတိုင်း သူမ၏ အစ်ကိုကို ထပ်မံ မတိုက်ခိုက်စေချင်တော့ပေ။

ယခင်ကတော့ သူမသည် ယွီဟွာဝမ်ကို အလွန်ယုံကြည်ခဲ့သည်။ မျိုးဆက်သစ်များတွင် မည်သူမျှ သူ့အစ်ကိုကို မခြိမ်းခြောက်နိုင်ဘူးဟုလည်း ထင်မှတ်ခဲ့၏။

သို့သော်လည်း ကျွင်းရှောင်ယောက်ကို တွေ့ရပြီးနောက် ယွီယွင်ရှန့်၏စိတ်က လုံးဝ ပြောင်းလဲသွားခဲ့သည်။

ကောင်းကင်အထက်တွင် ကောင်းကင်ရှိ၏။

ကျွင်းရှောင်ယောက် သို့မဟုတ် ယွီဟွာဝမ်ပင်ဖြစ်စေ၊ မည်သူ့ကိုမျှ မတော်တဆ ထိခိုက်တာမျိုး သူမ မဖြစ်ချင်ပေ။

"ဟားဟားဟား၊ အစ‌ကတော့ အစ်ကိုက မင်းကိုရှာဖို့ ထွက်လာခဲ့တာပါ။ ဒါပေမဲ့ ဒီလို အံ့ဖွယ်ကောင်းတဲ့ တိုက်ပွဲတစ်ခုကို တွေ့ရမယ်လို့ ဘယ်သူက ထင်ထားခဲ့မှာလဲ။ ညီနောင်ကျွင်းရဲ့ ခွန်အားက ငါ့ထက် သာလွန်ပါတယ်"

ယွီဟွာဝမ်က ပြုံးပြီး ခေါင်းခါယမ်းကာ ပြောလိုက်သည်။

"ယွီဟွာဝမ်က တိုက်ခိုက်ဖို့ ဒီကို လာခဲ့တာမဟုတ်ဘူးထင်တယ်"

လူတချို့က ရေရွတ်လိုက်၏။

"မင်းက နာမည်ဂုဏ်သတင်း ကျော်ကြားတဲ့ ယွီဟွာဝမ်ပေါ့။ တစ်ကြိမ်မြင်ရတာက အကြိမ်တစ်ရာမက ကြားရတာထက် ပိုကောင်းပေတယ်"

ကျွင်းရှောင်ယောက်လည်း လက်နှစ်ဖက်ကို နောက်ပစ်ပြီး တည်ငြိမ်စွာ ပြုံးလိုက်သည်။

ပြုံးပြနေသော မျက်နှာကို မရိုက်သင့်ပေ။

ယွီဟွာဝမ်က ယဉ်ကျေးသောကြောင့် ကျွင်းရှောင်ယောက်ဟာ သဘာဝအတိုင်း မျက်နှာသာပေးခဲ့သည်။

"အစတုန်းကတော့ ညီနောင်ကျွင်းကို အနိုင်ယူမယ်လို့ မပြောပေမဲ့ ငါ့ရဲ့ ခွန်အားနဲ့ ယှဉ်နိုင်မယ်လို့ ထင်ခဲ့တာ။ အခုတော့ ငါ နည်းနည်း နုံအခဲ့ပုံပဲ"

ယွီဟွာဝမ်က ပြုံးပြီး သက်ပြင်းချလိုက်၏။

"တာအိုညီနောင်၊ မင်းက ယဉ်ကျေးလွန်းပါပြီ"

ကျွင်းရှောင်ယောက်၏ မျက်လုံးများက အလွန်နက်နဲပေသည်။

ယွီဟွာဝမ်က သူ့အရှိန်အဝါကို ထိန်းသိမ်းထား၍ အခြားသူများ မမြင်နိုင်ပေ။

သို့သော်လည်း ကျွင်းရှောင်ယောက်၏ ခိုင်မာသော အာရုံခံစားမှုအရ ယွီဟွာဝမ်ထံမှ အန္တရာယ်အရိပ်အမြွက်ကိုတွေ့ရှိနိုင်သေးသည်။

တကယ်တမ်း တိုက်ခိုက်ကြလျှင် သူ အနိုင်ရရန် သေချာသည်။ သို့သော်လည်း ရွှေကျီးကန်း ဒသမမင်းသားနှင့် အခြားသူများကို ရင်ဆိုင်ရခြင်းထက် ပို၍ ခက်ခဲလိမ့်မည်။

သူက လင်ယွမ်၊ ကူတိကျစ်၊ အသျှင်ခန္ဓာ၊ လူသားအင်မော်တယ်ဂိုဏ်း၏ ဆက်ခံသူနှင့် လူဝင်စားဗုဒ္ဓတို့၏ အဆင့် ဖြစ်နိုင်သည်။

ရှန့်ထျန်ူရီ၊ ရွယ်ယဲ့နှင့် အခြားသူများက တားမြစ်ပါရမီရှင်များ ဖြစ်သော်လည်း ထိပ်သီး တားမြစ်ပါရမီရှင်များနှင့်ယှဉ်လျှင်တော့ အနည်းငယ်ဝေးကွာနေသေးသည်။

သို့သော်လည်း သူတို့ကို အားနည်းသည်ဟု မပြောနိုင်ပါ။

သူတို့သာ ကူတိကျစ်နှင့် အခြားသူများကို ရင်ဆိုင်ရပါက၊ အနိုင်မရလျှင်ပင် မိမိတို့ကိုယ်ကို ကာကွယ်ရန် အစွမ်းအစရှိကြသည်။

သာမန်အသိတရားနှင့် တွက်လို့မရနိုင်သည့် ထာဝရကွဲလွဲမှု ကျွင်းရှောင်ယောက်ကို တွေ့ခဲ့ရတာ သနားစရာပင်။

ရွှေကျီးကန်းဒသမမင်းသားကတော့ ဖရိုဖရဲခန္ဓာကို အမှန်တကယ် လေ့ကျင့်နိုင်လျှင် ထိပ်သီး တားမြစ်ပါရမီရှင်များကြား၌ အလွန်သန်မာသော တည်ရှိမှုတစ်ခု ဖြစ်နိုင်သည်။

သို့သော်လည်း ထိုမျှော်လင့်ချက်ကို ကျွင်းရှောင်ယောက်က ဖျက်ဆီးပစ်လိုက်ပြီ။

"ဒါက တကယ်ကို ယဉ်ကျေးတာမဟုတ်ပါဘူး၊ ဒါက အမှန်တရားပဲ။ ညီနောင်ကျွင်းသာ ငါ့ကို မျက်နှာသာပေးဖို့ ဆန္ဒရှိတယ်ဆိုရင် ငါ လက်ဖက်ရည်သောက်ရင်း ညီနောင်ကျွင်းနဲ့ စကားပြောချင်တယ်။ ဘယ်လိုသဘောရလဲ"

ယွီဟွာဝမ်က ပြုံးရွှင်စွာဖြင့် ပြောရင်း ရှေ့ကိုတိုးလိုက်သည်။

တစ်မူထူးခြားသော ဝါသနာရှိသည့် အမျိုးသားကျင့်ကြံသူတချို့ဆိုလျှင် သူ၏ ဖိတ်ခေါ်မှုကို ငြင်းဆန်နိုင်မည် မဟုတ်ပေ။

"ယွီဟွာဝမ်က ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်နဲ့ မိတ်ဖွဲ့ဖို့ အစပြုလိုတာလား"

လူများစွာတို့ ဤမြင်ကွင်းကိုမြင်သောအခါ အံ့ဩသွားကြသည်။

"အစ်ကို..."

ယွီယွင်ရှန့်လည်း အလွန်အံ့သြသွား၏။

ယွီဟွာဝမ်က ရေကဲ့သို့ တည်ငြိမ်ပြီး အေးချမ်းပုံရသော်လည်း...

အတွင်းစိတ်မှာ လျစ်လျူရှုပြီး မာနကြီးသည်။

အခြားသူများနှင့် မိတ်ဆွေဖွဲ့ခြင်းကို သူက လုံးဝ စိတ်မဝင်စားပေ။

ယွီဟွာဝမ်မှ သူ၏မျိုးဆက်တူသူတစ်ဦးနှင့် မိတ်ဆွေဖွဲ့ရန် အစပျိုးခြင်းမှာ ဒါပထမဆုံး ဖြစ်သည်။

သို့သော်လည်း ယွီယွင်ရှန့်မှာ ဤမြင်ကွင်းကြောင့် ပျော်ရွှင်သွားမိသည်။

မူလက သူဟာ ယွီဟွာဝမ်ကို ကျွင်းရှောင်ယောက်နှင့် သူငယ်ချင်းဖွဲ့စေလိုခဲ့သည်။

ဤသို့ဖြင့် ကျွင်းရှောင်ယောက်နှင့် ရင်းနှီးမှုရယူရန် အခွင့်အရေး ပိုများလာမည် မဟုတ်လော။

'အစ်ကို၊ နင်က အရမ်းတော်တာပဲ'

ယွီယွင်ရှန့် ဝမ်းသာသွားခဲ့သည်။

ကျွင်းရှောင်ယောက်လည်း အနည်းငယ် အံ့အားသင့်သွား၏။ ယွီဟွာဝမ်က သူနှင့် မိတ်ဖွဲ့ရန် အစပြုလာမည်ဟု မမျှော်လင့်ထားပေ။

"အိုး... ဘာကြောင့် ဆန္ဒမရှိရမှာလဲ"

ကျွင်းရှောင်ယောက် ပြုံးလိုက်သည်။

ယခု ပတ်ပတ်လည်ကို ကြည့်လိုက်ပါက သူ့မြင်ကွင်းမှာ ရန်သူများနှင့် ပြည့်နှက်နေခဲ့သည်။

ထို့ကြောင့် မဟာမိတ်တစ်ဦး သို့မဟုတ် နှစ်ဦးရှိခြင်းက မဆိုးပေ။

ထို့ပြင် ယွီဟွာဝမ်၏ ဝိသေသလက္ခဏာနှင့် အစွမ်းသတ္တိက သူနှင့် မိတ်ဆွေဖွဲ့ရန် အရည်အချင်း ပြည့်မီသည်။

"ဟားဟားဟား၊ ကောင်းတယ်"

ယွီဟွာဝမ် ရယ်မောလိုက်သည်။

သူတို့နှစ်ယောက်က လက်ဖက်ရည်သောက်ရန် တိတ်ဆိတ်သောနေရာတစ်ခုကို ရှာဖွေရင်း စကားစမြည် ပြောဆိုနေချိန်...

ရုတ်တရက်၊ အလွန်အလှမ်းဝေးသော အရပ်မှ အတက်အကျ လှိုင်းလုံးများ ထွက်ပေါ်လာခဲ့သည်။

ထိုအတက်အကျ လှိုင်းလုံးများက ဧကရာဇ်စွမ်းအား အငွေ့အသက်များကို အမှန်တကယ် သယ်ဆောင်သွား၏။

သို့သော်လည်း ဧကရာဇ်သင်္ချိုင်းကြယ်၏ အခြားတိုက်ကြီးတစ်ခုတွင် ရှိနေသလို အလွန်ဝေးကွာသော နေရာတစ်ခုတွင် ရှိနေပုံရသည်။

"နောက်ထပ် ဧကရာဇ်အဆင့် အခွင့်အလမ်းတစ်ခု မွေးဖွားလာပုံရတယ်"

ယွီဟွာဝမ်က တည်ငြိမ်သော အမူအရာဖြင့် အနည်းငယ် မျက်ခုံးပင့်လိုက်သည်။

သူဟာ ယွီဟွာဧကရာဇ်၏ အကြွင်းအကျန်များကို ရရှိထားခဲ့ပြီး ဖြစ်သည်။

ထို့ကြောင့် သူ၏တုံ့ပြန်မှုက သိပ်ပြီး အရေးမကြီးသလိုပင်။

သို့ရာတွင် ကျွင်းရှောင်ယောက်ကတော့ အဝေးကို‌လှမ်းကြည့်ရင်း တစ်စုံတစ်ခုကို ခံစားလိုက်ရသည်။

သူတို့က အလွန်ဝေးကွာနေသော်လည်း ထိုစွမ်းအားကို ယောင်ဝါးဝါး ခံစားနိုင်သေးသည်။

"ညီနောင်ကျွင်း၊ သွားကြရအောင်"

ယွီဟွာဝမ်က ပြောလိုက်သည်။

သူက ထိုအခွင့်အလမ်းတွင် ပါဝင်ရန် စိတ်ကူးမရှိကြောင်း ထင်ရှားသည်။

နေရာက ဝေးကွာသောကြောင့် သူတို့ သွားရောက်လျှင်ပင် အခြားသူများမှ ယူငင်သွားလောက်ပြီ။

သို့သော်လည်း ကျွင်းရှောင်ယောက်က မလှုပ်ရှားဘဲ အနည်းငယ် ‌မျက်မှောင်ကြုတ်လိုက်သည်။

"ညီနောင်ကျွင်း..."

ယွီဟွာဝမ် ထပ်မေးလိုက်သည်။

"ငါ အဲဒီကိုသွားချင်တယ်"

ကျွင်းရှောင်ယောက်က ရုတ်တရက် ပြောလိုက်၏။

"အိုး"

ယွီဟွာဝမ် အံ့သြသွားသည်။

ကျွင်းရှောင်ယောက်က လွမ်ကုဧကရာဇ်၏ အမွေကို ရရှိခဲ့ပြီးပြီ မဟုတ်လော။

ယခု သူက နောက်ထပ် ဧကရာဇ်အဆင့် အမွေကို ရယူလိုပါသလော။

"ညီနောင်ကျွင်း၊ ငါတို့ အခု အမြန်သွားရင်တောင် အချိန်မီမှာ မဟုတ်ဘူးလေ"

ယွီဟွာဝမ်က ခေါင်းခါယမ်းကာ ပြုံးလိုက်သည်။

ဧကရာဇ်၏အမွေ မွေးဖွားခြင်းက နေရာပေါင်းစုံမှ ပါရမီရှင်များ၏အာရုံကို သေချာပေါက် ဆွဲဆောင်နိုင်မည် ဖြစ်သည်။

သူတို့ အပြေးအလွှား သွားရောက်လျှင်ပင် အမှန်တကယ် နောက်ကျနေလိမ့်မည်။

"ငါ့ရည်ရွယ်ချက်က ဧကရာဇ်အဆင့် အခွင့်အရေးမဟုတ်ပါဘူး"

ကျွင်းရှောင်ယောက်၏ မျက်လုံးများက ကြုံတောင့်ကြုံခဲ တောက်ပလာခဲ့သည်။

"အဲဒါဆို..."

ယွီဟွာဝမ် အံ့ဩသွားသည်။

"အဲဒီ ဧကရာဇ်အရှိန်အဝါမှာ သန္တောစွမ်းအင် တာအိုသန္ဓေရဲ့ အရိပ်အမြွက်တစ်ခု ရှိနေပုံရတယ်"

ကျွင်းရှောင်ယောက် ပြောလိုက်၏။

"သန္တောစွမ်းအင် တာအိုသန္ဓေ...၊ မဟုတ်မှလွဲ အနောက်တိုင်းရဲ့ ဒဏ္ဍာရီလာ မယ်တော်ဘုရင်မများ ဖြစ်နိုင်သလား"

ယွီဟွာဝမ်၏ မျက်လုံးများက အံ့သြမှုတို့ ပေါ်လာခဲ့လေသည်။

သန္တောစွမ်းအင် တာအိုသန္ဓေက အလွန်ရှားပါးသော တာအိုခန္ဓာတစ်ခုဖြစ်ပြီး ခေတ်ကာလတစ်လျှောက်လုံးတွင် အများအပြား မရှိခဲ့ပေ။

ထိုအထဲတွင် အကျော်ကြားဆုံးက အနောက်တိုင်း၏ မယ်တော်ဘုရင်မ ဖြစ်သည်။

အနောက်တိုင်း၏ မယ်တော်ဘုရင်က ဧကရာဇ်သင်္ချိုင်းကြယ်တွင် ခြေရာအချို့ချန်ထားခဲ့သည်ဟူသော ဒဏ္ဍာရီများ ရှိပေသည်။

ယခုတော့ ယောက်ချီမြင့်မြတ်မြေ၏ အခွင့်အလမ်း မွေးဖွားလာခဲ့ပုံရသည်။

ယင်းက လူတိုင်း၏အာရုံကို သဘာဝအတိုင်း ဆွဲဆောင်နိုင်လိမ့်မည်။

All Chapters