အခန်း ၇၇၄
Vol. 52 Ch. 774
အခန်း ( ၇၇၄ ) ကျန်းစန်းယီ၏ နောက်ဆုံးစမ်းသပ်ချက်၊ စိတ်ဝိညာဉ်၏ ပုံရိပ်ယောင်များ၊ ဧကရီတစ်ပါးအဖြစ် သာမန်လူတွေကြားမှာ ဆက်လက်ရှင်သန်သွားဖို့ ကိုယ်မျှော်လင့်ပါတယ်။
အမျိုးသားများက အမျိုးသားအချင်းချင်း ပြိုင်ဆိုင်သည်။
အမျိုးသမီးများကြားမှာလည်း နှိုင်းယှဉ်ချင်စိတ်များ ရှိ၏။
လက်ရှိတွင် အဆုံးစွန်ရှေးဟောင်းလမ်း၏ အကျော်ကြားဆုံး နတ်ဘုရားမအဆင့် တည်ရှိမှုများက...
ဧကရီလင်ယွမ်၊ ပိုးမင်းသမီး၊ ကျန်းစန်းယီ၊ ကျိချင်းရီနှင့် အခြားသူများ ဖြစ်သည်။
ကျန်းလော့လီ၊ ရန်ယုမန်နှင့် အခြားသူများက ဆွဲဆောင်မှုမရှိ၍ မဟုတ်ပါ။
ထိုသူတချို့၏ နာမည်ဂုဏ်သတင်းက အတော်ကလေး မြင့်မားသောကြောင့်ပင် ဖြစ်သည်။
ပိုးမင်းသမီးလည်း အဆုံးစွန်ရှေးဟောင်းလမ်းတွင် သူမကဲ့သို့ ကျော်ကြားသော တစ်ဖက်လူကို လွန်စွာ သိချင်ခဲ့လေသည်။
"ကျန်းမိသားစုရဲ့နတ်သမီးက... သူဖြစ်နိုင်မလား"
ယောင်ယွဲ့ခုန်းက မေး၏။
"သူကလွဲလို့ တခြားလူအကြောင်းကို မတွေးနိုင်တော့ဘူး"
ပိုးမင်းသမီး ပြောလိုက်သည်။
သန္တောစွမ်းအင် တာအိုသန္ဓေရှိသည့် ကျန်းစန်းယီက အနောက်တိုင်း မယ်တော်ဘုရင်မ၏ အမွေဆက်ခံရန် အလားအလာ အရှိဆုံးပင်။
ထိုအချက်ကို သူမ ဝန်ခံရမည်။
"သူက ကျန်းစန်းယီဖြစ်ရင်တောင် ဘာဖြစ်လဲ။ မင်းလိုချင်သရွေ့ ငါမင်းအတွက် တစ်ခုခုရအောင်လုပ်ပေးမယ်"
ယောင်ယွဲ့ခုန်းက ကြင်နာစွာဖြင့် ပြောလိုက်သည်။
သို့သော်လည်း ပိုးမင်းသမီး၏ အမူအရာက ပြေလျော့သွားခြင်း မရှိသေးပေ။
သူမက ဆံပင်ကို လက်နှင့်သပ်ရင်း ပြောလိုက်သည်။
"ဒီမင်းသမီးက အနောက်တိုင်း မယ်တော်ဘုရင်မရဲ့အမွေကို ရယူဖို့ စိတ်ပိုင်းဖြတ်ထားပေမဲ့ ကျန်းစန်းယီက အဓိက မဟုတ်ဘူး"
"ဒါဆို..."
ယောင်ယွဲ့ခုန်း တုံ့ဆိုင်းသွား၏။
"ကျွင်းရှောင်ယောက်ပဲ"
ပိုးမင်းသမီးက တိုက်ရိုက် ပြောလိုက်သည်။
ကျွင်းရှောင်ယောက်နှင့် ကျန်းစန်းယီ၏ ဆက်ဆံရေးကို လူတော်တော်များများ သိကြသည်။
ကျန်းစန်းယီကို အမှန်တကယ် ကိုင်တွယ်ရန် ရွေးချယ်ခဲ့ပါက၊ သူတို့အတွက် ပိုသန်မာပြီး ကြောက်စရာကောင်းသော ပြိုင်ဘက်ကို ရင်ဆိုင်ရမည်မှာ သေချာလှပေသည်။
ပိုးမင်းသမီးကဲ့သို့ မာနကြီးသူတစ်ယောက်ပင် ကျွင်းရှောင်ယောက်က သူမ၏အသက်ကို မခြိမ်းခြောက်နိုင်ဟုသာ ပြောနိုင်သည်။
ကျွင်းရှောင်ယောက်ကို လုံးဝ ရင်ဆိုင်နိုင်မည်ဟု ဘယ်တုန်းကမှ မပြောခဲ့ပေ။
"ကျွင်းရှောင်ယောက်က အစွမ်းထက်တာကို ငါဝန်ခံပါတယ်။ ဒါပေမဲ့ ငါတို့ ပူးပေါင်းလိုက်ရင် ကျွင်းရှောင်ယောက်လည်း ငါတို့ကို ဘာမှ လုပ်နိုင်မှာမဟုတ်ဘူး မဟုတ်ဘူး"
ယောင်ယွဲ့ခုန်း မျက်မှောင်ကြုတ်လိုက်သည်။
ပိုးမင်းသမီးက ကျွင်းရှောင်ယောက်ကို အလွန်အားကောင်းသည်ဟု ထင်နေပါသလော။
သို့ရာတွင် ဤသည်က ရွှေကျီးကန်း ဒသမမင်းသားတို့၏ အဖြစ်ဆိုးနှင့်ပတ်သက်ပြီး ကျွင်းရှောင်ယောက်၏ အံ့ဖွယ်မှတ်တမ်းကို မသိသေးသောကြောင့် ဖြစ်သည်။
ထိုအကြောင်းများကို သိပါက၊ ယောင်ယွဲ့ခုန်းသာ ဤမျှ ပေါ့ပေါ့ပါးပါး ပြောဆိုနေမည် မဟုတ်ပေ။
"သတိထားတာက မမှားပါဘူး"
ပိုးမင်းသမီး ပြောလိုက်သည်။
"ဒါဆိုရင် ငါတို့ဘာဆက်လုပ်ရမလဲ"
ယောင်ယွဲ့ခုန်းက မေးသည်။
"ဒီနေရာရဲ့ သတင်းက ပြန့်နှံ့သွားရင် အရပ်ရပ်ရဲ့ အာရုံစိုက်မှုကို ခံရမှာ၊ ဒါ့အပြင် ကျန်းစန်းယီ အမွေဆက်ခံပြီးပြီဆိုရင် ဒီရှေးဟောင်းမြေကိုလည်း အမြဲတမ်း ဖွင့်ပေးသွားမှာလေ"
"အဲဒီအခါကျရင် ကျန်းစန်းယီ ရင်ဆိုင်ရမှာက ငါတို့နှစ်ယောက်တင်မကဘဲ ရာနဲ့ချီတဲ့ ထိပ်တန်း ပါရမီရှင်တွေ ဖြစ်လာလိမ့်မယ်"
ပိုးမင်းသမီးက ပြောလိုက်သည်။
အမှန်အတိုင်းပြောရလျှင် ပိုးမင်းသမီးက ထိုသို့မဖြစ်လိုပါ။
အခွင့်အလမ်းအကြောင်းကို လူပို၍သိလေလေ သူမအတွက် အခြေအနေ ပိုဆိုးလေလေ ဖြစ်သည်။
သို့သော်လည်း သတင်းက ပျံ့သွားပြီဖြစ်ရာ မတတ်နိုင်တော့ပါ။
နောက်ဆုံးတွင် လက်သီးအပြင်းဆုံးလူက အခွင့်အရေးရနိုင်မည် ဖြစ်သည်။
ကျန်းစန်းယီနှင့် ပတ်သက်လျှင်လား။
အားမနာတမ်းပြောရလျှင် သူမက ရှေးဟောင်းမြေ၏ အမွေကိုဖွင့်ရန် ကိရိယာတစ်ခုထက် မပိုပေ။
သူမ ပေါ်လာသည်နှင့် လူတိုင်းက ချက်ချင်း ပစ်မှတ်ထားကြမည် ဖြစ်သည်။
ကျန်းစန်းယီ၏ ဝိသေသလက္ခဏာနှင့် ခွန်အားက မနိမ့်ကျသောလည်း အနောက်တိုင်းဘုရင်မ၏ အမွေဟူသော လောဘအောက်တွင် လူအနည်းငယ်သာ ကျိုးကြောင်းဆင်ခြင်နိုင်စွမ်း ရှိဦးမည်ကို ကြောက်ရသည်။
ယောက်ချီမြင့်မြတ်မြေ၏ ရူပါရုံကြောင့် ဤတိုက်ကြီးဟာ အရပ်ရပ်မှ ပါရမီရှင်များကို ပို၍ ဆွဲဆောင်ခဲ့သည်။
ဤအခိုက်အတန့်တွင်၊ ယောက်ချီမြင့်မြတ်မြေ၏ နက်နဲသောနေရာမှ ပျက်စီးနေသော ရှေးဟောင်းနန်းတော်အတွင်းတွင်...
ရိုးရှင်းသော အဝတ်အစားများနှင့် လှပသော ရုပ်သွင်တစ်ခုက လေထဲတွင် မျောလွင့်နေသည်။
ယင်းက လှပပြီး ရင့်ကျက်စွာ ကျက်သရေရှိသည့် အမျိုးသမီးတစ်ဦး ဖြစ်ပေသည်။
သူမက ယောက်ချီမြင့်မြတ်မြေ၏ ကျောင်းအုပ်ဆရာဟောင်း ယွီချင်းနင် ဖြစ်သည်။
"ငါ့တပည့်က မျှော်လင့်ထားတဲ့အတိုင်းပါပဲ။ အချိန်တိုအတွင်း စမ်းသပ်မှုကို အောင်နိုင်လိမ့်မယ်"
"အဲဒီအခါကျရင် အမွေအစစ်အမှန်လည်း ပေါ်လာလိမ့်မယ်။ ဒါပေမဲ့... ဒီလှုပ်ရှားမှုက နည်းနည်းကြီးမားတယ်"
ယွီချင်းနင်၏ လှပသော မျက်လုံးများက စိုးရိမ်မှု အရိပ်အမြွက်တို့ ထွက်ပေါ်လာခဲ့သည်။
ကျန်းစန်းယီက မည်မျှ အစွမ်းထက်နေပါစေ၊ တစ်ယောက်တည်းသမား ဖြစ်နေဆဲပင်။
ဧကရာဇ်သင်္ချိုင်းကြယ်၏ အထူးစည်းမျဉ်းများကြောင့် ယွီချင်းနင်မှ ကျန်းစန်းယီကို ကူညီချင်လျှင်ပင် မလွယ်ပေ။
အကယ်၍ အမှန်တကယ် လှုပ်ရှားခဲ့မည်ဆိုပါက သူမ၏ ရှေးဦးဝိညာဉ် အကြွင်းအကျန်များကို နိယာမ အကြွင်းအကျန်များက သတ်ဖြတ်ပစ်နိုင်သည်။
ထို့ကြောင့်ပင် ဧကရာဇ်သင်္ချိုင်းကြယ်သို့ ပထမဆုံးရောက်သောအခါ၊ ယွီချင်းနင်က အရာအားလုံးသည် ကျန်းစန်းယီကိုယ်တိုင်အပေါ် မူတည်သည်ဟု ပြောခဲ့ခြင်း ဖြစ်သည်။
"ဒါပေမဲ့၊ အဲဒီအချိန်မှာ တစ်ခုခု တကယ် ဖြစ်လာရင်တော့ ငါ့ရှေဦးဝိညာဉ် ကြွေလွင့်ရရင်တောင် သူ့ကို တစ်ခုခုအဖြစ်ခံမှာမဟုတ်ပါဘူး"
ယွီချင်းနင်လည်း မြေပြင်ပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ စမ်းသပ်မှုခံယူနေသော ကျန်းစန်းယီကို နူးညံ့ကြင်နာသော မျက်လုံးများနှင့် ကြည့်လိုက်သည်။
မူလက ယွီချင်းနင်သည် ကျန်းစန်းယီနှင့် သန္တောစွမ်းအင်တာအိုသန္ဓေကို အသုံးပြုကာ သူမ၏ ရှေးဦးဝိညာဉ်ကို ပြန်လည်ကောင်းမွန်လာစေရန်နှင့် အပြစ်ကင်းစင်သော ခန္ဓာကိုယ်ကိုဖန်တီးရန် အမှန်တကယ် အလိုရှိခဲ့သည်။
သို့သော်လည်း အတူရှိတာ ကြာလာသောအခါ၊ ယွီချင်းနင်က ဤလှပပြီး နူးညံ့ပုံရသော မိန်းကလေးက မည်မျှရင့်ကျက်ပြီး မာကျောသည်ကို သိလာခဲ့ရသည်။
ယင်းမှာ ငယ်ရွယ်စဉ်က သူမကိုယ်ကို ပြန်လည် မြင်ယောင်စေခဲ့၏။
ထို့အပြင် ကျန်းစန်းယီတွင်လည်း သန္တောစွမ်းအင် တာအိုသန္ဓေရှိသည်။
ထို့ကြောင့် ယွီချင်းနင်လည်း ကျန်းစန်းယီကို တပည့်အဖြစ် လက်ခံလိုက်တော့သည်။
"ဒါက ကြီးမားတဲ့ အခက်အခဲတစ်ခုပဲ။ မင်းသာ ကျော်ဖြတ်နိုင်ရင် ပိုးအိမ်ထဲက ဖောက်ထွက်ပြီး လိပ်ပြာဖြစ်လာလိမ့်မယ်"
ယွီချင်းနင်က ခပ်တိုးတိုး ရေရွတ်လိုက်သည်။
ဤအခိုက်တွင် ကျန်းစန်းယီက စိတ်ဝိညာဉ်စမ်းသပ်မှုများစွာကို ခံယူထားပြီးဖြစ်သည်။
သူမက အရာအားလုံးကို ဖြတ်သန်းနိုင်ခဲ့၏။
နောက်ဆုံးတွင်၊ သူမက သန္တောစွမ်းအင်တာအိုသန္ဓေဖြစ်ပြီး ယောက်ချီမြင့်မြတ်မြေ၏ ကျောင်းအုပ်ဖြစ်သူ ယွီချင်းနင်လည်း ရှိခဲ့သည်။
အပြည့်အ၀ မကျော်ဖြတ်မီက အချိန်တစ်ခုသာ ဖြစ်လိမ့်မည်။
သူ့မျက်စိရှေ့တွင် ကစဉ့်ကလျား ဖြစ်နေသည်။
ကျန်းစန်းယီသည် ပြင်ပကမ္ဘာ၏ အချိန်ကာလ ဖြတ်သန်းမှုကို မသိသော်လည်း နှစ်ထောင်ပေါင်းများစွာ စိတ်ဝိညာဉ် ပုံရိပ်များထဲတွင် ရှိနေသကဲ့သို့ ခံစားနေခဲ့ရလေသည်။
သို့သော်လည်း ကံကောင်းထောက်မစွာ၊ သန္တောစွမ်းအင်တာအိုသန္ဓေ ခန္ဓာပိုင်ရှင်အနေဖြင့်...
စမ်းသပ်မှု အမျိုးမျိုးက သူမအတွက် မခက်ခဲပေ။
"ပြီးခါနီးပြီပဲ။ အခု ဒီအဆင့်က ဘာများဖြစ်မလဲ"
ကျန်းစန်းယီက သူ့ဘာသာသူ ရေရွတ်လိုက်သည်။
သူမက အရာအားလုံးကို အမြန်အဆုံးသတ်ပြီး အမွေ ရယူလိုခဲ့ပေသည်။
ထို့နောက် ဧကရာဇ်သချိုင်းကြယ်မှ ထွက်ခွာပြီး အဆုံးစွန်ရှေးဟောင်းလမ်းအဆုံးသို့ လျှောက်လှမ်းမည်။
ထို့နောက်မှာတော့ နေ့ရောညပါ တွေးနေရသည့်ပုံရိပ်ကို မြင်တွေ့နိုင်တော့မည်။
"ရှောင်ယောက်..."
ကျန်းစန်းယီက သူ့နှလုံးသားထဲမှ ရေရွတ်လိုက်သည်။
ဤစကားလုံးနှစ်လုံးကို ရွတ်ဖတ်လိုက်ရုံနှင့် စိတ်နှလုံးကို အေးချမ်းစေသလို ထင်မှတ်ရလေသည်။
သူမက ချစ်သူ၏အနားတွင် အမြဲရှိနေလိုသော မိန်းမမျိုးမဟုတ်ပါ။
သို့ရာတွင်၊ ဤသည်က သူမတွင် တွယ်တာမှု လုံးဝမရှိဘူးဟု မဆိုလိုပါချေ။
သို့သော်လည်း ကျန်းစန်းယီဟာ သူမနှင့် ကျွင်းရှောင်ယောက်တွင် ကိုယ်ပိုင် လေ့ကျင့်ရမည့် လမ်းစဉ်များ ရှိနေမှန်း သိသည်။
ဤသည်က ခဏတာ ခွဲခွာမှုထက် မပိုပေ။
သတိပြန်ဝင်လာပြီးနောက် ကျန်းစန်းယီ၏ မျက်လုံးများရှေ့တွင် ထူးဆန်းသော မြင်ကွင်းတစ်ခု ပေါ်လာခဲ့သည်။
သူမက ရှေးခေတ်ဦးသို့ ပြန်ရောက်သွားခဲ့ပုံရ၏။
ကမ္ဘာကြီးက ကမောက်ကမဖြစ်ပြီး အင်မော်တယ်နယ်မြေကြီးလည်း ကသောင်းကနင်း ဖြစ်နေသည်။
ကပ်ဘေးဆိုး အမျိုးမျိုးတို့လည်း တစ်ခုပြီးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
မရေမတွက်နိုင်သော တံလျှပ်များထဲတွင် သူမက ကမ္ဘာကို ပြိုပျက်စေနိုင်လောက်အောင် လှပသော ရုပ်သွင်တစ်ခုကို မြင်လိုက်ရ၏။
ထိုလှပသောရုပ်သွင်ထံမှ ရင်းနှီးကျွမ်းဝင်သော စွမ်းအားကိုလည်း ခံစားလိုက်ရသည်။
သန္တောစွမ်းအင်တာအိုသန္ဓေ။
"သူက...အနောက်တိုင်းရဲ့ မယ်တော်ဘုရင်မ ဖြစ်နိုင်မလား"
ကျန်းစန်းယီ အလွန်အံ့သြသွားသည်။
ဤမြင်ကွင်းကို စိတ်ဝိညာဥ်၏ ပုံရိပ်ယောင်များထဲတွင် မြင်ရမည်ဟု မမျှော်လင့်ထားပေ။
ထို့နောက် ကျန်းစန်းယီဟာ မယ်တော်ဘုရင်မနှင့် အမျိုးသားတစ်ဦးကြားရှိ ချစ်ခြင်းမေတ္တာကို တစ်ဖန် ပြန်လည်တွေ့မြင်ခဲ့ရသည်။
ထိုလူကလည်း ရှေးဟောင်းမြင့်မြတ်ခန္ဓာ ဖြစ်ပေသည်။
ထို့အပြင်၊ သူက မဟာဧကရာဇ်များကို ဆန့်ကျင်တိုက်ခိုက်နိုင်ပြီး ကြီးကျယ်သောအောင်မြင်မှုနှင့် နီးစပ်သည့် ရှေးဟောင်းမြင့်မြတ်ခန္ဓာ ဖြစ်သည်။
အနောက်တိုင်း မယ်တော်ဘုရင်မက ယောက်ချီမြင့်မြတ်မြေကို တည်ထောင်ခဲ့သည်။ သူမ၏ ခမ်းနားသောအသွင်အပြင်က အင်မော်တယ်နယ်မြေကြီးရှိ မရေတွက်နိုင်သော လူသားများကို ဦးညွှတ်စေခဲ့ပေသည်။
သူတို့ တစ်ဦးနှင့်တစ်ဦး သိကျွမ်းကာ ချစ်မိသွားခဲ့ကြပြီးနောက် ကောင်းကင်ကိုးခု အင်မော်တယ်နယ်မြေကြီးတွင် လူတိုင်းမနာလိုနိုင်သော တာအိုလက်တွဲဖော်များ ဖြစ်လာခဲ့ကြသည်။
သို့သော်လည်း ပျော်ရွှင်မှုများက ကြာရှည်မခံပေ။ နောက်ဆုံးတွင် လောကကြီးက ကသောင်းကနင်းဖြစ်ပြီး အင်မော်တယ်နယ်မြေကြီးကို အမှောင်ဖုံးလွှမ်းသွားခဲ့သည်။
မည်သူမျှ မလွတ်မြောက်နိုင်ပါ၊ မဟာဧကရာဇ်များပင်လျှင် ကျဆုံးကောင်း ကျဆုံးသွားနိုင်သည်။
ဤတွင် ရှေးဟောင်းမြင့်မြတ်ခန္ဓာ၏ တာဝန်က ဆူပူမှုကို နှိမ်နင်းရန် ဖြစ်သည်။
သူက ကောင်းကင်ကိုးခု အင်မော်တယ်နယ်မြေကြီးသို့သွားကာ အမှောင်ထုအားလုံးကို အဆုံးသတ်ချင်ခဲ့သည်။
အနောက်တိုင်း မယ်တော်ဘုရင်မကလည်း သူနှင့်အတူ လိုက်ပါလိုခဲ့၏။ သို့ရာတွင် သူက လက်မခံပေ။
အဆုံးတွင်၊ ရှေးဟောင်းမြင့်မြတ်ခန္ဓာက အပေးအယူလုပ်ပြီး အနောက်တိုင်း မယ်တော်ဘုရင်မနှင့်အတူ တံခါးပိတ်ကျင့်ကြံရန် ဆုံးဖြတ်ခဲ့သည်။ အဆင့်တက်ပြီးမှ အင်မော်တယ်နယ်မြေကြီး၏ အပျက်အစီးများဆီသို့ အတူတကွ သွားရောက်ကြလိမ့်မည်။
သို့ရာတွင် သူက သူမကို လိမ်ညာခဲ့ခြင်း ဖြစ်သည်။
အနောက်တိုင်း၏ မယ်တော်ဘုရင်မ တံခါးပိတ်လေ့ကျင့်ရန် ဝင်ရောက်သွားချိန်တွင် သူတစ်ယောက်တည်း အပျက်အစီးများဆီသို့ သွားခဲ့၏။
အကြောင်းမူကား၊ သူချစ်ရသူကို သူနှင့်အတူ အန္တရာယ်များ ကျရောက်ပြီး ထိခိုက်နစ်နာတာမျိုး မဖြစ်စေချင်သောကြောင့်ပင်။
သူမအတွက် စာကြောင်းတစ်ကြောင်းသာ ချန်ခဲ့သည်။
"ကောင်းကင်ကိုးခုက အမှောင်ထုကို ကိုယ်သွားပြီ။ ဧကရီတစ်ပါးအဖြစ် သာမန်လူတွေကြားမှာ ဆက်လက်ရှင်သန်သွားဖို့ ကိုယ်မျှော်လင့်ပါတယ်"