အခန်း ၇၇၅
Vol. 52 Ch. 775
အခန်း ( ၇၇၅ ) အနောက်တိုင်း မယ်တော်ဘုရင်မနှင့် အဆုံးမဲ့မဟာဧကရာဇ်၊ ကျန်းစန်းယီ၏ ရွေးချယ်မှု။
တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာပြီးနောက် အနောက်တိုင်း မယ်တော်ဘုရင်မ၏ ခွန်အားဟာ အထွတ်အထိပ်သို့ ရောက်သွားသည်။
သူမ ပျော်ရွှင်စွာဖြင့် ချစ်ရသူကို သွားရှာလိုက်၏။
သို့သော်လည်း အဆုံးမှာတော့ ဤစာကိုသာ မြင်လိုက်ရသည်။
အနောက်တိုင်း၏ မယ်တော်ဘုရင်မလည်း ဝမ်းနည်းဒေါသနှင့် ငိုကြွေးခဲ့လေသည်။
ထိုလူက သူမကို လိမ်ညာခဲ့သည်။
သူမက ကောင်းကင်ကိုးခု အင်မော်နယ်နယ်မြေကြီးသို့ သွားချင်သော်လည်း ယောက်ချီမြင့်မြတ်မြေမှ လူများ၏ မေတ္တာရပ်ခံချက်ကို သူမ လက်မလွှတ်နိုင်ခဲ့ပေ။
သူမ စောင့်ဆိုင်းခဲ့ရသည်။
ချစ်ရသူ အိမ်ပြန်လာမှာကို စောင့်ချင်ခဲ့၏။
အဆုံးတွင်၊ ကောင်းကင်ကိုးခုမှ ကျဆင်းလာသော အလောင်းတစ်လောင်းကိုသာ တွေ့ခဲ့ရသည်။
သူကိုယ်တိုင်က သန်မာသည်။ သူသည် ပြင်းထန်သောတိုက်ပွဲများကို ဆင်နွှဲကာ အမှောင်ထုကိုဖြေရှင်းရန် ကြိုးစားခဲ့၏။ သို့သော်လည်း နောက်ဆုံးတွင် သူတစ်ယောက်တည်းဖြစ်၍ ဘာမှမတတ်နိုင်ခဲ့ပေ။
သူ ရှုံးနိမ့်သွားသည်။
ထိုအခါ ပေးဆပ်ရသည်က သူ၏အသက် ဖြစ်တော့သည်။
ထိုနေ့တွင် အနောက်တိုင်း မယ်တော်ဘုရင်မ၏ ဆံပင်များက အဖြူရောင်ပြောင်းသွားခဲ့သည်။
သူမ လက်မခံချင်ပါ၊ သူမ၏ ချစ်ရသူကို မသေစေချင်ပေ။
သူမက ယောက်ချီမြင့်မြတ်မြေမှ ကိစ္စရပ်အားလုံးကို တစ်ခါတည်း ကိုင်တွယ်ခဲ့သည်။
နောက်ဆုံးတွင်၊ မိမိကိုယ်မိမိ စွန့်လွှတ်ခြင်းဖြင့် အမြင့်ဆုံးသော သန္တောစွမ်းအင် တာအိုသန္ဓေဖြစ်သည့် ဝင်ပေါက်ဆယ့်နှစ်ခု အင်မော်တယ်နှလုံးသားကို အတင်းအကျပ် လေ့ကျင့်ခဲ့၏။
ထို့နောက် သူမ၏ နှလုံးသားကို နှုတ်ယူလိုက်တော့သည်။
သူမက ကောင်းကင်ဘုံ၏ သေခြင်းရှင်ခြင်းနှင့် ပြန်လည်ဝင်စားခြင်း သံသရာကို ဆန့်ကျင်ခဲ့သည်။
ဝင်ပေါက်ဆယ့်နှစ်ခု အင်မော်တယ်နှလုံးသားကို ရှေးဟောင်းမြင့်မြတ်ခန္ဓာထဲသို့ ပေါင်းစည်းခဲ့၏။
ထိုနေ့တွင် ကောင်းကင်၏ ဒေါသကြောင့် သွေးမိုးရွာသွန်းခဲ့သည်။
ဧကရာဇ်တစ်ပါးပင်လျှင် သေခြင်းသံသရာ၏ အကြောင်းအကျိုးကို မချိုးဖောက်နိုင်ပေ။
သို့ရာတွင် အနောက်တိုင်း၏ မယ်တော်ဘုရင်မကတော့ ချစ်ခြင်းမေတ္တာအတွက် ကောင်းကင်ဘုံကို ဆန့်ကျင်ခဲ့သည်။
နောက်ဆုံးမှာတော့……
သူမ၏ မျက်လုံးများက မှိတ်သွားခဲ့သည်။
သူကတော့ မျက်လုံးပြန်ပွင့်လာခဲ့၏။
ထိုအချိန်မှစ၍ ကမ္ဘာပေါ်တွင် မြင့်မြတ်ခန္ဓာ တာအိုသန္ဓေတစ်ခု ရှိလာခဲ့သည်။
တချိန်တည်းမှာပင် နောက်ထပ် လူတစ်ယောက် အသည်းကွဲခဲ့ရ၏။
သူက အနောက်တိုင်း မယ်တော်ဘုရင်မ၏အလောင်းကို ရေခဲခေါင်းထဲတွင် တံဆိပ်ခတ်လိုက်သည်။
ထို့နောက် သူ့နောက်ကျောတွင် လွယ်ပိုးလိုက်၏။
လူတစ်ဦးက ခေါင်းတလားတစ်လုံးကို သယ်ဆောင်ကာ အပျက်အစီးများဆီသို့ ပြန်သွားရန် ကောင်းကင်ကိုးခု အင်မော်တယ်နယ်မြေကြီးပေါ်သို့ ခြေချခဲ့တော့သည်။
အမှောင်ထုကို လက်တစ်ဖက်တည်းဖြင့် ဖိနှိပ်ကာ မငြိမ်မသက်မှုကို တွန်းလှန်ခဲ့သည်။
အင်မော်တယ်နယ်မြေကြီးရှိ မရေမတွက်နိုင်သော သက်ရှိအပေါင်းတို့က သူ၏အမည်ကို ချီးမွမ်းကြကာ စစ်မှန်သောသူရဲကောင်းအဖြစ် မှတ်ယူခဲ့ကြပေသည်။
သို့သော်လည်း ထိုသူရဲကောင်းက နောက်ကျောတွင် ရေခဲခေါင်းတလားကို လွယ်ပိုးကာ ကမ္ဘာကြီးမှာ ပေါ်မလာတော့ပေ။
ထိုအချိန်မှစ၍ ကမ္ဘာပေါ်တွင် အမှောင်ထုကို ချေမှုန်းခဲ့သည့် သူရဲကောင်း မရှိတော့ပါ။
အထီးကျန်စွာ ခေါင်းတလားကို သယ်ဆောင်ထားသည့် လူတစ်ဦးသာ ရှိခဲ့သည်။
နောက်ဆုံးတွင် သူပြောသလို သာမန်လူများအတိုင်း နေထိုင်ခဲ့ပေသည်။
သို့သော်...
ဧကရာဇ် မဖြစ်နိုင်တော့ပါ။
ကျန်းစန်းယီ၏ မျက်လုံးများရှေ့မှ မှုန်ဝါးဝါး မြင်ကွင်းများ ပျောက်ကွယ်သွားခဲ့သည်။
ကျန်းစန်းယီလည်း ခဏတာ နှုတ်ဆိတ်နေပြီး ရင်ထဲဆို့နင့်သွားလေသည်။
ဒဏ္ဍာရီထဲတွင် အင်မော်တယ်နယ်ပယ်ကို ထိတွေ့ခဲ့သော ဧကရာဇ်တစ်ပါးရှိကြောင်း သူမ ရုတ်တရက် သတိရခဲ့သည်။
သူ့တွင် မြင့်မြတ်ခန္ဓာတာအိုသန္ဓေ ရှိ၏။
သူ့နာမည်က အဆုံးမဲ့ မဟာဧကရာဇ်ပင်။
ယခုတော့ ထိုသူမှာ ဤပုံရိပ်ယောင်ထဲမှ မြင့်မြတ်ခန္ဓာတာအိုသန္ဓေဖြစ်နိုင်ဖွယ်ရှိသည်။
ကျန်းစန်းယီတွင်လည်း သန္တောစွမ်းအင် တာအိုသန္ဓေရှိပေသည်။
သန္တောစွမ်းအင် တာအိုသန္ဓေက ရှေးဟောင်းမြင့်မြတ်ခန္ဓာနှင့် အစွမ်းထက်မြက်သည့် မျိုးဆက်များ မွေးထုတ်နိုင်သည်။
ထို့ပြင် သန္တောစွမ်းအင်တာအိုသန္ဓေက ရှေးဟောင်းမြင့်မြတ်ခန္ဓာကို ကိုယ်တိုင် စတေးခံကာ ယာဇ်ပူဇော်ပေး၍ ရ၏။
သို့သော်လည်း ခေတ်အဆက်ဆက်မှာ ထိုသို့လုပ်ရန် လူဘယ်လောက်များများက ဆန္ဒရှိမှာလဲ။
မယ်တော်ဘုရင်မကဲ့သို့ မိုက်မဲသူမှသာ ထိုသို့လုပ်နိင်သည်။
ထိုအခိုက်အတန့်တွင် အသံတစ်ခု ထွက်ပေါ်လာသည်။
"မင်းသာဆိုရင် ဒီလိုလုပ်ဖို့ ဆန္ဒရှိမှာလား"
ကျန်းစန်းယီက မျက်လုံးကို အနည်းငယ်မှိတ်လိုက်၏။
ဤသည်မှာ အမွေဆက်ခံခြင်း၏ နောက်ဆုံးစမ်းသပ်မှုဖြစ်သင့်မှန်း သူမ၏စိတ်ထဲတွင် သိသည်။
အကြောင်းမှာ သူက သန္တောစွမ်းအင် တာအိုသန္ဓေ ဖြစ်နေသောကြောင့်ပင်။
"မဖြေခင် သေသေချာချာ စဉ်းစားလို့ရပါတယ်။ လိမ်ညာတာက အသုံးဝင်မှာ မဟုတ်ဘူး"
ပုံမှန်အသံက ဆက်ပြောလိုက်သည်။
သူ့ဆန္ဒကို ဆန့်ကျင်ပြီး တစ်ခုခုပြောလျှင်တော့ အမွေရရှိရန် မဖြစ်နိုင်တာ အသိသာကြီးပင်။
ဆန္ဒရှိရဲ့လား။
အကြောင်းတစ်ခုခုကြောင့် ကျန်းစန်းယီ၏စိတ်ထဲမှာ နူးညံ့သိမ်မွေ့သော အပြုံးနှင့် ချောမောသောမျက်နှာတစ်ခုက ပထမဆုံးရောက်လာခဲ့သည်။
ထိုအခါ သူမအတွက် စဉ်းစားနေရန် မလိုတော့ပါ။
အကြောင်းမှာ၊ ကျန်းစန်းယီအဖို့ ဤမေးခွန်းအတွက် အဖြေက တစ်ခုတည်းသာ အမြဲရှိနေသောကြောင့်ပင် ဖြစ်သည်။
"ကျွန်မ ဆန္ဒရှိပါတယ်"
သူ့အတွက်ဆိုရင်... ငါဆန္ဒရှိတယ်။
ပတ်ဝန်းကျင်က သုသာန်တစပြင်လို တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။
ကျန်းစန်းယီက မတုံ့ဆိုင်းဘဲ သူ့ကိုယ်သူ စွန့်လွှတ်အနစ်နာခံရန် ဆန္ဒရှိနေခြင်းကို ထိုအသံရှင်သည်ပင် မမျှော်လင့်မိမှာ ကြောက်ရသည်။
အချိန်အတော်အတန်ကြာပြီးမှ၊ အသံရှင်က နောက်ဆုံးတွင် သက်ပြင်းတစ်ချက်ချလိုက်လေသည်။
"မင်း တကယ်ပဲ ရူးနေတာလား"
ထိုစကားကိုကြားတော့ ကျန်းစန်းယီက၏ လှပပြီး အပြစ်အနာအဆာကင်းသော မျက်နှာပေါ်တွင် ချိုမြသောအပြုံးတစ်ခု ပေါ်လာခဲ့သည်။ လှပသောမျက်လုံးများမှာလည်း ရေကဲ့သို့ နူးညံ့သိမ်မွေ့ခဲ့လေသည်။
"လူတစ်ယောက်က ကျွန်မကို ရူးသွပ်အောင်၊ ပျော်ရွှင်အောင်၊ ဝမ်းနည်းအောင်၊ ရယ်မောအောင်... ဒီလိုလုပ်နိုင်ရင် သူနဲ့တွေ့ဆုံခွင့်ရတာ မဆိုးပါဘူး"
ထိုစကားများ ထွက်လာသည်နှင့် တပြိုင်နက် အသံက တိတ်ဆိတ်သွားပြန်သည်။
ခဏကြာမှ ပြောလိုက်လေသည်။
"ဂုဏ်ယူပါတယ်၊ စမ်းသပ်မှု အောင်မြင်သွားပြီ"
စကားသံဆုံးသည်နှင့် ကျန်းစန်းယီ၏ရုပ်သွင်က တဖြည်းဖြည်းမှေးမှိန်ကာ ပျောက်ကွယ်သွားခဲ့သည်။ ဤစမ်းသပ်မှု၏ ဝိညာဉ်ပုံရိပ်ယောင်များက ပြီးဆုံးသွားခဲ့ပြီ။
"အရင်ကဖြစ်ခဲ့တဲ့အရာတွေ ထပ်ဖြစ်ရပြန်တယ်။ လောကကြီးမှာ အရာအားလုံးဟာ မဆုံးနိုင်တဲ့ သံသရာတစ်ခုလိုပါပဲလား"
ထိုအသံလည်း သက်ပြင်းချသံနှင့်အတူ နောက်ဆုံးတွင် ပျောက်ကွယ်သွားတော့သည်။
ပြင်ပကမ္ဘာတွင်...
ယောက်ချီမြင့်မြတ်မြေတစ်ခုလုံးက ပို၍တောက်ပသော ကောင်းကင်အလင်းရောင်များဖြင့် ပွင့်လန်းသွားခဲ့သည်။
ရှေးဟောင်းမြေ၏ နက်ရှိုင်းသောနေရာမှ နန်းတော်ထဲမှာလည်း...
သူမပတ်ဝန်းကျင်ရှိ အပြောင်းအလဲများကို ခံစားလိုက်ရပြီးနောက် ယွီချင်းနင်၏ မျက်လုံးများတွင် ပျော်ရွှင်မှုတို့ ဖြစ်ပေါ်လာခဲ့သည်။
ကျန်းစန်းယီ အောင်မြင်သွားခဲ့ပြီ။
"ဝုန်း"
မြေပြင်က တုန်ခါလာခဲ့သည်။
အဆုံးမဲ့ နတ်အလင်းရောင်က တောက်ပနေပြီး ဝိညာဉ်စွမ်းအင်များလည်း အရည်စုဖွဲ့မတတ် သိပ်သည်းလာခဲ့၏။
ရှေးနန်းတော် တစ်ခုလုံးမှ စွမ်းအင်များက လွန်စွာ သိပ်သည်းနေတော့သည်။
"ဒီနေရာ အင်မော်တယ်ကျောက်စိမ်းရေကန်ဖြစ်သွားပြီ"
ယွီချင်းနင် သက်ပြင်းချလိုက်သည်။
အင်မော်တယ် ကျောက်စိမ်းရေကန်ဟု ယောက်ချီမြင့်မြတ်မြေက အမှန်တကယ် ထူးခြားသည်။
ယင်းက လူတစ်ဦးကို အင်မော်တယ်အဖြစ်သို့ တိုက်ရိုက်မပြောင်းလဲနိုင်သော်လည်း ကြီးစွာသောအကျိုးကျေးဇူးများ ရရှိစေလိမ့်မည်။
ရုပ်ခန္ဓာ၊ စိတ်ဝိညာဉ်နှင့် ရှေးဦးဝိဉာဉ်များပင်လျှင် မြင့်မြတ်သောဗတ္တိဇံကိုခံနိုင်ပြီး အလွန်သန့်စင်သွားနိုင်သည်။
ပြင်ပကမ္ဘာတွင်၊ ကျောက်စိမ်းရေကန်၏ ရေတစ်စက်စီက အလွန်တရာ တန်ကြေးကြီးသည်။
သို့သော်လည်း ယခုအခါမှာတော့ ရှေးနန်းတော်တစ်ခုလုံးမှာ အင်မော်တယ် ကျောက်စိမ်းရေကန်အဖြစ်သို့ ပြောင်းလဲသွားတော့သည်။
ထို့ထက် ယွီချင်းနင်ကို ပို၍ အံ့အားသင့်သွားစေသည်မှာ...
ကျန်းစန်းယီ တင်ပျဉ်ခွေထိုင်နေသောနေရာတွင် လျှို့ဝှက်ဆန်းကြယ်သော တာအိုအမှတ်အသားများနှင့် ပွင့်လန်းနေသော အဖြူရောင်ကြာပန်း ရှိနေခြင်း ဖြစ်သည်။
ကျန်းစန်းယီက အစစ်အမှန် အင်မော်တယ်တစ်ပါးကဲ့သို့ ကြာပန်းထဲတွင် တင်ပျဉ်ခွေထိုင်နေခဲ့လေသည်။
"ကပ်ဘေးဖြတ်ကျော်ခြင်း အင်မော်တယ်ကြာပန်း"
ယွီချင်းနင် ရေရွတ်လိုက်သည်။
မမျှော်လင့်ဘဲ၊ ယောက်ချီမြင့်မြတ်မြေရှိ ဤရတနာက ဤနေရာတွင် ရှိနေသည်။
အင်မော်တယ်များနှင့် ပတ်သက်သည့် မည်သည့်အရာမဆို အလွန်တန်ဖိုးရှိပြီး ရှားပါးသည်။
အကြွင်းအကျန် အင်မော်တယ်သွေး၊ အင်မော်တယ်သန္ဓေ စသည်ဖြင့်။
ကပ်ဘေးဖြတ်ကျော်ခြင်း အင်မော်တယ်ကြာပန်းသည်လည်း အလားတူ ဖြစ်ချေသည်။
ကပ်ဘေးဖြတ်ကျော်ခြင်း အင်မော်တယ်ကြာပန်းမှ စွမ်းအင်က ရာနှင့်ချီသော အင်မော်တယ်ခြင်ဆီ သွေးကြောများနှင့် ယှဉ်နိုင်လောက်အောင် အလွန်အစွမ်းထက်သည်။
သူတော်စင်တစ်ပါးအတွက် အဓိပဓိတစ်ပိုင်းအဆင့်အထိ လေ့ကျင့်ရန်ပင် လုံလောက်ပေသည်။
ထို့ထက် ပို၍ အရေးကြီးသည်မှာ၊ ကပ်ဘေးဖြတ်ကျော်ခြင်း အင်မော်တယ်ကြာပန်းတွင် မျက်စိကျစရာကောင်းသော အခြားစွမ်းရည်တစ်ခု ရှိသည်။
ယင်းက ကပ်ဘေးဖြတ်ကျော်ခြင်းကြာပန်းကို သန့်စင်ပြီးနောက်...
အနာဂတ်တွင် အမျိုးမျိုးသော ကပ်ဆိုးများနှင့် အကြီးကျယ်ဆုံးသော ကပ်ဘေးများကို ဖြတ်သန်းရသောအခါတွင် ကြီးမားသော အကျိုးကျေးဇူးများ ရရှိလာပေလိမ့်မည်။
အတိုင်းအတာတစ်ခုအထိ၊ ယင်းက မိုးကြိုးကပ်ဘေးဒုက္ခများကို ခံနိုင်ရည်ရှိသည်။
ယင်းက တကယ်ကို အံ့ဖွယ်တစ်ခုပင်။
နောက်ဆုံးတွင်၊ လူတိုင်းက ကျွင်းရှောင်ယောက်ကဲ့သို့ ကောင်းကင်ကပ်ဘေးမိုးကြိုးကို လျစ်လျူရှုထားနိုင်စွမ်းမရှိပါ။
သာမာန်ကျင့်ကြံသူများအတွက် အဓိပတိကပ်ဘေး မဆိုထားနှင့်...
ခုနစ်ရောင် သူတော်စင်ကပ်ဘေးဖြစ်လျှင်ပင် အန္တရာယ်များလှသည်။
နောက်ပိုင်းရောက်၍ နယ်ပယ်မြင့်လေ၊ ကပ်ဘေးဒုက္ခ ဖြတ်ကျော်ရာတွင် ပို၍ အန္တရာယ်ကြီးလေလေပင်။
အကယ်၍ ကပ်ဘေးဖြတ်ကျော်ခြင်း အင်မော်တယ်ကြာပန်းကို သန့်စင်နိုင်လျှင်တော့ ထိုအန္တရာယ်များကို ကြီးကြီးမားမား လျှော့ချနိုင်သည်။
အဒိပဓိများပင်လျှင် ယင်းကိုမြင်ပါက မနာလိုဖြစ်လိမ့်မည်။
သို့သော်လည်း ယွီချင်းနင် သက်ပြင်းမချနိုင်မီတွင်...
ရွှေရောင်သဏ္ဍာန်များစွာက လေထဲတွင် စုစည်းလာကာ ကျန်းစန်းယီ၏လက်ထဲတွင် စုရုံး၍ ရွှေရောင်ကျမ်းစာအဖြစ် ပြောင်းလဲသွားခဲ့သည်။
"ယောက်ချီအင်မော်တယ်ကျမ်းရဲ့ ဗားရှင်းအပြည့်အစုံ"
ယွီချင်းနင် ထပ်မံ အံ့သြသွားပြန်သည်။
ယောက်ချီမြင့်မြတ်မြေ၏ ကျောင်းအုပ်ဆရာမဟောင်းအနေဖြင့် ယောက်ချီအင်မော်တယ်ကျမ်းကို သဘာဝအတိုင်း သူမ လေ့ကျင့်ခဲ့ရသည်။
သို့သော်လည်း အပြည့်အစုံမဟုတ်ပေ။
ယောက်ချီမြင့်မြတ်မြေက ကပ်ဘေးများစွာကို ရင်ဆိုင်ခဲ့ရသောကြောင့် ယောက်ချီအင်မော်တယ်ကျမ်းမှာလည်း ထိခိုက်ခဲ့ရသည်။
နောက်ဆုံးတွင် ပျက်စီးနေသော အပိုင်းများသာ ကျန်တော့သည်။
ယွီချင်းနင် လေ့ကျင့်ခဲ့ရာမှာ မပြည့်စုံသောဗားရှင်း ဖြစ်သည်။
ယခုမူ ယောက်ချီအင်မော်တယ်ကျမ်း၏ ဗားရှင်းအပြည့်အစုံက ကျန်းစန်းယီ၏လက်တွင် ရှိနေပြီ။
"စန်းယီ၊ ဒါက အခွင့်ကောင်းကြီးပဲ"
ယွီချင်းနင်လည်း သူမ၏ တပည့်အတွက် ပျော်ရွှင်နေခဲ့သည်။
အင်မော်တယ်ကြာပန်းပေါ်တွင် တင်ပျဉ်ခွေထိုင်နေသော ကျန်းစန်းယီလည်း ပျော်ရွှင်နေခဲ့လေသည်။
ဤအခွင့်အလမ်းများဖြင့် ကျွင်းရှောင်ယောက်၏ ခြေရာကို အမီလိုက်နိုင်စေမည် ဖြစ်သည်။
သို့သော်လည်း မပြီးပြတ်သေးပါ။
ကျောက်စိမ်းရေကန် အောက်ခြေမှ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။
ယင်းက မျက်နှာပြင်ပေါ်တွင် အပေါက် ကိုးပေါက်ပါရှိသည့် ထူးဆန်းသော ကျောက်တုံးတစ်ခုဖြစ်လာပြီး မိုးနှင့်မြေ၏ အနှစ်သာရ၊ နေနှင့်လ၏ ဘုန်းအသရေတို့ ထွက်လာတော့သည်။
"အဲဒါက... ဝင်ပေါက်ကိုးခု ကျောက်သန္ဓေပဲ"
ယွီချင်းနင်လည်း မထိန်းချုပ်နိုင်တော့ဘဲ ရေရွတ်လိုက်မိသည်။
ယောက်ချီမြင့်မြတ်နယ်မြေတွင် အချိန်အတော်ကြာ ပျောက်ဆုံးသွားသော နတ်ရတနာက ဤနေရာတွင် အမှန်တကယ် ပေါ်ထွက်လာခဲ့ပြီ။