← Chapters

အခန်း ၇၇၈

Vol. 52 Ch. 778

အခန်း ၇၇၈

Vol. 52 Ch. 778

အခန်း ( ၇၇၈ ) ကျန်းလော့လီ၏ သတင်း၊ ကျန်းစန်းယီ ဒေါသထွက်သွားပြီ၊ ‌ကျောက်စိမ်းရေကန်အတွင်းမှ ထွက်ခွာခြင်း။

တချိန်က ရှေးဟောင်းလမ်းတွင် ဓားပြဆယ့်သုံးယောက်ကို လူတိုင်းကြောက်ရွံ့ခဲ့ဖူးသည်။

သူတို့အကြောင်း ပြောလိုက်ရုံဖြင့် ကြောက်ရွံ့မှုတို့ကို ခံစားရ၏။

သို့သော်လည်း ဤကြောက်စရာကောင်းသော အဖွဲ့အစည်းက ပို၍ ကြောက်စရာကောင်းသော ကျွင်းရှောင်ယောက်ကို ရန်စခဲ့သည်။

ဓားပြဆယ့်သုံးယောက်စလုံးကိုပင် ကျွင်းရှောင်ယောက်က သတ်လုနီးပါး ဖြစ်ခဲ့သေးသည်။

ကျူးရှန်းဓားပြ ဦးဆောင်သော ဓားလေးဦးသာ ကျန်ရှိသည်။

သို့သော်လည်း ယခုတော့ လူသုံးယောက်က တိုက်ရိုက် ပေါ်လာခဲ့ကြပြီ။

ဤဓားပြသုံးယောက်၏ တည်ရှိမှုက ပါရမီရှင်များစွာကို တုန်လှုပ်သွားစေခဲ့သည်။

ဓားပြဆယ့်သုံးယောက်က အမှောင်ထဲမှ အဆိပ်ပြင်းသည့် မြွေများကဲ့သို့ပင်။ သူတို့ဟာ အများအားဖြင့် အမှောင်ထဲမှသာ ပြုမူကြကာ နောက်ကွယ်မှလူများကို လုပ်ကြံတိုက်ခိုက်တတ်သည်။

ယခုမူကား ကြီးကျယ်ခမ်းနားသော ပုံစံမျိုးဖြင့် ပေါ်လာခဲ့ကြပြီ။

ယင်းက ပုံမှန်မဟုတ်ပေ။

"သူတို့မှာ အားကိုးစရာ တစ်ခုခုရှိနေတာလား။ မဟုတ်မှန်လွဲ၊ သူ ဒီမှာရှိနေတာများလား"

ပါရမီရှင်များ လန့်ဖျပ်ပြီး ခေါင်းမွှေးထောင်ထသွားကြသည်။ သူတို့က ကြောက်ရွံ့နေသော မျက်လုံးများဖြင့် ပတ်ဝန်းကျင်ကို လှည့်ကြည့်လိုက်၏။

ယင်းက ကျူးရှန်းဓားပြ။

ဓားပြဆယ့်သုံးယောက်၏ လျှို့ဝှက်ဆန်းကြယ်သော ခေါင်းဆောင်မှာ ဘယ်တုန်းကမှ ပေါ်မလာခဲ့ပေ။

သို့သော်လည်း ဓားပြဆယ့်သုံးပါး၏ ခေါင်းဆောင်ဖြစ်လာခြင်းက သူ၏ခွန်အားမှာ လုံးဝကြောက်စရာကောင်းကြောင်း သိသာထင်ရှားသည်။

ကျူးရှန်းဓားပြ၏ အင်အားအရ အမဲလိုက်ခြင်းနှင့် သတ်ဖြတ်ခြင်းမှာ ထမင်းစား ရေသောက်ကဲ့သို့ လွယ်ကူသည်ဟု ယခင်က ကောလဟာလများ ထွက်ပေါ်ခဲ့ဖူးပေသည်။

သို့သော်လည်း ဤပါရမီရှင်များက မည်သို့ပင် ရှာဖွေခဲ့သည်ဖြစ်စေ လျှို့ဝှက်ထားသော အရိပ်အယောင်ကို မတွေ့နိုင်ကြပေ။

ပိုးမင်းသမီးနှင့် ယောင်ယွဲ့ခုန်းလည်း အနည်းငယ် အံ့သြသွားကြသည်။

ရှေးဟောင်းလမ်းတွင် နာမည်ဆိုးနှင့်ကျော်ကြားသော ဓားပြဆယ့်သုံးယောက်နှင့် ပတ်သက်၍ သူတို့တွင် ကောင်းမွန်သော ခံစားချက်မျိုး မရှိပေ။

သို့သော်လည်း၊ ကျန်းစန်းယီကို လောဘဝံပုလွေဓားပြနှင့် အခြားသူများက ပစ်မှတ်ထားနေကြောင်း မြင်ပြီးနောက် ပိုးမင်းသမီးနှင့် ယောင်ယွဲ့ခုန်းလည်း အဖြစ်အပျက်ကို စောင့်မျှော်ကြည့်ရှုရန် ဆုံးဖြတ်လိုက်ကြသည်။

"ရေမြောင်းထဲက ကြွက်တွေပဲ ထပ်ဖြစ်ပြန်ပြီ။ အရင်က ယွဲ့လော့ဓားပြနဲ့ ကြယ်တာရာဖျက်ဆီးသူဓားပြတို့ကို သတ်ဖြတ်လိုက်တာက နင်တို့ကို ‌ဖိအားပေးဖို့ မလုံလောက်သေးဘူးထင်တယ်"

ကျန်းစန်းယီက အေးစက်စက်ဖြင့် မျက်မှောင်ကြုတ်လိုက်သည်။

နေရာတိုင်းတွင် လုပ်ကြံသတ်ဖြတ်ပြီး အခြားသူများ၏ ကိုယ်အင်္ဂါအစိတ်အပိုင်းများကို လုယက်နေသော ဤဓားပြများကို သူမ ရွံ့ရှာသည်။

ထို့ပြင် သူတို့က သူမ၏ သန္တောစွမ်းအင် တာအိုသန္ဓေကိုလည်း ပစ်မှတ်ထားခဲ့ကြသေးသည်။

သို့သော်လည်း ဤသည်က ကျန်းစန်းယီ အမျက်ထွက်ရဆုံးအရာ မဟုတ်ပါ။

သူမကို အမျက်ထွက်စေခြင်းက ဤဓားပြများဟာ ကျွင်းရှောင်ယောက်ကို ပစ်မှတ်ထားဝံ့ခြင်း ဖြစ်သည်။

ကျန်းစန်းယီကို ဖိနှိပ်ခြင်းဖြင့် ကျွင်းရှောင်ယောက်ကို မြှားခေါ်ကာ ရှေးဟောင်းမြင့်မြတ်ခန္ဓာကို လိုချင်နေခြင်းပင်။

ကျန်းစန်းယီအတွက်၊ ဤသည်မှာ လုံးဝ လက်ခံနိုင်စရာမဟုတ်ပေ။

ကျွင်းရှောင်ယောက်ကို လုပ်ကြံရန် ကြံစည်ဝံ့သူတိုင်းအား သူမ သတ်ရမည်။

"ငါ့မှာ နင်တို့နဲ့‌ ပြောစရာဘာမှမရှိဘူး။ ငါ ထွက်လာရင် နင်တို့ သေရမယ်"

ကျန်းစန်းယီ၏ မျက်လုံးများက သတ်ဖြတ်လိုစိတ်တို့ ပြည့်နှက်နေခဲ့သည်။

တည်ငြိမ်အေးချမ်းသော နတ်သမီးတစ်ပါးမှ သတ်ဖြတ်ခြင်း နတ်တစ်ပါးအဖြစ် ပြောင်းလဲသွားခဲ့ပုံရ၏။

သို့သော်လည်း ကျန်းစန်းယီက သွေးဆူလွယ်သူ မဟုတ်ပါ။

သဘာအတိုင်း၊ လောဘဝံပုလွေဓားပြနှင့် အခြာ ဓားပြများကို သတ်ရုံမျှဖြင့် ကျောက်စိမ်းရေကန် အခွင့်အရေးကို ဆုံးရှုံးခံမည် မဟုတ်ပေ။

လောဘဝံပုလွေဓားပြက ကျန်းစန်းယီ၏ သဘောထားကို ဂရုမစိုက်ဘဲ လျစ်လျူရှုစွာ ပြောလိုက်သည်။

"ငါပြောပြီးပြီလေ၊ ငါတို့က မင်းကို သတင်းတစ်ခုပြောပြဖို့ ရောက်လာတာ"

"ငါ စိတ်မ၀င်စားဘူး"

ကျန်းစန်းယီက လျစ်လျုရှူကာ ဆက်လက်လေ့ကျင့်လိုက်သည်။

"အိုး၊ အဲဒါက ကျန်းလော့လီအကြောင်းနော်။ မင်း စိတ်မဝင်စားဘူးလား"

လောဘဝံပုလွေဓားပြက လှောင်ပြောင်လိုက်၏။

"ဘာ"

ကျန်းစန်းယီ၏ လှပသောမျက်လုံးများမှ အေးစက်သောအလင်းရောင်တစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

သူမ၏ နှင်းဖြူဆံနွယ်များက လေမတိုက်ပါဘဲ လူးလွန့်လှုပ်ရှားလာတော့သည်။

ကျန်းစန်းယီက ကျွင်းရှောင်ယောက်အပြင် ကျန်းလော့လီကဲ့သို့ လူအနည်းငယ်ကိုသာ ဂရုစိုက်သည်။

ယခင်က ကျွင်းရှောင်ယောက်၏ ဆက်ဆံရေးကြောင့် သူမနှင့် ကျန်းလော့လီကြားတွင် သဘောထား ကွဲလွဲမှုတချို့ ရှိခဲ့သော်လည်း နောက်ပိုင်းမှာတော့ ပြေလည်သွားခဲ့လေသည်။

သူမက ကျန်းလော့လီကို သူမ၏ ညီမလေးအဖြစ် အမြဲတန်းမှတ်ယူထားခဲ့သည်။

"လော့လီကို နင်ဘာလုပ်လိုက်တာလဲ"

ကျန်းစန်းယီက သူမ၏ အနီရဲရဲနှုတ်ခမ်းများကို ကိုက်လိုက်၏။

ကျန်းလော့လီသာ တစ်ခုခုဖြစ်ခဲ့ပါက သူ့ကိုယ်သူ စိတ်ဖြေဖျောက်ရန် လွယ်တော့မည်မဟုတ်ပေ။

"ဘာမှမလုပ်ပါဘူး၊ ဒါက သေခြင်းရှင်ခြင်းတံခါးထဲကို ဝင်သွားခဲ့ရုံပဲ"

လောဘဝံပုလွေဓားပြက ပြုံးပြီး ပြောလိုက်သည်။

"ဝုန်း"

ထိုစကားများက ကျန်းစန်းယီ၏စိတ်ထဲတွင် မိုးကြိုးအစင်းတစ်ရာ ပစ်ခွင်းလိုက်သကဲ့သို့ပင်။

သူမ၏ နူးညံ့သောမျက်နှာလေးက ချက်ချင်းပင် ဖြူဖျော့သွားခဲ့သည်။

သေခြင်းရှင်ခြင်း တံခါးအကြောင်းကို သဘာဝအတိုင်း သူမ သိ၏။

ယင်းက ဧကရာဇ်သင်္ချိုင်းကြယ်တွင် အကျော်ကြားဆုံး နေရာများထဲမှ တစ်ခု ဖြစ်သည်။ ခေတ်ကာလတစ်လျှောက်လုံးတွင် ထိုအထဲသို့ ဝင်ရောက်ခဲ့ပြီးမှ ပြန်ထွက်လာနိုင်သော ပါရမီရှင်များ များစွာမရှိပေ။

ထို့အပြင်၊ ကျန်းစန်းယီ၏ နှလုံးသားထဲတွင် ကျန်းလော့လီက ငယ်ရွယ်နုပျိုပြီး ပျော်ပျော်နေတတ်သော မိန်းကလေးတစ်ဦးသာ ဖြစ်သည်။

သေခြင်းရှင်ခြင်းတံခါးမှ စမ်းသပ်မှုများကို သူမ မည်သို့ခံနိုင်ရည်ရှိမည်နည်း။

"နင်တို့ သူ့ကို အတင်းလုပ်ခိုင်းခဲ့တာ မဟုတ်လား"

ကျန်းစန်းယီထံမှ ကြောက်စရာကောင်းသော သတ်ဖြတ်ချင်စိတ်တို့ ပေါ်လာခဲ့သည်။

"ငါတို့က အတင်းမတိုက်တွန်းပါဘူး။ အဲဒီကောင်မလေးက သူ့ဘာသာသူ ဝင်ချင်နေတာ၊ ငါတို့က သူ့ကို ဖိနှိပ်ချင်ရုံပဲလေ"

လောဘဝံပုလွေဓားပြက လှောင်ပြောင်လိုက်၏။

တစ်ချိန်တည်းမှာပင်၊ လောဘဝံပုလွေဓားပြ၏ ဝံပုလွေပုံသဏ္ဍာန် မျက်နှာဖုံးအောက်မှ သူ့မျက်လုံးများက အလိမ်အညာ အရိပ်အမြွက်တို့ ထွက်ပေါ်လာခဲ့သည်။

သူက ကျန်းစန်းယီကို တမင်တကာ နှိုးဆွနေခြင်းပင်။ ကျောက်စိမ်းရေကန်အတွင်းမှ သူမ ထွက်လာခဲ့သရွေ့ လုံလောက်ပြီ ဖြစ်သည်။

"နင်... နင့်ကို ငါ အလွတ်မပေးဘူး"

ကျန်းစန်းယီ လွန်စွာ ဒေါသထွက်သွားသည်။ သူမ၏မျက်နှာပေါ်တွင် ဒေါသများ ပြည့်နှက်သွား၏။

လူအတော်များများပင် အနည်းငယ် လှုပ်လှုပ်ရှားရှား သွားသည်။ ဤသည်က နတ်သမီးတစ်ပါးကဲ့သို့ မိန်းကလေးတစ်ယောက် ဒေါသဖြစ်ခြင်းကို ပထမဆုံး မြင်တွေ့ဖူးခြင်းပင်။

"စန်းယီ၊ စိတ်အေးအေးထားစမ်း။ နင့်ရဲ့ လေ့ကျင့်မှုက မပြီးသေးဘူး၊ ကပ်ဘေးဖြတ်ကျော်မှု ကြာပန်းကိုလည်း လုံးဝ မသန့်စင်ရသေးဘူး"

ကျန်းစန်းယီ၏ စိတ်ထဲတွင် ယွီချင်းနင်၏ အေးစက်စက်အော်သံ ထွက်ပေါ်လာခဲ့သည်။

"ဆရာ၊ လော့လီက ကျွန်မရဲ့ မျက်စိရှေ့တင် ကြီးပျင်းလာခဲ့တာပါ။ သူက ကျွန်မရဲ့ ညီမလေးဆိုရင်လည်း မမှားဘူး။ အခု သူက သေမလားရှင်မလားတောင် မသိဘူးလေ။ ဒီအချိန်မှာ စန်းယီက ဘယ်လိုလုပ်ပြီး စိတ်အေးအေးထားနိုင်မှာလဲ"

ကျန်းစန်းယီ အံကိုကြိတ်ပြီး စိတ်ထဲမှ ပြောလိုက်၏။

ဤသည်မှာ လောဘဝံပုလွေဓားပြနှင့် အခြားသူများ၏ ရန်စခြင်းနည်းလမ်းဖြစ်မှန်း သူမ သဘာဝအတိုင်း သိထားသည်။

သို့သော်လည်း ကျန်းလော့လီအတွက် သူမ စိုးရိမ်နေဆဲပင်။

"သေချာစဉ်းစားစမ်းပါဦး၊ နင် အခု အပြင်ထွက်ရင် အခွင့်အလမ်းကို တခြားသူတွေ ယူသွားနိုင်တဲ့အပြင် မင်းကိုယ်တိုင်လည်း အန္တရာယ်နဲ့ ကြုံတွေ့ရနိုင်တယ်"

"ဧကရာဇ်သင်္ချိုင်းကြယ်ရဲ့ နိယာမတွေကြောင့် ဆရာတစ်ယောက်အနေနဲ့ မင်းကို ကူညီဖို့လည်း မလွယ်ဘူး"

ယွီချင်းနင်က ပြင်းပြင်းထန်ထန် ပြောသည်။

"တောင်းပန်ပါတယ် ဆရာ၊ ဒီရွေးချယ်မှုက အရမ်းမိုက်မဲမှန်းသိပေမဲ့ စန်းယီက နှလုံးသားကို မလွန်ဆန်နိုင်တာကြောင့် လုပ်ရလိမ့်မယ်"

ကျန်းစန်းယီက စိတ်ထဲမှ ပြောလိုက်သည်။ ထို့နောက်တွင် ကြာပန်းပေါ်မှ ရုတ်တရက် ထရပ်လိုက်၏။

သူမက ကျောက်စိမ်းရေကန်အတွင်းမှ ခြေလှမ်းတစ်လှမ်းပြီးနောက် ခြေတစ်လှမ်း၊ လှမ်းထွက်လာတော့သည်။

ဤအခြေ‌အနေကြောင့် ယွီချင်းနင် သက်ပြင်းချလိုက်သည်။

တချိန်တည်းမှာပင် အကူအညီမဲ့နေခဲ့၏။

သို့သော်လည်း ပို၍ ကျေနပ်သွားလေသည်။

ရွေးချယ်မှုတစ်ခုက မိုက်မဲပြီး ကိုယ့်ကိုကိုယ် ထိခိုက်စေနိုင်မှန်း သိထားသည့်တိုင် ဆက်လက်လုပ်ဆောင်ဆဲ ဖြစ်သည်။

ယင်းကပင် ကျန်းစန်းယီကို သူမ ရွေးချယ်မိခြင်း ဖြစ်လိမ့်မည်။

နောက်ဆုံးတွင်၊ မည်သူက ကိုယ့်တပည့်ကို ကိုယ်ကျိုးသာရှာတတ်သူ ဖြစ်စေချင်မှာလဲ။

ကျန်းစန်းယီ ထွက်လာတာကို မြင်ရပြီးနောက် လောဘဝံပုလွေဓားပြတို့သုံးယောက်၏ မျက်လုံးများက တောက်ပသွားကြသည်။

ပိုးမင်းသမီး၏ မျက်လုံးများမှာလည်း ပျော်ရွှင်မှု အရိပ်အယောင်များ တောက်ပလာခဲ့၏။

ကျန်းစန်းယီသာ အခွင့်အရေးကို အမှန်တကယ် ချေဖျက်လိုက်ပါက သူမအတွက် အဆင်မပြေမည်မှာ သေချာသည်။

ယခုတော့ အခွင့်အလမ်းအတွက် တိုက်ပွဲဝင်ခွင့် ရချေပြီ။

'ယောက်ချီအင်မော်တယ်ကျမ်းက သူ့ခန္ဓာကိုယ်ပေါ်မှာရှိသင့်တယ်။ အခြား ရှားပါးသောရတနာတွေလည်း ရှိလိမ့်ဦးမယ်'

ပိုးမင်းသမီး၏ မျက်လုံးများက အရောင်ပြောင်းလဲသွားခဲ့သည်။

"ဝုန်း"

ကျန်းစန်းယီက ကျောက်စိမ်းရေကန်အတွင်းမှ ထွက်လိုက်သည်။

ထိုအချိန်တွင်၊ ကျောက်စိမ်းရေကန် အတားအဆီးက ရုတ်တရက် မှိန်ဖျော့သွား၏။

အတားအဆီးမရှိတော့မှန်း သိသာထင်ရှားသည်။

မကြာမီ အတားအဆီးတစ်ခုလုံး ပျောက်ကွယ်သွားလိမ့်မည်။

ထိုအချိန်တွင်၊ လူတိုင်းက ကျောက်စိမ်းရေကန်အတွင်းသို့ဝင်နိုင်ကာ ကပ်ဘေးဖြတ်ကျော်ခြင်း အင်မော်တယ်ကြာပန်းကိုလည်း သိမ်းပိုက်နိုင်ခွင့်ရှိမည် ဖြစ်သည်။

"အိုး၊ မင်းက ငါတို့ထောင်ချောက်ထဲကို ခုန်ဆင်းဖို့ တကယ်ရွေးချယ်ခဲ့တယ်ပေါ့"

လောဘဝံပုလွေဓားပြနှင့် အခြားသူများက အရှိန်အဝါများကို တပြိုင်နက်တည်း ထုတ်ဖော်လိုက်ကြသည်။

ဓားပြဆယ့်သုံးယောက်တွင် ဤသုံးယောက်၏ ခွန်အားက ကျူးရှန်းဓားပြပြီးလျှင် ဒုတိယလိုက်သည်။

သူတို့ သုံးယောက် ပူးပေါင်းလိုက်ပါက အစွမ်းထက် တားမြစ်ပါရမီရှင်များပင် သတိထားနေလိမ့်မည်။

"ဒီနေ့ သေရမဲ့လူက နင်တို့ပဲ"

ကျန်းစန်းယီ၏ အဝတ်အစားများက တဖျပ်ဖျပ်ခတ်ပြီး အဖြူရောင်ဆံနွယ်များ လှုပ်ရှားလာခဲ့သည်။

ယနေ့တွင် ဤသုံးယောက်ကိုသတ်ပြီး ကျန်းလော့လီ၏ အခြေအနေကို သိရန် သေခြင်းရှင်ခြင်းတံခါးသို့ သွားရပေလိမ့်မည်။

နှစ်ဖက် တိုက်ခိုက်တော့မည့်အချိန်တွင်...

ပိုးမင်းသမီးက ရုတ်တရက် ရှေ့သို့လှမ်းပြီး ကျန်းစန်းယီကို စူးစိုက်ကြည့်ကာ ပြောလိုက်သည်။

"ကျန်းစန်းယီ၊ ယောက်ချီအင်မော်တယ်ကျမ်းက နင့်ဆီမှာ ရှိသင့်တယ် မဟုတ်လား"

All Chapters