← Chapters

အခန်း ၇၇၉

Vol. 52 Ch. 779

အခန်း ၇၇၉

Vol. 52 Ch. 779

အခန်း ( ၇၇၉ ) တစ်ယောက်နှင့် ငါးယောက်၊ ကျန်းစန်းယီ၏ စစ်မှန်သော ခွန်အား။

ပိုးမင်းသမီး၏ စကားများက ကျန်းစန်းယီကို မျက်မှောင်ကြုတ်သွားစေရုံသာမက ပတ်ဝန်းကျင်ရှိ ပါရမီရှင်များကိုပါ အံ့အားသင့်စေခဲ့သည်။

ပိုးမင်းသမီးက ယခုအချိန်တွင် သူတို့အတွက် အခက်အခဲဖြစ်စေမည်ဟု မည်သူမျှ မမျှော်လင့်ထားပေ။

"ပိုးမင်းသမီးက ကျန်းမိသားစုရဲ့ နတ်သမီးကို ဓားပြတွေရဲ့လက်ကိုသုံးပြီး ဖိနှိပ်‌ချင်နေတာများလား"

ပါရမီရှင်များက မှန်းဆပြောဆိုလိုက်ကြသည်။

ယခုအချိန်တွင် အတားအဆီးက လုံးဝ မကွယ်ပျောက်သေးသောကြောင့် ကျောက်စိမ်းရေကန်တွင် နှစ်ခြင်းခံရရန်နှင့် ကပ်ဘေးဖြတ်ကျော်ခြင်း အင်မော်တယ်ကြာပန်းအတွက် ယှဉ်ပြိုင်ရန် သဘာဝအတိုင်း မဖြစ်နိုင်သေးပါ။

ထို့ကြောင့်ပင် ပိုးမင်းသမီး ကျန်းစန်းယီကို အာရုံစိုက်ခဲ့သည်။

သို့သော်...

ဓားပြဆယ့်သုံးယောက်နှင့် အတူတူ ဖိနှိပ်ခြင်းက အနည်းငယ် ရှက်စရာကောင်းလေသည်။

နောက်ဆုံးတွင်၊ ဓားပြဆယ့်သုံးယောက်က နာမည်ဆိုးနှင့် ကျော်ကြားပြီး လူတိုင်းမုန်းကြသည်။

သို့သော်လည်း ပိုးမင်းသမီး၏ အနေအထားနှင့် ပတ်သက်၍ မည်သူမျှ မေးခွန်းထုတ်ဝံ့ခြင်းမရှိပေ။

"ဒါဆို နင်ကရော လှုပ်ရှားချင်လို့လား"

ကျန်းစန်းယီက ‌အေးစက်စက်ဖြင့် ပြောလိုက်သည်။

"ဒါက လုံးဝတော့ မဟုတ်ပါဘူး၊ ယောက်ချီအင်မော်တယ်ကျမ်းကို ဒီမင်းသမီးနဲ့ မျှဝေဖို့ ဆန္ဒရှိနေသရွေ့ ဒီမင်းသမီးက မလုပ်ဘူးလို့ သဘောတူနိုင်တယ်"

ပိုးမင်းသမီးက သူမ၏ ပျော့ပျောင်းချောမွေ့သော ဆံပင်များကို ကျောက်စိမ်းလက်ဖြင့် သပ်ကာ ပြောလိုက်သည်။

"မှန်တာပေါ့၊ ငါတို့က ဆင်ခြင်တုံတရားမဲ့တဲ့လူ မဟုတ်ပါဘူး"

ယောင်ယွဲ့ခုန်းက သံယောင်လိုက်ပြီး ပြောလိုက်၏။

ဤမြင်ကွင်းကို မြင်လိုက်ရတော့ လောဘဝံပုလွေဓားပြတို့သုံးယောက်၏ မျက်လုံးများတွင် ရယ်ရွှင်မြူးသော အရိပ်အမြွက်တို့ ပေါ်လာခဲ့သည်။

အကူအညီရှိပုံရပေသည်။

"နင် အိပ်မက်မက်နေတာပဲ၊ နင့်ရဲ့ ကြောင်သူတော်မျက်နှာဖုံးကို ခွာချလိုက်စမ်း"

ကျန်းစန်းယီ အေးစက်စက်ဖြင့် ပြောလိုက်၏။

"ဟင်း၊ နင့်ရဲ့ ယုံကြည်မှုကို ဒီမင်းသမီး သိပါတယ်။ အဲဒါက ကျွင်းရှောင်ယောက် မဟုတ်လား"

"ဒါပေမဲ့ သူဒီမှာမရှိတာကို မေ့ထားဦး၊ သူဒီမှာရှိနေရင်တောင် ဘာမှပြောင်းလဲနိုင်မှာ မဟုတ်ဘူး"

ပိုးမင်းသမီး၊ ယောင်ယွဲ့ခုန်း၊ လောဘဝံပုလွေဓားပြ၊ တပ်မဟာဖျက်ဓားပြနှင့် သတ္တမသတ်ဖြတ်သူဓားပြ။

သူတို့အပြင် အလွန်တရာ လျှို့ဝှက်ဆန်းကြယ်သော ကျူးရှန်းဓားပြကိုပင် နောက်ပိုင်းမှာ စွဲဆောင်သွားနိုင်သည်။

ထိုကဲ့သို့ အနေအထားမျိုးအရ ပိုးမင်းသမီး၏အမြင်တွင်၊ ကျွင်းရှောင်ယောက် ရောက်လာလျှင်ပင် အခြေအနေကို ပြောင်းလဲနိုင်မည် မဟုတ်ပေ။

"ရေတွင်းအောက်ခြေမှာရှိတဲ့ ဖားတစ်ကောင်က သမုဒ္ဒရာရဲ့ ကျယ်ပြောမှုကို မသိဘူး"

ကျန်းစန်းယီက လှောင်ပြောင်ပြောဆိုလိုက်သည်။

ပါရမမီရှင် တော်တော်များများက ကျွင်းရှောင်ယောက်၏ စစ်မှန်သော အင်အားကို ရှာဖွေတွေ့ရှိလိုကြသည်။

သို့ရာတွင် ခြွင်းချက်မရှိဘဲ သူတို့အားလုံး ပြင်းထန်စွာ ရိုက်နှက်ခံခဲ့ရပေသည်။

ကျွင်းရှောင်ယောက်၏ ခွန်အားကိုမူ တိုင်းတာ၍မရခဲ့ပေ။

"မာနကြီးလိုက်တာ"

ပိုးမင်းသမီး ဘာမှပြန်မပြောခင် အနားမှ ယောင်ယွဲ့ခုန်းက ချက်ချင်း လှုပ်ရှားလိုက်သည်။

သူက ပိုးမင်းသမီးကို ယောက်ချီအင်မော်တယ်ကျမ်း ရရှိရန် ကူညီချင်ခဲ့သည်။

"ကောင်းကင်နတ်ဆိုး ကမ္ဘာကို ဝါးမျိုခြင်း"

ယောင်ယွဲ့ခုန်း၏ ပထမဆုံး လှုပ်ရှားမှုသည်ပင် အလွန်ပြင်းထန်သည်။ နတ်ဆိုးစွမ်းအင်များ တဟုန်ထိုးတက်လာခဲ့၏။

အလွန်ကြောက်စရာကောင်းပြီး ကမ္ဘာပေါ်ရှိ အရာအားလုံးကို ဝါးမျိုတော့မည်ကဲ့သို့ အနှိုင်းမဲ့ကြီးမားသော သွေးရောင်နတ်ဆိုးပုံရိပ်တစ်ခု ထွက်ပေါ်လာတော့သည်။

ဤလှုပ်ရှားမှုက ယောင်ယွဲ့ခုန်း၏ အင်အားကို သက်သေပြရန် လုံလောက်သည်။

သို့သော်လည်း ကျန်းစန်းယီ၏ အမူအရာက မပြောင်းလဲပါ။ နှင်းဖြူဆံပင်နှင့် သူမ၏အသွင်က ယခင် သိမ်မွေ့နူးညံ့မှုနှင့်မတူဘဲ ပြောင်းလဲနေခဲ့ပြီ ဖြစ်သည်။

ကျန်းစန်းယီက သူမ၏ ကျောက်စိမ်းလက်တစ်ဖက်ကို မြှောက်လိုက်သည်။ တာအိုအလင်းများ လင်းလက်သွားပြီး နဂါးနှင့် မြွေကဲ့သို့ ချိန်းကြိုးများ ထွက်ပေါ်လာခဲ့၏။

သန္တောစွမ်းအင် တာအိုသန္ဓေက တာအိုနှင့် ရင်းနှီးမှုရှိကာ တာအိုများကို ထိန်းချုပ်နိုင်သည်။

ကမ္ဘာပေါ်ရှိ အရာအားလုံး၏လမ်းစဉ်က ကျန်းစန်းယီ၏ လက်ထဲတွင် အတောက်ပဆုံးသော နည်းလမ်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားလေသည်။

"ဝုန်း"

နတ်သံကြိုးများစွာသောများက အနှိုင်းမဲ့ ကြောက်မက်ဖွယ်ကောင်းသော သွေးရောင်နတ်ဆိုးအရိပ်ကို တိုက်ရိုက်ထိုးဖောက်ပြီး ဖျက်ဆီးလိုက်တော့သည်။

ဤမြင်ကွင်းကြောင့် ပတ်ဝန်းကျင်က ပါရမီရှင် တော်တော်များများ ပင့်သက်ရှိုက်လိုက်မိသည်။

သန္တောစွမ်းအင် တာအိုသန္ဓေက အလွန်အစွမ်းထက်ပေသည်။

"မဟာတာအိုလှောင်အိမ်"

ကျန်းစန်းယီက လေထဲသို့ ဖမ်းဆုပ်ဟန်ပြုလိုက်သည်။

ရုတ်တရက်၊ ယောင်ယွဲ့ခုန်း၏ အနီးတစ်ဝိုက်တွင် တားမြစ်ကမ္ပည်း အများအပြား လင်းလက်လာခဲ့၏။

ကောင်းကင်၊ မြေပြင်နှင့် တာအိုအမှတ်အသားများက သံကြိုးများအဖြစ်သို့ ပြောင်းလဲသွားပြီး အချင်းချင်ယှက်သန်းကာ ယောင်ယွဲ့ခုန်းကို ချုပ်နှောင်ရန် လှောင်အိမ်တစ်ခုအဖြစ် ဖွဲ့စည်းသွားတော့သည်။

ထို့နောက်တွင်၊ ကျန်းစန်းယီက သူမ၏ ကျောက်စိမ်းလက်ကို ထပ်မံ ဝှေ့ယမ်းလိုက်ပြန်သည်။

အဆုံးမဲ့တောက်ပသော တာအိုအမှတ်အသားများက၊ အချိန်နှင့်ဟင်းလင်းပြင်ကို ဖြတ်တောက်နိုင်ပုံရသည့် တာအိုဓားသွားများအဖြစ်သို့ ပြောင်းလဲသွားတော့သည်။

မဟာတာအိုဓား။

ဤမြင်ကွင်းကို မြင်ရပြီးနောက် ယောင်ယွဲ့ခုန်း၏ မျက်လုံးထဲမှာ အံ့အားသင့်မှု အရိပ်အမြွက်တို့ ပေါ်လာခဲ့သည်။

ကျန်းစန်းယီ၏ အင်အားကို ဤမျှသန်မာမည်ဟု သူ မမျှော်လင့်ထားပေ။

ပိုးမင်းသမီးလည်း လှုပ်ရှားရန် ဟန်ပြင်လိုက်သည်။

သူမ၏ ဦးခေါင်းနောက်ဘက်မှ ကိုးရောင်ခြယ် နတ်အလင်းစက်ဝိုင်းက ဓားသွားကဲ့သို့ တောက်ပသောအလင်းများ ဖြာထွက်လာခဲ့၏။

"ဝုန်း"

တိုက်ခိုက်မှုနှစ်ခု တွေ့ဆုံပြီးနောက် ‌ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာတော့သည်။

"ကျန်းစန်းယီ၊ နင့်ရဲ့ရွေးချယ်မှုက မိုက်မဲလွန်းတယ်"

ပိုးမင်းသမီး၏ လေသံက လျစ်လျူရှုထားပြီး ထူးခြားမှုမရှိပေ။

ယောင်ယွဲ့ခုန်းလည်း နတ်ဆိုးစွမ်းအင်များဖြင့် ပေါက်ကွဲပြီး လှောင်အိမ်ကို ဖောက်ခွဲပစ်လိုက်သည်။

သူ့မျက်နှာအမူအရာကတော့ သိပ်ပြီး ကြည့်မကောင်းတော့ပါ။

ပိုးမင်းသမီးရှေ့တွင် အင်အားပြချင်သော်လည်း ပိုးမင်းသမီးက သူ့ကို ပြန်ကူညီရမည်ဟု မည်သူက ထင်ထားခဲ့မှာလဲ။

"ငါတို့က ကျန်းစန်းယီကိုပဲ လိုချင်တာပါ။ ယောက်ချီအင်မော်တယ်ကျမ်းနဲ့ အခြား အခွင့်အရေးတွေကို မင်းတို့ ယူလို့ရတယ်။ ဒီလိုဆိုရင် ဘယ်လိုသဘောရလဲ"

လောဘဝံပုလွေဓားပြက ပိုးမင်းသမီးကို ကြည့်လိုက်သည်။

သူတို့၏ အဓိကရည်ရွယ်ချက်မှာ ကျန်းစန်းယီ၏ သန္တောစွမ်းအင် တာအိုသန္ဓေသာ ဖြစ်သည်။

နောက်ပိုင်းတွင် ကျန်းစန်းယီမှတဆင့် ကျွင်းရှောင်ယောက်ကို ပစ်မှတ်ထားလိမ့်မည်။

ပိုးမင်းသမီးလည်း အနည်းငယ်ခေါင်းညိတ်ကာ ပြောလိုက်သည်။

"ကောင်းပြီ"

ထို့နောက်တွင် ပိုးမင်းသမီး၊ ယောင်ယွဲ့ခုန်း၊ လောဘဝံပုလွေဓားပြ၊ တပ်မဟာဖျက်ဓားပြနှင့် သတ္တမသတ်ဖြတ်သူဓားပြ...

လူငါးယောက်က ကျန်းစန်းယီကို ဝိုင်းရံလိုက်ကြသည်။

"ဒီတစ်ခါတော့ ကျန်းမိသားစုရဲ့နတ်သမီး ဒုက္ခရောက်ပြီ"

ပတ်ဝန်းကျင်မှ ပါရမီရှင်များက ပြောလိုက်သည်။

သို့သော်လည်း ကျန်းစန်းယီ၏ မျက်လုံးများတွင် ကြောက်ရွံ့မှုအရိပ်အယောင်မျှ မရှိပေ။

"တိုက်ခိုက်ကြ"

လောဘဝံပုလွေဓားပြနှင့် အခြားသူများက ဦးစွာတိုက်ခိုက်လိုက်သည်။

လောဘဝံပုလွေဓားပြက လကို ဟိန်းဟောက်ခြင်း၊ ကောင်းကင်ယံမှ သွေးဓားနှင့် အခြား လျှို့ဝှက်နည်းလမ်းများကို ထုတ်ဖော်ကာ လူအများကို ထိတ်လန့်စေခဲ့သည်။

သို့သော်လည်း ကျန်းစန်းယီက ဂရုမစိုက်ဘဲ အေးအေးဆေးဆေး ရင်ဆိုင်ခဲ့၏။

အဆုံးမရှိသော တာအိုအလင်းများက သူမ၏ခန္ဓာကိုယ်မှ ပွင့်လန်းကာ တောက်ပနေတော့သည်။

ကျန်းစန်းယီက ကျောက်စိမ်းရေကန်တွင် အပြည့်အဝ နှစ်ခြင်းမခံရသေးသော်လည်း၊ ကပ်ဘေးဖြတ်ကျော်ခြင်း အင်မော်တယ်ကြာပန်းနှင့် ကျောက်စိမ်းရေကန် စွမ်းအား တစ်စိတ်တစ်ပိုင်းကို သန့်စင်နိုင်ခဲ့သည်။

ယခုအချိန်တွင် သူမက အထွတ်အထိပ်သို့ ရောက်ရှိနေခဲ့ပြီ။

"ပန်းပွင့်လေးများရဲ့ဘဝ"

ကျန်းစန်းယီ၏ အဖြူရောင် အဝတ်အစားများက တဖျတ်ဖျတ်ခတ်နေခဲ့သည်။

မရေမတွက်နိုင်သော နှင်းဖြူပန်းပွင့်များက မိုးရေစက်များကဲ့သို့ ကြွေကျလာခဲ့၏။

အနီးကပ်ကြည့်လိုက်လျှင်တော့ ပွင့်ချပ်တစ်ခုစီကို တာအိုလမ်းစဉ်ဖြင့် ပြုလုပ်ထားကြောင်း မြင်တွေ့ရလိမ့်မည်။

ယင်းက ပန်းပွင့်မိုးရွာခြင်း ဖြစ်သည်။

"ဝုန်း... ဝုန်း... ဝုန်း"

ပွင့်ချပ်တစ်ခုစီက တောင်တန်းတစ်ခုကို ချက်ချင်း ကွဲကြေစေရန် လုံလောက်သည်။ မြေပြင်တစ်ခုလုံးက အပေါက်များနှင့် ပြည့်နေတော့သည်။

လောဘဝံပုလွေဓားပြနှင့် အခြားသူများ ပါးစပ်မှ သွေးများအန်ထွက်လာခဲ့ကြသည်။

ယောင်ယွဲ့ခုန်းလည်း တုန်လှုပ်သွား၏။

ပိုးမင်းသမီးလည်း နောက်သို့ နောက်သို့ ခြေတစ်လှမ်း ဆုတ်သွားရတော့သည်။ သူမ၏ မျက်လုံးများက အ‌လင်းရောင်တဖျတ်ဖျတ် လင်းလက်နေပြီး ကျန်းစန်းယီ၏ အချက်အလက်များကို စူးစမ်းလိုက်သည်။

"မင်းက သေခါနီးတာတောင် ရုန်းကန်နေတုန်းပဲ"

လောဘဝံပုလွေဓားပြနှင့် အခြားသူများလည်း ဆူပွက်သွားသော သွေးများကို ငြိမ်သက်စေကာ အေးစက်စက်ဖြင့် ပြောလိုက်သည်။

"ငါပြောပြီးပြီ၊ ဒီနေ့ နင်တို့သေရလိမ့်မယ်"

ကျန်းစန်းယီက ပြောလိုက်သည်။ သူမ ခြေတစ်ချက်လှမ်းလိုက်တိုင်း ကြာပန်းများ ပွင့်လန်းလာခဲ့၏။

သူမ၏အရှိန်က အလွန်မြန်ပြီး ဓားပြသုံးယောက်ရှေ့တွင် ခဏချင်း ပေါ်လာတော့သည်။

ထို့နောက် ကျန်းစန်းယီက သူမ၏လက်ကို မြှောက်ကာ သန္တောစွမ်းအင် တာအိုသန္ဓေ စွမ်းအားဖြင့် ထုတ်ဖော်လိုက်သည်။

အဆုံးစွန် မဟာတာအိုစွမ်းအားက တဟုန်းဟုန်းတောက်နေသော နတ်အလင်းများနှင့်အတူ ထွက်ပေါ်လာခဲ့၏။

နောက်ဆုံးတွင်၊ သူမ၏လက်ထဲမှာ မဟာတာအို ရတနာပုလင်းအဖြစ် ပြောင်းလဲသွားစေတော့သည်။

ရတနာပုလင်း လည်ပတ်လာသည်နှင့်အမျှ အဆုံးမဲ့ တာအိုကမ္ပည်းများ ရောယှက်လာတော့သည်။

ပုလင်းဝက တွင်းနက်တစ်ခုကဲ့သို့ အရာအားလုံးကို ကြေမွကွဲကြေစေခဲ့သည်။

ယင်းက ‌သန္တောစွမ်းအင် တာအိုသန္ဓေ၏ အစွမ်းထက် နည်းလမ်းတစ်ခု ဖြစ်သည်။ ယင်းမှာ အလွန်တုန်လှုပ်စရာကောင်း၍ ထိပ်သီး တားမြစ်ပါရမီရှင်များပင်လျှင် သတိထားရလိမ့်မည်။

"နောက်ဆုတ်"

လောဘဝံပုလွေဓားပြက အော်ဟစ်လိုက်သည်။

သို့သော်လည်း ခြေလှမ်းနောက်ကျနေသေးသည်။

ဓားပြသုံးယောက်တွင် သတ္တမသတ်ဖြတ်သူဓားပြမှာ ရတနာပုလင်းထဲသို့ စုပ်ယူခံလိုက်ရသည်။

သူ့မှာ အော်ဟစ်ရန်ပင် အချိန်မရှိဘဲ အမှုန်အမွှားများထက် ပို၍သေးငယ်သည့် အမှုန်များအဖြစ်သို့ ပြောင်းလဲသွားတော့သည်။

အရာအားလုံး တိတ်ဆိတ်သွားခဲ့သည်။

ပိုးမင်းသမီးလည်း ကြောက်ရွံ့နေသော မျက်လုံးများနှင့် စူးစိုက်ကြည့်လိုက်၏။

နှင်းဖြူ အဝတ်အစားများနှင့် ကျန်းစန်းယီက အင်မတန် လှပသည်။ သို့သော်လည်း လှပကာ ပျော့ညံ့ပုံရသလောက် အင်မော်တယ်များကိုပင် သတ်ဖြတ်နိုင်သော အငွေ့အသက်တို့ ထွက်ပေါ်နေတော့သည်။

All Chapters