← Chapters

အခန်း ၇၈၀

Vol. 52 Ch. 780

အခန်း ၇၈၀

Vol. 52 Ch. 780

အခန်း ( ၇၈၀ ) ခက်ခဲသော အခြေအနေ၊ ကျူးရှန်းဓားပြ ရွယ်ယွဲ့ ထွက်ပေါ်လာခြင်း။

ဤအခိုက်တွင် ကျန်းစန်းယီက အလွန်ရဲရင့်သည်။

သူသည် လှပသော မိန်းကလေးတစ်ယောက်ဖြစ်သည်မှာ သိသာထင်ရှားသော်လည်း ယခုအခါ စစ်နတ်ဘုရားမတစ်ဦးကဲ့သို့ ဖြစ်နေခဲ့၏။

ဓားပြသုံးယောက်ထဲမှ တစ်ယောက်ဖြစ်သည့် သတ္တမသတ်ဖြတ်သူ ဓားပြကိုပင် ခဏချင်း သတ်ဖြတ်ပစ်လိုက်သည်။

ကျန်းစန်းယီက ယခုအခါ ဝိုင်းရန် တိုက်ခိုက်ခံနေရခြင်းဖြစ်ကြောင်း သိထားရလိမ့်မည်။

ဤအခြေအနေမျိုးမှာပင် လူတစ်ဦးကို သတ်နိုင်ခြင်းက သူမ၏ အင်အားကို သက်သေပြရန် လုံလောက်သည်။

သူမက ကွဲကြေလွယ်သော ကြွေပန်းအိုးမဟုတ်ပါ။

ကျွင်းရှောင်ယောက်ကိုချည်း အားကိုးနေရသူ မဟုတ်ပေ။

သူမ တစ်ယောက်တည်းဖြစ်လည်း အောင်မြင်မှုရယူရန် လုံလောက်သည်။

"ချီးပဲ၊ မင်းတို့ အစွမ်းကုန်မလုပ်ရင် မင်းလိုချင်တာကို ရနိုင်မှာ မဟုတ်ဘူးနော်"

လောဘဝံပုလွေဓားပြ၏ မျက်နှာအမူအရာက မည်းမှောင်သွားကာ ပိုးမင်းသမီးကို လှည့်ကြည့်လိုက်သည်။

"နင်ပြောစရာမလိုဘူး"

ပိုးမင်းသမီးက အေးစက်စက်ဖြင့် ပြောလိုက်၏။

အမှန်အတိုင်း ပြောရလျှင်၊ ကျန်းစန်းယီ၏ အင်အားက သူ မျှော်မှန်းထားသည်ထက် အမှန်တကယ် ကျော်လွန်သွားခဲ့သည်။

မူလက၊ သူမ သိပ်ပြီးမလှုပ်ရှားလျှင်ပင် ကျန်းစန်းယီကို ဖိနှိပ်နိုင်သင့်သည်ဟု ထင်ထားခဲ့ပေသည်။

ပိုးမင်းသမီးလည်း လှုပ်ရှားလိုက်သည်။ ကိုးရောင်ခြယ် နတ်အလင်းစက်ဝိုင်းက အလင်းများ ဖြာထွက်လာပြီး မိုးနှင့်မြေကို ပျက်သုဉ်းသွားစေခဲ့၏။

ယောင်ယွဲ့ခုန်းလည်း လှုပ်ရှားလာကာ နတ်ဆိုးအရှိန်အဝါများနှင့် ကမ္ဘာကြီးကို တုန်ခါနေစေတော့သည်။

လောဘဝံပုလွေဓားပြနှင့် တပ်မဟာဖျက်ဓားပြတို့ကလည်း အများကြီးမပြောတော့ဘဲ အင်အားအပြည့်ဖြင့် တိုက်ခိုက်လိုက်ကြသည်။

ရုတ်တရက်၊ လူလေးယောက်အဖွဲ့က ကျန်းစန်းယီကို ဖိနှိပ်လာခဲ့၏။

ပိုးမင်းသမီးက အမှန်တကယ်လှုပ်ရှားပြီး တိုက်ပွဲတွင် ပါဝင်လာသောအခါ အခြေအနေများ ချက်ချင်း ပြောင်းလဲသွားတော့သည်။

ပိုးမင်းသမီးက အသွင်ပြောင်းခြင်း ကိုးခု နတ်ပိုးကောင် ဖြစ်သည်။ သူမ၏ခွန်အားက အံ့ဖွယ်ဖြစ်ပြီး အဆုံးစွန်ရှေးဟောင်းလမ်း တစ်ခုလုံးမှာပင် အလွန် ကျော်ကြားပြီး အံ့မခန်း ဖြစ်သေးသည်။

ယောင်ယွဲ့ခုန်း၊ တပ်မဟာဖျက်ဓားပြနှင့် လောဘဝံပုလွေဓားပြတို့ ရှိနေခြင်းကို မဆိုထားနှင့်...

သူမ တစ်ယောက်တည်းက ကျန်းစန်းယီကို ရင်ဆိုင်ထားရန် လုံလောက်သည်။

အခြေအနေက ချက်ချင်းပင် ဆိုးရွားလာခဲ့သည်။

ကျန်းစန်းယီ၏ ခန္ဓာကိုယ်က တုန်ယင်သွားပြီး အထပ်ထပ် ဆုတ်သွားခဲ့ရသည်။

"ကျန်းစန်းယီ၊ မလိုလားအပ်တဲ့ ရုန်းကန်မှုတွေ မလုပ်ပါနဲ့။ ယောက်ချီအင်မော်တယ်ကျမ်းကို လွှဲပေးလိုက်မယ်ဆိုရင် နောက်လှည့်ဖို့ နေရာရှိသေးတယ်"

ပိုးမင်းသမီးက အေးစက်စက်ဖြင့် ပြောလိုက်သည်။

"အိပ်မက် မက်နေလိုက်"

ကျန်းစန်းယီက အေးစက်စက်ဖြင့် ပြောသည်။

"ဒါဆိုရင် ဒီမင်းသမီးကို အပြစ်မတင်တော့နဲ့။ မိုးမြေကျော့ကွင်း"

ပိုးမင်းသမီးက သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။ နတ်ဘုရားစွမ်းအင်က ကိုးရောင်ခြယ်အလင်းများအဖြစ် ပေါက်ကွဲထွက်လာခဲ့၏။

ထို့နောက်မှာတော့ အလင်းရောင်ကိုးမျိုး တောက်ပနေပြီး မိုးနှင့်မြေကို ဖုံးအုပ်ထားသည့် ကိုးရောင်ကျော့ကွင်းအဖြစ် ပြောင်းလဲသွားသကဲ့သို့၊ တစ်ခုနှင့်တစ်ခု ရောယှက်နေသော မရေမတွက်နိုင်သည့် ပိုးချည်မျှင်များအဖြစ်သို့ ကွဲထွက်သွားတော့သည်။

ဤကျော့ကွင်းတွင် တစ်ကမ္ဘာလုံးနီးပါး ပါဝင်နိုင်သည်။

ဤသည်မှာ ကောင်းကင်ပိုးတောင်ကြား၏ အံ့ဖွယ် နတ်ဘုရားသိုင်းတစ်ခုပင်။

အရာအားလုံးကို ဖမ်းယူပြီးနောက် သန့်စင်မည်။

ကျန်းစန်းယီလည်း လှုပ်ရှားလိုက်သည်။ မဟာတာအို ရတနာပုလင်းက ပိုးမင်းသမီး၏ တိုက်ခိုက်မှုကို ဖယ်ရှားရန် တာအိုကမ္ပည်းများစွာတို့ ထွက်ပေါ်လာခဲ့၏။

ယောင်ယွဲ့ခုန်းနှင့် အခြားသူများကတော့ ကျန်းစန်းယီကို တားဆီးရန် လုပ်ဆောင်ကြတော့သည်။

အခြေအနေက ကျန်းစန်းယီအတွက် အလွန်ခက်ခဲလာခဲ့သည်။

ယင်းကိုမြင်တော့ ပါရမီရှင်များစွာတို့ သက်ပြင်းချလိုက်သည်။

ကျန်းစန်းယီ၏ စွမ်းဆောင်မှုက သူမ၏ ဂုဏ်သတင်းနှင့် ထိုက်တန်ပေသည်။

သို့သော်လည်း ဤအခြေအနေမျိုးတွင် ထိပ်တန်း တားမြစ်ပါရမီရှင်များပင် လွယ်ကူကြမည် မဟုတ်ပေ။

လူတိုင်းက ပြိုင်ဘက်အရေအတွက်ကို လုံးဝလျစ်လျူရှုပြီး အားလုံးကို တပြိုင်နက်တည်း သုတ်သင်နိုင်သော ကျွင်းရှောင်ယောက်ကဲ့သို့ မဖြစ်နိုင်ပါ။

ထိုသို့သော ဝိုင်းရံမှုအောက်တွင်၊ ကျန်းစန်းယီကဲ့သို့ သန်မာသူတစ်‌ဦီးပင်လျှင် ချောင်းဆိုးပြီး သွေးများ အန်ထွက်လာခဲ့ရသည်။

သူမ၏ အဖြူရောင် ဝတ်စုံမှာလည်း အနီရောင် အစက်အပြောက်များကဲ့သို့ သွေးစက်များက စွန်းထင်းလာတော့သည်။

"ကျန်းမိသားစုရဲ့ မိန်းမတွေက တကယ်ခေါင်းမာတာပဲ"

လောဘဝံပုလွေဓားပြလည်း တိတ်တဆိတ် ကျိန်ဆဲလိုက်သည်။

ကျန်းလော့လီဖြစ်ဖြစ်၊ ကျန်းစန်းယီဖြစ်စေ... သူတို့အားလုံး အလွန်ခေါင်းမာပြီး ဘယ်တော့မှ အရှုံးမပေးကြပေ။

ကျွင်းရှောင်ယောက်အပြင် သူတို့ကို နာခံနိုင်သူ မရှိပါ။

"ကမ္ဘာဖျက်ကျော့ကွင်း"

ပိုးမင်းသမီးက သူမ၏လက်ကိုဆန့်ကာ လေထဲကို ဖမ်းဆုပ်လိုက်သည်။

ခဏချင်းပင်၊ ကိုးရောင်ခြယ်ကွန်ရက်တစ်ခုက အလင်းရောင်ကိုးခု နတ်မီးတောက်များ တောက်လောင်လာတော့သည်။

အသေချာကြည့်လိုက်ပါက၊ ထိုနတ်မီးတောက်များမှာ တကယ်တမ်း အဆုံးမရှိသော တာအိုကမ္ပည်းများနှင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။

ယင်းက ကျန်းစန်းယီကို ပိတ်လှောင်ပြီး အရည်ဖျော်ပစ်မည့် မီးပြင်းဖိုကြီးတစ်ခုကဲ့သို့ပင်။

"အမြင့်မြတ်ဆုံး ရတနာအိုး တံဆိပ်တော်"

ကျန်းစန်းယီက လက်ဝါးဖြန့်ပြီး တွန်းထုတ်လိုက်ရာ မဟာတာအို ရတနာအိုးက အံ့ဩဖွယ်ကောင်းအောင် နတ်တံဆိပ်တော်တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။

တံဆိပ်တော် ပေါက်ကွဲပြီးနောက် ဟင်းလင်းပြင်ကို ဖိနှိပ်လိုက်၏။

ကောင်းကင်တစ်ခွင်ကို ဖုံးလွှမ်းနေသော ပိုးချည်မျှင်များ တိုက်ရိုက်ကွဲထွက်သွားတော့သည်။

"ဝုန်း"

ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာခဲ့သည်။

တစ်ချိန်တည်းမှာပင် နှစ်ဖက်စလုံး ဆုတ်ခွာသွားကြ၏။

ကျန်းစန်းယီ၏ နူးညံ့သော ခန္ဓာကိုယ်ကလေးက တုန်ခါသွားပြီး သွေးတစ်ပွက်ကို ထပ်မံအန်ထုတ်လိုက်ရတော့သည်။

သို့သော် ဤအခိုက်တွင်၊ ယွီချင်းနင်၏ အသံက ကျန်းစန်းယီ၏စိတ်ထဲတွင် ရုတ်တရက် ထွက်ပေါ်လာသည်။

"စန်းယီ၊ မင်းနောက်မှာ သတိထား"

"ဟင်"

ကျန်းစန်းယီ၏ နှလုံးသားမှာလည်း တင်းကျပ်လာခဲ့သည်။

သူ့နောက်ဘက်မှ လေဟာပြင်က စက္ကူကဲ့သို့ ရုတ်တရက် ဆုပ်ပြဲသွား၏။

သွယ်လျသော ရုပ်သွင်တစ်ခု ထွက်ပေါ်လာတော့သည်။

ဒဏ္ဍာရီလာ သေမင်းနတ်ဘုရားကဲ့သို့ သူ့လက်ထဲတွင် အနက်ရောင်တံစဉ်ကောက်တစ်ချောင်းကို ကိုင်ထားသည်။

တံစဉ်က လေထုကိုထိုးဖောက်၍ ထွက်ပေါ်လာခဲ့သည်။

ရုတ်တရက် ဖြစ်ပေါ်လာသော အခြေအနေကြောင့် ကျန်းစန်းယီပင် ခဏချင်း မခုခံနိုင်တော့ပါ။

သူ့ခန္ဓာကိုယ်ကို ယိမ်းနွဲ့ပြီး အကောင်းဆုံး ရှောင်ရှားရန် ကြိုးစားလိုက်သည်။

"ရွှပ်"

သို့တိုင် မလွတ်မြောက်တော့ပေ၊ တံစဉ်က ကျန်းစန်းယီ၏ နောက်ကျောကိုဖြတ်သွားကာ သွေးများ ဖြာရဲသွားတော့သည်။

"အဟွတ်... အဟွတ်"

ကောင်းကင်မှ ပြုတ်ကျသွားပြီးနောက် ကျန်းစန်းယီ၏ မျက်နှာက စာရွက်တစ်ရွက်လို ဖြူဖျော့သွားသည်။

သူမ၏ နောက်ကျောမှာလည်း အရိုးဖြူဖြူများ မြင်နေရသော ဒဏ်ရာကြီးတစ်ခု ရှိ၏။

ကံကောင်းထောက်မစွာဖြင့်၊ ကျန်းစန်းယီ၏ ခန္ဓာကိုယ်သည် ကျွင်းရှောင်ယောက်၏ ရှေးဟောင်းမြင့်မြတ်ခန္ဓာ သွေးအနှစ်သာရဖြင့် သန့်စင်ပြောင်းလဲမှုတို့ ရှိခဲ့သည်။

မဟုတ်ပါက၊ ဤတိုက်ခိုက်မှုဟာ ကျန်းစန်းယီ၏ ခန္ဓာကိုယ်ကို ထက်ပိုင်းဖြတ်သွားနိုင်လောက်သည်။

ရုတ်တရက်ဆန်သော ဤမြင်ကွင်းက အားလုံးကို အံ့အားသင့်စေခဲ့ပေသည်။

ဤအချိန်မျိုးတွင် ခိုးကြောင်ခိုးဝှက် တိုက်ခိုက်သူ ရှိဦးမည်ဟု မည်သူက ထင်ထားခဲ့မှာလဲ။

အားလုံး၏ မျက်လုံးအကြည့်က ရုတ်တရက် ပေါ်လာသော ရုပ်သွင်ပေါ်သို့ ကျရောက်သွားခဲ့သည်။

ထိုအခါ အံ့ဩသွားကြရပြန်သည်။

‌

ကောင်မလေးတစ်ယောက်။

ထိုမိန်းကလေးက မိုးမခပင်ကဲ့သို့ သေးသေးသွယ်သွယ်လေး ဖြစ်သည်။ သူက အနက်ရောင်ပိုးသားဝတ်စုံကို ၀တ်ဆင်ထားကာ အနက်ရောင်ဆံပင်ရှည်များကို ရေတံခွန်ကဲ့သို့ ဖြန့်ချထား၏။

သူမ၏ ခြေလက်များက သေးသွယ် နုနယ်ပြီး အရေပြားများကလည်း ဖောက်ထွင်းမြင်ရသလို ဖြူဖျော့သည်။

သူမ၏ လက်နှစ်ဖက်နှင့် ခြေသလုံးသားလေးများမှာလည်း ပိတ်ပါးစတချို့ဖြင့် ပတ်စီးထားသေးသည်။ သူမ၏ လက်ထဲမှာတော့ သူ့အရပ်ထက်ရှည်သော သေမင်း၏ တံစဉ်‌ကောက်တစ်ချောင်းကို ကိုင်ထားသည်။

သူ့မျက်နှာမှာမူ ရှုံ့မဲ့ပြီး ငို‌သလို၊ ရယ်နေသလို ပုံစံရသည့် မျက်နှာဖုံးကို ၀တ်ထား၏။

သူမကိုကြည့်ရသည်မှာ အမှောင်ယံညမှ နတ်ဆိုးတစ်ကောင်ကဲ့သို့ပင်။

အနက်ရောင်နှင်းဆီကဲ့သို့၊ လူတို့အား ဆိုးရွားစွာ လှပပြီး သေစေတတ်သော အသွင်အပြင်ကို သယ်ဆောင်ထားသည်။

"ခေါင်းဆောင် ရွယ်ယွဲ့"

မိန်းကလေးကို မြင်ရပြီးနောက် လောဘဝံပုလွေဓားပြနှင့် တပ်မဟာဖျက်ဓားပြတို့ အနည်းငယ် စိတ်လှုပ်ရှားသွားသည်။

ဤနေရာတွင် ပေါ်လာသော မိန်းကလေးက ဓားဆယ့်သုံးဦး၏ ခေါင်းဆောင်၊ ကျူးရှန်းဓားပြ ရွယ်ယဲ့သည်ပင်။

"ဘာ၊ သူက ဒဏ္ဍာရီလာ ကျူးရှန်းဓားပြလား"

လောဘဝံပုလွေဓားပြနှင့် တပ်မဟာဖျက်ဓားပြတို့၏ စကားကိုကြားတော့ အားလုံး၏ မျက်နှာများမှာ အံ့ဩခြင်းတို့ ပြည့်နှက်သွားခဲ့သည်။

ဒဏ္ဍာရီလာ ကျူးရှန်းဓားပြက ရက်စက်ကြမ်းကြုတ်သော လူထွားကြီး သို့မဟုတ် အလွန်အေးစက်သော နတ်ဆိုးဖြစ်သင့်သည်ဟု သူတို့ ထင်မှတ်ခဲ့ကြသည်။

သို့ရာတွင် ဓားပြဆယ့်သုံးပါး၏ ရက်စက်ကြမ်းကြုတ်သော ခေါင်းဆောင်က အမှန်တကယ် ငယ်ရွယ်သော မိန်းကလေးတစ်ဦး ဖြစ်နေမည်ဟု မည်သူထင်ထားခဲ့မည်နည်း။

သို့သော်လည်း ဤမိန်းကလေးက သေခြင်းတရားရဲ့ အရှိန်အဝါတို့ ထုတ်လွှတ်နေခဲ့သည်။

"ကျူးရှန်းဓားပြ"

ကျန်းစန်းယီ လှမ်းကြည့်လိုက်သည်။ သူမ၏ နှုတ်ခမ်းထောင့်မှ သွေးများစီးကျနေခဲ့သည်။ သူ့နောက်ကျောမှ ဆိုးရွားသော ဒဏ်ရာမှာလည်း သွေးများ မရပ်မနား ထွက်နေ၏။

ကျူးရှန်းဓားပြ ရွယ်ယွဲ့၏ ခိုးဝင်တိုက်ခိုက်မှုက သူမကို ပြင်းထန်စွာ ဒဏ်ရာရရှိစေခဲ့သည်။

ကျူးရှန်းဓား ရွယ်ယွဲ့က ပေါ်လာပြီးနောက် ကောင်းကင်တွင် ငြိမ်သက်စွာ ရပ်နေခဲ့သည်။

ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားပြီးနောက် မည်သူမျှ အသံမထွက်ဝံ့တော့ပေ။

ရှုံ့မဲ့နေသော မျက်နှာဖုံးအောက်မှ ရွယ်ယွဲ့၏‌ အေးစက်စက် အကြည့်များကတော့ ကျန်းစန်းယီပေါ်တွင်သာ ကျရောက်နေခဲ့သည်။

ယင်းမှာ မုဆိုးက သူ့သားကောင်ကို စိုက်ကြည့်နေသော အကြည့်မျိုးပင်။

"နင့်ရဲ့ သန္တောစွမ်းအင် တာအိုသန္ဓေကို ငါဆုံးဖြတ်မယ်"

ရွယ်ယွဲ့၏ စကားသံက သာလွန်ပြီး အေးစက်သော နှင်းရည်စက်ကဲ့သို့ ထွက်ပေါ်လာခဲ့သည်။

စကားသံဆုံးသည်နှင့် တပြိုင်နက်၊ ရွယ်ယွဲ့က ခြေလှမ်းလိုက်၏။

သူမ၏ သေးသွယ်သော ပုံရိပ်က တစ္ဆေတစ်ကောင်ကဲ့သို့ ကျန်းစန်းယီရှေ့ကို ခဏချင်း ရောက်လာတော့သည်။

သူမ၏လက်မှ သေမင်း တံစဉ်ကောက်ကလည်း သေမင်းအရိပ်ကဲ့သို့ ကျရောက်လာခဲ့သည်။

ကျန်းစန်းယီက ခုခံရန် လှုပ်ရှားလိုက်သော်လည်း သွေးတစ်ပွက်ကို အန်နေရဆဲပင်။

ယင်းကိုမြင်တော့ တပ်မဟာဖျက်ဓားပြနှင့် လောဘဝံပုလွေဓားပြကလည်း လှုပ်ရှားလိုက်သည်။

ယောင်ယွဲ့ခုန်းကပါ တိုက်ခိုက်လိုက်၏။

'ကျူးရှန်းဓားပြက တကယ့်ကို ကြောက်စရာကောင်းတဲ့ တည်ရှိမှုတစ်ခုပဲ ဒါပေမဲ့ ဒီနည်းနဲ့ ကျန်းစန်းယီ သေချာပေါက် သေလိမ့်မယ်'

ပိုးမင်းသမီး သူ့ဘာသာသူ တွေးလိုက်သည်။

ကျူးရှန်းဓားပြ၏ အရှိန်အဝါများက သူမကို အနည်းငယ် တုန်လှုပ်စေခဲ့သည်။

ဤသည်မှာ သေချာပေါက် အထွတ်အထိပ် တားမြစ်ပါရမီရှင် အဆင့်ပင်။

သို့သော်လည်း ပိုးမင်းသမီးကို အံ့အားသင့်စေသည်မှာ ရွယ်ယွဲ့ထံမှ ရောထွေးနေသော အငွေ့အသက်များစွာကို ခံစားလိုက်ရခြင်း ဖြစ်သည်။

ယင်းမှာ၊ အမျိုးမျိုးသော အသွေးအသားများနှင့် တာအိုခန္ဓာများ ပေါင်းစပ်ထားသည့် ခံစားချက်ကဲ့သို့ပင်။

ယင်းက ပိုးမင်းသမီးကို အနည်းငယ် ထိတ်လန့်စေခဲ့သည်။

သူက ဘယ်လိုလမ်းစဉ်မျိုးကို လျှောက်လှမ်းနေသနည်း။

All Chapters