← Chapters

အခန်း ၇၈၁

Vol. 53 Ch. 781

အခန်း ၇၈၁

Vol. 53 Ch. 781

အခန်း ( ၇၈၁ ) ရွယ်ယွဲ့၏ ကြောက်စရာကောင်းသော နည်းလမ်းများ၊ ငါ ကျွင်းရှောင်ယောက်ရဲ့ မိန်းမကို ထိဝံ့တယ်၊ မင်းတို့ သေချင်နေပြီပဲ။

ဓားပြဆယ့်သုံးယောက်၏ ခေါင်းဆောင်နှင့် ပတ်သက်ပြီး လူများဟာ အမျိုးမျိုး ခန့်မှန်းထားခဲ့သည်။

သို့သော်လည်း ယခုအချိန်မှာတော့ အခြေအနေဟာ လူတိုင်း၏ မျှော်လင့်ချက်ထက် သာလွန်သွားခဲ့ပြီ။

ကောလဟာလများ အမျိုးမျိုး ထွက်ပေါ်နေသည့် ကျူးရှန်းဓားပြက ငယ်ရွယ်သော မိန်းကလေးတစ်ယောက် ဖြစ်နေသောကြောင့်သာ မဟုတ်ပါ။

သူမ၏ ခွန်အားက ပို၍ပင် ပြင်းထန်လှပြီး လူများကို တုန်လှုပ်စေခဲ့သည်။

"ဓားပြဆယ့်သုံးယောက်က တာအိုခန္ဓာ အမျိုးမျိုးနဲ့ အဖိုးတန်သွေးမျိုးဆက် အမျိုးမျိုးတို့ကို စုဆောင်းနေခဲ့တယ်လို့တော့ ငါကြားပါတယ်။ အခုတော့ သူတို့အားလုံးကို ကျူးရှန်းဓားပြ သန့်စင်ထားပုံပဲ"

"ဒါက ဖြစ်သင့်တယ်။ သူ့အရှိန်အဝါက အရမ်းအစွမ်းထက်ပေမဲ့ နည်းနည်းရောထွေးနေတယ်"

"ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ၊ တစ်ယောက်ယောက်က ဒီလောက်များတဲ့ တာအိုခန္ဓာနဲ့ သွေးတွေကို ဘယ်လိုလုပ်ပြီး သန့်စင်နိုင်မှာလဲ"

ကျူးရှန်းဓားပြ ရွယ်ယွဲ့၏ ကျင့်ကြံမှုလမ်းစဉ်က ရှိနေသူ ပါရမီရှင် အများအပြားကို ထိတ်လန့်တုန်လှုပ်စေခဲ့သည်။

ယင်းက သတ်ဖြတ်ခြင်းနှင့် စွန့်စားခြင်း လမ်းစဉ်တစ်ခုပင်။

ရွယ်ယွဲ့သည် ဆက်လက် တိုးတက်လိုပါက လူများစွာကိုသတ်ပြီး တာအိုခန္ဓာနှင့် သွေးမျိုးဆက်များကို ပို၍ ရှာဖွေနေ‌ရမည် ဖြစ်သည်။

"သူက ကျန်းမိသားစုရဲ့ နတ်သမီးကို လှုပ်ရှားလာတာ အံ့သြစရာတော့ မရှိပါဘူး။ သန္တောစွမ်းအင် တာအိုသန္ဓေက ထိပ်တန်း တာအိုခန္ဓာတွေထဲက တစ်ခုပဲ‌လေ"

ပတ်ဝန်းကျင်မှ ပါရမီရှင်များလည်း ကျူးရှန်းဓားက ကျန်းစန်းယီအနောက်သို့ လိုက်နေရသည့် အကြောင်းရင်းတချို့ကို နားလည်ခဲ့ကြသည်။

ကျန်းစန်းယီက ရွယ်ယွဲ့အတွက် အားဆေးကြီးတစ်မျိုးပင်။

"ကျူးရှန်းဓားပြသာ သန္တောစွမ်းအင် တာအိုသန္ဓေကို ရရှိပြီး ရှေးဟောင်းမြင့်မြတ်ခန္ဓာ အနှစ်သာရကိုပါ ရရှိခဲ့မယ်ဆိုရင်..."

လူအတော်များများက မနေနိုင်ဘဲ တွေးလိုက်မိသည်။

တကယ်သာ အောင်မြင်ခဲ့ပါက ရွယ်ယွဲ့ဟာ ဤခေတ်မှာ အထူးချွန်ဆုံး ဖြစ်တည်မှုတစ်ခု ဖြစ်လာပေလိမ့်မည်။

"နင်က ရှောင်ယောက်ကို ပစ်မှတ်ထားနေတဲ့သူပေါ့"

ကျန်းစန်းယီက နောက်ကျောမှ နာကျင်မှုကို အံကြိတ်ခံပြီး ထရပ်လိုက်သည်။ ရေခဲတမျှ အေးစက်နေသော မျက်လုံးများနှင့် ကောင်းကင်ယံမှ ပုံရိပ်ကို မော့ကြည့်လိုက်၏။

"နင်ကော ကျွင်းရှောင်ယောက်ပါ နှစ်ယောက်လုံး သေလိမ့်မယ်..."

ရွယ်ယွဲ့က ထူးခြားမှုမရှိဘဲ အေးစက်သောလေသံဖြင့် ပြောလိုက်သည်။

"အတင့်ရဲလိုက်တာ"

ကျန်းစန်းယီ အော်ဟစ်လိုက်သည်။ ချက်ချင်းပင်၊ နတ်ဘုရားစွမ်းအင်စုစည်းကာ တာအိုစွမ်းအားကို လွန်ကဲစွာ ထုတ်ဖော်လိုက်၏။

သူမ၏ ပတ်ဝန်းကျင်၌ မရေမတွက်‌နိုင်သော တာအိုအမှတ်အသားများ ထွက်ပေါ်လာကာ နေရာတစ်ခုလုံးကို ပိတ်လှောင်ရန် ကောင်းကင်သို့ ထိုးတက်သွားတော့သည်။

ရွယ်ယွဲ့လည်း လှုပ်ရှားလိုက်သည်။ သူ့လက်ထဲမှ သေမင်း တံစဉ်ကောက်ကလည်း ဧကရာဇ်လက်နက်တစ်ခု၏ အငွေ့အသက်တို့ ရုတ်ခြည်း ထွက်ပေါ်လာခဲ့၏။

သေမင်းတံစဉ်ကို လွှဲခုတ်လိုက်သည်နှင့် တာအိုအမှတ်အသား သံကြိုးများ ပြတ်တောက်သွားကာ ဆူညံသံများ ထွက်ပေါ်လာတော့သည်။

"ခေါင်းဆောင် ရောက်နေပြီဆိုမှတော့ ဒီနေ့ ရလဒ်နဲ့ပတ်သက်ပြီး တွေးနေစရာတောင် မလိုတော့ဘူး"

တပ်မဟာဖျက်ဓားပြက လှောင်ပြောင်လိုက်သည်။

ရွယ်ယွဲ့မရှိလျှင်ပင် ကျန်းစန်းယီက အားနည်းချက်တစ်ခု ဖြစ်နေသေးသည်။

ယခုကဲ့သို့ ရွယ်ယွဲ့ ရောက်နေချိန်မှာတော့ ကျန်းစန်းယီ၏ သန္တောစွမ်းအင်တာအိုသန္ဓေကို လုယူရန် ရလဒ်က အထူးပြောစရာမလိုတော့ပေ။

ထို့နောက်တွင် လောဘဝံပုလွေဓားပြ၊ တပ်မဟာဖျက်ဓားပြ၊ ပိုးမင်းသမီးနှင့် ယောင်ယွဲ့ခုန်းတို့ကလည်း ထပ်မံလှုပ်ရှားခဲ့ကြသည်။

သူတို့အပြင် ကြောက်စရာကောင်းလောက်အောင် အစွမ်းထက်ပြီး လျှို့ဝှက်ဆန်းကြယ်သော ကျူးရှန်းဓားပြလည်း ရှိသေးသည်။

ကျန်းစန်းယီမှာ ချက်ချင်း ပြင်းပြင်းထန်ထန် ဖိနှိပ်ခံခဲ့ရသည်။

ခုခံရန်ပင် မလွယ်တော့ပေ။

ထိုအထဲတွင် ပိုးမင်းသမီးနှင့် ရွယ်ယွဲ့တို၏ နည်းလမ်းများက အံ့ဖွယ်ကောင်းသည့် နည်းလမ်းများရှိပြီး ကျန်းစန်းယီ၏ အခြေအနေကို ပို၍ ဆိုးရွားစေခဲ့သည်။

"စန်းယီ..."

ကျန်းစန်းယီ၏ စိတ်ထဲတွင် ယွီချင်းနင်၏ စိုးရိမ်ပူပန်နေသောအသံ ထွက်ပေါ်လာသည်။

ဒဏ်ရာဒဏ်ချက်များနှင့် သွေးများ စွန်းထင်းနေသော ကျန်းစန်းယီကိုကြည့်ကာ ယွီချင်းနင် အလွန် နာကျင်သွားမိသည်။

"ဆရာ၊ ဒါက စန်းယီရဲ့ ကိုယ်ပိုင်ရွေးချယ်မှုပါ။ ဒီအတွက် နောင်တမရပါဘူး"

ကျန်းစန်းယီက စိတ်ထဲမှ ပြန်ပြောလိုက်သည်။

ဧကရာဇ်သင်္ချိုင်းကြယ်၏ နိယာမများကြောင့် ယွီချင်းနင်မှ သူမကိုကူညီရန် မလွယ်ကူကြောင်းလည်း သိထားပြီးသားပင်။

"ဝုန်း"

နောက်ထပ် တိုက်ခိုက်မှုတစ်ခုကို ရင်ဆိုင်မိပြီးနောက် ကျန်းစန်းယီ၏ခန္ဓာမှာ အတောင်ကျိုးသွားသော လိပ်ပြာတစ်ကောင်ကဲ့သို့ လွင့်စဉ်သွားခဲ့သည်။

သူမတစ်ကိုယ်လုံးမှာလည်း ဒဏ်ရာများ ပြည့်နှက်နေခဲ့ပြီ။

"ရှေးဟောင်းလမ်းမှာ နာမည်ဂုဏ်သတင်းကျော်ကြားတဲ့ ကျန်းမိသားစုရဲ့ နတ်ဘုရားမအတွက် ဒီလိုနေ့မျိုး ရှိလာမယ်လို့ ဘယ်သူက ထင်ထားခဲ့မှာလဲ"

ယောင်ယွဲ့ခုန်းက ဆိုးသွမ်းသော အပြုံးတစ်ခုကို ထုတ်ဖော်လိုက်သည်။

အကြောင်းတစ်ခုခုကြောင့် ဒဏ်ရာများဖုံးလွှမ်းနေသော ကျန်းစန်းယီကိုကြည့်ရင်း သူ့နှလုံးသားထဲတွင် ကျေနပ်နှစ်သိမ့်မှုကို ခံစားလိုက်ရ၏။

ဤခံစားချက်မှာ မစားရသည့်အမဲ သဲနှင့်ပက်သကဲ့သို့ ဖြစ်သည်။

ဤမျှလှပသော မိန်းကလေးတစ်ယောက်က ကျွင်းရှောင်ယောက်ကို ဘာကြောင့် ချစ်မိသွားသနည်း။

ကျွင်းရှောင်ယောက်က အလွန်ထူးချွန်သော အမျိုးသမီးများစွာ၏ အထင်ကြီးလေးစားမှုကို မည်သို့ခံရနိုင်မည်နည်း။

ယောင်ယွဲ့ခုန်း၏ စိတ်ထဲတွင် ကျွင်းရှောင်ယောက်ကို အမှန်တကယ် မနာလိုခဲ့သည်။

တစ်ဖက်တွင် ပိုးမင်းသမီး၏ အမူအရာက ဘာမှမထူးခြားပေ။

တကယ်တော့ သူသည်လည်း ကျန်းစန်းယီ ကျဆုံးခြင်းကို ကိုယ်တိုင်ကြည့်ရှုချင်ခဲ့သည်။

‌သူမနှင့် နှိုင်းယှဉ်နိုင်ပြီး ပိုသာလွန်သည့် အမျိုးသမီးတစ်ယောက် ရှိနေခြင်းကို သူမ သည်းမခံချင်ပေ။

ရွယ်ယွဲ့ကိုတော့ သူမ၏မျက်နှာဖုံးကြောင့် အမူအရာက မည်သို့ရှိမည်ကို မည်သူမျှမသိချေ။

"ငရဲမင်းရဲ့ အမိန့်တော်၊ သေမင်းနတ်ဘုရား ဖြတ်ကျော်ခြင်း"

ရွယ်ယွဲ့က လှုပ်ရှားလိုက်သည်။ သူမလက်ထဲမှ သေမင်းတံစဉ်ကောက်က လွင့်စဉ်ထွက်လာခဲ့၏။ အနက်ရောင်တံစဉ်က ငရဲတံခါးကို ဖွင့်လိုက်သကဲ့သို့ အက်ကြောင်းများကို ခွဲထုတ်သွားတော့သည်။

ဤကဲ့သို့ ပြင်းထန်သော တိုက်ခိုက်မှုများအောက်တွင်၊ ကျန်းစန်းယီမှာ နောက်ဆုံးတွင် မဟန်နိုင်တော့ဘဲ လွင့်စဉ်ပြီး လုံးဝ ရှုံးနိမ့်သွားသည်။

သူမက အားနည်းနေလို့လား။

လုံးဝမဟုတ်ပါ။

ဤအခြေအနေမျိုးကို ထိပ်သီး ပါရမီရှင်တိုင်း ရင်ဆိုင်ရန် ခက်ခဲမည်ဖြစ်ပြီး၊ သေခြင်းရှင်ခြင်း အကျပ်အတည်းများ ရှိနိုင်သည်။

နောက်ဆုံးတွင်၊ ကျူးရှန်းဓားပြ တစ်ယောက်တည်းက ထိပ်သီးတားမြစ်ပါရမီရှင်များကို ကိုင်တွယ်ရန် လုံလောက်သည်။

"သေ"

ချက်ခြင်းတွင်၊ ရွယ်ယွဲ့၏ရုပ်သွင်က ကျန်းစန်းယီရှေ့သို့ တည်နေရာရွှေ့ပြောင်းသလို ပေါ်လာခဲ့သည်။

ထို့နောက် နှင်းသားကဲ့သို့ ဖြူဖျော့သော လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်၏။

"ဖောက်"

သူမ၏လက်က ကျန်းစန်းယီ၏ရင်ဘတ်ကို ထိုးဖောက်လိုက်တော့သည်။

ဤမြင်ကွင်းကြောင့် ကြည့်ရှု‌နေသူအားလုံး ခေါင်းမွှေးထောင်ထသွားကြသည်။

"အဟွတ်... အဟွတ်"

ကျန်းစန်းယီမှာ ချောင်းဆိုးရင်း သွေးများ အန်ထွက်လာခဲ့သည်။

သူမရှေ့မှ နီးကပ်နေသော မိန်းကလေးကို တည့်တည့်စိုက်ကြည့်လိုက်၏။

ရှုံ့မဲ့နေသော မျက်နှာဖုံးအောက်မှ ကောင်မလေး၏ မျက်လုံးများမှာ ရေခဲတုံးကဲ့သို့ အေးစက်နေသည်။

ငယ်ရွယ်သော မိန်းကလေးတစ်ယောက်က ဤမျှ သွေးအေးပြီး ရက်စက်ကြမ်းကြုတ်သော မိန်းကလေးတစ်ဦး ဖြစ်လာရန်မှာ စိတ်ကူးကြည့်ရန်ပင် မလွယ်ပေ။

ရွယ်ယွဲ့၏ ခန္ဓာကိုယ်မှ နက်မှောင်သော သံကြိုးများက ကျန်းစန်းယီ၏ နူးညံ့သော ခန္ဓာကိုယ်ကို ဖောက်ထွင်းဝင်ရောက်သွားကြသည်။

ထို့နောက်မှာတော့ ကျန်းစန်းယီဟာ သူ၏ တာအိုသန္ဓေစွမ်းအားကို အမှောင်သံကြိုးများမှ စုပ်ယူလိုက်ကြောင်း ချက်ချင်း ခံစားလိုက်ရတော့သည်။

ယင်းမှာ ကျန်းစန်းယီ၏ သွေးများကို စုပ်ယူနေသော ကပ်ပါးကောင်ကဲ့သို့ ဖြစ်သည်။

ဤထူးဆန်းသောမြင်ကွင်းက အားလုံးကို တိတ်ဆိတ်သွားစေခဲ့သည်။

အားလုံး ကြက်သီးတဖြန်းဖြန်းထလာကြ၏။

ဤသည်မှာ ကောင်းကင်ကိုးခု အင်မော်တယ်နယ်မြေကြီးရှိ နည်းလမ်းအားလုံးကို ဆန့်ကျင်နေသော နည်းလမ်းဖြစ်မည်မှာ သေချာသည်။

"ဒီလောက်ရက်စက်တဲ့နည်းလမ်းက မကောင်းဆိုးရွားနဲ့ ဘယ်လိုကွာခြားတော့မှာလဲ"

ပါရမီရှင်တစ်ဦးက ကြောက်လန့်တကြား ပြောလိုက်သည်။

ပိုးမင်းသမီးနှင့် ယောင်ယွဲ့ခုန်းပင်လျှင် ဤမြင်ကွင်းကို မြင်ရသည်မှာ အနည်းငယ် အဆင်မပြေဖြစ်ခဲ့ရသည်။

လောဘဝံပုလွေဓားပြနှင့် တပ်မဟာဖျက်ဓားပြသာလျှင် စိတ်လှုပ်ရှားစွာဖြင့် ပုံမှန်အတိုင်း ကြည့်ရှုနိုင်ခဲ့သည်။

ရွယ်ယွဲ့သည်သာ သန္တောစွမ်းအင်တာအိုသန္ဓေ၏ စွမ်းအားကို အပြည့်အဝ စုပ်ယူနိုင်ပြီးပါက...

ပြိုင်ဘက်ကင်းသည်ဟု ကောလာဟလထွက်နေသော ကျွင်းရှောင်ယောက်ပင်လျှင် သူမ၏ပြိုင်ဘက် ဖြစ်လာ‌တော့မည် မဟုတ်ပေ။

လောဘဝံပုလွေဓားပြနှင့် တပ်မဟာဖျက်ဓားပြက ဤအအတွက် ယုံကြည်မှုရှိသည်။

'ဖြစ်နိုင်တာက... အခြားနည်းလမ်း မရှိတော့ဘူးလား'

ကျန်းစန်းယီ၏ အသိစိတ်က တဖြည်းဖြည်း မှုန်ဝါးလာခဲ့သည်။

သူသာ လုံလောက်အောင် ကြိုးစားအားထုတ်ပြီး အဆုံးစွန်ရှေးဟောင်းလမ်းသို့ တစ်ယောက်တည်း လျှောက်လှမ်းခဲ့သည်။

သူမ၏ ရည်ရွယ်ချက်ကတော့ အနာဂတ်မှာ ကျွင်းရှောင်ယောက်ကို ကူညီနိုင်သည့် ညာလက်ရုံး ဖြစ်လာနိုင်ရန်ပင်။

ယခုတော့ မဖြစ်တော့ဘူးဟု ထင်ရသည်။

သို့သော်လည်း ကျန်းစန်းယီဟာ သူမ၏ ဆုံးဖြတ်ချက်ကို နောင်တမရခဲ့ပေ။

ဒုတိယအခွင့်အရေး ရခဲ့လျှင်ပင် ဤသို့လုပ်မိဦးမည်သာ ဖြစ်သည်။ ဤသည်မှာ သူမ၏ နှလုံးသားမှ စွဲလမ်းမှုတစ်ခုပင်။

"စန်းယီ..."

ကျန်းစန်းယီ၏ စိတ်ထဲတွင် ယွီချင်းနင်၏ ညည်းတွားသံ ထွက်ပေါ်လာသည်။

မျှော်လင့်ထားသည့်အတိုင်း၊ သူမ မမြင်ချင်ဆုံး အခြေအနေတစ်ခု ပေါ်လာခဲ့ပြီ။

'စန်းယီ၊ ဆရာတစ်ယောက်အနေနဲ့ မင်းကို ဒီနေရာမှာ ‌ဒီလို သေခွင့်မပြုနိုင်ဘူး'

ယွီချင်းနင် ဆုံးဖြတ်ချက်ချလိုက်သည်။

သူမ၏ စိတ်ကို ကြိုတင်ပြင်ဆင်ပြီးသားပင်။ ကျန်းစန်းယီသာ ဆိုးရွားသောအ‌ခြေအနေကို ရင်ဆိုင်ရပါက၊ သူမ၏စိတ်ဝိညာဉ် ပျက်သုဉ်းသွားလျှင်ပင် အန္တရာယ်တွင်းမှ ခေါ်ထုတ်ပေးသွားမည် ဖြစ်သည်။

ယွီချင်းနင်က သူမ၏ အကြွင်းအကျန် ဝိညာဉ်နှင့် ရှေးဦးဝိဥာဉ်၏ စွမ်းအားကို အသက်သွင်းခါနီးတွင်...

"ဝုန်း"

ကျယ်လောင်သော ပေါက်ကွဲသံကြီးနှင့် ကောင်းကင်အပိုင်းအစများ ပြိုကျလာခဲ့သည်။

ကောင်းကင်တွင် ကြီးမားသော အက်ကြောင်းတစ်ခု ပေါ်လာခဲ့၏၊၊ အဆုံးမဲ့ ကြောက်စရာကောင်းသော အင်အားတစ်ခုက ဟင်းလင်းပြင်ကို ကွက်လပ်ကို ဖြတ်ကျော်သွားသကဲ့သို့ ပေါ်လာတော့သည်။

ကျန်းစန်းယီနှင့် ရွယ်ယွဲ့၏အထက် ကောင်းကင်ယံက မမြင်နိုင်သော စွမ်းအားတစ်ခုကြောင့် နှစ်ခြမ်းကွဲသွားခဲ့သည်။

ဤဟင်းလင်းပြင်အက်ကြောင်းက မိုင်ပေါင်းတစ်ရာကျော် ရှည်လျားသည်။

နတ်ဘုရင်တစ်ပါး ဆင်းသက်လာသကဲ့သို့ လှိုင်းလုံးများ ဖြစ်လာခဲ့၏။

ကောင်းကင်ကြီး မှောက်သွားသကဲ့သို့ နိယာမလက်ဝါးကြီးတစ်ဖက်က အားလုံးကို ဖျက်ဆီးတော့မလို လွှမ်းခြုံကာ ကျဆင်းလာတော့သည်။

"ငါ ကျွင်းရှောင်ယောက်ရဲ့ မိန်းမကို ထိဝံ့တယ်၊ မင်းတို့ သေချင်နေပြီပဲ"

All Chapters