← Chapters

အခန်း ၇၈၃

Vol. 53 Ch. 783

အခန်း ၇၈၃

Vol. 53 Ch. 783

အခန်း ( ၇၈၃ ) ရေတွင်းအောက်ခြေမှ ဖားက ပင်လယ်ရဲ့ ကျယ်ပြောမှုကို မသိဘူး၊ လွမ်ကုပုဆိန် ထွက်ပေါ်လာခြင်း။

သူ့ရှေ့မှ ကျွင်းရှောင်ယောက်၏ မျက်နှာမှာ ရွယ်ယွဲ့၏ မှတ်ဉာဏ်ထဲမှ အစ်ကိုကြီးနှင့် ဆင်တူသည်။

ဟုတ်ပေသည်၊ အတိအကျ တူညီခြင်းမဟုတ်ဘဲ အချို့နေရာများက တူညီနေခြင်းသာ ဖြစ်သည်။

တကယ်တမ်းတွင် ကျွင်းရှောင်ယောက်ကဲ့သို့ ချောမောသူတစ်ယောက်ကို ကမ္ဘာပေါ်တွင် ရှာရမလွယ်ပေ။

သို့သော်လည်း တူညီမှုအနည်းငယ်သာရှိလျှင်ပင် ရွယ်ယွဲ့ကို ကြက်သေသေသွားစေရန် လုံလောက်သည်။

သူမ သတ်ဖြတ်ရန် ဆုံးဖြတ်ထားခဲ့သူက သူမ၏လက်နှင့် ကိုယ်တိုင်သတ်ခဲ့ရသော အစ်ကိုကြီးနှင့် ဆင်တူနေမည်ဟု မထင်ထားခဲ့ပေ။

သူမ၏ နှလုံးသားထဲတွင် နက်နက်နဲနဲ နှစ်မြုပ်ထားပြီး သူမ မမှတ်မိချင်သော အမှတ်တရများ တစ်ဖန် လွင့်ပျံလာခဲ့သည်။

သို့သော်လည်း ဤတစ်ကြိမ်တွင် ကျွင်းရှောင်ယောက်က အပိုစကားများ မပြောဆိုဘဲ တိုက်ရိုက် တိုက်ခိုက်ခဲ့သည်။

ကျန်းစန်းယီကို သတ်ဖြတ်ရန် ကြိုးစားခဲ့သော ကြိုးစားခဲ့သော ဤလူများနှင့်ပတ်သက်ပြီး ကျွင်းရှောင်ယောက်တွင် ပြောစရာစကား မရှိပေ။

သူ့လက်ကို ဆန့်ထုတ်လိုက်သည်နှင့် မဟာသူတော်စင်နယ်ပယ် စွမ်းအားများ တဟုန်ထိုးတက်လာခဲ့သည်။ တာအိုအမှတ်အသားများက လေထဲတွင် လှိုင်းထလာခဲ့၏။

ကျွင်းရှောင်ယောက်၏အဆင့်တွင် နတ်ဘုရားသိုင်းများကို အထူး လေ့ကျင့်နေရန် မလိုပါ။ သူ၏ လှုပ်ရှားမှုတိုင်းက နတ်ဘုရားသိုင်းများဖြစ်ပြီး မိုးနှင့်မြေကို ဖျက်ဆီးပစ်ရန် လုံလောက်သည်။

ကျွင်းရှောင်ယောက်က ရွယ်ယွဲ့ကို ပထမဆုံး ပစ်မှတ်ထားလိုက်သည်။

ရွယ်ယွဲ့က ကျန်းစန်းယီကို အနာကျင်စေဆုံး ဖြစ်ခြင်းကြောင့်သာ မဟုတ်ပါ။

အကြောင်းမှာ၊ သူမတွင် လျှို့ဝှက်ချက်များ အများကြီး ရှိနေသောကြောင့် ဖြစ်သည်။

ဥပမာအားဖြင့်၊ သူမနှင့် ဓားပြဆယ့်သုံးယောက်စလုံးက သူခိုးဆယ့်သုံးယောက်စလုံးသည် ပိအန်းအဖွဲ့အစည်းဟုခေါ်သော အင်အားစုမှ ဆင်းသက်လာကြသည်။

ပိအန်းအဖွဲ့အစည်းက တိုင်းတပါးမှ တော်ဝင်မိသားစု၏ ကွပ်ကဲမှုအောက်တွင်ရှိသော အင်အားစုတစ်ခု ဖြစ်၏။

ထို့အပြင် ဤမိန်းကလေးက ရင်းနှီးနေသော မျက်နှာဖုံးကို ဝတ်ဆင်ထားသည်။

သူ၏ ညှပ်ရိုးပေါ်တွင်လည်း အနီရောင် ပြန်လည်ရှင်သန်ခြင်း လီလီတစ်ပွင့်လည်း ရှိသည်။

ကျွင်းရှောင်ယောက်ဟာ ဤမိန်းကလေးထံမှ လျှို့ဝှက်ချက်အချို့ကို ရှာဖွေတွေ့ရှိသင့်သည်ဟု ခံစားမိခဲ့သည်။

ထို့အပြင် အရေးကြီးဆုံးအချက်လည်း ရှိသေးသည်။

ယင်းမှာ ဤမိန်းကလေးက ဧကရာဇ်ကိုဆန့်ကျင်သော ဧကရာဇ်ခုနစ်ပါးထဲမှ တစ်ပါးဖြစ်နေခြင်း ဖြစ်သည်။

ဤအကြောင်းကြောင့်တော့ ကျွင်းရှောင်ယောက်က သူမကို ဖိနှိပ်သတ်ဖြတ်ရန် အကြောင်းပြချက် မရှိပါ။

သို့သော်လည်း ကျွင်းရှောင်ယောက်၏ တိုက်ခိုက်မှုကို ရင်ဆိုင်ရချိန်မှာပင် ရွယ်ယွဲ့က အိပ်မက်ဆိုးအချို့တွင် ကျရောက်နေသကဲ့သို့ တောင့်တောင့်ကြီးဖြစ်နေသည်။

'ဟမ်၊ ဒီကောင်မလေး...'

ရွယ်ယွဲ့၏ လျစ်လျူရှုသော အပြုအမူကြောင့် ကျွင်းရှောင်ယောက် အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်။

ဤကျူးရှန်းဓားပြက ဘာလုပ်ရန် ကြိုးစားနေသနည်း။

ဧကရာဇ်ခုနစ်ပါးမှ ဧကရာဇ်တစ်ပါးအနေဖြင့်၊ သူမသည် သူ့ကို တိုက်ခိုက်ရန် အလွန်ပျော်ရွှင်တက်ကြွနေသင့်သည်။

"ခေါင်းဆောင်..."

ရွယ်ယွဲ့က မလှုပ်မယှက်ဘဲ နေရာတွင် ရပ်နေသည်ကို မြင်လိုက်ရသဖြင့် တပ်မဟာဖျက်ဓားပြနှင့် လောဘဝံပုလွေဓားပြတို့ အမူအရာ ပြောင်းလဲသွားကြသည်။

သူတို့က အလျင်အမြန်ထွက်လာပြီး ရွယ်ယွဲ့ကိုယ်စား ပိတ်ဆို့လိုက်ကြ၏။

"ရထားကို တားဆီးဖို့ ကြိုးစားနေတဲ့ ပုရွက်ဆိတ်တွေပဲ၊ ကိုယ့်အဆင့်ကို မသိဘူး"

ကျွင်းရှောင်ယောက်က အေးစက်စက်ဖြင့်‌ ပြောလိုက်သည်။ မြင့်မြတ်ခန္ဓာ သွေး၊ ချီနှင့် နတ်အလင်းများက တောက်ပစွာ ဖြာထွက်လာခဲ့၏။

"ဖူး"

ဓားပြနှစ်ယောက်စလုံး တပြိုင်နက်တည်း ဆုတ်သွားခဲ့ရသည်။ ကျင့်ကြံခြင်းအခြေခံအားနည်းသော တပ်မဟာဖျက်ဓားပြဆိုလျှင် ဤလက်ဝါးအောက်တွင် အမှန်တကယ် ပေါက်ကွဲသွား၏။

သူ၏ ရှေးဦးဝိညာဉ်ပင်လျှင် မလွတ်မြောက်နိုင်ဘဲ တိုက်ရိုက် ကြွေလွင့်သွားတော့သည်။

အထူးနည်းလမ်း သို့မဟုတ် နတ်ဘုရားသိုင်းများ မရှိပါ။

ရိုးရိုးရှင်းရှင်းလေးဖြင့်...

တပ်မဟာဖျက်ဓားပြ သေဆုံးသွားသလို လောဘဝံပုလွေဓားပြလည်း ကြီးကြီးမားမား ထိခိုက်သွားရသည်။

"ဝှါး"

အရပ်ရပ်မှ မရေမတွက်နိုင်သော ပင့်သက်ရှိုက်သံများ ထွက်ပေါ်လာခဲ့၏။

တပ်မဟာဖျက်ဓားပြနှင့် လောဘဝံပုလွေဓားပြက ထိပ်သီးတားမြစ်ပါရမီရှင်အဆင့်သို့ မရောက်သေးပါ။

သို့သော်လည်း အားနည်းသူများတော့ မဟုတ်ပေ။

ယခုမူ ကျွင်းရှောင်ယောက်၏လက်ထဲတွင် သူတို့က တစ်ချက်ပင် မခံနိုင်တော့ချေ။

ဤမြင်ကွင်းကို မြင်လိုက်ရပြီးနောက် ပိုးမင်းသမီး၏ နှလုံးသားမှာ တုန်ခါသွားခဲ့သည်။

သူမက ကျွင်းရှောင်ယောက်၏အင်အားကို လွဲမှားပြီး တွက်ဆမိခဲ့ပုံပင်။

အစပိုင်းတွင် ကျွင်းရှောင်ယောက်ကို နှိမ့်ချသော ယောင်ယွဲ့ခုန်းပင်လျှင် ယခုအခါ လုံးဝ ဆွံ့အသွားမိသည်။

ယခုအချိန်တွင် သူကော ပိုးမင်းသမီးပါ ယခင်က ကျန်းစန်းယီ ပြောခဲ့သည့်စကားများက အမှန်တကယ် ဖြစ်နေပြီဖြစ်ကြောင်း ခံစားခဲ့ရသည်။

ရေတွင်းအောက်ခြေမှ ဖားတစ်ကောင်က ပင်လယ်၏ ကျယ်ပြောမှုကို မသိပေ။

တပ်မဟာဖျက်ဓားပြ၏ ခန္ဓာကိုယ် ပေါက်ကွဲမှုမှ သွေးအချို့က ရွယ်ယွဲ့၏ ခန္ဓာကိုယ်ပေါ်သို့ ကျဆင်းသွားခဲ့သည်။

ဤတော့မှ သူမ သတိပြန်ဝင်လာခဲ့၏။

သို့သော်လည်း တပ်မဟာဖျက်ဓားပြ သေဆုံးပြီး လောဘဝံပုလွေဓားပြ ဒဏ်ရာပြင်းပြင်းထန်ထန် ရရှိသွားသည့်တိုင်...

ရွယ်ယွဲ့၏ အေးစက်သောမျက်လုံးများက အပြောင်းအလဲမရှိပါ။

သူတို့သေလျှင် သေပါစေ။

ရွယ်ယွဲ့တွင် ဤလက်အောက်ငယ်သားများအတွက် ဘာခံစားချက်မှ မရှိပါ။

သို့တည်းမဟုတ် တစ်နည်းပြောရလျှင် သူ့အစ်ကိုကြီးကို သူ့လက်နှင့် သတ်လိုက်ပြီးကတည်းက သူ့မှာ သာမန်လူသားများ၏ ခံစားချက်တို့ မရှိပေ။

ယခုမူ ရင်းနှီးပြီးသား ချောမောသော မျက်နှာကို တွေ့လိုက်ရချိန်တွင် ရွယ်ယွဲ့၏ သေဆုံးနေသောနှလုံးက အနည်းငယ် ခုန်လာခဲ့ရပြီ ဖြစ်သည်။

"ခေါင်းဆောင် ရွယ်ယွဲ့"

လောဘဝံပုလွေဓားပြ အော်ဟစ်လိုက်၏။ ခေါင်းဆောင်က အဘယ်ကြောင့် နှုတ်ဆိတ်နေသနည်း။

သူက ဧကရာဇ်ခုနစ်ပါးထဲမှ တစ်ပါးမဟုတ်လော။ ယုတ္တိဗေဒအရ သူသာ ကျွင်းရှောင်ယောက်ကိုသတ်ရန် ပို၍ စိတ်ပိုင်းဖြတ်ထားသင့်သည်။

သို့သော်လည်း ယခုအချိန်တွင် ကျွင်းရှောင်ယောက်က သူတို့ကို ငေးမောရန် အချိန်မပေးခဲ့ပေ။

"နတ်ဘုရားသားတော်ရှေ့မှာ လှည့်ကွက်သုံးချင်သေးတာလား"

ကျွင်းရှောင်ယောက်၏ နှုတ်ခမ်းများက အေးစက်သော အပြုံးတစ်ခုအဖြစ် တွန့်ကွေးသွားခဲ့သည်။

အကြောင်းတစ်ခုခုကြောင့် အေးစက်ပြီး လျစ်လျူရှုထားသည့် မျက်လုံးများနှင့် ကျွင်းရှောင်ယောက်ကို ကြည့်လိုက်မိချိန်တွင်...

ရွယ်ယွဲ့၏ နှလုံးသားထဲတွင် နာကျင်မှုကို ရုတ်တရက် ခံစားလိုက်ရသည်။

ယင်းမှာ အရင်းနှီးဆုံးလူများအဖြစ်မှ ရန်သူများ ဖြစ်လာသကဲ့သို့ပင်။

"ဘာကြောင့်လဲ၊ သူက ဘာဖြစ်လို့ ငါသတ်ရမဲ့လူဖြစ်နေတာလဲ"

ရွယ်ယွဲ့ လက်သီးကို တင်းတင်းဆုပ်လိုက်သည်။

သူမ၏ ယခင်စိတ်ကူးမှာ တာအိုသက်သေပြခြင်း ဧကရာဇ်တံဆိပ်ကို ပေါင်းစည်းပြီး သန္တောစွမ်းအင် တာအိုသန္ဓေကို ရယူရန် ဖြစ်သည်။ ထို့နောက် ကျွင်းရှောင်ယောက်ကိုသ်တ်ပြီး ရှေးဟောင်းမြင့်မြတ်ခန္ဓာနှင့် ပေါင်းစည်းရလိမ့်မည်။

ရှေးဟောင်းမြင့်မြတ်ခန္ဓာကို ရရှိပြီးနောက် ကောင်းကင်သရဖူကို ဆောင်းရမည် ဖြစ်သည်။

နောက်ဆုံးတွင် တိုင်းတစ်ပါးသို့ ပြန်သွားပြီး ပြန်လည်ဝင်စားခြင်း လူဝင်စားခြင်းကို စတင်ကာ ပိအန်းသို့သွားလိမ့်မည်။

ယခုတော့ ကျွင်းရှောင်ယောက်ကို တွေ့ရပြီးနောက် ရွယ်ယွဲ့၏ ရက်စက်ကြမ်းကြုတ်သော နှလုံးသားမှာ ပထမဆုံးအကြိမ် လှုပ်ရှားသွားခဲ့ရသည်။

ရုတ်တရက်၊ သူမ အနည်းငယ် စိတ်ရှုပ်သွား၏။

သို့သော်လည်း ဤအချိန်တွင် ကျွင်းရှောင်ယောက်က သူမကို တွေးတော‌ရန် အခွင့်အရေးမပေးပါ။

ကျွင်းရှောင်ယောက်က လက်သီးတစ်ချက် ထပ်မံထုတ်ဖော်လိုက်သည်။ လက်သီးအင်အားက လျှပ်စီးကဲ့သို့ ကောင်းကင်ကို လင်းလက်တောက်ပစေခဲ့၏။

အဆုံးမဲ့ ခွန်ပန်နတ်လက်သီး ဖြစ်သည်။ ကြီးမားသော ခွန်ပန်အရိပ်က ကောင်းကင်တွင် ပြည့်နေခဲ့၏။ သူ၏အမြီးကို လွှဲရိုက်လိုက်သည်နှင့် တာအိုအမှတ်အသားများအားလုံး တုန်ခါသွားရသည်။

"တိုက်ခိုက်"

ယောင်ယွဲ့ခုန်းနှင့် ပိုးမင်းသမီးလည်း အခြေအနေမကောင်းကြောင်း သိလိုက်သည်။

ယခုအချိန်ထိ လျှိုနေသေးပါက သေခြင်းတရားသာ စောင့်ကြိုနေလိမ့်မည်။

ပိုးမင်းသမီး၏ ဦးခေါင်းနောက်ဘက်မှ ကိုးရောင် နတ်အလင်းစက်ဝိုင်းက တောက်ပလာခဲ့သည်။ မိုးနှင့်မြေကို တံဆိပ်ခတ်ထားသကဲ့သို့ အလင်းရောင်များက အရောင်ကိုးမျိုး ချည်မျှင်များပုံစံဖြင့် ပစ်လွှတ်လာခဲ့၏။

ယောင်ယွဲ့ခုန်းကလည်း ကောင်းကင်နတ်ဆိုး ရှေးနန်းတော်၏ နတ်ဆိုးဧကရာဇ် အင်မော်တယ်ကျမ်းကို အသုံးပြုကာ အထူး နည်းလမ်းများဖြင့် ထုတ်ဖော်လိုက်သည်။

နတ်ဆိုး‌အငွေ့အသက်များ တဟုန်ထိုးတက်လာပြီး ပုံရိပ်ယောင် နတ်ဆိုးဧကရာဇ် ပုံရိပ်တစ်ခု ထွက်ပေါ်လာတော့သည်။

ပြင်းထန်စွာ ဒဏ်ရာရသွားသော လောဘဝံပုလွေဓားပြကလည်း အစွမ်းကုန်ကြိုးစားကာ ဝင်ရောက်တိုက်ခိုက်လိုက်သည်။

တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့သော ရွယ်ယွဲ့သည်ပင် နောက်ဆုံးတွင် လှုပ်ရှားခဲ့၏။

သေမင်းတံစဉ်ကောက် လွင့်ပျံလာသည်။

သို့သော်လည်း ကျန်းစန်းယီကို ယခင်တိုက်ခိုက်မှုနှင့် နှိုင်းယှဉ်ပါက ရွယ်ယွဲ့၏ တိုက်ခိုက်မှုစွမ်းအားမှာ သိသိသာသာလျော့ကျသွားခဲ့သည်။

လူလေးယောက်က ကျွင်းရှောင်ယောက်နှင့် ထိပ်တိုက်ရင်ဆိုင်လိုက်ကြသည်။

အားလုံးက တိုက်ပွဲအခြေအနေတွေကို မျက်တောင်မခတ်တမ်း ကြည့်ခဲ့၏။

ယခင်က ကျန်းစန်းယီသည် သန်မာသော်လည်း ထိုလူများ ပူးပေါင်းတိုက်ခိုက်သောအခါ တွန်းလှန်ရန် ခွန်အားမရှိခဲ့ပေ။

ယခု ကျွင်းရှောင်ယောက်အလှည့်မှာ ဘာထူးခြားမည်နည်း။

"ဝုန်း"

ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

အလွန်ကြီးမားသော စွမ်းအင်လှိုင်းလုံးကြီးတစ်ခု ပျံ့လွင့် ထွက်ပေါ်လာခဲ့၏။

ဤအတက်ကျလှိုင်း တစ်ခုတည်းကပင် သူတော်စင်တစ်ပိုင်းများကို သွေးအန်ပြီး လွင့်စဉ်သွားစေနိုင်သည်။

ဤအင်အားမျိုးကို ထိပ်တိုက်ရင်ဆိုင်နေရသော လူများမှာလည်း...

လောဘဝံပုလွေဓားပြမှာ ဖိအားကိုမခံနိုင်ဘဲ ရှေးဦးဝိညာဉ်ပင်လျှင် ပေါက်ကွဲကာ လုံးဝ ကြေမွသွားရသည်။

ယောင်ယွဲ့ခုန်းလည်း ချောင်းဆိုးပြီး သွေးများအန်ထွက်လာခဲ့၏။

ပိုးမင်းသမီးနှင့် ရွယ်ယွဲ့က ဤလူများကြားတွင် အသန်မာဆုံးများ ဖြစ်သည်။

သို့တိုင် နောက်ကို ဆုတ်သွားရသေးသည်။

ပိုးမင်းသမီးမှာ သူမ၏သွေးများ ဆူပွက်နေပြီး လည်ချောင်းထဲသို့ ထိုးတက်လာသလို ခံစားလိုက်ရသည်။

တစ်ဖက်တွင်မူ၊ ကျွင်းရှောင်ယောက်က ရပ်မြဲရပ်နေပြီး အမူအရာ လုံးဝ မပြောင်းလဲပေ။

သန်မာဆဲ။

လွှမ်းမိုးနေဆဲ ဖြစ်သည်။

"အမှားတစ်ခုခုလုပ်တဲ့အခါ ပြန်ပေးဆပ်တာလည်း ရှိရမယ်မဟုတ်လား"

ကျွင်းရှောင်ယောက်၏ စကားသံက မိုးနှင့်မြေကြားတွင် ပဲ့တင်ထပ်သွားသည်။

သူက လက်ဝါးတစ်ဖက်ဖြန့်ပြီး လေထဲကို ဖမ်းဆုပ်လိုက်သည်။

လျှို့ဝှက်ဆန်းကြယ်သော တံဆိပ်ပြားတစ်ခု ပေါ်လာခဲ့၏။

ကျွင်းရှောင်ယောက်က လက်သီးဆုပ်ပြီး တံဆိပ်ပြားကို ဖမ်းဆုပ်လိုက်သည်။

တခဏချင်းမှာပင်၊ တံဆိပ်ပြားက ကျွင်းရှောင်ယောက်၏ လက်ထဲတွင် စစ်ပုဆိန်တစ်လက်အဖြစ် ပြောင်းလဲသွားတော့သည်။

ကြောက်မက်ဖွယ်ကောင်းသော ဧကရာဇ် အငွေ့အသက်များက ဖရိုဖရဲဖြစ်သကဲ့သို့ ထွက်ပေါ်လာခဲ့သည်။

ထိုအရှိန်အဝါအောက်တွင် ပါရမီရှင်အားလုံး ထိတ်လန့်တုန်လှုပ်သွား၏။

ယင်းက ဧကရာဇ်တံဆိပ်ပြားမှ ပြောင်းလဲထားသော လွမ်ကုပုဆိန် ဖြစ်တော့သည်။

All Chapters