← Chapters

အခန်း ၇၈၄

Vol. 53 Ch. 784

အခန်း ၇၈၄

Vol. 53 Ch. 784

အခန်း ( ၇၈၄ ) ကမ္ဘာကြီးကို ပုဆိန်တစ်ချောင်းနှင့် ဖြိုခွဲခြင်း၊ ဒီပုဆိန်က ငါ့ကိုရန်စတာထက် ကောင်းကင်ကို ရန်စတာက ပိုပြီး ကောင်းမယ်ဆိုတာ မင်းတို့အားလုံးကို နားလည်စေလိမ့်မယ်။

ယခုအချိန်တွင် ကျွင်းရှောင်ယောက်က လွမ်ကုပုဆိန်ကို ကိုင်ထားသည်။

သူသည် ဒဏ္ဍာရီထဲမှ မိုးနှင့်မြေကို ခွဲခြမ်းကာ ကမ္ဘာကို ဖန်ဆင်းခဲ့သော နတ်ဘုရားကဲ့သို့ ဖြစ်၏။

ထိုအရှိန်အဝါက ကောင်းကင်ကြီးကိုပင် ချေမွနိုင်ပုံရသည်။

ဧကရာဇ်အရှိန်အဝါက ကောင်းကင်ကိုးဆင့်ကို တုန်ခါစေခဲ့ပေသည်။

ဤအခိုက်တွင် ဧကရာဇ်သင်္ချိုင်းကြယ်တစ်ခုလုံး အနည်းငယ် တုန်လှုပ်သွားပုံရသည်။

တားမြစ်စွမ်းအားများ ပေါ်လာခြင်းကို တားဆီးရန် အမှောင် သံကြိုးများ ထွက်ပေါ်လာခဲ့၏။

ဧကရာဇ်သင်္ချိုင်းကြယ်သည် မူလက သန်မာသော ဘိုးဘေးများမှ နောင်လာနောက်သားများအတွက် အခွင့်အလမ်း ချန်ထားခဲ့သော နေရာ ဖြစ်သည်။

ထိုအတွက် အစွမ်းထက်လွန်းသည့် အင်အားများ ပေါ်လာခြင်းကို သဘာဝအတိုင်း ခွင့်ပြုမည် မဟုတ်ပေ။

ဤသည်ကပင်၊ ယွီချင်းနင် လှုပ်ရှားရန်အတွက် ခက်ခဲသော အကြောင်းပြချက်တစ်ခု ဖြစ်သည်။

ယခုမူ၊ ကျွင်းရှောင်ယောက်က လွမ်ကုပုဆိန်ကို ကိုင်ဆွဲထားပြီး ဧကရာဇ်သချိုင်းကြယ်၏ နိယာမများကို လှုပ်ရှား‌စေခဲ့ပြီ။

ဤသည်မှ ကျွင်းရှောင်ယောက်၏ အရှိန်အဝါများက မည်မျှ အားကောင်းနေသလဲဆိုတာ သိနိုင်သည်။

မိုးနှင့်မြေပင်လျှင် ငြိမ်သက်မနေနိုင်တော့ပေ။

"အဲဒါက... ဧကရာဇ်လက်နက်၊ လွမ်ကုဧကရာဇ်ပုဆိန်ပဲ"

"ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်က လွမ်ကုဧကရာဇ်ရဲ့အမွေကို ရရှိခဲ့တာများလား"

အရပ်ရပ်မှ ပါရမီရှင်များအားလုံး အံ့အားသင့်သွားပြီး ပင့်သက်ရှိုက်လိုက်မိကြသည်။

ကျွင်းရှောင်ယောက်က လွမ်ကုဧကရာဇ်၏အမွေကို ရရှိထားကြောင့် လူတိုင်း မသိကြသေးပေ။

ဤအခိုက်တွင် ဧကရာဇ်လက်နက် ထွက်ပေါ်လာခြင်းက ပရိသတ်ကို သဘာဝအတိုင်း တုန်လှုပ်စေခဲ့သည်။

"မဟုတ်သေးဘူး၊ သူ့မှာ ဧကရာဇ်လက်နက်ရဲ့ စွမ်းအားရှိပေမဲ့ အစစ်အမှန်တော့ မဟုတ်ဘူး"

"အဲဒါက တံဆိပ်တော်တစ်ခုပဲ"

မကြာမီ ပါရမီရှင်တချို့က တုံ့ပြန်လာခဲ့ကြသည်။

ဧကရာဇ်သင်္ချိုင်းကြယ်တွင်၊ ဧကရာဇ်လက်နက်များကို ထုတ်ဖော်ခဲ့ပါက ဖိနှိပ်ခြင်း နိယာများ သေချာပေါက် ထွက်ပေါ်လာခဲ့မည် ဖြစ်သည်။

ထို့အပြင် သာမာန်လူများ ဧကရာဇ်လက်နက်ကို ရရှိခဲ့ပါက အသုံးပြုရန် ခက်ခဲမည် ဖြစ်သည်။

ကျွင်းရှောင်ယောက်ပင်လျှင် ဤအဆင့်ဖြင့် ဧကရာဇ်လက်နက်တစ်ခု၏ စွမ်းအားအစစ်အမှန်ကို မပြသနိုင်သေးပေ။

"ဒါက တံဆိပ်တစ်ခုပဲဖြစ်ရင်တောင် ကြောက်စရာကောင်းနေသေးတယ်"

ပါရမီရှင်တချို့က တုန်လှုပ်နေသော မျက်လုံးများဖြင့် ကြည့်ကာ ပြောလိုက်သည်။

ဧကရာဇ်တံဆိပ်တော်ကတော့ ဧကရာဇ်လက်နက်တစ်ခု၏ စွမ်းအား တစ်စိတ်တစ်ပိုင်းကို ဆွဲယူနိုင်ပေသည်။

ယင်းမှာ စွမ်းအား အများအပြားမရှိသော်လည်း သူတော်စင်နယ်ပယ်အောက်မှ ကျင့်ကြံသူများအတွက် အစွမ်းထက် လက်နက်တစ်ခု ဖြစ်နေသေးသည်မှာ သေချာသည်။

ထို့ပြင်၊ ဤဧကရာဇ်တံဆိပ်တော်လက်နက်ကို ထုတ်ဖော်ထားသူက ကျွင်းရှောင်ယောက်ဖြစ်သည်ကို မေ့ထား၍မရပေ။

ကျွင်းရှောင်ယောက်၏ ကြောက်မက်ဖွယ် စွမ်းအားဖြင့် ဧကရာဇ်တံဆိပ်တော်လက်နက်၏ စွမ်းအားကို အပြည့်အဝ ထုတ်ဖော်နိုင်သည်။

ဤသည်က ကြောက်စရာအကောင်းဆုံး အချက်ပင်။

ကြောက်မက်ဖွယ်ကောင်းသော ဧကရာဇ်အရှိန်အဝါကို ခံစားမိပြီးနောက် ယောင်ယွဲ့ခုန်း မျက်နှာပျက်သွားသည်။ သူ့မျက်နှာ ဖြူဖျော့သွား၏။

ကျွင်းရှောင်ယောက် ကိုယ်တိုင်က လွန်စွာ အနှိုင်းမဲ့နေပြီ။ ထို့ပြင် ယခုအချိန်တွင် ဧကရာဇ်လက်နက် လွမ်ကုပုဆိန်ကို ကိုင်ဆွဲထားခဲ့ပြီ ဖြစ်သည်။

သောက်ကျိုးနည်းအောင် ယင်းက ယမမင်းအဆင့် သူဌေးကြီးပင်။

ကောင်းကင်ကိုးခု အင်မော်တယ်နယ်မြေကြီး၏ မျိုးဆက်သစ်လူငယ် တစ်ခုလုံးကို ကြည့်လိုက်လျှင်ပင်၊ ကျွင်းရှောင်ယောက်ရှေ့တွင် အေးအေးဆေးဆေး ရင်ဆိုင်နိုင်သူ ဘယ်လောက်များများ ရှိမည်နည်း။

ပိုးမင်းသမီးနှင့် ရွယ်ယွဲ့ကဲ့သို့ အထွတ်အထိပ် တားမြစ်ပါရမီရှင်နှစ်ဦးလျှင် မလုံလောက်သေးပေ။

"ဒီပုဆိန်က ငါ့ကိုရန်စတာထက် ကောင်းကင်ကို ရန်စတာက ပိုပြီး ကောင်းမယ်ဆိုတာ မင်းတို့အားလုံးကို နားလည်စေလိမ့်မယ်"

ကျွင်းရှောင်ယောက်က ပြောပြီးသည်နှင့် တပြိုင်နက်၊ သူ့ခန္ဓာကိုယ်အတွင်းရှိ နတ်ဘုရားစွမ်းအင်နှင့် ရှေးဟောင်းမြင့်မြတ်ခန္ဓာ စွမ်းအားများကို အသက်သွင်းလိုက်သည်။

ထာဝရအင်မော်တယ်ခန္ဓာကို အသက်သွင်းကာ မေယုကမ္ဘာ သုံးဆယ့်ခြောက်ခုစွမ်းအားကို စုစည်းလိုက်၏။

ဓမ္မစွမ်းအင်နှင့် နတ်ဘုရားစွမ်းအင်တို့က ဤပုဆိန်အတွင်းသို့ စီးဝင်လာတော့သည်။

ကျွင်းရှောင်ယောက်၏ လှုပ်ရှားမှုက သူ့အာဏာကို တည်ထောင်ခြင်း ဖြစ်သည်။

ကောင်းကင်၏ ရန်သူဖြစ်ခြင်းက သူ၏ ရန်သူဖြစ်ခြင်းထက် ပို၍ကောင်းဦးမည်။

သူ့ပတ်ဝန်းကျင်မှ လူများကို လာရှုပ်ချင်လျှင်လည်း မေ့ထားကြသင့်သည်။

သူတို့ကို လာရှုပ်ဝံ့ပါက သွေးဖြင့် ပြန်ပေးဆပ်ရလိမ့်မည်။

"ဝုန်း"

ကျွင်းရှောင်ယောက်က လွမ်ကုပုဆိန်ကို ကိုင်ဆွဲကာ တစ်ချက် ခုတ်ပိုင်းချလိုက်သည်။

ကျွင်းရှောင်ယောက်၏ ကိုယ်ပိုင်စွမ်းအားကလည်း လွမ်ကုပုဆိန်ကို ထောက်ပံ့ထား၏။

ဤစွမ်းအားက စကားလုံးဖြင့် ဖော်ပြ၍မ‌ရတော့ပါ။

ကြီးမားသော ပုဆိန်အလင်းက နေကိုဖုံးလွှမ်းကာ ကောင်းကင်အား ကွဲသွားစေခဲ့သည်။

မီတာတစ်သောင်းအတွင်း မြေပြင်က အက်ကွဲထွက်ပြီး ပေရာနှင့်ချီနက်သော အက်ကြောင်းကြီးများ ပျံ့နှံ့သွား၏။

ကောင်းကင် ပေါက်ကွဲပြီး မြေပြင် ပြိုကျသွားတော့သည်။

ဧကရာဇ်သင်္ချိုင်းကြယ်၏ အထက်ကောင်းကင်မှ ဖိနှိပ်မှု နိယာမများပင်လျှင် ရံဖန်ရံခါ ထွက်ပေါ်လာခဲ့သည်။

ဆိုလိုသည်မှာ၊ ယခုအခါ ကျွင်းရှောင်ယောက်၏ တိုက်ခိုက်နိုင်စွမ်းက ဧကရာဇ်သင်္ချိုင်းကြယ်၏ ဖိနှိပ်ခြင်းနိယာမများကို အသက်ဝင်စေလုနီးပါး ဖြစ်နေပြီ ဖြစ်သည်။

"ဒါက ဘယ်လိုအတက်အကျမျိုးပါလိမ့်၊ အဓိပဓိတစ်ပါးများ ဧကရာဇ်သင်္ချိုင်းကြယ်ရဲ့ နိယာမတွေကို ချိုးဖောက်ပြီး ဝင်ရောက်လာတာ ဖြစ်နိုင်မလား"

"မဟုတ်သေးဘူး၊ ဧကရာဇ်အငွေ့အသက်တွေ ရှိနေတယ်။ တစ်စုံတစ်ယောက်က ဧကရာဇ်လက်နက်ကို အသက်သွင်းလိုက်တာ ထင်တယ်"

ဧကရာဇ်သချိုင်းကြယ် တစ်ခုလုံးနှင့် တိုက်ကြီးတိုင်းမှ၊ ပါရမီရှင်တိုင်းလိုလို တုန်လှုပ်နေသော အမူအရာများဖြင့် ကောင်းကင်ကို မော့ကြည့်လိုက်ကြသည်။

"ဆုတ်ကြ"

ယောက်ချီ ရှေးဟောင်းမြေဘက်ရှိ အရပ်ရပ်မှ ပါရမီရှင်များလည်း အလောတကြီး ဆုတ်ခွာသွားတော့သည်။

ဤကဲ့သို့သော တိုက်ခိုက်မှုမျိုးဖြင့် အနည်းငယ်မျှ ထိခိုက်ရလျှင်ပင်၊ မသေလျှင်သော်မှ ဒဏ်ရာပြင်းပြင်းထန်ထန် ရရှိသွားရမည် ဖြစ်သည်။

"သေစမ်း"

ယောင်ယွဲ့ခုန်း မျက်နှာပျက်သွားပြီးနောက် ဒေါသတကြီး အော်ဟစ်လိုက်သည်။

ယခုအချိန်တွင်၊ ထွက်ပြေးရန် အလွန်နောက်ကျနေပြီမို့ အစွမ်းကုန်ကြိုးစားပြီး တိုက်ခိုက်ရန်သာ ရှိသည်။

"နတ်ဆိုးဧကရာဇ် ကမ္ဘာကိုကြွရောက်ခြင်း"

ယောင်ယွဲ့ခုန်းက နတ်ဆိုးဧကရာဇ် အင်မော်တယ်ကျမ်း၏ အဆုံးစွန်နည်းလမ်းကို ထုတ်ဖော်လိုက်သည်။ သူ့ခန္ဓာကိုယ်ထဲမှ သွေးများ ဆူပွက်နေပြီး ယဇ်ပူဇော်ခံသလို လောင်ကျွမ်းခံနေခဲ့၏။

လေထဲတွင် သွေးရောင် နတ်ဆိုးဧကရာဇ်၏ ကြီးကျယ်ခမ်းနားသော အရိပ်တစ်ခု ထွက်ပေါ်လာတော့သည်။

ယင်းက မှုန်ဝါးဝါး ပုံရိပ်တစ်ခုသာဖြစ်သည့်တိုင် အလွန်လေးနက်သည်။

နတ်ဆိုးမျိုးရိုး၏ နတ်ဆိုးဧကရာဇ်ကလည်း ဒဏ္ဍာရီအဆင့်တွင်ရှိပြီး ရှေးသမိုင်းတွင် တားမြစ်ချက်များ ရှိပေသည်။

"ပြောင်းလဲမှုကိုးခု နတ်ပိုးကောင်"

ပိုးမင်းသမီးလည်း သူမ၏ ဝှက်ဖဲကို ထုတ်ဖော်လိုက်သည်။

ယခင်က ကျွင်းရှောင်ယောက်သည် အလွန်သန်မာသူဖြစ်သော်လည်း၊ သူမ၏အင်အားဖြင့် အေးအေးဆေးဆေး ကိုင်တွယ်ဖြေရှင်းနိုင်မည်ဟု ထင်ခဲ့သည်။

ယခုတော့ သူမက ငယ်ရွယ်သေး၍ အတွေ့အကြုံ နည်းပါးသေးကြောင်း သိလိုက်ရပေသည်။

ရွယ်ယွဲ့ဘက်မှာတော့... ရှုံ့မဲ့နေသော မျက်နှာဖုံးအောက်မှ သူမ၏ အေးစက်သော မျက်လုံးများမှာ အလင်းရောင်လှိုင်းများ စီးဆင်းနေခဲ့သည်။

ထိုသူမှာ သူမ သတ်သင့်သည့် ရန်သူဖြစ်မှန်း သိသော်လည်း၊ တုံ့ဆိုင်းနေဆဲပင်။

"ဝုန်း"

အဆုံးစွန် တိုက်ခိုက်မှုနှစ်ခု တိုက်မိပြီးနောက် မိုးနှင့်မြေကြားတွင် စွမ်းအင်မုန်တိုင်းတစ်ခု ကျရောက်လာခဲ့သည်။

မြေပြင်ပြိုကျပြီး တောင်များ ပြိုလဲသွား၏။

ယောက်ချီ ရှေးဟောင်းမြေတစ်ခုလုံးတွင်၊ အတားအဆီးကမ္ပည်းဖြင့် ကာကွယ်ထားသော ကျောက်စိမ်းရေကန်မှလွဲ၍ အခြားနေရာများမှာ ရှုပ်ပွသွားရသည်။

အဝေးတွင် ပုန်းကွယ်နေသော ပါရမီရှင် အတော်များများလည်း သွေးအန်ကာ ပစ်လဲသွားတော့သည်။

မသေမျိုးများ တိုက်ခိုက်သောအခါ သေမျိုးများ ခံစားကြရသည်။

စိတ်လှုပ်ရှားစွာ ကြည့်ရှုခြင်းအတွက် ပေးဆောင်ရမည့် တန်ကြေးရှိပေသည်။

တစ်ချက် လှုပ်ရှားလိုက်ရုံမျှဖြင့်...

မိုးကုပ်စက်ဝန်းအထိ ရှည်လျားပြီး နက်နဲသော ချောက်နက်ကြီးများ မြေပြင်ပေါ်တွင် ပေါ်လာခဲ့ရသည်။

ကျွင်းရှောင်ယောက်က ပုဆိန်တစ်ချက်ဖြင့် တိုက်ကြီးတစ်ခုလုံးကို

ထက်ခြမ်းကွဲလုနီးပါး ဖြစ်စေခဲ့ပေသည်။

ထိုသည်ကပင်၊ သင်္ချိုင်းဧကရာဇ်ကြယ်၏ ဖိနှိပ်မှုနိယာများအောက်တွင် ရှိနေသောကြောင့် ဖြစ်သည်။ မဟုတ်ပါက တိုက်ကြီးတစ်ခုလုံး ကွဲထွက်သွားလိမ့်မည်။

အတိတ်မှာလည်း ထိုအဖြစ်မျိုး ရှိခဲ့သည်။ ပါ့ရှင်း အသျှင်ကြယ်ကို ကျွင်းရှောင်ယောက်က ထက်ခြမ်းခွဲခဲ့ဖူးပေသည်။

တဖြည်းဖြည်းနှင့် မြူခိုးများ ကျဲပါးလာပြီး ဖုန်မှုန့်များ ပျောက်ကွယ်လာခဲ့သည်။

အဝေးသို့‌ ဆုတ်ပြေးသွားသော ပါရမီရှင်များလည်း တဖြည်းဖြည်း ပြန်လည် ချဉ်းကပ်လာခဲ့၏။

သို့သော်လည်း သူတို့မြင်လိုက်ရသည့် မြင်ကွင်းက သူတို့အားလုံးကို တိတ်ဆိတ်သွားစေခဲ့သည်။

ယောင်ယွဲ့ခုန်း၏ ခန္ဓာကိုယ်က ပြိုကွဲလုနီးဖြစ်ပြီး သွေးအိုင်ထဲတွင် လဲကျနေသည်။

ခန့်ညားသည့် သူ့မျက်နှာမှာလည်း သွေးအလူးလူးဖြင့် လွန်စွာ ပုံပျက်ပန်းပျက် ဖြစ်နေတော့သည်။

"ဒါကြီးက ဘယ်လိုဖြစ်နိုင်မှာလဲ.."

ယောင်ယွဲ့ခုန်း၏ မျက်လုံးများက ဝမ်းနည်းမှုတို့ ပြည့်နှက်နေခဲ့သည်။

ဒုတိယအခွင့်အရေး ရခဲ့မည်ဆိုပါက ပိုးမင်းသမီးကို မလိုက်တော့သလို၊ ကျန်းစန်းယီကိုလည်း ဘယ်တော့မှ ရန်စတော့မည် မဟုတ်ပေ။

ဘယ်လိုပြောမလဲ။

နွားကျခြင်းမှာ ကြောက်စရာကောင်းသော သေခြင်းတရားကို ရှာဖွေခြင်း ဖြစ်သည်။

မိန်းမများအပေါ် နွားကျသည့် ယောက်ျားများအတွက် အဆုံးသတ်မကောင်းနိုင်ပေ။

ခဏအကြာတွင်၊ ယောင်ယွဲ့ခုန်း အသက်ရှုရပ်သွားသည်။ ပုဆိန်ချက်ကြောင့် သူ၏ ရှေးဦးဝိညာဉ် ပြိုကွဲသွားခဲ့ပြီ။

အခြားတစ်ဖက်တွင်၊ ပိုးမင်းသမီးက ပို၍ပင် အံ့ဩစရာ ဖြစ်သွားသည်။

အကြောင်းမှာ၊ လှပသော မင်းသမီးလေး နတ်ပိုးကောင် မရှိတော့သောကြောင့်ပင်။ ထိုအစား၊ သူ့ခန္ဓာကိုယ် မျက်နှာပြင်တွင် ကိုးရောင်ရှိသော နတ်အလင်းစက်ဝိုင်းဖြင့် ရွှေရောင် နတ်ပိုးကောင်က အစားထိုးလာခဲ့သည်။

ဤအခိုက်မှာတော့၊ ထိုရွှေပိုးကောင်မှာလည်း ဒဏ်ရာများဖြင့် ဖုံးလွှမ်းနေခဲ့လေသည်။ သူ၏ ကြည်လင်သော မျက်လုံးကြီးများမှာလည်း ကြောက်ရွံ့မှုတို့ ပြည့်နှက်နေခဲ့သည်။

သို့သော်လည်း သူ့မှာ ပြင်းပြင်းထန်ထန် ထိခိုက်ထားသောကြောင့် မလှုပ်ရှားနိုင်တော့ပေ။

"ဒါ... ပိုးမင်းသမီးကို သူ့ရဲ့ မူလပုံစံအတိုင်းပြန်ရောက်အောင် ရိုက်ထုတ်လိုက်တာလား"

ပါရမီရှင်အားလုံး အံ့ဩသွားကြသည်။

ကျွင်းရှောင်ယောက်က ပုဆိန်တစ်ချက်ဖြင့် ပိုးမင်းသမီးကို သူ၏ မူလခန္ဓာ ပြန်ပေါ်လာစေရန် ခုတ်ပိုင်းခဲ့ပေသည်။ ယင်းက အနည်းငယ် ရယ်စရာကောင်းသည်။

"ငါနားလည်သွားပြီ၊ ကောလဟာလတွေအရ နတ်ပိုးကောင်တွေ သေခါနီးရင် သူတို့ရဲ့ ကာကွယ်ရေးယန္တရားကို အသက်သွင်းပြီး ပိုးကောင်ခန္ဓာကိုယ်အဖြစ် ပြန်ပြောင်းတတ်ကြတယ်။ သေခြင်းတရားကနေ ရှင်သန်နိုင်ရင်တော့ ဆက်ပြီး အသွင်ပြောင်းသွားမှာပဲ"

"ဒီပိုးမင်းသမီး ကိုးကြိမ် အသွင်ပြောင်းပြီးပြီလေ။ တကယ်လို့ ဆက်ပြီး အသွင်ပြောင်းနေမယ်ဆိုရင် သူက အသွင်ပြောင်းမှုဆယ်ခု နတ်ပိုးကောင် ဖြစ်လာတော့မှာလား"

ပါရမီရှင် တော်တော်များများ အံ့အားသင့်သွားခဲ့ကြသည်။

ထိပ်တန်း ရှေးဟောင်းတော်ဝင်မိသားစုအနေဖြင့် ကောင်းကင်ပိုးမျိုးနွယ်တွင် သဘာဝအတိုင်း သူတို့ကိုယ်ပိုင် ထူးခြားမှု ရှိသည်။

ကျွင်းရှောင်ယောက်၏ပုဆိန်က ပိုးမင်းသမီးကို သေလုမြောပါးအခြေအနေသို့ တိုက်ရိုက် ခုတ်ပိုင်းခဲ့သောကြောင့် အသွင်ပြောင်းယန္တရား စတင်ဖြစ်ပေါ်လာခဲ့ရပေသည်။

"ဒီလိုပဲ"

ကျွင်းရှောင်ယောက်က လုံးဝ ဂရုမစိုက်ပေ။

နောက်ဆုံးတွင်၊ သူက ရွယ်ယွဲ့ကို ပြန်ကြည့်လိုက်သည်။

ရွယ်ယွဲ့က ဒဏ်ရာရသွားသော်လည်း သိသိသာသာ အခြေအနေ ပို၍ကောင်းသေးသည်။

ဧကရာဇ်ကိုဆန့်ကျင်သော ဧကရာဇ် ခုနစ်ပါးထဲမှ တစ်ဦးက မျှော်လင့်ထားသည့်အတိုင်း သာမန်ပါရမီရှင်များနှင့် အမှန်တကယ် ကွဲပြားနေသည်။

ကျွင်းရှောင်ယောက်က နက်နဲသော မျက်လုံးများနှင့် ကြည့်ပြီး လျစ်လျူရှုစွာ ပြောလိုက်သည်။

"တာအိုခန္ဓာနဲ့ သွေးမျိုးဆက် အများကြီးကို ရောသမမွှေပြီး သန့်စင်ထားတာ၊ ဒီလမ်းစဉ်က တကယ်မဆိုးဘူးပဲ။ ဒါပေမဲ့ ကံမကောင်းချင်တော့ ဒီနေ့ ပြီးပြတ်ရတော့မယ်"

ကျွင်းရှောင်ယောက်၏ မျက်လုံးများက အေးစက်စက် သတ်ဖြတ်ချင်စိတ်တို့ ပြည့်နေသည်။

ကျွင်းရှောင်ယောက်ကိုကြည့်ရင်း အကြောင်းပြချက်တစ်ခုခုကြောင့် ရွယ်ယွဲ့ဟာ သူ့နှလုံးသားက တဆတ်ဆတ် နာကျင်နေသလို ခံစားလိုက်ရသည်။

ကျွင်းရှောင်ယောက်၏ ရန်လိုပြီး သတ်ဖြတ်လိုသော မျက်လုံးများ အကြည့်များကြောင့် သူ့နှလုံးသားထဲတွင် နားမလည်နိုင်စွာ မသက်မသာ ခံစားချက်ကို ခံစားခဲ့ရ၏။

ရွယ်ယွဲ့မှာ လက်သီးကို တင်းတင်းဆုပ်ထား၍ သူမ၏လက်သည်းများက လက်ဝါးသို့ ပြန်စိုက်ဝင်ကာ သွေးများ တစက်စက်ကျနေသည်ကိုပင် သတိမထားမိတော့ပေ။

All Chapters