← Chapters

အခန်း ၇၈၈

Vol. 53 Ch. 788

အခန်း ၇၈၈

Vol. 53 Ch. 788

အခန်း ( ၇၈၈ ) သေခြင်းရှင်ခြင်း တံခါးသို့ ဝင်ရောက်ခြင်း၊ ဆန်းကျယ်သော အဖြူနှင့်အမည်း မြစ်အတွင်းမှ ကြောက်စရာကောင်းသော သားရဲ။

ယောက်ချီရှေးဟောင်းမြေမှ အဖြစ်အပျက်များ ပြီးဆုံးပြီးနောက် အချိန်ကြာလာသည်နှင့်အမျှ...

ဧကရာဇ်သင်္ချိုင်းကြယ်တွင် ကျွင်းရှောင်ယောက် ပြုလုပ်ခဲ့သော အရာများသည်လည်း ပျံ့နှံ့သွားခဲ့သည်။

လွမ်ကုမျှော်စင်တွင် အလွှာတစ်ထောင်သို့တက်ပြီး စံချိန်ချိုးကာ လွမ်ကုဧကရာဇ်၏အမွေကို ရယူသွားခဲ့သည်။

တိုက်ကွက်သုံးခုဖြင့် ချင်မိသားစု၏ နတ်ဘုရားသားတော် ချင်ဝူတောက်ကို အနိုင်ယူခဲ့၏။

ထို့နောက် သူဟာ ကျွင်းမိသားစု၏ လျှို့ဝှက်သွေးကြောမှ ပါရမီရှင်များကို ကယ်တင်ခဲ့ပေသည်။ တစ်ဦးတည်းဖြင့် ထိပ်သီး တားမြစ်ပါရမီရှင်သုံးဦးကို ရင်ဆိုင်ကာ နှစ်ဦးကိုသတ်၍ ကျန်တစ်ဦးကိုလည်း ဒဏ်ရာပြင်းထန်စွာ ရရှိစေခဲ့သည်။

ထို့နောက် ယောက်ချီရှေးဟောင်းမြေတွင် တစ်ဦးတည်းဖြင့် ‌ကျူးရှန်းဓားပြ၊ ပိုးမင်းသမီး၊‌ ယောင်ယွဲ့ခုန်းနှင့် အခြားသူများကို ရင်ဆိုင်ခဲ့ပြန်သည်။

ထိုတိုက်ပွဲတွင် ကျူးရှန်းဓားပြ ထွက်ပြေးသွားပြီး ယောင်ယွဲ့ခုန်း သေဆုံးသွားသည်။ ပိုးမင်းသမီးဆိုလျှင်လည်း သူမ၏ မူလခန္ဓာ ပြန်ပေါ်သည်အထိ ရိုက်ခံရပြီး ကျွန်အမှတ်အသား စိုက်ထူခံရကာ အိမ်မွေးတိရစ္ဆာန်ကဲ့သို့ ဖြစ်ခဲ့ရလေသည်။

ကျွင်းရှောင်ယောက်၏ လုပ်ရပ်တိုင်းက ဧကရာဇ်သင်္ချိုင်းကြယ်တစ်ခုလုံးကို ပေါက်ကွဲစေသည်ဟု ဆိုနိုင်သည်။ သတင်းကိုကြားရပြီးနောက် မရေတွက်နိုင်သော ပါရမီရှင်များ အံ့အားသင့်ပြီး မယုံနိုင်ဖြစ်ခဲ့ရပေသည်။

ကျွင်းရှောင်ယောက်၏ ပြိုင်ဘက်များတွင် မည်သူက အားနည်းကြသနည်း။ အားလုံးက ရှေးဟောင်းလမ်းတွင် နာမည်တစ်ခု ရရှိထားသူများ ဖြစ်သည်။

သို့သော်လည်း၊ ကျွင်းရှောင်ယောက်ကို ရင်ဆိုင်ရသည့်အခါ ကြောက်စရာကောင်းသည့် ထိပ်တန်းပါရမီရှင်များက ကြက်ကလေး၊ ငှက်ကလေးများကဲ့သို့ ဖြစ်သွားခဲ့ရသည်။

ကျွင်းရှောင်ယောက်ကို လူစုပြီး တိုက်ခိုက်ခဲ့စဉ်မှာလည်း အသက်လုပြီး ထွက်ပြေးခဲ့ရသည်။

ကျွင်းရှောင်ယောက်၏ ဂုဏ်သိက္ခာက မတုန်လှုပ်သည်အထိ ဖြစ်နေပြီဟု ဆိုနိုင်ပေသည်။

ကျွင်းရှောင်ယောက်နှင့် ကောင်းကင်တာအိုတို့၏ ကစားပွဲတွင် ကျွင်းရှောင်ယောက် အနိုင်ရရှိမည်ဟု ယုံကြည်ထားသည့် ကျွင်းရှောင်ယောက်ကို အရူးအမူး လေးစားသူများပင် ရှိလာခဲ့ကြသည်။

ဧကရာဇ်ကိုဆန့်ကျင်မည့် ဧကရာဇ်ခုနစ်ပါး ပေါင်းလိုက်လျှင်ပင် သူတို့က ကျွင်းရှောင်ယောက်၏ပြိုင်ဘက် ဖြစ်နိုင်မည်မဟုတ်ဟု ယုံကြည်ခဲ့ပေသည်။

ယခုအချိန်တွင် ကျွင်းရှောင်ယောက်က အဆုံးစွန် ရှေးဟောင်းလမ်း၏ အသန်မာဆုံး ပါရမီရှင် ဖြစ်သည်။

သူဌေးကြီးအဆင့် ထိုတည်ရှိမှုကို မျိုးဆက်သစ်လူငယ်များကြားတွင် မည်သူမျှ ကိုင်လှုပ်၍မရပေ။

ဧကရာဇ်သင်္ချိုင်းကြယ်တစ်ခုလုံး၏ လှုပ်ရှားမှုများနှင့်ယှဉ်လျှင် ကျွင်းရှောင်ယောက် ကိုယ်တိုင်က အလွန်အေးဆေးသည်။

အချိန်ကာလတစ်ခု ကြာပြီးနောက် သေခြင်းရှင်ခြင်း တံခါးရှိရာသို့ ရောက်လာခဲ့ပေသည်။

ဤသည်မှာ ရှေးဟောင်းကျွန်းစုတစ်ခု ဖြစ်သည်။

ကျွန်းစု၏ အလယ်ဗဟိုတွင်၊ မှောင်မိုက်ပြီး အေးစက်သော တံခါးတစ်ခုက လေထဲတွင် တည်ငြိမ်စွာ ရှိနေခဲ့၏။

တံခါးပေါက်က ပတ်ဝန်းကျင်မှ အလင်းရောင်ကို စုပ်ယူလိုက်သကဲ့သို့ ပတ်ဝန်းကျင် ကောင်းကင်တစ်ခွင်မှာ အရောင် မှိန်ဖျော့နေခဲ့သည်။

သေခြင်းရှင်ခြင်းတံခါးသို့ ရောက်လာ‌ပြီးနောက် ကျွင်းရှောင်ယောက်၏အမူအရာက မပြောင်းလဲပေ။

အခြား ပါရမီရှင်များအတွက် သေခြင်းရှင်ခြင်းတံခါးမှာ တားမြစ်ရာနေရာတစ်ခု ဖြစ်သည်။

သို့ရာတွင် ကျွင်းရှောင်ယောက်အတွက်ကတော့ ဘာမှမဟုတ်ပေ။

"ဒါက သေခြင်းရှင်ခြင်းတံခါး ဖြစ်မယ်"

ကျွင်းရှောင်ယောက်၏ မျက်လုံးများက သံသယ အရိပ်အမြွက်တို့ ပေါ်လာသည်။

သူ၏ ထက်မြက်သော စိတ်အာရုံ ခံစားမှုအရ၊ ဤသည်မှာ ထူးခြားနေသလို ခံစားခဲ့ရပေသည်။

ကောင်းကင်ကိုးခု အင်မော်တယ်နယ်မြေကြီး တစ်ခုလုံးနှင့် အနည်းငယ်မျှ လိုက်ဖက်မှုမရှိသလို ဖြစ်သည်။

"စိတ်ဝင်စားစရာပဲ"

ကျွင်းရှောင်ယောက်၏ နှုတ်ခမ်းများက အနည်းငယ် တွန့်ကွေးသွားခဲ့သည်။

ကျန်းလော့လီကြောင့် မဟုတ်လျှင်ပင် ဤသေခြင်းရှင်ခြင်းတံခါးကို သူ အနည်းငယ်စိတ်ဝင်စားမိ၏။

ကျွင်းရှောင်ယောက်လည်း အနည်းငယ်မျှ တုံ့ဆိုင်းခြင်းမရှိဘဲ သေခြင်းရှင်ခြင်းတံခါးသို့ လှမ်းဝင်လိုက်တော့သည်။

"ဟင်၊ အဲဒါ... ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်လား"

သေခြင်းရှင်ခြင်းတံခါး၏ ပတ်ဝန်းကျင်တွင် သွားလာလှုပ်ရှားနေသော ပါရမီရှင်တချို့ ရှိနေခဲ့ကြသည်။ ဤအခိုက်တွင် သေခြင်းရှင်ခြင်းတံခါးသို့ ဝင်ရောက်သွားသော အဖြူရောင်ဝတ် ရုပ်သွင်ကို မြင်လိုက်ရသောကြောင့် အားလုံး အံ့ဩသွား၏။

သေခြင်းရှင်ခြင်းတံခါးက ဧကရာဇ်သင်္ချိုင်းကြယ်တွင် အန္တရာယ်အရှိဆုံးနေရာများထဲမှ တစ်ခုဖြစ်သည်။ သို့သော်၊ ကျွင်းရှောင်ယောက်ကတော့ ကိုယ်ပိုင်ခြံဝင်းထဲတွင် အေးအေးလူလူ လမ်းလျှောက်နေသလို လုံးဝ မထူးခြားပေ။

"ဒါက ငါတို့နဲ့ အမြင့်မြတ်ဆုံး တားမြစ်ပါရမီရှင်ကြားက ကွာဟမှုပဲလား"

ပါရမီရှင်တချို့က သက်ပြင်းချလိုက်သည်။

ကျွင်းရှောင်ယောက်၏ အံ့ဖွယ် သတင်းမျိုးစုံကို ကြားရပြီးနောက်မှာတော့ သေခြင်းရှင်ခြင်းတံခါးက သူ့အတွက် အန္တရာယ်ရှိမည်ဟု မည်သူမျှ မထင်တော့ပေ။

..........

သေခြင်းရှင်ခြင်းတံခါးအတွင်းက အခြားကမ္ဘာတစ်ခု ဖြစ်နေပုံရသည်။

ကောင်းကင်နှင့်မြေပြင်က ထာဝရညကဲ့သို့ မှောင်မိုက်လျက်ရှိ၏။

ပျက်စီးနေသော တိုက်ကြီးအပိုင်းအစများလည်း လွင့်မျောနေသေးသည်။

'မျှော်လင့်ထားတဲ့အတိုင်းပဲ။ ဒီထဲမှာ မိုးနဲ့မြေရဲ့ နိယာမတွေက ကောင်းကင်ကိုးခု အင်မော်တယ်မြေနဲ့ နည်းနည်း ကွာခြားပုံရတယ်'

ကျွင်းရှောင်ယောက်က စိတ်ထဲမှ တွေးလိုက်မိသည်။

သေခြင်းရှင်ခြင်းတံခါး၏ အပြင်ဘက်တွင် ယင်းကို ယောင်ဝါးဝါး သတိပြုမိခဲ့သော်လည်း ယခုဝင်ရောက်လာသောအခါမှ ပို၍ ထင်ရှားလာခဲ့သည်။

အတိုင်းအတာတစ်ခုအထိ၊ သေခြင်းရှင်ခြင်းတံခါးမှကမ္ဘာသည် ကျွင်းရှောင်ယောက်၏ အတွင်းစကြာဝဠာနှင့် အတန်ငယ် ဆင်တူပေသည်။ ထိုကမ္ဘာနှစ်ခုလုံးတွင် ကိုယ်ပိုင်နိယာမများနှင့် ကမ္ဘာများ ရှိသည်။

ယင်းက ကျွင်းရှောင်ယောက်၏ စိတ်ဝင်စားမှုကို နှိုးဆွပေးခဲ့လေသည်။

'ကောင်းကင်ကိုးခု အင်မော်တယ်နယ်မြေနဲ့ ကမ္ဘာ‌ခြားမြေအပြင် အခြား ကမ္ဘာတွေလည်း ရှိသေးပုံရတယ်'

'အကန့်အသတ်မဲ့ပင်လယ်ရဲ့ တစ်ဖက်မှာ ဘာရှိလဲ'

'ဒါ့အပြင် အသက်တားမြစ်မြေလည်း ရှိသေးတယ်။ ကောင်းကင်ကိုးပါးအထက်က အပျက်အစီးတွေလည်း ရှိသေးတယ်။ အဲဒါက ကောင်းကင်ကိုးခု အင်မော်တယ်နယ်မြေကြီးရဲ့ နိယာမတွေနဲ့ ချည်နှောင်ထားမှုမျိုး မရှိဘူးလို့‌ ကောလဟာလတွေထွက်နေတယ်'

ကျွင်းရှောင်ယောက်၏ စိတ်ထဲတွင် အကြောင်းရာများစွာကို တွေးနေခဲ့မိသည်။

ကမ္ဘာကြီးက ကြီးမားပြီး လျှို့ဝှက်ချက်များစွာ ရှိပေသည်။

ကျွင်းရှောင်ယောက်သည် အလွန်မြင့်မားသော အနေအထားဖြင့် မွေးဖွားခဲ့သော်လည်း ကမ္ဘာတစ်ခုလုံး၏ အမှန်တရားကို သူနားလည်နိုင်လိမ့်မည်ဟုတော့ မဆိုလိုပါ။

ထို့ပြင် ယခင် နာမည်ကျော် ဧကရာဇ်များက သေသွားကြသလော၊ သို့မဟုတ် ဘယ်နေရာသို့ ရောက်သွားကြသနည်း။

ကျွင်းချီထျန်းအပါအဝင် ကျွင်းမိသားစု၏ ဧကရာဇ်တချို့၊ သူတို့ ဘယ်ရောက်သွားသနည်း။

ထို့အပြင်၊ ဒဏ္ဍာရီလာ မီဖေး ပြောသွားခဲ့သည့် "ရင်းမြစ်"သည်ကား ဘယ်မှာရှိသနည်း။

မည်သို့ပင် ဆိုစေကာမူ ကောင်းကင်ကိုးခု အင်မော်တယ်နယ်မြေကြီးမှ မဟုတ်တာတော့ သေချာသည်။

ခဏချင်း၊ ကျွင်းရှောင်ယောက်၏ စိတ်ထဲတွင် ‌အတွေးများစွာ လှည့်ပတ်သွားခဲ့သည်။

မှန်ပေသည်၊ သူ၏ လက်ရှိခွန်အားက မျိုးဆက်သစ်လူငယ်များကြားမှာ ပြိုင်ဘက်မရှိပေ။

မျိုးဆက်ဟောင်းမှ ကျွမ်းကျင်သူတချို့ထက်ပင် ပို၍ အားကောင်းသည်။

သို့သော်လည်း သူ့တွင် ဖြေရှင်းရန် လျှို့ဝှက်ချက်များစွာ ရှိသေးသည်။

"မေ့လိုက်ပါ၊ အနာဂတ်မှာ ဒီပဟေဋ္ဌိတွေရဲ့ အဖြေတွေကို သိလာရလိမ့်မယ်။ အခုလောလောဆယ်တော့ လော့လီကိုပဲ အရင်ရှာကြည့်သင့်တယ်"

ကျွင်းရှောင်ယောက်လည်း ခေါင်းကို အနည်းငယ်ခါယမ်းပြီး သူ့စိတ်များကို ငြိမ်သက်သွားစေခဲ့သည်။

သူက ဆက်လျှောက်ခဲ့၏။

အချိန်အနည်းငယ်ကြာပြီးနောက် သူ့ရှေ့တွင် မြစ်တစ်စင်း ရုတ်တရက်ပေါ်လာသည်။

ဤသည်မှာ ထူးဆန်းသော အဖြူအမည်းမြစ်ဖြစ်ပြီး၊ သေခြင်းရှင်ခြင်းတံခါး နက်နဲရာသို့ စီးဆင်းနေပေသည်။

ကျွင်းရှောင်ယောက်ကို ပို၍ အံ့သြစေသည်မှာ ဤအဖြူအမည်းမြစ်ထဲတွင် စီးဆင်းနေသည်က မြစ်ရေမဟုတ်ဘဲ တာအို၏ အခြေခံသဘောတရားများ ဖြစ်နေခြင်း ဖြစ်သည်။

ကျွင်းရှောင်ယောက် အနီးကပ်ကြည့်ဟန် ပြင်လိုက်သည်။

သို့သော်လည်း၊ ထိုစဉ်မှာပင် အလွန်ကြောက်စရာကောင်းသော ဆွဲအားတစ်ခုက ကျွင်းရှောင်ယောက်ကို အဖြူအမည်းမြစ်ထဲသို့ ဆွဲခေါ်နေသည်အား ရုတ်တရက် သတိပြုလိုက်မိ၏။

အဖြူအမည်းမြစ်ထဲသို့ လှမ်းဝင်လိုက်သည်နှင့် တပြိုင်နက်၊ တာအိုနိယာမ၏ ကြောက်မက်ဖွယ် စွမ်းအားက ကျွင်းရှောင်ယောက်၏ ခန္ဓာကိုယ်ပေါ်တွင် လွှမ်းခြုံသွားတော့သည်။

ကျွင်းရှောင်ယောက်၏ ခန္ဓာကိုယ်က နတ်အလင်းများ တောက်ပနေပြီး တာအိုစွမ်းအားများကို ခုခံလိုက်သည်။

'ဒီလောက်တောင် ကြောက်စရာကောင်းလိုက်တဲ့ စွမ်းအားပဲ။ တော်ရုံပါရမီရှင်ဆိုရင် အပိုင်းပိုင်း ပေါက်ကွဲသွားနိုင်တယ်'

ကျွင်းရှောင်ယောက် အံ့အားသင့်စွာ တွေးလိုက်မိသည်။

ပါရမီရှင်တိုင်း၏ ခန္ဓာကိုယ်က ကျွင်းရှောင်ယောက်လောက် မသန်မာပေ။

အဖြူအမည်းမြစ်ကြီးက အဆက်မပြတ် စီးဆင်းနေခဲ့သည်။ ရံဖန်ရံခါ သေဆုံးနေပြီးဖြစ်သော အလောင်းများနှင့် အရိုးများစွာကိုပင် မြင်ခဲ့ရလေသည်။

အတိတ်က သေခြင်းရှင်ခြင်းတံခါးထဲသို့ ဝင်ရောက်ခဲ့သော ပါရမီရှင်များဟာ အဖြူအမည်းမြစ်ထဲသို့ ဆွဲသွင်းခံရပြီး သေဆုံးသွားခဲ့ကြတာ ဖြစ်နိုင်သည်။

သေခြင်းရှင်ခြင်းတံခါးက အမှန်တကယ် အန္တရာယ်များပြီး လူတိုင်း လွတ်မြောက်နိုင်စွမ်း မရှိပေ။

'လော့လီ အဆင်​​ပြေသင့်​တယ်​ဟုတ်​လား'

ကျွင်းရှောင်ယောက် အနည်းငယ်​ မျက်​​မှောင်​ကြုတ်​လိုက်​သည်​။

ကျန်းလော့လီတွင် မူလဝိညာဉ် တာအိုခန္ဓာရှိသောကြောင့် တာအိုနိယာမများနှင့် ရင်းနှီးသည်။ ပုံမှန်အားဖြင့် သူမက အဖြူအမည်းမြစ်အတွင်းမှ စွမ်းအင်များကို ခုခံနိုင်ကာ စုပ်ယူရန်ပင် ဖြစ်နိုင်လိမ့်မည်။

ထို့နောက်တွင်၊ ကျွင်းရှောင်ယောက်က အဖြူအမည်းမြစ်အတွင်းမှ တာအိုနိယာများကို နားလည်ဆင်ခြင်လိုက်သည်။

'ဒါက ကောင်းကင်ကိုးခုရဲ့ နိယာမတရားမဟုတ်ဘူး။ ဒါက တိုင်းတစ်ပါးပြည်လား၊ ဒါမှမဟုတ် အသက်တားမြစ်နယ်မြေလား၊ ဒါမှမဟုတ် တခြားမသိသေးတဲ့ နေရာတွေရဲ့ နိယာမများလား'

ကျွင်းရှောင်ယောက်က စိတ်ထဲမှ တွေးနေမိ၏။

သူတွေးနေစဉ်မှာပင်၊ ရုတ်တရက် သူ့အသိစိတ်က အန္တရာယ်ကို ခံစားလိုက်ရသည်။

အဖြူအမည်းမြစ်က ရုတ်တရက် လှိုင်းထလာသည်။

ကြောက်စရာကောင်းသော သားရဲတစ်ကောင် ရုတ်တရက် ထွက်ပေါ်လာပြီး ကျွင်းရှောင်ယောက်ကို တိုက်ခိုက်လိုက်၏။

ယင်းက တံစဉ်ကောက်ကဲ့သို့ ချွန်ထက်သော လက်တံခြောက်ခုရှိသည့် ထူးခြားသော သားရဲတစ်ကောင် ဖြစ်သည်။ သူ့ခန္ဓာကိုယ်ကို အခွံမာတစ်ခုက ဖုံးအုပ်ထားပြီး အစိမ်းပုပ်ရောင် မျက်လုံးခြောက်စုံ ရှိလေသည်။

"ဟမ့်…"

ကျွင်းရှောင်ယောက်က အေးစက်စက်ဖြင့် နှာခေါင်းရှုံ့ပြီး လက်ညိုးတစ်ချက်ညွှန်လိုက်သည်။

မိုးကြိုးဧကရာဇ်၏ လက်ချောင်း ဖြစ်ချေသည်။

သို့ရာတွင်၊ မိုးကြိုးဧကရာဇ်၏လက်ချောင်းက ခြေလက်ခြောက်ချောင်းရှိသည့် သားရဲအပေါ်သို့ ကျရောက်သောအခါ ချက်ချင်းဆိုသလိုပင် ပျောက်ကွယ်သွားတော့သည်။

"ဟင်၊ နတ်ဘုရားစွမ်းအင်ကို ခုခံနိုင်စွမ်း ရှိတာလား"

ကျွင်းရှောင်ယောက် အနည်းငယ် အံ့သြသွားသည်။

All Chapters