← Chapters

အခန်း ၇၈၉

Vol. 53 Ch. 789

အခန်း ၇၈၉

Vol. 53 Ch. 789

အခန်း ( ၇၈၉ ) စွမ်းအင်ခုခံကာကွယ်ခြင်း အသွင်ပြောင်းရန်၊ ပူဖောင်းကမ္ဘာ၊ နောက်ဆုံးတော့ လော့လီကို တွေ့ပြီ။

ကျွင်းရှောင်ယောက်က ဤအခြေအနေကို ကောင်းကောင်း သိသည်။

အကြောင်းမှာ၊ သူ့တွင်လည်း ထိုသို့သော စွမ်းရည်မျိုး ရှိ၏။

စွမ်းအင်ခုခံကာကွယ်ခြင်းသည် လက်မှတ်ထိုးဝင်စဉ်က ကျွင်းရှောင်ယောက် ရရှိခဲ့‌သော စွမ်းရည် တစ်မျိုး ဖြစ်သည်။ ယင်းက သူ့အတွက်လည်း အမြဲ အကူအညီဖြစ်ခဲ့ပေသည်။

သို့သော်လည်း ပြိုင်ဘက်များက အားကောင်းလာသည်နှင့်အမျှ စွမ်းအင်ခုခံကာကွယ်ခြင်းမှာ တဖြည်းဖြည်း ကျဆင်းလာခဲ့သည်။

ကျွင်းရှောင်ယောက်၏ အင်အား တိုးတက်လာသည်နှင့်အမျှ ခုခံနိုင်စွမ်းကို မြှင့်တင်နိုင်သည်ဟုဆိုသော်လည်း သက်ရောက်မှုမှာ အကန့်အသတ်ရှိ၏။

သူ့ရှေ့မှ ဓားသွား လက်ခြောက်ချောင်း သားရဲက စွမ်းအင် ခုခံကာကွယ်နိုင်စွမ်း ရှိနေမည်ဟု မထင်ထားခဲ့ပေ။

"ဂါး"

ဓားသွား လက်ခြောက်ချောင်း သားရဲက ကျွင်းရှောင်ယောက်၏ တိုက်ခိုက်မှုကြောင့် စိတ်ဆိုးသွားသကဲ့သို့ စူးစူးရှရှ အသံတစ်ချက် ထွက်လာခဲ့သည်။

ဓါးနှင့်တူသော ခြေလက်ခြောက်ချောင်းက ကျွင်းရှောင်ယောက်ကို ကောင်းကင်ဓားခြောက်စင်းကဲ့သို့ ခုတ်ထစ်တိုက်ခိုက်လာတော့သည်။

ကျွင်းရှောင်ယောက်လည်း လက်သီးဆုပ်ပြီး လက်သီးချက်များ ထုတ်ဖော်လိုက်သည်။

"ဝုန်း"

အဖြူအမည်းမြစ်ကြီးထဲတွင် အဆုံးမဲ့ လှိုင်းလုံးများဖြင့် ပြည့်သွားသည်။ မရေမတွက်နိုင်သော တာအိုနိယာမများက ရေလှိုင်းများကဲ့သို့ ဖြာထွက်သွားခဲ့သည်။

ဤထိုးကြိတ်မှုအောက်တွင် ဓားသွား လက်ခြောက်ချောင်း သားရဲကို တိုက်ရိုက် လွင့်စဉ်သွားစေခဲ့၏။

ကျွင်းရှောင်ယောက်လည်း နောက်ပြန်ဆုတ်သွားရတော့သည်။

'မဆိုးဘူး၊ မဟာသူတော်စင်နယ်ပယ်နဲ့ ညီမျှတဲ့ အင်အားရှိတယ်။ သူ့ရဲ့ စွမ်းအင်ခုခံကာကွယ်ခြင်းနဲ့ ပေါင်းစပ်လိုက်မယ်ဆိုရင် သာမာန် သူတော်စင်တွေ ကိုင်တွယ်ဖြေရှင်းဖို့ အရမ်းခက်လိမ့်မယ်'

ကျွင်းရှောင်ယောက်က စိတ်ထဲမှတွေးလိုက်သည်။

နောက်ဆုံးတွင်၊ ခေတ်ကာလတစ်လျှောက်လုံး သေခြင်းရှင်ခြင်းတံခါးမှ ပြန်ထွက်လာနိုင်သော ပါရမီရှင် အဘယ်ကြောင့် အလွန် နည်းပါးသည်ကို နားလည်ခဲ့ပေသည်။

ထိုပါရမီရှင်များက အဖြူအမည်းမြစ်၏ ရိုက်ခတ်မှုကို ခံနိုင်ရည်ရှိမရှိအား ဘေးဖယ်ထားလျှင်ပင်...

ဤထူးဆန်းသော သားရဲများ၏ တိုက်ခိုက်မှုကို ရင်ဆိုင်ကြရမည် ဖြစ်သည်။

အဖြူအမည်းမြစ်ထဲတွင် တာအိုနိယာမ စွမ်းအားများကို ခုခံနိုင်ရမည် ဖြစ်သည်။ ထို့‌ပြင် မဟာသူတော်စင်နှင့် နှိုင်းယှဥ်နိုင်ပြီး စွမ်းအင်ခုခံကာကွယ်နိုင်စွမ်းရှိသည့် ထူးဆန်းသော သားရဲတစ်ကောင်လည်း လိုသေးသည်။

သာမန်လူများ မဆိုထားဘိ၊ တားမြစ်ပါရမီရှင်များပင်လျှင် ကိုင်တွယ်ဖြေရှင်းရန် အလွန်ခက်ခဲသည်။

ထို့ကြောင့်ပင် သေခြင်းရှင်ခြင်းတံခါးက ဂုဏ်သိက္ခာတစ်ခု ရှိလာခဲ့ပေသည်။

ကျွင်းရှောင်ယောက်သာလျှင် သူ့ရှေ့မှ အခြေအနေကို စိတ်အေးချမ်းစွာ ကိုင်တွယ်ဖြေရှင်းနိုင်သည်။

ဤသားရဲက ကောင်းကင်ကိုးခု အင်မော်တယ်နယ်မြေကြီးမှ မဟုတ်တာကိုတော့ သူ သေချာပေသည်။

'သေခြင်းရှင်ခြင်းတံခါးရဲ့ အမွေက အင်မော်တယ်ကမ္ဘာက မဟာဧကရာဇ်ရဲ့ အမွေအနှစ်များ ဖြစ်နိုင်မလား'

ကျွင်းရှောင်ယောက် အနည်းငယ် သံသယဝင်လာခဲ့သည်။

သူ့စိတ်ထဲတွင် တွေးနေစဉ်တွင် ဓားသွား လက်ခြောက်ချောင်း သားရဲက ရှေ့သို့ တစ်ဖန်တိုးလာပြန်သည်။

"မင်းကို ငါဘာမှမလုပ်နိုင်ဘူးလို့ တကယ်ထင်နေတာလား"

ကျွင်းရှောင်ယောက်က အေးစက်စက်ဖြင့် ပြောလိုက်၏။

သူက လက်သီးချက် တစ်ဖန်ထုတ်ဖော်ကာ လမ်းကြောင်းခြောက်သွယ် ဆမ်ဆာရာလက်သီးသိုင်းကို ထုတ်ဖော်လိုက်တော့သည်။

ပြန်လည်ဝင်စားခြင်း လမ်းကြောင်းခြောက်ခုကဲ့သို့ တိုက်ခိုက်မှုခြောက်ခုက ဓားသွား လက်ခြောက်ချောင်း သားရဲပေါ်သို့ ကျရောက်သွားခဲ့သည်။

လက်သီးချက်အနည်းငယ် ကျရောက်လာပြီးနောက် သားရဲ၏ စွမ်းအင်ခုခံကာကွယ်ခြင်းမှာ တိုက်ရိုက် ကျိုးပေါက်သွားခဲ့သည်။

သူက ထူးဆန်းသောသားရဲ၏ ခန္ဓာကိုယ်ကို လက်သီးဖြင့် ဆက်ထိုးလိုက်၏။

ထူးဆန်းသော သားရဲ၏ ခန္ဓာကို အခွံတစ်ခုဖြင့် ဖုံးအုပ်ထားသော်လည်း ကျွင်းရှောင်ယောက်၏ ပြင်းထန်သော လက်သီးများကို မခံနိုင်ပေ။

အချိန်တိုအတွင်းမှာပင် သားရဲ၏ ဓားသွား လက်ခြောက်ချောင်းစလုံးကျိုးပြီး သွေးများရွှဲစိုသွားခဲ့ရသည်။

ကျွင်းရှောင်ယောက်က လက်သီးနှင့်ဆက်ထိုးပြီး တိုက်ပွဲကို အဆုံးသတ်ရန် ဟန်ပြင်လိုက်၏။ သို့သော်လည်း တစ်ခုခုကို တွေးမိဟန်ဖြင့် ရပ်တန့်သွားပြီး သူ့လက်ကို မြှောက်လိုက်သည်။

ဝါးမျိုခြင်း ဖင်းဂေါ့ကျမ်းကို အသက်သွင်းလိုက်၏။

ရေဝဲကြီးတစ်ခု ထွက်ပေါ်လာပြီး ဓားသွား ‌လက်ခြောက်ချောင်း သားရဲကို လွှမ်းခြုံကာ စတင်သန့်စင်လိုက်တော့သည်။

နောက်အခိုက်တွင်၊ ကျွင်းရှောင်ယောက်က သူ့ခန္ဓာကိုယ်ထဲသို့ နားမလည်နိုင်သော စွမ်းအားများ ပေါင်းစပ်သွားသလို ခံစားလိုက်ရသည်။

စွမ်းအင်ခုခံကာကွယ်ခြင်း။

ဤဓားသွားလက်ချောင်းသားရဲကို သန့်စင်ပြီးနောက်၊ ကျွင်းရှောင်ယောက်၏ စွမ်းအင်ခုခံကာကွယ်ခြင်း စွမ်းအားက အမှန်တကယ် တိုးတက်လာခဲ့ပေသည်။

ယင်းက တကယ်ကို အံ့ဩစရာ ဖြစ်သည်။

ကျွင်းရှောင်ယောက်လည်း ဤမျှ ရိတ်သိမ်းနိုင်မည်ဟု တစ်ခါမှ မတွေးခဲ့ဖူးပေ။

"ငါသာ နောက်ထပ် ထူးဆန်းတဲ့ သားရဲတချို့ကို သတ်လိုက်နိုင်ရင်..."

ကျွင်းရှောင်ယောက်၏ မျက်လုံးများက တောက်ပလာခဲ့သည်။

ထို့နောက်တွင် သူက အဖြူအမည်း မြစ်ကြောင်းအတိုင်း အရင်းအမြစ်ဆီသို့ ဆက်သွားခဲ့လေသည်။

ဤကာလအတွင်းတွင် ဓားသွား လက်ခြောက်ချောင်း သားရဲများစွာ ပေါ်လာခဲ့သည်။

ကျွင်းရှောင်ယောက်လည်း သူတို့အားလုံးကို ပြင်းပြင်းထန်ထန် ဒဏ်ရာရစေပြီးနောက် ဝါးမျိုခြင်း ဖင်းဂေါ့ကျမ်းနှင့် သန့်စင်ခဲ့ပေသည်။

နောက်ဆုံးတွင် ကျွင်းရှောင်ယောက်၏ စွမ်းအင်ခုခံကာကွယ်ခြင်းက ဆယ်ဆတိုးတက်လာခဲ့သည်။

'ငါ့ရဲ့ လက်ရှိ စွမ်းအင်ခုခံကာကွယ်ခြင်း အဆင့်အရ တူညီတဲ့အဆင့်က သူတော်စင်တွေ ချိုးဖြတ်ဖို့ မလွယ်တော့ဘူး'

ကျွင်းရှောင်ယောက်လည်း သူ၏ ရိတ်သိမ်းမှုအတွက် အလွန် ကျေနပ်သွားသည်။

အချိန်ကြာလာသည်နှင့်အမျှ၊ နောက်ဆုံးတွင် အဖြူအမည်းမြစ်၏ အရင်းအမြစ်သို့ ရောက်ရှိခဲ့ပေသည်။

ပတ်ဝန်းကျင်ကို ကြည့်လိုက်လျှင်၊ အဖြူအမည်းဖြစ်၏ အနီးနားမှာ ပူဖောင်းများ များစွာကို မြင်လိုက်ရသည်။

ပူဖောင်းတစ်ခုစီမှာ ကမ္ဘာငယ်တစ်ခု ဖြစ်ပုံရ၏။

"ဒါက၊ ကမ္ဘာရဲ့ စွမ်းအားလား"

ကျွင်းရှောင်ယောက် အံ့သြသွားမိသည်။

ကျွင်းရှောင်ယောက်က ဤစွမ်းအားမျိုးနှင့် မစိမ်းပေ။ သူ၏ အတွင်းစကြာဝဠာကိုလည်း သူ့ဘာသာသူ အဆင့်ဆင့် ပုံဖော်ထားခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့်ပင် ဤစွမ်းအားနှင့် အလွန်ရင်းနှီးခြင်း ဖြစ်သည်။

ကျွင်းရှောင်ယောက်က ကမ္ဘာ့အင်မော်တယ်စွမ်းအင်ကိုပင် ပေါင်းစည်းခဲ့သည်။

ယခုအချိန်တွင်၊ ထိုပူဖောင်းတစ်ခုစီက ကမ္ဘာ့စွမ်းအင်များ ပါဝင်နေခဲ့၏။ ပူဖောင်းတစ်ခုစီအတွင်း၌ တောင်များ၊ မြစ်များ၊ ပင်လယ်များ၊ နေ၊ လနှင့် ကြယ်များ ရောင်ပြန်ဟပ်နေလေသည်။

'ဒီပူဖောင်းတွေက ပြီးပြည့်စုံတဲ့ ကမ္ဘာငယ်လေးကနေ ခွဲထုတ်ထားတဲ့ စွမ်းအားနဲ့ ပိုတူနေတာပဲ'

ကျွင်းရှောင်ယောက် တွေးလိုက်သည်။

ယေဘူယျအားဖြင့်၊ အဓိပဓိနယ်ပယ်သို့ ရောက်သောအခါ မိမိ၏ ကိုယ်ပိုင်ကမ္ဘာကို စတင် ပုံဖော်နိုင်သည်။

သို့သော်လည်း အများစုက အင်မော်တယ်နယ်မြေကြီး၏ နိယာမများ အကူအညီဖြင့်သာ အတွင်းကမ္ဘာကို ပုံဖော်ကြသည်။

ကျွင်းရှောင်ယောက်ကဲ့သို့ လူထူးဆန်းတချို့သာ ကိုယ်ပိုင်လမ်းကိုဖောက်ပြီး ကိုယ်ပိုင်ကမ္ဘာကို တည်ဆောက်နိုင်ပေသည်။

'ဒါပေမဲ့ ဒါက ရှားရှားပါးပါး အခွင့်အရေးတစ်ခုပဲ'

ကျွင်းရှောင်ယောက် အနည်းငယ် ပြုံးလိုက်မိသည်။

အတွင်းစကြဝဠာကို ချဲ့ထွင်ခြင်း သို့မဟုတ် မေယုကမ္ဘာသုံးထောင်ကို လေ့ကျင့်ခြင်း ဖြစ်စေ၊ သူ့ရှေ့ရှိ ပူဖောင်းအတွင်းမှ ကမ္ဘာစွမ်းအားက အကောင်းဆုံး အထောက်အကူများပင်။

ကျွင်းရှောင်ယောက်လည်း ဝါးမျိုခြင်းဖင်းဂေါ့ကျမ်းနှင့် ဤပူဖောင်းများမှ ကမ္ဘာစွမ်းအားများကို ဝါးမျိုကာ စုပ်ယူလိုက်သည်။

ဤကမ္ဘာများ၏ စွမ်းအားအချို့သည် သန့်စင်ပြီးနောက် အတွင်းစကြာဝဠာအတွင်းသို့ ဝင်ရောက်သွားကြသည်။

အခြားအပိုင်းကိုတော့ မေယုကမ္ဘာသုံးထောင်ကို လေ့ကျင့်ရန် အသုံးပြုခဲ့ပေသည်။

ကျွင်းရှောင်ယောက်၏ ခန္ဓာကိုယ်ရှိ ဆဲလ်တိုင်းက ကမ္ဘာတစ်ခုအဖြစ် ပြောင်းလဲလာသည်ကို ခံစားလိုက်ရသည်။

အတွင်းစကြာဝဠာသည်လည်း တဖြည်းဖြည်း ကျယ်ပြန့်လာခဲ့၏။

ဤကမ္ဘာ့စွမ်းအားများ၏ သက်ရောက်မှုများက ကျွင်းရှောင်ယောက် မျှော်မှန်းထားသည်ထက်ပင် ပိုမိုကောင်းမွန်သည်။

'ဒီကမ္ဘာ့စွမ်းအားက ငါ့ရဲ့ ကျင့်ကြံခြင်းအတွက် တကယ်ကို အထောက်အကူဖြစ်စေတာပဲ။ တကယ်လို့ ငါသာ ဒဏ္ဍာရီလာ ကမ္ဘာသစ်ပင်ကို ရနိုင်မယ်ဆိုရင် ကျင့်ကြံခြင်း အရင်းအမြစ်တွေအတွက် လုံးဝ စိတ်ပူစရာမလိုတော့ဘူး'

ကျွင်းရှောင်ယောက်က တွေးလိုက်သည်။

လောက၏ အကြီးမားဆုံးရတနာတစ်ခု ရှိမည်ဆိုလျှင် ယင်းက ကမ္ဘာ့သစ်ပင်ဖြစ်မည်မှာ သေချာသည်။

မဟာဧကရာဇ်များပင်လျှင် ယင်းကို မြင်ရပါက လှုပ်လှုပ်ရှားရှား ဖြစ်သွားရလိမ့်မည်။ ယင်းက ဧကရာဇ်လက်နက်များထက်ပင် ပို၍ ရှားပါးသည်။

ကမ္ဘာ့သစ်ပင်က ကမ္ဘာပေါ်တွင် ရှာရခက်သော အင်မော်တယ် ရှေးရတနာနှင့် အတူတူပင်။

ကျွင်းမိသားစု၏ နောက်ခံနှင့်ပင် ကမ္ဘာ့သစ်ပင်ကို ရှာရခက်သည်။

ကျွင်းရှောင်ယောက် တွေးနေစဉ်မှာပင်...

အဖြူအမည်းမြစ်၏ အဆုံးဆီသို့ ရောက်လာခဲ့သည်။

ယင်းမှာ တုနှိုင်းမရအောင် ကြီးမားသော ပူဖောင်းကမ္ဘာကြီး ဖြစ်၏။

ပူဖောင်းကလေးများက ယင်း၏ အလယ်ဗဟိုမှ အဆက်မပြတ် ထွက်ပေါ်နေခြင်း ဖြစ်ချေသည်။

"အဲဒါက... ပျက်စီးနေတဲ့ကမ္ဘာတစ်ခုလား"

ကျွင်းရှောင်ယောက်၏ မျက်လုံးများက အရောင်လက်သွားသည်။

ယခင်ပူဖောင်းများက သူ့ရှေ့ရှိ ဧရပူဖောင်းကြီးမှ ထွက်ပေါ်နေခြင်း ဖြစ်ချေသည်။

ဤဧရာမပူဖောင်းက ပျက်စီးနေသောကမ္ဘာကြီး ဖြစ်သည်။

ကျွင်းရှောင်ယောက်လည်း အားကောင်းသော ကမ္ဘာစွမ်းအားနှင့် ဝိညာဉ်စွမ်းအင်တို့ အပြည့်ရှိကြောင်း ခံစားခဲ့ရသည်။

ကျွင်းရှောင်ယောက်၏ မျက်လုံးများက တောက်ပလာပြီး ဧရာမပူဖောင်းထဲသို့ တိုက်ရိုက် ဝင်ရောက်သွားလေသည်။

အထဲမှာ၊ ကျယ်ပြောသော ကမ္ဘာကြီး ဖြစ်သည်။

ဤကမ္ဘာ၏ဗဟိုချက်တွင်၊ အဆုံးမဲ့ ဝိညာဉ်စွမ်းအင်နှင့် ကမ္ဘာစွမ်းအားက ပိုးအိမ်တစ်ခုသဖွယ် ဖွဲ့စည်းနေ၏။

ပိုးအိမ်ထဲမှာလည်း၊ မိခင်၏ ဝမ်းကြာတိုက်အတွင်း၌ တည်နေသော သန္ဓေသားကဲ့သို့ အိပ်ပျော်နေသော သေးသွယ် လှပသော ရုပ်ပုံလွှာတစ်ခုကို ဝေဝါးဝါး မြင်တွေ့ရသေးသည်။

"လော့လီ၊ ငါမင်းကိုတွေ့ပြီ"

ကျွင်းရှောင်ယောက် အနည်းငယ်ပြုံးလိုက်သည်။

All Chapters