← Chapters

အခန်း ၇၉၀

Vol. 53 Ch. 790

အခန်း ၇၉၀

Vol. 53 Ch. 790

အခန်း ( ၇၉၀ ) မူလဝိညာဉ်တာအိုခန္ဓာမှ ရှေးဦးဝိညာဉ် အင်မော်တယ်ခန္ဓာအဖြစ် အသွင်ပြောင်းလဲခြင်း၊ အိပ်မက် မက်နေသည်ဟု အတွေး‌ဝင်နေသည်။

တကယ်တော့ ကျွင်းရှောင်ယောက်က ကျန်းလော့လီ၏ လုံခြုံရေးအတွက် စိတ်မပူပါ။

ကျန်းလော့လီက ဂရုမစိုက်၍မဟုတ်ဘဲ သူမ ဘာမျှမဖြစ်မှန်း သူ သိသောကြောင့်ပင် ဖြစ်သည်။

ကျွင်းရှောင်ယောက်က မျိုးဆက်သုံးခု ရှေးဦးဝိညာဉ်ကို လေ့ကျင့်ထား၍ ကံကြမ္မာကို စူးစမ်းနိုင်သည့်အချက်အား ‌ဘေးဖယ်ထားလျှင်ပင်...

မသိစိတ်မှ အချို့အရာများကို ခံစားနိုင်သေးသည်။

ကျန်းလော့လီမှာ တစ်ခုခု တကယ်ဖြစ်ခဲ့ပါက သူ့အတွက် အရိပ်အယောင် သို့မဟုတ် သတိမထားမိရန် မဖြစ်နိုင်ပေ။

ယခုအချိန်တွင်၊ ပျက်စီးနေသောကမ္ဘာတစ်ခုလုံး၏ စွမ်းအားက သူမအပေါ်တွင် အာရုံစိုက်နေသကဲ့သို့ ကမ္ဘာပိုးအိမ်ထဲတွင် အိပ်ပျော်နေသည်။

"သူ့ရဲ့ တာအိုခန္ဓာ..."

ကျွင်းရှောင်ယောက် အနည်းငယ် အံ့သြသွား၏။

ကျန်းလော့လီ၏ တာအိုခန္ဓာက သိမ်မွေ့သောပြောင်းလဲမှုအချို့ကို ကြုံတွေ့ခဲ့ရပုံရှိကြောင်း သူခံစားနိုင်သည်။

မူလဝိညာဉ် တာအိုခန္ဓာတွင် အပြောင်းအလဲများ ရှိနေဆဲဖြစ်သော်လည်း ယင်းက မူလဝိညာဉ်တာအိုခန္ဓာ တစ်ခုတည်းမဟုတ်ဟု ခံစားခဲ့ရသည်။

“ဖြစ်နိုင်မလား…"

ကျွင်းရှောင်ယောက်လည်း ဖြစ်နိုင်ချေတစ်ခုကို တွေးလိုက်မိ၏။

ယင်းမှာ၊ မူလဝိညာဉ် တာအိုခန္ဓာထက် ပိုအစွမ်းထက်သော ရှေးဦးဝိညာဉ် အင်မော်တယ်ခန္ဓာ ဖြစ်တော့သည်။

ဤတာအိုခန္ဓာကို ပြီးပြည့်စုံအောင် လေ့ကျင့်နိုင်ပါက၊ အင်မော်တယ်စွမ်းအင် အများအပြားကို ဝါးမျိုနိုင်ကာ အလွန်အစွမ်းထက်သည်ဟူသော ကောလဟာလများပင် ရှိခဲ့သည်။

ယင်းမှာ လူသားအင်မော်တယ်ဂိုဏ်း၏ ဆက်ခံသူ၊ လူသားအင်မော်တယ်ခန္ဓာနှင့် ဆင်တူသည်။

ဤခန္ဓာနှစ်ခုတွင် တစ်ခုက အင်မော်တယ်စွမ်းအင်ကို စုပ်ယူရန်ဖြစ်ပြီး နောက်တစ်မျိုးကတော့ အင်မော်တယ် စွမ်းအင်ဖြင့် ခန္ဓာကိုယ်ကိုသန့်စင်ကာ အင်မော်တယ်ခန္ဓာ တည်ဆောက်ရန် ဖြစ်သည်။

ကျန်းလော့လီ ပိုင်ဆိုင်ထားသော ယခင် မူလဝိညာဉ် တာအိုခန္ဓာကိုယ်ကိုပင် ထိပ်တန်းအဆင့် တာအိုခန္ဓာအဖြစ် ယူဆထားပြီး ဖြစ်သည်။

သို့သော်လည်း ရှေးဟောင်းမြင့်မြတ်ခန္ဓာ၊ သန္တောစွမ်းအင် တာအိုသန္ဓေတို့နှင့် နှိုင်းယှဉ်ပါက အနည်းငယ် ကွာဟမှု ရှိသေးသည်။

သို့သော်လည်း ယခုအချိန်တွင် ကျန်းလော့လီက ရှေးဦးဝိညာဉ် အင်မော်တယ်ခန္ဓာအဖြစ်သို့ အမှန်တကယ် ပြောင်းလဲလာနေပြီ ဖြစ်သည်။ သူသာ ပြီးပြည့်စုံသည်အထိ လေ့ကျင့်နိုင်ပါက တာအိုခန္ဓာသုံးထောင်အနက် ထိပ်တန်းဆယ့်ငါးခုအတွင်း အဆင့်သတ်မှတ်ရန် လုံလောက်ပေလိမ့်မည်။

"သေချာ‌တာပေါ့၊ ဒီကောင်မလေးမှာလည်း သူ့ကိုယ်ပိုင်အခွင့်အရေးရှိတယ်"

ကျွင်းရှောင်ယောက် ပြောလိုက်သည်။

ကျန်းစန်းယီက အနောက်တိုင်း၏ မယ်တော်ဘုရင်မထံမှ အမွေကို ရရှိထားပြီးပြီ ဖြစ်သည်။

ကျန်းလော့လီကလည်း အစွမ်းထက် အမွေတစ်ခုကို ဆက်ခံထားပုံရ၏။ ယင်းက အင်မော်တယ်နယ်မြေကြီး၏ အမွေဖြစ်ပုံတော့မရပါ။

သို့သော်လည်း ဤအမွေက မည်သည့်နေရာမှ လာသည်ဖြစ်စေ၊ ကျွင်းရှောင်ယောက်က ဂရုမစိုက်ပေ။

မည်သို့ပင်ဆိုစေ၊ စွမ်းအားက မည်သို့ရှိစေကာမူ အသုံးပြုသူအပေါ်တွင် မူတည်သည်။

ကျွင်းရှောင်ယောက်လည်း ရှေ့သို့လှမ်းပြီး ကမ္ဘာ့ပိုးအိမ်နားသို့ ချဉ်းကပ်လာခဲ့သည်။

ဤအခိုက်တွင် ကျန်းလော့လီက သေးသွယ်သော ကျောက်စိမ်းလက်တစ်စုံနှင့် ခြေအစုံကို ပွေ့ဖက်ထားလေသည်။

သူ့အသွင်က ဗိုက်ထဲမှ ကလေးလေးကဲ့သို့ လွန်စွာ ချစ်စဖွယ်ဖြစ်နေခဲ့သည်။

"ရှောင်ယောက်... အစ်ကို..."

‌ညည်းတွားရေရွတ်သံ တိုးတိုးလေး ထွက်ပေါ်လာခဲ့သည်။

"အိပ်မက်မက်နေတုန်းလား"

ကျွင်းရှောင်ယောက် အနည်းငယ် ပြုံးလိုက်၏။

သို့သော်လည်း အမှန်အတိုင်းပြောရလျှင်၊ ကျွင်းရှောင်ယောက်က ကျန်းလော့လီ၏ စိတ်နေစိတ်ထားဖြင့် သူ့ဘာသာ သေခြင်းရှင်ခြင်းတံခါးထဲကို ဝင်ရောက်ရန် ဝံ့ရဲမည်ဟု မထင်ထားခဲ့ပေ။

အတိတ်က ကျန်းလော့လီ၏ စရိုက်အရ၊ လောဘ ဝံပုလွေဓားပြနှင့် တခြားသူများ၏ ဖမ်းဆီးခြင်းကို ခံရလျှင်ပင် သူ့ကို ကယ်ဆယ်ရန် ကျန်းစန်းယီကို စောင့်သင့်သည်။

"နောက်ဆုံးတော့ သူ ကြီးပျင်းလာခဲ့ပြီ"

ကျွင်းရှောင်ယောက်၏ မျက်လုံးများက စိတ်သက်သာရာရခြင်းတို့ ဖြစ်ပေါ်လာကာ သက်ပြင်းချလိုက်သည်။

သို့ရာတွင်... အဘိုးအိုတစ်ယောက်က သူ့သမီးလေး ကြီးပြင်းလာတာကို မြင်နေရသလို အဘယ်ကြောင့် ခံစားရသနည်း။

ကျွင်းရှောင်ယောက်လည်း ဤထူးဆန်းသော စိတ်ခံစားချက်ကို ဖယ်ရှားရန် ခေါင်းကိုယမ်းလိုက်သည်။

ကျန်းလော့လီ၏ မပြောင်းလဲသော လော့လီမျက်နှာလေးကြောင့်သာ ကျွင်းရှောင်ယောက်က သူမ ငယ်သေးသည်ဟု ထင်မိခဲ့ခြင်း ဖြစ်နိုင်သည်။

တကယ်တမ်း အသက်ပိုင်းက ကျွင်းရှောင်ယောက်နှင့် အတူတူပင်။

အပြင်လူတစ်ယောက် ရောက်လာတာကို အာရုံခံမိသကဲ့သို့ ကမ္ဘာပိုးအိမ်က တုန်လှုပ်စပြုလာခဲ့သည်။

ကမ္ဘာပိုးအိမ်ထဲတွင် ရစ်ပတ်နေသော ကျန်းလော့လီ၏ ရှည်လျားသော မျက်တောင်များက အနည်းငယ် လှုပ်ရှားသွား၏။

ထို့နောက်မှာတော့ ကြည်လင်လှပသော မျက်လုံးတစ်စုံ ပွင့်လာတော့သည်။

သူမ၏ မျက်လုံးများကတော့ မှေးမှိန်နေဆဲ ဖြစ်သည်။ သူမ၏ အသိစိတ်က အိပ်တစ်ဝက် နိုးတစ်ဝက် ဖြစ်နေသကဲ့သို့ပင်။

ယောင်ဝါးဝါး ဖြစ်နေသေးသော ကျန်းလော့လီဟာ သူ့ရှေ့တွင် အဖြူရောင်ဝတ်စုံဝတ် ရုပ်သွင်တစ်ခု ရပ်နေသည်ကို တွေ့လိုက်ရသည်။

ထိုလူငယ်၏ ချောမောသောမျက်နှာပေါ်တွင် နူးညံ့သိမ်မွေ့သော အပြုံးတစ်ခုလည်း ရှိနေသေးသည်။

"အစ်ကို ရှောင်ယောက်လား"

ကျန်းလော့လီ၏ လှပသောမျက်လုံးများက အနည်းငယ်ပြူးကျယ်လာပြီး သူမ၏ နှုတ်ခမ်းထောင့်မှာလည်း အပြုံးတစ်ခု ပေါ်လာခဲ့သည်။

"အိပ်မက်မက်နေပြန်ပြီလား"

ကျန်းလော့လီသည် သူမ၏ အိပ်မက်ထဲတွင် ကျွင်းရှောင်ယောက်ကို ဘယ်နှစ်ခါ အိပ်မက်မက်ခဲ့ပြီမှန်းပင် မသိပေ။

ထို့ကြောင့်ပင် ယခုကဲ့သို့ အိပ်တစ်ဝက် နိုးတစ်ဝက် ဖြစ်နေစဉ်မှာလည်း သူမ၏စိတ်များ သဘာဝအတိုင်း ဝေဝါးခဲ့ရသည်။

နောက်ဆုံးတွင် ကျွင်းရှောင်ယောက်က သူ့ရှေ့တွင် မည်သို့ ရုတ်တရက် ပေါ်လာပါမည်နည်း။

ကျွင်းရှောင်ယောက်က ကျန်းလော့လီဆီသို့ ဖြည်းညှင်းစွာ ကပ်လာခဲ့သည်။

နေ့ရောညပါ တွေးနေရသည့် သူ့ရှေ့မှ လူငယ်ကိုကြည့်ရင်း ကျန်းလော့လီလည်း နူးညံ့စွာပြုံးလိုက်လေသည်။

"ငါ့အိပ်မက်ထဲမှာဆိုရင်တောင် အစ်ကိုရှောင်ယောက် တွေ့ရလို့ ကျေနပ်ပါတယ်"

"နောက်ဆုံးတော့ အစ်ကိုရှောင်ယောက်မှာ ကိုယ်ပိုင် လမ်းစဉ်ကြီးတစ်ခု ရှိနေတုန်းပဲလေ။ လော့လီလည်း နောက်မှာ မကျန်ခဲ့ချင်ဘူး"

"နောက်ပြီးတော့ လော့လီက အစ်ကိုရှောင်ယောက်ကို အနှောက်အယှက် မပေးတော့ဘူး။ အဲဒီလူ‌ဆိုးတွေ ဖမ်းဆီးခံရလို့ အစ်ကိုရှောင်ယောက်အတွက် အခက်ကြုံရတဲ့ အခြေအနေမျိုး မရောက်ရှိစေချင်တော့ဘူးလေ"

ကျန်းလော့လီ၏ စကားကိုကြားတော့ ကျွင်းရှောင်ယောက်လည်း ပို၍ပင် သက်ပြင်းချလိုက်မိသည်။

ယခင်က ကျန်းလော့လီသည် ကျန်းမိသားစု၏ ပုလဲရတနာလေး ဖြစ်သည်။

လက်ထဲမှာ ဆုပ်ကိုင်ထားလျှင်ပင် ပြုတ်ကျမည်ကို ကြောက်ရ‌သောကြောင့် ဂရုတစိုက် ထွေးပွေ့ထားရလိမ့်မည်။

ဤပတ်ဝန်းကျင်မျိုးတွင် ကြီးပြင်းလာသော မိန်းကလေးများက အနည်းနှင့်အများ ဝံ့ကြွားပြီး အားကိုးလိုစိတ် ရှိကြသည်။

သို့သော်လည်း ကျန်းလော့လီသည် ကျွင်းရှောင်ယောက်အတွက် ကြိုးစားပြီး သူမ၏ ပင်ကိုယ်စရိုက်ကိုပင် ပြောင်းလဲခဲ့သည်။

ကျန်းလော့လီက ကျွင်းရှောင်ယောက်အတွက် အရာအားလုံးကို ပြောင်းလဲလိုကြောင်း သက်သေပြနိုင်ရန် ကြိုးစားခဲ့ပေသည်။

"ကောင်မလေး၊ မင်းအလုပ်ကောင်းကောင်းလုပ်ခဲ့တာပဲ"

ကျွင်းရှောင်ယောက် ပြုံးလိုက်သည်။

နူးညံ့သောလေသံနှင့် အေးချမ်းသောအပြုံးက နွေးထွေးသော မနက်ခင်းနေရောင်ကဲ့သို့၊ ကျန်းလော့လီ၏ နှလုံးသားကို အရည်ပျော်လုမတတ် ဖြစ်သွားစေခဲ့လေသည်။

"အပြန်အလှန် ဆက်ဆံရေးရှိသေးတာလား"

ကျန်းလော့လီ အနည်းငယ် အံ့ဩသွားသည်။ ဒါကို‌တော့ သူ မမျှော်လင့်ထားပေ။

အတိတ်က အိပ်မက်ထဲတွင် သူမက်ခဲ့သည့် ကျွင်းရှောင်ယောက်က အမြဲတိတ်ဆိတ်နေခဲ့သည်။

ဤအရာက ကျန်းလော့လီ၏ နှလုံးသားကို အနည်းငယ် လှုပ်ခတ်သွားစေကာ သမင်ပျိုလေး တစ်ကောင်ကဲ့သို့ ရှေ့ကို ချက်ချင်းပြေးလာခဲ့သည်။

သူမ၏ လှပသော မျက်နှာကတော့ အနည်းငယ်နီမြန်းသွား၏။ သူမ၏ ကြည်လင်လှပသော မျက်လုံးများမှာလည်း အနည်းငယ် အရည်လဲ့လာတော့သည်။

ကျန်းလော့လီ၏ အမူအရာကိုမြင်တော့ ကျွင်းရှောင်ယောက်၏ မျက်လုံးများ အနည်းငယ် အရောင်ပြောင်းသွားသည်။

'ဒီမိန်းကလေးက ကလေးတွေအတွက် အဆင်မပြေတာ တစ်ခုခုကို လုပ်တော့မှာလား'

မျှော်လင့်ထားသည့်အတိုင်းပင်၊ ကျန်းလော့လီက သူမ၏ဝတ်စုံကို စတင် ဖြည်ချလိုက်သည်။

"အစ်ကို ရှောင်ယောက်၊ ရိုးရိုးသားသားပြောရရင် ငါ ကိုယ့်ကိုကိုယ်မုန်းတယ်၊ အခြားသူကို မနာလိုနေရတဲ့အတွက်လည်း မုန်းမိတယ်"

"အစ်ကိုရှောင်ယောက်က အစ်မစန်းယီကို ပွေ့ဖက်တာမြင်တော့ ငါ့မှာ ဒီလိုခံစားချက်မျိုး မဖြစ်သင့်မှန်း သိပါလျက်နဲ့ မထိန်းချုပ်နိုင်သေးဘူး"

"အရင်တုန်းကဆိုရင် လော့လီက မိုက်မဲတဲ့ ဆေးနည်းတွေတွေးပြီး အစ်ကိုရှောင်ယောက်နဲ့ ထမင်းချက်ဖို့တောင် ကြိုးစားခဲ့တာ။ အခု ပြန်တွေးကြည့်တော့မှ ဒီလုပ်ရပ်က တကယ်ကို ရယ်စရာကောင်းနေပုံရတယ်"

ပြောရင်း ကျန်းလော့လီ၏ မျက်လုံးရွဲကြီးများက ပို၍ တဖျတ်ဖျတ်တောက်ပလာခဲ့သည်။

အဝတ်အစားများ တစ်လွှာချင်း ကွာကျသွား၏။

နှင်းဖြူ အသားအရေက တဖြည်းဖြည်း တိုး၍ မြင်လာရတော့သည်။

သူမ၏ နူးညံ့သော ခန္ဓာကိုယ်ကလေးမှ သင်းပျံ့သည့် ကိုယ်သင်းရနံ့ကို ခံစားလာခဲ့ရသည်။

ကျွင်းရှောင်ယောက်လည်း သားရဲကြီးလေးကောင်ထဲမှ တစ်ကောင်ကို တွေးလိုက်မိသည်။

ယင်းက မိုးပြာနဂါးမဟုတ်၊ မီးငှက်မဟုတ်၊ လိပ်နက်လည်း မဟုတ်ပေ...

"အစ်ကိုရှောင်ယောက်၊ လော့လီက ‌ကလေးမဟုတ်တော့ပါဘူး။ ဒါက အိပ်မက်တစ်ခုဖြစ်ရင်တောင် ပွေ့ဖက်ပါရစေ"

ကျန်းလော့လီက ချစ်စဖွယ် ပြောလိုက်သည်။

သူ့အသွင်မှာ လေသံပျော့ပျော့နှင့် ပွေ့ဖက်ရန် တောင်းဆိုနေသည့် မွှေးပျံ့နူးညံ့သော နှင်းဖြူယုန်လေးတစ်ကောင်ကဲ့သို့ပင်။

လော့လီလေးများတွင် ကောင်းမွန်သော အချက်သုံးချက် ရှိသည်။ ယင်းမှာ ပျော့ပျောင်းသောပြီး ချစ်စရာကောင်းသောအသံ၊ နူးညံ့ပျော့ပျောင်းသော ခန္ဓာကိုယ်နှင့် ချီပိုးရ လွယ်ကူခြင်းတို့ပင်။

ဤအခိုက်တွင်၊ ကျန်းလော့လီက အကောင်းဆုံး ဥပမာတစ်ခု ဖြစ်နေခဲ့သည်။

ဤသို့သော အသွင်အပြင်မျိုးကို မြင်ရပါက သိက္ခာကြီးသည့် ရဟန်းပင်လျှင် လောကီလူဘောင်သို့ ခုန်ဝင်လာမိလိမ့်မည်။

ကျွင်းရှောင်ယောက်လည်း ကျန်းလော့လီကို ပွင့်ပွင့်လင်းလင်း ကြည့်ကာ ထူးခြားစွာပြုံးပြီး ပြောလိုက်သည်။

"ငါ မင်းကို မတွေ့ရတာ နှစ်အနည်းငယ်ကြာပြီ။ အရပ်အမြင့်က အပြောင်းအလဲ မရှိပေမဲ့ တချို့နေရာတွေက ကောင်းကောင်း ဖွံ့ဖြိုးနေပြီပဲ"

ကျွင်းရှောင်ယောက်၏ ခပ်တိုးတိုးပြောသံကို ကြားလိုက်ရတော့...

ကျန်းလော့လီ စိတ်ရှုပ်သွားသည်။

ဒါက တကယ်ရော အိပ်မက် ဟုတ်ရဲ့လား။

ကျွင်းရှောင်ယောက်က အပြုံးဖြင့် ရှေ့သို့လှမ်းကာ ကျန်းလော့လီ၏ ခေါင်းလေးကို ခပ်ဖွဖွပုတ်ပြီး ပြောလိုက်သည်။

"အရူးမလေး၊ မနိုးသေးဘူးလား"

ဤတစ်ခါတော့ ကျန်းလော့လီ၏ စိုစွတ်နေပြီး လှပသော မျက်လုံးများက ရုတ်တရက် ပြူးကျယ်လာ၏။ သူမ၏ ချယ်ရီနှုတ်ခမ်းများကလည်း အနည်းငယ်ပွင့်လာကာ ထိတ်ထိတ်ပြာပြာဖြစ်သွားသည့် အမူအရာတစ်ခုကို လှစ်ဟလာတော့သည်။

All Chapters