အခန်း ၇၉၁
Vol. 53 Ch. 791
အခန်း ( ၇၉၁ ) ချိုမြိန်သော အပြန်အလှန်ဆက်ဆံရေး၊ လော့လီက ဆုနည်းနည်းလိုချင်လို့၊ ပျက်စီးနေသော ရှေးဦးဝိညာဉ်ကမ္ဘာ။
ကျန်းလော့လီ၏ တုန်လှုပ်သွားသည့် အမူအရာကလေးက အတော်ချစ်စရာကောင်းသည်။
သူမ၏ ကျစ်ဆံမြီးနှစ်ခွချထားသော ဆံပင်များပင် ထောင်မတ်သွား၏။
"ဒါ... ဒါက အိပ်မက်မဟုတ်ဘူးပေါ့။ အစ်ကိုရှောင်ယောက်... တကယ်ပဲ နင်လား"
ကျန်းလော့လီက ကျွင်းရှောင်ယောက်၏ ရင်ဘတ်က်ကို လက်ဝါးအပ်လိုက်သည်။
နှလုံးခုန်နေခြင်းကို ခံစားရ၏။
အိပ်မက်က ဒီလောက်တော့ လက်တွေ့မဖြစ်နိုင်ဘူး။
ကျန်းလော့လီ မည်သို့မျှ မယုံကြည်နိုင် ဖြစ်သွားသည်။ ကျွင်းရှောင်ယောက်က သူမကို တမင်သက်သက် လာရောက်ရှာဖွေမည်ဟု ဘယ်တုန်းကမှ မတွေးခဲ့မိပေ။
နောက်ဆုံးတွင်၊ လူတိုင်းက သေခြင်းရှင်ခြင်းတံခါးသို့ဝင်ရန် မဝံ့ရဲကြပါ။
ကျွင်းရှောင်ယောက်ကတော့ သူမကို ရှာဖွေရန် မတုံ့ဆိုင်းဘဲ ဝင်ရောက်လာခဲ့သည်။ ယင်းက ကျွင်းရှောင်ယောက်၏ နှလုံးသားထဲမှ သူမ၏နေရာကို သက်သေပြခဲ့သလိုပင်။
"မင်းရှေ့ကလူက အတုအယောင် ဖြစ်နိုင်ပါ့မလား"
ကျွင်းရှောင်ယောက် ရယ်မောလိုက်သည်။
"အဟင့်... အစ်ကိုရှောင်ယောက်..."
ကျန်းလော့လီလည်း ဤတော့မှ အသိုက်ကိုပြန်ရှာတွေ့သည့် ငှက်ကလေးတစ်ကောင်ကဲ့သို့ ကျွင်းရှောင်ယောက်၏ ရင်ခွင်ထဲသို့ခုန်ဝင်ရင်း ရှိုက်ကာ ငိုကြွေးလေတော့သည်။
အဆုံးစွန် ရှေးဟောင်းလမ်းပေါ်တွင် တစ်ယောက်တည်း လျှောက်လှမ်းရာ၌ အခက်အခဲများနှင့် အကျပ်အတည်းများ၊ နစ်နာမှုများကို မည်မျှအထိ သူမ ခံရပ်ခဲ့ရသည်အား ဘုရားမှသာသိမည်။
သို့သော်လည်း ပို၍ သန်မာလာစေရန်အတွက်၊ ကျွင်းရှောင်ယောက်နောက်ကို လိုက်ပါနိုင်ပြီး သူ့ကို ဆွဲမချမိစေရန်အတွက်...
ကျန်းလော့လီသည် အမြဲတမ်း အံကြိတ်ပြီး သူ့ဘာသာသူ သည်းခံခဲ့ရသည်။
ကျွင်းရှောင်ယောက်ကို အခက်ကြုံစေသည်ထက် အလွန်အန္တရာယ်များသည့် သေခြင်းရှင်ခြင်းတံခါးသို့ပင် ဝင်ရောက်ခဲ့လေသည်။
ယခုမူ၊ ကျွင်းရှောင်ယောက် ရောက်ရှိလာခြင်းနှင့်အတူ သူမ ခံစားခဲ့ရသည့် နာကျင်စရာများအားလုံးကို မေ့ပျောက်သွားခဲ့ပြီ ဖြစ်သည်။
ကျွင်းရှောင်ယောက်က သူမကို ဂရုစိုက်သေးသည်။
သူမကို လိုက်ရှာရန်ပင် တမင်သက်သက် လာခဲ့သည်။
"မငိုပါနဲ့၊ ငါရောက်လာပြီ"
ကျွင်းရှောင်ယောက်လည်း ကျန်းလော့လီ၏ ချောမွေ့သော ကျောက်စိမ်းနောက်ကျောကို ကြင်နာစွာ ပွတ်သပ်လိုက်သည်။
သို့တိုင် ကျန်းလော့လီ၏ လက်များက ကျွင်းရှောင်ယောက်၏ခါးကို တင်းကျပ်စွာ ရစ်ပတ်ထားဆဲပင်။
သို့သော်လည်း သူမ၏ အရပ်အမြင့်ကြောင့် သူ့ဦးခေါင်းကို ကျွင်းရှောင်ယောက်၏ ရင်ဘတ်မှာသာ မြှုပ်နှံထားနိုင်ခဲ့သည်။ ဤသည်က တကယ်ကို ရင်ခွင်မီအရပ်ပင်။
သို့သော်လည်း ယင်းက ကျန်းလော့လီကို အလွန်သက်တောင့်သက်သာရှိပြီး နွေးထွေးစေသည်။
"အဟမ်း... အဟမ်း၊ ရပါပြီ လော့လီ။ မင်း ငါ့ရဲ့သီလကို စမ်းသပ်နေတာလား"
ကျွင်းရှောင်ယောက် ချောင်းဟန့်ပြီး ပြောလိုက်သည်။
ဤတော့မှ ကျန်းလော့လီ သတိပြန်ဝင်လာသည်။ သူမ၏လက်များကို လွှတ်ပေးလိုက်ပြီးနောက် မျက်နှာတစ်ခုလုံး နီမြန်းသွား၏။
သူမက ကမန်းကတန်း လက်ပိုက်ပြီး ပွေ့ပိုက်လိုက်လေသည်။
ထိုအခါ တောင်ကမူလေးက တောင်ကုန်းငယ်လေးကဲ့သို့ ပြောင်းလဲသွားခဲ့သည်။
သူမ၏အလှက ကျန်းစန်းယီ၊ ရန်ယုမန်၊ ယွိချန်ကျွမ့်တို့နှင့် နှိုင်းယှဉ်ရန် မဖြစ်နိုင်သေးပါ။
သို့ရာတွင် တစ်ခုခုရှိခြင်းက ဘာမျှမရှိခြင်းထက် ပိုကောင်းသည်။
ဆိုရိုးစကားအတိုင်း အရွယ်အစားနှင့် ပုံသဏ္ဍာန်မှာ လူတစ်ဦးနှင့်တစ်ဦး ကွဲပြား၏။
သို့သော်လည်း ရှိခြင်းနှင့် မရှိခြင်းကြားတွင် အရည်အသွေးပိုင်း ခြားနားချက်တော့ ရှိသေးသည်။
အိပ်မက်ကြောင့်သာ မဟုတ်လျှင် ကျန်းလော့လီတစ်ယောက် မည်သို့မျှ ရဲတင်းလိမ့်မည် မဟုတ်ပေ။
"ငါ အားလုံးကို မြင်ပြီးပြီပဲလေ၊ ဘာဖြစ်လို့ ဖုံးကွယ်ချင်နေတာလဲ"
ကျွင်းရှောင်ယောက် ခေါင်းကို အနည်းငယ်ခါလိုက်သည်။
ထိုစကားကိုကြားတော့ ကျန်းလော့လီမှာ ရှက်စိတ်ကြောင့် လည်ပင်းအထိ နီရဲလာတော့သည်။
"အစ်ကိုရှောင်ယောက်၊ နင်... နင် ဟိုဘက်ကိုလှည့်ဦး"
ကျန်းလော့လီက လွန်စွာတိုးညှင်းသောလေသံကလေးဖြင့် ပြောလိုက်သည်။
"ဘာဖြစ်လို့လဲ"
"ဟို... အဝတ်လဲမလို့"
ကျန်းလော့လီလည်း မြေတွင်းပေါက်တစ်ခုထဲသို့ ဦးခေါင်းတိုးဝင်ကာ ပုန်းချင်စိတ်တို့ပင် ပေါက်လာတော့သည်။
"ငါ့ရဲ့ နတ်ဘုရားစိတ်အာရုံက အသုံးမဝင်တော့လို့များလား"
ကျွင်းရှောင်ယောက် ပြုံးပြီး ပြောလိုက်၏။
သူ့မျက်လုံးများကို မှိတ်ထားလျှင်ပင် နတ်ဘုရားစိတ်အာရုံနှင့် အရာအားလုံးကို ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။
"အစ်ကို ရှောင်ယောက်..."
ကျန်းလော့လီ ရှက်ကိုးရှက်ကန်းနှင့် အော်လိုက်သည်။
ကျွင်းရှောင်ယောက်လည်း တဟားဟားရယ်မောရင်း တစ်ဖက်လှည့်လိုက်လေသည်။
ကျောအနောက်ဘက်မှ အသံတချို့ ထွက်ပေါ်လာပြီး ခဏကြာလို့ ကျွင်းရှောင်ယောက် လှည့်ကြည့်လိုက်သည့်အခါ ကျန်းလော့လီက အဝတ်အစားလဲပြီးနေပြီ ဖြစ်သည်။
သူမက လေထဲတွင်လွင့်နေသော အပြာနုရောင်ပိတ်စလေးရှိသည့် ပန်းရောင်နှင့်အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ခဲ့လေသည်။
သူမ၏ လှပသော မျက်နှာကလေးမှာတော့ နီမြန်းနေဆဲဖြစ်ပြီး ပန်းသီးတစ်လုံးကဲ့သို့ ကိုက်ချင်လာစေသည်။
ပါးပြင်နှစ်ဖက်မှ ပါးချိုင့်သေးသေးလေးနှစ်ခုကြောင့်လည်း ပို၍ ချစ်စရာကောင်းနေလေ၏။
ကျွင်းရှောင်ယောက်ပင်လျှင် ခဏတာ ငေးမောသွားရသည်။
ကျန်းလော့လီ၏ အလှက ကျန်းစန်းယီနှင့် မတူပါ။
သူမက အာရုံဦး နေအလင်းရောင်နှင့်တူပြီး လူများကို သက်တောင့်သက်သာနှင့် ရွှင်လန်းကာ နွေးထွေးလာစေသည်။
အကယ်၍ ကျန်းစန်းယီက အေးမြပြီး သန့်စင်သော အဖြူရောင် လတစ်စင်းဖြစ်မည်ဆိုလျှင်...
ကျန်းလော့လီက ဖျတ်လတ်တက်ကြွပြီး နွေးထွေးသော နေ ဖြစ်သည်။
ယောက်ျားတစ်ယောက်အတွက် ထိုသို့သော တစ်ဦးတစ်ယောက်ကို ပိုင်ဆိုင်ခွင့်ရလျှင်ပင် တစ်သက်တာလုံး ဂုဏ်ယူနိုင်လ်မ့်မည်။
ယခုမူ ထိုရတနာအလှတရားနှစ်ဦးက ကျွင်းရှောင်ယောက်တစ်ဦးတည်းကို နက်နက်ရှိုင်းရှိုင်း ချစ်မြတ်နိုးနေကြပြီ ဖြစ်သည်။
"အစ်မစန်းယီက မင်း သေခြင်းရှင်ခြင်းတံခါးထဲကို ဝင်သွားပြီမှန်းသိတော့ မပြောတတ်အောင် စိုးရိမ်သွားတာလေ။ အခုတော့ စိုးရိမ်စရာ လိုပုံမရတော့ဘူး"
ကျွင်းရှောင်ယောက်က ပြောလိုက်သည်။
ထိုစကားကိုကြားတော့ ကျန်းလော့လီ အနည်းငယ် အပြစ်ရှိဟန်ဖြင့် ခေါင်းငုံ့သွားလေသည်။
"ဒါဆို အစ်မစန်းယီကိုလည်း တွယ်ကပ်မိသွားတာကို၊ လော့လီ သူ့ကိုထပ်ပြီး စိုးရိမ်စေမိပြီ"
"ရပါတယ်၊ မင်း ဘာမှမဖြစ်ရင် တော်ပြီ။ နောက်မှ အတူတူသွားလို့ရတယ်"
ကျွင်းရှောင်ယောက်က ပြောလိုက်သည်။
ကျန်းလော့လီ၏ မျက်လုံးများက ကျွင်းရှောင်ယောက်ကို ရုတ်တရက် စူးစူးစိုက်စိုက် ကြည့်လိုက်သည်။ သူမက အနည်းငယ် တုံ့ဆိုင်းသွားသော်လည်း မေးလိုက်၏။
"ဒါဆို... အစ်မစန်းယီက အစ်ကိုရှောင်ယောက်ကို ညီမဆီကို လာခိုင်းလိုက်တာလား"
ကျွင်းရှောင်ယောက် အနည်းငယ် ခေါင်းညိတ်လိုက်သည်။
"တကယ်လို့၊ အစ်မစန်းယီက မပြောခဲ့ရင်..."
"ငါ လာနေဦးမှာပါပဲ"
ကျွင်းရှောင်ယောက် ပြောလိုက်၏။
ကျန်းလော့လီလည်း နားထောင်ပြီးနောက် ချိုသာစွာ ပြုံးလိုက်လေသည်။
ထို့နောက် သူမက လက်ကလေးနှစ်ဖက်ကိုနောက်ပစ်ကာ ခါးကိုမတ်လိုက်သည်။ သူက ကျွင်းရှောင်ယောက်ကို ရွှန်းလဲ့နေသော မျက်လုံးဖြင့် ကြည့်လိုက်ပြီး
"လော့လီက တစ်ယောက်တည်း ဒီလောက်ထိ ကြိုးစားထားတာ၊ အစ်ကိုရှောင်ယောက်ဆီက ဆုတစ်ခုလောက် တောင်းလို့ရမလား"
ကျွင်းရှောင်ယောက် ပြုံးပြီး ခေါင်းညိတ်ကာ ပြောလိုက်သည်။
"ဒါက တကယ်ကို ချီးကျူးထိုက်ပါတယ်၊ မင်းဘာလိုချင်လဲ"
ကျန်းလော့လီက မပြောတော့ဘဲ လိမ္မာပါးနပ်စွာ ပြုံးလိုက်သည်။ နောက်အခိုက်တွင် ခြေဖျားထောက်ပြီး ရှေ့သို့ လှမ်းတက်လိုက်၏။ သူမ၏ နူးညံ့သော နှုတ်ခမ်းအစုံက ကျွင်းရှောင်ယောက်၏ နှုတ်ခမ်းများနှင့် ဖိကပ်သွားတော့သည်။
အသက်တစ်ရှိုက်စာ...
အသက်နှစ်ရှိုက်စာ...
အသက်သုံးရှိုက်စာ...
ကောင်မလေးက ထိုချိုမြိန်သော မူးယစ်ခြင်းတွင် စိတ်လိုလက်ရ နှစ်မြုပ်သွားလေသည်။
ကျွင်းရှောင်ယောက်ကို အငိုက်ဖမ်းဖို့ မဖြစ်နိုင်သော်လည်း မငြင်းဆန်တော့ဘဲ လိုက်လျောညီထွေရှိခဲ့သည်။
အချိန်အတော်ကြာပြီးမှ နှုတ်ခမ်းများ ကွဲသွားကြလေသည်။
ကျန်းလော့လီ၏ မျက်လုံးများက အရည်လဲ့နေပြီး လှပသော မျက်နှာမှာလည်း နီမြန်းနေခဲ့သည်။
"အစ်ကိုရှောင်ယောက်၊ ညီမကို တွန်းထုတ်မယ်လို့ ထင်ခဲ့တာ"
ကျန်းလော့လီက ပြောလိုက်သည်။
"ဒါက မင်းရဲ့ဆုလာဘ်မဟုတ်လား"
ကျွင်းရှောင်ယောက် ပြုံးလိုက်၏။
ကျန်းလော့လီ အနည်းငယ် ရှက်သွားလေသည်။ ထို့နောက် ခါးကိုထောက်ကာ ပြောလိုက်သည်။
"မဟုတ်ပါဘူး၊ အစ်ကိုရှောင်ယောက်ကသာ သူများတွေကို အခွင့်ကောင်းယူနေတာ၊ ဟုတ်တယ်မလား"
"ဟုတ်ပါပြီ၊ ဒါကိုခဏထားဦး။ ဒီက အခြေအနေအကြောင်း ပြောပြပါဦး"
ကျွင်းရှောင်ယောက် အကြောင်းရာပြန်ပြောင်းလိုက်သည်။
ထိုအခါ ကျန်းလော့လီက အနည်းငယ် တည်ငြိမ်လာပြီး အခြေအနေကို ရှင်းပြလိုက်၏။
သူမသည်လည်း သေခြင်းရှင်ခြင်းတံခါးသို့ဝင်ပြီးနောက် အဖြူအမည်းမြစ်ထဲသို့ ရောက်ခဲ့သည်။
သို့ရာတွင် ကျွင်းရှောင်ယောက် မျှော်မှန်းထားသည့်အတိုင်း၊ ဤအဖြူအမည်းမြစ်က ကျန်းလော့လီ၏ မူလဝိညာဉ်တာအိုခန္ဓာအပေါ် သက်ရောက်မှုတို့ မရှိပေ။
ထို့နောက် သူဟာ ဓားသွား လက်ခြောက်ဖက် သားရဲများနှင့် တွေ့ခဲ့သည်။
ထိုသားရဲများကို နည်းအမျိုးမျိုးဖြင့် ဖြတ်ကျော်ခဲ့ပြီးနောက်၊ နောက်ဆုံးတွင် ဧရာမပူဖောင်းကမ္ဘာသို့ ရောက်လာခဲ့ပေသည်။
ထို့နောက်တွင် သူမ၏ မူလဝိညာဉ် တာအိုခန္ဓာက ဤဧရာမပူဖောင်းကမ္ဘာနှင့် ပဲ့တင်ထပ်နေသကဲ့သို့ ခံစားခဲ့ရသည်။
နောက်ပိုင်းမှာတော့ ကမ္ဘာကြီး၏ စွမ်းအင်ပိုးအိမ်ထဲတွင် ထုပ်ပိုးမိကာ အိပ်ပျော်သွားတော့သည်။
"ငါနားလည်ပါပြီ"
ကျွင်းရှောင်ယောက် ခေါင်းညိတ်လိုက်သည်။
"အိပ်မက်ထဲမှာ မရေရာတဲ့ ပုံရိပ်တချို့ကို မြင်လိုက်ရတယ်။ကောင်းကင်နဲ့ မြေပြင် ပြိုကျပြီး အရာအားလုံး ပြိုကျသွားခဲ့တယ်"
"နောက်ပြီးတော့ ဒီပူဖောင်းကမ္ဘာကို ရှေးဦးဝိညာဉ်ကမ္ဘာလို့ ခေါ်တယ်။ ဒါက တားမြစ်တည်ရှိမှုတစ်ခုပဲ"
ကျန်းလော့လီက ခပ်ဝေဝေဖြစ်နေဟန်ဖြင့် ပြောလိုက်သည်။
ဤသည်မှာ အိပ်မက်ထဲတွင် ဖြစ်နေသောကြောင့် သူမလည်း သိပ်တော့မသေချာပေ။
"ဘာပဲဖြစ်ဖြစ် ဒါက မင်းအတွက်အခွင့်အရေးပါပဲ။ မင်းရဲ့ တာအိုခန္ဓာ"
ကျွင်းရှောင်ယောက်က ပြောလိုက်သည်။
"ဟုတ်တယ်၊ ညီမသာ ဒီကမ္ဘာစွမ်းအားကို အပြည့်အဝ စုပ်ယူနိုင်ရင် မူလဝိညာဉ်တာအိုခန္ဓာက ရှေးဦးဝိညာဉ်အင်မော်တယ်ခန္ဓာအဖြစ် ပြောင်းလဲနိုင်မယ်လို့ ထင်တယ်"
ကျန်းလော့လီက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
ယခင်က သူဟာ သူ့ကိုယ်ပိုင် ခွန်အားကို သိပ်ပြီး အားမရခဲ့ပေ။
အကြောင်းမှာ၊ ကျွင်းရှောင်ယောက်နှင့် ကျန်းစန်းယီ၏ အကာအကွယ်ကို တစ်ချိန်လုံး အားမကိုးချင်သောကြောင့် ဖြစ်သည်။
ယခုတော့ သူမ ပိုမိုအားကောင်းလာရန် မျှော်လင့်ချက်ကို မြင်တွေ့နေရပြီ။
"အင်း၊ မင်း အင်မော်တယ်ခန္ဓာအဖြစ် အသွင်ပြောင်းပြီးရင် ဒီပျက်စီးနေတဲ့ ရှေးဦးဝိညာဉ်ကမ္ဘာကြီးကို ထိန်းချုပ်နိုင်သင့်တယ် မဟုတ်လား"
ကျွင်းရှောင်ယောက်က မေးလိုက်သည်။
"အတိအကျပေါ့"
ကျန်းလော့လီ လေးလေးနက်နက် ပြောလိုက်လေသည်။