← Chapters

အခန်း ၇၉၂

Vol. 53 Ch. 792

အခန်း ၇၉၂

Vol. 53 Ch. 792

အခန်း ( ၇၉၂ ) ခေတ္တငြိမ်သက်ခြင်း၊ မင်းသမီးလုံကျိ၏ အခွင့်အလမ်း။

ကျွင်းရှောင်ယောက် ခေါင်းညိတ်လိုက်သည်။

ကိုယ်ပိုင်ကမ္ဘာရှိခြင်းက ကျင့်ကြံခြင်းအတွက် မည်မျှ အထောက်အကူဖြစ်မှန်း သူ နားလည်ပေသည်။

ဥပမာအားဖြင့်၊ အတွင်းစကြာဝဠာက ကျွင်းရှောင်ယောက်အတွက် များစွာအထောက်အကူဖြစ်ပြီး အစားထိုးမရနိုင်သော တည်ရှိမှု ဖြစ်သည်။

ရှေးဦးဝိညာဉ်တာအိုခန္ဓာကတော့ ကျန်းလော့လီကိုယ်တိုင် ဆောက်တည်ထားခြင်း မဟုတ်သည့်တိုင်၊ သူမ၏ မူလဝိညာဉ်တာအိုခန္ဓာနှင့် ကိုက်ညီပြီး ပြီးပြည့်စုံမှုရှိပေသည်။

ကျန်းလော့လီ ပို၍သန်မာလာသောအခါ ရှေးဦးဝိညာဉ်ကမ္ဘာကိုသန့်စင်ပြီး သူမ၏ ကိုယ်ပိုင်ကမ္ဘာအဖြစ် ပြောင်းလဲသွားစေနိုင်မည် ဖြစ်သည်။

"ဒါနဲ့ အစ်ကိုရှောင်ယောက်၊ အစ်ကိုသာ ကမ္ဘာ့စွမ်းအားကို လိုအပ်ရင် ညီမ ရှေးဦးဝိညာဉ်ကမ္ဘာကို ပေးနိုင်တယ်"

ကျန်းလော့လီက ပြောလိုက်သည်။

ရှေးဦးဝိညာဉ်ကမ္ဘာက ရှားပါးပြီး အဖိုးတန်သလို သူမအတွက်လည်း အလွန်အရေးကြီးသည်။

သို့ရာတွင်၊ ကျွင်းရှောင်ယောက်က လိုအပ်လျှင်တော့ ကျန်းလော့လီမှ မတုံ့ဆိုင်းဘဲ ပံ့ပိုးပေးလိမ့်မည်။

"ရပါတယ်၊ ဒါက မင်းရဲ့အခွင့်အရေးပဲ။ ဒါကြောင့် မင်းစိတ်အေးလက်အေးနဲ့ သန့်စင်လို့ရတယ်။ ငါ့အတွက်တော့ အပြင်မှာ ကွဲကွာနေတဲ့ ပူဖောင်းကမ္ဘာလေးတွေက လုံလောက်ပါပြီ"

ကျွင်းရှောင်ယောက်လည်း ပြုံးပြီး ကျန်းလော့လီ၏ခေါင်းကို ခပ်ဖွဖွ ပုတ်လိုက်လေသည်။

အတွင်းစကြာဝဠာကို အမှန်တကယ် လေ့ကျင့်လိုပါက၊ ပျက်စီးယိုယွင်းနေသော ရှေးဦးဝိဉာဉ်ကမ္ဘာကို မဆိုထားနှင့်...

ရှေးဦးဝိညာဉ်ကမ္ဘာ ဆယ်ခု ပေါင်းထည့်လျှင်ပင် လုံလောက်မည် မဟုတ်ပေ။

ဒဏ္ဍာရီလာ ကမ္ဘာသစ်ပင်ကို ရှာမတွေ့ပါက၊ သူ၏ အတွင်းစကြာဝဠာကို တဖြည်းဖြည်းချင်းသာ ချဲ့ထွင်လာနိုင်သည်။

"မင်း လေ့ကျင့်ပြီးရင် အပြင်ထွက်ပြီး အစ်မစန်းယီကို သွားတွေ့ကြမယ်။ အဲဒီကိုရောက်ရင် သူလည်း မယ်တော်ဘုရင်မရဲ အမွေကို အပြည့်အဝ သန့်စင်ပြီးလောက်ပါပြီ"

ကျွင်းရှောင်ယောက်က ပြောလိုက်သည်။

"ဟုတ်"

ကျန်းလော့လီ ခေါင်းညိတ်လိုက်၏။

ထို့နောက်မှာတော့ ကမ္ဘာပိုးအိမ်တွင် တင်ပျဉ်ခွေထိုင်ကာ လေ့ကျင့်မှုကို စတင်ခဲ့တော့သည်။

ကျွင်းရှောင်ယောက်သည်လည်း ရှေးဦးဝိညာဉ် ကမ္ဘာအပြင်သို့ ထွက်လာပြီး ထိုပူဖောင်းလေးများအတွင်းမှ ကမ္ဘာစွမ်းအားကို စတင်စုပ်ယူလိုက်သည်။

ဤသို့ဖြင့် အားလုံး အစီအစဉ်တကျဖြစ်၍ ငြိမ်သက်သွားခဲ့သည်။

ပြင်ပကမ္ဘာတွင်လည်း၊ ယောက်ချီရှေးဟောင်းမြေတွင် ယွီဟွာဝမ်နှင့် ယွီယွင်ရှန့်က ကျောက်စိမ်းရေကန်ကို အကာအကွယ်ပေးထားခဲ့ပေသည်။

ကျန်းစန်းယီမှာ သူမ၏ အခွင့်အရေးကို စိတ်အေးချမ်းသာစွာဖြင့် လက်ခံနေနိုင်ခဲ့သည်။

ကျောက်စိမ်းရေကန်တွင် နှစ်ခြင်းခံရ၍ သူမ၏ ဒဏ်ရာများအားလုံး ပြန်လည်သက်သာလာခဲ့၏။

ထိုမျှသာမကဘဲ၊ သူမ၏ သိမ်မွေ့သောခန္ဓာတွင် ဆဲလ်တိုင်းက ပြန်လည်မွေးဖွားလာသကဲ့သို့ သန့်စင်ပြီး တကိုယ်လုံး လုံးဝ ပြောင်းလဲခဲ့လေသည်။

သူမ၏ ရှေးဦးဝိညာဉ်သည်လည်း အသွင်ပြောင်းကာ ဖန်ကဲ့သို့ ကြည်လင်လာခဲ့သည်။

သူမကို ကြည့်ရသည်မှာ ယခင်ကထက် ပို၍ချော၊ ပို၍လှလာခဲ့ပေသည်။

ထို့နောက်တွင် ကပ်ဘေးဖြတ်ကျော်ခြင်း အင်မော်တယ်ကြာပန်းကို သန့်စင်ရမည် ဖြစ်သည်။ ထိုအချိန်တွင် ကျန်းစန်းယီက လုံးဝ ပြောင်းလဲသွားလိမ့်မည်။

ထို့အပြင် ယောက်ချီအင်မော်တယ်ကျမ်းနှင့် ဝင်ပေါက်ကိုးခု ကျောက်သန္ဓေတို့လည်း ရှိသေးသည်။

ကျန်းစန်းယီ၏ အနာဂတ်အလားအလာက ကျွင်းရှောင်ယောက်နှင့် နှိုင်းယှဉ်ရန် မဖြစ်နိုင်သော်လည်း တိုင်းတာ၍မရတော့မည်မှာ သေချာသည်။ သူမက လင်ယွမ်၊ ကျိချင်းရီနှင့် အခြားသူများထက် ပို၍ဆိုးမည်မဟုတ်ပေ။

ဧကရဇ်သင်္ချိုင်းကြယ်တစ်စင်းလုံး ခဏတာငြိမ်သက်သွားသည်။

ရံဖန်ရံခါတော့ အမျိုးမျိုးသော ထိပ်တန်းအခွင့်အလမ်းများနှင့် ဧကရာဇ်တစ်ပိုင်း အခွင့်အလမ်းများပင်လျှင် ပေါ်လာတတ်ပေသည်။ သို့သော်လည်း ၎င်းတို့၏သြဇာလွှမ်းမိုးမှုမှာ အကန့်အသတ် ရှိသည်။

စစ်မှန်သော ဧကရာဇ်အဆင့် အခွင့်အလမ်း တစ်ခုတည်းကသာ ဧကရာဇ်သင်္ချိုင်းကြယ်ရှိ ပါရမီရှင်များစွာ၏ အာရုံကိုဆွဲဆောင်နိုင်သည်။

ဧကရာဇ်သင်္ချိုင်းကြယ်တစ်ခုလုံး ခေတ္တငြိမ်သက်သွားချိန်တွင်...

တောင်တန်းဒေသတစ်ခုမှာ...

ဤနေရာသည် နဂါးသွေးကြောများကဲ့သို့ လှိုင်းထနေပြီး ရှေးဦးနဂါးများကဲ့သို့ ဖြစ်နေသည်။

ရုတ်တရက်၊ ကောင်းကင်တွင် လှပသောရုပ်သွင်တစ်ခု ပျံသန်းသွား၏။

သူမက နန်းတွင်းဝတ်စုံဖြင့် နတ်သမီးလေပြေတစ်မျိုးကို ၀တ်ဆင်ထားပြီး နတ်သမီးတစ်ပါးအလား ထင်မှတ်ရပေသည်။

သူမ၏ ဆံနွယ်များက လေနှင့်အတူ လူးလွန့်လှုပ်ရှားနေပြီး အေးစက်ပြီး မာနကြီးပုံရသည့် မျက်နှာက တစ်မျိုး ချစ်စရာကောင်းနေသည်။

ကျောက်စိမ်းကဲ့သို့ နဂါးဦးချိုနှစ်ချောင်းကလည်း ဆံနွယ်များကြားမှ တိုးထွက်နေသေးသည်။ ယင်းကပင် သူမ၏ မျိုးနွယ်ကို ဖော်ပြသကဲ့သို့ ဖြစ်နေသည်။

သူမက အရပ်အမောင်းကောင်းပြီး သွယ်လျသော ခန္ဓာကိုယ်ရှိသည်။ နို့နှစ်ရောင် အသားအရေနှင့် ခန္ဓာကိုယ်အချိုးအစားက ပြီးပြည့်စုံမှု ရှိ၏။

မို့မောက်သော ရွှေရင်အစုံ၊ သေးကျဉ်သောခါး၊ စွင့်ကားသောတင်ပါးနှင့် ကျောက်စိမ်းကဲ့သို့ ‌ခြေအစုံကလည်း ဖြောင့်စင်းကာ ကြည်လင်သည်။

သူမ၏ ကျောက်စိမ်းခြေထောက်က လေဟာပြင်က နင်းလိုက်တိုင်း၊ ခြေဖဝါးအောက်တွင် နဂါးသဏ္ဍာန် တာအိုအမှတ်အသားများ ထွက်ပေါ်လာခဲ့ရလေသည်။

ကျွင်းရှောင်ယောက်သာ ဤနေရာတွင် ရှိနေလျှင်တော့ ဤမိန်းကလေးကို စိမ်းမည်မဟုတ်ပေ။

မတွေ့ရသည်မှာ ကြာပြီဖြစ်သော မင်းသမီးလုံကျိ ဖြစ်သည်။

သူမက ပျက်စီးခြင်းကောင်းကင် အင်မော်တယ်နယ်မြေကြီးတွင် ပထမဆုံး နိုးထခဲ့သော ရှေးဟောင်းလူထူးဆန်းပင်။

အစောပိုင်းကာလများတွင် မင်းသမီးလုံကျိက ကျွင်းရှောင်ယောက်ကနု အကြိမ်အနည်းငယ် တိုက်ခိုက်နိုင်ခဲ့သည်။

သို့သော်လည်း နောက်ပိုင်းမှာတော့ မင်းသမီးလုံကျိမှာ ကျွင်းရှောင်ယောက်၏လက်တွင် ထပ်ခါထပ်ခါ ရှုံးနိမ့်ခဲ့ရသည်။

နောက်ပိုင်း၊ ရှန်းကုကမ္ဘာတွင် မင်းသမီးလုံကျိကို လုံးဝအောင်နိုင်ခဲ့ပြီး ကျွင်းရှောင်ယောက်အား သခင်ဟုခေါ်ကာ စီးတော်ကဲ့သို့ ဖြစ်လာခဲ့လေသည်။

ဘိုးဘွားနဂါးသိုက် ဖျက်ဆီးခံရပြီးနောက်မှာလည်း မင်းသမီးလုံကျိက ကျွင်းရှောင်ယောက်နောက်သို့ စိတ်ပိုင်းဖြတ်ကာ လိုက်ပါလာခဲ့သည်။

နောက်ပိုင်းတွင် သူမက ဧကရာဇ်လမ်းနှင့် အဆုံးစွန်ရှေးဟောင်းလမ်းတို့ကိုလည်း လျှောက်လှမ်းခဲ့ပေသည်။

မင်းသမီးလုံကျိက အမှန်တကယ် အားနည်းသူမဟုတ်ပေ။

သူမကိုယ်တိုင်က ရှေးဟောင်းလူထူးဆန်းဖြစ်ပြီး ရှေးဦးနဂါးဧကရာဇ်သွေးလည်း ရှိသည်။

ထို့အပြင်၊ ရှန်းကုကမ္ဘာတွင် ယင်နဂါးအလောင်းကို သန့်စင်နိုင်ခဲ့၏။

နောက်ပိုင်းတွင်၊ ကျွင်းရှောင်ယောက်နောက်ကိုလိုက်ပြီး ကောင်းမွန်သည့် လေ့ကျင့်မှုပုံစံများကို ရခဲ့သည်။

ထို့ကြောင့် မင်းသမီးလုံကျိကလည်း မျိုးဆက်သစ်လူငယ်များကြားတွင် အထွတ်အထိပ် တည်ရှိမှုတစ်ခု ဖြစ်နေခဲ့ပေသည်။

အဆုံးစွန်ရှေးဟောင်းလမ်းကို လျှောက်လှမ်းရင်း ယခုအခါ သူမ၏နယ်ပယ်က သူတော်စင်နယ်ပယ် ကြီးမားသော ပြီးပြည့်စုံမှုသို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။

ကျွင်းရှောင်ယောက်၊ လင်ယွမ်၊ ကူတိကျစ်၊ ယွီဟွာဝမ်နှင့် အခြား ထိပ်သီး တားမြစ်ပါရမီရှင်များနှင့်ယှဉ်လျှင် အနည်းငယ် အားနည်းနေသေးသော်လည်း...

ထိပ်တန်း ပါရမီရှင်များထဲမှာတော့ ဤသည်မှာ အလွန်ကောင်းနေပြီဟု ဆိုနိုင်သည်။

'အဲဒီခံစားချက်အရ ဒီနားမှာရှိပုံရတယ်'

မင်းသမီးလုံကျိက သူ့ဘာသာသူ ရေရွတ်လိုက်လေသည်။

သင်္ချိုင်းဧကရာဇ်ကြယ်သို့ ရောက်လာပြီးနောက် သူဟာ အခွင့်အရေးများကိုရှာဖွေရန် အတတ်နိုင်ဆုံး ကြိုးစားခဲ့သည်။

အခြားကြောင့်မဟုတ်ဘဲ ဧကရာဇ်သင်္ချိုင်းကြယ်က လူများကို ကောင်းကင်သို့ပျံတက်အောင် ပြုလုပ်နိုင်စွမ်းရှိသောကြောင့် ဖြစ်ချေသည်။

အခွင့်အလမ်း ကြီးကြီးမားမားရနိုင်သရွေ့ ဖျက်မြင်းတစ်ကောင်အဖြစ်နှင့် အရှိန်အဟုန်ပြင်းပြင်းဖြင့် နိုးထရန် အခွင့်အလမ်း ရှိသည်။

မင်းသမီးလုံကျိက ဤမျှ ကြိုးစားနေခြင်းမှာ သူကိုယ်တိုင်ကြောင့်တော့ မဟုတ်ပေ။

အကြောင်းမှာ၊ သူမကို အဝေးတွင် ချန်ထားခဲ့သော အဖြူရောင်ဝတ်လူကြောင့် ဖြစ်သည်။

"ဒီလိုသာဆက်သွားရင်၊ ငါ စီးတော်ဖြစ်ဖို့ အရည်အချင်းတောင်ရှိမှာမဟုတ်ဘူး'

မင်းသမီးလုံကျိ၏ အေးစက်သောမျက်နှာတွင် ခါးသီးမှုအရိပ်အမြွက်တို့ပေါ်လာခဲ့သည်။

ထိုစဉ်က သူမ၏ပြိုင်ဘက်အဖြစ် သတ်မှတ်ခဲ့သော လူငယ်လေးက သူမ၏သခင် ဖြစ်လာသည့်အပြင် သူမကိုပါ ဟိုးအနောက်တွင် ချန်ရစ်ခဲ့မည်ဟု မည်သူက ထင်ထားခဲ့မည်နည်း။

ဤခံစားချက်က မကောင်းပေ။

ဟုတ်သည်၊ ဤခံစားချက်က မကျေနပ်ခြင်း မဟုတ်ပါ။

ယခုအခါ မင်းသမီးလုံကျိက ကျွင်းရှောင်ယောက်ကို လုံးဝ အညံ့ခံသွားပြီဖြစ်သည်။

ယခုတော့ ကျွင်းရှောင်ယောက်မှ သူမကို ပြန်လည်သတိပြုမိနိုင်စေရန် ပိုသန်မာလာချင်နေတော့သည်။

'အဲဒီခံစားချက်က ပိုပြင်းထန်လာပြီ'

မင်းသမီးလုံကျိ၏ လှပသော မျက်လုံးထဲမှ အလင်းရောင်က တောက်ပသည်ထက် တောက်ပလာခဲ့သည်။

မကြာသေးမီကမှ သူမ၏သွေးများ ပူလောင်နေသလို ခံစားခဲ့ရသည်။

တစ်ခုခုနဲ့ ပဲ့တင်ထပ်နေသကဲ့သို့...

ယင်းမှာ နဂါးမျိုးနွယ်နှင့် တူညီသော အရင်းအမြစ်၏ စွမ်းအား ဖြစ်သည်။

မင်းသမီးလုံကျိ စိတ်လှုပ်ရှားသွား၏။

ဤအခွင့်အလမ်းကို ရနိုင်မည်ဆိုလျှင် သူမက ဖျက်မြင်းတစ်ကောင်အဖြစ်နှင့် တစ်ဖန်နိုးထရန် အခွင့်အရေးရှိနိုင်ပေလိမ့်မည်။

မင်းသမီးလုံကျိလည်း သူမ၏ စိတ်ထဲမှ တွေးတောရင်း တောင်တန်းများထဲသို့ နက်နဲစွာ ဝင်ရောက်သွားတော့သည်။

လေထဲတွင် စိမ့်ဝင်နေသော နဂါးစွမ်းအင်တစ်မျိုးကိုလည်း ယောင်ဝါးဝါး ခံစားရသည်။

မင်းသမီးလုံကျိလည်း ဤနေရာတွင် အခွင့်အလမ်းကောင်းတစ်ခုရှိနေကြောင်း ပို၍ သေချာလာတော့သည်။

ယင်းက နဂါးမျိုးနွယ်၏ အခွင့်အလမ်း ဖြစ်သည်။

တောင်တန်း၏ နက်နဲရာအရပ်မှ အရှေ့ဘက်တွင် ကျောက်တုံးကြီးတစ်ခု ‌ရှိနေသည်။

ယင်းပေါ်တွင် နဂါးစာလုံးများ ရေးထွင်းထားသလို တုနှိုင်းမရနိုင်သော ရှေးဟောင်း ရောင်ဝါတစ်ခုလည်း ပျံ့နှံ့လျက်ရှိ၏။

ယင်းက နဂါးမျိုးနွယ်၏ နဂါးဘာသာစကား ဖြစ်သည်။

နဂါးမျိုးနွယ်ဝင် မဟုတ်သူများအတွက်တော့ ယင်းကို သိရန် မလွယ်ပေ။

မင်းသမီးလုံကျိမူကား ကြည့်လိုက်ရုံဖြင့် ချက်ချင်း သိလိုက်သည်။

လက်ကိုးချောင်းက ကြောက်စရာဖြစ်ပြီး လက်ချောင်းတစ်ချောင်းသာ ဝမ်းနည်းစရာ။

All Chapters