← Chapters

အခန်း ၇၉၃

Vol. 53 Ch. 793

အခန်း ၇၉၃

Vol. 53 Ch. 793

အခန်း ( ၇၉၃ ) အသျှင်ခန္ဓာ လုံယောက်အာ ထွက်ပေါ်လာခြင်း။

တစ်ချက်ကြည့်လိုက်ရုံဖြင့် ‌ဤစာကြောင်းက ရှုပ်ထွေးကာ နားလည်ရခက်စေသည်။

မင်းသမီးလုံကျိလည်း အဓိပ္ပါယ်ကို မသိပေ။

ဤအခွင့်အလမ်းနှင့် ဘယ်လိုသက်ဆိုင်မှန်း တွေးကြည့်၍ပင် မရပါ။

မင်းသမီးလုံကျိလည်း ခဏစဉ်းစားပြီးနောက် သူမ၏ လက်ညိုးထိပ်ကိုက်ကာ ကျောက်စာချပ်ပေါ်သို့ သွေးတစ်စက် ညှစ်ချလိုက်သည်။

ချက်ခြင်းပင် ကျောက်ပြားက အလင်းရောင် တောက်ပလာခဲ့၏။

မင်းသမီလုံကျိ၏ မျက်နှာလည်း ဝင်းလက်လာတော့သည်။

"ဝမ်"

ရှေးဟောင်း ဝင်္ကပါတစ်ခု အသက်ဝင်လာသကဲ့သို့ မြေပြင်ပေါ်တွင် ကမ္ပည်းအမှတ်အသားများ ပေါ်လာခဲ့သည်။

အခွင့်အလမ်းတစ်ခု မွေးဖွားလာတော့မည်။

"ဟုတ်နေပြီ..."

မင်းသမီးလုံကျိ၏ အေးစက်ပြီး မာနကြီးသော မျက်နှာက စိတ်လှုပ်ရှားမှုကြောင့် နီရဲလာခဲ့သည်။

မည်သူပင်ဖြစ်စေ၊ ဤသို့သော အခွင့်အလမ်းကြီးနှင့် ကြုံတွေ့ရလျှင် စိတ်အေးအေးထားနိုင်ကြမည် မဟုတ်‌ပေ။

သို့သော်လည်း မင်းသမီးလုံကျိ စိတ်လှုပ်ရှားနေချိန်တွင်...

ကြည်လင်ပြီး ချိုသာသော လော့လီလေးတစ်ဦး၏ အသံက ရုတ်တရက် ထွက်ပေါ်လာသည်။

"မမ၊ နင့်ရဲ့အကူအညီအတွက် ကျေးဇူးတင်ပါတယ်နော်။ ဒီဝင်္ကပါက တကယ် စိတ်ရှုပ်စရာကောင်းတယ်"

ထိုစကားကိုကြားတော့ မင်းသမီးလုံကျိ တုန်လှုပ်သွားခဲ့သည်။

သူမ ရုတ်တရက် လှည့်ကြည့်လိုက်တော့ သစ်ကိုင်းတစ်ကိုင်း ပေါ်တွင် ထိုင်နေသော လှပသည့် ပုံရိပ်လေးတစ်ခုကို တွေ့လိုက်ရသည်။

ကောင်မလေးက ဆယ်နှစ်ဝန်းကျင်ခန့်သာ ရှိဦးမည်။ သူမက နှင်းဖြူဝတ်စုံကို ဝတ်ဆင်ထားသည်။ သူမ၏ ပျော့ပျောင်းသည့် ခရမ်းရောင်ဆံပင်များကိုတော့ ဘောလုံးလေးနှစ်လုံးကဲ့သို့ စည်းနှောင်ထားလေသည်။

သူမ၏ နှင်းဖြူ နဖူးပေါ်မှာတော့ သွယ်လျသော နဂါးချိုနှစ်ချောင်းရှိသည်။

ဤအခိုက်တွင် အဖြူရောင်ဝတ်စုံဝတ်ပြီး ခြေဗလာနှင့် ကောင်မလေးက သစ်ပင်ပေါ်တွင် သစ်ကိုင်းကိုမှီထိုင်နေလေသည်။

သူမ၏ လက်ထဲမှာတော့ မွှေးကြိုင်သော ရေခဲသစ်သီးယိုတုတ်ထိုးကို ကိုင်ထားသည်။

ယင်းက သာမန် ရေခဲသစ်သီးယိုတုတ်ထိုးမဟုတ်ဘဲ သစ်သီးအားလုံးက ရှားပါး နတ်ဆေးသစ်သီးများ ဖြစ်သည်။

သေးသေးကွေးကွေးနှင့် ချစ်စရာကောင်းသော မိန်းကလေးကို မြင်ရသူတိုင်း ချစ်မိသွားရပေလိမ့်မည်။

ချစ်မိသွားသည့်အပြင် သူမ၏ ပါးပြင်နှစ်ဖက်ကိုလည်း အုပ်ကိုင်ပြီး စနောက်ချင်စိတ် ဖြစ်လာနိုင်သည်။

သို့သော်လည်း မင်းသမီးလုံကျိဟာ ထူးခြားမှုကို ခံစားခဲ့ရသည်။

ကောင်မလေး၏ ကျင့်ကြံခြင်းအခြေခံ သို့မဟုတ် အရှိန်အဝါတို့ကို သူ မခံစားရပေ။

သူမကို ကြည့်ရတာတော့ သာမန် ချစ်ရာကောင်းသော ကောင်မလေးတစ်ယောက်ကဲ့သို့ ဖြစ်သည်။

သို့ရာတွင် သာမန် မိန်းကလေးက ဧကရာဇ်သင်္ချိုင်းကြယ်ကို ရောက်လာနိုင်ပါ့မလား။

သူမ ရောက်လာနိုင်လျှင်ပင် မင်းသမီးလုံကျိ၏ အသိစိတ်အာရုံ ခံစားချက်မှ မည်သို့ လွတ်မြောက်နိုင်မည်နည်း။

မင်းသမီးလုံကျိ၏ မျက်လုံးအကြည့်က ကလေးမလေး၏ နဖူးပေါ်ရှိ နဂါးဦးချိုပေါ်သို့ ကျရောက်လာခဲ့သည်။

"နဂါးမျိုးနွယ်၊ ဘယ်နဂါးမျိုးနွယ်ကလဲ။ နဂါးဘုရင်ခန်းမကများ ဖြစ်နိုင်မလား"

မင်းသမီးလုံကျိ စိတ်ရှုပ်ထွေးသွားသည်။

နဂါးမျိုးနွယ်တွင် မျိုးနွယ်အခွဲများစွာရှိသော်လည်း အများစုက လူအနည်းစုသာရှိသည့် မျိုးနွယ်များ ဖြစ်သည်။

သို့ရာတွင် တကယ့် နဂါးအင်အားစုကြီးတချို့လည်း ရှိသေးသည်။

သို့သော်လည်း မင်းသမီးလုံကျိသည် မည်သည့်နဂါးမျိုးရိုးတွင်မဆို ထိုကဲ့သို့သော ကလေးမလေးအကြောင်း တစ်ခါမှ မကြားခဲ့ဖူးပါ။

သို့ပေသော်ငြား၊ သူ့ရှေ့မှ ကောင်မလေးက အလွန်ချစ်စရာကောင်းပြီး ဘာမျှလုပ်နိုင်ပုံမရသောကြောင့် သတိထားနေရန် ခက်ခဲသည်။

"ညီမလေး၊ တခြားတစ်ယောက်နဲ့ လာတာလား"

မင်းသမီးလုံကျိက မေးလိုက်သည်။

သူသည် လမ်းတစ်လျှောက်တွင် အန္တရယ်များ မကြုံတွေ့ခံ့ရသော်လည်း သတိမပေါ့ဝံ့ဘဲ မိန်းကလေး၏ နောက်ခံကို ဦးစွာ ရှာဖွေချင်ခဲ့သည်။

ဤမိန်းကလေးက သူ့မိသားစု၏ ပါရမီရှင်နှင့် ဧကရာဇ်သင်္ချိုင်းကြယ်သို့ ရောက်ရှိလာခြင်း ဖြစ်လိမ့်မည်။

"မဟုတ်ပါဘူး၊ တစ်ယောက်တည်း လာတာ"

အဖြူရောင်ဝတ်စုံနှင့် မိန်းကလေးက သူမ၏ ပါးစပ်ကိုဟကာ ရေခဲသစ်သီးယိုတုတ်ထိုးကို လျှာနှင့်သပ်ပြီး ပြောလိုက်သည်။ သူ့အသွင်မှာ အပြစ်ကင်းစင်ပြီး အပျော်အပါး လိုက်စားနေသူတစ်ယောက်ကဲ့သို့ပင်။

"ဟမ်"

မင်းသမီးလုံကျိ မျက်မှောင်ကြုတ်လိုက်သည်။

တစ်ခုခု လွဲနေသလိုလည်း သူမ ခံစားလိုက်မိ၏။

မိန်းကလေးက ရေခဲသစ်သီးယိုတုတ်ထိုးကို လျှာနှင့်သပ်ပြီးနောက် နှစ်ကိုက်၊ သုံးကိုက်တည်းဖြင့် အကုန်စားပစ်လိုက်လေသည်။

ထို့နောက် ထရပ်လိုက်ပြီး အဝတ်စထောင့်စွန်းနှင့် လက်သေးသေးလေးကိုသုတ်ကာ ခုန်ဆင်းလာခဲ့သည်။

"စားပြီးပြီဆိုတော့ အလုပ်လုပ်ရအောင်"

ကောင်မလေးက မင်းသမီးလုံကျိကိုကြည့်ပြီး ချစ်စဖွယ်ပြုံးရင်း ပြောလိုက်သည်။

"မမ၊ ဒီအခွင့်အရေးကို ညီမလေးလိုချင်လို့ ကျေးဇူးပြုပြီး ထွက်သွားပေးပါ"

တောက်ပသော မျက်လုံး၊ အပြစ်ကင်းစင်သော အပြုံးနှင့် အနှီကောင်မလေးမှာ မြင်သူတိုင်း၏ နှလုံးသားကို အရည်ပျော်သွားစေနိုင်သည်။ သို့ရာတွင် သူမထံမှ ထွက်ပေါ်လာသော စကားများက မင်းသမီးလုံကျိ၏ မျက်လုံးများကို ရုတ်တရက် အေးခဲသွားစေခဲ့သည်။

ဒါက သူ့ကို ထွက်သွားဖို့ ပြောနေတာပဲ မဟုတ်လား။ သူက စကားလုံးလှလှလေး သုံးနေရုံပဲရှိတာ။

"မဟုတ်ဘူး၊ နင်က ဘယ်သူ..."

မင်းသမီးလုံကျိ စကားမဆုံးခင်မှာပင် ကောင်မလေးက စိတ်မရှည်ဟန်ဖြင့် ကြည့်လိုက်သည်။

သူမက လေထဲကို ခြေလှမ်းကာ လက်သီးဆုပ်သေးသေးလေးနှင့် မင်းသမီးလုံကျိကို တစ်ချက် ထိုးလိုက်၏။

"နဂါးဧကရာဇ်ကုဒ်"

မင်းသမီးလုံကျိလည်း ကြီးမားသောအန္တရာယ်ကို ချက်ခြင်း ခံစားလိုက်ရသောကြောင့် နဂါးနတ်ဘုရားသိုင်းကို အလျင်အမြန် ထုတ်ဖော်လိုက်သည်။

သို့သော်၊ အသုံးမဝင်တော့ပါ။

ဤမိန်းကလေး၏ လက်သီးချက်က ကြောက်စရာကောင်းသော စွမ်းအားများ ပေါက်ကွဲထွက်လာခဲ့သည်။

"ဖူး"

မင်းသမီးလုံကျိလည်း ရှေးနဂါးကြီး၏ ဖိနှိပ်ခံရသလို ခံစားရကာ သွေးတစ်ပွက်ကို အန်ထုတ်လိုက်ရတော့သည်။

သူမ၏ နဂါးခန္ဓာနှင့် ရှေးဧကရာဇ်၏ သွေးကြောင့်သာမဟုတ်လျှင်...

ဤလက်သီးချက်က သူမ၏ ခန္ဓာကိုယ်မှာရှိသည့် အရိုးအားလုံးကို ကွဲကြေသွားစေနိုင်လောက်သည်။

"နင် ဘယ်သူလဲ"

မင်းသမီးလုံကျိ နှုတ်ခမ်းထောင့်မှ သွေးများကိုသုတ်ပြီး ပြောလိုက်သည်။

သူသည် သူတော်စင်နယ်ပယ် ကြီးမားသော ပြီးပြည့်စုံခြင်းသို့ ရောက်ရှိနေပြီး ရှေးဧကရာဇ် မိုးပြာနဂါးသွေးရှိသော်လည်း သူမရှေ့မှ ဤမိန်းကလေး၏ ပြိုင်ဘက်မဟုတ်သေးပေ။

မင်းသမီးလုံကျိ၏ ဘဝတွင် ကျွင်းရှောင်ယောက်ထံမှသာ ထိုဖိနှိပ်ချုပ်ချယ်သောခံစားချက်ကို ခံစားခဲ့ဖူးသည်။

ကျွင်းရှောင်ယောက်က ယခုအခါ မျိုးဆက်သစ်လူငယ်များ၏ နံပါတ်တစ်ပုဂ္ဂိုလ်အဖြစ် လူသိများပြီး ရှေးဟောင်းလမ်းကိုပင် အလျားလိုက်တွန်းနေသူ ဖြစ်သည်။

သို့ရာတွင် သူ့ရှေ့မှ ဤမိန်းကလေးက မည်သူနည်း။

"အိုး၊ နင်က ယောက်အာရဲ့ လက်သီးတစ်ချက်ကို တကယ် ခံနိုင်တယ်။ မဆိုးပါဘူး၊ နင်လည်း နဂါးဖြစ်မယ်ထင်တယ်။ နင် ငါ့ရဲ့စီးတော်လုပ်ပါ"

ကောင်မလေးက စိတ်ဝင်စားစရာကောင်းသည့် အရာတစ်ခုကို မြင်လိုက်ရသလို စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

"မဖြစ်နိုင်ဘူး"

မင်းသမီးလုံကျိလည်း အံကို တင်းတင်းကြိတ်လိုက်၏။

သူမအတွက် သခင်တစ်ယောက်သာ ရှိသည်။ ထိုသူက ကျွင်းရှောင်ယောက်ပင်။

ကျွင်းရှောင်ယောက်ကသာ သူ့ခန္ဓာကိုယ်ပေါ်မှ စီးနိုင်သည်။

ကောင်မလေးက ဘာမှပြန်မပြောဘဲ ထပ်မံ ထိုးနှက်လိုက်သည်။

နတ်ဘုရားစွမ်းအင် မသုံးသလို စွမ်းအင်အတက်အကျမရှိပေ။

ရိုးရှင်းသော ခန္ဓာကိုယ်ကြံ့ခိုင်မှုကို အသုံးပြုခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ကောင်းကင်ကို တုန်ခါသွားစေခဲ့၏။

သူမက လော့လီလေးဖြစ်သော်လည်း ထူးကဲသောခွန်အားနှင့် ကြမ်းတမ်းသူ ဖြစ်နေသည်။

'သူက ဘယ်ကလာတာလဲ'

မင်းသမီးလုံကျိ တုန်လှုပ်သွားသည်။

သူမက နဂါးမျိုးနွယ်ဝင်ဖြစ်လျှင်ပင် ယင်းက ပုံမှန်မဟုတ်လွန်းပြီ မဟုတ်လား။

ခန္ဓာကိုယ်ကြံ့ခိုင်မှု တစ်ခုတည်းကို ပြောရလျှင် ကျွင်းရှောင်ယောက်မှတစ်ပါး သူမ၏လက်သီးချက်ကို ခံနိုင်ရည်ရှိသူ များစွာရှိမည် မဟုတ်ချေ။

နောက်ဆုံးတွင်၊ မင်းသမီးလုံကျိလည်း နောက်ဆုံးနည်းလမ်းအဖြစ် တိုက်ခိုက်ရန် သူမ၏ မူလခန္ဓာကိုယ်ကို ထုတ်ဖော်လိုက်ရသည်။

သွယ်လျသော နတ်နဂါးကြီးက ကောင်းကင်ကိုမော့ပြီး ဟိန်းဟောက်လိုက်၏။

"ဝိုး၊ အရမ်းလှတာပဲ၊ ဒီနဂါးကြီးကိုစီးပြီး မြင့်မြတ်ခန္ဓာကို တိုက်ခိုက်ရရင် အရမ်းမိုက်မှာပဲ"

ကောင်မလေးက စိတ်လှုပ်ရှားစွာဖြင့် လက်ခုပ်တီးရင်း အော်လိုက်သည်။

"မြင့်မြတ်ခန္ဓာကို တိုက်ခိုက်မှာ... နင် ဘယ်သူလဲ"

'မြင့်မြတ်ခန္ဓာ'ဆိုသောစကားက ကောင်မလေး၏ပါးစပ်မှ ထွက်လာသည်နှင့် မင်သမီးလုံကျိ လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။ သူ အေးစက်စက်ဖြင့် ပြောလိုက်၏။

မယုံနိုင်စရာ အထောက်အထားတစ်ခုကို သူ တွေးလိုက်မိသည်။

ယင်းက ရှေးဟောင်းမြင့်မြတ်ခန္ဓာ၏ ရန်သူဟောင်းကြီးပင်။

"ငါက ထိုက်ရွှီရှေးနဂါးမျိုးရိုးက လုံယောက်အာလေ။ ငါက ကောင်းကင်အသျှင်ခန္ဓာလို့လည်း ဆိုနိုင်တယ်"

"အခု ဒီအခွင့်အရေးကို ငါလိုချင်တယ်၊ မြင့်မြတ်ခန္ဓာကိုလည်း ငါ အနိုင်ယူချင်တယ်"

"ငါ မင်သမီး လုံယောက်အာက ဒီကမ္ဘာကြီးကို ကြီးစိုးဖို့ ရည်မှန်းထားတာ၊ ရှေးဟောင်းမြင့်မြတ်ခန္ဓာကိုလည်း ငါ့ခြေထောက်အောက်မှာ နင်းချေရလိမ့်မယ်"

လုံယောက်အာက အားပါးတရ ပြောဆိုနေရင်း ပါးစပ်ထဲမှ တံတွေးများ စင်ထွက်လာခဲ့သည်။

သို့သော်လည်း သူက ရှက်ရွံ့မှုကို လုံးဝ မခံစားရပေ။ ထိုအစား ခါးကိုထောက်ပြီး ဂုဏ်ယူဝံ့ကြွားစွာဖြင့် ရင်သေးသေးလေးကို ကော့လိုက်သည်။

မင်းသမီးလုံကျိ အံသြသွားလေသည်။

All Chapters