← Chapters

အခန်း ၇၉၄

Vol. 53 Ch. 794

အခန်း ၇၉၄

Vol. 53 Ch. 794

အခန်း ( ၇၉၄ ) အသန်မာဆုံး တားမြစ်ပါရမီရှင်များထဲမှ တစ်ဦး၊ ကျွင်းရှောင်ယောက်၏ အင်အား တစ်ဖန် တိုးတက်လာသည်၊ ခန္ဓာကိုယ် အင်အား၏ ကန့်သတ်ချက်။

ထိုက်ရွှီရှေးနဂါးမျိုးနွယ်၏ ပါမီရှင်။

ကောင်းကင်အသျှင်ခန္ဓာ။

ဤလက္ခဏာနှစ်ရပ်က မည်သူကိုဖြစ်စေ၊ အံ့အားသင့်ပြီး တုန်လှုပ်စေရန် လုံလောက်သည်။

လူများ၏ စိတ်ထဲတွင် ဤလက္ခဏာနှစ်ခုက လွှမ်းမိုးချုပ်ကိုင်မှုနှင့် မာနကြီးသည့် အသွင်အပြင်မျိုး ဖြစ်သင့်၏။

အထူးသဖြင့် ကောင်းကင်အသျှင်ခန္ဓာ ဖြစ်သည်။ သူသည် အဆုံးစွန် ရှေးဟောင်းလမ်းတွင် နာမည်ကျော်ကြားသော်လည်း အလွန်လျှို့ဝှက်ဆန်းကြယ်ပြီး သူ၏အမည်ကို မည်သူမျှ မသိပေ။

လူတိုင်း၏နှလုံးသားထဲတွင် လျှို့ဝှက်သော ကောင်းကင်အသျှင်ခန္ဓာက ကြီးစိုးပြီး ရက်စက်ကြမ်းကြုတ်သော လူကြီးတစ်ယောက် ဖြစ်သင့်သည်။

သို့ရာတွင် သူ့ရှေ့မှ ဤမိန်းကလေးက မည်သူနည်း။

သူမက ကောင်းကင်အသျှင်ခန္ဓာလား။

မင်းသမီးလုံကျိလည်း လုံးဝ လိုက်မမီနိုင်တော့သလို ခံစားလိုက်ရသည်။

ဒဏ္ဍာရီလာ ကောင်းကင်အသျှင်ခန္ဓာနှင့် သူရှေ့မှ လော့လီလေးကို ပေါင်းကြည့်ရန်မှာ သူမအတွက် ခက်ခဲလှပေသည်။

ကွာခြားမှုက ကြီးမားလွန်းသည်။

အနည်းငယ်ရယ်စရာကောင်းသည်ဟုပင် ခံစားခဲ့ရ‌လေသည်။

ထို့အပြင်၊ ကောင်းကင်အသျှင်ခန္ဓာက အများအားဖြင့် အမျိုးသားများ ဖြစ်တတ်သည်။

အမျိုးသမီး ကောင်းကင်အသျှင်ခန္ဓာကို သူမ လုံးဝ မကြားဖူးပေ။

သို့ရာတွင် လက်ရှိ အမှန်တရားများက မင်းသမီးလုံကျိကို ယုံကြည်စေရန် တွန်းအားပေးခဲ့သည်။

သူမ၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုက အလွန်ကြောက်စရာကောင်းသည်။

သူ့လက်ကို မြှောက်လိုက်ရုံဖြင့် ဟင်းလင်းပြင်ကို ဖြိုခွဲနိုင်စွမ်း ရှိ၏။

ကောင်းကင်အသျှင်ခန္ဓာနှင့် ထိုက်ရွှီရှေးနဂါးသွေးတို့ ပေါင်းစပ်မှသာလျှင် ထိုမျှ ကြောက်စရာကောင်းသော ခန္ဓာကိုယ်ကို မွေးဖွားပေးနိုင်မည်။

လုံယောက်အာက နတ်ဘုရားသိုင်းများကို အသုံးမပြုလျှင်ပင် ခန္ဓာကိုယ်ကြံ့ခိုင်မှုသက်သက်ဖြင့် သူတော်စင်ဘုရင်များကိုသတ်ရန် လုံလောက်သည်ဟု ဆိုနိုင်ပေသည်။

မဟာသူတော်စင်များပင်လျှင် ခေါင်းကိုက်ရဦးမည် ဖြစ်သည်။

'ဒါက ဘယ်လိုမကောင်းဆိုးရွားမျိုးလဲ'

မင်းသမီးလုံကျိ လန့်သွားသည်။

ကောင်းကင်အသျှင်ခန္ဓာ အထောက်အထားကို ဘေးဖယ်ထားလျှင်ပင်...

ထိုက်ရွှီရှေးနဂါးမျိုးနွယ်၏ လက္ခဏာတစ်ခုတည်းက လွန်စွာ ကြောက်စရာကောင်းနေပြီ ဖြစ်သည်။

ဤမျိုးနွယ်က နဂါးမျိုးရိုးတွင် ထိပ်တန်းအင်အားဖြစ်သည်မှာ သေချာလှပေသည်။

၎င်း၏မျိုးနွယ်စုတွင် အဖွဲ့ဝင်အနည်းငယ်သာရှိသော်လည်း တစ်ဦးစီက အလွန်အစွမ်းထက်သည်။

ရှေးခေတ်သမိုင်းတွင် နာမည်မှတ်တမ်းတင်ပြီး ခေတ်များကို တုန်ခါစေခဲ့သည့် ထိုက်ရွှီရှေးနဂါးမျိုးရိုး၏ နဂါးဧကရာဇ်များစွာပင် ရှိသေးသည်။

ဤသွေးမျိုးဆက်တစ်ခုတည်းက လုံယောက်အာကို သက်ရှိများစွာထက် သာလွန်သွားစေရန် လုံလောက်သည်။

ယင်းကို ကောင်းကင်အသျှင်ခန္ဓာနှင့် ပူးပေါင်းလိုက်ချိန်မှာတော့...

ဤနတ်သမီးလေးနှင့်တူသော ကောင်မလေးမှာ အဆုံးစွန်ရှေးဟောင်းလမ်းပေါ်တွင် သြဇာအရှိဆုံး တားမြစ်ချက်များထဲမှ တစ်ဦး ဖြစ်လာတော့သည်။

"နဂါးစီးမယ်"

လုံယောက်အာ၏ ရုပ်သွင်က လှုပ်ရှားလာပြီး မင်းသမီးလုံကျိ၏ နဂါးခန္ဓာကိုယ်ပေါ်သို့ တိုက်ရိုက် ဆင်းသက်လိုက်သည်။

မင်းသမီးလုံကျိက ခက်ခက်ခဲခဲ ရုန်းကန်ခဲ့ရသော်လည်း လုံယောက်အာ၏ ဖိနှိပ်မှုကို မဖယ်ရှားနိုင်သေးပေ။

အဆုံးတွင် လုံယောက်အာက သူမ၏လည်ပင်းကို စီးလိုက်သည်။

မင်းသမီးလုံကျိလည်း သူမ၏ နှလုံးသားထဲမှ ကြီးမားသော အရှက်တရားကို ခံစားလိုက်ရ၏။

သူမက ကျွင်းရှောင်ယောက်တစ်ဦးကိုသာ လက်ခံစီးနင်းစေရန် ဆန္ဒရှိနေသည်။

ယခုမူကား မိန်းကလေးငယ်တစ်ဦး၏ စီးနင်းခြင်းကို ခံနေခဲ့ရပြီ။

သို့သော်လည်း သူမ၏နောက်ခံနှင့် အထောက်အထားက တကယ်ကို အံ့မခန်း ဖြစ်သည်။

"ဟွန်း၊ ပျင်းစရာကောင်းလိုက်တာ၊ အခွင့်အလမ်း မမွေးဖွားခင် အချိန်တစ်ခုရှိသေးတယ်"

လုံယောက်အာက မင်းသမီးလုံကျိ၏ နောက်ကျောပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ သူမ၏ မေးစေ့ကို လက်သေးသေးလေးဖြင့်ထောက်ပြီး ရေရွတ်လိုက်သည်။

ဤအခွင့်အလမ်းကို ဆုပ်ကိုင်ပြီးလျှင်တော့ ကျွင်းရှောင်ယောက်ကို ရင်ဆိုင်ရတော့မည်။

မင်းသမီးလုံကျိ၏ ခန္ဓာကိုယ်က ယခုအချိန်တွင် မြေပြင်ပေါ်သို့ လဲကျသွားခဲ့သည်။ သူမ၏ ခန္ဓာကိုယ်ပေါ်ရှိ နဂါးအကြေးခွံများ ကွဲအက်သွားကာ သွေးများ ထွက်လာခဲ့၏။

လုံယောက်အာသာ သူမကို သတ်ချင်လျှင် တစ်ချက်တည်းဖြင့် လုံလောက်ပြီဟု ဆိုနိုင်သည်။

'သခင်…'

မင်းသမီးလုံကျိလည်း အဖြူရောင်ဝတ်စုံဖြင့် ရုပ်သွင်ကို တွေးတောရင်း ရုတ်တရက် အလွန်လွမ်းဆွတ်သွားမိသည်။

ကျွင်းရှောင်ယောက်က ဤမိန်းကလေးကို သင်ခန်းစာကောင်းကောင်း သင်ပေးနိုင်လိမ့်မည်ဟုလည်း သူမ အမှန်တကယ် မျှော်လင့်ခဲ့လေသည်။

"ဟုတ်တာပေါ့၊ အတက်အကျတွေက ဒီကနေလာတာ"

ရုတ်တရက်၊ အဝေးမှ အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

ပါရမီရှင်များစွာက စွမ်းအင်အတက်အကျများကို ခံစားရင်း ဤနေရာကို ရောက်လာခြင်း ဖြစ်၏။

နောက်ဆုံးတွင်၊ ဝင်္ကပါကြီး၏ အဖွင့်လှုပ်ရှားမှုနှင့် လုံယောက်အာတို့၏ တိုက်ခိုက်မှု လှုပ်ရှားမှုများမျာ လူများ၏အာရုံစိုက်မှုကို မဆွဲဆောင်ရန် ခက်ခဲသည်။

"ဟင်...အဲဒါက နဂါးမျိုးနွယ်လား"

ဤပါရမီရှင်များက အင်အော်တယ်အင်အားစုများမှဖြစ်ပြီး ထူးကဲသာလွန်သော ကျင့်ကြံခြင်းအခြေခံများ ရှိသည်။

သူတို့ရောက်လာတော့ မြေပြင်ပေါ်တွင် လဲကျနေသော နတ်နဂါးကြီးနှင့် နတ်နဂါး၏ ကျောပြင်ပေါ်တွင် ထိုင်နေသော ကောင်မလေးတစ်ယောက်ကို တွေ့လိုက်ရ၏။

အားလုံး ခဏတာ စိတ်ရှုပ်သွားကြသည်။

"ဟီးဟီး၊ ငါ အခုလေးတင် ပျင်းနေတာ၊ အခုတော့ သဲအိတ်တွေက ငါ့အိမ်တံခါးကို သူ့ဘာသာ လာခေါက်နေပြီပဲ"

လုံယောက်အာက ချစ်စဖွယ် ပြုံးလိုက်သည်။

မင်းသမီးလုံကျိလည်း တိတ်တဆိတ် သက်ပြင်းချလိုက်၏။ တစ်ယောက်‌ယောက်တော့ ကံဆိုးတော့မည်။

အချိန်များ ကုန်လွန်သွားခဲ့သည်။

အခြားတစ်ဖက်တွင်၊ သေခြင်းရှင်ခြင်းတံခါးအတွင်း၌...

ဧရာမပူဖောင်းကမ္ဘာတွင်၊ အတိအကျဆိုရလျှင် ရှေးဦးဝိညာဥ်ကမ္ဘာ အပြင်ဘက်တွင် ဖြစ်သည်။

လေထဲတွင် တင်ပျဉ်ခွေထိုင်နေသော ကျွင်းရှောင်ယောက်က မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်လိုက်သည်။

သူ့မျက်လုံးများက စကြာဝဠာကြီးကဲ့သို့ နက်နဲပြီး ကျယ်ပြောလှသောကြောင့် လူများကို နစ်မြုပ်သွားလိုစိတ် ဖြစ်လာစေခဲ့၏။

အံ့သြစရာကောင်းလောက်အောင် အရှိန်အဝါများကို မထုတ်ဖော်သော်လည်း...

ပတ်ဝန်းကျင် ဟင်းလင်းပြင်က တစ်လက်မချင်း ပြိုကျနေခဲ့ရသည်။

ယင်းက ကြောက်စရာကောင်းပေသည်။

ကျွင်းရှောင်ယောက်၏ လှုပ်ရှားမှုတိုင်းက ဟင်းလင်းပြင်ကို ပျက်ပြယ်သွားအောင် လုပ်နိုင်နေပြီ ဖြစ်သည်။

အကြောင်းမှာ၊ သူက ပတ်ဝန်းကျင်ရှိ ပူဖောင်းလေးများ၏ ကမ္ဘာစွမ်းအားကို အပြည့်အဝ စုပ်ယူထားပြီး ဖြစ်သောကြောင့်ပင်။

သူ့ခန္ဓာကိုယ်တွင်းရှိ မေယုကမ္ဘာ အရေအတွက်သည်လည်း သုံးဆယ့်ခြောက်ခုမှ တစ်ရာ့ရှစ်ခုအထိ တိုးလာခဲ့သည်။

တစ်နည်းဆိုရသော်၊ ကျွင်းရှောင်ယောက်၏ လှုပ်ရှားမှုတိုင်းက မေယုကမ္ဘာပေါင်း တစ်ရာ့ရှစ်ခု၏ စွမ်းအားများ ပါဝင်နေခဲ့ပြီ။

ဤစွမ်းအားက အလွန်ကြောက်စရာကောင်းပြီး ရုပ်ခန္ဓာအင်အား၏ ကန့်သတ်ချက်ထက် ကျော်လွန်နေခဲ့ပြီ ဖြစ်သည်။

"မေယုကမ္ဘာ တစ်ရာကျော်ရဲ့ စွမ်းအားနဲ့တောင် ငါ့ခန္ဓာကိုယ်အင်အားက သိသိသာသာ တိုးတက်လာခဲ့တယ်။ တကယ်လို့ ငါသာ မေယုကမ္ဘာသုံးထောင် ပြည့်စုံတဲ့အထိ လေ့ကျင့်နိုင်ရင် ငါ့ရဲ့ ရုပ်ခန္ဓာအင်အားက အကန့်အသတ် ကျော်လွန်ပြီး အဆင့်သစ်တစ်ခုကို ရောက်ရှိနိုင်လိမ့်မယ်"

ကျွင်းရှောင်ယောက်က သူ့ဘာသာသူ ပြောလိုက်သည်။

ခန္ဓာကိုယ်ကြံ့ခိုင်မှုဖြင့် ဧကရာဇ်ဖြစ်လာသော ကျွမ်းကျင်သူများရှိသည့် ကောလဟာလများပင် ရှိပေသည်။

သူတို့၏ ရုပ်ခန္ဓာများက ခန္ဓာကိုယ်အင်အား၏ သဘောတရားထက် သာလွန်သည်။

သူတို့ခန္ဓာကိုယ်တွင်းရှိ သွေးများက နဂါးငွေ့တန်းနှင့်တူပြီး ဆဲလ်များက ရှေးဦးကြယ်များကဲ့သို့ပင်။

ဒဏ္ဍာရီထဲမှ၊ ကမ္ဘာကို ဖန်ဆင်းခဲ့သည့် ရှေးဦးနတ်ဘုရားကလည်း ထိုကဲ့သို့ ဖြစ်သည်။

ထိုနတ်ဘုရား၏ မျက်လုံးများက နေနှင့်လ၊ ခြေလက်အင်္ဂါများက တိုင်လေးတိုင်၊ အရေခွံက မြေကြီဖြစ်၊ သွေးများက မြစ်ကြီးများသို့လည်းကောင်း ပြောင်းလဲခဲ့ရသည်။

ကျွင်းရှောင်ယောက်လည်း အနာဂတ်တွင် သူ့ခန္ဓာက အကန့်အသတ်များကိုကျော်ဖြတ်ပြီး ထိုအစွန်းရောက်လမ်းကို စတင်နိုင်လိမ့်မည်ဟု ခံစားမိခဲ့သည်။

ယင်းက စစ်မှန်သော အင်မော်တယ်၊ ထာဝရတည်ရှိမှုပင်။

မေယုကမ္ဘာအပြင် ကျွင်းရှောင်ယောက်၏ အတွင်းစကြာဝဠာသည်လည်း တိုးတက်လာခဲ့သည်။

ကမ္ဘာ၏စွမ်းအားအချို့ကို စုပ်ယူပြီးနောက်၊ ကျွင်းရှောင်ယောက်၏ အတွင်းစကြာဝဠာ နယ်ပယ်က အနည်းငယ် ကျယ်ပြန့်လာခဲ့၏။

ကျွင်းရှောင်ယောက်၏ အချိန်ခရီးသွားသူ မျက်လုံးဖြင့်ကြည့်ပါက အချင်းအတိုင်းအတာမှာ အလင်းနှစ်တစ်နှစ်ခန့် ရှိသည်။

အလင်းနှစ်တစ်နှစ်၏ အကွာအဝေးက အလွန်ဝေးပေသည်။

သို့သော်လည်း လက်ရှိ ကျွင်းရှောင်ယောက် ရောက်ရှိနေသည်မှာ ကောင်းကင်ကိုးခု အင်မော်တယ်နယ်မြေကြီး ဖြစ်သည်။

အင်မော်တယ်နယ်မြေကြီး တစ်ခုလုံးကို မဆိုထားနှင့်၊ ပျက်စီးခြင်းကောင်းကင် အင်မော်တယ်နယ်မြေကြီး တစ်ခုတည်းကပင် တုနှိုင်းမရလောက်အောင် ကျယ်ပြန့်သည်။

သာမန်သူတော်စင်တစ်ယောက်အတွက် သူ့ဘဝတစ်လျှောက်လုံး ပျက်စီးခြင်းကောင်းကင် အင်မော်တယ်နယ်မြေကြီး တစ်ခုလုံးကို ဖြတ်သန်းသွားလာရန် မလွယ်ပေ။

ဤမှ ကောင်းကင်ကိုးခု အင်မော်တယ်နယ်မြေကြီး တစ်ခုလုံးက မည်မျှကျယ်ပြောပြီး အကန့်အသတ်မရှိသည်ကို တွေ့မြင်နိုင်သည်။

ထို့အပြင် တိုင်းတပါး ကမ္ဘာခြား၊ သင်္ချိုင်းမြေများ၊ အကန့်အသတ်မဲ့ပင်လယ်များ အစရှိသည့် လျှို့ဝှက်ဆန်းကြယ်သောနေရာများလည်း ရှိသေးသည်။

ဤမျှကျယ်ဝန်းသော ကမ္ဘာကြီး၏နောက်ခံတွင် ကျွင်းရှောင်ယောက်၏ အလင်းနှစ် တစ်နှစ်စာ အချင်းရှိသော အတွင်းစကြာဝဠာက အမှန်တကယ်ပင် ဖုန်မှုန့် အမှုန်အမွှားအဖြစ်သာ မှတ်ယူနိုင်သည်။

အတွင်းစကြာဝဠာက ကျွင်းရှောင်ယောက်၏ ကျင့်ကြံခြင်းနှင့် နီးကပ်စွာ ဆက်စပ်လျက်ရှိ၏။

အတွင်းစကြဝဠာ၏ ချဲ့ထွင်ခြင်းနှင့် ဆင့်ကဲပြောင်းလဲခြင်းက ကျွင်းရှောင်ယောက်၏ တိုးတက်မှုနှင့် ခွန်အားကို မြှင့်တင်ပေးလိမ့်မည်။

အကြောင်းမှာ၊ ယင်းက သူ၏လမ်းစဉ် ဖြစ်နေသောကြောင့်ပင်။

"အတွင်းစကြာဝဠာရဲ့ ချဲ့ထွင်မှု အမြန်နှုန်းကို မြှင့်တင်ရအောင် မိုးနဲ့မြေရဲ့ အံ့ဖွယ်ရတနာတွေ ရှိနေသေးပုံပဲ"

"ငါ့ရဲ့ အတွင်းစကြာဝဠာနယ်ပယ်သာ ပျက်စီးခြင်းကောင်းကင် အင်မော်တယ်နယ်မြေကြီးတဲ့ တူညီလာမယ်ဆိုရင် တကယ်ကို ပြိုင်ဘက်ကင်းသလောက် ဖြစ်မှာ"

"အတွင်းစကြာဝဠာရဲ့ နယ်ပယ်က ကောင်းကင်ကိုးခု အင်မော်တယ် နယ်မြေနဲ့ အတူတူပဲဆိုရင်တော့၊ ပြိုင်ဘက်ကင်းဧကရာဇ် ဖြစ်လောက်ပြီ"

"တကယ်လို့ အတွင်းစကြာဝဠာရဲ့ နယ်ပယ်သာ ကောင်းကင်ကိုးခု အင်မော်တယ်နယ်မြေကို ကျော်လွန်ပြီး ကန့်သတ်ချက်မရှိရင်၊ ငါက အရာအားလုံးထက် သာလွန်တဲ့... နတ်ဘုရားဖြစ်မယ်"

ကျွင်းရှောင်ယောက်လည်း သူ့နှလုံးသားထဲမှ တွေးလိုက်သည်။

သို့သော်လည်း အတွင်းစကြဝဠာကို ချဲ့ထွင်ရန်မှာ ကြီးမားသော စွမ်းအင်နှင့် ကမ္ဘာ၏စွမ်းအင်များစွာ လိုအပ်သည်။

ဤအရာက မေယုကမ္ဘာကို ပြောင်းလဲခြင်းထက် ပို၍ခက်ခဲပေသည်။

'တကယ်လို့ ကမ္ဘာ့သစ်ပင်ကို ရှာတွေ့နိုင်ရင်...'

ကျွင်းရှောင်ယောက် တွေးလိုက်သည်။

ယခုအချိန်တွင် သူအလိုအပ်ဆုံးအရာက ကမ္ဘာ့သစ်ပင် ဖြစ်သည်။

ကမ္ဘာ့သစ်ပင်တစ်ပင်ကို အတွင်းစကြဝဠာအတွင်း စိုက်ထားနိုင်ပါက သူ၏ အတွင်းစကြာဝဠာကြီး ဆက်လက်တိုးတက်နေလိမ့်မည်။

ကျွင်းရှောင်ယောက် တစ်ယောက်တည်း စဉ်းစားနေချိန်တွင်...

ရှေးဦးဝိညာဉ်ကမ္ဘာကြီးက ရုတ်တရက် တုန်လှုပ်သွားသည်။

"လော့လီ အောင်မြင်တော့မယ့်ပုံပဲ"

ကျွင်းရှောင်ယောက်လည်း မတ်တပ်ထရပ်ပြီး လှည့်ကြည့်လိုက်လေသည်။

All Chapters