အခန်း ၇၉၅
Vol. 53 Ch. 795
အခန်း ( ၇၉၅ ) ရန်သူဟောင်းများကြားမှ ခံစားချက်၊ ဧကရာဇ်အဆင့် အခွင့်အလမ်းသို့ သွားရန်၊ ကောင်းကင်အသျှင်ခန္ဓာကို သတ်လိုက်ဖို့ စိတ်ထဲမထားဘူး။
ရှေးဦးဝိညာဉ်ကမ္ဘာတွင် ကျန်းလော့လီက ကမ္ဘာ့ပိုးအိမ်၏ စွမ်းအားကို စုပ်ယူခဲ့ပြီး သူမ၏ လေ့ကျင့်မှု ပြီးမြောက်သွားခဲ့သည်။
သူမ၏ ခန္ဓာကိုယ်က တောက်ပနေပြီး အသားအရည်သည် နူးညံ့ကြည်လင်နေ၏။
တောက်ပသော မျက်လုံးများကလည်း ထက်မြက်မှုတို့ဖြင့် အရည်လဲ့နေကြလေသည်။
သူမ၏ အသွင်မှာ နတ်သူငယ်မလေးတစ်ဦးကဲ့သို့ပင် ဖြစ်သည်။
အင်မော်တယ်စွမ်းအင်ရှစ်ခုကလည်း ရစ်ပတ်ထား၍ တစ်ချက်ကြည့်လိုက်ရုံဖြင့် နတ်သမီးလေးတစ်ပါးကဲ့သို့ဖြစ်ပြီး မေတ္တာသက်ဝင်မိလိမ့်မည်။
ကမ္ဘာ၏ပိုးအိမ်၏ စွမ်းအင်ကိုစုပ်ယူပြီးနောက် ကျန်းလော့လီ၏ မူလဝိညာဉ်တာအိုခန္ဓာက ရှေးဦးဝိညာဉ် အင်မော်တယ်ခန္ဓာအဖြစ်သို့ လုံးဝ ပြောင်းလဲသွားခဲ့သည်။
စကားလုံးကွဲလွဲမှုသာ ဖြစ်ခဲ့သော်ငြား သဘာဝကတော့ အလွန်ကွာခြား၏။
နောက်ဆုံးတွင် အင်မော်တယ်များနှင့် ပတ်သက်သည့် အရာတိုင်းက သာမန်မဟုတ်ပေ။
ထို့အပြင်၊ ရှေးဦးဝိညာဉ်တာအိုခန္ဓာ၏ စွမ်းရည်ဖြင့် အနာဂတ်တွင် နဝမမြောက် အင်မော်တယ်စွမ်းအင်ကို ဖြည့်ဆည်းရန်မှာ မခက်ခက်ပေ။
ကိုးခုက အဆုံးစွန် ဖြစ်သည်။
လူသားအင်မော်တယ်ဂိုဏ်း၏ ဆက်ခံသူ သို့မဟုတ် ကူတိကျစ်နှင့် အခြား အင်မော်တယ်မျိုးရိုးများ၏ ဆက်ခံသူများပင်လျှင် အင်မော်တယ်စွမ်းအင် ကိုးခုသာ ရှိကြသည်။
ကျွင်းရှောင်ယောက်ကတော့ ကန့်သတ်ချက်ကို ချိုးဖျက်ခဲ့ပြီး အင်မော်တယ်စွမ်းအင် ဆယ့်နှစ်ခုအထိ လေ့ကျင့်ခဲ့ပေသည်။
သို့သော်လည်း သူသည် ထာဝရကွဲလွဲမှုဖြစ်သောကြောင့်၊ နှိုင်းယှဉ်ရန်အတွက် အတိုင်းအတာတစ်ခုအဖြစ် အသုံးမပြုနိုင်ပေ။
ထို့နောက်တွင်၊ ကျန်းလော့လီ၏ မျက်နှာလေးက တည်ကြည်လာပြီး လက်နှစ်ဖက်ကို ဖြန့်လိုက်သည်။
နတ်အမှတ်အသားများ ပျံ့နှံ့သွားပြီးနောက် သူမ၏ ရှေးဦးဝိညာဉ် အင်မော်တယ်ခန္ဓာက ရှေးဦးဝိညာဉ်ကမ္ဘာနှင့် ယခင်ကကဲ့သို့ ပဲ့တင်ထပ်လာသည်။
"ဝင်လာခဲ့တော့"
ကျန်းလော့လီက ခပ်တိုးတိုး အော်လိုက်သည်။
ဧရာမပူဖောင်းကမ္ဘာကြီး တစ်ခုလုံး တုန်လှုပ်လာ၏။
ရှေးဦးဝိညာဉ်ကမ္ဘာကြီးက ယခုအချိန်တွင် ပျက်စီးယိုယွင်းနေသော အခြေအနေသို့ ရောက်ရှိနေသော်လည်း စွမ်းအားက ကြောက်စရာဖြစ်နေဆဲပင်။
ကျန်းလော့လီက ယင်းကို သူမ၏ခန္ဓာကိုယ်အတွင်းသို့ သန့်စင်ပေးခဲ့သောကြောင့် သူမ၏ ကျင့်ကြံခြင်းအဆင့်မှာလည်း တဟုန်ထိုးတက်လာခဲ့သည်။
နောက်ဆုံးတွင်၊ သူတော်စင်ဘုရင်နယ်ပယ် နှောင်းပိုင်းအဆင့်သို့ ရောက်သွားခဲ့သည်။
ဤနယ်ပယ်က ကျွင်းရှောင်ယောက်နှင့် သဘာဝအတိုင်း တုနှိုင်းမယှဉ်နိုင်သော်လည်း၊ အဆုံးစွန် ရှေးဟောင်းလမ်း၏ ပါရမီရှင်များစွာတို့တွင် ထိပ်တန်းအဆင့်လည်းဖြစ်သေးသည်။
ထို့ပြင် ဤသည်က သန့်စင်ခြင်း၏ အစသာ ဖြစ်သည်။
ကျန်းလော့လီသာ အနာဂတ်တွင် ရှေးဦးဝိညာဉ်ကမ္ဘာနှင့် ပေါင်းစပ်ပြီးပါက သူမ၏ ကျင့်ကြံခြင်းအဆင့်မှာ တစ်ဖန်မြင့်တက်လာလိမ့်မည်။
ရှေးဦးဝိညာဉ်ကမ္ဘာကို စုပ်ယူသန့်စင်လိုက်ချိန်တွင်...
သေခြင်းရှင်ခြင်းတံခါးအတွင်းရှိ အဖြူအမည်း မြစ်ကြီးက ခန်းခြောက်လာခဲ့သည်။
ဝိညာဉ်ကမ္ဘာ၏ အရင်းအမြစ်မရှိသောကြောင့်၊ ဤအဖြူအမည်းမြစ်လည်း နောက်ဆုံးတွင် လုံးဝပျောက်ကွယ်သွားလိမ့်မည်။
"အင်မော်တယ်စွမ်းအင် ရှစ်ခုနဲ့ သူတော်စင်နယ်ပယ် နှောင်းပိုင်းအဆင့်... မင်းက တကယ့် ကျွမ်းကျင်သူလေးတစ်ဦး ဖြစ်လာခဲ့ပြီပဲ"
ကျွင်းရှောင်ယောက်က ကျန်းလော့လီကို တစ်ချက်ကြည့်ကာ ပြုံးလိုက်သည်။
သူ့မျက်လုံးထဲတွင် ကျန်းလော့လီ၏ ကျင့်ကြံခြင်းက အားနည်းလုနီးပါးပင်။
သို့ရာတွင် ကျန်းလော့လီအတွက်တော့ ကြီးမားသော တိုးတက်မှုဖြစ်၍ ချီးကျူးခံရသင့်သည်။
ကျွင်းရှောင်ယောက်၏ ချီးကျူးစကားကိုကြားတော့ ကျန်းလော့လီလည်း ချိုမြိန်စွာ ပြုံးကာ နှလုံးသားထဲထိ ပျော်ရွှင်သွားလေသည်။
သူမအတွက် ပျော်ရွှင်ရဆုံးအရာက သူ့ချစ်သူ၏ ချီးကျူးခြင်း ဖြစ်သည်။
ယင်းက သူမ၏ ကြိုးစားအားထုတ်မှုနှင့် လေ့ကျင့်မှုက အချည်းနှီးမဟုတ်ခဲ့သော အဓိပ္ပာယ်ပင်။
ကျန်းလော့လီလည်း ကျွင်းရှောင်ယောက်၏ ရင်ခွင်ထဲသို့ခုန်ဝင်ကာ သူ့ရင်ဘတ်ကို မျက်နှာအပ်ထားလိုက်သည်။
ကျွင်းရှောင်ယောက်လည်း ပြုံးရုံသာပြုံးပြီး ဘာမျှ မတတ်နိုင်ခဲ့ပေ။
ဤကောင်မလေးက သူ့ကို ပို၍ကပ်လာသည်။
သို့ရာတွင်၊ ယခင်ကလည်း ထိုကဲ့သို့ပင်။ ဆွဲသီးတစ်ခုကဲ့သို့ သူ့ရင်ခွင်ထဲတွင် တွဲလွဲခိုရခြင်းကို နနှစ်သက်သည်။
"အိမ်း၊ ဒီကနေ အရင်ထွက်ရအောင်"
ကျွင်းရှောင်ယောက်က ကျန်းလော့လီ၏ ပုခုံးကို ပုတ်လိုက်သည်။
သူတို့နှစ်ဦးသား သေခြင်းရှင်ခြင်းတံခါးကို အတူတကွ ထွက်ခွာခဲ့လေသည်။
သေခြင်းရှင်ခြင်းတံခါးကို ဖြတ်ကျော်ပြီးနောက် ကျန်းလော့လီဟာ သူမ၏ခါးကိုဆန့်၍ အညောင်းဖြေရင်း မိန်းကလေးတစ်ဦး၏ နုပျိုလှပသော ခန္ဓာကိုယ်အလှတို့ကို လှစ်ဟလိုက်သည်။
"နောက်ဆုံးတော့ နေအလင်းရောင်မမြင်ရတဲ့ သရဲအိမ်ကြီးကနေ ထွက်လာပြီ"
ကျန်းလော့လီ ရေရွတ်လိုက်၏။
တစ်ဖက်တွင်၊ ကျွင်းရှောင်ယောက်က နားမလည်နိုင်သော ခံစားချက်ကို ရုတ်တရက် ခံစားလိုက်ရသည်။ အဝေးတစ်နေရာကို သူ လှမ်းကြည့်လိုက်၏။
"အစ်ကို ရှောင်ယောက်၊ ဘာဖြစ်လို့လဲ"
ကျန်းလော့လီလည်း ကျွင်းရှောင်ယောက်၏ အကြည့်အတိုင်း လှမ်းကြည့်လိုက်မိသည်။
"အဲဒီ အရှိန်အဝါ... နဂါးအရှိန်အဝါက နောက်ထပ် ဧကရာဇ်အဆင့် အခွင့်အလမ်းတစ်ခု မွေးဖွားတော့မဲ့ပုံပဲ။ ဒါပေမဲ့.."
ကျွင်းရှောင်ယောက်က အနည်းငယ် မျက်မှောင်ကြုတ်ကာ ရေရွတ်လိုက်သည်။
ဧကရာဇ်အဆင့် အခွင့်အလမ်း မွေးဖွားလာပါက လှုပ်ရှားမှုမှာ ယေဘုယျအားဖြင့် အလွန်သေးငယ်သည်မဟုတ်ပေ။
ကျွင်းရှောင်ယောက်သည်လည်း နဂါးအရှိန်အဝါတို့ကို ယောင်ဝါးဝါး ခံစားလိုက်ရသည်။
ယင်းက နဂါးမျိုးနွယ်မှ ဧကရာဇ်တစ်ပါး ချန်ထားခဲ့သော အခွင့်အရေးတစ်ခု ဖြစ်လိမ့်မည်။
ဟုတ်သည်၊ ဤသည်က ကျွင်းရှောင်ယောက်ကို အာရုံစိုက်စေသောအရာ မဟုတ်ပါ။
ထိုအစား အရှိန်အဝါတစ်ခုကို သူ ခံစားလိုက်ရသည်။
ယင်းက ရန်သူ၏ အရှိန်အဝါပင်။
"ဖြစ်နိုင်တာက... အသျှင်ခန္ဓာလား"
ထိုခံစားချက်မျိုးက ရန်သူဟောင်းများကြားတွင်သာဖြစ်နိုင်သည်။
အမှောင်ထဲတွင် ပုန်းနေပြီး သူ၏ခန္ဓာကိုယ်အစစ်ကို တစ်ခါမှ မပြဖူးသည့် လျှို့ဝှက်ဆန်းကြယ်သော အသျှင်ခန္ဓာမှလွဲ၍ ဒုတိယလူကို ကျွင်းရှောင်ယောက် မတွေးတတ်တော့ပေ။
ရိုးရိုးသားသားပြောရလျှင် ကျွင်းရှောင်ယောက်က ဤကောင်းကင်အသျှင်ကို အမှန်တကယ် စိတ်ဝင်စားသည်။
ကောင်းကင်အသျှင်ခန္ဓာတစ်ဦးကိုပင် အပေါင်တစ်ဦး ဖြစ်စေနိုင်ခဲ့သည်။
ယင်းမှ ထိုကောင်းကင်အသျှင်ခန္ဓာ၏ စွမ်းအားမှာ ရှန်းဖေးထက် အဆပေါင်းများစွာ သာလွန်ကြောင်း သက်သေပြရန် လုံလောက်သည်။
"ကောင်းကင်အသျှင်ခန္ဓာ၊ မင်းမှာ ဘာရှိမလဲ ငါတကယ်မြင်ချင်မိတယ်"
ကျွင်းရှောင်ယောက်က ပေါ့ပေါ့ပါးပါး ပြောဆိုပြီး လေထဲသို့ ခြေလှမ်းလိုက်သည်။
"အစ်ကိုရှောင်ယောက်၊ အစ်မစန်းယီကို အရင်သွားရှာမလား"
ကျန်းလော့လီက မေးလိုက်သည်။
"မဟုတ်သေးပါဘူး၊ ငါ ပိုပြီးစိတ်ဝင်စားစရာကောင်းတဲ့လူနဲ့ တွေ့ချင်တယ်"
ကျွင်းရှောင်ယောက်က လှောင်ပြောင်သရော်ဟန်ဖြင့် ပြုံးလိုက်၏။
သူ့မျက်လုံးများက ရေခဲကဲ့သို့ အေးစက်ပြီး မထူးခြားပေ။
ပါ့ရှင်း အသျှင်ကြယ်မှ အချိန်ကို သူ လုံးဝ မမေ့ပါ။
အသျှင်ခန္ဓာဘိုးဘေးခန်းမနှင့် ပါ့ရှင်းစန်းမိသားစုကြောင့် ပျက်စီးခြင်း ရှေးဟောင်းဘုရားကျောင်း ပျက်သုဉ်းခဲ့ရသည်။
ထို့ကြောင့်၊ ကျွင်းရှောင်ယောက်ဟာ ကောင်းကင်အသျှင်ခန္ဓာ မျိုးရိုးအတွက် သူ့ကိုယ်သူ အနည်းငယ်မျှ ထိန်းထားမည် မဟုတ်ပေ။
အခွင့်အရေးရပါက ထိုအသျှင်ခန္ဓာကို တစ်ခါတည်းသတ်ရန်ပင် စိတ်မဝင်စားပါ။
ကျွင်းရှောင်ယောက်နှင့် ကျန်းလော့လီလည်း ဧကရာဇ်အဆင့် အခွင့်အရေးဆီသို့ ဦးတည်သွားခဲ့သည်။
ယောက်ချီ ရှေးဟောင်းမြေတွင်...
ကျန်းစန်းယီသည်လည်း ကပ်ဘေးဖြတ်ကျော်ခြင်း အင်မော်တယ်ကြာပန်းကို လုံးဝ သန့်စင်ခဲ့သည်။
သူမ၏ တစ်ကိုယ်လုံးက ပြန်လည်မွေးဖွားလာခဲ့ပြီး အင်အားမှာလည်း ယခင်ကထက် သာလွန်၍ အထွတ်အထိပ်သို့ ရောက်ရှိခဲ့ပေသည်။
ဝင်ပေါက်ကိုးခု တာအိုနှလုံးသားမှာလည်း စတင်ပုံပေါ်လာခဲ့သည်။
ကျန်းစန်းယီသာ ယောက်ချီအင်မော်တယ်ကျမ်းကို နားလည်ပြီး ဝင်ပေါက်ကိုးခု ကျောက်သန္ဓေ၏ စွမ်းအင်ကို စုပ်ယူပြီးပါက ဝင်ပေါက်ကိုးခု တာအိုနှလုံးသားကို အလင်းဝင်ပေါက် လုံးလုံးလျားလျား ပေါင်းစည်းနိုင်လိမ့်မည်။
ထိုအချိန်တွင်၊ ကျန်းစန်းယီက လေထဲမှ လျှောက်လှမ်းပြီး ထွက်လာခဲ့သည်။
နှင်းဖြူအဝတ်အစားများနှင့် အနည်းငယ်အေးစက်သော သူမ၏ အသွင်က ကမ္ဘာကြီးကို လုံးဝ လွှမ်းခြုံခဲ့လေသည်။
"နှစ်တစ်ထောင်ကြာမှ အလှတရားမရှိပေမဲ့ လှတဲ့သူကတော့ အမြဲလှပနေတာပါပဲ"
အပြင်ဘက်မှ ကာကွယ်ရန် စောင့်ကြပ်နေသော ယွီဟွာဝမ်လည်း မနေနိုင်ဘဲ သက်ပြင်းချလိုက်မိသည်။
"ဘာဖြစ်လို့လဲ၊ ငါ့အစ်ကိုတောင် စိတ်လှုပ်ရှားနေပြီ။ ဒါပေမဲ့ ကံမကောင်းချင်တော့ သူက ကျွင်းသခင်လေးရဲ့ မိန်းမ ဖြစ်နေခဲ့တယ်လေ။ နင် လက်လျှော့လိုက်သင့်တယ်"
ယွီယွင်ရှန့်က နောက်ပြောင်လိုက်၏။
ယွီဟွာဝမ်၏အမြင်က မည်မျှမြင့်မားမှန်း သူမ သိသည်။
သာမန်မိန်းမများကိုဆိုလျှင် ကြည့်ပင်မကြည့်ပေ။
သူ့ကိုပင် သက်ပြင်းချစေနိုင်ခြင်းက ကျန်းစန်းယီ၏အလှကို ဖော်ပြသလို ဖြစ်သည်။
"မဟုတ်ပါဘူး၊ ဒါက စိတ်ခံစားမှုတစ်ခုပဲ။ အခု ငါ သူ့ကို တိုက်ခိုက်မယ်ဆိုရင်တောင် အပြည့်အဝ ယုံကြည်မှုမရှိဘူး"
ယွီဟွာဝမ်က ပြောလိုက်သည်။
လက်ရှိ ကျန်းစန်းယီက ကျင့်ကြံခြင်းနှင့် ကြံ့ခိုင်မှုတွင် အမှန်တကယ်ပင် အမြင့်ဆုံးအဆင့်သို့ ရောက်နေပြီ ဖြစ်သည်။
"သူက တကယ်ထူးချွန်ထက်မြက်ပါတယ်"
ယွီယွင်ရှန့်လည်း အနည်းငယ် သက်ပြင်းချလိုက်လေသည်။
သူမက အလွန်တရာ လှပသည့်အပြင် ကျင့်ကြံခြင်းကလည်း မျိုးဆက်တူတွင် အထူးချွန်ဆုံးဟု ဆိုနိုင်သည်။
ထိုကဲ့သို့ ထူးချွန်သော အမျိုးသမီးတစ်ဦးနှင့် နှိုင်းယှဉ်မိသောအခါ ယွီယွင်ရှန့်လည်း ရှက်စိတ်တို့ကို မထိန်းနိုင်တော့ပေ။
'မထူးဆန်းပါဘူး၊ ဒီလိုမိန်းမမျိုးမှသာ ကျွင်းသခင်လေးရဲ့ မတူခြားနားစွာ ဆက်ဆံခံရလိမ့်မယ်'
ယွီယွင်ရှန့်က ဝမ်းနည်းစွာဖြင့် တွေးလိုက်သည်။
တစ်ဖက်တွင် ရွှေပိုးကောင်အဖြစ် ပြောင်းလဲသွားသည့် ပိုးမင်းသမီးလည်း ကျန်းစန်းယီကိုကြည့်ကာ အနည်းငယ်စိတ်ပျက်သွားသလို ခံစားလိုက်ရသည်။
လက်ရှိ ကျန်းစန်းယီသာ သူမကို တိုက်ခိုက်ပါက လုံးဝ လွယ်ကူမည် မဟုတ်ပေ။
ကျန်းစန်းယီက ကျောက်စိမ်းရေကန်မှ ထွက်လာသည်နှင့်တပြိုင်နက် တောင့်တသော မျက်လုံးတို့နှင့် အဝေးကို လှမ်းကြည့်လိုက်သည်။
ကျွင်းရှောင်ယောက်နှင့် ကျန်းလော့လီကို ရှာရန်အတွက် သေခြင်းရှင်ခြင်းတံခါးသို့သွားရန် သူမ မစောင့်နိုင်တော့ပေ။
ထိုအချိန်တွင် ယွီဟွာဝမ်က ပြောလိုက်သည်။
"ကျန်းမိန်းကလေး၊ ခဏနေပါဦး။ ငါ့မှာ စိတ်ဝင်စားစရာ သတင်းတစ်ခုရှိတယ်"
"အိုး၊ သခင်လေး... ကျေးဇူးပြုပြီး ပြောပါ"
ကျန်းစန်းယီ အနည်းငယ် ခေါင်းညိတ်လိုက်၏။
ယွီဟွာဝမ်သည် သူမ၏ ဓမ္မကာကွယ်သူအဖြစ် ရှိနေပေးခဲ့သောကြောင့် ကျေးဇူးတင်နေမိသည်။
"ငါ ယွီဟွာနတ်မင်းဆက်ရဲ့ ပါရမီရှင်တွေဆီကနေ သိရတာ ဧကရာဇ်အဆင့် အခွင့်အလမ်းတစ်ခု ပေါ်လာတယ်တဲ့။ ဒါပေမယ့် ဒါက အရေးကြီးဆုံး မဟုတ်သေးဘူး"
"အရေးကြီးတာက အစ်ကိုကျွင်းနဲ့ ဆက်ဆံရေးရှိတဲ့ လူတချို့ ဖိနှိပ်ခံထားရပုံရတယ်"
"ဒီလိုကိစ္စမျိုး ရှိတာလား"
ကျန်းစန်းယီ အံ့သြသွား၏။
ကျန်းစန်းယီက အေးစက်ပြီး လျစ်လျူရှုနေတတ်သော်လည်း...
သူ့ပတ်ဝန်းကျင်မှ လူများအတွက် အလွန်ကောင်းကြောင်း သူမ သိသည်။
အကယ်၍ ဤအဖြစ်မျိုး တကယ်ဖြစ်ခဲ့လျှင် ကျွင်းရှောင်ယောက်က သေချာပေါက် ငြိမ်နေလိမ့်မည် မဟုတ်ပေ။
"ဒါဆို ငါတို့ အဲဒီနေရာကို အရင်သွားကြည့်သင့်တယ် ထင်တယ်။ ညီနောင်ကျွင်းလည်း အကြောင်းသိရင် အဲဒီကို သွားလိမ့်မယ်"
ယွီဟွာဝမ်က ပြောလိုက်သည်။
"အဲဒါက အဓိပ္ပါယ်ရှိတယ်။ ဒါဆိုရင် သွားကြရအောင်ပါ"
ကျန်းစန်းယီ အနည်းငယ် ခေါင်းညိတ်ပြလိုက်၏။
ကျန်းစန်းယီ၊ ပိုးမင်းသမီး၊ ယွီဟွာဝမ်၊ ယွီယွင်ရှန့်နှင့် အခြားသူများလည်း ဧကရာဇ်အဆင့်အခွင့်အလမ်းဆီသို့ အတူတကွ ပြေးသွားကြတော့သည်။