အခန်း ၇၉၆
Vol. 54 Ch. 796
အပိုင်း ( ၇၉၆ ) လက်ကိုးချောင်း သူတော်စင်နဂါးဧကရာဇ်၊ ရှေးသမိုင်းတွင် မြှုပ်နှံထားသော လျှို့ဝှက်ဆန်းကြယ်သည့် ပါရမီရှင်။
ဧကရာဇ်အဆင့် အခွင့်အလမ်း တည်ရှိရာတွင်...
ပျက်စီးခြင်း တောင်တန်းများ၏ ပတ်ပတ်လည်တွင် ပါရမီရှင်များ ဝန်းရံနေကြပြီ ဖြစ်သည်။
သို့သော်လည်း ဤအခိုက်တွင် ဤပါရမီရှင်အာလုံးက နဂါတစ်ကောင်ပေါ်တွင်ထိုင်နေသော ကောင်မလေးတစ်ယောက်ကို ကြောက်ရွံ့နေသော မျက်လုံးများဖြင့် ကြည့်နေကြလေသည်။
"ရှေးဦးကောင်းကင် နတ်ဆိုးနယ်မြေရဲ့ သခင်လေးမှာ လက်သီးတစ်ချက်နဲ့ လွင့်စဥ်သွားပြီလား"
"ကြည်လင်နှလုံးသား ဓားဂိုဏ်းရဲ့ ဓားသားတော်လည်း လက်သီးတစ်ချက်နဲ့ ရှုံးနိမ့်သွားရတယ်"
"ရွှေဦးချိုကြံ့မျိုးနွယ်စုရဲ့ ပါရမီရှင်လည်း ရှိသေးတယ်။ ဒီမျိုးနွယ်စုက ခန္ဓာကိုယ်ကြံ့ခိုင်မှုမှာ ပြိုင်ဘက်ကင်းပြီး ကြမ်းတမ်းတဲ့ အင်အားရှိကြတယ်။ ဒါပေမဲ့ နောက်ဆုံးတော့ သူလည်း တစ်ချင်တည်းနဲ့ ရိုက်ခံလိုက်ရသေးတာပဲ"
ပတ်ဝန်းကျင်မှ ပါရမီရှင်များလည်း တုန်လှုပ်စွာဖြင့် တီးတိုး ပြောဆိုလိုက်ကြသည်။
အားလုံးက နတ်သမီးလေးတစ်ယောက်ကဲ့သို့ ချစ်စရာကောင်းသော ကောင်မလေးကို မဝံ့မရဲ ကြည့်လိုက်၏။
သူမကို ပထမဆုံး မြင်ဖူးသူတိုင်း အံ့အားသင့်ပြီး ငေးမောသွားရမည်ဟု ဆိုနိုင်သည်။
ဤမိန်းကလေးက အလွန်ချစ်စရာကောင်းပေသည်။ သူမက လှပပြီး မိုးနှင့်မြေ၏ အလှတရားများနှင့် အပြစ်ကင်းစင်မှုအားလုံး သူမ၏အထဲတွင် စုဆောင်းထားသကဲ့သို့ ဖြစ်သည်။
သို့သော်လည်း သူမ၏ လုပ်ရပ်များကတော့ အပြစ်ကင်းစင်ပုံရသည့်ရုပ်သွင်နှင့် လုံးဝ မတူပါ။
သူမ၏ ဘေးမှာတော့ တောင်တစ်လုံး ရှိသည်။
ယင်းက သူမ ရိုက်သတ်ထားသော ပါရမီရှင်များကို စုပုံထားခြင်း ဖြစ်ချေသည်။
အလောင်းအားလုံးနီးပါးက အပိုင်းပိုင်း ရိုက်သတ်ခံရာ သွေးများ စီးကျနေခဲ့သည်။
ထို့ထက် အရေးကြီးဆုံးကတော့ ဤပါရမီရှင်အားလုံးကို ကောင်မလေးက ရိုးရိုးရှင်းရှင်း လက်သီးနှင့် ထိုးသတ်လိုက်ခြင်းပင်။
ကောင်မလေးက နတ်ဘုရားသိုင်းများကိုပင် အသုံးမပြုခဲ့ပါ။
ယင်းက မယုံနိုင်စရာ၊ ဒေါသထွက်စရာပင်။
ဤမကောင်းဆိုးရွားက ဘယ်ကလာသနည်း၊ သို့တည်းမဟုတ် ဘီလူးအိုကြီးများ ပြန်လည် ငယ်ရုပ်ပြောင်းလာပါသလော။
ပတ်ဝန်းကျင်မှ ပါရမီရှင်အားလုံး ကြောက်ရွံ့တုန်လှုပ်စွာဖြင့် ကြည့်နေခဲ့ကြသည်။ သူတို့၏ နှလုံးသားများက အချိန်အတော်ကြာသည်အထိ မငြိမ်သက်နိုင်တော့ပေ။
သူတို့၏ မြင်နိုင်စွမ်းက အားနည်းသောကြောင့် လုံယောက်အာ၏ အထောက်အထားကို မသိကြခြင်း မဟုတ်ပါ။
သို့သော်လည်း လုံယောက်အာကို အသျှင်ဘိုးဘေးနန်းတော်နှင့် ထိုက်ရွှီရှေးနဂါးမျိုးနွယ်က အမြဲတမ်း ဖုံးကွယ်ထားခဲ့သည်။
သူမ မွေးဖွားလာကတည်းက ထိုက်ရွှီရှေးနဂါးမျိုးနွယ်၏ ဟင်းလင်းပြင်နယ်ပယ်တွင် လေ့ကျင့်နေခဲ့၏။
ထို့ကြောင့် အပြင်လူများက သူမအကြောင်းကို မသိပေ။
"အားနည်းတယ်၊ အားနည်းတယ်၊ နင်တို့အားလုံးက အရမ်း အားနည်းကြတာပဲ"
လုံယောက်အာက နတ်နဂါး၏ ကိုယ်ပေါ်တွင် ထိုင်နေဆဲ ဖြစ်သည်။ သူမ၏လက်ထဲမှာလည်း ရေခဲသစ်သီးယိုတုတ်ထိုးကိုကိုင်ကာ စားသောက်လိုက်၏။
"ငါ့ အရင်သဲအိတ်က အရမ်းကောင်းတယ်၊ အရိုက်ခံနိုင်တယ်။ ဒါပေမဲ့ ဒီလူတွေက ဘာဖြစ်လို့ ဒီလောက်အားနည်းကြတာလဲ"
လုံယောက်အာက ခေါင်းခါယမ်းလိုက်သည်။
သူမပြောသည့် ယခင်သဲအိတ်ကတော့ သဘာဝအတိုင်း ကျွင်းရှောင်ယောက်၏လက်တွင် ကျဆုံးသွားသော အသျှင်ရှန်းဖေးမှတစ်ပါး အခြား မဟုတ်ခဲ့ပေ။
ကောင်းကင်အသျှင် ရှန်းဖေးသာလျှင် လုံယောက်အာ၏ လေ့ကျင့်ဖော်အဖြစ် အရည်အချင်း ပြည့်မီသည်။
မဟုတ်ဘဲ သာမန်ပါရမီရှင်များဖြစ်ပါက လက်သီးတစ်ချက်တည်းဖြင့် ထိုးသတ်ခံလိုက်ရလိမ့်မည်။
"အဲဒီကောင်မလေးက ဘယ်သူလဲဟ။ သူ့ဦးခေါင်းက နဂါးဦးချိုအရတော့ နဂါးမျိုးနွယ်ကလူ ဖြစ်သင့်တယ်၊ ဒါပေမဲ့ နဂါးမျိုးနွယ်မှာ ဒီလောက်အားကောင်းတဲ့ တည်ရှိမှုမျိုး ရှိနေတယ်လို့ ဘာဖြစ်လို့ မကြားဖူးရတာလဲ"
"ဒါ့အပြင် သူက သူ့ရန်သူတွေကို လက်သီးနဲ့ ထိုးလိုက်ချိန်မှာ နတ်ဘုရားသိုင်းတွေကို လုံးဝ အသုံးမပြုခဲ့ဘူး။ ဒါကြောင့်ပဲ သူ့ရဲ့ မူလအစကို ငါတို့ လုံးဝ မသိနိုင်ဘူးဖြစ်နေတာ"
ပါရမီရှင်များက ခေါင်းခါယမ်းကာ ပြောလိုက်သည်။
အင်မော်တယ် အင်အားစုတိုင်းတွင် အင်မော်တယ် နယ်မြေကြီးမှာ ကျော်ကြားသော ကိုယ်ပိုင် မျိုးနွယ်စုသိုင်းပညာများ ရှိကြ၏။
ယင်းကြောင့် သူ အသုံးပြုနေသရွေ့ အခြားသူများမှ မှတ်မိနိုင်လိမ့်မည်။
သို့သော်လည်း လုံယောက်အာက ပါရမီရှင်မှန်သမျှကို ကိုင်တွယ်ဖြေရှင်းရန် ရိုးရှင်းသော လက်ချက်သီးချက်သာ အသုံးပြုခဲ့သဖြင့် သူမ၏ဇာစ်မြစ်ကို ဤနည်းလမ်းဖြင့် ဖော်ထုတ်ရန် မဖြစ်နိုင်ခဲ့ပေ။
"ဒါပေမဲ့ သူ့ရဲ့ ခန္ဓာကိုယ်က တကယ်ကို သာမန်မဟုတ်ဘူး။ ဒီလို ခန္ဓာကိုယ် သေးသေးကွေးကွေးနဲ့ အင်အားကတော့ ကြောက်စရာကောင်းလိုက်တာ လွန်ပါရောကွာ"
"ငါ့အထင်၊ ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်ရဲ့ ရှေးဟောင်းမြင့်မြတ်ခန္ဓာသာ ရင်ဆိုင်နိုင်လိမ့်မယ်"
ပါရမီရှင်များက ဆွေးနွေးပြောဆိုခဲ့ကြသည်။
"ဝေ့၊ နင်တို့ ဘာဖြစ်လို့ မလာကြသေးတာလဲ။ အတူတူလာပြီး တိုက်ခိုက်ကြရင်လည်း ရပါတယ်၊ ငါ စိတ်မဝင်စားဘူး"
လုံယောက်အာက ပြောလိုက်သည်။
သူမ ပျင်းရိလာသည်။
သို့သော်လည်း ပါရမီရှင်များက ထိုစကားကိုကြားသောအခါ ရှေ့သို့လှမ်းမည့်အစား အကွာအဝေးတစ်ခုသို့ပင် ထပ်မံဆုတ်သွားကြသေးသည်။
အခြား ဧကရာဇ်အဆင့် အခွင့်အလမ်းများသာဖြစ်လျှင် သူတို့အားလုံး ရူးသွပ်နေသူပမာ လှုပ်ရှားမိကြမည် ဖြစ်သည်။
သို့သော်လည်း ယခုတော့ လုံယောက်အာဘေးမှ အလောင်းပုံကြီးကိုကြည့်ရင်း...
မည်သူမျှ ကိုယ့်အသက်ကို လောင်းကြေးမထပ်ဝံ့တော့ပေ။
"ဟွန့်၊ သူရဲဘောကြောင်တဲ့ကောင်တွေ"
လုံယောက်အာက နှုတ်ခမ်းကိုမဲ့ပြီး တုတ်ထိုးများကို ဆက်စားလိုက်သည်။
သူမ၏အောက်မှ မင်းသမီးလုံကျိကတော့ ဒေါသတို့ လုံးမ မရှိတော့ပါ။
သူမက မတွန်းလှန်ချင်၍မဟုတ်ဘဲ လုံးဝ မခုခံနိုင်ခြင်း ဖြစ်သည်။
ကျွင်းရှောင်ယောက် ရောက်လာမည့်အချိန်ကိုတော့ သူ မျှော်လင့်မိ၏။
သို့သော်လည်း သူမက ကျွင်းရှောင်ယောက်၏ စီးတော်သာဖြစ်ကြောင်း တွေးမိသောအခါ...
မင်းသမီးလုံကျိ ဤအခြေအနေသို့ ရောက်ရှိနေကြောင်း ကျွင်းရှောင်ယောက် သိခဲ့လျှင်ပင် သိပ်ပြီး စိုးရိမ်မည်မဟုတ်ဘူးဟု သူမ ခံစားမိခဲ့သည်။
အချိန်များ ကုန်လွန်သွားခဲ့ပြီ။
ရက်အနည်းငယ်အကြာတွင် မင်းသမီးလုံကျိ အသက်သွင်းခဲ့သည့် ကျောက်ပြားက ရုတ်တရက် ပြိုးပြိုးပြက်ပြက် တောက်ပလာခဲ့သည်။
ဝင်္ကပါကြီးလည်း လုံးဝ ပြိုကွဲသွားခဲ့ပြီ။
ကြောက်မက်ဖွယ်ကောင်းသော နဂါးအရှိန်အဝါများ ထွက်လာခဲ့သည်။
တစ်ချိန်တည်းမှာပင် လေထဲမှာ မှုန်ဝါးဝါး ပုံရိပ်တစ်ခု ထွက်ပေါ်လာခဲ့သည်။
ဤပုံရိပ်က စကြဝဠာ၏ အလယ်ဗဟိုတွင် ရပ်နေသကဲ့သို့ မိုးနှင့်မြေကို ဖိနှိပ်ထားခဲ့သည်။
သူ့မျက်နှာက မှုန်ဝါးဝါးဖြစ်သော်လည်း သူ၏ ဦးခေါင်းပေါ်မှာတော့ နဂါးဦးချိုနှစ်ချောင်းကို မြင်တွေ့ရ၏။ သူက နဂါးမျိုးနွယ်၏ နဂါးဧကရာဇ်ဖြစ်ကြောင်း ထင်ရှားသည်။
သို့သော်လည်း အမြင်စူးရှသော လူတချို့က ထူးခြားမှုကို သတိပြုမိသည်။
ယင်းက ဤပုံရိပ်၏ လက်တစ်ဖက်တွင် လက်ချောင်း လေးချောင်းသာ ရှိခြင်းပင်။
တစ်နည်းဆိုရသော် လက်နှစ်ဖက်တွင် လက်ဆယ်ချောင်း ဖြစ်ရမည့်အစား လက်ကိုးချောင်းတည်းသာ ရှိသည်။
ယင်းက မယုံနိုင်ရာပင်။
ဧကရာဇ်တစ်ပါးကို မဆိုထားနှင့်၊ သူတော်စင်ဖြစ်လျှင်ပင် ပြတ်တောက်သွားသော ကိုယ်လက်အင်္ဂါများကို ပြန်လည်ကောင်းမွန်စေနိုင်သည်။
လက်ချောင်းများကို မဆိုထားနှင့် ခန္ဓာကိုယ် ပြတ်သွားလျှင်ပင် ပြန်ကောင်းလာလိမ့်မည်။
သို့ရာတွင် ဤနဂါးဧကရာဇ်မှာတော့ လက်ချောင်းတစ်ချောင်း ပျောက်နေခဲ့သည်။
ဤဧကရာဇ်၏ လက်ချောင်းက ပြန်လည်ကောင်းမွန်လာခြင်း မရှိတာ၊ သို့မဟုတ် တမင်တကာ ပြန်မပေါက်စေတာ ဖြစ်နိုင်သည်။
လက်ကိုးချောင်း၊ နဂါးဧကရာဇ်။
ဤထူးခြားသော ပုံသဏ္ဍာန်က ပါရမီရှင်များကို ရှေးသမိုင်းတွင် ကျော်ကြားသော နဂါးမျိုးနွယ်၏ နဂါးဧကရာဇ်တစ်ပါးအကြောင်း ချက်ချင်း အမှတ်ရစေခဲ့သည်။
လက်ကိုးချောင်း သူတော်စင် နဂါးဧကရာဇ်။
ဤဧကရာဇ်ကြီးက နဂါးမျိုးနွယ်၏ ဒဏ္ဍာရီတစ်ခုပင်။
ဧကရာဇ်အများစုကဲ့သို့ပင်...
မွေးဖွားလာကတည်းက သူဟာ မျိုးဆက်တူများထက် သာလွန်သည်။ ကမ္ဘာကြီးတွင် ထင်ရှားကာ ပြိုင်ဘက်ကင်းခဲ့၏။
သူ ငယ်စဉ်ကပင် ခေတ်တစ်ခေတ်လုံးကို အံ့အားသင့်စေခဲ့သည်။
လက်ကိုးချောင်း နဂါးဧကရာဇ်အကြောင်းကိုလည်း အခြား ဧကရာဇ်များကဲ့သို့ သမိုင်းတူညီမည်ဟု လူတိုင်း ထင်ခဲ့သည်။
နောက်ဆုံးတွင်၊ သနားစရာကောင်းလွန်းသည့် ဘဝမျိုးနှင့် တာအိုကို သက်သေပြခဲ့သည့် လွမ်ကုဧကရာဇ်ကဲ့သို့ နောက်ဧကရာဇ်တစ်ပါးကို ရှာတွေ့နိုင်ရန် ခက်ခဲသည်။
လက်ကိုးချောင်း သူတော်စင်နဂါးဧကရာဇ် ကိုယ်တိုင်ပင်လျှင် ထိုသို့ထင်ခဲ့သည်။
ထို့ကြောင့်ပင် သူ ငယ်စဉ်အခါက အရပ်ရပ်မှ ရန်သူများကို စိန်ခေါ် အနိုင်ယူနိုင်ခဲ့သည်။
သို့သော်လည်း လူတိုင်း မထင်မှတ်သော အရာတစ်ခု ဖြစ်လာခဲ့ပေသည်။
ထိုတိုက်ပွဲတွင် လက်ကိုးချောင်း သူတော်စင်နဂါးဧကရာဇ် ရှုံးနိမ့်သွားခဲ့သည်။
သူငယ်ရွယ်စဉ်က လျှို့ဝှက်ဆန်းကြယ်သော ပါရမီရှင်တစ်ဦးထံတွင် ရှုံးနိမ့်ခဲ့၏။
ထိုတိုက်ပွဲတွင် သူရှုံးနိမ့်ပါက သူ့လက်ညှိုးကိုဖြတ်ပစ်မည်ဟု ပြောဖူးသည်။
နောက်ဆုံးတွင် သူ အမှန်တကယ် ရှုံးနိမ့်ခဲ့ရ၏။
ထို့အပြင် တိုက်ကွက်တစ်ရာအတွင်း ရှုံးနိမ့်သွားခဲ့ခြင်း ဖြစ်သည်။
ဤတိုက်ပွဲက လက်ကိုးချောင်း သူတော်စင်နဂါးဧကရာဇ်အား သူ့ဘဝကိုပင် သံသယဝင်လုနီးပါး ဖြစ်စေခဲ့သည်။
မျိုးဆက်တူ လူငယ်များကြားတွင် ဤကဲ့သို့ ကောင်းကင်ဘုံကို အံတုနိုင်သော တည်ရှိမှုမျိုး အမှန်တကယ်ရှိကြောင်း သိခဲ့ရသည်။
လက်ကိုးချောင်း သူတော်စင်နဂါးဧကရာဇ်က ထိုတိုက်ပွဲကို ရှုံးနိမ့်ပြီးနောက် သူ၏ လက်ချောင်းတစ်ချောင်းကို ဖြတ်ကာ လျှို့ဝှက်ဆန်းကြယ်သော ပါရမီရှင်အား သူ၏အမည်ကို ချန်ထားခဲ့ရန် တောင်းဆိုခဲ့သည်။
လျှို့ဝှက်ဆန်းကြယ်သော ပါရမီရှင်လည်း စာတစ်ကြောင်း ချန်ထားခဲ့သည်။
ကမ္ဘာပေါ်မှာ ဘယ်သူမှ မင်းကို မသိဘူး။
ဤစာကြောင်းကို ရေးပြီးသည်နှင့် သူက တိုက်ရိုက် ထွက်ခွာသွားခဲ့သည်။
လျှို့ဝှက်ဆန်းကြယ်သော ထိုပါရမီရှင်က မည်သည့်နေရာမှ ရောက်ရှိလာသည်မှန်း မည်သူမျှ မသိနိုင်ခဲ့ပေ။
သို့သော်လည်း လက်ကိုးချောင်း သူတော်စင်နဂါးဧကရာဇ်ကတော့ စိတ်ဓာတ်မကျပါ။
နောက်ဆုံးတွင်၊ သူက ဧကရာဇ်ဖြစ်လာမည့် ဧကရာဇ်လောင်းတစ်ဦး ဖြစ်သည်။ သူ၏ တာအိုနှလုံးသားကို ဤမျှ အလွယ်တကူ ချိုးဖျက်၍မရပေ။
သူက အလွန်မာနကြီးသည်။ သူ၏ လက်ချောင်းကို အမှန်တကယ် ပြန်မပေါက်စေခဲ့ပေ။
ထိုအစား ပို၍ ကြိုးစားခဲ့သည်။
နောက်ဆုံးတွင် ဧကရာဇ်တစ်ပါး ဖြစ်ခဲ့ရပေသည်။
သူ့အမည်ကိုလည်း လက်ကိုးချောင်း သူတော်စင်နဂါးဧကရာဇ်ဟု ခေါ်ဝေါ်ခဲ့ပေသည်။
ထိုရှုံးနိမ့်မှုက လက်ကိုးချောင်း သူတော်စင်နဂါးဧကရာဇ်၏ ဘဝတွင် တစ်ခုတည်းသော ရှုံးနိမ့်မှု ဖြစ်သည်။
သို့သော်လည်း လက်ကိုးချောင်း သူတော်စင်နဂါးဧကရာဇ်က ထိုရှုံးနိမ့်မှုကို တွန်းအားအဖြစ် အသုံးချကာ သူ့ကိုယ်သူ ပို၍ ဖိအားပေးပြီး ကြိုးစားခဲ့သည်။
ထို့ကြောင့် တစ်ခါတလေတွင် ရှုံးနိမ့်ခြင်းကလည်း ကောင်းချီးတစ်ခုပင်။
သို့သော်လည်း အစမှအဆုံးထိ လူတိုင်း၏စိတ်ထဲတွင် မေးခွန်းတစ်ခု ရှိခဲ့သည်။
ထိုလျှို့ဝှက်ဆန်းကြယ်သော ပါရမီရှင်က အလွန်အစွမ်းထက်ပြီး ငယ်ရွယ်စဉ်က လက်ကိုးချောင်း သူတော်စင်နဂါးဧကရာဇ်ကိုပင် အနိုင်ယူနိုင်ခဲ့ပေသည်။
သို့ဖြစ်ပေရာ ထိုသူကလည်း သူ့ခေတ်တွင် ဧကရာဇ်တစ်ပါး သေချာပေါက် ဖြစ်လာမည် ဖြစ်သည်။
သို့သော်လည်း ထိုခေတ်မှာ ထိုပါရမီရှင် ဧကရာဇ်ဖြစ်လာသော သတင်း မရှိခဲ့ပေ။
ရှေးသမိုင်းတွင် မြှုပ်နှံခံလိုက်ရသကဲ့သို့ သူ့အကြောင်းကို မည်သူမျှ မသိခဲ့ကြပါ။
အရာအားလုံးက လျှို့ဝှက်ချက်တစ်ခုအဖြစ် အမြဲရှိခဲ့သည်။