အခန်း ၇၉၇
Vol. 54 Ch. 797
အခန်း ( ၇၉၇ ) အားလုံး စုဝေးကြခြင်း၊ သူက ကောင်းကင်အသျှင်ခန္ဓာ။
ဟုတ်ပေသည်၊ လက်ရှိ ဤပါရမီရှင်များက လက်ကိုးချောင်း သူတော်စင် နဂါးဧကရာဇ်၏ ဘဝအကြောင်းကိုသာ သိကြသည်။
လက်ကိုးချောင်း သူတော်စင် နဂါးဧကရာဇ် ငယ်ရွယ်စဉ်က လျှို့ဝှက်ဆန်းကြယ်သော ပါရမီရှင်တစ်ဦးကို ရှုံးနိမ့်ကာ လက်တစ်ချောင်း ဆုံးရှုံးသွားရမှန်း လူတိုင်းသိကြသည်။
သို့သော်လည်း ယင်းက လက်ကိုးချောင်း သူတော်စင် နဂါးဧကရာဇ်၏ ဂုဏ်သိက္ခာကို အနည်းငယ်မျှ မထိခိုက်စေခဲ့ပေ။
သူဟာ ရှေးသမိုင်းတွင်လည်း ထင်ရှားကျော်ကြားသူ ဖြစ်သည်။
သို့သော်၊ ယခုအချိန်မှာတော့ လူတိုင်း စိတ်ဝင်စားသောအရာက လက်ကိုးချောင်း သူတော်စင် နဂါးဧကရာဇ် ချန်ရစ်ခဲ့သော အခွင့်အလမ်းပင်။
သို့သော်လည်း လုံယောက်အာနှင့် တောင်ပုံရာပုံ ရိုက်သတ်ခံထားရသော ပါရမီရှင်အလောင်းများကိုကြည့်ရင်း...
လုံယောက်အာ၏ရှေ့မှ အခွင့်အလမ်းကို ရရှိရန်မှာ အခြား ပါရမီရှင်များအတွက် မဖြစ်နိုင်သလောက် ဖြစ်ခဲ့သည်။
"အို၊ ဒီဧကရာဇ်ဖြစ်နေတာပါလား"
လုံယောက်အာ၏ ခရမ်းရောင် မျက်လုံးများက တောက်ပသွားခဲ့သည်။
လှပသော သူ့မျက်နှာပေါ်မှာလည်း တောက်ပသော အပြုံးတစ်ခု ပေါ်လာခဲ့၏။
သူမ၏ အုပ်ထိန်းသူ လုံယွမ်က နဂါးမျိုးရိုး၏ ရှေးသမိုင်းကြောင်းအချို့ကို ပြောပြဖူးသည်။
သဘာဝအရ လက်ကိုးချောင်း သူတော်စင် နဂါးဧကရာဇ်၏ အကြောင်းကိုလည်း ပြောပြခဲ့ပေသည်။
လျှို့ဝှက်ဆန်းကြယ်သော ပါရမီရှင်တစ်ဦးကို ရှုံးနိမ့်ခဲ့ရခြင်းမှလွဲ၍ သူ၏ဘဝမှာ အကြွင်းမဲ့ တောက်ပခဲ့သည်။
သူ ချန်ရစ်ခဲ့သော အခွင့်အလမ်းများက သဘာဝအတိုင်း ဆိုးရွားမည်မဟုတ်ပေ။
'ဒီအခွင့်အရေးကို ဆုပ်ကိုင်ပြီးရင် ရှေးဟောင်းမြင့်မြတ်ခန္ဓာကို ငါ ဖြေရှင်းတော့မယ်'
လုံယောက်အာက စိတ်ထဲမှ ပျော်ရွင်စွာဖြင့် တွေးလိုက်သည်။
နောက်ဆုံးတွင် ရှေးဟောင်းမြင့်မြတ်ခန္ဓာနှင့် ကောင်းကင်အသျှင်ခန္ဓာ၏ တိုက်ပွဲဖြစ်လိမ့်မည်။
သူမ၏ လူသားသဲအိတ်ဖြစ်သော အသျှင်ခန္ဓာရှန်းဖေးကို ကျွင်းရှောင်ယောက်က သတ်ခဲ့သည်။
အနှေးနှင့်အမြန် ကျွင်းရှောင်ယောက်ကို သူ တွေ့ရလိမ့်မည်။
လုံယောက်အာ၏ ဖိနှိပ်ခံထားရသော မင်းသမီးလုံကျိလည်း အံ့အားသင့်သွားပြီးနောက် ကျောက်ပြားပေါ်မှ စာကြောင်း၏ အဓိပ္ပါယ်ကို ရုတ်တရက် နားလည်သွားခဲ့သည်။
လက်ကိုးချောင်းက ကြောက်စရာဖြစ်ပြီး လက်ချောင်းတစ်ချောင်းသာ ဝမ်းနည်းစရာ။
ဤသည်မှာ လက်ကိုးချောင်း သူတော်စင် နဂါးဧကရာဇ်၏ ဘဝကို ရည်ညွှန်းခြင်း ဖြစ်သည်။
ငယ်ရွယ်စဥ်က လျှို့ဝှက်ဆန်းကြယ်သော ပါရမီရှင်ထံ လက်တစ်ချောင်း ဆုံးရှုံးခဲ့ရခြင်းမှာ လက်ကိုးချောင်း သူတော်စင် နဂါးဧကရာဇ်အတွက် ဝမ်းနည်းစရာပင်။
သို့သော်လည်း သူမ ပိုင်ဆိုင်သင့်သည့် အခွင့်အလမ်းကို လုံယောက်အာမှ ယူဆောင်သွားတော့မည်အား တွေးမိသောအခါ မင်းသမီးလုံကျိ အနည်းငယ် စိတ်မကောင်းဖြစ်သွားသည်။
အကယ်၍ သူမသည်သာ လက်ကိုးချောင်း သူတော်စင် နဂါးဧကရာဇ်၏ အခွင့်အရေးကိုရနိုင်ပါက တစ်ဖန် နိုးထနိုင်လိမ့်မည်။
ရှေးဟောင်းလူထူးဆန်းနှင့် ဘုရင်မကဲ့သို့ သူမ၏နေရာကို ပြန်လည်ရရှိမည် ဖြစ်သည်။
လုံယောက်အာက တုတ်ထိုးကို နှစ်ကိုက် သုံးကိုက် ကိုက်ပြီး စူးစမ်းလေ့လာရန် ကျောက်ပြားအောက်ရှိ နေရာကို ဝင်ခါနီးတွင်...
သူမ၏ လှုပ်ရှားမှုများက ရုတ်တရက် ရပ်တန့်သွားသည်။
အန္တရာယ်တစ်ခုကို သူ ခံစားလိုက်ရ၏။
ထိုအခိုက်တွင် အံ့အားသင့်နေသော အသံတစ်ခု ထွက်ပေါ်လာတော့သည်။
"ဒါက... လက်ကိုးချောင်း သူတော်စင် နဂါးဧကရာဇ်လား"
ထိုအသံကိုကြားတော့ ရောက်လာကြသော ပါရမီရှင်များလည်း ရုတ်တရက် လှည့်ထွက်သွားကြသည်။
လေထဲတွင် ပုံရိပ်များစွာကို မြင်လိုက်ရ၏။
"အဲဒါက ယွီဟွာဝမ်ပဲ"
"ပြီးတော့ ကျန်းမိသားစုရဲ့ နတ်သမီး"
ရောက်လာသူများက ကျန်းစန်းယီ၊ ယွီဟွာဝမ်၊ ယွီယွင်ရှန့်နှင့် အခြားသူများ ဖြစ်ချေသည်။
ယောက်ချီရှေးဟောင်းမြေက ဤနေရာနှင့် အနည်းငယ်နီးသည်။
ထို့ကြောင့် သူတို့က ဦးစွာ ရောက်လာကြခြင်းပင်။
ကောင်းကင်ယံမှ လက်ကိုးချောင်း သူတော်စင် နဂါးဧကရာဇ်ကိုမြင်တော့ ယွီဟွာဝမ်လည်း အံ့ဩသွားမိသည်။
မထင်မှတ်ဘဲ ဤနဂါးကြီး၏ အခွင့်အလမ်း ဖြစ်နေသည်။
တစ်ဖက်တွင် ကျန်းစန်းယီ၏ မျက်လုံးများက မြေပြင်ပေါ်တွင် လဲကျနေသော နတ်နဂါးပေါ်သို့ ကျရောက်လာခဲ့သည်။
"မင်းသမီးလုံကျိလား"
ကျန်းစန်းယီ အလွန် အံ့သြသွား၏။
မထင်မှတ်ဘဲ ကျွင်းရှောင်ယောက်နှင့် ပတ်သက်သူဟု သတင်းရခဲ့သူမှာ အမှန်တကယ် ကျွင်းရှောင်ယောက် ဖြစ်နေသည်။
အစပိုင်းတွင် မင်းသမီးလုံကျိနှင့် ကျွင်းရှောင်ယောက်တို့ ရန်သူများဖြစ်ကြသောအခါ ကျန်းစန်းယီသည်လည်း သူမအပေါ် ကြီးမားသောရန်ငြိုးဖွဲ့ခဲ့သည်။
သို့သော်လည်း မင်းသမီးလုံကျိက စီးတော် ဖြစ်လာကတည်းက ဤရန်ငြိုးလည်း ပျောက်ကွယ်သွားခဲ့ပြီ။
"ကျန်းစန်းယီ..."
ကျန်းစန်းယီ ရောက်လာသည်ကိုမြင်တော့ မင်းသမီးလုံကျိ၏ မျက်လုံးအကြည့်များက ရှုပ်ထွေးပြီး ခံစားချက်မျိုးစုံ ပေါ်လာခဲ့သည်။
ယခုအချိန်တွင် လေလွင့်နေသော နှင်းဖြူအဝတ်အစားများဖြင့် ကျန်းစန်းယီက လူတိုင်း နှစ်သက်သဘောကျရသော နတ်ဘုရားမကဲ့သို့ ဖြစ်ခဲ့သည်။ သူမ၏ ခွန်အားကလည်း ထိပ်သီး ပါရမီရှင်များနှင့် မကွာခြားပေ။
တစ်ချိန်က သူမနှင့် ကျန်းစန်းယီဟာ တူညီသော အစမှတ်တွင် ရှိခဲ့သည်။ ထိုစဉ်က၊ သူမ၏ ခွန်အားကပင် ကျန်းစန်းယီထက် ပို၍ အားကောင်းသေးသည်။
ယခုတော့ အချိန်များ ကုန်လွန်လာသည်နှင့်အမျှ ကျန်းစန်းယီဟာ သူမကို ကျော်ဖြတ်သွားခဲ့ပြီ ဖြစ်သည်။
ထို့ထက် မင်းသမီးလုံကျိကို ပို၍ စိတ်မချမ်းမသာ ဖြစ်စေသည်မှာ ကျန်းစန်းယီနှင့် ကျွင်းရှောင်ယောက်တို့၏ ရင်းနှီးသော ဆက်ဆံရေး ဖြစ်သည်။
တစ်ယောက်က ကျွင်းရှောင်ယောက်နှင့် အရင်းနှီးဆုံးလူ ဖြစ်သည်။
တစ်ယောက်ကတော့ ကျွင်းရှောင်ယောက်၏ စီးတော်ပင်။
ဤအထောက်အထားကွာဟချက်က ကြီးမားလွန်းသည်။
မင်းသမီးလုံကျိ၏ စိတ်ထဲတွင် ကျန်းစန်းယီကို အလွန်မနာလိုပါ။
တကယ်ကို မနာလိုပါချေ။
"နင်က ဒီအခွင့်အလမ်းအတွက် ရောက်လာခဲ့တာလား"
လုံယောက်အာ၏ မျက်နှာက အနည်းငယ်လေးနက်လာခဲ့သည်။
နောက်ဆုံးတွင် ယွီဟွာဝမ်နှင့် ကျန်းစန်းယီတို့ နှစ်ယောက်စလုံးက အထွတ်အထိပ် ပါရမီရှင်များ ဖြစ်ကြသည်။
သူမက သူ့ခွန်အားကို အလွန်ယုံကြည်မှုရှိပြီး ဝံ့ကြွားတတ်လျှင်ပင် သူတို့ကို လျစ်လျူရန် မဖြစ်နိုင်ပေ။
"မင်းက... နဂါးမျိုးနွယ်ကလား"
ယွီဟွာဝမ်က လုံယောက်အာကို ကြည့်လိုက်၏။
လုံယောက်အာသည် အချိန်အတော်ကြာအောင် ဖုံးကွယ်နေခဲ့သောကြောင့် ယွီဟွာဝမ်လည်း သူမ၏ အသေးစိတ်အချက်အလက်များကို မသိခဲ့ပေ။
ကျန်းစန်းယီလည်း မျက်မှောင်ကြုတ်လိုက်သည်။
သူတို့ရှေ့မှ ကောင်မလေးက အလွန်ချစ်စရာကောင်းသော်လည်း...
ပတ်ဝန်းကျင်မှ အလောင်းပုံကိုကြည့်ရုံဖြင့် သာမန်မဟုတ်မှန်း သိသာထင်ရှားသည်။
ထို့ပြင် သူမက မင်းသမီးလုံကျိက ဖိနှိပ်ခဲ့သေးသည်။
"ငါ သတိပေးထားမယ်နော်၊ ယောက်အာနဲ့ လာမရှုပ်နဲ့။ ယောက်အာရဲ့ လက်သီးက မျက်လုံးမရှိဘူး"
လုံယောက်အာက သူမ၏ လက်သီးသေးသေးလေးကို ထောင်ပြပြီး ခြိမ်းခြောက်လိုက်သည်။
သူမက တမင်တကာ ကြမ်းတမ်းခက်ထန်ချင်ဟန် ဆောင်နေသော်လည်း ဆန့်ကျင်ဘက်အနေဖြင့် အလွန်ချစ်စရာကောင်းနေခဲ့ပေသည်။
"မင်းဖိနှိပ်ထားတဲ့ နဂါးနဲ့ ပတ်သက်တာက ပတ်သက်လဲ မင်းသိလား"
ယွီဟွာဝမ်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
"ဘယ်သူလဲဆိုတာ အရေးမကြီးပါဘူး၊ ယောက်အာက အနိုင်ယူနိုင်တယ်"
လုံယောက်အာက နှုတ်ခမ်းကို မဲ့လိုက်၏။
"ကျွင်းရှောင်ယောက်ပဲ"
ယွီဟွာဝမ်က အနည်းငယ်ပြုံးသည်။
"ဘာလဲ၊ ဒီနဂါးက ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်နဲ့ ဆက်စပ်နေတာလား"
"အိုး၊ အခုမှသိတယ်။ သူက မင်းသမီးလုံကျိ ဖြစ်ပုံပဲ။ သူက ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်နဲ့ အမှန်တကယ် ဆက်စပ်မှုရှိသူပဲလေ။ သူက စီးတော်ပဲ"
ပတ်ဝန်းကျင်မှ ပါရမီရှင်များ သတိပြန်ဝင်လာခဲ့ကြသည်။
ထိုစကားများကိုကြားတော့ လုံယောက်အာက မတုန်လှုပ်ဘဲ မျက်လုံးများ အရောင်လက်သွားသည်။ သူမ၏ မျက်လုံးများက တောက်ပလာပြီး တိုက်ခိုက်ချင်စိတ်တို့ ပြည့်နှက်သွား၏။
"ဒါက ယောက်အာကို အလုပ်ရှုပ်ရသက်သာစေတာပဲ"
"ဘာဖြစ်လို့လဲ"
လုံယောက်အာ၏ တုံ့ပြန်မှုကြောင့် ယွီဟွာဝမ် အနည်းငယ် သံသယဖြစ်သွားခဲ့သည်။
ထိုအချိန်တွင် ကောင်းကင်အထက်မှ နူးညံ့ကာ တည်ငြိမ်သော အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာတော့သည်။
"ဘာလို့လဲဆိုတော့ သူက ကောင်းကင်အသျှင်န္ဓာ ဖြစ်လို့ပဲ"
စကားသံနှင့် ပုံရိပ်နှစ်ခု ထွက်လာခဲ့သည်။
အားလုံးက ပြိုင်တူ လှည့်ကြည့်လိုက်၏။
"ဒါက ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်ပဲ"
တစ်ယောက်ယောက်က အော်လိုက်သည်။
ချောမောသော လုလင်တစ်ယောက်နှင့် မိန်းကလေးတစ်ယောက် ရောက်လာခဲ့၏။
ကျွင်းရှောင်ယောက်နှင့် ကျန်းလော့လီ ဖြစ်တော့သည်။
"ရှောင်ယောက်၊ လော့လီ"
ကျန်းစန်းယီလည်း ဝမ်းသာသွားခဲ့သည်။ ထိုလူနှစ်ယောက် အန္တရာယ်ကင်းကင်းဖြင့် ပြန်ရောက်လာတာကို မြင်လိုက်ရမှ သူမ၏နှလုံးသားမှ ကျောက်တုံးကြီး ပြုတ်ကျသွားတော့သည်။
"အစ်မစန်းယီ"
ကျန်းလော့လီလည်း ကျန်းစန်းယီကို မြင်ရပြီးနောက် ချက်ချင်း ပြေးသွားခဲ့သည်။
မိန်းကလေးနှစ်ယောက်လည်း ပျော်ရွှင်မှုအပြည့်ဖြင့် တစ်ယောက်နှင့်တစ်ယောက် ပွေ့ဖက်လိုက်လေသည်။
မတွေ့တာကြာပြီ။
ထိုအချိန်တွင်၊ အခြား ပါရမီရှင်များက ကျွင်းရှောင်ယောက်၏ စကားကြောင့် အံ့ဩသွားကြသည်။
"ငါ... ငါ နားကြားမမှားပါဘူးနော်။ ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်က ဒီကောင်မလေးကို ကောင်းကင်အသျှင်ခန္ဓာလို့ ပြောနေတာလား။"
"ညီနောင်ကျွင်း၊ ဒါက..."
ယွီဟွာဝမ်လည်း ခဏချင်း မပြောနိုင်ဘဲ တိတ်ဆိတ်သွားခဲ့သည်။
နောက်ဆုံးတွင်၊ ကောလဟာလထွက်နေသော အမှောင်ထဲမှာပုန်းအောင်းနေသည့် ကောင်းကင်အသျှင်ခန္ဓာ၏ ပုံပန်းသဏ္ဍာန်က လုံယောက်အာနှင့် ခြားနားလွန်းသည်။
"သူက ကောင်းကင်အသျှင်ခန္ဓာဖြစ်တဲ့အပြက် ထိုက်ရှီရှေးနဂါးမျိုးနွယ်ရဲ့ အထွတ်အထိပ် တားမြစ်ပါရမီရှင်ဆိုရင်လည်း မမှားဘူး"
ကျွင်းရှောင်ယောက်က လုံယောက်အာကို နက်နဲပြီး စူးရှသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။
သူက ဘာကြောင့် ဤမျှ သေချာပါသနည်း။
သဘာဝအတိုင်း၊ ကျွင်းရှောင်ယောက်၏ ပြိုင်ဘက်ဟောင်း လုံအိုထျန်းဟာ ထိုက်ရွှီရှေးနဂါးမျိုးနွယ်ထံမှ အမွေဆက်ခံခဲ့ဖူးသောကြောင့် ဖြစ်သည်။
ယခုလည်း လုံယောက်အာထံမှ ဤမျိုးနွယ်စု၏ ထူးခြားသော အတက်အကျများကို သူ ခံစားမိ၏။
ထို့အပြင် သူ၏ဦးခေါင်းတွင် နဂါးဦးချိုများ ရှိသည်။
သံသယဖြစ်စရာမလိုဘဲ သူ့ရှေ့မှ အဖြူရောင် ၀တ်စုံနှင့် ချစ်စရာကောင်းသော ကောင်မလေးက...
ထိုက်ရွှီ ရှေးနဂါးမျိုးနွယ်၏ ပါရမီရှင် ဒဏ္ဍာရီလာ ကောင်းကင်အသျှင်ခန္ဓာပင်။