← Chapters

အခန်း ၇၉၈

Vol. 54 Ch. 798

အခန်း ၇၉၈

Vol. 54 Ch. 798

အခန်း ( ၇၉၈ ) ကျွင်းရှောင်ယောက်ကို အိမ်မွေးကောင်လေးအဖြစ် ဖိနှိပ်ရန်၊ ဒီမင်းသမီးဆီကို လိမ်လိမ်မာမာနဲ့ လာပါ။

ကျွင်းရှောင်ယောက်၏ စကားများက ပါရမီရှင်တိုင်း၏ စိတ်ထဲတွင် တုန်လှုပ်သွားစေခဲ့သည်။

ယင်းက နေ့ခင်းကြောင်တောင် သရဲခြောက်ခံနေရသကဲ့သို့ မည်သူမျှ မယုံနိုင်ခဲ့ပေ။

ဒီကောင်မလေးက ကောင်းကင်အသျှင်ခန္ဓာလား။

လူတော်တော်များများမှာ မတုံ့ပြန်နိုင်ဘဲ အေးခဲသွားကြသည်။

ယင်းက လုံးဝ မယုံနိုင်စရာပင်။

အကြောင်းမှာ ရှေးယခင်ခေတ်များက မွေးဖွားခဲ့သော ကောင်းကင်အသျှင်အားလုံးမှာ တန်ခိုးကြီးပြီး ထက်မြက်သူများ ဖြစ်ကြသောကြောင့် ဖြစ်သည်။

သူတို့တစ်ဦးစီက ကြိုးစိုးသော ဟန်ပန်မျိုးဖြင့် ကမ္ဘာကို လွှမ်းမိုးခဲ့ပေသည်။

ယခုမူကား သူတို့ရှေ့မှ ချစ်စရာကောင်းသော ကောင်မလေးကိုကြည့်ရင်း...

သူမ၏ ကြီးစိုးမည့်အသွင်ကို လုံးဝ မတွေးတတ်အောင် ဖြစ်သွားခဲ့ကြသည်။

"ဟုတ်မှာပါ၊ ကောင်းကင်အသျှင်ပဲ ဒီလောက် ကြောက်စရာကောင်းတဲ့ ရုပ်ခန္ဓာကို ပိုင်ဆိုင်နိုင်လိမ့်မယ်"

"ဟုတ်ပါတယ်၊ ဒါ့အပြင် သူက ထိုက်ရွှီရှေးနဂါးမျိုးနွယ်ရဲ့ ပါရမီရှင်လည်း ဖြစ်နေသေးတယ်။ ဒီသွေးနှစ်ခုရဲ့ ပေါင်းစပ်မှုက တကယ်ပဲ အဆုံးစွန်ခန္ဓာကိုယ်ကို ရရှိစေနိုင်တယ်"

"သူ့ခန္ဓာကိုယ်က အရမ်းကြောက်စရာကောင်းပြီး ပါရမီရှင်တိုင်းကို လက်သီးတစ်ချက်နဲ့သတ်နိုင်တာ အံ့သြစရာမဟုတ်တော့ပါဘူး"

နောက်ပိုင်းမှ လူတိုင်း သတိပြန်ဝင်လာခဲ့ကြသည်။ ဤအထောက်အထားက လုံယောက်အာ၏ စွမ်းဆောင်မှုအတွက် အသင့်တော်ဆုံး အကြောင်းပြချက်ဖြစ်ကြောင်း သဘောပေါက်လာခဲ့ပေသည်။

သူမရဲ့ အသွင်အပြင်က လှည့်စားနိုင်လွန်းသောကြောင့်သာ သူတို့ ခဏချင်း မစဉ်းစားမိခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း တခဏအတွင်းမှာပဲ လူတိုင်းက တစ်ခုခုကို တွေးလိုက်မိသည်။

ယနေ့တွင် ကောင်းကင်အသျှင်ခန္ဓာနှင့် ရှေးဟောင်းမြင့်မြတ်ခန္ဓာကြားမှပြိုင်ဆိုင်မှုကို သက်သေခံနိုင်တော့မည် မဟုတ်‌လား။

ယခင်က အသျှင်ကြယ်တွင် အသျှင်ခန္ဓာရှန်းဖေးနှင့် ကျွင်းရှောင်ယောက်၏ တိုက်ပွဲက အဆုံးစွန် ရှေးဟောင်းလမ်းပေါ်ရှိ မရေမတွက်နိုင်သော ကျင့်ကြသူများ၏ အာရုံကို ဆွဲဆောင်ခဲ့သည်။

နောက်ဆုံးတွင်၊ ခေတ်ဆက်ဆက်မှ ကောင်းကင်အသျှင်ခန္ဓာနှင့် ရှေးဟောင်းမြင့်မြတ်ခန္ဓာကြား တိုက်ပွဲများက အလွန် စိတ်လှုပ်ရှားစရာ ကောင်းခဲ့သည်။

သို့ရာတွင် ဤတစ်ခုကတော့ လူတိုင်း၏ မျှော်လင့်ချက်ထက် ကျော်လွန်ခဲ့ပေသည်။

ရှန်းဖေးက ကျွင်းရှောင်ယောက်၏ လက်တွင် ခုခံနိုင်စွမ်းပင် မရှိခဲ့ပေ။

အဆုံးတွင်၊ သူက ကျိန်စာသွေးနှင့် ကြံစည်မှုပြီး ကျွင်းရှောင်ယောက်ကို အနည်းငယ်ထိခိုက်စေခဲ့သည်။

ထိုတိုက်ပွဲမှာတော့ လူတိုင်း အတော်စိတ်ပျက်ခဲ့ရပေသည်။

ရှန်းဖေးက အသျှင်ခန္ဓာကို အရှက်ရစေခဲ့သည်။

သို့သော်လည်း နောက်ပိုင်းတွင် ရှန်းဖေးက ကောင်းကင်အသျှင် အစစ်မဟုတ်ကြောင်း သတင်းထွက်လာသည်။

ယင်းကြောင့် လူစိတ်ဝင်စားမှု တစ်ဖန်မြင့်တက်လာပြီး ကောင်းကင်အသျှင်ခန္ဓာနှင့် ကျွင်းရှောင်ယောက်တို့ကြားမှ တိုက်ပွဲကို မျှော်လင့်‌နေကြတော့သည်။

သို့သော်...

ယခု သူတို့ရှေ့မှ သေးသေးကွေးကွေးနှင့် ချစ်စရာကောင်းသော ကောင်မလေးကိုကြည့်ရင်း အလိမ်ခံရသလို နားမလည်နိုင်သကဲ့သို့ ခံစားလိုက်ကြရသည်။

ကျွင်းရှောင်ယောက်၏ အမူအရာကတော့ တည်ငြိမ်ပြီး ထူးခြားမှုမရီပါ။ သူ့မျက်လုံးများက လေးနက်မှု အရိပ်အယောင်များပင် ရှိနေသည်။

သူမ၏အသွင်အပြင်ကြောင့် လုံယောက်အာကို မထီမဲ့မြင် မပြုနိုင်ပေ။

လုံယောက်အာကို ပထမဆုံး တွေ့စဉ်ကတော့ ကျွင်းရှောင်ယောက် အနည်းငယ် အံ့သြသွားခဲ့သည်။

သူ့ အာရုံမှားနေသလားဟုပင် ထင်မှတ်ခဲ့၏။

သို့သော်လည်း ဤကောင်မလေးက အမှန်ပင် ကောင်းကင်အသျှင်ခန္ဓာဖြစ်သည်ကို သူနားလည်ခဲ့သည်။

ရန်သူဟောင်းများ၏ ခံစားချက်က လုံးဝ မမှားနိုင်ပေ။

ယခုတော့ သူမက‌ ကောင်းကင်အသျှင်ခန္ဓာဖြစ်ကြောင်း အတည်ပြုလိုက်ပြီဖြစ်ရာ ကျွင်းရှောင်ယောက်အနေဖြင့် သူ့အား သဘာဝအတိုင်း မထီမဲ့မြင်ပြုတော့မည် မဟုတ်ပေ။

ထို့အပြင်၊ သူက လုံယောက်အာထံမှ အခြား စွမ်းအင်အတက်အကျကို ဖျတ်ခနဲ ခံစားလိုက်ရသည်။

ကျွင်းရှောင်ယောက်က ထိုသို့သော အတက်အကျမျိုးတွင် စိမ်းသူမဟုတ်ပေ။

ယင်းက ကောင်းကင်ကျမ်းကိုးအုပ်၏ အတက်အကျ ဖြစ်သည်။

အနှီလုံယောက်အာကလည်း သြစရာကောင်းအောင် ကောင်းကင်ကျမ်း အရှင်သခင်တစ်ဦး ဖြစ်ချေသည်။

သို့သော်လည်း လုံယောက်အာ၏ အဆင့်အတန်းကို တွေးကြည့်ပါက ကောင်းကင်ကျမ်းတစ်အုပ် ရှိနေခြင်းမှာ ကျိုးကြောင်းဆီလျော်သည်။

ကျွင်းရှောင်ယောက်သည် လုံယောက်အာက မည်သည့်ကောင်းကင်ကျမ်းကို ထိန်းချုပ်ထားမှန်း မသိပါ။

သို့သော်လည်း သူဟာ လုံယောက်အာထံမှ ကောင်းကင်ကျမ်းကို ရယူမည်ဟု စိတ်ထဲမှ တေးထားလိုက်သည်။

တစ်ဖက်တွင်၊ လုံယောက်အာသည်လည်း ကျွင်းရှောင်ယောက်ကို ပထမဆုံးတွေ့ဖူးခြင်း ဖြစ်သည်။

ကြီးမားသော အန္တရာယ်တစ်ခုကို ချက်ချင်း ခံစားလိုက်ရ၏။

ဤအန္တရာယ်မျိုးကို ယခင်က သူ တစ်ခါမှ မကြုံဖူးပေ။

အစောပိုင်းက ယွီဟွာဝမ်နှင့် ကျန်းစန်းယီတို့ပင်လျှင် သူမအား ဤမျှကြီးမားသော အန္တရာယ်ကို ခံစားရစေခြင်း မရှိခဲ့ပါချေ။

ယခုတော့ သူမ၏ မသိစိတ်မှ အဖြူရောင်ဝတ် ထိုလူငယ်လေးဟာ အလွန်အန္တရာယ်များကြောင်း လုံယောက်အာ ခံစားလိုက်ရသည်။

တချိန်တည်းမှာပင် နတ်တစ်ပါးကဲ့သို့ ချောမောသော ကျွင်းရှောင်ယောက်၏မျက်နှာကို မြင်ရပြီးနောက်...

သူမ၏ ခရမ်းရောင်မျက်လုံးများက အံ့အားသင့်ခြင်းများ ဖြစ်ပေါ်လာခဲ့သည်။

အတွေးတစ်ခုက စိတ်ထဲတွင် အလိုလို ပေါ်လာခဲ့၏။

'သူ အရမ်းချောတာပဲ'

လုံယောက်အာဟာ ကျွင်းရှောင်ယောက်အကြောင်း များစွာကြားသိခဲ့ဖူးသည်။

ကျွင်းရှောင်ယောက်၏ ရုပ်ရည်သွင်ပြင်ကလည်း သူ့မျိုးဆက်တွင် အမြင့်ဆုံးဖြစ်ကြောင်း သူမ ကြားခဲ့ဖူးသေးသည်။

သို့သော်လည်း အမှန်တကယ် မြင်ရသောအခါ အနည်းငယ် လှုပ်ရှားသွားရဆဲ ဖြစ်သည်။

"မဟုတ်ဘူး၊ မဟုတ်ဘူး... ငါက ကောင်းကင်အသျှင်ပဲ။ သူက ရှေးဟောင်းမြင့်မြတ်ခန္ဓာ၊ နောက်ပြီးတော့ သူက ငါ့သဲအိတ်ကို သတ်ပစ်လိုက်တယ်။ သူ့ကို ရိုက်ရမယ်"

"ဒါပေမဲ့... သူက အရမ်းကြည့်ကောင်းတယ်။ သူ့ကို ဒီအတိုင်းသတ်လိုက်ရင် သနားစရာပဲ"

"သူ့ကို အိမ်မွေးကောင်လေးတစ်ယောက်အဖြစ် ဖိနှိပ်လိုက်ရင် ဘယ်လိုနေမလဲ"

လုံယောက်အာက တစ်ယောက်တည်း ရေရွတ်နေမိသည်။

သို့သော်လည်း ထိုစကားများကို အနီးနားရှိလူတိုင်း ကြားရ၏။

လေထုက ခဏတာ အေးခဲသွားပြီးနောက် ပါရမီရှင်များ၏ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုတို့ ဖြစ်ပေါ်လာတော့သည်။

ကျွင်းရှောင်ယောက်ကို အိမ်မွေးကောင်လေးအဖြစ် ဖိနှိပ်ရန်...

ယင်းက မိန်းကလေးတိုင်း၏ အိပ်မက်ဖြစ်နိုင်သည်။

ကောင်းကင်ကိုးခုနှင့် မြေကမ္ဘာဆယ်ခုကို ကြည့်လိုက်လျှင်ပင် မည်သူက အရည်အချင်းရှိမည်နည်း။

ကျွင်းရှောင်ယောက်ကို ဖိနှိပ်နိုင်လျှင်ပင် မည်သူက တကယ်လုပ်ဝံ့ပါမည်နည်း။

သူ့နောက်မှ ကျွင်းမိသားစုက ရောက်လာမှာကို မကြောက်ဘူးလား။

သို့သော်လည်း လုံယောက်အာ၏ အထောက်အထားကို တွေးကြည့်မိသောအခါ မတရား ကြောက်နေစရာ လိုပုံမရပေ။

အသျှင်ခန္ဓာ ဘိုးဘွားခန်းမ၊ ထိုက်ရွှီရှေးနဂါးမျိုးနွယ်တို့နှင့်အတူ၊ သူတိူ့က ကောင်းကင်ကိုးခု အင်မော်တယ်နယ်မြေကြီး၌ အမှန်ပင် အလျားလိုက် လျှောက်လှမ်းနိုင်သည်။

"အိုး၊ ငါ့ကို အိမ်မွေးတိရစ္ဆာန်အဖြစ် ခေါ်သွားချင်တာလား"

ကျွင်းရှောင်ယောက် ပြုံးလိုက်သည်။

သို့ရာတွင် ထိုအပြုံးက နွေးထွေးမှု အနည်းငယ်မျှ မရှိဘဲနှင့် အေးစက်၏။

မွေးဖွားစဥ်ကတည်းက၊ လူတစ်ယောက်က ဤစကားမျိုးပြောဝံ့တာကို သူ ပထမဆုံး ကြားခဲ့ရခြင်း ဖြစ်သည်။

"ဘာဖြစ်လဲ၊ ငါက ကောင်းကင်အသျှင်ခန္ဓာပဲ။ ငါ ယောက်အာက နင့်ကို ငါ့ခြေထောက်အောက်မှာ နင်းချေဖို့ ရည်မှန်းထားတဲ့သူ"

"ဒါပေမဲ့ နင့်ရဲ့မျက်နှာကို ငါမထိခိုက်စေချင်ဘူး၊ ဒါကြောင့် လိမ်လိမ်မာမာနဲ့ ဒီမင်းသမီးဆီကို လာခဲ့ပါ"

လုံယောက်အာက သေးသေးသွယ်သွယ်ခါးကိုထောက်ပြီး မျက်နှာကို ‌မိုးမော့ကာ ပြောလိုက်သည်။

ယင်းကိုမြင်တော့ ပတ်ဝန်းကျင်က အမောင်အမျိုးသားတို့လည်း အနည်းငယ် မနာလိုသွားမိသည်။

ချစ်စရာကောင်းပြီး အစွမ်းထက်သည့် လော့လီလေး လုံယောက်အာမှ အိမ်မွေးကောင်လေးအဖြစ် လက်ခံရန်မှာ အမျိုးသားတော်တော်များများ မစောင့်နိုင်တော့သောအရာ ဖြစ်သင့်သည်။

သို့သော်၊ ကျွင်းရှောင်ယောက်ကတော့ မည်သို့မျှ မခံစားရပေ။

သူက ‌‌ကလေးမလေးတွေကိုမှ ကြိုက်တတ်သည့် လော့လီကွန်မလို့လား။

ကျွင်းရှောင်ယောက်လည်း သူ့မျက်လုံးထောင့်မှ ကျန်းလောလီကို မသိမသာ တစ်ချက်ကြည့်လိုက်သည်။

မဟုတ်ဘူး၊ လုံးဝမဟုတ်ဘူး။

ကျွင်းရှောင်ယောက်၏ အမြင်တွင် အနှီလုံယောက်အာက ခပ်ဆိုးဆိုး ကလေးတစ်ယောက်ကဲ့သို့ပင်။

ခပ်ဆိုးဆိုးဖြစ်ပါက...

ကောင်းကောင်း ရိုက်ပေးရသည်။

"ငါ နတ်ဘုရားသားတော်ရဲ့ စီးတော်ကို ထိခိုက်စေခဲ့ပြီးမှ ငါ မင်းကို ဘာလုပ်သင့်လဲ"

ကျွင်းရှောင်ယောက်က မြေပြင်ပေါ်တွင် လဲလျောင်းနေသော နတ်နဂါးကို ကြည့်လိုက်သည်။

ထိုစကားကိုကြားတော့ မင်းသမီးလုံကျိ၏ မျက်လုံးများက ခံစားချက်တစ်ခု ပေါ်လာခဲ့၏။

ကျွင်းရှောင်ယောက်က သူမကို စီးတော်အဖြစ်သာ အသုံးပြုခဲ့သော်လည်း အနည်းဆုံးတော့ ဂရုစိုက်နေဆဲပင်။

"နင် ဘာလိုချင်လို့လဲ"

လုံယောက်အာ စူးစူးရဲရဲ အော်ဟစ်လိုက်သည်။

"မင်းကို သတ်လိုက်မယ်ဆိုရင် ဘယ်လိုလဲ"

ကျွင်းရှောင်ယောက်က အေးစက်စက်ဖြင့် ပြုံးလိုက်၏။

ယင်းက ပတ်ဝန်းကျင်ရှိ ပါရမီရှင်အားလုံးကို တကိုယ်လုံး အေးစိမ့်သွားစေခဲ့သည်။

အမှန်အတိုင်းပြောရလျှင် သူတို့သာဆိုပါက ဤမျှ အပြစ်ကင်းစင်စွာ လှပပြီး ချစ်စရာကောင်းသည့် လော့လီလေးနှင့် ဆက်ဆံနိုင်မှာ မဟုတ်ပေ။

"နင် လုပ်ဝံ့လား"

လုံယောက်အာ၏ မျက်လုံးဝိုင်းဝိုင်းလေးက ပြူးကျယ်သွားသည်။ သူမက ရက်စက်တော့မည့်ဟန်ဖြင့် အံကိုတင်းတင်းကြိတ်လိုက်၏။

"ဒါဆို စမ်းကြည့်ရအောင်"

ကျွင်းရှောင်ယောက်က လျစ်လျူရှုစွာ ပြောလိုက်သည်။

သူ့ဘာသာ လော့လီမကလို့ ဘာဖြစ်ဖြစ်၊ ကျွင်းရှောင်ယောက်ကတော့ ကရုဏာပြမည်မဟုတ်ပေ။

"ဝူး၊ ကျွင်းရှောင်ယောက်... နင် ယောက်အာကို ဒေါသထွက်အောင် လုပ်လိုက်တာပဲ"

"ငါ ယောက်အာက နင့်ကို သဲအိတ်နဲ့ အိမ်မွေးကောင်လေးဖြစ်အောင် ဖိနှိပ်ပြမယ်"

လုံယောက်အာက စူးစူးရှရှ အော်ဟစ်လိုက်သည်။ သူမ၏ ခန္ဓာကိုယ်ကို လှုပ်ရှားကာ လက်သီးတစ်ချက် ထုတ်ဖော်လိုက်၏။

သူမ၏ သေးငယ်သော ခန္ဓာကိုယ်ကလေးက အနှိုင်းမဲ့ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများဖြင့် ပေါက်ကွဲထွက်လာတော့သည်။

သူမ၏ လက်သီးက ကောင်းကင်ကို ဖြိုခွဲကာ ကျွင်းရှောင်ယောက်ဆီသို့ ကျရောက်လာခဲ့သည်။ သူ့လမ်းတစ်လျှောက်ရှိ အရာအားလုံး ပြိုကျသွား၏။

အလွန်ကြောက်စရာကောင်းသည်။ ယင်းမှာ ဘိုးဘွားနဂါးကြီး ပြန်လည်ရှင်သန်လာပြီး ကြမ်းကြုတ်သော စွမ်းအားဖြင့် ဟင်းလင်းပြင်ကို ဆုပ်ဖြဲလိုက်သကဲ့သို့ပင်။

အားလုံး၏ မျက်လုံးများက လုံယောက်အာနှင့် ကျွင်းရှောင်ယောက်ကို စူးစိုက်ကြည့်လိုက်သည်။

ဤသည်ကမှ ရှေးဟောင်းမြင့်မြတ်ခန္ဓာနှင့် ကောင်းကင်အသျှင်ခန္ဓာကြားမှ တကယ့်တိုက်ပွဲကြီးပင်။

All Chapters