← Chapters

အခန်း ၇၉၉

Vol. 54 Ch. 799

အခန်း ၇၉၉

Vol. 54 Ch. 799

အခန်း ( ၇၉၉ ) ကောင်းကင်အသျှင်ခန္ဓာနှင့် ရှေးဟောင်းမြင့်မြတ်ခန္ဓာကြားမှ တိုက်ပွဲ၊ ကြမ်းတမ်းသော နဂါးမလေးကို ရိုက်နှက်သည်။

ကောင်းကင်အသျှင်ခန္ဓာနှင့် ရှေးဟောင်းမြင့်မြတ်ခန္ဓာကြားမှ တိုက်ပွဲက ရုတ်ချည်းဆိုသလို ဖြစ်လာမည်အား မည်သူမျှ မထင်မှတ်မိကြမည်ကို ကြောက်ရသည်။

ရှေးယခင်ကဆိုလျှင် ဤတိုက်ပွဲမျိုးက ရှေးသမိုင်းတွင် မှတ်တမ်းတင်ရန် လုံလောက်သည်။

နောင်မျိုးဆက်များမှ ပါရမီရှင်များက ဤတိုက်ပွဲအား ဂန္တဝင်တိုက်ပွဲတစ်ခုအဖြစ် မှတ်ယူကာ ထပ်ခါတလဲလဲင လေ့လာနိုင်လိမ့်မည်။

သို့သော်လည်း ယခုတော့ တိုက်ပွဲက ရုတ်ချည်း ဖြစ်ပေါ်လာခဲ့ပြီ ဖြစ်သည်။

သို့ပေသော်ငြား၊ ‌တက်ရောက်လာသော ပါရမီရှင်များမှာ ဤနေရာတွင် မမြင်နိုင်သော မျက်လုံးများစွာ ရှိနေသကဲ့သို့ ခံစားခဲ့ရသည်။

မမြင်နိုင်သော ဖိအားများကြောင့် ပါရမီရှင်များ၏ နောက်ကျောတွင် အေးစက်သော ချွေးများ စီးကျလာတော့သည်။

"ဒီတိုက်ပွဲကို အင်အားကြီး ပုဂ္ဂိုလ်ကြီးတွေ တော်တော်များများ သတိထားမိပုံရတယ်"

ပါရမရှင်တစ်ဦးက အံ့အားသင့်စွာ ပြောလိုက်သည်။

ဤအခိုက်တွင် အဆုံးစွန်ရှေးဟောင်းလမ်းပေါ်ရှိ မျက်လုံးများစွာက ဧကရာဇ်သင်္ချိုင်းကြယ်ကို ကြည့်နေခဲ့ကြသည်။

အဆုံးစွန်ရှေးဟောင်းလမ်းပေါ်တွင် တရားစီရင်သူများရှိသလို အမျိုးမျိုးသော အင်အားစုများမှ အစွမ်းထက် ကျွမ်းကျင်သူများလည်း ရှိ၏။

သူတို့က ဧကရာဇ်သင်္ချိုင်းကြယ်မှ ပြောင်းလဲမှုများကို အာရုံစိုက်နေခဲ့ကြခြင်း ဖြစ်သည်။

ထို့ကြောင့် သဘာဝအတိုင်း ဤခမ်းနားသော တိုက်ပွဲကို အလွတ်ခံမည် မဟုတ်ပေ။

"ယောက်အာ၊ ဒါက မင်းဖြတ်သန်းရမယ့် တိုက်ပွဲပဲ"

ဧကရာဇ်သင်္ချိုင်းကြယ်အထက်၊ ကြယ်ကောင်းကင်မှ နက်နဲသောနေရာတွင်...

ဦးခေါင်းမှာ နဂါးဦးချိုရှိပြီး မုတ်ဆိတ်များ ဆွတ်ဆွတ်ဖြူနေသော အဘိုးကြီးတစ်ဦးက သက်ပြင်းကို တိုးတိုးချလိုက်သည်။

သူက လုံယောက်အာ၏ ဓမ္မကာကွယ်သူ လုံယွမ် ဖြစ်ချေသည်။ သူ၏ ကျင့်ကြံခြင်းအခြေခံက အဆင့်လေးအဓိပဓိဖြစ်သည့် ကောင်းကင်အရှင်သခင်နယ်ပယ်သို့ ရောက်နေပြီ ဖြစ်သည်။

ထိုက်ရွှီရှေးနဂါးမျိုးနွယ်က လုံယောက်အာကို အလွန်တန်ဖိုးထားကြောင်း ဤအချက်မှ တွေ့မြင်နိုင်သည်။

ဟုတ်သည်၊ ကျွင်းရှောင်ယောက်ဘက်မှာလည်း ဗလာချည်းတော့ မဟုတ်ပါ။

အမှောင်ထဲမှ စောင့်ကြည့်နေသော မျက်လုံးများ ရှိနေခဲ့ကြသည်။

ဧကရာဇ်အဆင့် အခွင့်အလမ်းနေရာတွင်...

လုံယောက်အာ၏ သေးငယ်သော လက်သီးက ကောင်းကင်ကို ထိုးဖောက်သွားခဲ့သည်။

လက်သီးဆုပ်က သေးသေးလေးဖြစ်သော်လည်း မိုးနှင့်မြေကို ဖြိုခွဲနိုင်ပုံရ၏။

သို့သော်လည်း လုံယောက်အာက ကျွင်းရှောင်ယောက်၏မျက်နှာကို ပျက်စီးစေမည်စိုး၍ မျက်နှာကို မထိုးပေ။

သူမက ရင်ဘတ်ကိုသာ ထိုးလိုက်သည်။

သို့ရာတွင်၊ ဤလက်သီးချက်က ပတ်ဝန်းကျင်မှ ပါရမီရှင်များကို အလွန်ကြောက်လန့်စေခဲ့သည်။

ယခင်ကလည်း ရန်စလာသော ပါရမီရှင်များကို လုံယောက်အာက ဤလက်သီးတစ်ချက်ဖြင့် ချေမှုန်းခဲ့ပေသည်။

ဤလက်သီးချက်ကြောင့် သေဆုံးသွားသော ပါရမီရှင်များက တောင်ကြီးတစ်လုံးလို စုပုံခဲ့ရသည်။

သို့သော်……

"ဝုန်း"

ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

သူတို့နှစ်ဦး တွေ့ဆုံရာ အလယ်ဗဟိုတွင် ဟင်းလင်းပြင်က ပြိုကျပြီး အနက်ရောင် ဟင်းလင်းပြင်အက်ကြောင်းများ ဖြစ်ပေါ်လာခဲ့၏။

အားလုံးက မျက်လုံးပြူးကာ ကြည့်လိုက်သည်။

"ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်ကတော့ အရင်ပါရမီရှင်တွေရဲ့ ခြေရာကို မလိုက်ဘူး မဟုတ်လား"

တစ်ဦးက သံသယနှင့် မေးသည်။

"မဟုတ်လောက်ပါဘူး၊ မင်း အတွေးလွန်နေပြီ"

တချို့က ချက်ချင်း ငြင်းဆန်လိုက်၏။

လုံယောက်အာ၏ ခန္ဓာကိုယ်က သန်မာသည်မှာ မှန်သော်လည်း...

ကျွင်းရှောင်ယောက်က သက်သတ်လွတ်သမား မဟုတ်ပေ။

"နင် တကယ်ပဲ ပိတ်ဆို့ခဲ့တာလား"

လုံယောက်အာ၏ အံ့အားသင့်သွားသော အသံ ထွက်ပေါ်လာခဲ့သည်။

ကျွင်းရှောင်ယောက်က ဘယ်ဘက်လက်ကို နောက်ပစ်ထားသည်။ သူ၏ ညာဖက်လက်ကိုသာ ဆန့်ထုတ်ပြီး လက်သီးဆုပ်သေးသေးလေးနှင့် ထိပ်တိုက် တွေ့ပေးလိုက်၏။

သူ့လက်ဝါးက လုံယောက်အာ၏ လက်သီးကို အမှန်တကယ် တားဆီးခဲ့သည်။

လုံယောက်အာ၏ ခရမ်းရောင်မျက်လုံးများက မယုံနိုင်ဘဲ ပြူးကျယ်သွားလေသည်။

အကြောင်းမှာ သူ၏ ယခင်ရန်သူအားလုံးကို လက်သီးတစ်ချက်တည်းဖြင့် အမြဲ ဖယ်ရှားခဲ့သောကြောင့် ဖြစ်သည်။

"ကြံ့ခိုင်လိုက်တဲ့ ခန္ဓာကိုယ်၊ တကယ်ပဲ ကောင်းကင်အသျှင်ခန္ဓာနဲ့ ထိုက်ရွှီရှေးနဂါးသွေး ပေါင်းစပ်ထားတဲ့ခန္ဓာ ဖြစ်ထိုက်ပါပေတယ်"

ကျွင်းရှောင်ယောက်က ပြောလိုက်သည်။

သူပင်လျှင် ဤသို့ ပြောရသောကြောင့် လုံယောက်အာ၏ ခန္ဓာကိုယ်က မည်မျှ ကြောက်စရာကောင်းကြောင်း သိနိုင်သည်။

ကျွင်းရှောင်ယောက်လည်း ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခု တိုးဝင်လာသည်ကို ခံစားလိုက်ရကာ သူ့လက်ဖဝါးများ အနည်းငယ်ထုံသွားလေသည်။

"ငါ လုံယောက်အာကို နင် မှတ်ချက်ပေးစရာ မလိုဘူး"

လုံယောက်အာက မျက်ခုံးပင့်လိုက်သည်။

ကျွင်းရှောင်ယောက်၏ စကားများက မျိုးဆက်သစ် လူငယ်များကို သဘောကျ၍ ချီးကျူးလိုက်သော အကြီးအကဲတစ်ဦးကဲ့သို့ပင်။

သို့ရာတွင် သူမက ကြီးကျယ်ခမ်းနားသော ကောင်းကင်အသျှင်ခန္ဓာတစ်ဦး ဖြစ်သည်။ သူမ၏ ဂုဏ်သတင်းကို မည်သို့ အထိခိုက်ခံနိုင်ပါမည်နည်း။

"ဝုန်း... ဝုန်း... ဝုန်း"

လုံယောက်အာက လက်သီးချက်များ ထပ်မံထုတ်ဖော်လိုက်သည်။ လက်သီးတစ်ချက်စီက အမြောက်ပစ်သကဲ့သို့ အဆုံးမဲ့လှိုင်းများ ပေါက်ကွဲစေခဲ့ပေသည်။

ကျွင်းရှောင်ယောက်လည်း သူ့လက်ဝါးများကို ပေါ့ပေါ့ပါးပါး ရိုက်ထုတ်လိုက်သည်။

လက်သီးနှင့် လက်ဝါး ထိပ်တိုက်တွေ့ဆုံတိုင်း ကျယ်လောင်သော ပေါက်ကွဲသံများဖြင့် ဆူညံနေတော့သည်။

"ဝိုး၊ ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်တစ်ယောက်ပဲ ဒီ ရက်စက်ကြမ်းကြုတ်တဲ့ နဂါးမရဲ့ တိုက်ခိုက်မှုကို ရင်ဆိုင်နိုင်လိမ့်မယ်"

ပါရမီရှင်တချို့က အော်ပြောလိုက်ကြသည်။

လုံယောက်အာ၏ လက်သီးချက်များက သူတော်စင်တစ်ယောက်ကို သတ်ရန် လုံလောက်သော်လည်း ကျွင်းရှောင်ယောက်ကတော့ အလွယ်တကူ တားဆီးနိုင်ခဲ့ပေသည်။

"သိပ်အထင်ကြီးမနေနဲ့"

လုံယောက်အာက အော်ဟစ်ပြီး နောက်ထပ် လက်သီးတစ်ချက် ထုတ်ဖော်လိုက်သည်။

ဤလက်သီးက ယခင်နှင့်မတူဘဲ နတ်ဘုရားသိုင်းစွမ်းအားများ ပါဝင်လာခဲ့၏။

ကောင်းကင်ကို ဖျက်ဆီးနိုင်ပုံရသည့် အနှိုင်းမဲ့ လွှမ်းမိုးချုပ်ကိုင်ထားသော လက်သီးတစ်ချက် ထွက်ပေါ်လာတော့သည်။

အသျှင်လက်သီး။

ဤသည်မှာ အသျှင်ခန္ဓာမျိုးရိုး၏ အထူး နတ်ဘုရားသိုင်းစွမ်းအား ဖြစ်သည်။ လက်သီးတစ်ချက်ဖြင့် ပြိုင်ဘက်ကင်းလိမ့်မည်။

တစ်ဖက်တွင်၊ ကျွင်းရှောင်ယောက်က ခွန်ပန်မဟာနတ်ဘုရားသိုင်းကို ထုတ်ဖော်ပြီး ခွန်ပန်နတ်လက်သီးဖြင့် ထိုးနှက်လိုက်သည်။

ရှေးဟောင်းမြင့်မြတ်ခန္ဓာနှင့် အနှိုင်းမဲ့နတ်ဆင်ခွန်အားမှ နတ်ဆင်အမှုန်တစ်သိန်းစွမ်းအားကို သယ်ဆောင်ထားသော လက်သီးချက်က လုံယောက်အာ၏ လက်သီးနှင့် ထိပ်တိုက်ရင်ဆိုင်လိုက်တော့သည်။

လက်သီးနှစ်လုံး ထိပ်တိုက်တွေ့ဆုံသည်နှင့် ပတ်ဝန်းကျင် ကောင်းကင်နှင့်မြေပြင်ကို လွှမ်းခြုံသွားသည်။

တောင်များပြိုဆင်းပြီး ကျောက်တုံးများ လိမ့်ဆင်းလာခဲ့၏။

ဝင်္ကပါဖြင့် ကာကွယ်ထားသည့် လက်ကိုးချောင်း သူတော်စင်နဂါးဧကရာဇ်၏ အခွင့်အလမ်းနေရာမှလွဲ၍ ကျန်နေရာများမှာ ကွဲအက်စပြုလာတော့သည်။

ဤအတက်အကျက အလွန် ကြောက်စရာကောင်းသည်။

"ဝုန်း"

လက်သီးချင်း ထိပ်တိုက်ရင်ဆိုင်ပြီးနောက် လုံယောက်အာမှာ မီတာရာနှင့်ချီပြီး နောက်ပြန်ဆုတ်သွားခဲ့ရသည်။ သူမ၏ လက်သီးမှာလည်း နီရဲသွားလေသည်။

လုံယောက်အာလည်း မယုံကြည်နိုင်သောကြောင့် အံ့အားသင့်နေသော မျက်လုံးများနှင့် သူမ၏ လက်သီးများကို ကြည့်လိုက်သည်။

တစ်ဖက်တွင် ကျွင်းရှောင်ယောက်လည်း ခြေလှမ်းအနည်းငယ် နောက်ပြန်ဆုတ်သွား၏။

သူ၏ မျက်လုံးများကလည်း လေးနက်သွားခဲ့သည်။

နတ်ဘုရားသိုင်းများတွင် သူနှင့်ယှဉ်နိုင်သည့် တားမြစ်ပါရမီရှင်တချို့ အမှန်တကယ် ရှိနိုင်သည်။

သို့ရာတွင် ခန္ဓာကိုယ်ကြံ့ခိုင်မှုမှာတော့ ကျွင်းရှောင်ယောက်ဟာ သူ့ကိုယှဉ်နိုင်သူအား မတွေ့ခဲ့ဖူးပေ။

သို့သော်လည်း ယခုအချိန်တွင် ပထမဆုံးအနေဖြင့် ကျွင်းရှောင်ယောက်အတွက် ခန္ဓာကိုယ်ကြံ့ခိုင်မှုပိုင်းမှာ အသာစီးမရခြင်းကို ကြုံတွေ့ခဲ့ရပြီ ဖြစ်သည်။

ယင်းက လုံယောက်အာ၏ အင်အားကို သက်သေပြရန် လုံလောက်ပေသည်။

ကျွင်းရှောင်ယောက်လည်း ယင်းကို ဝန်ခံခဲ့ရပေသည်။

ကောင်းကင်အသျှင်ခန္ဓာအနေဖြင့် သူမက တကယ်ကို တစ်ခုခု ဖြစ်သည်။

အနည်းဆုံးတော့ ယခင် အသျှင်ခန္ဓာရှန်းဖေးလောက် ပျင်းစရာမရှိပေ။

"နင့်ရဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှုက ဘာဖြစ်လို့ ဒီလောက်တောင် သန်မာနေတာလဲ။ ခြေကျင်းဆယ်ခုကို ချိုးဖြတ်ခဲ့တဲ့ မြင့်မြတ်တဲ့ကိုယ်ခန္ဓာက ဒီလောက်တောင် အစွမ်းထက်တာလား"

လုံယောက်အာ မယုံနိုင်သေးပေ။

သူမက ကျွင်းရှောင်ယောက်ဟာ အချုပ်အနှောင်ကို ချိုးဖြတ်ထား‌သော ရှေးဟောင်းမြင့်မြတ်ခန္ဓာ ဖြစ်ခြင်းကြောင့်ဟုသာ သိသည်။

ကျွင်းရှောင်ယောက်က ခန္ဓာကျမ်းကို လေ့ကျင့်ထားမှန်း သဘာဝအတိုင်း သူမ မသိပေ။

သူ့ခန္ဓာကို အရာအားလုံး၏မိခင်ချီနှင့်လည်း သန့်စင်ထားသောကြောင့် ခန္ဓာဧကရာဇ်ဖြစ်လာရန်ပင် အရည်အချင်းပြည့်မီသည်။

ယင်းက ရိုးရှင်းသော ရှေးဟောင်းမြင့်မြတ်ခန္ဓာထက် အဆပေါင်းများစွာ အားကောင်းပေသည်။

လုံယောက်အာတွင်လည်း ကောင်းကင်အသျှင်ခန္ဓာအပြင် ထိုက်ရွှီရှေး‌နဂါးသွေး၏ အထောက်အပံ့များ ရှိသည်။

သို့ပေသော်ငြား နှိုင်းယှဉ်ကြည့်ရလျှင်တော့ နှစ်ဦးကြားတွင် ကွာဟမှု အနည်းငယ်ရှိသေးသည်။

"မင်းက ထိုက်ရွှီရှေးနဂါးမျိုးနွယ်ဝင်ဖြစ်နေတာ ဝမ်းသာရမယ်။ မဟုတ်လို့ ကောင်းကင်အသျှင်ခန္ဓာတစ်ခုတည်းဖြစ်ရင် ငိုကြွေးရလိမ့်မယ်"

ကျွင်းရှောင်ယောက်က မထီမဲ့မြင် ပြုံးလိုက်သည်။

"နင်ကများ ငါ့ကို နှိမ့်ချဝံ့တယ်။ ငါ လုံယောက်အာက ကောင်းကင်အသျှင်ခန္ဓာပဲ၊ ငါက နင့်ကို ငါ့ခြေထောက်အောက်မှာ နင်းချေဖို့အတွက် ရည်မှန်းထားတာ"

လုံယောက်အာ၏ မျက်နှာက ဒေါသဖြင့် နီရဲလာခဲ့သည်။

သူမက ထိန်းချုပ်မထားတော့ ကောင်းကင်အသျှင်ခန္ဓာကို အပြည့်အဝ ပေါက်ကွဲလိုက်တော့သည်။

"ဝုန်း"

ခရမ်းရောင်စွမ်းအင်နှင့် သွေးများက ကောင်းကင်သို့ ထိုးတက်သွားခဲ့သည်။

လုံယောက်အာ၏ ခရမ်းရောင်မျက်လုံးများက ပို၍ နက်နဲလာခဲ့သည်။ ကောင်းကင်အသျှင်ခန္ဓာကို အသက်သွင်းလိုက်ပြီးနောက် သူမ၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုက တဟုန်ထိုး တိုးတက်လာတော့သည်။

"အသျှင်ခန္ဓာမှာ ပြိုင်ဘက်မရှိဘူး"

လုံယောက်အာက အော်ဟစ်ပြီး လက်သီးချက်များ အဆက်မပြတ် ထုတ်ဖော်လိုက်သည်။ လက်သီးချက်မှ ခရမ်းရောင်အလင်းများက ကောင်းကင်ကို လင်းထိန်စေကာ ဧကရာဇ်သင်္ချိုင်းကြယ်တစ်ခုလုံးကို ခမ်းနားသော ခရမ်းရောင်ကြယ်အဖြစ်သို့ ပြောင်းလဲသွားစေတော့သည်။

ပါရမီရှင်များလည်း ကောင်းကင်ကိုမော့ကြည့်ပြီးနောက် ထိတ်လန့်တုန်လှုပ်သွားကြသည်။

"ဟင်း၊ ကောင်းကင်အသျှင်ခန္ဓာက ကမ္ဘာကြီးကနေ လျှို့ဝှက်နေခဲ့တာ ကြာပြီ။ ဒါပေမဲ့ သူ လှုပ်ရှားတာနဲ့ ကမ္ဘာကြီးကို တုန်လှုပ်စေလိမ့်မယ်လို့ မထင်ထားခဲ့ဘူး"

စကြာဝဠာ၏ နက်နဲသောနေရာတွင် ပုဂ္ဂိုလ်ကြီးတစ်ဦးက သက်ပြင်းတစ်ချက်ချပြီး ပြောလိုက်သည်။

"နောက်ဆုံးတော့ ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်ကို နည်းနည်းလောက် ထိန်းထားနိုင်တဲ့သူတစ်ယောက် ရှိလာပြီ"

နောက်ထပ် လျှို့ဝှက်ဆန်းကြယ်သောတည်ရှိမှုတစ်ခုကလည်း ပြောလိုက်၏။ သူ့ပုံစံအရတော့ ကျွင်းရှောင်ယောက်ကို ကြိုက်ပုံမရပေ။

သစ်ပင်များစွာတို့တွင် မြင့်မားသောသစ်ပင်က လေကြောင့် ဖျက်ဆီးခံရသည်။

ကျွင်းရှောင်ယောက်၏ တိုက်ပွဲ အောင်မြင်မှုများနှင့် သူ၏မှတ်တမ်းက ထူးကဲလွန်းပေသည်။

မျိုးဆက်သစ်လူငယ်ကြားတွင် ပြိုင်ဘက်ကင်းဟုပင် ပြောကြသည်။

ကျွင်းရှောင်ယောက်၏ နက်ရှိုင်းသော နောက်ခံကြောင့်သာ မဟုတ်ပါက အကြိမ်ကြိမ် လုပ်ကြံခံရပြီးလောက်ပြီ။

နောက်ဆုံးတွင် ကျွင်းရှောင်ယောက် ကြီးစိုးနေခြင်းကို မမြင်လိုသော အင်အားစုများစွာ ရှိသည်။

မဟာပုဂ္ဂိုလ်ကြီးများက ဆက်သွယ်ပြောဆိုနေကြချိန်တွင်...

ကျွင်းရှောင်ယောက်က လက်သီးနှင့်ထိုးလိုက်သည်။

ရွှေရောင်ချီနှင့် သွေးစွမ်းအင်များက ကောင်းကင်သို့ ထိုးတက်သွား၏။ စွမ်းအင်များက နဂါးတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားပြီး ကောင်းကင်ယံကို လွှမ်းမိုးလိုက်တော့သည်။

သူကလည်း ရှေးဟောင်းမြင့်မြတ်ခန္ဓာသွေးကို အသက်သွင်းလိုက်သည်။ ထိုအခါ သူ့ခန္ဓာကိုယ်ပေါ်တွင် မရေမတွက်နိုင်သော မြင့်မြတ်ခန္ဓာနတ်ကနုတ်များ စတင် ပေါ်လာတော့သည်။

တစ်ချိန်တည်းမှာပင် လက်သီးကိုဆုပ်ပြီး လမ်းကြောင်းခြောက်သွယ် ဆမ်ဆာရာလက်သီးသိုင်းကို ထုတ်ဖော်လိုက်သည်။

သူ့ခန္ဓာကိုယ်ပေါ်ရှိ ကနုတ်များကလည်း စွမ်းအင်များကို အဆက်မပြတ် စုစည်းလျက်ရှိ၏။ ယင်းက ရှေးဟောင်းမြင့်မြတ်ခန္ဓာကို အပြည့်အဝ ထုတ်ဖော်ခြင်း၏ လက္ခဏာတစ်ခု ဖြစ်တော့သည်။

မြင့်မြတ်သော ကနုတ်များက သူ့လက်သီးရှေ့တွင် စုရုံးကာ လမ်းကြောင်းခြောက်သွယ် ဆမ်ဆာရာလက်သီးဖြင့် ထုတ်ဖော်လိုက်သည်။

တခဏအတွင်း ကောင်းကင်နှင့်မြေပြင်က ပုံပျက်သွားခဲ့သည်။ တောက်ပသော ရွှေရောင်အလင်းများကလည်း လောကတခွင် ပြည့်နှက်သွားသည်။

အဆုံးမဲ့ သန့်စင်သော အလင်းများထဲတွင် ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာခဲ့၏။

သေးသွယ်သော ပုံရိပ်လေးတစ်ခုလည်း အော်ညည်းကာ နောက်ပြန်လွင့်သွားတော့သည်။

All Chapters