← Chapters

အခန်း ၈၀၁

Vol. 54 Ch. 801

အခန်း ၈၀၁

Vol. 54 Ch. 801

အခန်း ( ၈၀၁ ) ကြီးမြတ်သော နတ်သဏ္ဍာန်ကိုးခု၊ မိုးနှင့်မြေကို ဖျက်ဆီးခြင်း၊ မဟာသူတော်စင်ကို သတ်နိုင်တဲ့ နည်းလမ်းမျိုး။

‌ကျွင်းရှောင်ယောက်၏ ခန္ဓာကိုယ်က တုန်ခါပြီး နောက်ကို ဆုတ်သွားခဲ့ရသော်လည်း တည်ငြိန်နေဆဲပင်။

တစ်ဖက်တွင်၊ လုံယောက်အာ၏ နှုတ်ခမ်းထောင့်မှ ခရမ်းရောင်သွေးစတချို့ စီးကျလာခဲ့သည်။

နှစ်ဖက်ကြားမှ ကွာခြားမှုက တစ်ချက်ကြည့်ရုံဖြင့် သိသာထင်ရှားလှပေသည်။

"မဟုတ်သေးပါဘူး၊ အသျှင်ခန္ဓာက ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်နဲ့ ရင်မဆိုင်နိုင်ဘူးလား"

"အဲဒီလိုတော့ မဟုတ်လောပါဘူး၊ အခုလေးတင် ဖြစ်ပေါ်ခဲ့တဲ့ အတက်အကျတွေအရ မဟာသူတော်စင်တောင် ဘာမှမဖြစ်စရာ အကြောင်းမရှိဘူးလေ"

"ဒါက တရားလွန်တယ်"

ပတ်ဝန်းကျင်ရှိ ပါရမီရှင်အားလုံး အံသြသွားကြသည်။

မြင်မြတ်ခန္ဓာနှင့် အသျှင်ခန္ဓာ၏ ယခင်တိုက်ပွဲများမှာ သေခြင်းရှင်ခြင်းကို ရင်ဆိုင်နေရသကဲ့သို့ သွေးသံတရဲရဲနှင့် ရင်ဆိုင်ခဲ့ကြခြင်း ဖြစ်သည်။

ယခုမူကား ခေတ်အဆက်ဆက် ရှားပါးသည့် အသျှင်ခန္ဓာနှင့် ရင်ဆိုင်နေရသည့်တိုင် ကျွင်းရှောင်ယောက်က တည်ငြိမ်နေဆဲပင်။

ထိုအသွင်အပြင်က အလွန်တည်ငြိမ်အေးဆေးသည်။

သူ့ပုံစံက သေခြင်းရှင်ခြင်း ရန်သူတော်ကြီးနှင့် ရင်ဆိုင်နေရသကဲ့သို့ လုံးဝ မဟုတ်ပေ။

တစ်ဖက်တွင်၊ လုံယောက်အာက ဒဏ်ရာအပြင်းအထန်မရှိသော်လည်း ကျွင်းရှောင်ယောက်နှင့်ယှဉ်လျှင် အနည်းငယ် မျက်နှာပန်းမလှသလို ဖြစ်ခဲ့သည်။

"သေစမ်း၊ နင်က မကောင်းဆိုးရွားကြီး"

လုံယောက်အာ၏ ခရမ်းရောင် မျက်လုံးများက ကြောက်ရွံ့မှုဖြင့် ပြည့်နှက်သွားသည်။

ယခင်ကတော့ သူမကိုယ်ကို မကောင်းဆိုးရွားဖြစ်နေပြီဟု ထင်ခဲ့သည်။

ယခုမူကား သူမထက် ပို၍ကြောက်စရာကောင်းသည့် မကောင်းဆိုးရွားမျိုး ပေါ်ထွက်လာခဲ့ပြီ။

သို့သော်လည်း လုံယောက်အာ ပြန်လည်တည်ငြိမ်လာခဲ့သည်။

သူမ၏ သေးငယ်သော ခန္ဓာကိုယ်ကလေးက ခရမ်းရောင်အလင်းများ တောက်ပလာခဲ့၏။

သူမ၏ ခန္ဓာကိုယ်ထဲတွင် သူ့ကိုထောက်ပံ့ပေးနေသည့် နတ်ဘုရားတစ်ပါး ရှိနေသကဲ့သို့ပင်။

သူ့ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများက သာမန်မျက်စိနှင့် မြင်နိုင်သော အရှိန်ဖြင့် ပျောက်ကင်းသွားခဲ့သည်။

အသက်ရှူချိန် အနည်းငယ်မျှသာကြာပြီး ဒဏ်ရာအများစုက သက်သာပျောက်ကင်းသွားတော့သည်။

ဤမြင်ကွင်းက အားလုံးကို အံ့အားသင့်ကာ ပဟေဠိဖြစ်စေခဲ့သည်။

"ထိုက်ရွှီရှေးနဂါးမျိုးနွယ်ရဲ့ ပြန်လည်ကောင်းမွန်နိုင်စွမ်းက ဒီလောက်တောင် မြင့်မားတာလား"

"သူ့မှာ ကောင်းကင်အသျှင်ခန္ဓာရှိရင်တောင် ဒီပြန်လည်ကောင်းမွန်နိုင်စွမ်းက ကြောက်စရာကောင်းလွန်းတယ်။ ဒါက မယုံကြည်နိုင်လောက်အောင်ပဲ"

လူများစွာ အံ့အားသင့်စွာ အော်ဟစ်ရင်း မျက်လုံးများ စူးရှလင်းလက်လာခဲ့သည်။ သူတို့က လုံယောက်အာ၏ အသေးစိတ်အချက်အလက်များကို သိချင်စိတ် ပို၍ပြင်းပြလာတော့သည်။

လုံယောက်အာ၏ ခရမ်းရောင်မျက်လုံးများ နက်နဲသောနေရာက အလင်းရောင် ဖျတ်ခနဲ လက်သွားသည်။

ဤသည်က သူမ၏ ဝှက်ဖဲများထဲမှ တစ်ခုပင်။

ဤဝှက်ဖဲဖြင့် သူမက ပြိုင်ဘက်ကင်းသလောက်ဖြစ်ပြီး ပြင်းထန်စွာ ဒဏ်ရာရသွားလျှင်ပင် ပြန်လည်ကောင်းမွန်လာနိုင်သည်။

သူမကို အလွယ်တကူ ဖိနှိပ်၍ရမည် မဟုတ်ပေ။

"ကျွင်းရှောင်ယောက်၊ နင် တကယ် ရမ်းကားနေတာပဲ။ အခု အရှုံးပေးပြီး ငါ့ရဲ့ သဲအိမ်အဖြစ်နဲ့ အိမ်မွေးကောင်လေးအဖြစ် လက်ခံမယ်ဆိုရင် နင် သက်သာရာရမယ်"

လုံယောက်အာက မျက်နှာကိုချီပြီး ဂုဏ်ယူဝံ့ကြွားစွာ ပြောလိုက်သည်။

သို့သော်၊ ကျွင်းရှောင်ယောက်က အံ့သြခြင်း သို့မဟုတ် ဒေါသထွက်ခြင်းမရှိဘဲ တည်ငြိမ်အေးဆေးပုံရသည်။

အကြောင်းက လုံယောက်အာ၏ ဝှက်ဖဲကို သူမြင်ဖူးသောကြောင့်ပင်။

ဆန့်ကျင်ဘက်အနေဖြင့် ကျွင်းရှောင်ယောက် အနည်းငယ်ပျော်သွားသည်။

အကြောင်းမူကား၊ လုံယောက်အာ၏ ပစ္စည်းများက သူ့ပစ္စည်းများ ဖြစ်လာတော့မည် ဖြစ်သောကြောင့်ပင်။

"ရွံ့စရာကောင်းလိုက်တဲ့ ဒီမိန်းမစုတ်၊ အစ်ကိုရှောင်ယောက်ကို သူ့ အိမ်မွေးကောင်လေးအဖြစ် ဘယ်လိုတောင် ပြောဝံ့တာလဲ"

ကျန်းလော့လီ၏ လှပသော မျက်လုံးများက ဒေါသများ၊ အထင်မြင်သေးမှုများ ပြည့်နှက်သွားသည်။

"ရှောင်ယောက်ကို ယုံပါ၊ သူက ဘယ်တော့မှ စိတ်မပျက်စေဖူးဘူး"

ကျန်းစန်းယီကတော့ မစိုးရိမ်ဘဲ အနည်းငယ် ပြုံးလိုက်၏။

ကျွင်းရှောင်ယောက်၏ ပြိုင်ဘက်က ရန်သူဟောင်း ကောင်းကင်အသျှင်ခန္ဓာဖြစ်သည့်အပြင် ထိုက်ရွှီရှေးနဂါးမျိုးနွယ်၏ ပါရမီရှင်ဖြစ်လျှင်ပင် သူမ လုံးဝယုံကြည်မှုရှိသည်။

ထိုစကားကိုကြားတော့ ကျန်းလော့လီက ရုတ်တရက် ထူးခြားစွာပြုံးရင်း မျက်လုံး အရောင်လက်သွားကာ ပြောလိုက်သည်။

"အစ်မစန်းယီ၊ နောက်ပိုင်း ပြပွဲကောင်းကို စောင့်ကြည့်နေပါ။ အစ်ကိုရှောင်ယောက်က အဲဒီ ကောင်မစုတ်လေးကို သေချာပေါက် အံ့ဩစေလိမ့်မယ်"

"အံ့ဩစရာလား"

ကျန်းစန်းယီ တွေးလိုက်၏။

ကျွင်းရှောင်ယောက်က နောက်ထပ် အခွင့်အလမ်းတစ်ခု ရခဲ့ပါသလော။

ကျန်းလော့လီက ဘာမျှမပြောဘဲ ပြုံးရုံသာ ပြုံးလိုက်သည်။

တိုက်ပွဲထဲတွင်...

လုံယောက်အာ၏ ခြေဗလာ သေးသေးလေးက လေထဲကို နင်းချလိုက်သည်နှင့် လေထု တုန်ခါသွားရသည်။

သူမက အလင်းတန်းတစ်ခုကဲ့သို့ ကျွင်းရှောင်ယောက်ဆီကို တစ်ဖန် ပြေးသွား၏။

သူ့ခန္ဓာကိုယ်ပေါ်မှာလည်း အရာအားလုံးကို အပြင်းအထန် ခုခံနေသကဲ့သို့ ခေါင်းလောင်းကြီးတစ်လုံး၏ ပုံရိပ် ထွက်ပေါ်လာတော့သည်။

ကြီးမြတ်သော နတ်သဏ္ဍာန်ကိုးခု၊ တာအိုခန္ဓာ မဟာခေါင်းလောင်း။

"ဒါက အသျှင်ခန္ဓာရဲ့ အဆုံးစွန်နည်းလမ်း၊ ကြီးမြတ်တဲ့ နတ်သဏ္ဍာန်ကိုးခုထဲက တစ်ခုပဲ"

ပါရမီရှင်တစ်ဦးက ပြောလိုက်သည်။

နောက်ဆုံးတွင် လုံယောက်အာက သူမ၏ အသျှင်ခန္ဓာ အဆုံးစွန်နည်းလမ်းကို ထုတ်ဖော်ခဲ့ပြီ ဖြစ်သည်။

ကြီးမြတ်သောနတ်သဏ္ဍာန်ကိုးခု တပြိုင်နက်တည်း ပေါ်လာပါက ကမ္ဘာပေါ်ရှိ အရာအားလုံးကို ချေမှုန်းနိုင်သည်ဟု ဆိုကြသည်။

ဤအခိုက်တွင်၊ လုံယောက်အာက တာအိုခန္ဓာ မဟာခေါင်းလောင်းကို ထုတ်ဖော်လိုက်ရာ ခေါင်းလောင်းလှိုင်းကြောင့် ကောင်းကင်က ပြိုကျသွားတော့သည်။

ယင်းကိုမြင်တော့ ကျွင်းရှောင်ယောက်က ခြေတစ်ချက်လှမ်းလိုက်သည်။ သူတော်စင်များစွာတို့ အရိုအသေပေးနေသည့်ပုံရိပ်များ သူ့ပတ်ဝန်းကျင်တွင် ပေါ်လာခဲ့၏။

ရှေးဟောင်းမြင့်မြတ်ခန္ဓာ၏ သဘာဝရူပါရုံ၊ သူတော်စင်တစ်သောင်း အရိုအသေပေးခြင်း။

ကြောက်မက်ဖွယ်ကောင်းသော ဖိအားက လုံယောက်အာ၏ ခွန်အားကို လျော့ကျသွားစေခဲ့သည်။

"ဝုန်း"

နှစ်ယောက်သား ထပ်မံ တိုက်မိသွား၏။

ဤတစ်ခါတော့ ပို၍ ကြမ်းတမ်းလာတော့သည်။

ကျွင်းရှောင်ယောက်က လုံယောက်အာ၏ ခန္ဓာကိုယ်ပေါ်ရှိ ခေါင်းလောင်းပုံရိပ်ကို လက်ဝါးဖြင့် ရိုက်ချလိုက်ရာ ကျယ်လောင်သော ပေါက်ကွဲသံနှင့် အသံလှိုင်းများ ထွက်ပေါ်လာခဲ့သည်။

လုံယောက်အာ၏ ခန္ဓာကိုယ်က တုန်ခါသွားသော်လည်း ပြင်းပြင်းထန်ထန် ဆက်လက် တိုက်ခိုက်လိုက်၏။ သူမက နတ်ခွန်ပန်သဏ္ဍာန်ကိုထုတ်ဖော်ကာ တိုက်ခိုက်လိုက်သည်။

ပုံရိပ်ယောင် ခွန်ပန်ပုံရိပ်တစ်ခု ထွက်ပေါ်လာပြီး အလွန်ကြီးမားသော လေဟာပြင်ကို လွှမ်းခြုံသွားတော့သည်။

"ခွန်ပန်နတ်ဘုရားပုံစံ၊ မင်းက ပညာရှင်ရှေ့မှာ ပညာပဖို့ ကြိုးစားနေတဲ့ ငချွတ်ကလေးပဲ"

ယင်းကိုမြင်တော့ ကျွင်းရှောင်ယောက်က ခပ်တိုးတိုး ရယ်မောလိုက်သည်။

သူက ခွန်ပန် မဟာနတ်ဘုရားသိုင်း ထုတ်ဖော်ကာ လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်သည်။

အလွန်ကြီးမားသော ခွန်ပန်ပုံရိပ်တစ်ခု ထွက်ပေါ်လာ၏။ ၎င်း၏အမြီးကို ခါထုတ်လိုက်သည်နှင့် ထောင်သောင်းချီသော ကမ္ပည်းများ ထွက်ပေါ်လာကာ ဟင်းလင်းပြင်ကို အက်ကွဲသွားစေခဲ့သည်။

စစ်မှန်သော ခွန်ပန်၏ မဟာနတ်ဘုရားသိုင်းရှေ့တွင် အသျှင်ခန္ဓာ၏ နတ်ခွန်ပန်က ထိုမျှသာ ဖြစ်သည်။

လုံယောက်အာ အံကိုတင်းတင်းကြိတ်လိုက်၏။ သူမက အလျှော့မပေးလိုသေးဘဲ အသျှင်ခန္ဓာ၏ရူပါရုံကို ဆက်လက် ထုတ်ဖော်လိုက်သည်။

အစစ်အမှန် နဂါးကြီးတစ်ကောင် ထွက်ပေါ်လာပြီး နဂါးဟိန်းဟောက်သံဖြင့် ကောင်းကင်ကို ပြိုကျသွားစေခဲ့ပေသည်။

ထို့နောက်တွင် နတ်ဖီးနစ်တစ်ကောင် ထွက်ပေါ်လာပြီး ဓားကဲ့သို့ အတောင်များဖြင့် ဟင်းလင်းပြင်ကို အလွှာလိုက် လှီးဖြတ်သွားခဲ့သည်။

ယင်းက အစစ်အမှန်နဂါး နဂါးဓမ္မခန္ဓာနှင့် နတ်ဖီးနစ်အမွှေးပင်။

ယင်းကိုမြင်တော့ ကျွင်းရှောင်ယောက်က လက်တစ်ဖက်နှင့် ခွန်ပန် မဟာနတ်ဘုရားသိုင်းကို ထုတ်ဖော်လိုက်သည်။ ‌နောက်လက်တစ်ဖက်ကတော့ မိုးကြိုးဧကရာဇ်၏ မဟာနတ်ဘုရားသိုင်းကို အသုံးပြုလိုက်၏။

သူ့နောက်တွင်၊ နတ်အလင်းများ တောက်ပနေပြီး သန့်စင်သောအလင်းက လွှမ်းခြုံသွားတောာ့သည်။

ကြီးကျယ်ခမ်းနားသော အင်မော်တယ် ရုပ်သွင်တစ်ခုလည်း ထွက်ပေါ်လာခဲ့သည်။

ယင်းက ရှေးဟောင်းမြင့်မြတ်ခန္ဓာ၏ သဘာဝရူပါရုံ၊ အင်မော်တယ်ဘုရင် လင်းကျိုးထျန်းပင်။

အင်မော်တယ်ဘုရင် လင်းကျိုးထျန်းက နတ်ဘုရားသိုင်းများကို အထောက်အပံ့ပေးခဲ့သည်။

ကျွင်းရှောင်ယောက်၏ ခွန်ပန်မဟာနတ်ဘုရားသိုင်းနှင့် မိုးကြိုးဧကရာဇ်၏ မဟာနတ်ဘုရားသိုင်းက ပို၍ အားကောင်းလာခဲ့ပေသည်။

ဤနယ်မြေ၏ ဟင်းလင်းပြင်တစ်ခုလုံးက ပြိုကျလုနီးပါး တုန်ခါနေခဲ့သည်။

ပြင်းထန်စွာ ထိပ်တိုက်တွေ့ဆုံခြင်းကြောင့် ထွက်ပေါ်လာသော အားလှိုင်းများက ပတ်ဝန်းကျင်ကို ဖုံးလွှမ်းသွားတော့သည်။

"ငါ နင့်ကို မဖိနှိပ်နိုင်ဘူးဆိုတာ မယုံဘူး"

လုံယောက်အာက အံကိုတင်းတင်းကြိတ်ပြီး သူမ၏ သဘာဝရူပါရုံများကို ထပ်မံ ထုတ်ဖော်လိုက်သည်။

ပိရှိုးနတ်ဘုရား၊ စွမ်နိနတ်ဘုရားပုံရိပ် စသည်တို့ကိုလည်း လုံယောက်အာမှ ထုတ်ဖော်ခဲ့၏။

နောက်ဆုံးတွင်၊ လုံယောက်အာက ကောင်းကင်ကို ဖျက်ဆီးတော့မည်ကဲ့သို့ ကြောက်မက်ဖွယ် စွမ်းအားမျိုးဖြင့် နတ်သဏ္ဍာန်ကိုးခုစလုံးကို တပြိုင်နက်တည်း ထုတ်ဖော်လိုက်တော့သည်။

"တကယ်ကို သူက နတ်သဏ္ဍာန်ကိုးခုစလုံး ပြည့်စုံအောင် လေ့ကျင့်နိုင်ခဲ့တာပဲ"

ဤအခိုက်အတန့်တွင် လုံယောက်အာ၏ ပေါက်ကွဲမှုက အားလုံးကို တုန်လှုပ်စေခဲ့သည်။

ကောင်းကင်အသျှင်ခန္ဓာတွင် အထင်ရှားဆုံးက နတ်သဏ္ဌာန်ကိုးခု ဖြစ်သည်။

ယင်းက ကောင်းကင်အသျှင်ခန္ဓာ၏ အဆုံးစွန် တားမြစ်နည်းလမ်းတစ်ခုလည်း ဖြစ်၏။

နတ်သဏ္ဌာန်တစ်ခုကပင် ပြိုင်ဘက်ကင်းသော လူသတ်ကွက်တစ်ခု ဖြစ်နေပြီ။

နတ်သဏ္ဌာန်ကိုးခုကို ပေါင်းစပ်လိုက်ပါက တကယ်ကို ပြိုင်ဘက်ကင်းပြီး ရန်သူအားလုံးကို ဖိနှိပ်သတ်ဖြတ်နိုင်သည်။

သို့ရာတွင်၊ ချူထျန်းပါ့ဖြစ်စေ... ကျွင်းရှောင်ယောက် ကြုံတွေ့ခဲ့ရသော မပြည့်စုံသည့် အသျှင်ခန္ဓာ သို့မဟုတ် အသျှင်ရှန်းဖေးပင် ဖြစ်စေ။

ပြီးပြည့်စုံသော နတ်သဏ္ဌာန်ကိုးမျိုးတို့ကို မည်သူမျှ မလေ့ကျင့်နိုင်ခဲ့ပေ။

ယခုမူ၊ လုံယောက်အာက နတ်သဏ္ဌာန် ကိုးမျိုးလုံးကို ထုတ်လွှတ်လိုက်ပြီ ဖြစ်သည်။

ယင်းက ကြောက်စရာကောင်းလွန်းလှပေသည်။

ဤနတ်သဏ္ဍာန်ကိုးမျိုးဖြင့် လုံယောက်အာက အဆုံးစွန်ရှေးဟောင်းလမ်းကို အလျားလိုက် တွန်းနိုင်ကာ အထွတ်အမြတ် တားမြစ်ပါရမီရှင်များကိုပင် ကြောက်ရွံ့စေနိုင်သည်။

ဤအခိုက်တွင် နတ်သဏ္ဍာန်ကိုးခုက တပြိုင်နက်တည်း ထွက်ပေါ်လာရာ ကမ္ဘာကြီးက အမျိုးမျိုးသော ခရမ်းရောင် နတ်အလင်းများဖြင့် ပြည့်နေတော့သည်။

ထူးကဲသည့် မြင်ကွင်းအမျိုးမျိုး၊ ရှေးခေတ်ကြယ်များ၊ နေနှင့်လ လှည့်ပတ်မှု၊ သက်ရှိအားလုံး၏ ပြောင်းလဲမှုများ ထင်ရှားပေါ်လွင်လာ၏။

မြင်ကွင်းက အလွန်ကြောက်စရာကောင်းပြီး စကြဝဠာကြီး ပေါက်ကွဲလုမတတ် ဖြစ်သွားခဲ့ပုံရလေသည်။

လုံယောက်အာ၏ သေးငယ်ပြီး လှပသော ခန္ဓာကိုယ်က ကြီးစိုးသောအလင်းများ ထုတ်လွှတ်နေခဲ့သည်။

သို့သော်လည်း ဤအခိုက်တွင် သူမ၏ နူးညံ့သိမ်မွေ့ပြီး ချစ်စဖွယ်ကောင်းသော အသွင်အပြင်ကိုကြည့်ပြီး မည်သူမျှ လျှော့မတွက်ဝံ့ပေ။

ထိုသူမှာ ချစ်စရာကောင်းသော လော့လီပုံစံလေးနှင့် ကြောက်စရာကောင်းသည့် ကောင်းကင်အသျှင်ခန္ဓာ ဖြစ်သည်။

"နတ်သဏ္ဍာန်ကိုးခု၊ ကောင်းကင်ဘုံကို အပြစ်ပေးလော့"

လုံယောက်အာက အော်ဟစ်လိုက်သည်။

ဧကရာဇ်သင်္ချိုင်းကြယ်တစ်ခုလုံး တုန်လှုပ်သွား၏။

ကြယ်မျက်နှာပြင်ပေါ်တွင် လွင့်မျောနေသော ကမ္ပည်းများ ထွက်ပေါ်လာတော့သည်။

ယင်းက လုံယောက်အာ၏ လှုပ်ရှားမှုကြောင့် ဧကရာဇ်သင်္ချိုင်းကြယ်၏ နိယာမများ ပေါ်လွင်လာရခြင်း ဖြစ်သည်။

ထိုမြင်ကွင်းက ပတ်ဝန်းကျင်မှ ပါရမီရှင်အားလုံးကို အံ့အားသင့်စေခဲ့ပေသည်။

ဧကရာဇ်သင်္ချိုင်းကြယ်၏ နိယာမများကိုပင် ပေါ်လာစေနိုင်သောကြောင့် လုံယောက်အာ၏ ဤလှုပ်ရှားမှုက အလွန်အားကောင်းသည်ဟု ဆိုနိုင်သည်။

ယင်းက အဆင့်ကိုးခု၏ ကန့်သတ်ချက်ကိုပင် ကျော်လွန်သွားခဲ့ပြီ။

တစ်နည်းဆိုရသော်၊ အဓိပဓိတစ်ပိုင်းအောက်မှ မည်သူအတွက်မဆို အန္တရာယ်တစ်ခု ဖြစ်နေပြီ ဖြစ်သည်။

တန်ခိုးကြီးသော သူတော််စင်သခင်ပင် လျစ်လျူရှု၍ မရပါ။

နတ်သဏ္ဍာန်ကိုးခုက ကျွင်းရှောင်ယောက်ကိုဝန်းရံကာ ကမ္ဘာကြီးကို အရည်ပျော်ပြီး ဘာမျှ မကြွင်းကျန်တော့သည်အထိ ပြောင်းလဲပစ်ရန် ကြိုးစားလိုက်သည်။

ကျွင်းရှောင်ယောက်၏ မျက်လုံးများက လေးနက်သော အကြည့်တစ်ခု ပေါ်လာခဲ့၏။

ဤလှုပ်ရှားမှုက မဟာသူတော်စင်တစ်ပါးကို သေချာပေါက်သတ်နိုင်သည်။

All Chapters