အခန်း ၈၀၃
Vol. 54 Ch. 803
အခန်း ( ၈၀၃ ) လွန်လွန်ကျူးကျူး စော်ကားခြင်း၊ အသျှင်ခန္ဓာ ဒေါသထွက်လွန်းလို့ ငိုပြီ။
ကမ္ဘာကြီးက တိတ်ဆိတ်နေသည်။
အသံအားလုံး ပျောက်ကွယ်သွားပုံရ၏။
မည်သူမျှ အသံမထွက်တော့ပေ။
ဟင်းလင်းပြင် အက်ကြောင်းအတွင်းမှ ထွက်လာသော အဖြူရောင်ဝတ်စုံဝတ် ရုပ်သွင်ကိုကြည့်ရင်း...
လူတိုင်း အိပ်မက်မက်နေသလို ခံစားလိုက်ရလေသည်။
"ကျွင်းရှောင်ယောက်က ဘယ်လိုလုပ်ပြီး နှစ်ယောက်ဖြစ်နေရတာလဲ"
"မင်း စိတ်တွေပျံ့နေတာပဲ၊ အခုလေးတင် အသျှင်ခန္ဓာ တိုက်ခိုက်ခဲ့သူက ဓမ္မခန္ဓာတစ်ခုဆိုတာ သိသာထင်ရှားနေပြီကို"
"မင်း ပြောချင်တာက အခုလေးတင် ကောင်းကင်အသျှင် တိုက်ခိုက်ခဲ့တာ ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်ရဲ့ ဓမ္မခန္ဓာတစ်ခုပေါ့"
တစ်ယောက်က ခြောက်ကပ်ကပ်လေသံဖြင့် ပြောရင်း တံတွေးကို မျိုချလိုက်သည်။
"ဒီလိုပဲဖြစ်သင့်တယ်။ မမေ့နဲ့ဦးနော်၊ ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်က ဓမ္မခန္ဓာနဲ့တောင် ကူတိကျစ်ရဲ့ မင်္ဂလာပွဲမှာ ကမောက်ကမဖြစ်အောင် လုပ်ခဲ့တာ"
ထိုစကားကိုကြားမှ အားလုံး သတိပြန်ဝင်လာခဲ့ကြသည်။
ကျွင်းရှောင်ယောက်က ဤသို့လုပ်တာ ဒါပထမဆုံးအကြိမ် မဟုတ်ပေ။
ကူတိကျစ်၏ မင်္ဂလာပွဲတွင် ဓမ္မခန္ဓာက ကြမ်းတမ်းခဲ့ပြီး အင်မော်တယ်မျိုးရိုး၏ အမွေခံလေးဦးကို တစ်ယောက်တည်း ဆန့်ကျင်ခဲ့သည်။
နောက်ဆုံးတော့ သတို့သမီး နတ်သမီးယွမ်ကို ခေါ်သွားခဲ့လေသည်။
ယင်းက ကူတိကျစ်ကို မျက်နှာပျက်စေကာ လူအများ၏ ဟာသအဖြစ် ယခုထိတိုင် သတ်မှတ်ခံခဲ့ရသည်။
ယခုလည်း ကျွင်းရှောင်ယောက်က တူညီသောလှည့်ကွက်ကို ထပ်မံ ပြုလုပ်သွားခဲ့ပြီ။
သို့သော်လည်း ကျွင်းရှောင်ယောက်က အသျှင်ခန္ဓာကိုတိုက်ခိုက်ရန် သူ၏ ဓမ္မခန္ဓာကို စေလွှတ်ခဲ့မည်ဟု မည်သူမျှ ထင်မှတ်ထားမည် မဟုတ်ပါ။
ယင်းက မထီမဲ့မြင်ပြုခြင်း မဟုတ်တော့ပေ။
ထိုအစား လုံးဝ အထင်မြင်သေးခြင်း ဖြစ်သည်။
လွန်ခဲ့သည့် ခေတ်များစွာတွင်၊ ရှေဟောင်းမြင့်မြတ်ခန္ဓာနှင့် အသျှင်ခန္ဓာ၏ တိုက်ပွဲက ကြမ်းတမ်းရက်စက်သည့် သေခြင်းရှင်ခြင်း တိုက်ပွဲများချည်းသာ ဖြစ်သည်။
ထိုပွဲများတွင်လည်း မြင့်မြတ်ခန္ဓာ၏ နိုင်ပွဲအရေအတွက်က အသျှင်ခန္ဓာထက် ပို၍ နည်းပေသည်။
ရလဒ်အနေဖြင့် ယခုတော့ အသျှင်ခန္ဓာဟာ ကစားခံနေရပြီ ဖြစ်သည်။
လုံယောက်အာမှာ ကျွင်းရှောင်ယောက်၏ ဓမ္မခန္ဓာကို တချိန်လုံး တိုက်ခိုက်နေခဲ့သည်။
ကျွင်းရှောင်ယောက် အစစ်ကတော့ ပရိသတ်တစ်ဦးကဲ့သို့ လူအုပ်ကြားတွင် ပုန်းအောင်းနေခဲ့ပေသည်။
ယင်းက ပြဿနာကြီးမဟုတ်သော်လည်း စော်ကားပစ်လိုက်ခြင်း ဖြစ်သည်။
ထို့အပြင် စော်ကားခံရသူက လုံယောက်အာတစ်ဦးတည်း မဟုတ်ပါ။
ဧကရာဇ်သင်္ချိုင်းထက် ကြယ်ကောင်းကင်၏ နက်နဲသောအရပ်တွင်...
လုံယွမ်လည်း အံ့အားသင့်သွားသည်။ အိုမင်းသော သူ့မျက်နှာက အကြိမ်ကြိမ် ရိုက်ခံရသကဲ့သို့ ပူလောင်နေတော့သည်။
ကောင်းကင်အသျှင်သခင်နယ်ပယ် ကျွမ်းကျင်သူတစ်ယောက်အနေဖြင့် ဤသို့သော အရှက်ရမှုကို မခံစားရသည်မှာ ကြာခဲ့ပြီ ဖြစ်သည်။
ယခင်ကတော့ သူ ကောင်းမွန်စွာ ပြုစုပျိုးထောင်ခဲ့သောကြောင့် ကျွင်းရှောင်ယောက်ကို ဖိနှိပ်နိုင်သော မကောင်းဆိုးရွား ပါရမီရှင်တစ်ဦးကို မွေးထုတ်ပေးနိုင်ပြီဟု တွေးကာ ဝမ်းသာခဲ့ပေသည်။
ယခုတော့ ရလဒ်မှာ...
လုံယွမ် ခံစားနေရသည်။
အမှောင်ထဲတွင် ပုန်းကွယ်နေသော ပုဂ္ဂိုလ်ကြီးတချို့က သူ့ကို လှောင်ပြောင်သရော်သော အမူအရာဖြင့် ကြည့်နေကြ၏။
ယင်းက ရှက်စရာပင်။
သူ၏မျက်နှာနှင့် ထိုက်ရွီရှေးနဂါးမျိုးနွယ်အပြင် အသျှင်မျိုးရိုး၏ မျက်နှာလည်း လုံးဝ ပျက်သွားခဲ့ရသည်။
လုံယောက်အာ အချိန်အတော်ကြာအောင် တိုက်ခိုက်နေသော ကျွင်းရှောင်ယောက်က ဓမ္မခန္ဓာတစ်ခု ဖြစ်နေသည်။ ယင်းက ဘယ်အဓိပ္ပာယ်နည်း။
လုံယွမ် တစ်ခုခုကို ခံစားလိုက်ရသည်။ အသျှင်ဘိုးဘေးနန်းတော်မှ လူတချို့က ဤမြင်ကွင်းကို မြင်ရပြီးနောက် သည်းမခံနိုင်တော့ပုံပင်။
ဧကရာဇ်အဆင့် အခွင့်အလမ်းနေရာတွင်...
ပါရမီရှင် အားလုံးက ကြက်သေသေနေဆဲ ဖြစ်သည်။
ကျန်းစန်းယီလည်း သက်ပြင်းရှည်ကြီးမှုတ်ထုတ်ပြီး ကျန်းလော့လီကို ကြည့်ကာ ပြောလိုက်သည်။
"လော့လီ၊ ဒါက မင်းပြောတဲ့ အံ့သြစရာပဲလား"
"ဟုတ်ပါတယ်၊ ဒါက အစ်ကိုရှောင်ယောက်ရဲ့ အံ့သြစရာပဲ"
ကျန်းလော့လီ၏ မျက်လုံးလေးများက ဝင်းလက်နေကာ ပြုံးလိုက်သည်။
သူမ၏စိတ်ထဲတွင် ကျွင်းရှောင်ယောက်ကို ပို၍ သဘောကျလာတော့သည်။
ဤသို့သော လှည့်စားမှုမျိုးက...
လုံယောက်အာ၏ ငယ်ရွယ်နုနယ်သော နှလုံးသားကို တုန်လှုပ်သွားစေခဲ့သည်။
ပါရမီရှင်များစွာ၏ မျက်လုံးများက လုံယောက်အာဆီသို့ ကျရောက်လာခဲ့လေသည်။
အမှန်အတိုင်းပြောရလျှင်၊ ဤအခြေအနေမျိုးမှာ မည်သူမဆို စိတ်ဓာတ်များ ပြိုလဲသွားနိုင်သည်။
မျှော်လင့်ထားသည့်အတိုင်းပင်၊ လုံယောက်အာက သူမ၏လက်သီးကို တင်းတင်းဆုပ်ထားသည်။ မငိုမိအောင် အတင်းအကျပ် ထိန်းထားသကဲ့သို့ သူမ၏ ခန္ဓာကိုယ်ကလေးမှာ အနည်ငယ် တုန်ခါလျက် ရှိ၏။
လုံယောက်အာ၏ ခရမ်းရောင်မျက်လုံးများမှ ရေမှုန်လေးများ ရှိနေသည်ကို သတိပြုမိတော့ ပါရမီရှင်များ အံ့ဩသွားတော့သည်။
"ဒါက... ဒေါသထွက်လွန်းလို့ ငိုနေတာလား"
အားလုံး အံ့အားသင့်သွားသည်။
ကြီးကျယ်ခမ်းနားသော ကောင်းကင်အသျှင်ခန္ဓာမှာ ဒေါသထွက်လွန်း၍ ငိုကြွေးတော့မည်။
ဤအကြောင်းများမှာ “ခေတ်အဆက်ဆက် ဇာတ်လမ်းကောင်း”တစ်ခုအဖြစ် ထာဝရ လက်ဆင့်ကမ်းသွားတော့မည်မှာ သေချာသည်။
"ကျွင်းရှောင်ယောက်... ကျွင်းရှောင်ယောက်၊ နင်..."
လုံယောက်အာက အံကိုတင်းတင်းကြိတ်ရင်း ရေရွတ်လိုက်သည်။
ဤကမ္ဘာကြီးက မည်မျှ အန္တရာယ်ကြီးမှန်း ယခုမှသာ သူ နားလည်ခဲ့သည်။
လူများ၏ နှလုံးသားက ဘယ်လောက်တောင် ဆိုးရွားလှသနည်း။
ဤလှည့်ကွက်များက ရိုးသားပြီး အပြစ်ကင်းစင်သော သူမ၏ နှလုံးသားကို ပြင်းထန်စွာ ရိုက်ခတ်ခဲ့သည်။
အထူးသဖြင့် ယခင်က၊ လုံယောက်အာဟာ ရှေးယခင် မြင့်မြတ်ခန္ဓာများအကြောင်း ကြားဖူးနားဝဖြင့် ကျွင်းရှောင်ယောက်၏ ရှေးဟောင်းမြင့်မြတ်ခန္ဓာကို အမှိုက်အဖြစ် လှောင်ပြောင်ရယ်မောခဲ့သည်။
ရလဒ်အနေဖြင့် ယခုတော့...
လူရွှင်တော်က ကိုယ်ကိုယ်တိုင်သာ ဖြစ်ခဲ့ပြီ။
လုံယောက်အာ အမှန်တကယ် ငိုချင်နေခဲ့သည်။ ဤကမ္ဘာကြီးက ရက်စက်လွန်းပေသည်။
အနားမှာ အပြင်လူများ မရှိပါက လုံယောက်အာ အော်ငိုမိမည်မှာ သေချာသည်။
တချိန်တည်းမှာပင် သူမ၏ နှလုံးသားထဲမှာ ဒေါသများ ပို၍ ကြီးမားလာသည်။
ကျွင်းရှောင်ယောက်ကို သူမ ဒေါသထွက်သွားပြီ။
"မင်း အခု ငိုနေပြီလား။ စိတ်မကောင်းပါဘူး၊ အခုက ငိုဖို့ အချိန်မကျသေးဘူး"
ကျွင်းရှောင်ယောက်က လျစ်လျူရှုစွာ ပြုံးလိုက်သည်။
သူ့လက်ကို မြှောက်ပြီး လက်ညိုးညွှန်ပြလိုက်၏။
"ဝာားမြစ်အင်မော်တယ် စတုတ္တတံဆိပ်၊ တံဆိပ်ခတ်လော့"
ကျွင်းရှောင်ယောက်၏ ဓမ္မခန္ဓာ ပေါက်ကွဲသွားသည့်နေရာမှ လှုပ်ရှားနေသော ရူပါရုံ မြင်ကွင်းများနှင့် ကမ္ပည်းများ ချက်ချင်း စုရုံးလာခဲ့သည်။
၎င်းက အားကောင်းသော ဟင်းလင်းပြင်ကို ပိတ်လှောင်နိုင်သည့် စွမ်းအားအဖြစ် ပြောင်းလဲသွား၏။ ယင်းမှာ တားမြစ်အင်မော်တယ် စတုတ္တတံဆိပ် ဖြစ်တော့သည်။
ကျွင်းရှောင်ယောက်၏ ဓမ္မခန္ဓာထဲတွင် တားမြစ်အင်မော်တယ် စတုတ္တတံဆိပ်၏ စွမ်းအားများက လျှို့ဝှက်တည်ရှိနေခဲ့သည်။
လုံယောက်အာလည်း ကျွင်းရှောင်ယောက်ကို ဤလှည့်ကွက်မျိုးအား ဖုံးကွယ်ထားဦးမည်ဟု ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ပေ။
သူမ၏ ခန္ဓာကိုယ်က ရေခဲနေသော ပိုးကောင်လေးကဲ့သို့ လေထဲတွင် တိုက်ရိုက်အေးခဲသွားခဲ့သည်။
ဤချုပ်နှောင်မှုမျိုးကို လုံယောက်အာက ခဏချင်း ဖြိုဖျက်ပစ်နိုင်သည်။
သို့ရာတွင် ယခုက တိုက်ပွဲအတွင်းမှာဖြစ်ပြီး စက္ကန့်တိုင်းက အရေးကြီး၏။
ကျွင်းရှောင်ယောက်က အေးစက်စက် တစ်ချက်ပြုံးပြီးနောက် တိုက်ရိုက် လှုပ်ရှားတော့သည်။
သူက လှုပ်ရှားသည်နှင့်တပြိုင်နက်၊ အားကောင်းသော ကောင်းကင်အားလုံး၏ သေခြင်းရှင်ခြင်းဘီးကို ထုတ်ဖော်လိုက်သည်။
ကျွင်းရှောင်ယောက်၏လက်တွင် သေခြင်းရှင်ခြင်းစွမ်းအားက လည်ပတ်နေသကဲ့သို့ အားကောင်းလှပေသည်။
လုံယောက်အာက မလှုပ်ရှားနိုင်သော်လည်း၊ သူမ ထုတ်ဖော်ထားသော နတ်သဏ္ဍာန်ကိုးခုက အလိုအလျောက် လှုပ်ရှားလာသည်။ ၎င်းက သခင်ကို ကာကွယ်ပေးနေသကဲ့သို့ ခရမ်းရောင်အလင်းများဖြင့် တောက်ပနေသော ဖရိုဖရဲစကြာဝဠာကြီးတစ်ခုလို ပြောင်းလဲသွားတော့သည်။
ကျွင်းရှောင်ယောက်က ရှေးဟောင်းမြင့်မြတ်ခန္ဓာ၏ ရူပါရုံလေးခုကို ထုတ်ဖော်လိုက်သည်။ တချိန်တည်းမှာပင် ကောင်းကင်အားလုံး၏ သေခြင်းရှင်ခြင်းဘီးက ပေါက်ကွဲထွက်လာခဲ့၏။
ဤသည်က ကျွင်းရှောင်ယောက်၏ ဓမ္မခန္ဓာမဟုတ်မှန်း သိထားကြရမည် ဖြစ်သည်။
ထိုစွမ်းအားက တုနှိုင်းမရနိုင်တော့ပေ။
ရှေးဟောင်းမြင့်မြတ်ခန္ဓာ၏ ရူပါရုံလေးခုက အလွန်အားကောင်းပြီး နတ်သဏ္ဍာန်ကိုးပါးကို တွန်းလှန်နိုင်သည်။
ထို့နောက် ကောင်းကင်အားလုံ၏ သေခြင်းရှင်ခြင်းဘီးက လုံယောက်အာကို အဆက်မပြတ် ထိုးနှက်လိုက်၏။
"ဝုန်း"
ဟင်းလင်းပြင်က အက်ကွဲသွားခဲ့သည်။
လုံယောက်အာ၏ ခန္ဓာကိုယ်ကလေးက ပြင်းပြင်းထန်ထန် ဆုတ်ခွာသွားရ၏။ ပါးစပ်တွင်းမှ သွေးများအန်ထွက်ကာ မျက်နှာလေးမှာလည်း အလွန်ဖြူဖပ်ဖြူရော် ဖြစ်နေတော့သည်။
သူမ၏ ခန္ဓာကိုယ်က ပေါက်ကွဲတော့မည်ကဲ့သို့ အရေပြားများ အက်ကွဲသွားခဲ့သည်။
သူဟာ ကျွင်းရှောင်ယောက်၏ အင်အားအပြည့် တိုက်ခိုက်ခြင်းကို ခံလိုက်ရ၏။
ကောင်းကင်အသျှင်ခန္ဓာနှင့် ထိုက်ရွှီရှေးနဂါးသွေး ရှိထားသော်လည်း မထိန်းနိုင်ဘဲ ပြင်းထန်စွာ ဒဏ်ရာရရှိသွားတော့သည်။
တားမြစ်အင်မော်တယ် စတုတ္ထတံဆိပ်လည်း အမှန်တကယ် ကျိုးပေါက်သွားခဲ့သည်။
ကျွင်းရှောင်ယောက်၏ မျက်လုံးများကတော့ သနားခြင်းအရိပ်အယောင်မျှပင် မရှိပေ။
လုံယောက်အာ၏ အသွင်ပြင်က လှည့်စားနိုင်လွန်းသော်လည်း သူမသည် ရန်သူဟောင်းတစ်ဦးဖြစ်၍ ကျွင်းရှောင်ယောက်ဟာ သဘာဝအတိုင်း သက်ညှာလိမ့်မည် မဟုတ်ချေ။
သူက ကြမ်းတမ်းခက်ထန်သော နည်းလမ်းမျိုးကို အသုံးပြုကာ အဆက်မပြတ် တိုက်ခိုက်နေခဲ့သည်။
လုံယောက်အာ ပြင်းထန်စွာ ဒဏ်ရာရရှိပြီး ခံနိုင်ရည်ရှိရုံမျှသာ ရှိခဲ့လေသည်။
သို့သော်လည်း သူမ၏ ခန္ဓာကိုယ်အတွင်းမှ နတ်တေးသံများ ထွက်လာပြီးနောက် ဒဏ်ရာများမှာ လျင်မြန်စွာ ပြန်လည်ကောင်းမွန်လာခဲ့သည်။
သို့တိုင် ကျွင်းရှောင်ယောက်က သူ့ကို လုံးဝ ဖိနှိပ်ထားသေးသည်။
သူ့ရှေ့မှ မြင်ကွင်းကိုကြည့်ရင်း ပတ်ဝန်းကျင်မှ ပါရမီရှင်အားလုံး အံ့ဩသွားခဲ့သည်။
ကျွင်းရှောင်ယောက်၏ နည်းလမ်းများကြောင့်လည်း အံ့ဩသွားကြ၏။
ရှေးဦးစွာ သူက လုံယောက်အာကို တိုက်ခိုက်ရန် သူ၏ ဓမ္မခန္ဓာကို အသုံးပြုခဲ့သည်။ ထိုဓမ္မခန္ဓာဖြင့် တစ်ဖက်လူ၏ ဝှက်ဖဲတစ်ခုဖြစ်သော နတ်သဏ္ဍာန်ကိုးခုကို ထုတ်ဖော်စေခဲ့ပေသည်။
ထို့နောက် ဓမ္မခန္ဓာတွင် တားမြစ်အင်မော်တယ် စတုတ္ထတံဆိပ်ကို ဝှက်ထားကာ လုံယောက်အာကို ချုပ်နှောင်ပြီး ကြီးမားသောအင်အားဖြင့် ဖိနှိပ်တိုက်ခိုက်ခဲ့သည်။
သူ၏ ခြေလှမ်းတိုင်းက အနိုင်ယူရန် တွက်ချက်ထားသော ခြေလှမ်းများဆိုပါက မှားမည် မဟုတ်ပေ။
"သေစမ်း၊ ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်က အစွမ်းထက်တဲ့အပြင် စိတ်ကူးအကြံအစည်တွေကလည်း နတ်ဆိုးအိုကြီးလိုပဲ။ ကြောက်စရာကောင်းလွန်းတယ်"
"ဟုတ်တယ်၊ လုံယောက်အာက မိုက်မဲသူမဟုတ်ပေမဲ့ ကျွင်းရှောင်ယောက်ရှေ့မှာတော့ ကလေးတစ်ယောက်လိုပဲ"
ရှိနေကြသူတိုင်း ထိုသို့ ခံစားခဲ့ရသည်။
အကြံအစည်ပိုင်းမှာရော ရှုထောင့်တိုင်းတွင် ကျွင်းရှောင်ယောက်က လုံယောက်အာကို အပြတ် ဖိနှိပ်ခဲ့ပေသည်။
"ဒီတစ်ခါတော့ ကောင်းကင်အသျှင်ခန္ဓာမျိုးရိုး မျက်နှာပျက်သွားပြီ"
အားလုံးက တုန်လှုပ်ခြောက်ခြားစွာဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။
ဤတိုက်ပွဲက မြင့်မြတ်ခန္ဓာနှင့် အသျှင်ခန္ဓာ၏ သမိုင်းမှတ်တမ်းများတွင် မှတ်တမ်းတင်ရန် လုံလောက်ပေသည်။
သို့သော်လည်း၊ ယင်းက အလွန်ထူးခြားပြီး လူတိုင်းချီးကျူးရမည့် ဂန္တဝင်ဖြစ်လာတော့မည့်ပုံ ရသည်။