အခန်း ၈၀၄
Vol. 54 Ch. 804
အခန်း ( ၈၀၄ ) ဧကရာဇ်လက်နက် အသျှင်ခေါင်းလောင်း တံဆိပ်တော်၊ သနားစရာကောင်းသော လုံယောက်အာ၊ အသျှင်ခန္ဓာက ခွေးတစ်ကောင် ဖြစ်လာသည်။
လက်ရှိ တိုက်ပွဲအခြေအနေတွင်၊ လုံယောက်အာက လုံးဝ အရေးနိမ့်ပြီး များစွာ ထိခိုက်ခဲ့ရသည်။
သို့သော်လည်း တွေးကြည့်ရလျှင် ကျွင်းရှောင်ယောက်၏ ဓမ္မခန္ဓာကပင် လုံယောက်အာကို အချိန်အတော်ကြာအောင် တိုက်ခိုက်နိုင်သည်။
ယခုတော့ ကျွင်းရှောင်ယောက်ကိုယ်တိုင် လှုပ်ရှားနေပြီဖြစ်ရာ သူ၏ ခွန်အားက တူညီသောအဆင့်တွင် လုံးဝ မရှိတော့ပေ။
မသင့်လျော်သော ဥပမာတစ်ခု ပြုရမည်ဆိုလျှင်...
နောက်ဆုံး သူဌေးကြီးက သူဌေးကြီးတစ်ယောက်ကို ခေါ်ယူရိုက်နှက်နေသကဲ့သို့ ဖြစ်သည်။
သူ ကျေနပ်နေသောအချိန်တွင် သူ့ထက်ပိုအစွမ်းထက်သည့် သူဌေးကြီးတစ်ဦး ရှိနေသေးကြောင်း ရုတ်တရက် သိလိုက်ရလေသည်။
ဤအခြေအနေမျိုးကို ကြုံရပါက မည်သူမဆို စိတ်ပျက်ကြရမည် ဖြစ်သည်။
"ဒါက သူ့ရဲ့ ခွန်အားအစစ်ပဲလား"
လုံယောက်အာ၏ နှင်းဖြူမေ့စေ့က သွေးများဖြင့် ဖုံးလွှမ်းနေခဲ့သည်။ သူမ၏ မျက်လုံးလေးများကလည်း အေးခဲနေခဲ့လေသည်။
သူမ ဘယ်လောက်ထိ အမြင်ကျဉ်းခဲ့မှန်း ယခုမှသာ သိလိုက်သည်။
ရေအိုင်ထဲမှဖားက ပင်လယ်အကြောင်း မသိသလို နွေရာသီ ပိုးကောင်လေးများကလည်း ရေခဲအကြောင်း မပြောနိုင်ပေ။
သူမ၏အမြင်နှင့် ကျွင်းရှောင်ယောက်၏ ပုံစံက လုံးဝ တူညီသောအဆင့်တွင် မဟုတ်ပါ။
သူမ၏ ရက်စက်ကြမ်းကြုတ်သော အင်အားနှင့် ခွန်အားကို ဘေးဖယ်ထားလျှင် လုံယောက်အာက ရိုးသားပြီး ချစ်စရာကောင်းသော လော်လီလေး ဖြစ်သည်။
သူမတွင် ဒဏ်ရာများမှ လျင်မြန်စွာ ပြန်လည်ကောင်းမွန်လာနိုင်သော အထူး ဝှက်ဖဲတစ်ခုရှိသော်လည်း ထိုကဲ့သို့ ပြင်းထန်သော တိုက်ခိုက်မှုကိုတော့ ခံနိုင်ရည်ရှိမည် မဟုတ်ပေ။
"အသျှင်ခန္ဓာရဲ့ စိတ်ဓာတ် နည်းနည်း ထိခိုက်နေခဲ့ပြီ"
ပါရမီရှင်တချို့က လုံယောက်အာ၏ ငေးမောနေသော မျက်နှာလေးကိုကြည့်ကာ ခေါင်းခါယမ်းလိုက်သည်။
ခန္ဓာကိုယ်ကို ဖြတ်တောက်ခြင်းက ကြောက်စရာမဟုတ်ပါ။
ကြောက်စရာကောင်းဆုံးက နှလုံးသားကို ထိုးနှက်ခြင်း ဖြစ်သည်။
"ဒါကို အဆုံးသတ်ဖို့ အချိန်တန်ပြီ"
ကျွင်းရှောင်ယောက်က လျစ်လျူရှုစွာ ပြောလိုက်သည်။
အမှန်အတိုင်းပြောရလျှင်...
ကျွင်းရှောင်ယောက် ရင်ဆိုင်ခဲ့ဖူးသူများကြားမှာ လုံယောက်အာ၏ ခွန်အားက အထူးချွန်ဆုံးများထဲမှ တစ်ဦးဟု ဆိုနိုင်သည်။
နောက်ဆုံးတွင်၊ သူ၏ ဓမ္မခန္ဓာကို ဖျက်ဆီးနိုင်တာက လုံယောက်အာ၏အရည်အချင်းကို သက်သေပြရန် လုံလောက်သည်။
သို့သော်လည်း ယင်းမှာ လုံယောက်အာအတွက် ကြီးမားသော စော်ကားမှုတစ်ခုပင်။
သို့ရာတွင် လုံယောက်အာ လမ်းဆုံးအောင် မတွေးနိုင်ခဲ့ပါ။
ကျွင်းရှောင်ယောက်က သူ့လက်ကိုမြှောက်ပြီး လမ်းကြောင်းခြောက်သွယ် ဆမ်ဆာရာလက်သီးသိုင်းဖြင့် တိုက်ပွဲကို အဆုံးသတ်ရန် အသင့်ဖြစ်နေပြီ ဖြစ်သည်။
"မဟုတ်ဘူး၊ ငါ လုံယောက်အာက ပြိုင်ဘက်ကင်းတဲ့ ကောင်းကင်အသျှင်ပဲ။ ငါက ဘယ်လိုလုပ်ပြီး ဒီလို ရှုံးနိမ့်နိုင်မှာလဲ"
လုံယောက်အာက အော်လိုက်သည်။
သူမ၏ နူးညံ့သိမ်မွေ့သော နှင်းဖြူလည်ပင်းတွင် ခရမ်းရောင်ခေါင်းလောင်းတစ်ခု ရှိလေသည်။
ဤအခိုက်တွင် ခရမ်းရောင်ခေါင်းလောင်းက ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ကြီးမားသော ခရမ်းရောင်ခေါင်းလောင်းကြီးအဖြစ်သို့ ပြောင်းလဲသွားပြီး လုံယောက်အာ၏ ပြင်းထန်စွာ ဒဏ်ရာရနေသော ခန္ဓာကိုယ်ကို ဖုံးအုပ်သွားခဲ့သည်။
ဤခရမ်းရောင်ခေါင်းလောင်းက ကြီးစိုးသော ဧကရာဇ်အရှိန်အဝါများကို ထုတ်လွှတ်လာခဲ့၏။
ဧကရာဇ်သင်္ချိုင်းကြယ်တစ်ခုလုံးမှ တားမြစ်ကမ္ပည်းများလည်း တစ်ဖန် ပြန်ပေါ်လာတော့သည်။
"အဲဒါ... အသျှင်ခေါင်းလောင်းပဲ"
ဤမြင်ကွင်းကိုမြင်တော့ ပတ်ဝန်းကျင်မှ ပါရမီရှင်အားလုံး မနေနိုင်ဘဲ အော်ဟစ်လိုက်မိသည်။
လုံယောက်အာ၏ လည်ပင်းတွင် ချိတ်ဆွဲထားသော ခေါင်းလောင်းက သာမန်ခေါင်းလောင်းမဟုတ်ကြောင်း ပြသလာပေသည်။
ဤခေါင်းလောင်းကို အသျှင်ခေါင်းလောင်းဟု ခေါ်သည်။
၎င်းက ကောင်းကင်အသျှင်ခန္ဓာမျိုးရိုး၏ အမွေခံလက်နက်တစ်ခုပင်။
ယင်းမှာ ပျက်စီးခြင်းရှေးနန်းတော်၏ ပျက်စီးခြင်းနတ်ဘုရားချပ်ဝတ်ကဲ့သို့ပင် ဖြစ်သည်။
"မဟုတ်ဘူး... မဟုတ်သေးဘူး။ ဧကရာဇ်အရှိန်အဝါရှိပေမဲ့ အဲဒါက စစ်မှန်တဲ့ ဧကရာဇ်လက်နက်တော့ မဟုတ်ဘူး။ ဧကန္တ ဧကရာဇ်တံဆိပ်များ ဖြစ်နိုင်မလား"
ပါရမီရှင်တချို့က တုံ့ပြန်လာခဲ့ကြသည်။
ဤခေါင်းလောင်းကြီးက ဧကရာဇ်အရှိန်အဝါများ ထွက်ပေါ်နေသော်လည်း စစ်မှန်သည့် ဧကရာဇ်လက်နက်နှင့်တော့ ဝေးကွာနေသေးသည်။
ထို့ပြင် ဧကရာဇ်သင်္ချိုင်းကြယ်၏ နိယာမများကြောင့် စစ်မှန်သော ဧကရာဇ်လက်နက်များက ၎င်းတို့၏အာဏာကို အပြည့်အဝ အသုံးချရန် မဖြစ်နိုင်ပါ။
ဆိုလိုသည်မှာ ဤအသျှင်ခေါင်းလောင်းက ဧကရာဇ်လက်နက် တံဆိပ်တစ်ခုသာ ဖြစ်သည်။
သို့သော်လည်း ယင်းက တံဆိပ်တစ်ခုဖြစ်လျှင်ပင် လုံလောက်ပေသည်။
ကျွင်းရှောင်ယောက်၏ လမ်းကြောင်းခြောက်သွယ် ဆမ်ဆာရာလက်သီးက အသျှင်ခေါင်းလောင်းကို ထိမှန်သွားခဲ့သော်လည်း ဘာမျှ မဖြစ်စေနိုင်ခဲ့ပါ။
"ဧကရာဇ်လက်နက်တံဆိပ်တော်လား"
ကျွင်းရှောင်ယောက်၏ နှုတ်ခမ်းများက မထီမဲ့မြင်ဟန်ဖြင့် တွန့်ကွေးသွားခဲ့သည်။
ဘယ်သူ့မှာ ဒီရတနာမျိုး မရှိတာလဲ။
ကျွင်းရှောင်ယောက်က သူ့လက်ကို မြှောက်လိုက်သောအခါ သူ့လက်ထဲတွင် အလင်းရောင်များ တောက်ပလာခဲ့သာည်
နောက်ဆုံးတွင် ကြီးမားသော ဧကရာဇ်အရှိန်အဝါများနှင့် ကမ္ဘာကိုဖွင့်နိုင်သကဲ့သို့ ရှေးဦး အငွေ့အသက်များ ပြည့်နေသော ပုဆိန်အဖြစ်သို့ ပြောင်းလဲသွားတော့သည်။
ဧကရာဇ်လက်နက် လွမ်ကုပုဆိန် တံဆိပ်တော်။
"အဲဒါကလည်း လွမ်ကုပုဆိန်ပဲ"
ကျွင်းရှောင်ယောက်က လွမ်ကုဧကရာဇ်၏အမွေကို ရရှိခဲ့သည်ကတော့ လျှို့ဝှက်ချက်တစ်ခု မဟုတ်ပါ။
ကျွင်းရှောင်ယောက်က လွမ်ကုပုဆိန်ကို အသုံးပြုပြီး တိုက်ခိုက်ခဲ့သည်မှာလည်း ဒါပထမဆုံးအကြိမ် မဟုတ်ပေ။
ယခုအချိန်တွင်၊ ကျွင်းရှောင်ယောက်က သူ့ခန္ဓာကိုယ်အတွင်းမှ မေယုကမ္ဘာ တစ်ရာ့ရှစ်ခု၏ စွမ်းအားကို စုစည်းလိုက်သည်။
တဟုန်ထိုးတက်လာသော နတ်ဘုရားစွမ်းအင်နှင့် နတ်ဘုရားသိုင်း စွမ်းအားများက လွမ်ကုဆိန်ကို စီးဝင်သွားသည်။
ပုဆိန်ကိုမြှောက်ကာ ခုတ်ပိုင်းလိုက်၏။
မိုးနှင့်မြေက ပြိုကျသွားတော့သည်။
ဤကြောက်စရာကောင်းသောစွမ်းအားက ဧကရာဇ်သင်္ချိုင်းကြယ်၏ နိယာမများကို တုန်ခါသွားစေခဲ့သည်။
"ဝုန်း"
ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။
လွမ်ကု တံဆိပ်တော်ပုဆိန်၏ ခုတ်ပိုင်းမှုအောက်တွင် ရွှေခရမ်းရောင် တံဆိပ်တော်ခေါင်းလောင်းက တိုက်ရိုက် ပေါက်ကွဲပြီး တစ်စစီ ဖြစ်သွားတော့သည်။
ထိုအထဲတွင်ရှိနေသော လုံယောက်အာသည်လည်း နောက်တစ်ဖန် ပြင်းပြင်းထန်ထန်ထိခိုက်ပြီး မျက်နှာတစ်ခုလုံး သွေးမရှိတော့သလို ဖြူရော်သွားခဲ့သည်။
အသျှင်ခေါင်းလောင်း တံဆိပ်တော်က လွမ်ကုပုဆိန် တံဆိပ်တော်ထက် အားနည်းသည်မဟုတ်ပါ။
သို့သော် ယခုအချိန်တွင်၊ လုံယောက်အာက ပြင်းထန်စွာ ဒဏ်ရာရနေသောကြောင့် အသျှင်ခေါင်းလောင်း တံဆိပ်တော်ကို ထောက်ပံ့ထားရန် ခက်ခဲသည်။
တစ်ဖက်တွင်၊ ကျွင်းရှောင်ယောက်က လုံးဝ ဒဏ်ရာမရရှိခဲ့ဘဲ အထွတ်အထိပ်အခြေအနေတွင် အမြဲရှိခဲ့သည်။
အရှိန်အဟုန်နှင့် အခြေအနေအရပ်ရပ်တွင် အသျှင်ခေါင်းလောင်းတံဆိပ်တော်ကို လွမ်ကုပုဆိန်က ဖျက်ဆီးနိုင်ခဲ့သည်မှာ ကျိုးကြောင်းဆီလျော်မှုရှိပေသည်။
ကျွင်းရှောင်ယောက်က လက်ညှိုးတစ်ချက်ညွန်လိုက်ရာ ပတ်ဝန်းကျင် လေထဲတွင် အရွက်ကိုးခုရှိသော မြက်ပင်ကလေးများ ယိမ်းနွဲ့ကာ ပေါက်ရောက်လာခဲ့သည်။
သစ်ရွက်များ တုန်ခါလာသည်နှင့်အမျှ ကြောက်မက်ဖွယ်ကောင်းသော ဓားအလင်းများ ထွက်ပေါ်လာပြီး နေ၊ လနှင့် ကြယ်များကို ဖြတ်တောက်ပစ်လိုက်၏။
"ရွစ်"
သွေးများ တဖွဲဖွဲရွာကျလာတော့သည်။
လုံယောက်အာ၏ နူးညံ့သော ခြေလက်များ ပြတ်တောက်သွားသည်။
ခရမ်းရောင်သွေးများ နေရာအနှံ့ကို ပျံ့သွား၏။
ကျွင်းရှောင်ယောက်က နောက်ထပ် ခြေတစ်ချက်လှမ်းပြီး လုံယောက်အာ၏ သွေးစွန်းနေသော ပါးပြင်ကို ဖြတ်ရိုက်လိုက်တော့သည်။
"မင်းကြည့်တော့ ငယ်ငယ်လေးလေး ရှိသေးတယ်။ ဒီလောက် ဝံ့ကြွားမနေသင့်ဘူး"
ကျွင်းရှောင်ယောက်က လှောင်ပြောင်လိုက်သည်။
ကျွင်းရှောင်ယောက်၏ ရိုက်နှက်မှုကြောင့် လုံယောက်အာ အံ့အားသင့်သွားသည်။ သူမ၏ စိတ်ထဲတွင် မူးဝေနေပြီး သူမ၏အသိအမြင်များ ပြိုလဲတော့မလို ဖြစ်သွား၏။
နောက်ဆုံးတွင်၊ ကျွင်းရှောင်ယောက်က လုံယောက်အာကို မြေပြင်ပေါ်သို့ နင်းချလိုက်တော့သည်။
ဤမြင်ကွင်းကိုကြည့်ရင်း ပါရမီရှင်များအားလုံး အရိုးထဲထိ အေးစက်သွားခဲ့သည်။
ကျွင်းရှောင်ယောက်၊ မင်း တကယ်ကြီး လုပ်တယ်။
လုံယောက်အာ၏ အပြစ်ကင်းစင်ပြီး ချစ်စဖွယ်ကောင်းသော မျက်နှာလေးကိုမြင်လျှင် မည်သူမဆို အနည်းငယ် တုံ့ဆိုင်းသွားမိမည် ဖြစ်သည်။
ကျွင်းရှောင်ယောက်ကို လူကြမ်းကြီးဟုသာ ဆိုနိုင်ပေသည်။
သို့သော်လည်း လူတိုင်းကို ပို၍ တုန်လှုပ်စေခဲ့သည်မှာ...
လုံယောက်အာ၏ ပြတ်တောက်သွားသော ခြေလက်အင်္ဂါ အစိတ်အပိုင်းများတွင် အလင်းရောင်များ ထွက်ပေါ်လာပြီး ခြေလက်အသစ်များက သာမန်မျက်စိဖြင့် မြင်နိုင်သော အရှိန်ဖြင့် ပြန်ပေါက်လာခဲ့သည်။
“ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ”
အားလုံးက အံသြသွားကြသည်။
သူတော်စင်အဆင့် ကျင့်ကြံသူများက ပြတ်တောက်သွားသော ခြေလက်အင်္ဂါများကို ပြန်လည် ပေါက်လာစေနိုင်စွမ်း ရှိပေသည်။
သို့သော်လည်း ၎င်းတို့ မကြီးထွားမီ ပြန်လည်ကောင်းမွန်ရန် အချိန်ကြာဦးမည် ဖြစ်သည်။
လုံယောက်အာကဲ့သို့ ခြေလက်များ ပြတ်သွားသည်နှင့် တပြိုင်နက် ပြန်လည်ကြီးထွားလာရန် လုံးဝ မဖြစ်နိုင်ပေ။
"သူက ကောင်းကင်အသျှင်ခန္ဓာနဲ့ ထိုက်ရွှီရှေးနဂါးသွေးရှိသူ ဖြစ်နေရင်တောင် အသက်စွမ်းအားကတော့ ဒီလောက်အားကောင်းဖို့ မဖြစ်နိုင်ဘူး မဟုတ်လား"
ပါရမီရှင်အားလုံး မယုံနိုင်လောက်အောင် ခံစားခဲ့ရသည်။
ကျွင်းရှောင်ယောက်၏ မျက်လုံးများက နက်နဲသော အရိပ်အမြွက်တစ်ခု ပေါ်လာခဲ့သည်။
သူက လုံယောက်အာ၏ ခြေလက်အင်္ဂါများကို ရည်ရွယ်ချက်ရှိရှိ ဖြတ်တောက်ခဲ့ခြင်း ဖြစ်၏။
ယခုတော့ သူ ပို၍ သေချာသွားခဲ့ပြီ။
ထိုကောင်းကင်ကျမ်းကို လုံယောက်အာ သေချာပေါက် ပိုင်ဆိုင်ထားသည်။
ထို့ကြောင့် ကျွင်းရှောင်ယောက်ဟာ လုံယောက်အာကို ချက်ချင်းမသတ်တော့ပေ။
လုံယောက်အာထံမှ ကောင်းကင်ကျမ်းကို သူ ရယူလိုသည်။
ဤကောင်းကင်ကျမ်းကို ရရှိနိုင်ပါက ကျွင်းရှောင်ယောက်၏ အသက်စွမ်းအားက ပို၍ အားကောင်းလာမည်ဖြစ်ကာ မည်သူမျှ ဖျက်ဆီးနိုင်မည် မဟုတ်တော့ပေ။
"ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ငါက ပြိုင်ဘက်ကင်းတဲ့ ကောင်းကင်အသျှင်ခန္ဓာပဲ။ ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ"
ယခုအချိန်တွင် လုံယောက်အာ၏ ခြေလက်များက လျင်မြန်စွာ ပြန်လည် ပေါက်ရောက်လာခဲ့သည်။ သူမ၏ အတွင်းပိုင်းဒဏ်ရာများမှာလည်း ပြန်လည်ကောင်းမွန်လာစေရန် အစွမ်းကုန် ကြိုးစားလျက် ရှိ၏။
သို့သော်လည်း သူဟာ အလွန် ပင်ပန်းနွမ်းနယ်နေပြီ ထပ်မံ မတိုက်ခိုက်နိုင်တော့ပေ။
လုံယောက်အာ၏ မျက်လုံးများက ရေမှုန်ကလေးများ ရစ်ဝဲနေခဲ့သည်။
သူမ အမှန်တကယ် ငိုချင်လာပြီ။
"မင်းဆန္ဒအတိုင်း အိမ်မွေးကောင်လေးဖြစ်ဖို့က ငါ နတ်ဘုရားသားတော်အတွက် မဖြစ်နိုင်တော့ဘူး ထင်တယ်"
"ဒါပေမဲ့ မင်းကတော့ ခွေးတစ်ကောင်ဖြစ်ဖို့အတွက် အတော်လေး သင့်တော်တယ်၊ နောက်ဆုံးတော့ မင်း လည်ပတ်တစ်ခုတောင် ကြိုတတ်ထားသေးတယ်လေ"
ကျွင်းရှောင်ယောက်က မထီမဲ့မြင်ဟန်ဖြင့် ပြောလိုက်သည်။
သူက လက်ကိုမြှောက်လိုက်သောအခါ နတ်အမိန့်ချိန်းက သံကြိုးအဖြစ်သို့ ပြောင်းလဲသွား၏။ သံကြိုးအစတစ်ဖက်က လုံယောက်အာ၏ လည်ပင်းမှ လည်ပတ်ကောလာကို ရစ်ပတ်ကာ ချိတ်ဆက်သွားတော့သည်။
ယင်းကိုမြင်တော့ အားလုံး အံ့ဩသွားကြသည်။
အသျှင်ခန္ဓာက တကယ်ပဲ ခွေးဖြစ်လာတာလား။
အံ့ဖွယ်ကောင်းလွန်းသည်။
ဤအရှက်တရားမျိုးအောက်တွင် လုံယောက်အာက နှုတ်ခမ်းကိုကိုက်လိုက်သည်။ သူမ၏ မျက်လုံးထောင့်က ရှက်ရွံ့မှုမျက်ရည်များ စီးကျလာပြီး နားရွက်ကလေးများပင် နီရဲသွား၏။
ယခုအချိန်တွင် ကျွင်းရှောင်ယောက်က အေးစက်လွန်းသော နတ်ဘုရားကဲ့သို့ ဖြစ်နေခဲ့သည်။
ထိုအချိန်တွင် ဒေါသတကြီး ဟိန်းဟောက်လိုက်သံက ကောင်းကင်ထက်မှ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
"တော်လောက်ပြီ။ ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်၊ မင်း အရမ်းလွန်သွားပြီ"
ဧကရာဇ်သင်္ချိုင်းကြယ်အထက် ကောင်းကင်ယံမှ ကြီးစိုးသော ရုပ်သွင်တစ်ခု ဆင်းသက်လာ၏။
၎င်းက လုံယောက်အာ၏ ကာကွယ်သူ၊ မဟာကောင်းကင်အဓိပဓိနယ်ပယ် ကျွမ်းကျင်သူ လုံယွမ် ဖြစ်တော့သည်။