← Chapters

အခန်း ၈၀၅

Vol. 54 Ch. 805

အခန်း ၈၀၅

Vol. 54 Ch. 805

အခန်း ( ၈၀၅ ) မဟာကောင်းကင်အဓိပဓိ၏ ဒေါသ၊ အားကျိုး ထွက်ပေါ်လာသည်၊ တိတ်တဆိတ် စောင့်ကြပ်နေသောသူ။

လုံယွမ်ဟာ ဤတိုက်ပွဲတစ်ခုလုံးကို စောင့်ကြည့်နေခဲ့သည်။

ကနဦ ပျော်ရွှင်မှုမှ စိတ်ပျက်အားငယ်မှု၊ ရှက်ရွံ့မှုနှင့် အဆုံးတွင် ဒေါသများအထိ...

ခံစားချက်အမျိုးမျိုးကို ခံစားခဲ့ရ၏။

မဟာကောင်းကင်အဓိပဓိအနေဖြင့် လုံယွမ်မှာ ဤကဲ့သို့ အတက်အကျနှင့် ခံစားချက်များကို မခံစားခဲ့ရသည်မှာ ကြာပြီ ဖြစ်သည်။

မူလက သူ၏ စိတ်အခြေအနေမှာ အလွန်တည်ငြိမ်ပြီး မည်သည့်အရာမှ မနှောင့်ယှက်နိုင်ခဲ့ပေ။

သို့ရာတွင်၊ ယနေ့မှာတော့ ကျွင်းရှောင်ယောက်၏ လုပ်ရပ်များကြောင့် သူ အလွန်ဒေါသထွက်ခဲ့ရသည်။

ကျွင်းရှောင်ယောက်၏ နင်း‌ခြေမှုကြောင့် သနားစရာဖြစ်နေသော လုံယောက်အာကိုကြည့်ရင်း လုံယွမ်၏ အိုမင်းသောမျက်နှာက တုန်ယင်သွားတော့သည်။

လုံယောက်အာ ထိန်းချုပ်ထားသော ကောင်းကင်ကျမ်း၏ အားကောင်းသော ပြန်လည်နာလည်ထူနိုင်စွမ်းအကြောင်း သူ မသိပါက...

ကျွင်းရှောင်ယောက်၏ တိုက်ခိုက်မှုများကို သူ အမှန်တကယ် သည်းခံနိုင်တော့မည် မဟုတ်ပေ။

"ဒီလောက် ကြောက်စရာကောင်းတဲ့ အရှိန်အဝါ... ဒါက မဟာကောင်းကင်အဓိပဓိပဲ"

"ဒါက လုံယွမ်ပဲ၊ ထိုက်ရွှီရှေးနဂါးမျိုးနွယ်ရဲ့ ထွတ်မြတ်အကြီးမကဲ၊ မဟာကောင်းကင်အဓိပဓိနယ်ပယ် ကျွမ်းကျင်သူပဲ"

ဧကရာဇ်အဆင့် အခွင့်အလမ်း‌ နေရာတွင်သာမကဘဲ၊ ဧကရာဇ်သင်္ချိုင်းကြယ်၏ အခြား နေရာများမှ ပါရမီရှင်များလည်း ကြောက်မက်ဖွယ် ဖိအားများကို ခံစားလိုက်ရသည်။

သာမန် မဟာကောင်းကင် အဓိပဓိများပင်လျှင် ထိပ်တန်းအဆင့်တွင် ရပ်တည်နေကြသူများ ဖြစ်သည်။

ထို့ထက်၊ သူကတော့ ထိုက်ရွှီရှေးနဂါးမျိုးနွယ်၏ ထူးကဲသော သွေးစွမ်းရည်နှင့် ပေါင်းစပ်ထား၏။

လုံယွမ်၏ ခွန်အားက သာမန် မဟာကောင်းကင်အဓိပဓိများထက် ပို၍ အားကောင်းသည်။

"ဒီအဆင့် ကျွမ်းကျင်သူတောင် ပေါ်လာလိမ့်မယ်လို့ ငါမမျှော်လင့်ထားဘူး။ ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော် အသျှင်ခန္ဓာကို မထိနိုင်တော့ဘူး ထင်တယ်"

"ဒါကတော့ မသေချာသေးပါဘူး။ ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်ရဲ့ ဒေါသကို မင်းမသိတာလည်း မဟုတ်ဘူး။ သူက ကောင်းကင်ကိုတောင်မှ ဂရုမစိုက်တာ၊ မဟာကောင်းကင် အဓိပဓိတစ်ဦးကို ဂရုစိုက်ပါ့မလား"

ပါရမီရှင်အားလုံး၏ မျက်လုံးများက ကျွင်းရှောင်ယောက်ဆီသို့ ကျရောက်သွားကြသည်။

ကျွင်းရှောင်ယောက်က လုံယောက်အာကို အကြွင်းမဲ့အင်အားဖြင့် အနိုင်ယူခဲ့သည်။

သို့သော်လည်း လုံယောက်အာကို သတ်ချင်လျှင်တော့ ဤမျှမရိုးရှင်းနိုင်တော့ပေ။

အားလုံးက လွန်စွာသိချင်နေကြသည်။ ကျွင်းရှောင်ယောက် ဒါကို ဘယ်လိုဖြေရှင်းမလဲ။

"မဟာကောင်းကင်အဓိပဓိ..."

ကျွင်းရှောင်ယောက်က သူ့ဘာသာသူ ရေရွတ်ရင်း ခေါင်းကိုမော့ကာ လုံယွမ်အား ပေါ့ပေါ့ပါးပါး ကြည့်လိုက်သည်။

"ကျွင်းရှောင်ယောက်၊ မင်းက ကျွင်းမိသားစုရဲ့ ကြီးကျယ်ခမ်းနားတဲ့ နတ်ဘုရားသားတော်တစ်ယောက်ပဲ။ ဒီလို တစ်ဖက်လူကို အရှက်ရစေတဲ့ နည်းလမ်းက မင်းရဲ့ အဆင့်အတန်းကို နှိမ့်ချနေသလို မဖြစ်နေဘူးလား"

လုံယွမ်က မျက်မှောင်ကြုတ်ကာ အေးစက်စက် ပြောလိုက်သည်။

"အိုး... ဒီနတ်ဘုရားသားတော်က ဘယ်နားမှာ လွန်သွားတာလဲ မသိဘူး"

"လုံယောက်အာက ဒီနတ်ဘုရားသားတော်ကို ဖိနှိပ်ပြီး အိမ်မွေးကောင်လေး ဖြစ်လာစေချင်တယ်လို့ အရင်ပြောခဲ့တာ"

"ဒီလိုဆိုမှတော့ ငါက သူ့ကို အိမ်မွေးကောင်မလေးအဖြစ် ဖိနှိပ်လိုက်တာ ဘာဖြစ်လဲ"

ကျွင်းရှောင်ယောက်၏ စကားများက လုံယွမ်၏မျက်နှာ အရေပြားများကို တလှုပ်လှုပ်ဖြစ်သွားစေခဲ့သည်။ သို့သော်၊ သူ ဘာမျှပြန်မပြောတတ်ပေ။

ပတ်ဝန်းကျင်မှ လူများလည်း သက်ပြင်းချလိုက်သည်။ ကျွင်းရှောင်ယောက်၏ စကားများက အမှန်တကယ် အမှားအယွင်း မရှိပါ။

ထို့အပြင် ကျွင်းရှောင်ယောက်က 'ဒီဂျူနီယာ'အစား 'ဒီနတ်ဘုရားသားတော်'ဟု သုံးလိုက်သည်ကို လူတိုင်း သတိပြုမိခဲ့သည်။

တစ်နည်းဆိုရသော် ကျွင်းရှောင်ယောက်က လုံယွမ်ကို ရွယ်တူတစ်ယောက်ပမာ ဆက်ဆံခြင်း ဖြစ်သည်။ လုံယွမ်အား မဟာကောင်းကင်အဓိပဓိနယ်ပယ် ကျွမ်းကျင်သူဖြစ်၍ နှိမ့်ချဆက်ဆံခြင်းမျိုး မရှိခဲ့ပေ။

"ဒါဆို မင်းဘာလိုချင်လို့လဲ၊ မင်း ယောက်အာကို တကယ်သတ်ဝံ့လား"

လုံယွမ်၏ လေသံက အေးစက်လာသည်။

ကျွင်းရှောင်ယောက်က ပြုံးရွှင်နေသေးသော်လည်း သူ့မျက်လုံးများ အေးစက်သွားသည်။

ရုတ်တရက်၊ သူက လက်ညှိုးတစ်ချက်ညွှန်ကာ ရွက်လွှာကိုးခုမြက် ဓားသိုင်းကို အသက်သွင်းလိုက်၏။

ရွှပ်ခနဲ အသံတစ်ခုနှင့်အတူ ဓားအလင်းတစ်ခု ထွက်ပေါ်လာကာ လုံယောက်အာ၏ ခြေလက်အသစ်များ ထပ်မံပြတ်တောက်သွားတော့သည်။

"အား..."

လုံယောက်အာ၏ မျက်နှာလေးက ဖြူဖျော့သွားခဲ့သည်။

သူမတွင် ကြီးမားသည့် ပြန်လည်ကောင်းမွန်နိုင်စွမ်းရှိသော်လည်း နာကျင်မှုကို ခံနိုင်ရည်ရှိရန် မဖြစ်နိုင်သည်မှာ ထင်ရှားသည်။

"နောက်တစ်ခါဆိုရင် ဓားက သူ့လည်ပင်းကို ရောက်သွားနိုင်တယ်။ သူ့မှာ နောက်ထပ် ဦးခေါင်းအသစ် ပေါက်လာဦးမလားဆိုတာ ငါကြည့်ချင်တယ်"

ကျွင်းရှောင်ယောက်၏ အမူအရာက အေးစက်သွားသည်။

ပတ်ဝန်းကျင်မှ အသက်ပြင်းပြင်း ရှူလိုက်သံများ ထွက်ပေါ်လာခဲ့သည်။

ကျွင်းရှောင်ယောက်၏ နည်းလမ်းများက ပြတ်သားပြီး ရက်စက်လွန်းပေသည်။

ဦးခေါင်းသည် ဦးနှောက်အတွင်းရှိ ရှေးဦးဝိဥာဉ်နှင့် ချိတ်ဆက်ထားသောကြောင့် ပြတ်တောက်သွားလျှင် အလွန်ဒုက္ခများမည် ဖြစ်သည်။ ယင်းက ခြေလက်များကဲ့သို့ လျင်မြန်စွာ ပြန်လည်ကောင်းမွန်လာမည်မဟုတ်ပေ။

လုံယောက်အာက ကောင်းကင်ကျမ်းကို ထိန်းချုပ်ထားလျှင်ပင် အလုပ်ဖြစ်မည်မဟုတ်ဘဲ ကြီးမားသော အကျိုးသက်ရောက်မှုကို ခံစားရမည် ဖြစ်သည်။

"အား...မလုပ်နဲ့"

လုံယောက်အာ ကြောက်ရွံ့တုန်လှုပ်သွားပြီး အော်လိုက်သည်။

"အတင့်ရဲလိုက်တာ"

လုံယွမ်လည်း ဒေါသပေါက်ကွဲသွားကာ အော်လိုက်၏။

သူဟာ လုံယောက်အာ၏ ဓမ္မကာကွယ်သူ ဖြစ်သည်။ လုံယောက်အာက သူ့နှလုံးသားထဲတွင် သူ၏ မြေးမလေးတစ်ဦးနှင့် မခြားတော့ပေ။

သူ့မြေးမလေးကို ဤမျှ ရက်ရက်စက်စက် ဆက်ဆံနေကြောင်း မြင်နေရမှတော့ သူ ဘယ်လိုမှ စိတ်မဆိုးဘဲ မနေနိုင်တော့ပါ။

"မင်းလည်း စိတ်ဆိုးတတ်တာပဲ။ အဲဒီအချိန်က အသျှင်ရှန်းဖေးက ကျိန်စာသွေးကိုသုံးပြီး ငါ့ကို လုပ်ကြံခဲ့တာ ငါ စိတ်မဆိုးဘဲ နေမှာလား"

ကျွင်းရှောင်ယောက်က လှောင်ပြောင်လိုက်သည်။

"ဘယ်က လုပ်ကြံမှုလဲ၊ ငါတို့ သိတောင်မသိဘူး..."

လုံယောက်အာလည်း တစ်ခုခုမှားနေသလို ခံစားလိုက်ရသည်။

'သူ့ရဲ့ သဲအိတ်ကို ကျွင်းရှောင်ယောက်က သတ်ပစ်ခဲ့တာ အသိသာကြီးပဲလေ၊ ဒါပေမဲ့ အခုမှ ဘာဖြစ်လို့ အသျှင်ရှန်းဖေးက လုပ်ကြံခဲ့တာ ဖြစ်လာရတာလဲ'

"ကြည့်ရတာ မင်းမသိဘူးထင်တယ်"

ကျွင်းရှောင်ယောက်က လုံယောက်အာကို တစ်ချက်ကြည့်လိုက်သည်။

လုံယောက်အာကဲ့သို့ မိုက်မဲသူ ကောင်မလေးတစ်ယောက်က ဤလှည့်ကွက်မျိုးကို အမှန်တကယ် တွေးမိလိမ့်မည် မဟုတ်ပေ။

ယင်းက အသျှင်ဘိုးဘွားနန်းတော်၏ ပူးပေါင်းကြံစည်မှု ဖြစ်သင့်သည်။

"သေစမ်း"

လုံယွမ် သည်းမခံနိုင်တော့ဘဲ သူ့လက်ကို ဆန့်ထုတ်လိုက်သည်။

မဟာကောင်းကင်အဓိပဓိ အရှိန်အဝါများ ပေါက်ကွဲထွက်လာခဲ့၏။

စွမ်းအင်နဂါးလက်သည်းက ကောင်းကင်ပြင်ကြီးကဲ့သို့ အလွန်ခမ်းနားစွာဖြင့် အရာအားလုံးကို ဖိနှိပ်ကာ ကျဆင်းလာတော့သည်။

ဟုတ်သည်၊ လုံယွမ်က ကျွင်းရှောင်ယောက်ကိုသတ်ရန် မလုပ်ပါ။

ထိုအစား လုံယောက်အာကို ပြန်ခေါ်သွားရန်သာ ဖြစ်သည်။

ကျွင်းရှောင်ယောက်၏ အမူအရာက မပြောင်းလဲပါ။ သူက လုံယောက်အာကို ခြေတစ်ဖက် တက်နင်းထားဆဲ ဖြစ်သည်။

အခြားမည်သည့်အရာကိုမျှ မပြောလျှင်ပင်၊ သင်္ချိုင်းဧကရာဇ်ကြယ်၏ နိယာများက စွမ်းအင်နဂါးလက်သည်း၏ စွမ်းအားအများစုကို အားနည်းသွားစေနိုင်သည်။

ထို့ကြောင့် ကျွင်းရှောင်ယောက်က စိတ်မပူခဲ့ပါ။

သို့သော်၊ ထိုအခိုက်တွင်...

အဝေးမှ ကြယ်ကောင်းကင်၏ နက်နဲသောနေရာမှ စူးရှသော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ ဓားအလင်းတစ်ခုက လမ်းတစ်လျှောက်မှ အရာအားလုံးကို ဖြတ်သန်းကာ ပြေးဝင်လာခဲ့၏။

ဓားအလင်းက စွမ်းအင်နဂါးလက်သည်းကို ထိမှန်သွားကာ တိုက်ရိုက် ဖြတ်တောက်သွားတော့သည်။

အားကောင်းသော စွမ်းအင်လှိုင်းများက အရပ်ရပ်ကို ပျံ့လွင့်သွားခဲ့သည်။

"ဟင်"

လုံယွမ် မျက်မှောင်ကြုတ်လိုက်သည်။

ကျွင်းရှောင်ယောက်လည်း ခဏတာ အံ့သြသွား၏။ ထို့နောက်မှာတော့ နူးညံ့ပြီး လွမ်းဆွတ်သော အကြည့်တစ်ခုက သူ့မျက်လုံးထဲမှာ ရုတ်တရက် ပေါ်လာတော့သည်။

မီးခိုးရောင်အဝတ်အစားများ ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦး ပေါ်လာခဲ့သည်။ သူမ၏လက်ထဲမှာလည်း ကုချင်းတစ်လက်ကို ပိုက်ထား၏။

မီးခိုးရောင်ဝတ်ရုံ ပွပွကြီးက လေထဲတွင် လူးလွန့်နေသော်လည်း သူမ၏ အလှများကိုတော့ မဖုံးကွယ်နိုင်ပေ။

ရှည်လျားသော အနက်ရောင်ဆံပင်များက သူမ၏ မျက်နှာရှေ့တွင် ဖရိုဖရဲကျကာ ဖုံးလွှမ်းထားသည်။

ပေါ်လွင်နေသော မျက်နှာတစ်ဝက်ကပင် ကြည်လင်ပြီး ရက်သပ်ရှုမောဖွယ်ကောင်းအောင် လှပ၏။

မီးခိုးရောင်ဝတ် အမျိုးသမီးက သူမ၏ မျက်လုံးများကို အပြာရောင် ပိုးသားပုဝါပါးဖြင့် ဖုံးအုပ်ထားသည်။

သို့သော်လည်း နေ၊ လနှင့် ကြယ်များ ပျက်စီးသွားသကဲ့သို့ ဖရိုဖရဲ မြင်ကွင်းများကို မြင်နိုင်သေးသည်။

ကျွင်းရှောင်ယောက်၏ ဓမ္မကာကွယ်သူ၊ နှစ်သွယ်မျက်လုံး အားကျိုး။

"အားကျိုး၊ တကယ်ကို မင်းပဲ"

ကျွင်းရှောင်ယောက်၏ နှုတ်ခမ်းများက နူးညံ့သော အပြုံးတစ်ခုအဖြစ် တွန့်ကွေးသွားခဲ့သည်။

အားကျိုးလည်း ပြန်လှည့်ကြည့်ရင်း အေးစက်စက် မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာခဲ့၏။

ကမ္ဘာကြီးကို ပြိုပျက်စေနိုင်သော အပြုံးမျိုး ဖြစ်သည်။

"သခင်လေး၊ မတွေ့တာကြာပြီ"

အားကျိုးက ကျွင်းရှောင်ယောက်နှင့် တွေ့ရမှသာ ပြုံးသည်။

အကြောင်းမှာ၊ ကျွင်းရှောင်ယောက်က သူမ တစ်သက်လုံး ကာကွယ်‌ပေးရမည့်သူ ဖြစ်နေသောကြောင့်ပင်။

ကျွင်းရှောင်ယောက်က ဧကရာဇ်လမ်းနှင့် အဆုံးစွန်ရှေးဟောင်းလမ်းကို လျှောက်လှမ်းသောအခါ ရှေးဟောင်းလမ်း၏ စည်းမျဉ်းများကြောင့် အားကျိုးမှာ များစွာ ဝင်ရောက်ပြီး မစွတ်ဖက်နိုင်တော့ပေ။ ထို့ကြောင့် အားကျိုးဟာ တစ်ယောက်တည်း ယာယီ လေ့ကျင့်နေနိုင်ခဲ့သည်။

ယခုတော့ ကျွင်းရှောင်ယောက်ဟာ အဆုံးစွန်ရှေးဟောင်းလမ်း၏အဆုံးသို့ ရောက်ရှိတော့မည်ဖြစ်သဖြင့် အားကျိုးလည်း ထပ်မံ ပေါ်လာတော့သည်။

"ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်ရဲ့ ဓမ္မကာကွယ်သူက လှလိုက်တာ"

"သူက ကျွင်းမိသားစုရဲ့ အဖြူရောင်ဝတ် နတ်ဘုရားဘုရင် ကျွင်းဝူဟွေ့ရဲ့ လက်အောက်မှာရှိတဲ့ နတ်ဘုရားရှစ်ပါးထဲက တစ်ဦးပဲ။ သူ့မှာ နှစ်သွယ်မျက်လုံးရှိတယ်"

"ဟင်း၊ ဓမ္မကာကွယ်သူတောင်မှ ဒီလောက်လှပတဲ့ နှစ်သွယ်မျက်လုံးပိုင်ရှင် မိန်းကလေးတစ်ယောက် ဖြစ်နေတယ်။ ငါ တကယ်ပဲ မနာလိုနေပါပြီ"

ပါရမီရင် လုလင်များစွာ၏ မျက်လုံးများက မနာလို အားကျခြင်းများဖြင့် ပြည့်နှက်သွားသည်။

အစွမ်းထက်၊ သစ္စာရှိပြီး လှပသည့် ဓမ္မကာကွယ်သူမျိုးကို မည်သူက မလိုချင်ဘဲရှိမည်နည်း။

ကျွင်းရှောင်ယောက်လည်း အနည်းငယ် သက်ပြင်းချလိုက်သည်။

အားကျိုးက ကျွင်းရှောင်ယောက်နှင့်သာ အမြဲ ရှိနေလိုသည့် အခြား အမျိုးသမီးတချို့နှင့် မတူပေ။

အားကျိုးက တိတ်ဆိတ်ပြီး နှောင့်ယှက်ခြင်းမျိုး မရှိပါ။

ပုံမှန်ဆိုလျှင် သူမ၏ ဖြစ်တည်မှုကိုပင် မေ့လျော့နီးပါး ဖြစ်စေသည်။

ကျွင်းရှောင်ယောက် အကူအညီအလိုအပ်ဆုံးအခါမှသာ အားကျိုး ထွက်ပေါ်လာလိမ့်မည်။

တိတ်တဆိတ် ကာကွယ်ပေးပြီး အရာအားလုံး ပေးအပ်ထားနိုင်သည့် ထိုကဲ့သို့သော မိန်းကလေးကို မည်သူက မမြတ်နိုးမည်နည်း။

All Chapters