← Chapters

အခန်း ၈၀၆

Vol. 54 Ch. 806

အခန်း ၈၀၆

Vol. 54 Ch. 806

အခန်း ( ၈၀၆ ) ဘိုးဘွားနန်းတော်က အသျှင်ခန္ဓာ၊ ဆန်းကျယ်ကောင်းကင်အဓိပဓိ၊ အားကျိုးကို ထပ်ပြီး နာကျင်အောင်လုပ်ဝံ့ရင် ဒီနတ်ဘုရားသားတော်က အသျှင်ခန္ဓာကို တိုက်ရိုက်ဖျက်ဆီးမယ်။

ကျွင်းရှောင်ယောက်ဟာ အားကျိုး၏ အရှိန်အဝါက ယခင်ကထက် ပို၍ အားကောင်းလာသည်ကို ခံစားမိလိုက်သည်။

ယခင်ကတော့ အားကျိုးဟာ အဓိပဓိတစ်ပိုင်းအဆင့်မှာသာ ရှိသေးသည်။

ယခုအခါ သူ၏ အရှိန်အဝါက လုံယွမ်ထက်ပင် အနည်းငယ်သာ အားနည်းသည်။

"ကောင်းကင်အဓိပဓိငယ်လား"

ကျွင်းရှောင်ယောက် အံ့သြသွား၏။

အဓိပဓိတစ်ပိုင်းမှ အဓိပဓိ၊ ထို့နောက် ကောင်းကင်အဓိပဓိငယ်အထိ။

ယင်းမှာ ပုံစံအရ နယ်ပယ်နှစ်ခုသာ တိုးတက်ခဲ့၍ သိပ်ပြီး ထူးကဲပုံမရပေ။

သို့ရာတွင် နယ်ပယ် မြင့်မားလေလေ၊ နောက်ထပ် အဆင့်တက်ရန် ခက်ခဲလေဖြစ်ကြောင်း သိထားကြရမည် ဖြစ်သည်။

အားကျိုးက ဤအချိန်တိုလေးအတွင်း နယ်ပယ်နှစ်ခုကို ဖြတ်ကျော်နိုင်ခဲ့သောကြောင့် အလွန် ထက်မြက်နေပြီဟု ဆိုနိုင်သည်။

သို့သော်လည်း နှစ်သွယ်မျက်လုံးနှင့် အားကျိုး၏ အရည်အချင်းကို တွေးမိသောအခါ ဤတိုးတက်မှုမျိုးက နားမလည်နိုင်တာ မဟုတ်တော့ပေ။

"နင်က ထိုက်ရွှီရှေးနဂါးမျိုးနွယ်ရဲ့ မဟာကောင်းကင်အဓိပဓိ ဖြစ်ရင်တောင်မှ သခင်လေးကို ရိုင်းရိုင်းစိုင်းစိုင်း ပြောဆိုလို့မရဘူး"

အားကျိုးက ကုချင်းကိုပိုက်ကာ ရေခဲတမျှ အေးစက်နေသော လေသံဖြင့် ပြောလိုက်သည်။

လုံယွမ်က ရှေ့ဆက်တိုးချင်လျှင် သူမကလည်း တိုက်ခိုက်ရန် စိတ်ထဲမထားပေ။

လုံယွမ်၏နယ်ပယ်က သူမထက် အဆင့်တစ်ဆင့် ပိုမြင့်သည်။ ထို့ပြင် ထိုက်ရွှီ ရှေးနဂါးမျိုးနွယ်၏ မဟာကောင်းကင်အဓိပဓိ ကျွမ်းကျင်သူလည်း ဖြစ်၏။

သို့သော်၊ အားကျိုးမကြောက်ပေ။ သူမ၏ နှစ်သွယ်မျက်လုံးက နယ်ပယ်ကွာဟမှုကို ဖြည့်ဆည်းပေးနိုင်သည်။

"မင်းက...အဲဒီလူပဲ..."

ပထမတော့ လုံယွမ်ဟာ သူ့ကို တားဆီးဝံ့သောကြောင့် ဒေါသထွက်သွားသည်။ သို့သော်၊ အားကျိုးကို မြင်သောအခါ သူ ချက်ချင်း မျက်မှောင်ကြုတ်သွား၏။

အားကျိုးက အဖြူရောင်ဝတ် နတ်ဘုရားဘုရင် ကျွင်းဝူဟွေ့၏ နောက်လိုက်ဖြစ်ကြောင်း သူသိသည်။

ကျွင်းဝူဟွေ့က မည်သူနည်း။

ကျွင်းမိသားစု၏ အံ့သြဖွယ်အကောင်းဆုံးနှင့် အရည်အချင်းအရှိဆုံး ပါရမီရှင်တစ်ဦး ဖြစ်ခဲ့သူပင်။

သူ၏ လေ့ကျင့်ချိန်က အတိုဆုံးဖြစ်သော်လည်း ခွန်အားကတော့ ကျွင်းမိသားစု၏ ဘိုးဘေးများနှင့်ပင် နီးစပ်မှုရှိပေသည်။

သူတစ်ဦးတည်းက ချီတစ်ခု သုံးခုပြောင်းခြင်းနည်းဖြင့် ထာဝရသင်္ချိုင်းမြေ၊ တိုင်းတပါးပြည်နှင့် အကန့်အသတ်မဲ့ ပင်လယ်တို့ကို ဖိနှိပ်ခဲ့သည်။

သူဟာ ကျင့်ကြံသူများစွာတို့၏ စိတ်ထဲမှ သူရဲကောင်းဆိုလျှင်လည်း မမှားပေ။

ကျွင်းမိသားစု၏ ရန်ဘက်အင်အားစုများပင်လျှင် ကျွင်းဝူဟွေ့အကြောင်း ပြောဆိုသည့်အခါ သက်ပြင်းချကြရသည်။ အဖြူရောင်ဝဝ် နတ်ဘုရားဘုရင်က တကယ်ကို သူရဲကောင်းတစ်ဦးပင်။

တချို့ဆိုလျှင် ကျွင်းဝူဟွေ့ကို မျက်မှောက်ခေတ်တွင် ကျွင်းချီထျန်းနှင့် အနီးစပ်ဆုံးသော ရုပ်ပုံလွှာဟုပင် ယုံကြည်ခဲ့ကြသည်။

ထိုကဲ့သို့သော တည်ရှိမှုကို ထိုက်ရွှီရှေးနဂါးမျိုးနွယ်ဝင်ဖြစ်လျှင်ပင် အလွန်အကျွံ မနှိုးဆော်ချင်ပေ။

ကျွင်းဝူဟွေ့ကို မဆိုထားနှင့်၊ သူ၏နောက်လိုက် နတ်ဘုရင်ရှစ်ပါးပင်လျှင် ပြိုင်ဘက်ကင်းသော အရည်အချင်းများ ရှိကြသည်။

လုံယွမ် ခေတ္တငြိမ်သက်သွားသည်။

ထို့ပြင် သူက ကျွင်းမိသားစုကို သိပ်ပြီး မပစ်မှားချင်ပေ။

"အခု ငါတို့ အေးအေးဆေးဆေး စကားပြောလို့ရပြီလား"

ကျွင်းရှောင်ယောက်က ပုံမှန်အတိုင်း ပြောလိုက်သည်။

လုံယွမ်က တစ်ခုခုပြောရန် ဟန်ပြင်ပြီးမှ မျက်မှောင်ကြုတ်လိုက်၏။

ကြယ်ကောင်းကင်၏ နက်နက်သောနေရာမှ အေးစက်ပြီး ကြီးစိုးသော အော်သံတစ်ခု ရုတ်တရက် ထွက်ပေါ်လာတော့သည်။

"လုံယွမ်၊ မင်း ဘာကိုကြောက်နေတာလဲ။ ထိုက်ရွှီရှေးနဂါးမျိုးနွယ်က သားသတ်လွတ်သမား မဟုတ်ဘူး၊ ငါ့အသျှင်ဘိုးဘေးနန်းတော်ကို ထပ်ပေါင်းလိုက်ရင် ကျွင်းမိသားစုကို ကြောက်နေရဦးမှာလား"

အေးစက်စက် အော်ဟစ်လိုက်သံ ထွက်ပေါ်လာပြီးနောက်...

"ဝုန်း"

ကြယ်ကောင်းကင်မှ မရေမတွက်နိုင်သော ကြယ်များ ပေါက်ကွဲသွားခဲ့ပုံရသည်။

ကြီးမားသော စွမ်းအားဖြင့် ရက်စက်ကြမ်းကြုတ်ပုံရသော အသွင်က ရှေ့သို့ လှမ်းလာခဲ့၏။

သူ ဖြတ်သန်းသွားရာ လမ်းတစ်လျှောက်မှ ဟင်းလင်းပြင်က ပြိုကျပြီး ကြယ်များကြွေကျသွားတော့သည်။

အားကောင်းသည်။

အလွန် အစွမ်းထက်၏။

ထိုအရှိန်အဝါက လုံယွမ်ထက်ပင် ပို၍ အားကောင်းသည်။

အနက်ရောင် ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားကာ ကြီးစိုးသော ရုပ်သွင်တစ်ခု ပေါ်လာခဲ့သည်။ သူ့မျက်လုံးများက ခရမ်းရောင်အလင်းများ တောက်ပနေပြီး ကောင်းကင်ကို ပစ်လွှတ်လိုက်၏။

"အဲဒါက……"

ဧကရာဇ်သင်္ချိုင်းကြယ်မှ ပါရမီရှင် အများအပြား အံ့ဩသွားကြသည်။

ထိုက်ရွှီရှေးနဂါးမျိုးနွယ်မှ မဟာကောင်းကင်အဓိပဓိတစ်ဦး ပထမဆုံး ရောက်ရှိလာခဲ့သည်။

ထို့နောက် နတ်ဘုရင်ရှစ်ပါးထဲမှ တစ်ခုဖြစ်သော အားကျိုး တစ်ဖန်ပေါ်လာခဲ့၏။

ယခုအခါ ပို၍ အားကောင်းသော ပုဂ္ဂိုလ်တစ်ဦး ထွက်ပေါ်လာခဲ့ပြီ ဖြစ်သည်။

ဤအရာများက လူတိုင်းကို အနည်းငယ် အံ့အားသင့်စေခဲ့ပေသည်။

မမျှော်လင့်ဘဲ၊ အသျှင်ခန္ဓာနှင့် မြင့်မြတ်ခန္ဓာကြားမှ တိုက်ပွဲက ကြီးမားသော နောက်ဆက်တွဲ သက်ရောက်မှုကို ဖြစ်စေသည်။

"အဲဒါက အသျှင်ဘိုးဘွားနန်းတော်က လူတွေပဲ၊ သူတို့ ထိုင်မကြည့်နိုင်တော့ဘူးထင်တယ်..."

ကြယ်ကောင်းကင်၏ နက်နဲသောနေရာတွင် တိုက်ပွဲကို ကြည့်ရှုနေကြသော တန်ခိုးကြီးသည့် ပုဂ္ဂိုလ်ကြီးများက ပြောဆိုလိုက်ကြသည်။

တိုက်ပွဲတွင် လုံယောက်အာက ဆိုးဆိုးရွားရွား ရှုံးနိမ့်ခဲ့ရ၏။

ယင်းက သူမနှင့် ထိုက်ရွှီရှေးနဂါးမျိုးနွယ်ကို မျက်နှာပျက်စေခဲ့ရုံသာမကဘဲ...

အသျှင်ဘိုးဘွားနန်းတော်ကိုလည်း အရှက်ရစေခဲ့သည်။

ပျက်စီးခြင်း ရှေးဟောင်းနန်းတော်နှင့်အတူဘဲ၊ အသျှင်ဘိုးဘေးနန်းတော်က အလွန်နက်နဲသောအခြေခံအုတ်မြစ်ရှိသလို အားကောင်းသော ကျွမ်းကျင်သူများ ရှိသေးသည်။

သူတို့က သူတို့၏အထွတ်အထိပ်တွင် အမြဲတမ်း ရှိနေသော်လည်း အလွန်နှိမ့်ချသည်။

ပျက်စီးခြင်း ရှေးနန်းတော်၏ အထွတ်အထိပ်ကာလမှာပင် အသျှင်ဘိုးဘွားနန်းတော်နှင့် ယှဉ်ပြိုင်နိုင်ရုံသာ ရှိခဲ့သည်။

ယခုတော့ ပျက်စီးခြင်းရှေးနန်းတော်က မြင့်မြတ်ခန္ဓာ အစောင့်အရှောက်တစ်ဦးသာ ကျန်တော့သည်။

အသျှင်ဘိုးဘေးနန်းတော် မဆိုထားနှင့်၊ ပါ့ရှင်း စန်းမိသားစုပင်လျှင် ပျက်စီးခြင်း ရှေးနန်းတော်ကို ဖျက်ဆီးနိုင်သည်။

ကျွင်းရှောင်ယောက်၏ ပြီးပြည့်စုံသော ရှေးဟောင်းမြင့်မြတ်ခန္ဓာသာ ရောက်မလာခဲ့လျှင်၊ ပျက်စီးခြင်း ရှေးနန်းတော်က ထာဝရ ဆုတ်ယုတ်သွားလိမ့်မည်။

သို့ရာတွင် အသျှင်ဘိုးဘေးနန်းတော်က ကျွင်းရှောင်ယောက်ကို အလွန်မုန်းတီးသွားကြောင်း ထင်ရှားသည်။

ပထမဆုံး ကျွင်းရှောင်ယောက်က ပျက်စီးခြင်းရှေးနန်းတော်ကို ပြန်လည်တည်ဆောက်နိုင်ရန် ကူညီပေးခဲ့သည်။

ဒုတိယ၊ ပါ့ရှင်း စန်းမိသားစု ဖျက်ဆီးခံခဲ့ရ၏။

တတိယ၊ သူက လုံယောက်အာကို အပြတ်အသတ်နီးပါး ဖိနှိပ်ခဲ့သည်။ သူမကို ခွေးအဖြစ်ပင် ဆက်ဆံခဲ့‌သေးသည်။

ဤအပြုအမူများက ကျွင်းရှောင်ယောက်ကို အသျှင်ဘိုးဘွားနန်းတော်၏ အသည်းထဲမှ ဆူးတစ်ချောင်းကဲ့သို့ ဖြစ်လာစေခဲ့သည်။

ယခုတော့ အသျှင်ဘိုးဘွားနန်းတော်ဟာ မနေနိုင်တော့ဘဲ အမှန်တကယ် လှုပ်ရှားလာတော့သည်။

"ဒါက သူပဲ၊ ပါ့ထျန်းကြွယ်"

ဗဟုသုတရှိသူတချို့ အံ့သြသွားကြသည်။

သူဟာ အသျှင်ဘိုးဘွားနန်းတော်မှ ပုဂ္ဂိုလ်ကျော်တစ်ဦးဖြစ်သည်။ သူ၏ ကျင့်ကြံခြင်းကလည်း ဆန်းကျယ်အဓိပဓိနယ်ပယ်သို့ ရောက်ရှိသွားခဲ့ပြီ။

ထိုအဆင့် ပုဂ္ဂိုလ်မျိုးက ယေဘူယျအားဖြင့် ပေါ့ပေါ့ပါးပါး သွားလာလှုပ်ရှားတတ်သည် မဟုတ်ပေ။

သို့ရာတွင်၊ ဤတစ်ကြိမ် အသျှင်ခန္ဓာ၏ ရှုံးနိမ့်မှုက ဆိုးရွားလွန်းလှသည်။

အမှန်အတိုင်းပြောရမည်ဆိုပါက ခေတ်များတစ်လျှောက် အဆိုးရွားဆုံး တိုက်ပွဲပင်။

ဤအဖြစ်အပျက်က အချိန်ကြာမြင့်စွာ ပျံ့နှံ့နေတော့မည်ဖြစ်ပြီး ကောင်းကင်ကိုးခု အင်မော်တယ်နယ်မြေကြီး၏ ဟာသဖြစ်လာတော့မည် ဖြစ်သည်။

ထို့ကြောင့် အသျှင်ဘိုးဘွားနန်းတော်မှလူများ ထိုင်ကြည့်မနေနိုင်တော့ပေ။

"မြင့်မြတ်ခန္ဓာမျိုးဆက်တွေက ဘယ်အချိန်က နှိမ့်ချလာပြီး အနိုင်ရရှိဖို့ ပူးပေါင်းကြံစည်မှုတွေကို သုံးတတ်လာတာလဲ"

ပါ့ထျန်းကြွယ်က ပေါ်လာသည်နှင့် တပြိုင်နက် အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။

ထိုစကားကိုကြားတော့ ကျင့်ကြံသူများအားလုံး အံ့ဩသွားကြသည်။

ကျွင်းရှောင်ယောက်နှင့် လုံယောက်အာတို့၏ တိုက်ပွဲကို ပူးပေါင်းကြံစည်မှုဟု ခေါ်နေသည်။

အကြံအစည်ဟူ၍ ကျွင်းရှောင်ယောက်က သူ၏ ဓမ္မခန္ဓာအတွင်း၌ တားမြစ်အင်မော်တယ် စတုတ္တတံဆိပ်ကို လျှို့ဝှက်ထားခြင်းသာ ရှိသည်။

သို့ရာတွင်၊ ဤသည်က သာမန်နည်းဗျူဟာလို့ ယူဆနိုင်ပြီး ပူးပေါင်းကြံစည်မှုမျိုးနှင့် ဘာမှမဆိုင်ပေ။

ထို့ပြင် အတိတ်မှာလည်း တိုင်းတပါးမှ အင်မော်တယ်ဘုရင်သုံးပါးကို တစ်ဦးတည်း တိုက်ခိုက်ခဲ့သော ရှေးဟောင်းမြင့်မြတ်ခန္ဓာကို ကောင်းကင်အသျှင်ခန္ဓာက အခွင့်ကောင်းယူပြီး စိန်ခေါ်တိုက်ခိုက်ခဲ့ဖူးသည်။

ယင်းကရော အရှက်ရှိလို့လား။

ထို့အပြင် ဤအမှန်တရားကို ကျွင်းရှောင်ယောက်က ဖော်ထုတ်ခဲ့၍ လူတိုင်းနီးပါး သိကြသည်။

ကျွင်းရှောင်ယောက်၏ မျက်နှာက အလွန်အေးစက်သွားသည်။

အသျှင်ဘိုးဘွားနန်းတော်ကို ဤမျှအရှက်မရှိဘဲ ဖြစ်လိမ့်မည်ဟု သူမထင်ထားခဲ့ပေ။

"သခင်လေးကို စော်ကားသူတိုင်း သေရမယ်"

အားကျိုးက အေးစက်စက်ဖြင့် ပြောဆိုပြီး တိုက်ရိုက်လှုပ်ရှားလိုက်သည်။ ကုချင်းသံက ကြောက်မက်ဖွယ်ကောင်းသော ပျက်စီးခြင်းလှိုင်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွား၏။

ပါ့ထျန်းကြွယ်က ဆန်းကျယ်ကောင်းကင်အဓိပဓိနယ်ပယ် ကျွမ်းကျင်သူတစ်ဦးဖြစ်လျှင်ပင် သူမ ဂရုမစိုက်ပေ။

သူမအတွက် ကျွင်းရှောင်ယောက်၏ ဂုဏ်သတင်းမှာ သူ့ဘဝကဲ့သို့ အရေးကြီးပြီး ‌ကာကွယ်မှုပြုရန် လိုအပ်သည်။

"ဟမ့်၊ မင်းကို ကျွင်းဝူဟွေ့ရဲ့ နောက်လိုက်တစ်ဦးဖြစ်လို့ ငါက မထိဝံ့ဘူး မထင်လိုက်နဲ့။ ငါ အသျှင်ခန္ဓာက ဘယ်သူ့ကို ကြောက်မှာလဲ"

ပါ့ထျန်းကြွယ်လည်း အေးစက်စက်ဖြင့် ပြောဆိုပြီး လှုပ်ရှားလိုက်သည်။

အသျှင်လက်သီးက ကောင်းကင်ကို ဖြိုချပစ်လိုက်၏။ ယင်း၏စွမ်းအားက လုံယောက်အာ ထုတ်ဖော်ခဲ့သော အသျှင်လက်သီးနှင့် မခြားနားပေ။

"အလို၊ သူကလည်း အသျှင်ခန္ဓာပဲလား"

အသျှင်ဘိုးဘေးနန်းတော်အကြောင်း သိပ်မသိသော ပါရမီရှင်တစ်ဦးက အံ့အားသင့်စွာ ပြောလိုက်သည်။

ထိုခရမ်းရောင်သွေးများနှင့် အသျှင်လက်သီးက ကောင်းကင်အသျှင်ခန္ဓာအတွက် သီးသန့် ဖြစ်ချေသည်။

"မဟုတ်ပါဘူးကွာ၊ အသျှင်ခန္ဓာကလည်း မြင့်မြတ်ခန္ဓာနဲ့ အတူတူပဲ။ ခေတ်တစ်ခုစီတိုင်းမှာ သူတို့က နည်းနည်းပဲ ရှိတယ်။ ကျပန်း လူတစ်ဦးက အသျှင်ခန္ဓာဖြစ်ဖို့ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ"

"အသျှင်ဘိုးဘွားနန်းတော်ရဲ့ အဓိက အင်အားစုဝင်တွေက ကောင်းကင်အသျှင်ခန္ဓာသွေးကို ရရှိပြီး ကောင်းကင်အသျှင်ခန္ဓာရဲ့ စွမ်းရည် တစ်စိတ်တစ်ပိုင်းကို ရနိုင်တယ်"

အခြား ပါရမီရှင်တချို့က ရှင်းပြလိုက်သည်။

“ဒီလိုပဲကို"

ဤတော့မှ လူတော်တော်များများ နားလည်သွားကြသည်။

ပါ့ထျန်းကြွယ်က အသျှင်ခန္ဓာ၏ သွေးအနှစ်သာရကို ရရှိထားခဲ့ပေသည်။

ထိုသွေးစွမ်းအင်က ပါ့ရှင်းစန်းမိသားစုထက် များစွာ မြင့်မားသည်။

ကျွင်းရှောင်ယောက်က သူ့ကိုယ်ပိုင် မြင့်မြတ်ခန္ဓာအနှစ်သာရနှင့် သွေးကို ဝူဟူ၊ နင်ချန်၊ ရှောင်ရွယ်ရွယ်နှင့် အခြားသူများထံ ပေးလိုက်သကဲ့သို့ပင်။

ဤနည်းဖြင့် ထိုမြင့်မြတ်ခန္ဓာနှင့် အသျှင်ခန္ဓာက အစစ်အမှန်လောက် မသန်မာသော်လည်း စွမ်းရည်အချို့ကို ရရှိနိုင်ဆဲ ဖြစ်သည်။

"ဝုန်း"

ပါ့ထျန်းကြွယ်နှင့် အားကျိုးက အပြန်အလည် တိုက်ခိုက်လိုက်သည်။ အားကောင်းသော စွမ်းအင်လှိုင်းများက ကြယ်ကောင်းကင်တွင် ပျံ့နှံ့သွားခဲ့သည်။

အားကျိုး၏ မျက်လုံးများက ကစဉ့်ကလျား အခိုးအငွေ့များ ပေါ်လာခဲ့၏။ နှစ်သွယ်မျက်လုံးက မိုးနှင့်မြေကို ခွဲခြမ်းကာ ကုချင်းသံကလည်း စကြာဝဠာတစ်ခုလုံးသို့ ပျံ့နှံ့သွားတော့သည်။

"နတ်ဘုရားရှစ်ပါးထဲက တစ်ဦးဖြစ်တဲ့ နှစ်သွယ်မျက်လုံး ကုချင်းမိန်းကလေးက မျှော်လင့်ထားတဲ့အတိုင်းပါပဲ။ ကံမကောင်းချင်တော့... သူ့ရဲ့နယ်ပယ်က နိမ့်ကျနေသေးတယ်"

အကယ်၍ သူတို့သာ တူညီသောနယ်ပယ်တွင်ရှိနေပါက ပါ့ထျန်းကြွယ်မှ အားကျိုးကို မည်သို့မျှ ထိခိုက်စေနိုင်မည် မဟုတ်ပေ။

သို့ရာတွင်၊ ယခုအခါ သူ၏နယ်ပယ်က အားကျိုးထက် အဆင့်နှစ်ဆင့် ပိုမြင့်သည်။

အသျှင်လက်သီးက ကမ္ဘာသုံးထောင်ကို ဖျက်ဆီးလိုက်သကဲ့သို့ ခရမ်းရောင်အလင်းများဖြင့် ပေါက်ကွဲထွက်လာခဲ့သည်။

အားကျိုးက သန်မာသော်လည်း အနည်းငယ် နောက်ပြန်ဆုတ်သွားရ၏။ သူမ၏ ခန္ဓာကိုယ်ကလေးက တုန်ခါသွားပြီး နှုတ်ခမ်းထောင့်မှာလည်း သွေးစအနည်းငယ် ပေါ်လာတော့သည်။

အဓိပဓိနယ်ပယ်ခုနစ်ခုတွင် တစ်ခုနှင့်တစ်ခုကြား ကွာဟမှုက ကောင်းကင်ကဲ့သို့ ကြီးမားလွန်းသည်။

ယင်းက နယ်ပယ်ကိုးခုကြားမှ ကွာဟချက်နှင့် လုံးဝ နှိုင်းယှဉ်မရပေ။

ဧကရာဇ်သင်္ချိုင်းကြယ်တွင်...

ကျွင်းရှောင်ယောက်က အားကျိုး၏ နှုတ်ခမ်းထောင့်မှ သွေးတစ်စက်ကို တွေ့လိုက်ရသည်။

သူ့မျက်လုံးများက ရုတ်တရက် ရေခဲတမျှ အေးစက်လာ၏။ ပတ်ဝန်းကျင် အပူချိန်က လျင်မြန်စွာ ကျဆင်းလာသည်ကို လူတိုင်း ခံစားလိုက်ရသည်။

"ဝှစ်"

ကျွင်းရှောင်ယောက်က လုံယောက်အာ၏ ဦးခေါင်းကိုနင်းကာ ပြောလိုက်သည်။

"မင်း အားကျိုးကို ထပ်ပြီး နာကျင်အောင်လုပ်ဝံ့ရင်၊ ဒီနတ်ဘုရားသားတော် အသျှင်ခန္ဓာကို တိုက်ရိုက်ဖျက်ဆီးပစ်မယ်"

All Chapters