အခန်း ၈၀၇
Vol. 54 Ch. 807
အခန်း ( ၈၀၇ ) ကျွမ်းကျင်သူများ ထပ်ရောက်လာသည်၊ နတ်ဘုရင်ရှစ်ပါးထဲမှ တစ်ဦး... ကောင်းကင်ဘုံကို အပြစ်ပေးသူ စစ်နတ်ဘုရား။
ကျွင်းရှောင်ယောက်၏ အသံက အရပ်ရပ်သို့ ပျံ့နှံ့သွားသည်။
ပါရမီရှင်အားလုံး ကြက်သီးတဖြန်းဖြန်းထပြီး ကျွင်းရှောင်ယောက်ဘက်ကို လှည့်သွားကြ၏။
ကျွင်းရှောင်ယောက်က ကောင်းကင်အသျှင်ခန္ဓာကို တကယ်သတ်မှာလား။
တကယ်သာဖြစ်လျှင် ယင်းက ကြီးမားသော လှိုင်းလုံးကြီးများ ဖြစ်လာစေမည်မှာ သေချာသည်။
ထိုက်ရွှီရှေးနဂါးမျိုးနွယ်နှင့် အသျှင်ဘိုးဘွားနန်းတော် ဒေါသပေါက်ကွဲသွားလိမ့်မည်။
နယ်မြေဖြတ်ကျော်ပြီး အင်မော်တယ်စစ်ပွဲများကိုပင် ဖြစ်စေမည် ဖြစ်သည်။
"ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်၊ ရပ်လိုက်ပါ"
လုံယွမ် အံ့ဩသွားပြီးနောက် အော်ဟစ်လိုက်သည်။
"မင်း လုပ်ဝံ့လား"
ပါ့ထျန်းကြွယ်လည်း အေးစက်စက်ဖြင့် အော်ဟစ်လိုက်၏။
"ငါ လုပ်ရဲလား မလုပ်ရဲဘူးလားဆိုတာ စမ်းကြည့်ချင်လား"
ကျွင်းရှောင်ယောက်က လုံယောက်အာ၏ ဦးခေါင်းကို လှမ်းကိုင်လိုက်သည်။
လုံယောက်အာမှာ အလွန် သနားစဖွယ်ဖြစ်ပြီး ငိုချင်နေသော်လည်း မျက်ရည်မကျပေ။
သူမက အသျှင်ခန္ဓာ ဖြစ်သည်။
မြင့်မားပြီး ကမ္ဘာကြီးကို ကြီးစိုးထားသော အသျှင် ဖြစ်၏။
ကောင်းကင်အသျှင် အမျိုးဆက်တစ်ခုစီက ကမ္ဘာကြီးကို ကိုင်လှုပ်နိုင်ကြသည်။
သူကျတော့လား။
ယခုအခါ ကျွင်းရှောင်ယောက်က ခြေဖြင်းနင်းထားပြီး ခွေးတစ်ကောင်ကဲ့သို့ သံကြိုးဖြင့်လည်း ချည်နှောင်ခံထားခဲ့ရသည်။
ယင်းက ဘယ်လောက်တောင် သနားစရာကောင်းလိုက်လဲ။
"သခင်လေး..."
ကြယ်ကောင်းကင်မှ အားကျိုးလည်း ဤမြင်ကွင်းကိုမြင်ရသောအခါ... အမြဲတမ်း တည်ငြိမ်ပြီး အေးစက်သည့် သူမ၏ မျက်လုံးများက အနည်းငယ် လှုပ်ရှားသွားခဲ့သည်။
မွေးကတည်းက သူမ စောင့်ရှောက်ပေးခဲ့ရသည့် ကောင်ကလေး...
ယခုတော့ ကြီးပြင်းလာပြီး သူမကိုပင် အကာကွယ်ပေးနေပြီ ဖြစ်သည်။
ယင်းကြောင့် အားကျိုးလည်း သူမ ရွေးချယ်မှုမမှားကြောင်း ခံစားခဲ့ရသည်။
သူမ ကာကွယ်ပေးခဲ့ရသည့် လူများက သူ့ကိုကာကွယ်ချင်နေသည်။
"ကျွင်းရှောင်ယောက်၊ မင်းကြောင့် အင်မော်တယ်စစ်ပွဲ စတင်ခဲ့ရင် ဒီတန်ကြေးကို မင်း ခံရပ်နိုင်မှာလား"
ပါ့ထျန်းကြွယ်က ဒေါသတကြီးဖြင့် ပြောလိုက်သည်။
ကျွင်းရှောင်ယောက်ကို သူ အမှန်တကယ် ဒေါသထွက်နေပြီ။
"မင်း စမ်းကြည့်လို့ရတယ်"
ကျွင်းရှောင်ယောက်က သူ့အင်္ကျီလက်ကို ခါယမ်းကာ ပြောလိုက်သည်။
အားကျိုးသည် သူ ငယ်စဉ်ကတည်းက ကာကွယ်ပေးခဲ့သူ ဖြစ်သည်။ ထိုအတွက် မည်သည့်အရာကိုမျှ ပြန်မတောင်းဘဲ နောက်ကွယ်မှ တိတ်တဆိတ် အမြဲ ကာကွယ်ခဲ့ပေသည်။
နဂိုကတည်းက ကျွင်းရှောင်ယောက်ဟာ မိမိလူများကို အလွန် ကာကွယ်ပေးတတ်သူ ဖြစ်သည်။
ယခုကဲ့သို့ တိတ်ဆိတ်ပြီး ကာကွယ်ပေးတတ်သော အလှလေး သူ့ကိုကာကွယ်ရင်း ဒဏ်ရာရသွားသည်ကို မြင်ရသောအခါ မည်သို့ သည်းခံနိုင်တော့မည်နည်း။
တကယ်တော့ အားကျိုး၏ နှုတ်ခမ်းထောင့်မှ သွေးတစ်စက်ကို မြင်လိုက်ရကတည်းက...
ကျွင်းရှောင်ယောက်ဟာ ပါ့ထျန်းကြွယ်ကို သေဒဏ်ချမှတ်ခဲ့ပြီးဖြစ်သည်။
မဟုတ်သေး။
ယင်းက အသျှင်ဘိုးဘွားနန်းတော် တစ်ခုလုံးအတွက် သေဒဏ်ဖြစ်သည်။
အနာဂတ်တွင်၊ သူ့မှာ လုံလောက်သော စွမ်းရည်များ ရှိလာပါက၊ အသျှင်ဘိုးဘွားနန်းတော်ကို ဖျက်ဆီးကာ ဤအမွေဆက်ခံမှုကို လုံးဝ ဖြတ်တောက်ပစ်လိမ့်မည်။
နောင်တွင်၊ အသျှင်ဘိုးဘွားနန်းတော်၏ ပျက်စီးခြင်းမှာ အားကျိုး၏ နှုတ်ခမ်းထောင့်မှ သွေးတစ်စက်ကြောင့်ဖြစ်မှန်း သူတို့ သိကြမည်တော့ မဟုတ်ပေ။
သင်္ချိုင်းဧကရာဇ်ကြယ်တွင်...
ပါရမီရှင်များစွာတို့လည်း ဤမြင်ကွင်းကို မြင်ရပြီးနောက် သက်ပြင်းချလိုက်ကြသည်။
မဟာသူတော်စင်နယ်ပယ်နှင့် ဆန်းကျယ်ကောင်းကင်အဓိပဓိကို ကြိမ်းမောင်းဝံ့သူက... ကျွင်းရှောင်ယောက်သာ ရှိလိမ့်မည်။
"ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်၊ မင်းမှာပြောစရာရှိရင် ပြောလိုက်ပါ"
လုံယွမ်က အလျင်စလို ပြောလိုက်သည်။
ထိုက်ရွှီရှေးနဂါးမျိုးနွယ်က အသျှင်ဘိုးဘွားနန်းတော်နှင့် အဆက်အသွယ်များစွာ မရှိပါ။
တစ်ခုတည်းသော အဆက်အသွယ်က လုံယောက်အာ ဖြစ်သည်။
လုံယောက်အမရှိလျှင် ဤအင်မော်တယ်အင်အားစုနှစ်ခုက မည်သည့် ဆက်နွယ်ခြင်းမျှ ရှိမည်မဟုတ်ဟု ဆိုနိုင်သည်။
ယခုတော့ ပါ့ထျန်းကြွယ်က ဒေါသထွက်နေပြီ။
သူက လုံယောက်အာကိုပင် စတေးခံနိုင်လောက်သည်။
လုံယွမ်က ဤမြင်ကွင်းကို သဘာဝအတိုင်း မမြင်ချင်သောကြောင့် ငြိမ်းချမ်းရေးဖော်ဆောင်သူအဖြစ် ချက်ချင်း တားမြစ်ခဲ့လေသည်။
"ဟမ့်၊ ဒါက ငါ ကျွင်းရှောင်ယောက်ရဲ့လူကို ထိခိုက်စေခဲ့တဲ့သူရဲ့ သဘောထားလား"
ကျွင်းရှောင်ယောက်၏ မျက်နှာက အေးစက်နေဆဲပင်။
သူက မဟာသူတော်စင်သာ ဖြစ်သေးသော်လည်း မဟာကောင်းကင်အဓိပဓိနှင့် ဆန်းကျယ်ကောင်းကင်အဓိပဓိတို့ကို ရင်ဆိုင်နေရသည့်တိုင် နောက်ကိုမဆုတ်ပေ။
လေထုက ခဏတာ အေးခဲသွားခဲ့သည်။
ဤအချိန်တွင် ကြောက်မက်ဖွယ်ကောင်းပြီး အကန့်အသတ်မဲ့သော ရောင်ဝါတစ်ခုက အလွန်ဝေးကွာသောအရပ်မှ ရုတ်တရက် ထွက်ပေါ်လာသည်။
ရက်စက်ကြမ်းကြုတ်မှုတို့ကို သယ်ဆောင်ထားသော ထိုအရှိန်အဝါက တိုက်ခိုက်ချင်စိတ်အပြည့်ဖြင့် အဆုံးမဲ့ ဟင်းလင်းပြင်ကို ဖြတ်သန်းသွား၏။
ဧကရာဇ်သင်္ချိုင်းကြယ်တစ်ခုလုံးနှင့် ကြယ်ကောင်းကင်တွင် ပုန်းအောင်းနေသော မဟာပုဂ္ဂိုလ်ကြီးအားလုံး စွမ်းအားကြီးမားပြီး ကြမ်းတမ်းခက်ထန်သော တိုက်ခိုက်ချင်စိတ်ကို ခံစားခဲ့ရသည်။
"ဒီအငွေ့အသက်က အားကောင်းလွန်းတယ်"
"နောက်ထပ် ပုဂ္ဂိုလ်ကျော်တစ်ယောက် ပေါ်လာတာလား"
"အဲဒါ ကျွင်းမိသားစုထဲက အကျော်အမော်များ ဖြစ်မလား။ ဘယ်သူဖြစ်မလဲ"
ပုဂ္ဂိုလ်ကြီးများအားလုံး အံ့အားသင့်သွားကာ မှန်းဆလိုက်ကြသည်။
လုံယောက်အာဘက်က လုံယွမ်နှင့် ပါ့ထျန်းကြွယ်တို့ ထွက်ပေါ်လာခဲ့သည်။
ကျွင်းရှောင်ယောက်ဘက်က ဓမ္မကာကွယ်သူ အားကျိုး တစ်ယောက်တည်း သဘာဝအတိုင်း မရှိနေနိုင်ပေ။
ကျွင်းမိသားစုထဲမှ တစ်ယောက်ယောက် ပေါ်လာနိုင်သည်။
သို့သော်လည်း ဤအရှိန်အဝါကို ခံစားမိတော့ အားကျိုး၏ မျက်နှာပေါ်မှာ မမျှော်လင့်ထားသော အံ့အားသင့်မှုအရိပ်အမြွက်တို့ကို လှစ်ဟလာတော့သည်။
သူမ၏ နှစ်သွယ်မျက်လုံးကလည်း အလင်းရောင်များ ဖျတ်ခနဲ လင်းလက်သွားသည်။
'ဒီအငွေ့အသက်က သူ ဖြစ်နိုင်မလား... မဟုတ်ဘူး၊ သူက ဒီကိုရောက်မလာသင့်ဘူး...'
အားလုံး အံ့အားသင့်သွားကြချိန်တွင်...
ကြောက်စရာကောင်းသော လှိုင်းလုံးကြီးက စကြဝဠာ၏ နက်နဲရာမှ ထွက်လာခဲ့သည်။
ထိုနေရာတွင် ကြီးမားကျယ်ပြန့်သော စွမ်းအင်ပင်လယ်ကြီးဖြစ်ပြီး ထောင်ပေါင်းများစွာသော သားရဲများ ပြေးလွှားနေသကဲ့သို့ ကြောက်မက်ဖွယ်မြင်ကွင်းများ ထွက်ပေါ်လာတော့သည်။
ရွှေရောင်ကင်းမြီးကောက်၊ ပိရှိုး၊ ကျန်းဟော်၊ ဖေးယိ၊ ပိဖန့်...
သမိုင်းမတင်မီမှ ရှေးဦးသားရဲပုံရိပ်များက သားရဲပင်လယ်ကြီးကဲ့သို့ ပြေးဆင်းလာကာ ပါ့ထျန်းကြွယ်နှင့် လုံယွမ်တို့ကို တိုက်ခိုက်လိုက်တော့သည်။
"ဟမ်၊ ဆန်းကျယ်ကောင်းကင်အဓိပဓိ ရောင်ဝါ... အဲဒါ ဘယ်သူလဲ"
ပါ့ထျန်းကြွယ်၏ အမူအရာ ပြောင်းသွားသည်။
သူက လက်သီးဆုပ်ပြီး ခရမ်းရောင်အလင်းများနှင့် လက်သီးချက် ထုတ်ဖော်လိုက်၏။
"ဝုန်း"
ထိုးနှက်လိုက်ပြီးနောက် ပါ့ထျန်းကြွယ်မှာ မီတာရာချီပြီး ဆုတ်သွားခဲ့ရသည်။ ရှေးဟောင်းကြယ်များစွာကို ဝင်တိုက်ကာ ဖောက်ထွက်သွား၏။ နောက်ဆုံး ရပ်တန့်သွားပြီးနောက် သူ့ရင်ဘတ် တုန်ခါသွားကာ မျက်လုံးများမှာလည်း ကြောက်ရွံ့မှုတို့ ပေါ်လာတော့သည်။
လုံယွမ်ဆိုလျှင် ပို၍အခြေအနေဆိုးပြီး သွေးများပင် အန်ထွက်လာခဲ့သည်။
သူသည် ထိုက်ရွှီရှေးနဂါးမျိုးနွယ်မှ တန်ခိုးကြီးသူဖြစ်သော်လည်း သူ၏နယ်ပယ်က မဟာကောင်းကင်အဓိပဓိသာ ဖြစ်သေးသည်။
"ကျွင်းမိသားစုရဲ့ ပုဂ္ဂိုလ်ကြီးတစ်ဦးက ထိုက်ရွှီရှေးနဂါးမျိုးနွယ်နဲ့ အသျှင်ဘိုးဘွားနန်းတော်ကို အင်အားပြချင်နေတာများလား"
အမှောင်ထဲမှ မဟာပုဂ္ဂိုလ်ကြီးများ အံ့ဩသွားကြသည်။
လူတိုင်း၏ အာရုံစိုက်မှုအလယ်တွင်၊ ပုံရိပ်တစ်ခုက ကောင်းကင်၌ ထွက်ပေါ်လာခဲ့သည်။
သူ၏ ခြေလှမ်းတိုင်းတွင် စကြဝဠာတစ်ခုလုံး တုန်ခါနေပုံရ၏။ ဆန်းကျယ်ကောင်းကင်အဓိပဓိ၏ အရှိန်အဝါများကလည်း ပြင်းထန်ပြီး အကန့်အသတ်မရှိပေ။
မျက်နှာပေါ်တွင် ဒဏ်ရာ အမာရွတ်များရှိပြီး အဖြူရောင်ဆံပင်နှင့် အမျိုးသား ဖြစ်သည်။ သူ့ခန္ဓာကိုယ်တဝိုက်မှာတော့ စစ်မီးများ တောက်လောင်နေပြီး ရက်စက်ကြမ်းကြုတ်သော သတ်ဖြတ်လိုစိတ်များလည်း ပေါ်လွင်လျက်ရှိ၏။
သူ့ကိုကြည့်ရသည်မှာ စစ်ပွဲပေါင်းများစွာကို ဖြတ်သန်းခဲ့သော စစ်မိစ္ဆာတစ်ဦးကဲ့သို့ပင်။
တစ်ချိန်တည်းမှာပင်၊ တောရိုင်းကမ္ဘာကဲ့သို့ သူ့ပတ်ဝန်းကျင်မှာ အဆုံးမဲ့ သားရဲပုံရိပ်များ ရှိနေခဲ့သည်။
“သူက ဘယ်သူလဲ…”
ပါရမီရှင်များစွာတို့ အနည်းငယ် စိတ်ရှုပ်ထွေးသွားခဲ့ကြသည်။
ကျွင်းမိသားစုတွင် ထိုသို့သောသူ ရှိပုံမရပေ။
"တကယ်ကို သူပါလား"
အားကျိုး၏ မျက်လုံးလေးများ အနည်းငယ် ဝိုင်းစက်သွား၏။
အဖြူရောင်ဆံပင်နှင့် အမျိုးသားက ဘာမျှ မပြောပေ။ သူ၏ အေးစက်သော မျက်လုံးများက သားရဲတိရစ္ဆာန် မျက်လုံးများကဲ့သို့ ဒေါင်လိုက်ဖြစ်နေသည်။
သူက လေထဲမှ ခြေလှမ်းကာ ပါ့ထျန်းကြွယ်ဆီသို့ တိုက်ရိုက် ဦးတည်လိုက်သည်။
"တောရိုင်းသတ်ဖြတ်ခြင်း ကောင်းကင်တံဆိပ်တော်"
အဖြူရောင်ဆံပင်နှင့် အမျိုးသားက လေထဲကို ဖမ်းဆုပ်ဟန်ပြုလိုက်ရာ အားကောင်းသော စွမ်းအင်က ကမ္ဘာဖျက်တံဆိပ်တော်တစ်ခုအဖြစ် စုစည်းလာခဲ့သည်။
နဂါးငွေ့တန်းက နောက်ပြန်ဆုတ်သွားပြီး လေဟာပြင်က ပြင်းထန်စွ တုန်ခါသွား၏။ တဟုန်းဟုန်းတောက်နေသော စစ်မီးတောက်များကလည်း ပွက်ပွက်ဆူကာ လောင်ကျွမ်းနေတော့သည်။
"ဖြစ်နိုင်တာက...မင်း..."
ပါ့ထျန်းကြွယ်၏ မျက်လုံးများက တုန်လှုပ်သွားသည်။
သူ့ရှေ့မှလူက ဘယ်သူမှန်း သိသာသွားပုံရ၏။
သို့ရာတွင် သူက ဤနေရာမှာ အဘယ်ကြောင့် ပေါ်လာပါသနည်း။
သို့သော်လည်း ယခုအချိန်မှာ တွေးတောရန် အချိန်မရှိသောကြောင့် အစွမ်းကုန် တိုက်ခိုက်ရန်သာ တတ်နိုင်သည်။
ခရမ်းရောင်လက်သီးအလင်းက အမှောင်စကြာဝဠာကို လင်းထိန်စေခဲ့သည်။
"ဝုန်း"
ကြီးမားသော ရှေးဟောင်းကြယ်တစ်စင်း ပေါက်ကွဲသွားသကဲ့သို့ပင်။
ဆန်းကျယ်ကောင်းကင်အဓိပဓိများကြားမှ တိုက်ပွဲက အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသည်။
ဧကရာဇ်သင်္ချိုင်းကြယ်တွင် ဆန်းကျယ်ကောင်းကင်အဓိပဓိနှစ်ပါး၏ တိုက်ခိုက်မှုလှိုင်းများကို ချေဖျက်ရန် မရေမတွက်နိုင်သော နိယာမများ ထွက်ပေါ်လာခဲ့သည်။
သို့သော်လည်း ထိုအချင်းရာထက် လူတိုင်းကို အံ့အားသင့်သွားစေသည်မှာ...
သူတို့က တူညီသောအဆင့်တွင်ရှိသော်လည်း ပါ့ထျန်းကြွယ်က လုံးဝကို အားနည်းချက်ရှိပြီး တိုက်ရိုက် ရိုက်ထုတ်ခံလိုက်ရဆဲပင်။
အဖြူရောင်ဆံပင်နှင့် အမျိုးသားက ကြီးစိုးစွာဖြင့် ထပ်မံ တိုက်ခိုက်လိုက်သည်။ အားကြီးသော အနေအထားဖြင့် သူ့လက်ဝါးက ကောင်းကင်ကို ဖြိုချနိုင်ပုံရ၏။ ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ပါ့ထျန်းကြွယ်၏ ခန္ဓာကိုယ်က ထက်ခြမ်းကွဲသွားတော့သည်။
"ဝုန်း"
အဆုံးမဲ့ ခရမ်းရောင်သွေးများက စကြဝဠာတစ်ခုလုံး ပြန့်ကျဲသွားသည်။
အရပ်ရပ်မှ လူတိုင်း တုန်လှုပ်သွားကြသည်။
ဂုဏ်သိက္ခာရှိသော ဆန်းကျယ်အဓိပဓိမှာ တိုက်ကွက်အနည်းငယ်ဖြင့် ထက်ခြမ်းကွဲပြီး သေဆုံးသွားရပြီ။
ထို့အပြင်၊ ပါ့ထျန်းကြွယ်က အသျှင်ခန္ဓာသွေးရှိသူ ဖြစ်သည်။
ဒါကတော့ ကြမ်းလွန်းသွားပြီ မဟုတ်လား။
လူများစွာက အဖြူရောင် ဆံပင်နှင့် အမျိုးသားကို ကြောက်ရွံ့တုန်လှုပ်စွာဖြင့် ကြည့်နေကြသည်။
သူက ဘယ်ကလာသနည်း၊ သူဟာ သန်မာလွန်းလှသည်။
ထိုအချိန်တွင်၊ ပါ့ထျန်းကြွယ်၏ ရှေးဦးဝိညာဉ်က ကြောက်ကြောက်လန့်လန့်ဖြင့် ထွက်ပြေးရန် ကြိုးစားလိုက်လေသည်။
သူ၏ ရှေးဦးဝိညာဉ်က ကြောက်လန့်နေသလို ဒေါသထွက်သော လေသံဖြင့် အော်ဟစ်လိုက်သည်။
"မင်းက စစ်နတ်ဘုရားပဲ၊ မင်း ဘာဖြစ်လို့ ဒီကိုရောက်နေတာလဲ"
ထိုစကားကိုကြားတော့ သင်္ချိုင်းဧကရာဇ်ကြယ်မှ ပါရမီရှင်များနှင့် လူတိုင်း အံ့ဩသွားကြသည်။
တချို့ဆိုလျှင် အေးစက်တောင့်တင်းသွား၏။ ခဏကြာမှ သတိပြန်ဝင်လာကာ အံ့ဩတကြီး အော်ဟစ်ကြတော့သည်။
"သူက အဖြူရောင်ဝတ် နတ်ဘုရားဘုရင် ကျွင်းဝူဟွေ့ရဲ့ နောက်လိုက်တစ်ဦးပဲ"
"အဖြူရောင်ဝတ် နတ်ဘုရားဘုရင်ရဲ့ နတ်မျိုးနွယ်ရှစ်ပါးထဲက တစ်ဦး၊ ကောင်းကင်ဘုံကို အပြစ်ပေးသူ... စစ်နတ်ဘုရား"