← Chapters

အခန်း ၈၀၉

Vol. 54 Ch. 809

အခန်း ၈၀၉

Vol. 54 Ch. 809

အခန်း ( ၈၀၉ ) ထူးခြားတဲ့ အကြိုက်တစ်ခု နိုးထခြင်း၊ အခြေအနေများကို စတင် ညှိနှိုင်းသည်။

ထိုအချိန်တွင် ဧကရာဇ်သင်္ချိုင်းကြယ်တစ်စင်းလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။

ဧကဂာဇ်သင်္ချိုင်းကြယ်မှ ပါရမီရှင်အားလုံး တုန်လှုပ်လွန်းလို့ ခေါင်းထဲမှာ ဗလာကျင်းနေပြီ။

သူတို့ထဲမှ လူအများစုအတွက် ဆန်းကျယ်အဓိပဓိ ကျဆုံးခြင်းကို ပထမဆုံး မြင်ဖူးခြင်း ဖြစ်သည်။

သူတို့အမြင်တွင်၊ ထိုသို့သော ကျွမ်းကျင်သူက ကောင်းကင်ကဲ့သို့ မြင့်မားလှပေသည်။

ရလဒ်အနေဖြင့် ယခုအခါ အလွယ်တကူ ကျဆုံးသွားခဲ့ပြီ ဖြစ်သည်။

ယင်းက တုန်လှုပ်စရာပင်။

စစ်နတ်ဘုရားကိုကြည့်ရင်း အားလုံး၏ မျက်လုံးများက အံ့အားသင့်မှု၊ ထိတ်လန့်မှုနှင့် ကြောက်ရွံ့တုန်လှုပ်မှုတို့ ပြည့်နှက်သွားကြသည်။

"ဘုရားရေ၊ အသျှင်ဘိုးဘွားနန်းတော်ရဲ့ ဆန်းကျယ်အဓိပဓိကို အမှန်တကယ် သတ်လိုက်ပြီ။ တကယ်ပဲ နတ်မျိုးနွယ်ရှစ်ခုထဲက တစ်ဦးဖြစ်ထိုက်ပါပေတယ်"

"ပေါက်တတ်ကရ၊ ဒီလူက အဖြူရောင်ဝတ် နတ်ဘုရားဘုရင်ရဲ့ နောက်လိုက်တစ်ယောက်ကို၊ အားကောင်းတဲ့ စစ်သူကြီးမှာ အင်အားနည်းတဲ့ စစ်သည် မရှိဘူး။ ဒါကြောင့်ပဲ သူ သတ္တိရှိနေတာပေါ့"

ပါရမီရှင်များစွာက လေးစားသော မျက်လုံးများဖြင့် ကြည့်ပြီး ပြောဆိုလိုက်ကြသည်။

ထို့နောက်တွင် စစ်နတ်ဘုရားက လုံယွမ်ကို လှမ်းကြည့်လိုက်သည်။

လုံယွမ်လည်း ဆံပင်များ ထောင်မတ်သွားပြီး အရိုးထဲထိ စိမ့်တက်သွား၏။

ထိုအကြည့်မှာ သားကောင်ကို မုဆိုးက စိုက်ကြည့်နေသကဲ့သို့ အကြည့်မျိုး ဖြစ်သည်။

"ဒီက တာအိုရောင်းရင်း၊ ဒီအဘိုးကြီးက ဘယ်သူ့ကိုမှ မထိခိုက်စေခဲ့ပါဘူး"

လုံယွမ်က သူ့လက်ကို အမြန်ဝှေ့ယမ်းလိုက်သည်။

သူသည် တစ်ကြိမ်သာ လှုပ်ရှားခဲ့ပြီး ယင်းကလည်း အားကျိုးကို တားဆီးခဲ့ရုံသာ ဖြစ်သည်။

ဤမြင်ကွင်းကို မြင်လိုက်ရတော့ လူတော်တော်များများက ဆွံ့အသွားလေသည်။

ယခင်က မြင့်မားပြီး ခပ်ခွာခွာနေခဲ့သော လုံယွမ်မှာ ယခုအခါ လိပ်တစ်ကောင်ကဲ့သို့ သူရဲဘောကြောင်သူ ဖြစ်နေပြီ ဖြစ်သည်။

သို့သော်လည်း လူတိုင်း နားလည်နိုင်ပေသည်။ နောက်ဆုံးတွင်၊ ဆန်းကျယ်အဓိပဓိက မဟာကောင်းကင်အဓိပဓိကို အလွယ်တကူ သတ်နိုင်သည်။

ထို့အပြင် အဆင့်တူ‌ ဆန်းကျယ်အဓိပဓိ ပါ့ထျန်းကြွယ်ပင်လျှင် စစ်နတ်ဘုရား၏လက်မှ ဘယ်နှစ်ချက်မှ မခံနိုင်ခဲ့ပေ။

လုံယွမ် မကြောက်မှသာ ထူးဆန်းမည် ဖြစ်သည်။

စစ်နတ်ဘုရားက အေးစက်စက်ဖြင့် အကြည့်လွှဲပြီး သူ့ကို လျစ်လျူရှုလိုက်သည်။

သူက ဆန်းကျယ်အဓိပဓိ အရှိန်အဝါကို ထိန်းသိမ်းထားပြီး ဧကရာဇ်သင်္ချိုင်းကြယ်ပေါ်သို့ ဆင်းသက်လိုက်လေသည်။

အားကျိုးလည်း နောက်မှ အနီးကပ်လိုက်ခဲ့သည်။

ဧကရာဇ်သင်္ချိုင်းကြယ်တွင် ကျွင်းရှောင်ယောက်က နတ်အမိန့်ချိန်းဖြင့် ပြုလုပ်ထားသော သံကြိုးနှင့် လုံယောက်အာကို ချည်နှောင်ထားဆဲ ဖြစ်သည်။

ဤအခိုက်တွင် လုံယောက်အာ၏ ခြေလက်အင်္ဂါများက ပြန်လည်ကြီးထွားလာ၍ မတ်တပ်ရပ်ရန် ဟန်ပြင်လိုက်သည်။

သို့သော်လည်း ကျွင်းရှောင်ယောက်က လုံယောက်အာ၏ တင်ပါးကို ပိတ်ကန်လိုက်၏။

"လှဲစမ်း၊ ခြေနှစ်ချောင်းနဲ့ လမ်းလျှောက်နေတဲ့ ခွေးကို မြင်ဖူးလို့လား"

လုံယောက်အာမှာ မြေပြင်ပေါ်သို့ တစ်ဖန် လဲကျသွားလေသည်။

"နင်..."

လုံယောက်အာ၏ မျက်နှာက နီရဲနေခဲ့သည်။

လူတိုင်းရှေ့တွင် ကျွင်းရှောင်ယောက်က သူမ၏ တင်ပါးကို ကန်ခဲ့သည်။

သူ ငယ်စဉ်ကတည်းက ဤမျှ တစ်ခါမှ အရှက်မရဖူးပေ။

လုံယွမ်က သူမကို တစ်ခါတလေ တင်းတင်းကြပ်ကြပ် ဆက်ဆံခဲ့သော်လည်း ရိုက်နှက်ဆုံးမခြင်းတော့ မလုပ်ခဲ့‌ဖူးပေ။ သူမကို အလွန်ချစ်ပြီး ဂရုစိုက်ခဲ့သည်ဟု ဆိုနိုင်သည်။

သို့သော်လည်း ယနေ့မှာတော့ သူမ၏ဘဝတွင် တွေးတောင်မတွေးဖူးသော အိပ်မက်ဆိုးတစ်ခုကို ကြုံတွေ့ခဲ့ရပြီ။

ရှုံးနိမ့်ခြင်းက ရှက်စရာမဟုတ်ပါ။

သို့သော်လည်း ယခုအခါ လူသားမဆိုထားနှင့်၊ နဂါးတစ်ကောင်ကဲ့သို့ပင် မနေရတော့ပေ။

နဂါးနှင့် ခွေးတို့က တိရစ္ဆာန်ချင်း အတူတူဖြစ်သော်လည်း...

ပို၍ ယုတ်ညံ့သည့် ခွေးတစ်ကောင် ဖြစ်နေပြီ ဖြစ်သည်။

"ဒီနတ်ဘုရားသားတော်ရဲ့ အမြင်မှာ မင်းက ခွေးတစ်ကောင်ထက် မပိုဘူး။ ငါ့ကို မော်ဖူးတာက မင်းရှိသင့်တဲ့ သဘောထားပဲ"

ကျွင်းရှောင်ယောက်က အေးစက်စက်ဖြင့် ပြောလိုက်သည်။

လုံယောက်အာတွင်သာ ညှိနှိုင်းရန်အတွက် တန်ဖိုးမရှိပါက တစ်ခါတည်း သတ်ပစ်လိုက်ရန် စိတ်ထဲမထားပေ။

သို့သော်လည်း မျက်ရည်များနှင့် မြေပြင်ပေါ်တွင် လဲလျောင်းနေသော လုံယောက်အာကိုကြည့်ရင်း...

စိတ်ထဲမှာ နားမလည်နိုင်သော ပျော်ရွှင်မှုတစ်ခု ပေါ်လာသည်။

ဒါက ထူးခြားတဲ့ အကြိုက်တစ်ခု နိုးထလာတာများလား။

ကျွင်းရှောင်ယောက် ခေါင်းကို အနည်းငယ်ခါယမ်းလိုက်သည်။ သူ သတိပြန်ဝင်လာတော့ စစ်နတ်ဘုရားနှင့် အားကျိုးတို့ နှစ်ယောက်စလုံးက သူ့ရှေ့တွင် ရှိနေခဲ့ကြပြီ။

စစ်နတ်ဘုရားက အရပ်ရှည်ပြီး တောင့်တင်းသန်မာသော ကြွက်သားများ ရှိသည်။

သူ၏ အဖြူရောင်ဆံပင်များက လေနှင့်အတူ ယိမ်းနွဲ့လျက်ရှိ၏။ တင်းမာခက်ထန်သော သူ့မျက်နှာတွင် ဒဏ်ရာအမာရွတ်များ ရှိနေသလို သူ၏မျက်လုံးများကလည်း သားရဲကဲ့သို့ ဒေါင်လိုက် ဖြစ်သည်။

သူ့ကိုကြည့်ရသည်မှာ နတ်ဆိုးတစ်ကောင်ကဲ့သို့ပင်။

သူ၏ စိတ်နေစိတ်ထားက ထာဝရသင်္ချိုင်းမြေမှာ တွေ့ဆုံခဲ့သော နတ်ဆိုးဘုရင် လီရှင်းထက် မနိမ့်ကျပေ။

ထိုကဲ့သို့သောလူနှင့် ရင်ဆိုင်ရသူတိုင်း အသက်ရှူရခက်သည်အထိ ဖိနှိပ်မှု ခံစားရနိုင်သည်။

သို့သော်လည်း ကျွင်းရှောင်ယောက်ကို ရင်ဆိုင်ရချိန်တွင် စစ်နတ်ဘုရားက သူ့အငွေ့အသက်များကိုရုတ်သိမ်းပြီး တစ်ခါမှ မပြသဖူးသည့် အပြုံးတစ်ခုကိုပင် ထုတ်ဖော်ထားခဲ့သည်။

တစ်ခါမှ မပြုံးဖူးသူတစ်ယောက်ကဲ့သို့ ဤအပြုံးက အနည်းငယ် တင်းမာပြီး ပုံပန်းမကျပေ။

အားကျိုးလည်း အံ့အားသင့်စွာ ကြည့်လိုက်သည်။

ဒီစစ်နတ်ဘုရားကြီးက တကယ် ပြုံးနေတာလား။

သူ တစ်ခါမှ မမြင်ဖူးပေ။

"နတ်ဘုရားဘုရင်ရဲ့ နောက်လိုက်၊ စစ်နတ်ဘုရားက သခင်လေးကို နှုတ်ခွန်းဆက်ပါတယ်"

စစ်နတ်ဘုရားက ကျွင်းရှောင်ယောက်ရှေ့မှာ ဒူးတစ်ဖက်ထောက်ပြီး ထိုင်လိုက်သည်။

ယင်းက ပါရမီရှင်တိုင်းကို အံ့ဩသွားစေခဲ့၏။

ဤမျှကြမ်းတမ်းသော ဆန်းကျယ်အဓိပဓိက ကျွင်းရှောင်ယောက်ရှေ့မှာ မဆိုင်းမတွ ဒူးထောက်နေသည်။

"အကြီးအကဲ၊ မြန်မြန်ထလိုက်ပါ။ ဒီနောက်ပြီး ဒီတစ်ခေါက် ခင်ဗျားရဲ့ အကူအညီအတွက် ကျေးဇူးတင်ပါတယ်"

ကျွင်းရှောင်ယောက်က စစ်နတ်ဘုရားကို ပြန်ထရပ်ရန် ဖေးမပေးလိုက်သည်။

ကျွင်းရှောင်ယောက်က သူ့ဖခင်၏ နောက်လိုက်များကိုတော့ လေးစားမှုရှိနေဆဲပင်။

“ကျားအဖေမှာ ခွေးလိုသားမရှိဘူး၊ သခင်လေးရဲ့ သွင်ပြင်က တကယ်ကို လေးစားစရာပါပဲ"

စစ်နတ်ဘုရားက ကျေနပ်အားရသော လေသံဖြင့် ပြောလိုက်သည်။

သို့သော်လည်း ကျွင်းဝူဟွေ့အကြောင်း တွေးလိုက်မိသောအခါ စစ်နတ်ဘုရား၏ မျက်လုံးများက အနည်းငယ် မှိုင်းညှို့သွားပြန်တော့သည်။

"စစ်နတ်ဘုရား၊ ရှင်က တိုင်းတစ်ပါးရဲ့ နယ်နိမိတ်မှာ သခင်နောက်ကို လိုက်နေတာ မဟုတ်ဘူးလား။ အခု ဘာလာလုပ်တာလဲ"

အားကျိုးက တုံ့ဆိုင်းဆိုင်းဖြင့် မေးလိုက်သည်။

"ဒါက..."

စစ်နတ်ဘုရား ခေတ္တရပ်လိုက်၏။

ကျွင်းရှောင်ယောက်၏ နှလုံးသားထဲမှာလည်း မကောင်းသော ခံစားချက်တို့ ထပ်မံ ပေါ်လပြန်တော့သည်။

သို့သော်လည်း ဤကိစ္စကို လူအများရှေ့တွင် ဆွေးနွေးရန် မသင့်တော်ကြောင်းကို သူနားလည်သည်။

"အကြီးအကဲ၊ ဒါကို နောက်မှပြောကြရအောင်"

ကျွင်းရှောင်ယောက် ပြောလိုက်သည်။

စစ်နတ်ဘုရား အနည်းငယ် ခေါင်းညိတ်လိုက်၏။

"အားကျိုး"

ကျွင်းရှောင်ယောက်က အားကျိုးကို ကြည့်လိုက်သည်။

"သခင်လေး"

အားကျိုးက အသာအယာ ခေါင်းညိတ်ပြသည်။

ကျွင်းရှောင်ယောက်က ရှေ့သို့ လှမ်း၍ အားကျိုး၏ နှုတ်ခမ်းထောင့်မှ သွေးစကို ကိုယ်တိုင် သုတ်ပေးလိုက်၏။

"သခင်လေး..."

အားကျိုး ခဏတာ အံ့အားသင့်သွားသည်။ ကျွင်းရှောင်ယောက်ကို ဤကဲ့သို့ ပြုလုပ်မည်ဟု မမျှော်လင့်ထားပေ။

"ကံကောင်းလို့ အကြီးအကဲ စစ်နတ်ဘုရား ဒီနေ့ ပါ့ထျန်းကြွယ်ကို သတ်ခဲ့တယ်။ မဟုတ်ရင် ကျွန်တော် တကယ် စိတ်ထဲအ‌ဆင်ပြေနေမှာ မဟုတ်တော့ဘူး"

ကျွင်းရှောင်ယောက်က ပြောလိုက်သည်။

"သခင်လေး ကြီးပျင်းလာပြီပဲ။ အခု အားကျိုးကိုတောင် ကာကွယ်ချင်နေပြီ"

အားကျိုး၏ နှုတ်ခမ်းများက ချစ်စရာကောင်းသော အပြုံးတစ်ခုအဖြစ် တွန့်ကွေးသွားလေသည်။

သူမက ဘာမှ ပြန်မတောင်းလိုသော်လည်း...

ကျွင်းရှောင်ယောက်မှ သူမကို အလွန်ဂရုစိုက်နေကြောင်း မြင်ရသောအခါ စိတ်ထဲမှာ ပျော်ရွှင်နေဆဲပင်။

"ကျွန်တော်မှာ အင်အားရှိရင် ကျွန်တော် ကာကွယ်ချင်တဲ့သူကို ကာကွယ်ပေးမှာ၊ ဒါပေမဲ့ ကျွန်တော်က အားကျိုးလောက် မသန်မာသေးဘူး"

ကျွင်းရှောင်ယောက် အနည်းငယ် ပြုံးလိုက်သည်။

"သခင်လေးရဲ့ ပါရမီနဲ့ အားကျိုးရဲ့နယ်ပယ်ကို ကျော်တက်ဖို့ အချိန်သိပ်မကြာဘူးဆိုတာ အားကျိုး ယုံပါတယ်"

အားကျိုး ပြောလိုက်လေသည်။

ထိုအချိန်တွင် ချောင်းဟန့်သံတစ်ခု ထွက်ပေါ်လာသည်။

"အဟမ်း... ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်၊ ငါတို့ စကားမပြောသင့်ဘူးလား"

လုံယွမ်သည်လည်း သူ့အမူအရာကို ထိန်းထားပြီး ဧကရာဇ်သင်္ချိုင်းကြယ်စင်ပေါ်သို့ ဆင်းသက်ခဲ့ပေသည်။

သူ့မျက်နှာမှာတော့ အနည်းငယ်ရှက်ရွံ့ပြီး အားကိုးရာမဲ့နေပုံရသည်။

ကျွင်းရှောင်ယောက်က ပုံမှန်အတိုင်း ပြုမူကာ စစ်နတ်ဘုရား၊ အားကျိုးတို့နှင့် စကားစမြည်ပြောရင်း သူ့ကို တစ်ယောက်တည်း ထားခဲ့သည်။

သို့သော်လည်း ပြဿနာမှာ ကျွင်းရှောင်ယောက်က လုံယောက်အာကို ခွေးတစ်ကောင်ကဲ့သို့ သံကြိုးခတ်ထားဆဲပင်။

ဒါက ဘယ်လို သင့်လျော်လဲ။

ထိုက်ရွှီရှေးနဂါးမျိုးနွယ်က မျက်နှာမပျက်ရဘူးလား။

"အရင်က ငါစကားပြောချင်တော့ မင်းတို့က လှုပ်ရှားချင်ကြတယ်။ အခုမှ မင်းက ထပ်ပြောချင်တာလား"

လုံယွမ်၏ မျက်နှာက ဖြူပြာသွားပြီးနောက် သူ့နှလုံးသားထဲမှာလည်း မုန်းတီးမှုတို့ ပြည့်နှက်သွားလေသည်။

သို့ရာတွင် သူမုန်းသည်က ကျွင်းရှောင်ယောက် မဟုတ်ဘဲ ပါ့ထျန်းကြွယ် ဖြစ်သည်။

ပါ့ထျန်းကြွယ်သည် စိတ်မြန်လက်မြန် မလုပ်ခဲ့လျှင် အခြေအနေက ဒီလိုဖြစ်မှာမဟုတ်ပေ။

ထိုအချိန်တွင် လေထဲမှာ ရွှေရောင်အလင်းတစ်ချက် လက်သွားသည်။

ရွှေရောင် ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသော ရုပ်သွင်တစ်ခု ပေါ်လာခဲ့၏။

"ဟမ်၊ အဲဒါက ရှေးဟောင်းလမ်းရဲ့ တရားစီရင်သူတွေပဲ။ ဘာဖြစ်လို့ အခုမှ ပေါ်လာတာလဲ"

ပါရမီရှင်အချို့က လှမ်းကြည့်လိုက်ကြသည်။

တရားစီရင်သူ၏မျက်နှာမှာ အနည်းငယ် ရှက်ရွံ့သည့် အရိပ်အမြွက်တို့ ပေါ်လာခဲ့၏။

နတ်ဘုရားနှစ်ပါး တိုက်ခိုက်သောအခါ၊ သူကဲ့သို့ လူတစ်ယောက်က ဝင်ရောက်မစွတ်ဖက်နိုင်ပေ။

သို့သော်လည်း၊ တရားစီရင်သူမှာ နောက်မဆုတ်နိုင်ဘဲ အံကြိတ်ပြီး ပြောလိုက်သည်။

“နတ်ဘုရားသားတော်၊ ငါတို့ တရားစီရင်သူတွေက ဒီအသျှင်ခန္ဓာရဲ့ အသက်ကို ချမ်းသာပေးဖို့ မျှော်လင့်ပါတယ်"

"နောက်ဆုံးတော့၊ မင်းတို့အားလုံး 'မျိုးစေ့' ဖြစ်ဖို့ အရည်အချင်းပြည့်မီတယ်"

"မျိုးစေ့လား"

ကျွင်းရှောင်ယောက်၏ မျက်လုံးများက အရောင်တစ်ချက်လက်သွားသည်။

"သခင်လေး၊ တရားစီရင်သူတွေနဲ့ ကာကွယ်သူမျိုးရိုးက ဆက်နွယ်မှုရှိအါတယ်"

စစ်နတ်ဘုရား ပြောလိုက်၏။

ကျွင်းရှောင်ယောက် အနည်းငယ် ခေါင်းညိတ်လိုက်သည်။

ကာကွယ်သူမျိုးရိုးက လွန်စွာ ဂုဏ်သိက္ခာ မြင့်မားပြီး ကောင်းကင်ကိုးခု၌ မရေမတွက်နိုင်သော ကျင့်ကြံသူများ၏ လေးစားမှုကို ခံရပေသည်။

သူတို့က မရေမတွက်နိုင်သော ခေတ်ကာလများအထိ တိုင်းတစ်ပါး၏ နယ်နိမိတ်ကို စောင့်ကြပ်ခဲ့ကြသော ကိုယ်ကျိုးမဖက်သည့် ကျွမ်းကျင်သူ အဖွဲ့အစည်း ဖြစ်သည်။

ရှေးဟောင်းလမ်း၏ တရားစီရင်သူတချို့က ကာကွယ်သူများ၏ မျိုးဆက်များ ဖြစ်‌ပေသည်။

"ဒီနတ်ဘုရားသားတော်ရဲ့ အခြေအနေတွေကို သဘောတူနိုင်သရွေ့ လုံယောက်အာကို လွှတ်ထားဖို့ဆိုတာ မဖြစ်နိုင်တာ မဟုတ်ဘူး"

ကျွင်းရှောင်ယောက် ပြောလိုက်သည်။

"နတ်ဘုရားသားတော်က အမှန်တကယ် သဘောထားကြီးပါပေတယ်"

တရားစီရင်သူလည်း လက်ယှက်ပြီး ပြောလိုက်လေသည်။

လုံယွမ် တိတ်တဆိတ် သက်ပြင်းချလိုက်သည်။ ယခုတော့ ညှိနှိုင်းရန်သာ တတ်နိုင်တော့သည်။

"အခြေအနေက ရိုးရှင်းပါတယ်။ လုံယောက်အာ လေ့ကျင့်ထားတဲ့ ကောင်းကင်ကျမ်းကို လိုချင်တယ်"

ကျွင်းရှောင်ယောက် ပြောလိုက်သည်။

All Chapters