အခန်း ၈၁၀
Vol. 54 Ch. 810
အခန်း ( ၈၁၀ ) ရှင်သန်ခြင်း ကောင်းကင်ကျမ်း၊ ထိုက်ရွှီရှေးနဂါးမျိုးနွယ်ကို တစ်လက်မချင်း အခွင့်ကောင်းယူခြင်း။
"ဘာ၊ ကောင်းကင်ကျမ်းလား"
အရပ်ရပ်မှ ပါရမီရှင်များ တခဏမျှ အေးခဲသွားခဲ့သည်။ နောက်တော့ သူတို့အမူအရာများ ရုတ်တရက် ပြောင်းလဲသွား၏။
ကောင်းကင်ကျမ်းကိုးခုကို ကောင်းကင်ကိုးခု အင်မော်တယ်နယ်မြေကြီးရှိ လူတိုင်းသိကြသည်။
ယင်းက အဆုံးစွန် နည်းလမ်းကိုးခုကို ကိုယ်စားပြုပေသည်။
သာမာန် ပါရမီရှင်များအတွက် ကောင်းကင်ကျမ်းတစ်အုပ်ကို ရရှိလျှင်ပင် ကောင်းကင်သို့ပျံတက်နိုင်ပြီး အဆုံးစွန်လမ်းစဥ်တစ်ခုကိုကို လေ့ကျင့်နိုင်သည်။
ကောင်းကင်ကျမ်းကိုးခုစလုံးကို စုဆောင်းနိုင်ပါက၊ ၎င်းတို့၏လျှို့ဝှက်ချက်များကို သိနိုင်ပြီး ယခင်က မည်သူမျှ မရောက်ဖူးသော လမ်းစဉ်ကို ထိတွေ့နိုင်လိမ့်မည်။
သို့သော်လည်း ယနေ့အထိ ကောင်းကင်ကျမ်းကိုးအုပ်ကို ပြည့်စုံအောင် မည်သူမျှ မစုဆောင်းဖူးပါ။
သို့ရာတွင် ဤအရာက ကျင့်ကြံသူအားလုံး၏ စိတ်ကူးယဉ်မှုကို အဟန့်အတား မဖြစ်စေပေ။
ပါရမီရှင်တချို့လည်း ဤတော့မှ ရုတ်တရက် သဘောပေါက်သွားကြသည်။ လုံယောက်အာ၏ ပြန်လည်ကောင်းမွန်နိုင်စွမ်းက အဘယ်ကြောင့် ဤမျှ ကြောက်စရာကောင်းသည်ကိုလည်း ချက်ချင်း နားလည်သွားကြပြီ။
ပုံမှန်အားဖြင့်၊ ကောင်းကင်အသျှင်ခန္ဓာနှင့် ထိုက်ရွှီရှေးနဂါးသွေးရှိလျှင်ပင် ပြန်လည်ကောင်းမွန်နိုင်စွမ်းက ထိုမျှလောက် မပြင်းထန်နိုင်ပေ။
တစ်ခုတည်းသော ဖြစ်နိုင်ချေက...
'ကောင်းကင်ကျမ်းကိုးခုထဲက တစ်ခုပဲ'
လူတိုင်း နားလည်သွားပြီး ယခင်က သူတို့၏ သံသယများ ပြေလည်သွားခဲ့သည်။
ရှင်သန်ခြင်းကျမ်းကို အသက်ကျမ်း၊ ဖျတ်လက်ခြင်း ကျမ်း၊ ဘဝအသက်ကျမ်း စသဖြင့်လည်း ခေါ်ဆိုသည်။
ယင်းက အသက်တို့၏လမ်းစဉ်ကို ထိန်းချုပ်ထားပေသည်။
ရှေးသမိုင်းမှတ်တမ်းများတွင် ရှင်သန်ခြင်းကျမ်းကို ရရှိခဲ့သော ပါရမီရှင်များစွာ ရှိဖူးသည်။
ရှင်သန်ခြင်းကျမ်းက ကျင့်ကြံသူများကို အားကောင်းသည့် တိုက်ခိုက်နိုင်စွမ်း မပေးနိုင်သော်လည်း...
သဘာဝကို ကျော်လွန်သော အသက်ဓာတ်နှင့် ခံနိုင်ရည်တို့ကို ဆောင်ကြဉ်းပေးနိုင်သည်။
ရှင်သန်ခြင်းကျမ်းကို ထိန်းချုပ်ထားသူများသည်...
ပြတ်တောက်သွားသော ခြေလက်အင်္ဂါများ အသစ် ပြန်လည်ပေါက်လာစေခြင်း၊ သွေးတစ်စက်မှ ပြန်လည်မွေးဖွားခြင်း၊ သွေးဆင့်ကဲပြောင်းလဲခြင်း၊ ဝိညာဉ် ပြန်လည်ကောင်းမွန်ခြင်း၊ ဝိညာဉ်ကို အာဟာရဖြစ်စေခြင်းနှင့် အဆုံးမဲ့အသက်ကို ရရှိနိုင်သည်။
သူတို့၏အသက်ဓာတ်က လုံးဝ မပျက်သုဉ်းသေးသရွေ့ အချိန်နှင့်အမျှ ပြန်လည်ကောင်းမွန်လာနိုင်သည်ဟု ဆိုပေသည်။
ဤစွမ်းရည်က ကောင်းကင်ဘုံနှင့် ဆန့်ကျင်ဘက်ဖြစ်ပြီး ပထမအဆင့် အသက်ကယ်စွမ်းရည်ဟုပင် ဆိုနိုင်သည်။
"အသျှင်ခန္ဓာရဲ့ ပြန်လည်နာလန်ထူနိုင်စွမ်းက အရမ်းကြောက်ဖို့ကောင်းတာ မဆန်းတော့ပါဘူး။ သူ့ခြေလက်တွေ ပြတ်သွားရင်တောင် ချက်ချင်း ပြန်ကောင်းလာနိုင်တယ်။ လက်စသတ်တော့ သူက ရှင်သန်ခြင်းကျမ်းကို လေ့ကျင့်ထားတာပဲ"
"ရှင်သန်ခြင်းကျမ်းကို လေ့ကျင့်ထားပေမဲ့လည်း နောက်ဆုံးမှာတော့ ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်လက်ထဲမှာ သနားစရာကောင်းအောင် ရှုံးနိမ့်နေရတုန်းပါပဲ"
"ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်ရဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှုက အခုတောင် တုနှိုင်းမရဖြစ်နေပြီ။ တကယ်လို့ ရှင်သန်ခြင်းကျမ်းကို ထပ်ရခဲ့ရင် စိတ်မကူးနိုင်အောင် ဖြစ်လိမ့်မယ်"
ပါရမီရှင်များစွာက ပြောဆိုလိုက်ကြသည်။ တချို့လူများကလည်း ယင်းကိုတွေးရင် စိတ်ကူးမယဉ်နိုင်တော့ပေ။
ကျွင်းရှောင်ယောက်၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုက ယခုအခါမှာပင် သမိုင်းတစ်လျှောက် တုနှိုင်းမဲ့ဖြစ်နေပြီ ဖြစ်သည်။
ရှင်သန်ခြင်းကျမ်းကို ရရှိသွားပြီး ဆက်လက် လေ့ကျင့်လိုက်ပါက...
အနာဂတ်တွင် ကျွင်းရှောင်ယောက်၏ ခန္ဓာကိုယ်ကို မည်သူ ဖျက်ဆီးနိုင်မည်နည်း။
ပြိုင်ဘက်၏ ကျင့်ကြံခြင်းက ကျွင်းရှောင်ယောက်ထက် နယ်ပယ်များစွာ မြင့်မားခြင်းမရှိပါက၊ ကျွင်းရှောင်ယောက်ကို ဒဏ်ရာရရှိစေရန် မဖြစ်နိုင်တော့ပေ။
"မဖြစ်နိုင်ဘူး၊ နင့်ကို ရှင်သန်ခြင်းကျမ်း မပေးနိုင်ဘူး"
မြေပြင်ပေါ်တွင် လဲကျနေသော လုံယောက်အာက ချက်ချင်း အော်ဟစ်လိုက်သည်။
သူဟာ ကျွင်းရှောင်ယောက်၏လက်မှာ ကြီးမားသော ရှုံးနိမ့်မှုကို ခံစားခဲ့ရပြီး ဖြစ်သည်။
အကယ်၍ ကျွင်းရှောင်ယောက်သာ ရှင်သန်ခြင်းကျမ်းကို ထပ်မံ ရရှိသွားပါက...
လုံယောက်အာ၏ ဘဝတွင် တစ်ကျော့ပြန်လာရန် အခွင့်အလမ်း လုံးဝ မရှိနိုင်တော့ဘူး မဟုတ်လား။
"ဖြန်း"
ကျွင်းရှောင်ယောက်က လုံယောက်အာ၏ တင်ပါးကို ပြင်းပြင်းထန်ထန် ထပ်မံကန်လိုက်သည်။
"အား"
လုံယောက်အာ နာကျင်စွာ အော်လိုက်၏။ လူမမြင်ရသော်လည်း သူမ၏ တင်ပါးများက နီရဲနေပြီး ရောင်ရမ်းသွားတော့မည်မှာ သေချာလှပေသည်။
"ဒီမှာ ခွေးတွေ စကားပြောဖို့ နေရာမရှိဘူး"
ကျွင်းရှောင်ယောက်က အေးစက်စက်ဖြင့် ပြောလိုက်သည်။
လုံယောက်အာလည်း အံကိုတင်းတင်းကြိတ်လိုက်လေသည်။
ဤအရှက်တရားနှင့် ညှဉ်းပန်းနှိပ်စက်မှုမျိုးက တိုက်ပွဲတွင် ကျဆုံးခြင်းထက် ပို၍ ရှက်ရွံ့အရှက်ရစေသည်။
သို့သော်လည်း ဤအရှက်တရားကြားမှ လုံယောက်၏ နှလုံးသားထဲမှာ နားမလည်နိုင်သော ယုတ်ညံ့သည့် ခံစားချက်တစ်ခုက ပျံ့နှံ့သွားခဲ့သည်။
နားမလည်နိုင်သော ဤခံစားချက်က သူမ၏ အသားအရေကို ပန်းရောင်ပြောင်းသွားစေ၏။
ယင်းမှာ လူတကိုယ်လုံးကို အနည်းငယ်ထူးဆန်းသွားပုံရသည်။
ကျွင်းရှောင်ယောက်က လုံယောက်အာကို ဂရုမစိုက်ဘဲ လုံယွမ်ကို ကြည့်လိုက်သည်။
လုံယွမ်၏ လက်သီးများမှာလည်း ပို၍ တင်းကျပ်လာသည်။
အမှန်အတိုင်းပြောရမည်ဆိုလျှင် ရှင်သန်ခြင်းကျမ်းကို ကျွင်းရှောင်ယောက်ဆီသို့ အမှန်တကယ် လွှဲပြောင်းမပေးချင်ပေ။
လုံယောက်အာသည် ဤတစ်ကြိမ်တွင် ရုပ်ပျက်ဆင်းပျက် ရှုံးနိမ့်ခဲ့သော်လည်း အကြောင်းရင်းတစ်စိတ်တစ်ပိုင်းက ကျွင်းရှောင်ယောက်ဟာ ဓမ္မခန္ဓာဖြင့် လှည့်ကွက်သုံးခဲ့ခြင်းကြောင့်ဟု ဆိုနိုင်သည်။
ယင်းက လုံယောက်အာ၏ စိတ်ဓာတ်ကို အနည်းငယ် မတည်မငြိမ် ဖြစ်စေပေသည်။
သို့သော်လည်း လုံယောက်အာသာ အရှက်တရားမှ ရုန်းထွက်ပြီး ကျင့်ကြံခြင်းတွင် နှစ်မြှုပ်နိုင်ပါက...
လုံယွမ်တွင် လုံယောက်အာကို ဆက်လက်တိုးတက်စေရန် နည်းလမ်းတစ်ခုခု ရှိနိုင်သည်။
ကျွင်းရှောင်ယောက်ကို အနိုင်ယူမည်ဟု တိုက်ရိုက် မပြောနိုင်သော်လည်း၊ အနည်းဆုံးတော့ အမီလိုက်နိုင်ရန် အကောင်းဆုံးကြိုးစားနိုင်သေးသည်။
သို့ရာတွင် ရှင်သန်ခြင်းကျမ်းကို ကျွင်းရှောင်ယောက်ဆီသို့ ပေးလိုက်ပါက ကျွင်းရှောင်ယောက်ဟာ ပို၍အားကောင်းလာမည်မှာ သေချာသည်။
ထိုအခါမျိုးတွင် လုံယောက်အာ တစ်ကျော့ပြန်လာချင်လျှင်ပင် မျှော်လင့်ချက် မရှိသလောက်ပင်။
တိတ်ဆိတ်နေသော လုံယွမ်ကိုကြည့်ရင်း၊ ကျွင်းရှောင်ယောက်၏ နှုတ်ခမ်းများက အေးစက်သော အပြုံးတစ်ခုအဖြစ် တွန့်ကွေးသွားခဲ့သည်။
သူက လုံယောက်အာ၏ ခေါင်းလေးကို လှမ်းကိုင်လိုက်၏။
“ပြောစရာမရှိဘူး ထင်တယ်။ ငါ နတ်ဘုရားသားတော်က တရားစီရင်သူတွေကို မျက်နှာသာပေးပေမဲ့ မင်းက ငါ နတ်ဘုရားသားတော်ကို မျက်နှာသာမပေးဘူး"
ယင်းကိုမြင်တော့ ရှေးဟောင်းလမ်း၏ တရားစီရင်သူက အနည်းငယ် မျက်မှောင်ကြုတ်ပြီး လုံယွမ်ကိုကြည့်ကာ ပြောလိုက်သည်။
"တာအိုရောင်းရင်း လုံယွမ်၊ ခြေတစ်လှမ်းဆုတ်ပေးလိုက်ပါ။ ပင်လယ်ပြင်နဲ့ ကောင်းကင်ကြီးက ပိုတောက်ပလာလိမ့်မယ်"
လုံယွမ် သက်ပြင်းချလိုက်သည်။ သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ ရှေးဟောင်းစာလိပ်တစ်ခုက ကျွင်းရှောင်ယောက်ထံ ပျံသန်းသွားတော့သည်။
ရှင်သန်ခြင်းကျမ်းက လုံယောက်အာထံတွင်မဟုတ်ဘဲ လုံယွမ်မှ သိမ်းဆည်းထားခြင်း ဖြစ်သည်။
ကျွင်းရှောင်ယောက် ဖမ်းယူလိုက်၏။
ဤစာလိပ်က သွေးများ စွန်းထင်းနေသကဲ့သို့ ကြေးဝါရောင်ဖြစ်ပြီး အလွန်ရိုးရှင်းသည်။
ယင်းက အစစ်အမှန် ဟုတ်မဟုတ်ကိုတော့ အကဲဖြတ်ရန် မလိုအပ်ပါ။
ကျွင်းရှောင်ယောက်ကိုယ်တိုင်က ကောင်းကင်ကျမ်းသုံးအုပ်ကို ပိုင်ဆိုင်ထားသောကြောင့် ယင်းမှာ အမှန်ဖြစ်ကြောင်း သဘာဝအတိုင်း ခံစားနိုင်သည်။
"ရှင်သန်ခြင်းကျမ်းကို ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော် ရသွားပြီ။ ဒါက ကျားကို အတောင်ပံတပ်ပေးလိုက်သလိုပဲ"
"ဟုတ်တယ်၊ ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်သာ အခြား ကောင်းကင်ကျမ်းတွေကို စုဆောင်းနိုင်ရင် သူ့ခွန်အားက ပိုတောင် အားကောင်းလာဦးတော့မှာ"
ပါရမီရှင်များက ပြောဆိုလိုက်ကြသည်။ သို့သော်လည်း လူတိုင်း မသိကြသည်မှာ ဤသည်က ကျွင်းရှောင်ယောက် ရရှိခဲ့သော စတုတ္ထမြောက် ကောင်းကင်ကျမ်း ဖြစ်နေခြင်းပင်။
ခန္ဓာကျမ်း၊ ဟင်းလင်းပြင်ကျမ်း၊ ရတနာကျမ်း၊ ရှင်သန်ခြင်းကျမ်း။
ကောင်းကင်ကျမ်းကိုးအုပ်အနက် ရှင်သန်ခြင်းကျမ်းမှာ ကျွင်းရှောင်ယောက် ရရှိခဲ့သည့် စတုတ္ထမြောက်ကျမ်း ဖြစ်သည်။
ယခုအခါ ကောင်းကင်ကျမ်း တစ်ဝက်နီးပါးက ကျွင်းရှောင်ယောက်၏ အိတ်ကပ်ထဲသို့ ကျသွားပြီ။
သို့သော်လည်း ကျွင်းရှောင်ယောက်က ယင်းကို တမင်တကာ လူသိရှင်ကြား ထုတ်ဖော်နေမည် မဟုတ်ပါ။ သူ့ကိုယ်သူ အကြောင်းမဲ့ ဒုက္ခဖြစ်စေလိမ့်မည် မဟုတ်ပေ။
"ကောင်းပြီ၊ ငါ မင်းကို ရှင်သန်ခြင်းကျမ်း လွှဲပေးလိုက်ပြီဆိုတော့ သူ့ကို လွှတ်လိုက်နိုင်ပြီ မဟုတ်လား"
လုံယွမ်က သူ့ရင်ထဲမှ ဒေါသကိုထိန်းပြီး အေးစက်စက် ပြောလိုက်သည်။
လုံယောက်အာကတော့ ကျွင်းရှောင်ယောက် ထပ်မံကန်ခြင်း ခံရမည်စိုး၍ ဘာမျှ မပြောဝံ့တော့ပေ။
သို့ပေမည့် သူမ၏စိတ်ထဲမှာလည်း စိတ်ပျက်အားငယ်နေခဲ့သည်။
ကျွင်းရှောင်ယောက်က ကောင်းကင်ကျမ်းကို ရရှိခဲ့သောကြောင့် သူမအတွက် စားပွဲကိုလှန်ရန် ပို၍ပင်ခက်ခဲသွားခဲ့ပြီ။
သို့သော်၊ ကျွင်းရှောင်ယောက်က ရယ်ချင်ဟန်ဖြင့် ပြုံးပြီး ခေါင်းကိုခါယမ်းလိုက်သည်။
"မင်း ငါနဲ့ လာကစားနေတာလား"
ကျွင်းရှောင်ယောက်၏ သဘောထားကို မြင်လိုက်ရတော့ လုံယွမ် ဒေါသထွက်လွန်းသဖြင့် သူ့ခန္ဓာကိုယ်ပင် တုန်ခါသွားသည်။
ဧကရာဇ်သင်္ချိုင်းကြယ်၏ နိယာမများဖြင့်သာ ဖိနှိပ်မထားပါက သူ့အရှိန်အဝါများ ထိန်းမနိုင်သိမ်းမရ ပေါက်ကွဲသွားလိမ့်မည်။
ကျွင်းရှောင်ယောက်၏ အမူအရာက မပြောင်းလဲဘဲ ခပ်အေးအေးပင် ပြောလိုက်သည်။
"ငါက ဒီလိုလူမဟုတ်ပါဘူး"
"အစကတည်းက ဒီလို အေးအေးချမ်းချမ်း စကားပြောရရင် ဒါက အခြေအနေတစ်ခုတည်းဖြစ်ပြီး သူ့ကို ချက်ချင်း လွှတ်လိုက်မှာ"
"ဒါပေမဲ့ မင်းက ဒီနတ်ဘုရားသားတော်ရဲ့ ဆန္ဒကို လျစ်လျူရှုပြီး အင်အားသုံးဖို့ ရွေးချယ်ခဲ့တယ်။ ငါ့ရဲ့ ဓမ္မကာကွယ်သူကိုတောင် ဒဏ်ရာရစေခဲ့သေးတယ်။ ဒီအကြွေးကို မဖြေရှင်းသင့်ဘူးလား"
ကျွင်းရှောင်ယောက်က ပြောပြီးသားစကားကို မပြင်တတ်ပါ။
သို့ရာတွင် လက်စားချေတတ်သည်။
ကျွင်းရှောင်ယောက်က လောဘမကြီးပါ၊ မူလက သူဟာ ကောင်းကောင်မွန်မွန် စကားပြောချင်ခဲ့သည်။
သို့သော်လည်း သူတို့က အင်အားသုံးပြီး အားကျိုးမှာလည်း အနည်းငယ် ဒဏ်ရာရသွားခဲ့၏။
သို့ဖြစ်ပေရာ ကျွင်းရှောင်ယောက်နှင့် စကားပြောရတာ သဘာဝအတိုင်း မလွယ်တော့ပေ။
"မင်းက အကန့်အသတ်ထိ တွန်းပို့နေတာပဲ"
လုံယွမ်၏ အိုမင်းသောမျက်နှာက ပြာနှမ်းနေပြီး သူ့နှလုံးသား ပေါက်ကွဲတော့မည်။
လုံယောက်အာ၏ ခန္ဓာကိုယ်လေးသည်လည်း တုန်ယင်နေပြီး အလွန်ဒေါသထွက်နေပြီ ဖြစ်သည်။ သို့သော်လည်း သူ့မှာ ပေါ့ပေါ့ဆဆ ဝင် မပြောဝံ့ပေ။
"ဒါဆို ငါ တွန်းပို့နေတယ်လို့ မှတ်ယူလိုက်ပါ။ ရှေးဟောင်းလမ်းကို လျှောက်လှမ်းရတာက အထီးကျန်ဆန်တယ်။ ငါနဲ့အတူ အိမ်မွေးသားရဲတစ်ကောင် အဖော်ရှိနေတာကလည်း ကောင်းတာပဲ"
ကျွင်းရှောင်ယောက်က သံကြိုးကို အနည်းငယ်ဆရင်း ပြောလိုက်သည်။
လုံယွမ်လည်း ယင်းကိုမြင်တော့ သူ့နှလုံးသွေးများ ယိုစီးသွားလေသည်။ သူက အံကိုတင်းတင်းကြိတ်ပြီး ပြောလိုက်သည်။
"အခြားအခြေအနေတွေက ဘာတွေရှိသေးလဲ"
ကျွင်းရှောင်ယောက် အနည်းငယ် ပြုံးလိုက်ပြီး၏။ သူ့အသွင်မှာ အလွန်အေးချမ်းပြီး အနည်းငယ် ဖော်ရွေပုံပင် ရသည်။
"ထိုက်ရွှီရှေးနဂါးမျိုးနွယ်ထဲမှာ 'အသက်စမ်းရေ'လို့ ခေါ်တဲ့ မိုးနဲ့မြေရဲ့ သဘာဝရတနာတစ်ခုရှိတယ်လို့ ကြားတယ်"
ဖူး။
ကျွင်းရှောင်ယောက်ထံမှ အသက်စမ်းရေဟု ပြောလိုက်သံကို ကြားရပြီးနောက် လုံယွမ်၏နှလုံးသွေး ထိုးတက်သွားသည်။ သူ့အမြင်အာရုံများ ဝေဝါးသွားပြီး အသက်ရှူမဝသလိုပင် ဖြစ်သွား၏။
ကျွင်းရှောင်ယောက်က ထိုက်ရွှီရှေးဟောင်းနဂါးမျိုးနွယ်ကို ဝက်များကဲ့သို့ သတ်နေသည်။