← Chapters

အခန်း ၈၁၁

Vol. 55 Ch. 811

အခန်း ၈၁၁

Vol. 55 Ch. 811

အခန်း ( ၈၁၁ ) ခုနစ်ရက် အချိန် ကန့်သတ်ချက်၊ မင်းသမီးလုံကျိ အမွေကို လက်ခံခြင်း။

သူတို့က ဝက်များမဟုတ်၊ နဂါးများ ဖြစ်ကြသည်။

ကျွင်းရှောင်ယောက်က သူတို့ကို အရေခွံဆုပ်ရန် ကြိုးစားနေကြောင်း သိသာထင်ရှားလှပေသည်။

အသက်စမ်းရေက ကောင်းကင်ကိုးခု အင်မော်တယ်နယ်မြေကြီး၏ ရှားပါးရတနာဖြစ်ကာ ကမ္ဘာ့သစ်ပင်ထက် များစွာနိမ့်ကျသည် မဟုတ်ပေ။

အသက်စမ်းရေတစ်စက်က သေသူကို ရှင်သန်စေပြီး အရိုးများကို ပြန်လည်နုပျိုစေနိုင်သည်။

ယင်းက အသက်၏အနှစ်သာရကို ဖြည့်ဆည်းပေးနိုင်သည့်အပြင် ရှားပါး ဆေးပစ္စည်းလည်း ဖြစ်ချေသည်။

ယင်းမှာ အံ့ဖွယ်နည်းအမျိုးမျိုးဖြင့် သုံးလို့ရသည်ဟု ဆိုနိုင်သည်။

ထိုက်ရွှီရှေးခေတ်နဂါးမျိုးနွယ်မှာပင် အသက်စမ်းရေတွင်းတစ်ခုသာ ရှိသည်။

ကောင်းကင်ကိုးခု အင်မော်တယ်နယ်မြေကြီးတွင်၊ အသက်စမ်းရေတစ်စက်ကို ကောင်းကင်တမျှ မြင့်မား‌သောဈေးဖြင့် ရောင်းချနိုင်ပေသည်။

"မင်း သက်သက် ငွေညှစ်နေတာပဲ"

လုံယွမ် ဒေါသထွက်သွားသော ခြင်္သေ့ကြီးတစ်ကောင်ကဲ့သို့ ဟိန်းဟောက်လိုက်သည်။

ကြီးမြတ်သည့် မဟာကောင်းကင်အဓိပဓိပင်လျှင် စိတ်အေးအေးမထားနိုင်တော့ပေ။

"ဟမ့်၊ သခင်ငယ်လေးအပေါ် မင်းရဲ့သဘောထားကို ဂရုစိုက်ပါ"

စစ်နတ်ဘုရားက ရှေ့သို့ ခြေတစ်ချက်လှမ်းလိုက်သည်။

သားရဲမျက်လုံးကဲ့သို့ ဒေါင်လိုက်မျက်လုံးများက အန္တရာယ်ရှိသော အငွေ့အသက်များ ပေါက်ကွဲထွက်လာခဲ့၏။

လုံယွမ်လည်း တစ်ခုခုပြောလိုသည့်တိုင် လည်ချောင်းမှာ တစ်ဆို့သွားကာ စိတ်ဓာတ်ကျသွားလေသည်။

ထိုက်ရွှီရှေးနဂါးမျိုးနွယ်၏ အကြီးအကဲ‌အနေဖြင့် သူ့ဘဝတွင် မည်သည့်အခါမှ ဤမျှအထိနာခြင်း မရှိခဲ့ပါ။

ယခုတော့ အငယ်တစ်ဦး၏လက်တွင် မခံချိမခံသာ ဖြစ်နေတော့သည်။

ဤလူငယ်လေးကိုက ကြောက်စရာကောင်းလွန်းသည်။

လုံယွမ်ကို မဆိုထားနှင့်၊ အနီးနားမှ လူများပင် ဆွံ့အသွားကြသည်။

ကျွင်းရှောင်ယောက်ကို ဤမျှ ငွေညှစ်သန်လိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။

ထိုက်ရွှီရှေးနဂါးမျိုးနွယ်က လျှို့ဝှက်ဆန်းကြယ်ပြီး အစွမ်းထက်ဆုံး နဂါးမျိုးနွယ်စုများထဲမှ တစ်ခု ဖြစ်သည်။ သူတို့က နိမ့်ကျသောပုံရိပ်ကို ထိန်းသိမ်းထားသော်လည်း မည်သူမှ အထင်မသေးဝံ့ပေ။

ယခုတော့ သူတို့ကို ကျွင်းရှောင်ယောက်က အဆီညှစ်နေပြီ ဖြစ်သည်။

ရှေးဟောင်းလမ်း၏ တရားစီရင်သူလည်း နှုတ်ခမ်းများ တဆတ်ဆတ်တုန်သွားခဲ့လေသည်။ သို့သော်လည်း ပညာရှိစွာ နှုတ်ဆိတ်နေခဲ့သည်။

သူက ရင်ကြားစေ့ပေးရန်သာ ရောက်လာခြင်းဖြစ်ပြီး အများကြီး ဝင်ပြောနေစရာ မလိုပေ။

"ဟုတ်တာပေါ့၊ မင်းလက်မခံချင်ရင်လည်း ရပါတယ်။ ဒီနတ်ဘုရားသားတော်မှာ‌ ခွေးတစ်ကောင်ရတာပေါ့"

ကျွင်းရှောင်ယောက်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

'နတ်ဆိုး၊ သူက နတ်ဆိုးတစ်ကောင်ပဲ'

ဤအခိုက်တွင် မြေပြင်မှာ လဲလျောင်းနေသော လုံယောက်အာက စိတ်ထဲမှ ထပ်ခါတလဲလဲ ရေရွတ်လိုက်သည်။

လုံယွမ်၏ အိုမင်းသော မျက်နှာမှာလည်း တုန်လှုပ်သွား၏။

လုံယောက်အာကို ကျွင်းရှောင်ယောက်၏ ခွေးဖြင့်ခွင့်ပေးရန်မှာ မည်သို့မျှ မဖြစ်နိုင်ပေ။

နောက်ဆုံးတွင်၊ ယင်းက ထိုက်ရွှီရှေးနဂါးမျိုးနွယ်နှင့် အသျှင်ဘိုးဘွားနန်းတော်၏ မျက်နှာများကို ရိုက်ထုတ်နေသလိုမျိုးပဲ မဟုတ်လား။

ထို့အပြင်၊ လုံယောက်အာက ထိုက်ရွှီ‌ရှေးနဂါးမျိုးနွယ်၏ အလွန်အရေးပါသော အဖွဲ့ဝင်တစ်ဦး ဖြစ်သည်။ သူမတွင် အလွန်ရှားပါးသည့် ရွှေရောင်ရှေးနဂါးသွေးမျိုးဆက်လည်း ရှိသေးသည်။

အတိအကျပြောရလျှင်၊ လုံယောက်အာ၏ ရွှေရောင် ရှေးနဂါးသွေးက အပြည့်အဝ မနိုးထသေးပါ။

အပြည့်အဝနိုးထပြီးသည်နှင့် လုံယောက်အာ၏ ခွန်အားက အရည်အသွေးပြောင်းလဲမှုကို ကြုံရမည် ဖြစ်သည်။

ထို့ကြောင့် မည်သို့ပင်ဖြစ်စေ၊ ထိုက်ရွှီရှေးနဂါးမျိုးနွယ်က လုံယောက်အာကို စွန့်လွှတ်ရန် မဖြစ်နိုင်ပါချေ။

"ငါ မျိုးနွယ်စုကို ဆက်သွယ်ဖို့ လိုတယ်"

လုံယွမ်က အသက်ပြင်းပြင်းရှူပြီး လေးလေးနက်နက် ပြောလိုက်သည်။

သူသည် ထိုက်ရွှီရှေးဟောင်းနဂါးမျိုးနွယ်၏ အကြီးအကဲဖြစ်သော်လည်း၊ အသက်စမ်းရေနှင့်ပတ်သက်ပြီး ဆန္ဒရှိသလို ဆုံးဖြတ်ပိုင်ခွင့် မရှိပေ။

နဂါးမျိုးနွယ်များအနက် ရှေးအကျဆုံးနှင့် အရှားပါးဆုံးမျိုးနွယ်အနေဖြင့် ထိုက်ရွှီရှေးနဂါးမျိုးနွယ်တွင် သဘာဝအတိုင်း သန်မာသော ကျွမ်းကျင်သူများ ရှိသည်။

သို့ပေမည့် သို့ဖြစ်လျှင်ပင် ဘာဖြစ်သေးသနည်း။

အသျှင်ဘိုးဘွားနန်းတော်၏ ဧကရာဇ်တစ်ပိုင်းပင်လျှင် လက်လျှော့သွားရသည် မဟုတ်လော။

ထို့ကြောင့် လုံယွမ်မှ မျိုးနွယ်စု၏ အားကောင်းသော ကျွမ်းကျင်သူများကို ခေါ်ယူခဲ့လျှင်ပင် အသုံးမဝင်ပေ။

ပြဿနာကို ဖြေရှင်းရန် နည်းလမ်းစဉ်းစားတာက ပိုကောင်းသည်။

"ရပါတယ်၊ ဒါပေမဲ့ ငါ နတ်ဘုရားသားတော်ရဲ့ စိတ်ရှည်မှုက အကန့်အသတ်ရှိတယ်။ ခုနစ်ရက်အတွင်း အဖြေပေးပါ"

ကျွင်းရှောင်ယောက်က ပြောလိုက်သည်။

လုံယွမ်လည်း အေးစက်စက်ဖြင့် ခေါင်းညိတ်ပြပြီး ချက်ချင်း ထွက်သွားတော့သည်။

ကျွင်းရှောင်ယောက်က လုံယောက်အာကို တစ်ခုခုလုပ်လိုက်မှာကိုတော့ သူ မစိုးရိမ်ပါ။

ပျက်စီးခြင်း ရှေးဟောင်းမိသားစု၏ ဆက်ခံသူအနေဖြင့် သူ့တွင် ဂုဏ်သိက္ခာရှိနေဆဲ ဖြစ်သည်။

ထို့ပြင် ဤနေရာမှာ ရှေးဟောင်းလမ်း၏ ဓမ္မကာကွယ်သူများလည်း ရှိသေးသည်။

လုံယွမ် ထွက်သွားပြီးနောက် ဧကရာဇ်သင်္ချိုင်းကြယ်ရှိ ဖိအားများက လျော့ကျသွားခဲ့သည်။

ထို့နောက် ဆူဆူညံညံစကားသံများ ထွက်လာတော့၏။

ယနေ့ ဖြစ်ပျက်ခဲ့သည်များက အချိန်အကြာကြီး ပြောဆိုနေရန် လုံလောက်သည်။

"ဘုရား...ဘုရား၊ ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်က ကောင်းကင်နဲ့ ဆန့်ကျင်ဘက်ပြုထိုက်တယ်။ မြင့်မြတ်ခန္ဓာနဲ့ ဒီတိုက်ပွဲက သမိုင်းရဲ့ မှတ်တမ်းမှာ မှတ်တမ်းတင်ခံဖို့ လုံလောက်တယ်"

"အမှန်ပါပဲ၊ သူ့ရဲ့ ဓမ္မခန္ဓာကတောင် အသျှင်ခန္ဓာကို အချိန်အကြာကြီး တွန်းလှန်နိုင်တယ်။ သူ့ရဲ့ မူလခန္ဓာ ရောက်လာတော့ ပိုကြီးစိုးပြီး အသျှင်ခန္ဓာကို တိုက်ရိုက် ဖိနှိပ်ထားတော့တာပဲ"

"ဟုတ်တယ်၊ ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော် လေထဲမှာ ပေါ်လာတုန်းကဆိုရင် ငါ့ဦးခေါင်း ပေါက်ကွဲသွားသလို ခံစားလိုက်ရတယ်"

ပါရမီရှင် ကျင့်ကြံသူများစွာက တောက်ပသော မျက်လုံးများဖြင့် ကျွင်းရှောင်ယောက်ကို ကြည့်လိုက်သည်။

အမျိုးသားကျင့်ကြံသူများက ရိုသေလေးစားမှုတို့ ပြည့်နေပြီး အမျိုးသမီးများကတော့ အရူးအမူး ချစ်မြတ်နိုးမှုတို့ဖြင့် ကြည့်နေတော့သည်။

ခေတ်ကာလတစ်လျှောက်လုံးတွင်၊ ကျွင်းရှောင်ယောက်က အသျှင်ခန္ဓာနှင့် ဤကဲ့သို့ ကစားနိုင်သည့် တစ်ဦးတည်းသောသူ ဖြစ်သည်။

အသျှင်ဘိုးဘွားနန်းတော်၏ ဆန်းကျယ်ကောင်းကင်အဓိပဓိ ကျဆုံးသွားသလို ဧကရာဇ်တစ်ပိုင်း ပုဂ္ဂိုလ်မှာလည်း ဘာမျှ မလုပ်နိုင်ခဲ့ပေ။

ဤအရာများက ကျွင်းရှောင်ယောက်နှင့် တိုက်ရိုက် မသက်ဆိုင်သော်လည်း တစ်နည်းတစ်ဖုံ ဆက်စပ်မှုရှိသည်။

ယနေ့တွင်၊ လူအများ၏ ကျွင်းရှောင်ယောက်အပေါ် ခံယူချက်အား ပြန်လည်ဆန်းသစ်စေခဲ့သည်။

"ကျွင်းသခင်လေးက အရမ်းချောတာပဲ အစ်ကို။ ဒါက နင့်ကို အနိုင်ယူနိုင်တဲ့သူကို ပထမဆုံး တွေ့ဖူးတာပဲ"

ယွီယွင်ရှန့်လည်း ယွီဟွာနတ်မင်းဆက်၏ မင်းသမီးဟူသည့် ဂုဏ်သိက္ခာမျိုး လုံးဝ မရှိတော့ပေ။

"မင်း..."

ယွီဟွာဝမ်လည်း သူ၏ အပြောင်းအလဲမြန်သည့် ညီမလေးကိုကြည့်ရင်း ခေါင်းကိုခါယမ်းလိုက်သည်။

ထို့နောက် ကျွင်းရှောင်ယောက်ကို လေးနက်သော မျက်လုံးများနှင့်ကြည့်ရင်း စိတ်ထဲမှ ရေရွတ်လိုက်၏။

'သူက ကောင်းကင်နဲ့ ကစားနိုင်တဲ့ ဖြစ်တည်မှုဖြစ်တာ အံ့ဩစရာ မဟုတ်တော့ပါဘူး'

ဤအခိုက်တွင် ကျွင်းရှောင်ယောက်က အားလုံး၏ အာရုံစိုက်မှုဗဟိုချက် ဖြစ်သည်။

ကြယ်ကောင်းကင်ရှိ မဟာပုဂ္ဂိုလ်ကြီးများပင် ကျွင်းရှောင်ယောက်ကို အာရုံစိုက်နေခဲ့ပေသည်။

သဘောကျမှု၊ သိချင်စိတ်နှင့် လျစ်လျူရှုခြင်း ခံစားချက်အမျိုးမျိုး ရှိခဲ့သည်။

"သခင်"

မင်းသမီးလုံကျိက လူသားအသွင်ပြန်ပြောင်းကာ ကျွင်းရှောင်ယောက်ဆီသို့ ရောက်လာခဲ့သည်။

ဒဏ်ရာရပြီး အနည်းငယ် အရှက်ရခဲ့သော်လည်း နဂါးမျိုးနွယ်၏ မင်းသမီးတစ်ဦးအနေဖြင့် သူမ၏ ကျက်သရေကို မဆုံးရှုံးခဲ့ပေ။

"ငါ တောင်းပန်ပါတယ်၊ သခင်ကို ဒုက္ခပေးခဲ့မိပြီ"

မင်းသမီးလုံကျိက ကျွင်းရှောင်ယောက်ကို ဦးညွတ်လိုက်သည်။

"ကိစ္စမရှိပါဘူး"

ကျွင်းရှောင်ယောက်က သူ့လက်ကို ဝှေ့ယမ်းလိုက်၏။

သူ ဤနေရာကိုလာရသည့် အသျှင်လန္ဓာအတွက်ကာ မင်းသမီးလုံကျိနှင့် မဆိုင်ပေ။

သို့သော်လည်း မင်းသမီးလုံကျိက ကျွင်းရှောင်ယောက်ဟာ သူမကို ကယ်တင်ရန် ဤနေရာသို့ ရောက်လာသည်ဟု လွဲမှားစွာ တွေးထင်ခဲ့သည်။

"လက်ကိုးချောင်း သူတော်စင်နဂါးဧကရာဇ်ရဲ့ အခွင့်အလမ်းက အဆင်သင့်ဖြစ်နေပြီ။ မင်း သွားပြီးတော့ ဆက်ခံလိုက်ပါ"

ကျွင်းရှောင်ယောက်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

"မဟုတ်ဘူး၊ ဒီလို အဖိုးတန်တဲ့ အခွင့်အလမ်းက သခင်အပိုင်ပဲ ဖြစ်သင့်တယ်"

မင်းသမီးလုံကျိက အလျင်စလို ငြင်းလိုက်၏။

"ဒီလိုဖြစ်စရာမလိုပါဘူး၊ မင်းရဲ့အခွင့်အရေးဆိုရင် မင်းအတွက်ပဲ၊ ငါလိုအပ်တာတစ်ခုရှိရင် ငါ့ဘာသာ ယူလိုက်မယ်"

ကျွင်းရှောင်ယောက်က ပြောလိုက်သည်။

မင်းသမီးလုံကျိလည်း မငြင်းဆန်တော့ဘဲ ခေါင်းညိတ်ကာ လက်ကိုးချောင်း သူတော်စင်နဂါးဧကရာဇ်၏ အမွေကို လက်ခံရန် လျှောက်လှမ်းသွားတော့သည်။

'လက်ကိုးချာင်း သူတော်စင်နဂါးဧကရာဇ် ငယ်စဉ်က လျှို့ဝှက်ဆန်းကြယ်တဲ့ ပါရမီရှင်တစ်ဦးဆီမှာ လက်ချောင်းတစ်ချောင်း ပြတ်ခဲ့တယ်။ ဒါပေမဲ့ အဲဒီလျှို့ဝှက်ဆန်းကြယ်တဲ့ ပါရမီရှင်က ကမ္ဘာပေါ်မှာ ပေါ်မလာတော့ဘူး။ သူက ဘယ်သူလဲ'

ကျွင်းရှောင်ယောက်လည်း ထိုကောလဟာလကို အနည်းငယ် သိလိုဟန်ဖြင့် တွေးလိုက်မိသည်။

နောက်ရက်အနည်းငယ်တွင် မင်းသမီးလုံကျိက လက်ကိုးချောင်း နဂါးဧကရာဇ်၏အမွေကို လက်ခံနေခဲ့သည်။

ထိုအထဲတွင် လျှို့ဝှက်ကျင့်စဉ်များ၊ လျှို့ဝှက်ကျမ်းစာအုပ်များ စသည်ဖြင့် အလွန်တန်ဖိုးကြီးသော အရာများ ရှိ၏။

မင်းသမီးလုံကျိ လေ့ကျင့်ပြီးနောက်၊ ၎င်းတို့ကို ကျွင်းဧကရာဇ်ခုံရုံးရှိ နဂါးလူသားမျိုးနွယ်သို့ လွှဲပြောင်းပေးနိုင်သည်။

အခြားအခွင့်အလမ်းများကိုတော့ ကျွင်းရှောင်ယောက်က ဆေးပင်ဆေးဝါး အနည်းငယ်သာယူခဲ့ပြီး အခြားဘာမှစိတ်မဝင်စားပါ။

ရှင်သန်ခြင်းကျမ်း၏ တန်ဖိုးက ဧကရာဇ်အဆင့် အခွင့်အလမ်းများထက် မနိမ့်ကျပေ။

'ခုနစ်ရက်ပြည့်ခါနီးပြီ။ မကြာခင် သူတို့ ရောက်လာသင့်တယ်'

ကျွင်းရှောင်ယောက်က သူ့ဘာသာသူ တွေးလိုက်မိသည်။

ထိုက်ရွီရှေးနဂါးမျိုးနွယ်က အပေးအယူလုံမည်ဟု သူ ယုံကြည်မှုရှိပေသည်။

အကြောင်းမှာ ထိုက်ရွှီရှေးနဂါးမျိုးနွယ်ရှိ လုံယောက်အာ၏ အဆင့်အတန်းက ကျွင်းမိသားစုမှ ကျွင်းရှောင်ယောက်နှင့် တူညီသောကြောင့်ပင် ဖြစ်သည်။

ထိုက်ရွှီရှေးနဂါးမျိုးနွယ်က ဤ"မျိုးစေ့" လုံယောက်အာကို စွန့်လွှတ်မည်မဟုတ်ပေ။

'အသက်စမ်းရေကို ရတဲ့အခါ ငါ့ရဲ့ခွန်အားက တစ်ဖန်ပြောင်းလဲသွားလိမ့်မယ်'

ကျွင်းရှောင်ယောက်က ပြုံးလိုက်သည်။

သူက အသက်စမ်းရေကို အကြောင်းမဲ့ တောင်းယူခဲ့ခြင်း မဟုတ်ပါ။

အကြောင်းမှာ အသက်စမ်းရေက သူ့အတွက် ကြီးမားသော အကျိုးသက်ရောက်မှု ရှိနေသောကြောင့်ပင် ဖြစ်သည်။

All Chapters