အခန်း ၈၁၅
Vol. 55 Ch. 815
အခန်း ( ၈၁၅ ) ယောက်ချီမြင့်မြတ်မြေမှ လူ၊ ခေတ္တတွေ့ဆုံပြီးနောက် ခွဲခွာကြရပြန်ဦးမည်။
ကျန်းလော့လီ၏ ခြေလှမ်းများက ရပ်တန့်သွားခဲ့သည်။ သူမ၏ မျက်လုံးဝိုင်းဝိုင်းလေးမှာလည်း အေးခဲသွားပုံရ၏။
နေရာတွင် ရပ်နေရင်း သူမ၏အသိစိတ်များ ဗလာကျင်းသွားသလို ခံစားလိုက်ရလေသည်။
နူးညံ့သိမ်မွေ့သော သူမ၏ မျက်နှာလေးမှာလည်း မည်သည့်အမူအရာကို ပြသရမည်မှန်း မသိတော့ပေ။
"လော့... လော့လီ..."
ကျန်းစန်းယီလည်း အနည်းငယ် စိတ်ရှုပ်သွားပြီး ကျွင်းရှောင်ယောက်နှင့် လူချင်းခွဲလိုက်သည်။
သူမက သူ့နှလုံးသား၏ အမှန်တရားကို လက်ခံထားပြီးဖြစ်သည်။
သို့ပေမည့် ကျန်းလော့လီရှေ့မှာ ကျွင်းရှောင်ယောက်နှင့် ရင်းနှီးပြရန်တော့ မဖြစ်နိုင်သေးပေ။
မူလက ကျန်းလော့လီဟာ ကျွင်းရှောင်ယောက်၏ ဇနီးဖြစ်လိုကြောင်း ပထမဆုံးပြောခဲ့သူ ဖြစ်သည်။
သူမက ကျန်းရို့ ရွေးချယ်ထားသော ချွေးမလည်း ဖြစ်၏။
ထိုအချိန်က ကျန်းမိသားစုဟာ ကျန်းစန်းယီကိုပင် အောင်သွယ်လုပ်စေရန် ဆန္ဒရှိခဲ့သည်။
ယခုတော့ အောင်သွယ်ကိုပင် ကျွင်းရှောင်ယောက်က အပိုင်သိမ်းသွားပြီ။
ကျန်းစန်းယီ အနည်းငယ်ရှက်သွားသည်။
သူမက အပြင်လူများ၏ အမြင်များကို ဂရုမစိုက်သလို ကျွင်းရှောင်ယောက်နှင့် သူမ၏ သွေးချင်း ဆက်ဆံရေးကိုလည်း ဂရုမစိုက်ပေ။
သို့သော်လည်း ကျန်းလော့လီအတွက်တော့ စိတ်ထဲမှာ အပြစ်ရှိသည်ဟု ခံစားခဲ့ရသည်။
နောက်ဆုံး စဉ်းစားကြည့်ရလျှင် သူမမှာ ကျွင်းရှောင်ယောက်အတွက် ခံစားချက် မရှိသင့်ဘူးဟု ခံစားခဲ့ရလေသည်။
"လော့လီ၊ ဘာကိစ္စရှိလို့လဲ"
ကျွင်းရှောင်ယောက်က ပုံမှန်အတိုင်း မေးလိုက်သည်။
သူ့အတွက်ကတော့ ဒါဟာ သဘာဝအတိုင်းပင်။
အရာအားလုံးက သူ့စိတ်သဘောကျ ဖြစ်သည်။
သူလုပ်ချင်ပါက စဉ်းစားနေမည် မဟုတ်ပေ။
ကောင်မလေးကို နမ်းဖို့တောင် အချိန်အကြာကြီး စဉ်းစားရမယ်ဆိုရင် အဲဒါက ဘာဖြစ်ဦးမှာလဲ။
"ဟို... ဒါက၊ ယောက်ချီမြင့်မြတ်မြေက လူတွေ ရောက်လာပုံရတယ်"
ကျန်းလော့လီက ဟန်လုပ်ပြုံးရင်း တုံ့ဆိုင်းစွာ ပြောလိုက်သည်။
"ဒါဆိုရင် သွားကြည့်ကြတာပေါ့"
ကျွင်းရှောင်ယောက်က ဦးစွာထရပ်ပြီး ရှေးဟောင်းလှိုဏ်ဂူထဲမှ ထွက်သွားခဲ့သည်။
ကျန်းစန်းယီကတော့ မထွက်သွားသေးဘဲ ထရပ်ကာ ကျန်းလော့လီကို ကြည့်လိုက်၏။
"လော့လီ၊ ငါ..."
မထင်မှတ်ပဲ ကျန်းလော့လီက သူမ၏ မြင်းမြီးဆံပင်လေးနှစ်ဖက် လှုပ်ရှားသည်အထိ ခေါင်းကို ခပ်သွက်သွက် ခါယမ်းလိုက်သည်။
"အစ်မစန်းယီ၊ ပြောနေစရာမလိုပါဘူး။ ငါ့ဘေးကင်းရေးကို ဂရုစိုက်ပေးလို့ ကျေးဇူးတင်ပါတယ်၊ နောက်ပြီး အစ်ကိုရှောင်ယောက်ကိုလည်း ဂရုစိုက်ပေးလို့ ကျေးဇူးတင်ပါတယ်"
"အခုချိန်မှာ အစ်ကိုရှောင်ယောက်က အစ်မစန်းယီလို နူးညံ့သိမ်မွေ့သူတစ်ယောက်ကို လိုအပ်တယ်"
ကျန်းလော့လီက တောက်ပစွာ ပြုံးလိုက်သည်။
ကျန်းစန်းယီ အံ့ဩသွား၏။
ကျန်းလော့လီက ကြီးပြင်းလာပြီးနောက် ပိုမို ပါးနပ်လာသည်ဟု သူမ အမှန်တကယ် ခံစားခဲ့ရသည်။
"ဒါပေမဲ့ လော့လီက လက်မလျှော့ဘူး၊ ဒါပဲဆိုရင်တောင်..."
ကျန်းလော့လီက လက်နှစ်ဖက်ကို နောက်ပစ်ပြီး ပြုံးပြကာ ရှေးဟောင်းဂူအပြင်ကို ပြေးထွက်သွားတော့သည်။
"ဒါပဲဆိုရင်တောင်..."
ကျန်းစန်းယီလည်း ဘာကိုပြောချင်မှန်းမသိ၍ စိတ်ရှုပ်ထွေးသွားမိသည်။
ကျန်းလော့လီက သေခြင်းရှင်ခြင်းတံခါးထဲတွင် ကျွင်းရှောင်ယောက်ကို နမ်းခဲ့ပြီးပြီမှန်းတော့ သဘာဝအတိုင်း သူမ မသိခဲ့ပေ။
'ဟင်း... လော့လီ၊ မင်းရဲ့ အတွေးတွေကို ဘယ်သူက ဖုံးကွယ်နိုင်မှာလဲ'
ကျန်းလော့လီ၏ ကျောပြင်ကို ကြည့်ရင်း၊ ကျန်းစန်းယီ သက်ပြင်းအနည်းငယ် ချလိုက်မိသည်။
ကျန်းလော့လီဟာ သူ့ရှေ့မှာပင် ကြီးပြင်းလာသူဖြစ်၍ သူမအကြောင်းကို သဘာဝအတိုင်း သိပေသည်။
ကျန်းလော့လီက အပြင်ပန်းတွင် ပြုံးနေသော်လည်း..
အတွင်းစိတ်ထဲမှာ နည်းနည်း မနာလိုဖြစ်သွားမှာ ကြောက်ရသည်။
နောက်ဆုံးတွင်၊ မိန်းမဖြစ်နေသရွေ့ ဘယ်သူမှ လက်လျှော့လိမ့်မည် မဟုတ်ပေ။
ဤကမ္ဘာကြီးတွင် သန်မာသော အမျိုးသားတစ်ဦးမှာ ဇနီး သုံးယောက်၊ မောင်းမမိဿံလေးပါး သို့မဟုတ် မိန်းမလှ သုံးထောင်ပင် ရှိသည်မှာ သာမာန် ဖြစ်သည်။
သို့သော်လည်း ဘယ်မိန်းမက ရေစက်သုံးထောင်က ရေတစ်စက်သာ လိုချင်ကြမှာလဲ။
'လော့လီ၊ ငါလည်း လက်မလျှော့ဘူး'
ကျန်းစန်းယီက စိတ်ထဲမှ ရေရွတ်လိုက်သည်။
သူမက ကျန်းလော့လီကို ဘာမဆို စွန့်လွှတ်ပေးနိုင်သည်။
သို့သော်၊ ကျွင်းရှောင်ယောက်ကိုတော့ လက်လွှတ်လိမ့်မည် မဟုတ်ပေ။
အပြင်ဘက်တွင်...
ကောင်းကင်ထက်မှာ နန်းတွင်းဝတ်စုံဝတ်ထားသည့် မိန်းမချောလေးတစ်ယောက် ရပ်နေသည်။
သူမက မိန်းမပျိုတစ်ဦး ဖြစ်ပုံရသော်လည်း အရှိန်အဝါများအရ ထိပ်သီး ပုဂ္ဂိုလ်ကျော်တစ်ဦးဖြစ်မှန်း သိနိုင်ပေသည်။
ကျွင်းရှောင်ယောက်က လက်နှစ်ဖက်ကို နောက်ပစ်ပြီး လှပသော အမျိုးသမီးကို ကြည့်လိုက်သည်။
တစ်ဖက်တွင် ကျွင်းရှောင်ယောက် ဂူထဲမှ ထွက်လာသည်ကို မြင်လိုက်ရသဖြင့် အားကျိုးလည်း ရှေ့သို့ တိုးလာခဲ့၏။
"သခင်လေး၊ နောက်ဆုံးတော့ မင်းထွက်လာပြီ"
အားကျိုးက စိုးရိမ်ပူပန်ဟန်ဖြင့် ပြောလိုက်သည်။
"မင်းကို စိတ်ပူစေခဲ့မိတာ တောင်းပန်ပါတယ်"
ကျွင်းရှောင်ယောက် အနည်းငယ် ပြုံးလိုက်၏။
"သခင်လေး ဘာမှမဖြစ်နေသရွေ့ လုံလောက်ပါပြီ"
အားကျိုးက အနည်းငယ်ခေါင်းညိတ်လိုက်သည်။
သူမက နောက်ကွယ်မှ တိတ်တဆိတ် ကာကွယ်စောင့်ရှောက်ခြင်းသာ ထူးချွန်ပြီး ချိုသာစွာဖြင့် နှစ်သိမ့်ခြင်းမျိုးတော့ မပြုတတ်ပေ။
"စီနီယာ၊ ခင်ဗျားက..."
ကျွင်းရှောင်ယောက်က ကောင်းကင်ထက်မှ လှပသော အမျိုးသမီးကို ကြည့်လိုက်သည်။
ယင်းကိုမြင်တော့ လှပသော အမျိုးသမီးက ကောင်းကင်ယံမှ ဆင်းသက်လာလေသည်။
"ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်က တကယ်ကို နာမည်ဂုဏ်သတင်းနဲ့ လျော်ညီပါပေတယ်။ ငါက ယောက်ချီမြင့်မြတ်မြေရဲ့ အကြီးအကဲပါ"
ချောမောလှပသော အမျိုးသမီးက ကြင်နာစွာ ပြုံးပြလိုက်သည်။
"ယောက်ချီမြင့်မြတ်မြေလား"
ကျွင်းရှောင်ယောက်က အနည်းငယ် မျက်ခုံးပင့်လိုက်၏။
ဒါက အနောက်တိုင်းရဲ့ မယ်တော်ဘုရင်မရဲ့ အင်အားစုပဲ မဟုတ်လား။
"တကယ်တော့ ငါ ဒီနေ့ သူ့အတွက် ဒီကိုရောက်လာတာ"
ချောမောလှပသော အမျိုးသမီးက ကျွင်းရှောင်ယောက်နောက်ကို လှမ်းကြည့်လိုက်သည်။
ဂူထဲမှ ကျန်းစန်းယီနှင့် ကျန်းလော့လီ ထွက်လာကြ၏။
"သူက အနောက်တိုင်း မယ်တော်ဘုရင်မရဲ့ အမွေကို ဆက်ခံနိုင်တဲ့အတွက်၊ ငါတို့ ယောက်ချီမြင့်မြတ်မြေရဲ့ သူတော်စင် ဖြစ်လာခဲ့ပါပြီ"
ချောမောလှပသော အမျိုးသမီးက ကျန်းစန်းယီကို နူးညံ့စွာ ပြုံးပြလိုက်သည်။
"ယောက်ချီမြင့်မြတ်မြေရဲ့ သူတော်စင်လား"
ကျန်းစန်းယီ လှမ်းကြည့်လိုက်၏။
ထိုအချိန်တွင် ရိုးရှင်းသော အဝတ်အစားများ ဝတ်ဆင်ထားသည့် ရုပ်သွင်တစ်ခု ထွက်ပေါ်လာခဲ့သည်။
သူမက ကျန်းစန်းယီ၏ ဆရာမ ယွီချင်းနင် ဖြစ်ချေသည်။
"ရှင်က... ဘိုးဘွားလား"
ယွီချင်းနင်ကိုမြင်တော့ ချောမောလှပသော အမျိုးသမီးမှာ လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။
ယွီချင်းနင်သည် သူတို့ ယောက်ချီမြင့်မြတ်မြေ၏ ကျောင်းအုပ်ဟောင်းနှင့် ချွတ်စွပ်တူကြောင်း တွေ့လိုက်ရ၏။
ထို့ကြောင့် သူ့မှာ ရုတ်တရက် တုန်လှုပ်သွားပြီး အဆောတလျင် ဦးညွတ်လိုက်တော့သည်။
ယွီချင်းနင်က ဤလှပသောအမျိုးသမီးကို ဂရုမစိုက်ဘဲ ကျန်းစန်းယီအား အသံပို့လွှတ်ကာ ပြောလိုက်သည်။
'ငါ့တပည့်လေး တော်ပါတယ်ဆို၊ ဆရာ့ရှေ့မှာ ကြင်နာနေဝံ့တယ်'
'ဆရာ...'
ထိုစကားကိုကြားတော့ ကျန်းစန်းယီ၏မျက်နှာက နီမြန်းသွားလေသည်။
ထိုအချိန်က ကျွင်းရှောင်ယောက်ဟာ အမှတ်တမဲ့ တိုက်ခိုက်မှုမျိုး ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် ယွီချင်းနင်ကို ခဏချင်း သတိမထားမိတော့ပေ။
ထို့နောက်တွင် ချောမောလှပသော အမျိုးသမီးက သူမ လာရောက်ခြင်း၏ ရည်ရွယ်ချက်ကို ထုတ်ဖော်ပြောခဲ့သည်။
ကျန်းစန်းယီသည် အနောက်တိုင်း၏ မယ်တော််ဘုရင်ထံမှ အမွေဆက်ခံသူဖြစ်ပြီး ယွီချင်းနင်၏တပည့်လည်း ဖြစ်နေသည်။
ယခုအခါ ယောက်ချီမြင့်မြတ်မြေ၏ သူတော်စင်နေရာက သူမအပြင် အခြားမဖြစ်နိုင်တော့ပေ။
ထို့အပြင် ကျန်းစန်းယီက ကျန်းမိသားစု၏ နတ်ဘုရားမဖြစ်ပြီး ကျွင်းရှောင်ယောက်နှင့်လည်း ရင်းနှီးသောဆက်ဆံရေး ရှိသည်။
ယောက်ချီမြင့်မြတ်မြေက ကျန်းစန်းယီကို အနိုင်ယူလိုသည်မှာ သဘာဝအတိုင်း ဖြစ်ချေသည်။
ဤသည်မှာ ကျွင်းရှောင်ယောက်ကို အနိုင်ရရန် အသွင်ဆောင်သည့် ကြိုးပမ်းမှုတစ်ခုဟုလည်း မှတ်ယူနိုင်သည်။
"စန်းယီ၊ ဆရာတစ်ယောက်အနေနဲ့ ယောက်ချီမြင့်မြတ်မြေကိုသွားဖို့ ငါ အကြံပေးချင်တယ်"
"မင်းမှာ ယောက်ချီအင်မော်တယ်ကျမ်း အပြည့်အစုံရှိပြီး၊ မသန့်စင်ရသေးတဲ့ ဝင်ပေါက်ကိုးခု ကျောက်သန္ဓေလည်း ရှိတယ်။ ဒါတွေအားလုံးကို ယောက်ချီမြင့်မြတ်မြေမှာ ပိုပြီး အဆင်ပြေအောင် လေ့ကျင့်နိုင်တယ်"
"နောက်ပြီး ယောက်ချီမြင့်မြတ်မြေမှာ ကျောက်စိမ်းရေကန်လည်း ရှိတယ်လေ။ အဲဒီမှာ လေ့ကျင့်ရတာ ပိုပြီး အဆင်ပြေတယ်"
ယွီချင်းနင်က ပြောလိုက်သည်။
"မှန်ပါတယ်၊ ကျန်းမိန်းကလေး သဘောတူမယ်ဆိုရင် ငါ့ ယောက်ချီမြင့်မြတ်မြေရဲ့ အရင်းအမြစ်အားလုံးကို အသုံးချနိုင်တယ်"
လှပသော အမျိုးသမီးကလည်း ပြောလိုက်သည်။
ကျန်းစန်းယီက နှုတ်ခမ်းကို အနည်းငယ်ကိုက်ပြီး မျက်လုံးထောင့်မှ ကျွင်းရှောင်ယောက်ကို တစ်ချက် ကြည့်လိုက်၏။
အမှန်အတိုင်းပြောရလျှင် သူမက ကျွင်းရှောင်ယောက်နှင့် နောက်တစ်ကြိမ် လမ်းခွဲရန် ဝန်လေးနေမိသည်။
သို့သော် အခြားတစ်ဖက်မှာလည်း၊ အနာဂတ်တွင် ကျွင်းရှောင်ယောက်၏ ဖိအားတချို့ကို ဝေမျှသယ်ပိုးနိုင်ရန် ရည်ရွယ်ရင်း ပိုမို သန်မာရန် ကြိုးစားချင်သေးသည်။
"အစ်မစန်းယီ၊ မင်းလိုအပ်ရင် သွားလို့ရပါတယ်။ ယောက်ချီမြင့်မြတ်မြေက မင်းရဲ့ ကျင့်ကြံခြင်းနဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် ပိုသင့်တော်တယ်"
ကျွင်းရှောင်ယောက်က ပေါ့ပါးသော အပြုံးဖြင့် ပြောလိုက်သည်။
"အင်း၊ ငါနားလည်ပါတယ်"
ကျန်းစန်းယီက ခေါင်းကို ညိတ်ရုံညိတ်ပြလိုက်လေသည်။
သူမက တွန့်ဆုတ်နေသော်လည်း ကျွင်းရှောင်ယောက်၏အနားတွင် အမြဲရှိနေနိုင်မည်မဟုတ်ပါ။
သူတို့၏ သက်ဆိုင်ရာ ကျင့်ကြံခြင်း လမ်းကြောင်းများက မပြီးပြတ်သေးပေ။
ထို့ပြင် ကျွင်းရှောင်ယောက်က အဆုံးစွန်စမ်းသပ်မှုတွင် ပါဝင်ရဦးမည်ဖြစ်သည်။
"သိပ်ကောင်းတာပဲ"
လှပသော အမျိုးသမီး ဝမ်းသာသွားလေသည်။
လက်ရှိ ယောက်ချီမြင့်မြတ်မြေသည် ကမောက်ကမနှင့် ကပ်ဆိုးများကို ကြုံတွေ့ခဲ့ရပြီး ပျက်ပြားသွားကာ ရှေးခေတ်က ကြီးပွားချမ်းသာမှုမျိုး မရှိတော့ပါ။
ယခုတော့ ကျန်းစန်းယီက ယောက်ချီမြင့်မြတ်မြေ၏ သူတော်စင်ဖြစ်လာပြီး ကျွင်းရှောင်ယောက်နှင့်လည်း တစ်နည်းတစ်ဖုံ ဆက်နွယ်သွားခဲ့ပြီ ဖြစ်သည်။
ယောက်ချီမြင့်မြတ်မြေက အတိတ်မှ သူတို့၏ ဘုန်းအသရေကို ပြန်လည်ဖန်တီးရန် လမ်းစပေါ်လွင်လာခဲ့ပြီ။