← Chapters

အခန်း ၈၁၆

Vol. 55 Ch. 816

အခန်း ၈၁၆

Vol. 55 Ch. 816

အခန်း ( ၈၁၆ ) အားကျိုးကို လွတ်လပ်ခွင့်ပေးလိုက်ပါပြီ၊ ကျွင်းရှောင်ယောက်က တကယ့်လူဆိုးကြီးတစ်ယောက်လား၊ ဧကရာဇ်ငယ်တိုက်ပွဲနှင့် အင်မော်တယ်ရတနာ။

ကျန်းစန်းယီ ထွက်သွားပြီ။

သူမနှင့်အတူ ယွီချင်းနင်နှင့် ပိုးမင်းသမီးလည်း လိုက်ပါသွားခဲ့သည်။

ဤတစ်ကြိမ် ယောက်ချီမြင့်မြတ်‌မြေကို သွားရောက်ခြင်းက သူမ၏ ကျင့်ကြံခြင်းအတွက် များစွာအထောက်အကူဖြစ်မည်မှန်း ကျန်းစန်းယီ သိသည်။

ထို့အပြင်၊ ယောက်ချီမြင့်မြတ်မြေကို တစ်ဖန် ပြန်လည်ထမြောက်အောင် ကူညီပေးနိုင်သော ယောက်ချီအင်မော်တယ်ကျမ်းက သူမတွင် ရှိသည်။

ကျန်းစန်းယီက အနာဂတ်တွင် ယောက်ချီမြင့်မြတ်မြေ၏ မျိုးဆက်သစ်ခေါင်းဆောင် ဖြစ်လာရန်ပင် မဖြစ်နိုင်တာ မဟုတ်တော့ပေ။

နောက်ဆုံးတွင် သူမက ရှေးယခင် ကျောင်းအုပ်ကြီး ယွီချင်းနင်၏ တပည့် ဖြစ်သည်။

ကျန်းစန်းယီက ထွက်ခွာရန် တွန့်ဆုတ်နေသော်လည်း ရိုးရိုးရှင်းရှင်း ထွက်ခွာသွားပြီး ငိုကြွေးကာ နှုတ်ဆက်ခြင်းမျိုး လုံးဝ မရှိခဲ့ပေ။

သူမက လွတ်လပ်ပြီး သန်မာသော မိန်းကလေးတစ်ယောက် ဖြစ်သည်။ ကျွင်းရှောင်ယောက်ကို အားကိုးအားထား အမြဲပြုနေမည် မဟုတ်ချေ။

ဤတစ်ကြိမ် ခွဲခွာခြင်းကတော့ ပို၍ အချိန်ကြာနိုင်သည်။

"အစ်ကိုရှောင်ယောက်၊ စိတ်မကောင်းဖြစ်နေလား။ သူတို့ ထွက်သွားပါပြီနော်"

ကျန်းလော့လီက စနောက်ဟန်ဖြင့် ကျွင်းရှောင်ယောက်‌ရှေ့တွင် လက်ကို ဝှေ့ယမ်းလိုက်သည်။

"မဖြစ်ပါဘူး၊ ဒီလောက်အကြာကြီး အနားယူပြီးပြီဆိုတော့ ငါလည်း လေ့ကျင့်ဖို့ အချိန်တန်ပြီ"

ကျွင်းရှောင်ယောက်က ပေါ့ပေါ့ပါးပါး ပြုံးလိုက်သည်။

သူက သားသမီးများနှင့် ချစ်ခြင်းမေတ္တာကို စွဲလမ်းတတ်သူ မဟုတ်ပေ။

ထို့အပြင်၊ ကျွင်းဝူဟွေ့နှင့် တိုင်းတစ်ပါးဧကရာဇ်အသစ်တို့၏ သတင်းများက ကျွင်းရှောင်ယောက်ကို ဖိအားများစွာပေးခဲ့သည်။

သူ မြန်မြန်တိုးတက်နိုင်ရန် လိုပေသည်။

ထို့အပြင် အဆုံးစွမ်ရှေးဟောင်းလမ်း၏ အဆုံးသတ်မှ နောက်ဆုံးစမ်းသပ်မှုက အကြီးမားဆုံး အခွင့်အလမ်း ဖြစ်သည်။

ကျွင်းရှောင်ယောက်ကိုယ်တိုင်ပင် ကောင်းကောင်းပြင်ဆင်ထားရန် လိုပေသည်။

ထို့နောက် ကောင်းကင်ကျမ်းများကို လေ့ကျင့်ရန် အချိန်အတိုင်းအတာတစ်ခုအထိ တံခါးပိတ်ပျင့်ကြံရန် စီစဉ်ထားသည်။

အသက်စမ်းရေကိုလည်း အတွင်းစကြာဝဠာအတွင်းသို့ လွှဲပြောင်းရဦးမည်။

သို့သော်လည်း ဤအရာများ မပြုလုပ်မီ ကျွင်းရှောင်ယောက်က အားကျိုးကို ကြည့်လိုက်သည်။

"အားကျိုး၊ မင်းလည်း လွတ်လွတ်လပ်လပ် နေလို့ရပါတယ်။ ကျွန်တော်ကို တစ်ချိန်လုံး တိတ်တဆိတ် ကာကွယ်နေစရာ မလိုဘူး"

ထိုစကားကိုကြားတော့ အားကျိုး၏ မျက်လုံးများက အနည်းငယ် အရောင်ပြောင်းသွားလေသည်။

"ဘာဖြစ်လို့လဲ သခင်လေး"

"အားကျိုး... မင်းရဲ့အရည်အချင်းနဲ့ ကျွန်တော်ကို အမြဲတမ်း တိတ်တဆိတ် မကာကွယ်ခဲ့ဘူးဆိုရင် မင်းရဲ့ လက်ရှိနယ်ပယ်က ကောင်းကင်အဓိပဓိငယ် နယ်ပယ်ထက် သာလွန်သင့်တယ် မဟုတ်လား"

ကျွင်းရှောင်ယောက် ပြောလိုက်သည်။

အားကျိုးသည် သူ့ကို ကာကွယ်ရန်အတွက် အချိန်များစွာကို စတေးခဲ့ပေသည်။

"အားကျိုး စိတ်မပျက်ပါဘူး"

အားကျိုးက ခေါင်းကိုခါယမ်းလိုက်သည်။

သူမက ကျွင်းဝူဟွေ့၏ နောက်လိုက်ဖြစ်သလို ကျွင်းဝူဟွေ့နှင့်လည်း မျိုးဆက်တူ ဖြစ်သည်။

သူဟာ ကျက်သရေရှိပြီး လှပသော်လည်း သူမ၏ မျက်လုံးများကတော့ အချိန်စီးဆင်းမှု၏ အငွေ့အသက်တို့ ရှိသေးသည်။

သူမက ကျန်းစန်းယီနှင့် ကျန်းလော့လီထက် များစွာအသက်ကြီးသည်။

သို့သော်လည်း ကုန်လွန်သွားသော အချိန်များက သူမ၏ ကျက်သရေကို လုံးဝ မလျော့ပါးစေခဲ့ပါ။

ဆန့်ကျင်ဘက်အနေဖြင့်၊ ယင်းက သူမအား ကမ္ဘာတစ်ခုလုံး မြင်တွေ့ဖူးသူလို ပိုရင့်ကျက်ပြီး တည်ငြိမ်စေသည်။

ဤသည်က ကျန်းလော့လီနှင့် ကျန်းစန်းယီမှာမရှိသော ထူးခြားသည့် ဆွဲဆောင်မှုတစ်ခု ဖြစ်ချေသည်။

"မင်း စိတ်မပျက်ပေမဲ့ ကျွန်တော်ကတော့ လက်မခံနိုင်ဘူး"

ကျွင်းရှောင်ယောက်က ဆက်ပြောလိုက်သည်။

ခဏငြိမ်သွားပြီးနောက် အားကျိုး အနည်းငယ်ခေါင်းညိတ်ပြီးလိုက်လေသည်။

"ကောင်းပါပြီ၊ သခင်လေးက ဒီလိုပြောမှတော့ အားကျိုး နာခံသင့်တယ်"

အားကျိုးက လှည့်ထွက်သွားရန် ဟန်ပြင်လိုက်သည်။

"ခဏလေး..."

ကျွင်းရှောင်ယောက် တားဆီးလိုက်၏။

အားကျိုးက ခြေလှမ်းရပ်လိုက်သည်။

"အရာအားလုံးအတွက် ကျေးဇူးတင်ပါတယ်"

ကျွင်းရှောင်ယောက်က အလွန်ရိုးသားသောလေသံဖြင့် အားကျိုးကို ပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ်ပဲလား"

အားကျိုးက ထူးခြားစွာ ပြုံးလိုက်သည်။

ကျွင်းရှောင်ယောက် အံ့သြသွားသည်။

ရေတံခွန်မှ ရေလှိုင်းများကဲ့သို့ ဆံနွယ်များနှင့် ကျက်သရေရှိစွာ လှပနေသော အမျိုးသမီးကို စူးစိုက်ကြည့်လိုက်မိ၏။

ထို့နောက်မှာတော့ ရှေ့သို့လှမ်းကာ သူမကို ညင်သာစွာ ပွေ့ဖက်လိုက်တော့သည်။

အားကျိုး၏ ခန္ဓာကိုယ်လေးက တုန်ယင်သွားသည်။ သူမ၏ လှပသော မျက်လုံးများမှာလည်း စိတ်လှုပ်ရှားမှု လှိုင်းလုံးလေးများ ပေါ်လာခဲ့လေသည်။

သူမက စနောက်ရုံဖြစ်သော်လည်း ကျွင်းရှောင်ယောက်က ဤသို့ပြုလိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။

သို့သော်လည်း အားကျိုးက မငြင်းဆန်ဘဲ ကျွင်းရှောင်ယောက်ကို ညင်သာစွာ ပြန်လည် ပွေ့ဖက်လိုက်သည်။

ဤသည်မှာ ရိုးရှင်းပြီး နွေးထွေးသည့် ပွေ့ဖက်မှုမျိုးပင်။

"အားကျိုး၊ အရင်က မင်း ကျွန်တော်ကို အမြဲ ကာကွယ်ခဲ့တယ်။ အခုကစပြီး ကျွန်တော် မင်းကို ကာကွယ်သွားပါတော့မယ်"

ကျွင်းရှောင်ယောက်က အားကျိုး၏ နားအနားကိုကပ်ကာ တိုးတိုးလေးပြောလိုက်သည်။

အားကျိုး၏ မျက်နှာပေါ်တွင် ချစ်စရာကောင်းသော အပြုံးတစ်ခု ပေါ်လာခဲ့လေသည်။

"ကျေးဇူးတင်ပါတယ် သခင်လေး"

နောက်ဆုံးတွင် အားကျိုးလည်း ထွက်သွားခဲ့သည်။

သူမကိုယ်ပိုင် ကျင့်ကြံခြင်းလမ်းကြောင်းကို စတင်ရတော့မည်။

အားကျိုးက နောက်ထပ် တိုးတက်လာပြီး ကျွင်းရှောင်ယောက်ကို တိတ်တဆိတ် ကာကွယ်ချင်နေဆဲ ဖြစ်သည်။

ထွက်ခွာသွားသည့် အားကျိုး၏ ပုံရိပ်ကို လှမ်းကြည့်ရင်း ကျွင်းရှောင်ယောက် အနည်းငယ် သက်ပြင်းချလိုက်သည်။

ဤအခိုက်တွင် ဒေါသမျက်လုံးအစုံက သူ့ကို အနောက်မှ စိုက်ကြည့်နေသလို ခံစားလိုက်ရသည်။

ကျွင်းရှောင်ယောက် လှည့်ကြည့်လိုက်တော့ နှုတ်ခမ်းစူနေသော ကျန်းလော့လီကို တွေ့လိုက်ရ၏။

"အစ်ကို ရှောင်ယောက်... လူဆိုးကြီး"

ကျန်းလော့လီက ကျွင်းရှောင်ယောက်ကို စိုက်ကြည့်နေသည်။

ကျန်းစန်းယီ ထွက်သွားသည်နှင့် အခြား အမျိုးသမီးကို ပွေ့ဖက်နေလေသည်။

ကျွင်းရှောင်ယောက် ဆွံ့အသွားခဲ့သည်။

ဤသည်မှာ ကျေးဇူးတင်သည့် ပွေ့ဖက်ခြင်းသက်သက်ဖြစ်ပြီး တခြားဘာမှ မဟုတ်ပေ။

နောက်တော့ ကျန်းလော့လီလည်း ထွက်သွားသည်။

ဟုတ်ပေသည်၊ သူက ကျွင်းရှောင်ယောက်ကို စိတ်ဆိုးသောကြောင့် မဟုတ်ပါ။

သူမမှာလည်း ကိုယ်ပိုင်လမ်းစဉ် ရှိသည်။

အထူးသဖြင့် ပျက်စီးနေသော ရှေးဦးဝိညာဉ်ကမ္ဘာကို ရရှိပြီးနောက်၊ ကျန်းလော့လီဟာ ရှေးဦးဝိညာဉ်ကမ္ဘာကို ပြုပြင်ရန် အခြားအခွင့်အလမ်း ရှာဖွေရလိမ့်မည်။

သူမက ရှေးဦးဝိညာဉ်အင်မော်တယ်ခန္ဓာအဖြစ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ အကယ်၍ ရှေးဦးဝိညာဉ်ကမ္ဘာကို အပြည့်အဝ သန့်စင်ပေးနိုင်ပါက၊ သူမ၏ ကျင့်ကြံခြင်းအခြေခံမှာ တဟုန်ထိုး တိုးတက်လာပေလိမ့်မည်။

"နောက်ဆုံးတော့ ငါတစ်ယောက်တည်းပဲ ကျန်တော့တယ်"

ကျွင်းရှောင်ယောက် သက်ပြင်းချလိုက်သည်။

လက်ကိုးချောင်း သူတော်စင်နဂါးဧကကာဇ်ထံမှ အမွေဆက်ခံသည့် မင်းသမီးလုံကျိမှလွဲ၍ သူတစ်ဦးတည်းသာ ရှိတော့သည်။

'ဒါပေမဲ့ ဒါလည်း ကောင်းတာပါပဲ။ ငါ တံခါးပိတ်ကျင့်ကြံဖို့ စီစဉ်ရဦးမယ်'

ကျွင်းရှောင်ယောက်က တွေးလိုက်သည်။

ဧကရာဇ်ခုနစ်ပါးကို ရင်ဆိုင်ရန်၊ ရှေးဟောင်းလမ်း၏ အဆုံးစွန်စမ်းသပ်မှုနှင့် ကမ္ဘာ့သစ်ပင်ကို သိမ်းပိုက်ရန်။

ဤအရာအားလုံးက ကျွင်းရှောင်ယောက် သေချာ စဉ်းစားပြီး စီစဉ်ရမည့် အရာများပင်။

'ကောင်းကင်ဘုံနဲ့ ဒီကစားပွဲမှာ ငါ ဘယ်တော့မှ အရှုံးမပေးဘူး'

ကျွင်းရှောင်ယောက်၏ မျက်လုံးများက ပြတ်သားသည်။

ယခုအခါတွင် သူက ဧကရာဇ် ခုနစ်ပါးအနက် လေးပါးကို သိရှိနေခဲ့ပြီ။

လင်ယွမ်၊ ကူတိကျစ်၊ လုံယောက်အာနှင့် ရွယ်ယွဲ့ ဖြစ်သည်။

မဟုတ်သေး...

လေးဦးထက် ပိုရမည်။

ကျွင်းရှောင်ယောက်၏ မျက်လုံးများတွင် စူးရှသော အလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့သည်။

ထို့နောက် ကျွင်းရှောင်ယောက်သည်လည်း ဆိတ်ကွယ်ရာသို့သွားကာ ရှင်သန်ခြင်းကျမ်းကို လေ့ကျင့်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူက အသက်စမ်းရေကို အတွင်းစကြာဝဠာထဲသို့ ပြောင်းရွှေ့ရန် ပြင်ဆင်ခဲ့ပေသည်။

ဧကရာဇ်သင်္ချိုင်းကြယ်တစ်ခုလုံး တိတ်ဆိတ်သွားသည်။

သို့သော်လည်း ရံဖန်ရံခါမှာတော့ ကြီးမားသည့် အခွင့်အလမ်းတချို့ကိုရပြီး နာမည်ကျော်ကြားလာသည့် ပါရမီရှင်တချို့အကြောင်း သတင်းများ ရှိသေးသည်။

ကျွင်းရှောင်ယောက်နှင့် ပတ်သက်သော သတင်းကလည်း အဆုံးစွန်ရှေးဟောင်းလမ်းခုလုံးကို ပေါက်ကွဲစေခဲ့သည်။

မြင့်မြတ်ခန္ဓာနှင့် အသျှင်ခန္ဓာကြား ဤတိုက်ပွဲကို ရှေးသမိုင်းတွင် သေချာပေါက် ရေးထွင်းထားလိမ့်မည်။

ဟုတ်သည်၊ ဤတိုက်ပွဲ နာမည်ကြီးရခြင်းမှာ သူတို့နှစ်ယောက်က အပြင်းအထန် တိုက်ခိုက်ပြီး အနိုင်အရှုံး ခွဲမရသောကြောင့် မဟုတ်ပါ။

ဆန့်ကျင်ဘက်အနေဖြင့် တိုက်ပွဲက ရိုးရှင်းလွန်းသည်။ ကျွင်းရှောင်ယောက် ဓမ္မခန္ဓာနှင့် ဦးစွာ ရင်ဆိုင်စေကာ ပွဲကြည့်နေခဲ့သည်။

အဆုံးမှာတော့ ပြင်းပြင်းထန်ထန် လှုပ်ရှားပြီး အောင်ပွဲကို ရယူသွားပေသည်။

လူအများက ဤတိုက်ပွဲမှာ တစ်ဖက်လူကို အရှက်ခွဲရန်အတွက် ဂန္တဝင် နည်းလမ်းတစ်ခုအဖြစ် သတ်မှတ်ခဲ့သည်။

ဤတိုက်ပွဲအပြီးတွင် ပါရမီရှင်လူငယ်များကြားထဲမှာ ဓမ္မခန္ဓာ လမ်းကြောင်းတစ်ခု ပေါ်လာခဲ့သည်။

ထိုလူငယ်လေးများက ဓမ္မခန္ဓာနှင့် သူတို့ရန်သူများကို အရှက်ခွဲချင်ကြလေသည်။

သို့သော်လည်း အဆုံးတွင် သူတို့၏ ဓမ္မခန္ဓာက အလွန်အားနည်းနေကြောင်း တွေ့ရှိခဲ့ရသည်။

"မင်းတို့က ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေကြတာပဲ။ ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်က အရမ်းသန်မာတယ်။ သူ့ရဲ့ဓမ္မခန္ဓာက သူ့ခွန်အားရဲ့ ဆယ်ပုံတစ်ပုံပဲ ရှိ‌တယ်ဆိုရင်တောင် တားမြစ်ပါရမီရှင်အများစုကို ချေမှုန်းပစ်ဖို့ လုံလောက်သေးတယ်"

"မင်းတို့ကတော့ အားနည်းတဲ့ ကြက်တစ်ကောင်လိုပဲလေ။ နတ်ဘုရားသားတော်ကို တုပပြီး ဓမ္မခန္ဓာနဲ့ တခြားသူတွေကို လွှမ်းမိုးချင်တာလား။ အရူးတွေ"

ပါရမီရှင်တစ်ဦးက မညှာမတာ ထောက်ပြခဲ့သည်။

မြင့်မြတ်ခန္ဓာနှင့် အသျှင်ခန္ဓာတိုက်ပွဲက ဟိုးလေးတကြော်ကြော် ဖြစ်နေချိန်တွင်...

နောက်သတင်းတစ်ခုကလည်း တဖြည်းဖြည်းဖြင့် ဆူပွက်လာပြန်သည်။

ယင်းမှာ၊ အဓိပဓိ အင်မော်တယ်ခုံရုံး၏ ဧကရာဇ်ငယ်များကြား တိုက်ပွဲက မကြာမီ ပြီးဆုံးတော့မည်ဆိုသော သတင်းပင်။

အဆုံးစွန်ရှေးဟောင်းလမ်းတစ်ခုလုံးရှိ ပါရမီရှင်များအားလုံးက ဤသတင်းကြောင့် စွဲဆောင်ခံရပြီး အနီးကပ် အာရုံစိုက်ခဲ့သည်။

အကြောင်းပြချက်ကတော့ ရိုးရှင်းပေသည်။ အကြောင်းမှာ အင်မော်တယ်ခုံရုံး၏ ဧကရာဇ်ငယ်က အင်မော်တယ်ခုံရုံး၏ အရှင်သခင်ဖြစ်လာရန် အရည်အချင်းပြည့်မီသောကြောင့် ဖြစ်သည်။

ဧကရာဇ်ငယ်ကို ရွေးချယ်ပြီးနောက် ပြိုကွဲနေသော အဓိပဓိအင်မော်တယ်ခုံရုံးကို ပြန်လည်ဖွဲ့စည်းမည်လောဟု လူအများက ထင်ကြေးပေးခဲ့သည်။

အင်မော်တယ်ခုံရုံး၏ ထိုဧကရာဇ်ငယ်က အဓိက ဖြစ်တည်မှုတစ်ခု ဖြစ်လာမည်မှာ သေချာလှပေသည်။

ပြင်ပကမ္ဘာက ထိုအကြောင်းများကို အာရုံစိုက်နေချိန်တွင်...

အမည်မသိ လေဟာပြင်ကျယ်ကြီးမှာ...

ဤနေရာက ဝိညာဉ်စွမ်းအင်နှင့် နတ်အလင်းများ ပြည့်နေသည်။

မရေမတွက်နိုင်သော ကျောက်တုံးကြီးများကိုလည်း ကျောက်တုံးသစ်တောကဲ့သို့ လေထဲတွင် ဆိုင်းငံ့ထား၏။

ကျောက်တုံးများစွာမှာလည်း အမွေအနှစ်များကို ရေးထွင်းထားသေးသည်။

ယင်းတို့မှာ အင်‌မော်တယ်ခုံရုံး၏ ဘိုးဘွားများ ချန်ရစ်ခဲ့သော အမွေအနှစ်များဖြစ်သည်။

ယင်းတို့တွင် ဧကရာဇ်အဆင့် အခွင့်အလမ်း အများအပြားရှိပြီး ဧကရာဇ်သင်္ချိုင်းကြယ်ထက် မနိမ့်ကျပေ။

ဤနေရာက အဓိပဓိ အင်မော်တယ်ခုံရုံး၏ ဧကရာဇ်ငယ်တိုက်ပွဲကျင်းပသည့် အင်မော်တယ်ကျောက်သစ်တော ဖြစ်သည်။

တစ်ချိန်က ကောင်းကင်ကိုးခု အင်မော်တယ်နယ်မြေကြီးကို အုပ်စိုးခဲ့သော ဘီလူးကြီးအနေဖြင့်...

အဓိအဓိအင်မော်တယ်ခုံရုံးမှာ မဟာဧကရာဇ်များ အတော်များများရှိဖူးသည်။

ထို့ကြောင့် သူတို့ ချန်ထားခဲ့သော အမွေများက သဘာဝအတိုင်း သေးငယ်လိမ့်မည် မဟုတ်ပေ။

ရှည်လျားသောသမိုင်းကြောင်းရှိပြီး ခန့်မှန်းမရအောင် ရေနက်သည့် ကျွင်းမိသားစုမှလွဲ၍...

အဓိပဓိအင်မော်တယ်ခုံရုံးမှ ဧကရာဇ်အရေအတွက်မှာ ကောင်းကင်ကိုးခု အင်မော်တယ်နယ်မြေကြီးတွင် အများဆုံး ဖြစ်သင့်သည်။

ဤအခိုက်အတန့်တွင်၊ အင်မော်တယ်ကျောက်သစ်တော၏ အလယ်ဗဟိုမှာ အလွန်တောက်ပသော အလင်းရောင်က အရပ်ရပ်သို့ ဖြာထွက်နေသည်။

အဆုံးမဲ့တောက်ပသော ဤအလင်းရောင်ထဲတွင် ပလ္လင်ပုံရိပ်တစ်ခုအား ယောင်ဝါးဝါး မြင်တွေ့ရ၏။

ပလ္လင်တော်က မြင့်မြတ်သော ရောင်ဝါဖြင့် ပြည့်နေပြီး နတ်အလင်းများ ဖြာထွက်နေလေသည်။

ဧကရာဇ်တစ်ပါးထက် အဆပေါင်းများစွာ ပိုကြီးမားသည့် ရောင်ဝါတစ်ခုကလည်း ဖြာထွက်နေခဲ့သည်။

ကောင်းကင်ဧကရာဇ်၏ပလ္လင်။

ဤသည်မှာ အင်မော်တယ်ခုံရုံး၏ အမြင့်ဆုံးအမှတ်အသားဖြစ်ပြီး၊ ကောင်းကင်ကိုးခု အင်မော်တယ်နယ်မြေကြီး တစ်ခုလုံးကို ဖိနှိပ်ထားသည့် အရာဆိုလျှင်လည်း မမှားပေ။

အကြောင်းမူ၊ ယင်းက ဧကရာဇ်လက်နက်မဟုတ်ဘဲ စစ်မှန်သော အင်မော်တယ်ရတနာတစ်ခု ဖြစ်နေသောကြောင့်ပင်။

All Chapters