← Chapters

အခန်း ၈၁၇

Vol. 55 Ch. 817

အခန်း ၈၁၇

Vol. 55 Ch. 817

အခန်း ( ၈၁၇ ) ကူတိကျစ်၏ ဧကရာဇ်ငယ်ရာထူးကို စွန့်လွှတ်ရန် အစီအစဉ်။

အဓိပဓိအင်မော်တယ်ခုံရုံးသည် တစ်ချိန်က ကောင်းကင်ကိုးခု အင်မော်တယ်နယ်မြေကြီးကို ပေါင်းစည်းနိုင်ခဲ့သောကြောင့်၊ သူတို့၏ အခြေခံအုတ်မြစ်မှာ သဘာဝအတိုင်း ဖြစ်သည်။

ဤအခြေခံမျိုးက မကောင်းဆိုးရွား ပါရမီရှင်စီးကြောင်းများကို မွေးထုတ်ပေးနိုင်သလို ထိပ်တန်း ကျွမ်းကျင်သူများပင် မွေးထုတ်ပေးနိုင်စွမ်း ရှိပေသည်။

ရတနာများ၊ ဝင်္ကပါများနှင့် ဆေးပင်ဆေးဝါး အမျိုးမျိုးလည်း ရှိသည်။

အဓိပဓိအင်မော်တယ်ခုံရုံးတွင် သာမန် အင်မော်တယ်အင်အားစုများ မပိုင်ဆိုင်နိုင်သော အင်မော်တယ်ရတနာများပင် ရှိ၏။

ကောင်းကင်ဧကရာဇ်၏ပလ္လင်က အဓိပဓိ အင်မော်တယ်ခုံရုံး၏ အာဏာစက်၏သင်္ကေတ ဖြစ်ချေသည်။

ကောင်းကင်ဧကရာဇ်၏ ပလ္လင်ပေါ်တွင် ထိုင်နိုင်သူက အင်မော်တယ်ခုံရုံး၏ အရှင်သခင်အစစ်ဖြစ်ပြီး အဆုံးမဲ့အချိန်၊ စကြာဝဠာနှင့် ကြယ်စက်ဝိုင်းများကို အုပ်စိုးသူနိုင်လိမ့်မည်။

ဟုတ်သည်၊ ဤအခိုက်တွင် ပေါ်လွင်နေသော အင်မော်တယ်ကျောက်သစ်တောမှ ကောင်းကင်ဧကရာဇ်၏ပလ္လင်က ပလ္လင်အစစ် မဟုတ်ပေ။

ယင်းက ကောင်းကင်ဧကရာဇ်၏ပလ္လင်၏ အင်မော်တယ်ရတနာ တံဆိပ်တော်တစ်ခုသာ ဖြစ်သည်။

ယင်းက ဧကရာဇ်လက်နက် တံဆိပ်တော်နှင့် တူညီသော နိယာမတစ်ခုလည်း ဖြစ်ချေသည်။

စစ်မှန်သော အင်မော်တယ်ရတနာဖြစ်သည့် ကောင်းကင်ဧကရာဇ်၏ပလ္လင်မှာ နောက်ဆုံးအကြိမ် အင်မော်တယ်ခုံရုံး ပြိုကျချိန်တွင် အမည်မသိ ဟင်းလင်းပြင်ထဲသို့ ဆွဲသွင်းခံခဲ့ရသည်။

အင်မော်တယ်ခုံရုံးတွင် နောက်ထပ် အဓိပဓိအင်မော်တယ်ခုံရုံး၏အရှင်သခင် ပြန်လည်ပေါ်ထွန်းလာသောအခါ အဓိပဓိအင်မော်တယ်ခုံရုံး ပြန်လည်ဖွဲ့စည်းမည်ဟူသော ကောလာဟလများပင် ရှိသည်။

သို့မှသာ ကောင်းကင်ဧကရာဇ်၏ ရာဇပလ္လင်အစစ်အမှန်က ပြန်လည်ပေါ်ထွန်းနိုင်လိမ့်မည်။

ယခုအခါ၊ အင်မော်တယ်ကျောက်သစ်တောတွင်းရှိ ကောင်းကင်ဧကရာဇ်၏ပလ္လင်အောက်တွင်...

ပုံရိပ်နှစ်ခု ရပ်နေသည်။ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့က မျက်နှာချင်းဆိုင် ရပ်နေကြ၏။

အမျိုးသားက ချောမောခန့်ညားပြီး ပါကွားဝတ်စုံကို ဝတ်ဆင်ထားလေသည်။

သူ့ထံမှ မြင့်မြတ်သည့် ဧကရာဇ်တစ်ပါး၏ အငွေ့အသက်များလည်း ထွက်ပေါ်နေခဲ့သည်။

သူ့နောက်တွင် ပါကွားကမ္ပည်းများလည်း ရှိနေပြီး အလွန်ရှေးကျ၍ ထူးကဲသော နတ်ဘုရားပုံရိပ်တစ်ခုကို ယောင်ဝါးဝါး မြင်နိုင်သည်။

ယင်းမှာ ဖူရှီမြင့်မြတ်ခန္ဓာ၏ သဘာဝဖြစ်စဉ်တစ်ခုပင်။

ထိုလူငယ်မှာ အဓိပဓိအင်မော်တယ်ခုံရုံး၏ ဖူရှီအင်မော်တယ်မျိုးရိုးမှ ဆင်းသက်လာသော ကူတိကျစ် ဖြစ်သည်။

သူနှင့်ဆန့်ကျင်ဘက်မှာတော့...

နှင်းဖြူစဉ့်ဝတ်စုံကို ၀တ်ဆင်ထားသော ချောမောလှပသည့် မိန်းကလေးတစ်ယောက် ဖြစ်ချေသည်။

သူမက သဘာဝအတိုင်း ဝါဟွမ်အင်မော်တယ်မျိုးရိုး၏ ဆက်ခံသူ၊ ဧကရီသမီးတော် လင်ယွမ်သည်ပင်။

လင်ယွမ်နှင့် ကူတိကျစ်၏ အရှိန်အဝါများက ယခင်ကထက် ပို၍ အားကောင်းလာခဲ့ပြီ ဖြစ်သည်။

သူတို့အားလုံး အင်မော်တယ်ကျောက်သစ်တောတွင် စိတ်ကူးမယဉ်နိုင်သော အခွင့်အရေးများ ရရှိခဲ့ကြောင်း သိသာထင်ရှားလှပေသည်။

အဝေးမှာလည်း စောင့်ကြည့်နေကြသည့် ပုံရိပ်အများအပြား ရှိသည်။

"သေချာတာပေါ့၊ ဧကရာဇ်ငယ်အတွက် နောက်ဆုံးတိုက်ပွဲက လင်ယွမ်နဲ့ ကူတိကျစ်ကြားမှာ ဖြစ်နေတုန်းပါပဲ"

လူအုပ်ကြားမှ ပန်းပွင့်ပုံ ပန်းထိုးဝတ်စုံဖြင့် လှပသော မိန်းကလေးတစ်ဦးက ပြောလိုက်သည်။

သူမ၏ မျက်လုံးများက မျှော်လင့်ချက်တို့ဖြင့် တောက်ပနေလေသည်။

သူမက ကျင်းဝေအင်မော်တယ်မျိုးရိုး၏ ဆက်ခံသူ ဝေချမ်ချမ် ဖြစ်သည်။

ကူတိကျစ်၏ မင်္ဂလာပွဲ၌လည်း သူမ ပေါ်လာခဲ့ဖူးပေသည်။

"သူတို့ထဲမှာ ဘယ်သူက နောက်ထပ် ဧကရာဇ်အသစ် ဖြစ်လာနိုင်မယ်ဆိုတာ ငါ သိချင်မိတယ်"

တစ်ဖက်တွင် စာပေသမားတစ်ဦးကဲ့သို့ ပြေပြစ်သော လူငယ်တစ်ဦးက ပြောလိုက်သည်။

သူက စန်းကျဲအင်မော်တယ်မျိုးရိုး၏ ဆက်ခံသူ၊ စန်းလီဆိုသူပင်။

"ဟမ့်၊ ကူတိကျစ်က ကျွင်းရှောင်ယောက်လက်မှာ အကြိမ်ကြိမ်ရှုံးနိမ့်ခဲ့ပေမဲ့ နောက်ဆုံး ဧကရာဇ်ငယ်ရာထူးကို ယှဉ်ပြိုင်ခွင့်ရလိမ့်မယ်လို့ မမျှော်လင့်ထားဘူး"

ပြင်းထန်သော သတ်ဖြတ်ခြင်း အငွေ့အသက်များရှိသည့် လူငယ်တစ်ဦးက အေးစက်စက်ဖြင့် ပြောလိုက်သည်။

သူက ရှင်းထျန်းအင်မော်တယ်မျိုးရိုးမှ ဆင်းသက်လာသူ ရှင်းလန် ဖြစ်သည်။

သူက ကူတိကျစ်နှင့် သင့်မြတ်သူမဟုတ်ပေ။

"ဧကရာဇ်ငယ်ရာထူး ဆုံးဖြတ်ပြီးသွားရင်တော့ ဒါက ဘယ်သူပဲဖြစ်ဖြစ် အဲဒီလူရဲ့ ဦးဆောင်မှုနောက်ကို ငါတို့ လိုက်ပါရမယ် မဟုတ်လား"

ရှန်းနွန်အင်မော်တယ်မျိုးရိုး၏ ဆက်ခံသူ ယောင်ချင်းက ပြောလိုက်သည်။

ဤစကားများ ထွက်လာသည်နှင့်တပြိုင်နက်၊ အင်မော်တယ်ခုံရုံး၏ အခြား မျိုးဆက်သစ်အားလုံး အတွေးကိုယ်စီဖြင့် ငြိမ်သက်သွားလေသည်။

အင်‌မော်တယ်မျိုးရိုး ကိုးခုတွင် တစ်ခုချင်းစီတိုင်းက ကိုယ်ပိုင်အစီစဉ်များ ရှိသည်။

အထူးသဖြင့် ချီယိုအင်မော်တယ်မျိုးရိုး ဖြစ်သည်။

ကျွင်းရှောင်ယောက်က ချီယိုအင်မော်တယ်မျိုးရိုး၏ ဆက်ခံသူ ချီလေ့ကို သတ်လိုက်သောကြောင့် ဖြစ်သည်။

ထို့ကြောင့် ချီယိုအင်မော်တယ်မျိုးရိုးတွင် ဧကရာဇ်ငယ်ရာထူးအတွက် ယှဉ်ပြိုင်ရန် အရည်အချင်းပြည့်မီသော ပါရမီရှင်ပင် မရှိခဲ့ပေ။

ဤအရာက ချီယိုအင်မော်တယ်မျိုးရိုးကို မကျေမနပ်ဖြစ်ပြီး သူ့နှလုံးသားထဲတွင် နာကြည်းမှုများ ပြည့်နှက်နေစေခဲ့သည်။

ယခုအချိန်မှာတော့ ကူတိကျစ်နှင့် လင်ယွမ်က လူတိုင်း၏အာရုံကို ဆွဲဆောင်ထားပေသည်။

အနိုင်ရသူက ကောင်းကင်ဧကရာဇ်၏ ပလ္လင်ပေါ်တွင် ထိုင်ရမည် ဖြစ်သည်။

အဓိပဓိအင်မော်တယ်ခုံရုံး၏ ဧကရာဇ်ငယ်အသစ်က ဘယ်သူဖြစ်မည်နည်း။

"လင်ယွမ်၊ မျှော်လင့်ထားတဲ့အတိုင်း ငါတို့နှစ်ယောက်တည်းပဲ အဆုံးမှာ ဒီနေရာကို ရောက်လာပြီ"

ကူတိကျစ်က အနည်းငယ်ပြုံးပြီး ပြောလိုက်သည်။

သူက နောက်ဆုံးတိုက်ပွဲဖြစ်၍ တင်းမာမှုမျိုး လုံးဝမရှိပေ။

"ကူတိကျစ်၊ ဟန်ဆောင်နေစရာမလိုပါဘူး။ ငါ့ကို တိုက်ခိုက်လှည့်၊ ငါက နင့်ကို ကြောက်နေမှာမဟုတ်ဘူး"

လင်ယွမ်၏ လေသံက အေးစက်ပြီး ဘာမှမထူးခြားပါ။

အကြွင်းမဲ့ ခွန်အားက သူမကို ယုံကြည်မှုများ ပေးထားသည်။

"လင်ယွမ်၊ မင်းအပေါ်မှာ ငါ ဘယ်လိုသဘောထားလဲ မင်းသိသင့်ပါတယ်။ ငါမင်းကို မတိုက်ခိုက်ချင်ဘူး၊ မင်းနဲ့ မပြိုင်ချင်ဘူးဆိုတာကိုလည်း မင်းသိမှာပါ"

ကူတိကျစ်၏ စကားများက နူးညံ့သိမ်မွေ့မှု အရိပ်အမြွက်တို့ပင် ရှိလေသည်။

လင်ယွမ်၏ မျက်ခုံးများက ပူးကပ်သွားပြီး အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။

အကြောင်းတစ်ခုခုကြောင့် ကူတိကျစ်၏ ထိုစကားများကို ကြားလိုက်ရသည့်အခါ အလွန်စိတ်မသက်မသာဖြစ်ပြီး ရွံရှာသွားမိ၏။

လင်ယွမ်သည် အမျိုးသမီးတစ်ဦးဖြစ်သော်လည်း၊ ယောက်ျားများနှင့်မသက်ဆိုင်သော လွှမ်းမိုးချုပ်ကိုင်မှုရှိသည့် ဧကရီတစ်ပါး၏ အရိပ်အယောင်ကို ပိုင်ဆိုင်ထားသည်။

သူမက ဧကရာဇ်ငယ်ဖြစ်မလာခင်ထိ တခြားဘာကိုမှ မတွေးခဲ့မိပေ။

ဘယ်တုန်းကမှလည်း ခံစားချက်မရှိခဲ့ဖူးပါ။

သို့သော်...

ဟေးယွမ်ချောက်၏ အမှောင်ကမ္ဘာ အပျက်အယွင်းများကို စူးစမ်းနေစဉ်တွင်...

သူမနှင့် ကျွင်းရှောင်ယောက်တို့က ပြန်လည်ဝင်စားခြင်းပင်လယ်တွင် မျိုးဆက်တစ်ရာ အချစ်ကို ခံစားခဲ့ကြရသည်။

ဘဝတိုင်းက ဝမ်းနည်းစရာ အချစ်ဇာတ်လမ်းတစ်ခု ဖြစ်ချေသည်။ တစ်ဦးကိုတစ်ဦး နက်နက်ရှိုင်းရှိုင်း ချစ်မြတ်နိုးသော်လည်း မပေါင်းဖက်ရသည့် အခြေအနေမျိုးဖြင့် ဘဝအဆက်ဆက် ဝဲလည်နေခဲ့သည်။

ယင်းက လင်ယွမ်၏ဘဝတွင် တစ်ခုတည်းသော စိတ်ခံစားမှုဟု ဆိုနိုင်ပေသည်။

သူမ၏အခွင့်အရေးကို လုယူကာ သူမ၏ပေါင်ပေါ်တွင် အရှက်ရစရာ အမှတ်အသားများ ချန်ထားခဲ့သည့်အတွက် ကျွင်းရှောင်ယောက်ကို သူမမုန်းတီးခဲ့၏။

သို့သော်လည်း သူမ၏ နှလုံးသားထဲတွင် နားမလည်နိုင်သော ရှုပ်ထွေးမှုများလည်း ရှိနေခဲ့လေသည်။

နောက်ဆုံးတွင် ထိုအချစ်က ပုံရိပ်ယောင်များဖြစ်သော်လည်း လက်တွေ့နှင့် မခြားပါ။

ဤသည်က လင်ယွမ်ကို တခြားသူများ၏ ခံစားချက်အား ပို၍ ရွံရှာလာစေခဲ့သည်။

"လင်ယွမ်၊ မင်းဘာဖြစ်နေတာလဲ"

ကူတိကျစ်က အတွေးဝင်ပြီး ငေးမောနေပုံရသော လင်ယွမ်ကိုကြည့်ကာ နားမလည်နိုင်သလို မေးလိုက်သည်။

မည်သည့်အချိန်က စတင်ခဲ့မှန်းမသိသော်လည်း လင်ယွမ်က အနည်းငယ် ထူးခြားလာပုံရပေသည်။

"ခံစားချက်‌တွေအကြောင်း အခု ငါ မပြောချင်သေးဘူး။ ဒါကြောင့် တိုက်ခိုက်ပြီး နောက်ဆုံးအနိုင်ရသူကို ဆုံးဖြတ်ရအောင်ပါ"

လင်ယွမ်က သူမ၏ ခံစားချက်များကို ဖုံးကွယ်လိုက်သကဲ့သို့ တိုက်ရိုက် တိုက်ခိုက်ခဲ့သည်။

သူ့မျက်ခုံးနှစ်ခုကြားမှ အရောင်ငါးမျိုးရှိသော နတ်ကျောက်တုံးတစ်ခု ပေါ်လာခဲ့၏။

ယင်းက ဝါဟွမ်အင်မော်တယ်မျိုးရိုး၏ ဧကရာဇ်လက်နက်ဖြစ်သော နုဝါတာအိုကျောက်ပင်။

အံ့သြဖွယ် အငွေ့အသက်များနှင့် အလင်းရောင်ငါးခုလည်း ပေါက်ကွဲထွက်လာခဲ့သည်။

"လင်ယွမ်၊ ခဏလေး..."

ကူတိကျစ်က နဂါးသဏ္ဍာန်ရေးထွင်းထားသော ရွှေရောင် ကျောက်စာချပ်တစ်ခုကိုထုတ်ယူရင်း အော်ဟစ်လိုက်၏။

ဤသည်မှာ ဖူရှီအင်မော်တယ်မျိုးရိုး၏ အမှတ်အသားဖြစ်သော ဖူရှီနဂါး‌ကျောက်စာချပ် ဧကရာဇ်လက်နက် ဖြစ်သည်။

"ဝုန်း"

တောက်ပသည့် အလင်းငါးရောင်သည် ဖူရှီနဂါးကျောက်စာချပ်ကို တိုက်မိသောအခါ အားကြီးသော လှိုင်းလုံးကြီးများ ထွက်ပေါ်လာခဲ့သည်။

"ငါ့မှာ အကြံတစ်ခုရှိတယ်"

ကူတိကျစ်က အော်လိုက်သည်။

"နင်ဘာကိုဆိုလိုတာလဲ"

လင်ယွမ် ခေတ္တရပ်လိုက်သည်။

"မင်းကို ဧကရာဇ်ငယ်ရာထူး ငါပေးနိုင်တယ်"

ကူတိကျစ်က အနည်းငယ်ပြုံးပြီး နွေးထွေးစွာ ပြောလိုက်သည်။

"ဘယ်လို"

ထိုစကားကို ကြားရသည်နှင့် လင်ယွမ်အပြင် အဝေးမှ ကြည့်နေကြသည့် အင်မော်တယ်ခုံရုံး၏ မျိုးဆက်အားလုံး အံ့ဩသွားကြသည်။

ကူတိ‌ကျစ်က အမှန်တကယ်ပင် ဧကရာဇ်ငယ်ရာထူးကို အခြားသူအတွက် စွန့်လွှတ်ရန် ဆန္ဒရှိသလော။

ထိုသူက ဧကရီသမီးတော် လင်ယွမ်ဖြစ်နေလျှင်ပင် မယုံနိုင်စရာပါ။

"ကူတိကျစ်က လင်ယွမ်ကို သဘောကျရင်တောင် ဧကရာဇ်ငယ်ရာထူးကို စွန့်လွတ်တဲ့အထိတော့ မဖြစ်လောက်ဘူး မဟုတ်လား"

ဝေချမ်ချမ် ကြောင်တက်တက်ဖြင့် ပြောလိုက်သည်။

"ကူတိကျစ် ဘာတွေတွေးနေတာလဲ"

စန်းလီလည်း အံ့သြသွား၏။

အနီးနားရှိ အင်မော်တယ်ခုံရုံး၏ ပါရမီရှင်များလည်း တစ်ယောက်တစ်ပေါက် ပြောဆိုရင် မယုံကြည်နိုင် ဖြစ်နေပုံရလေသည်။

လင်ယွမ်ပင်လျှင် သူမ၏ဖီးနစ်မျက်ခုံးကို အနည်းငယ်ပင့်ပြီး ပြောလိုက်သည်။

"ကူတိကျစ်၊ နင် ဘာတွေ စဉ်းစားနေတာလဲ။ နင် ငါ့ကို ပျော်ရွှင်စေချင်လို့လား"

ကူတိကျစ် ပြုံးလိုက်၏။

"ဟုတ်ပါတယ်၊ ငါမင်းကိုတကယ်ပျော်စေချင်တယ်။ ဧကရာဇ်ငယ်ရာထူးအတွက် ပလ္လင်ကိုလည်း မင်းလက်အပ်နိုင်တယ်။ ဒါပေမဲ့..."

ကူတိကျစ်က ခေတ္တရပ်လိုက်ပြီးနောက် ပြောလိုက်သည်။

"အဆုံးစွန်ရှေးဟောင်းလမ်းရဲ့ နောက်ဆုံး စမ်းသပ်မှုမှာ ကျွင်းရှောင်ယောက်ကိုသတ်ဖို့ မင်းငါနဲ့ပူးပေါင်းနိုင်မယ်လို့ ငါမျှော်လင့်တယ်။ ဒါမှ ကောင်းကင်သရဖူကို ငါ ရရှိနိုင်လိမ့်မယ်"

All Chapters