← Chapters

အခန်း ၈၁၈

Vol. 55 Ch. 818

အခန်း ၈၁၈

Vol. 55 Ch. 818

အခန်း ( ၈၁၈ ) ဘဝတစ်ရာ ချစ်ခြင်းမေတ္တာ၏ လွှမ်းမိုးနိုင်စွမ်း၊ ဧကရာဇ်ငယ်လင်ယွမ်၊ ကျွင်းရှောင်ယောက်ကိုသတ်ရန် အစီအစဉ်။

ကူတိကျစ်၏ စကားကြောင့် အားလုံး တိတ်ဆိတ်သွားခဲ့ရသည်။

ကူတိကျစ်ကို ဧကရာဇ်ငယ်ရာထူးအတွက် ယှဉ်ပြိုင်ရာ၌ အရေးကြီးဆုံးအချိန်ရောက်မှ ဤသို့ ပြုလိမ့်မည်ဟု မည်သူမျှ မထင်ခဲ့ပေ။

လင်ယွမ်လည်း မျက်လုံးများ အရောင်ပြောင်းသွားပြီး အနည်းငယ် အံ့သြသွားသည်။

ကူတိကျစ်၏ အပြုအမူက သူမ မျှော်မှန်းထားသည်ထက် အနည်းငယ် သာလွန်သွား၏။

နောက်ဆုံးတွင်၊ အဓိပဓိအင်မော်တယ်ခုံရုံး၏ ဧကရာဇ်ငယ်ရာထူးက ကောင်းကင်ကိုးခု အင်မော်တယ်နယ်မြေကြီး တစ်ခုလုံးတွင် အမွန်မြတ်ဆုံးသော အဆင့်အတန်းတစ်ခုဟု ဆိုနိုင်သည်။

ထိုသူက အနာဂတ်တွင် အင်မော်တယ်ခုံရုံး၏ အရှင်သခင် ဖြစ်လာနိုင်သေးသည်။

သို့သော်လည်း ကူတိကျစ်၏ ဤအခွင့်အရေးကို စွန့်လွှတ်ရန် ဆန္ဒရှိနေသည်။

ဤအချိန်တွင်၊ ကူတိကျစ်၏ ရည်ရွယ်ချက်က ထင်ရှားလှပေသည်။

သူသည် လင်းယွမ်အတွက် ဧကရာဇ်ငယ် ရာထူးကို စွန့်လွှတ်နိုင်သည်။

သို့သော်လည်း လင်ယွမ်ဟာ ကျွင်းရှောင်ယောက်ကို ကိုင်တွယ်ရန် သူနှင့်အတူ လက်တွဲရလိမ့်မည်။

နောက်ဆုံးတွင် ကျွင်းရှောင်ယောက်ကို သူ့လက်နှင့်သတ်ပြီး ကောင်းကင်သရဖူကို ဆောင်းမည် ဖြစ်သည်။

"ကူတိကျစ်က လင်ယွမ်ကို ဧကရာဇ်ငယ်ရာထူး အမှန်တကယ် စွန့်လွှတ်ပေးမှာလား"

ခပ်လှမ်းလှမ်းမှ ဝေချမ်ချမ်၏ နှင်းဆီရောင်တောက်နေသော နှုတ်ခမ်းတို့က ပွင့်ဟသွားခဲ့သည်။ သူမ၏ မျက်လုံးများမှာလည်း မယုံကြည်နိုင်ခြင်းတို့ ပေါ်နေခဲ့လေသည်။

"ဒီနောက်ကွယ်မှာ အကြောင်းပြချက် အများကြီးရှိမယ်ဆိုတာ ငါယုံတယ်"

စန်းလီ၏ မျက်လုံးများက လေးနက်သွားခဲ့သည်။

"ပထမအချက်အနေနဲ့ ကူတိကျစ်က လင်ယွမိကို အမှန်တကယ် နှစ်သက်သဘောကျလို့ ဒါက သူမအပေါ် ထားရှိတဲ့ ရိုးသားမှုတစ်ခုပဲ"

"ဒုတိယက ကူတိကျစ်ဟာ ကျွင်းရှောင်ယောက်ကို တကယ်မုန်းနေတာ။ နောက်ဆုံးတစ်ခေါက်က ကျွင်းရှောင်ယောက်ကြောင့် သူ မျက်နှာပျက်ပြီး လူရယ်စရာ ဖြစ်လာခဲ့တယ်မဟုတ်လား"

"နောက်ဆုံးအချက်ကတော့ လင်ယွမ်နဲ့ တိုက်ခိုက်ပြီး မိန်းမလှလေးကို စော်ကားမယ့်အစား ကျွင်းရှောင်ယောက်ကိုသတ်ပြီး ကောင်းကင်သရဖူကို သိမ်းပိုက်တာက ကူတိကျစ်အတွက် ပိုကောင်းတယ်။ ဒီနည်းနဲ့ သူ့တာအိုကို သက်သေပြဖို့ အခွင့်အရေးလည်း ပိုများလာလိမ့်မယ်"

စန်းလီ၏ သုံးသပ်ချက်က အလွန်ကျိုးကြောင်းဆီလျော်ပေသည်။

ပတ်ဝန်းကျင်မှ အခြားသူများလည်း ခေါင်းညိတ်လိုက်ကြသည်။

ကူတိကျစ်က လင်ယွမ်ကို နှစ်သက်သဘောကျနေကြောင်း လူတိုင်းသိပေသည်။

လင်ယွမ်ကို ဧကရာဇ်ငယ်ရာထူးအတွက် ပြင်းပြင်းထန်ထန် တိုက်ခိုက်ပါက လင်ယွမ်နှင့် လက်ထပ်ရန် မျှော်လင့်ချက် လုံးဝ ကုန်ဆုံးသွားမည်ဖြစ်သည်။

ထို့ကြောင့် ထိုသို့လုပ်မည့်အစား ဧကရာဇ်ငယ်ရာထူးကို ချောမောစွာ လွှဲပြောင်းပေးတာက ပိုကောင်းပေသည်။

ဤနည်းဖြင့် မိန်းကလေးကို အထင်ကြီးစေပြီး သူမ၏နှလုံးသားကို အနိုင်ယူနိုင်သည်။

ကူတိကျစ်၏ တွက်ချက်မှုများက အမှန်တကယ် ကောင်းပေသည်။

မိန်းမလှလေး၏ အထင်ကြီးမှုပြီး ကျွင်းရှောင်ယောက်ကို ကိုယ်တိုင်သတ်ကာ ကောင်းကင်သရဖူကိုပင် ဆုအဖြစ် ရယူနိုင်သည်။

ဤသည်မှာ ကျောက်ခဲတစ်လုံးနှင့် ငှက်သုံးကောင်ကို သတ်လိုက်ခြင်းပင်။

"ဘယ်လိုလဲ လင်ယွမ်၊ မင်း သဘောတူလား"

ကူတိကျစ်က လင်ယွမ်ကို ပြုံးပြလိုက်သည်။

လင်ယွမ်၏ နှုတ်ခမ်းထောင့်မှ လှောင်ပြောင်သော အပြုံးတစ်ခု ပေါ်လာခဲ့၏။

သူမ၏ ဉာဏ်ရည်ဉာဏ်သွေးဖြင့် ကူတိကျစ်၏ အကြံအစည်ကို မည်ကဲ့သို့ မသိနိုင်မည်နည်း။

"ကျွင်းရှောင်ယောက်ကို သတ်ဖို့လား"

လင်ယွမ်က တီးတိုး ရေရွတ်လိုက်သည်။

အကြောင်းတစ်ခုခုကြောင့် အဖြူရောင်အဝတ်အစားနှင့် ကျွင်းရှောင်ယောက်က လင်ယွမ်၏စိတ်ထဲတွင် ပေါ်လာခဲ့၏။

သူမ နှလုံးသားထဲမှာလည်း စူးခနဲ ခံစားလိုက်ရသည်။

'သေစမ်း၊ ဒါက အဲဒီ ဘဝတစ်ရာ ကံကြမ္မာဆိုးပဲ'

လင်ယွမ် မျက်မှောင်ကြုတ်လိုက်သည်။

သူသည် ယခင်က ဤကံကြမ္မာကို ဖြတ်တောက်ရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။

လင်ယွမ်သည် ထိုစဉ်က ဂရုမစိုက်‌ခဲ့သော်လည်း ယခုအခါ ဘဝတစ်ရာ ကံကြမ္မာကို ဖယ်ရှားရန် လွယ်ကူသည်မဟုတ်ကြောင်း သဘောပေါက်လာခဲ့သည်။

'ကျွင်းရှောင်ယောက်သေသွားရင် ဒီကံကြမ္မာလည်း ပျောက်ကွယ်သွားနိုင်တယ်'

လင်ယွမ်က စိတ်ထဲမှ တွေးလိုက်သည်။

"လင်ယွမ်၊ မင်း ဆုံးဖြတ်ချက်မချနိုင်သေးဘူးလား။ ဒါက ငါ့ရဲ့ ရိုးသားမှုကိုပြသဖို့ လုံလောက်နေပြီ မဟုတ်လား"

ကူတိကျစ်က ပြောလိုက်သည်။

"ကောင်းပြီ ငါနင့်ကို သဘောတူတယ်။ ဒါပေမဲ့... ငါနင့်ကို ကြောက်နေမယ်လို့ မထင်နဲ့။ ငါတို့ တကယ်တိုက်ခိုက်ကြရင်တောင် နင်ငါ့ကို အနိုင်ယူနိုင်မှာ မဟုတ်ဘူး"

လင်ယွမ်က အေးစက်စက် ပြောလိုက်သည်။

ကူတိကျစ်က ခေတ်သူမဟုတ်သော်လည်း...

တိုက်ပွဲဖြစ်လျှင် ကူတိကျစ်မှ သူမကို အနိုင်ယူပြီး ဧကရာဇ်ငယ်ရာထူးကို ရယူနိုင်မည်ဟု မထင်ပေ။

ထို့ကြောင့် လင်ယွမ်သည် ကူတိကျစ်မှ သူမအား ပေးအပ်ခြင်းဖြစ်သည်ဟု မတွေးပါ။

လင်ယွမ်လည်း သူမ၏ ရှည်လျားသော နှင်းဖြူခြေထောက်များကို ရွှေ့ကာ ကောင်းကင်ဧကရာဇ်၏ ပလ္လင်တော်ရှေ့သို့ ဆင်းသက်လိုက်သည်။

ထို့နောက် ပလ္လင်ပေါ်တွင် ထိုင်လိုက်၏။

"ဝုန်း"

တခဏအတွင်းမှာပင်၊ အင်မော်တယ်ကျောက်သစ်တော၏ လေဟာပြင်တစ်ခုလုံးက တောက်ပသော အင်မော်တယ်အလင်းရောင်များနှင့် ပြည့်နှက်သွားတော့သည်။

အဆုံးမဲ့ အင်မော်တယ်အလင်းများကြားမှ ကောင်းကင်ဧကရာဇ်၏ပလ္လင်ပေါ်တွင် လင်ယွမ် ထိုင်နေသည်။

သူမ၏ ဆံပင်များက လူးလွန့်လှုပ်ရှားနေပြီး ဖီးနစ်မျက်လုံးများမှာလည်း စွမ်းအားပြည့်နေ၏။

သူမက လှပသလောက် အရှိန်အဝါများမှာ ယောက်ျားထက် မနိမ့်ကျသော လွှမ်းမိုးချုပ်ကိုင်မှု ရှိသည်။ သူမက အနှိုင်းမဲ့ စွမ်းအားများရှိသည့် အင်မော်တယ် ဘုရင်မတစ်ပါးကဲ့သို့ပင်။

"ငါ လင်ယွမ်က အဓိပဓိ အင်မော်တယ်ခုံရုံးရဲ့ သမိုင်းမှာ ပထမဆုံး အမျိုးသမီး ဧကရာဇ် ဖြစ်လာလိမ့်မယ်"

"စကြာဝဠာကို လှည့်ပတ်၊ ကောင်းကင်ကိုးခုရဲ့ လျှို့ဝှက်ချက်တွေကို ထိန်းချုပ်မယ်။ အင်မော်တယ်မျိုးရိုးကြီးကိုးခု ငါ့အမိန့်ကို နာခံစေ"

လင်ယွမ်၏ အေးစက်စက်အသံက အင်မော်တယ် ကျောက်သစ်တောတစ်ခုလုံးသို့ ပဲ့တင်ထပ် ထွက်ပေါ်လာခဲ့သည်။

"ဖူရှီအင်မော်တယ်မျိုးရိုးရဲ့ ဆက်ခံသူ ကူတိကျစ်က ဧကရာဇ်ငယ်ကို နှုတ်ခွန်းဆက်ပါတယ်"

ကူတိကျစ်က လက်ယှက်ပြီး ပြုံးလျက် ပြောလိုက်သည်။

"ကျင်းဝေအင်မော်တယ်မျိုးရိုးက ဝေချမ်ချမ်၊ ဧကရာဇ်ငယ်ကို နှုတ်ခွန်းဆက်ပါတယ်"

ဝေချမ်ချမ်လည်း အနားကို ချက်ချင်းလာပြီး ပြောလိုက်၏။

သူတို့ ကျင်းဝေအင်မော်တယ်မျိုးရိုးသည် မူလကတည်းက ဝါဟွမ် အင်မော်တယ်မျိုးရိုးဘက်မှ ဖြစ်သည်။

"စန်းကျဲအင်မော်တယ်မျိုးရိုးက စန်းလီ၊ ဧကရာဇ်ငယ်ကို နှုတ်ခွန်းဆက်ပါတယ်"

"ရှန်းနွန်အင်မော်တယ်မျိုးရိုးက ယောင်ချင်း၊ ဧကရာဇ်ငယ်ကို နှုတ်ခွန်းဆက်ပါတယ်"

"ရှင်းထျန်းအင်မော်တယ်မျိုးရိုးက ရှင်းလန်၊ ဧကရာဇ်ငယ်ကို နှုတ်ခွန်းဆက်ပါတယ်"

အင်မော်တယ်မျိုးရိုးကိုးခု၏ မျိုးဆက်အသီးသီးက ရှေ့သို့လှမ်းပြီး လက်ယှက်ကာ နှုတ်ခွန်းဆက်လိုက်ကြလေသည်။

ဤအခိုက်တွင်၊ သူတို့၏စိတ်ထဲတွင် မည်သို့သောအတွေးမျိုး ရှိကြပါစေ၊ အပေါ်ယံမှာတော့ လေးစားသမှု ပြုကြရတော့မည် ဖြစ်သည်။

"ဧကရာဇ်ငယ်လင်ယွမ်ကို နှုတ်ခွန်းဆက်ပါတယ်"

ထောင်နှင့်ချီသော ပါရမီရှင်များက အော်ပြောလိုက်ရာ သူတို့၏ အသံများက ကောင်းကင်ကိုပင် တုန်ခါသွားစေခဲ့ပေသည်။

ယခုအချိန်တွင် လင်းယွမ်၏ ဩဇာက အလွန်ကြီးမားသွားပြီဟု ဆိုနိုင်သည်။

သူမကို ဦးညွှတ်နေကြသည့် ပါရမီရှင်များကို ငုံ့ကြည့်ရင်း လင်းယွမ်သည် လင်ယွမ်၏ မျက်နှာပေါ်တွင် ချစ်စရာကောင်းသော အပြုံးတစ်ခု ပေါ်လာခဲ့သည်။

သူ လုပ်နိုင်ခဲ့ပြီ။

သူမက အင်မော်တယ်ခုံရုံး၏ သမိုင်းတွင် ပထမဆုံး အမျိုးသမီးဧကရာဇ် ဖြစ်လာခဲ့ပြီ ဖြစ်သည်။

အနာဂတ်တွင် အဓိပဓိ အင်မော်တယ်ခုံရုံး၏ အရှင်သခင်ဖြစ်လာရန်ပင် ဖြစ်နိုင်သေးသည်။

"အားလုံးစိတ်ချပါ၊ ကောင်းကင်ဧကရာဇ်ရဲ့ ပလ္လင်တံဆိပ်အကူအညီနဲ့ တကယ့် အင်မော်တယ်ရတနာကို ငါသေချာပေါက် ရှာတွေ့လိမ့်မယ်"

"စစ်မှန်သော ကောင်းကင်ဧကရာဇ်ရဲ့ ပလ္လင်တော် အင်မော်တယ်နယ်မြေကြီးမှာ ပြန်လည်ပေါ်ထွန်းလာတဲ့အချိန်က ငါတို့ အင်မော်တယ်ခုံရုံး ထမြောက်ကြမဲ့ အချိန်ပဲ"

လင်ယွမ်က အရှိန်အဝါကြီးစွာ ပြောလိုက်သည်။

"ဧကရာဇ်ငယ်က ဘုန်းတန်ခိုးကြီးစေ"

ပါရမီရှင်များစွာက ကျယ်လောင်စွာ အော်ပြောလိုက်ကြသည်။

ယခင်ကတည်းက လင်ယွမ်ဟာ အင်မော်တယ်ခုံရုံး၏ မျိုးဆက်များကြားတွင် အကျော်ကြားဆုံးများထဲမှ တစ်ဦး ဖြစ်သည်။

ယခုတော့ သူသည် ဧကရာဇ်ငယ်ဖြစ်လာပြီဖြစ်သောကြောင့် လူအများစုက ယုံကြည်နေကြပြီဟု ဆိုနိုင်ပေသည်။

ဟုတ်သည်၊ ကူတိကျစ်ဘက်တွင် ရပ်တည်သူများတော့ ရှိဆဲပင်။

သို့သော်လည်း ကူတိကျစ်က လက်လျှော့ရန် အစပြုခဲ့သောကြောင့် သူတို့တွင် သဘာဝအတိုင်း ပြောစရာမရှိတော့ပါ။

"ဧကရာဇ်ငယ်၊ ဒီအချိန်မှာ ငါတို့အတွက် အရေးကြီးဆုံးအရာက ကျွင်းမိသားစုရဲ့ အမွေဆက်ခံသူ၊ ကျွင်းရှောင်ယောက်ပဲဆိုတာ မင်း သိထားသင့်တယ်"

"ကျွင်းမိသားစုရဲ့ ရည်မှန်းချက်က မသေးဘူး။ သူတို့က ငါတို့ အဓိပဓိအင်မော်တယ်ခုံရုံးရဲ့ နေရာကို အမြဲတမ်း အစားထိုးချင်နေတာ။ တကယ်လို့ သူတို့ရဲ့ဆက်ခံသူ ကျွင်းရှောင်ယောက်ကို သတ်လိုက်ရင်တော့ သူတို့အတွက် သတိပေးချက်တစ်ခု ဖြစ်ပါလိမ့်မယ်"

ကူတိကျစ်က ပြောလိုက်သည်။

"မှန်ပါတယ်၊ ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်က မာနကြီးလွန်းပြီး ငါတို့ အင်မော်တယ်ခုံရုံးရဲ့ ဆက်ခံသူတွေကို လုံးဝ အလေးအနက်မထားဘူး"

"ဟုတ်ပါတယ်၊ ချီယိုအင်မော်တယ်မျိုးရိုးရဲ့ ဆက်ခံသူ ချီလေ့ကိုလည်း ကျွင်းရှောင်ယောက်က သတ်လိုက်တာ"

"ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်က ငါတို့ အင်မော်တယ်ခုံရုံးရဲ့ ကောင်းကင်ဘုရင်လေးပါးကိုလည်း သတ်ပစ်ခဲ့သေးတယ်"

ကူတိကျစ် ပြောပြီးသည်နှင့် လူအုပ်ကြီးကပါ ထောက်ခံပြောဆိုလိုက်ကြသည်။

ဤပါရမီရှင်များက ကျွင်းရှောင်ယောက်ကို လုံးဝ သဘောမကျပေ။

နောက်ဆုံးတွင် အင်မော်တယ်ခုံရုံးက သာလွန်မြင့်မြတ်မှုတွင် အသားကျနေပြီ ဖြစ်သည်။

သူတို့ကသာ သူတပါးကို အမြဲ ဖိနှိပ်ခဲ့၏။

တစ်ယောက်ယောက်က သူတို့ကို ကျောနေသည်မှာ ဒါပထမဆုံးအကြိမ် ဖြစ်သည်။

အခြားသူများကို အမြဲတမ်း ကျောမောနေကြသူများအနေဖြင့် တစ်စုံတစ်ယောက်က သူတို့ကို ကျောသွားသောအခါ မခံနိုင်ကြသည်မှာ သဘာဝပင်။

သို့သော်လည်း၊ ကျွင်းမိသားစု၏ နတ်ဘုရားသားတော်ဟူသည့် ကျွင်းရှောင်ယောက်၏ အဆင့်အတန်းက အင်မော်တယ်ခုံရုံး၏ ဧကရာဇ်ငယ်ရာထူးထက် အမှန်တကယ် မနိမ့်ကျပေ။

ကျွင်းရှောင်ယောက်တွင် ကျန်းမိသားစု၏ သခင်လေးနှင့် ကျွင်းဧကရာဇ်ခုံရုံး၏ အရှင်သခင်တို့ကဲ့သို့ အလွန်အစွမ်းထက်သော အထောက်အထာများလည်း ရှိခဲ့သည်။

ထိုစကားကိုကြားတော့ လင်ယွမ်၏ မျက်လုံးထဲတွင် အေးစက်စက် အလင်းတစ်ခု လင်းလက်သွား၏။

ကူတိကျစ်က သူမ ကတိမတည်မှာကို စိုးရိမ်နေသလော။

"စိတ်ချ၊ ကျွင်းရှောင်ယောက်ကို ငါ သေချာပေါက် ဖြေရှင်းမယ်"

လင်ယွမ် အေးစက်စက်ဖြင့် ပြောလိုက်သည်။

ထိုအခါ ကူတိကျစ်က ယုံကြည်မှုအပြည့်ရှိသည့် အပြုံးမျိုးဖြင့် ပြောလိုက်လေသည်။

"ဧကရာဇ်ငယ်၊ ငါ့မှာ အစီအစဉ်တစ်ခုရှိတယ်"

"ဒီအစီအစဥ်အရ နောက်ဆုံးစမ်းသပ်မှုမှာ ကျွင်းရှောင်ယောက်ကို သေချပေါက် သတ်နိုင်လိမ့်မယ်"

All Chapters