← Chapters

အခန်း ၈၂၂

Vol. 55 Ch. 822

အခန်း ၈၂၂

Vol. 55 Ch. 822

အခန်း ( ၈၂၂ ) အင်မော်တယ်စွမ်းအင် ဆယ်ခု၊ လူသား အင်မော်တယ်ဂိုဏ်း၏ လျှို့ဝှက်ဆန်းကြယ်သော ဆက်ခံသူ ကျိတောက်ရီ။

လုံယောက်အာက လုံလောက်အောင် သန်မာနေပြီ ဖြစ်သည်။

သို့သော်လည်း သူမကိုယ်တိုင် နားမလည်သေးသည့် အရည်အချင်းနှင့် အလားအလာများ ရှိသေးသည်။

ကောင်းကင်အသျှင်ခန္ဓာအပြင်၊ သူမတွင် ထိုက်ရွှီရှေးနဂါးမျိုးနွယ်၏‌ ရှေးကျသော ရွှေရောင် ရှေးနဂါးသွေးလည်း ရှိသည်။

အတိတ်တွင် ပေါ်ထွက်ခဲ့ဖူးသော ထိုက်ရွှီရှေးနဂါးမျိုးနွယ်၏ ဧကရာဇ်အဆင့် တည်ရှိမှုအားလုံးက ရွှေရောင် ရှေးနဂါးသွေးပိုင်ရှင်များဖြစ်ကြောင်း သိထားရလိမ့်မည်။

ဤသွေးရှိရုံဖြင့် ဧကရာဇ်ဖြစ်ရန် အာမမခံနိုင်သော်လည်း ဖြစ်နိုင်ချေ အလွန်များသည်။

ဤသည်ကပင်၊ ထိုက်ရွီရှေးနဂါးမျိုးနွယ်က အသက်စမ်းရေနှင့် ကောင်းကင်ကျမ်းတို့ကို ပေးအပ်ရလျှင်ပင် လုံ‌ယောက်အာကို ပြန်ခေါ်ယူလိုသည့် အကြောင်းရင်း ဖြစ်သည်။

သူက အနာဂတ်တွင် ဧကရာဇ်ဖြစ်နိုင်ချေ အလွန်များပေသည်။

လုံယောက်အာသည် ကျွင်းရှောင်ယောက်နှင့်တိုက်ပွဲတွင် ကောင်းကင်အသျှင်ခန္ဓာ၏ အဆုံးစွန်နည်းလမ်းများကို အသုံးပြုခဲ့သည်။

သို့သော်၊ ရွှေရောင်ရှေးနဂါးသွေး၏ စွမ်းအားကိုတော့ များစွာ အသုံးမပြုခဲ့ပေ။

သူမ၏ သွေးမျိုးဆက်စွမ်းအားက အပြည့်အဝ မနိုးထသေးပါ။

နဂါးသတ်ဂူက ထိုက်ရွှီရှေးနဂါးမျိုးနွယ်အတွက် တားမြစ်သွေးစမ်းသပ်မှုနေရာတစ်ခု ဖြစ်သည်။

တားမြစ်သွေးစမ်းသပ်မှုဟူသည့် နာမည်ကို နားထောင်ကြည့်ရုံဖြင့် ထိုနေရာမှာ မည်မျှ ကြောက်စရာကောင်းမှန်း သိနိုင်သည်။

သမိုင်းတစ်လျှောက်မှ ထိုက်ရွှီရှေးနဂါးမျိုးနွယ်၏ မရေမတွက်နိုင်သော ပါရမီရှင်များဟာ ထိုနေရာတွင် ကျဆုံးသွားပြီး ဘယ်တော့မှ ပြန်မလာနိုင်တော့ပေ။

"ယောက်အာ၊ ကျေးဇူးပြုပြီး သေချာစဉ်းစားပါဦး။ မင်းရဲ့ ပါရမီနဲ့ အပြင်မှာ အေးအေးဆေးဆေး လေ့ကျင့်နေရင်တောင် မြန်မြန်ကြီးပြင်းလာနိုင်ပါသေးတယ်"

လုံယွမ်က ဆွဲဆောင်ရန် ကြိုးစားလိုက်သည်။

သူဟာ လုံယောက်အာကို သူ့မြေးမလေးအဖြစ် မှတ်ယူထားသောကြောင့် သဘာဝအတိုင်း သူမကို အန္တရာယ်မဖြစ်စေချင်ပေ။

"အဘိုး၊ ယောက်အာ ဆုံးဖြတ်ပြီးပါပြီ"

လုံယောက်အာ လေးလေးနက်နက် ပြောလိုက်သည်။

လုံယွမ်၏ မျက်လုံးများလည်း စိတ်သက်သာရာရမှု၊ စိုးရိမ်မှု၊ သနားမှုတို့ဖြင့် ရှုပ်ထွေးနေခဲ့လေသည်။

ယခင်ကတော့ လုံယောက်အာသည် အလွန် ပေါ့ပါးပြီး အလေးအနက်ထား၍ လေ့ကျင့်ရကောင်းမှန်း မသိခဲ့ပေ။

ယခုမူ၊ ကျွင်းရှောင်ယောက်၏ ဆုံးမခြင်းအောက်တွင် နေ့ချင်းညချင်း ကြီးပြင်းလာပုံရသည်။

ဤအတွက် လုံယွမ်မှာ ပျော်ရွှင်ရမလား၊ စိုးရိမ်ရမလား မသိတော့ပါ။

"ဟင်း၊ ကောင်းပါပြီ။ အသျှင်ဘိုးဘွားနန်းတော်က အသျှင်သွေးအနှစ်သာရအပြင် ရှေးဟောင်း ရတနာတချို့ကို ပို့ထားပြီးပြီ”

"နဂါးသတ်ဂူထဲက ထွက်လာနိုင်ရင် ငါပေးမယ်။ အဲဒါက မင်းအတွက်ပဲ"

လုံယွမ် ပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ် အဘိုး လုံယွမ်၊ ကျွန်မ သွားတော့မယ်"

လုံယောက်အာ ပြောလိုက်၏။

"ဒါနဲ့ ယောက်အာ၊ ကျွင်းရှောင်ယောက်ကို ထပ်ပြီး ရန်မစဖို့ ငါ အကြံပေးချင်တယ်"

လုံယွမ်က ပြောလိုက်သည်။

လုံယောက်အာသာ သူမ၏သွေးကို နိုးထစေနိုင်ပါက အရည်အသွေးပြည့်ဝသော အသွင်ကူးပြောင်းမှုကို သေချာပေါက် ခံစားရမည်ဖြစ်သည်။

သို့သော်လည်း လုံယွမ်ဟာ အနည်းငယ် စိုးရိမ်နေသေးသည်။

ကျွင်းရှောင်ယောက်က နက်နဲပြီး လျှို့ဝှက်လွန်းသည်။

ယခုအချိန်ထိ ကျွင်းရှောင်ယောက်၏အင်အားကို မည်သူမျှ မမှန်းနိုင်ပေ။

ကျွင်းရှောင်ယောက်ကို ပထမထပ်မှာ ရှိနေသည်ဟု မင်းထင်နေချိန်တွင် သူက ပဉ္စမထပ်သို့ ရောက်နေနိုင်သည်။

ကျွင်းရှောင်ယောက်ကို အင်အားအပြည့်သုံးရန် မည်သူမျှ အတင်းဖိအားမပေးနိုင်သေးပေ။

လုံယောက်အာက ဘာမျှမပြောဘဲ ပြုံးလိုက်သည်။

သို့သော်လည်း သူ့လက်ထဲတွင် တံဆိပ်ပြားတစ်ခု ပေါ်လာခဲ့၏။

ဧကရာဇ်ကိုဆန့်ကျင်မည့် ဧကရာဇ်ခုနစ်ပါး၏ တာအို သက်သေပြခြင်း ဧကရာဇ်၏တံဆိပ် ဖြစ်သည်။

ယခင်ကတော့ လုံယောက်အာသည် ယင်းကို သူ့ခန္ဓာကိုယ်ထဲသို့ ပေါင်းစည်းခြင်း မရှိခဲ့ပေ။

'ကျွင်းရှောင်ယောက်က ငါ့ရဲ့ အစွဲတစ်ခု ဖြစ်နေပြီ။ နောက်တစ်ကြိမ် သူနဲ့ ပြင်းပြင်းထန်ထန် မတိုက်ခိုက်ရရင် ဒီအစွဲကို စွန့်လွှန်နိုင်မှာ မဟုတ်တော့ဘူး'

လုံယောက်အာက စိတ်ထဲမှ တွေးလိုက်သည်။ ထို့နောက်မှာတော့ တာအိုသက်သေပြခြင်း ဧကရာဇ်တံဆိပ်ကို သူ့ခန္ဓာထဲသို့ ပေါင်းစည်းလိုက်တော့သည်။

"ဝုန်း"

ကမ္ဘာကို တုန်ဟီးစေသော ပေါက်ကွဲသံနှင့် လုံယောက်အာ၏ အရှိန်အဝါများက တဖြည်းဖြည်း မြင့်တက်လာခဲ့သည်။

မဟာတာအိုကမ္ပည်းများက ကြွေကျနေသော ကောင်းကင်ပန်းပွင့်များနှင့်အတူ သူ့ပတ်ဝန်းကျင်တွင် စီးဆင်းလာခဲ့၏။

လုံယောက်အာ၏ နောက်ကျောကိုကြည့်ရင်း လုံယွမ်လည်း လေးလေးနက်နက် သက်ပြင်းချလိုက်လေသည်။

သူမက လက်မလျှော့ချင်သေးဘူး။

ရွှေကျီးကန်း ဒသမမင်းသားက အမုန်းတရားကို လှုံ့ဆော်မှုအဖြစ် အသုံးပြုသည်။

လုံယောက်အာကတော့ အရှက်တရားကို လှုံ့ဆော်မှုအဖြစ် အသုံးပြုပေသည်။

သို့သော်၊ ကျွင်းရှောင်ယောက်၏ ပြိုင်ဘက်များက သူတို့နှစ်ယောက်တည်း မဟုတ်ပါ။

ဆန့်ကျင်ဘက် ဧကရာဇ်ခုနစ်ပါးတို့ကလည်း ကျွင်းရှောင်ယောက်၏ ပြိုင်ဘက်အချို့သာ ဖြစ်သည်။

ဝိညာဉ်စွမ်းအင်များ ကြွယ်ဝသော ရှေးဟောင်းကြယ်တစ်စင်းပေါ်တွင်...

အင်မော်တယ်စွမ်းအင်များ ပြည့်နေသော ချိုင့်ဝှမ်းတစ်ခု ရှိသည်။

အဆုံးမဲ့ အင်မော်တယ်စွမ်းအင်များက လူရိပ်တစ်ခုကို လွှမ်းခြုံရစ်ပတ်ထား၏။

အံ့ဩဖွယ်ကောင်းသည်က ထိုရုပ်သွင်ကို အင်မော်တယ်စွမ်းအင်ဆယ်ခုက ရစ်ပတ်ထားခြင်း ဖြစ်သည်။

ယင်းက ကြောက်စရာပင်။

အင်မော်တယ်စွမ်းအင်ကိုးခုသည် ယေဘုယျအားဖြင့် အဆုံးစွန်ပါတ်တစ်ခုအဖြစ် အများက လက်ခံထားသော အခြေအနေ ဖြစ်သည်။

အကန့်အသတ်ကို ထိတွေ့ရန် မဆိုထားနှင့်...

ခေတ်များတစ်လျှောက်တွင်၊ အင်မော်တယ်စွမ်းအင်ကိုးခုအထိ လေ့ကျင့်နိုင်သည့် ပါရမီရှင်များမှာ လက်တစ်ဆုပ်စာမျှသာ ရှိခဲ့သည်။

ဤသတင်း ပျံ့နှံ့သွားပါက အဆုံးစွန်ရှေးဟောင်းလမ်းမှာ လှိုင်းလုံးကြီးများ ဖြစ်ပေါ်လာလိမ့်မည်။

ထိုသူမှာ အလွန်ကြောက်စရာကောင်းသော တားမြစ်ပါရမီရှင်တစ်ပါး ဖြစ်နိုင်သည်။

ဤအခိုက်တွင်၊ အဆုံးမဲ့ အင်မော်တယ်အလင်းရောင်ဖြင့် ဖုံးအုပ်ထားသော ရုပ်သွင်က တစ်စုံတစ်ခုကို သတိပြုမိသွားပုံရသည်။

သူ့ထံမှ ကြည်လင်သော အသံတစ်ခု ထွက်ပေါ်လာ၏။

"ချင်းရီ၊ မင်းရောက်လာပြီ"

သူ့စကားအဆုံးတွင်၊ လှပသော ရုပ်သွင်တစ်ခုက ကြာပလ္လင်ပေါ်မှာ တင်ပျဉ်ခွေထိုင်ကာ ပျံသန်းလာခဲ့သည်။

ကျိချင်းရီ ဖြစ်လေသည်။

သူသည် ယခင်က လင်ယွမ်၊ ကျန်းစန်းယီတို့နှင့်အတူ အခမ်းနားဆုံးရှေးဟောင်းလမ်းပေါ်ရှိ အလှဆုံး နတ်ဘုရားမအဆင့် တည်ရှိမှုများထဲမှ တစ်ဦးအဖြစ် သတ်မှတ်ခံခဲ့ရသည်။

သို့သော်လည်း သူမက နှိမ့်ချမှုအရှိဆုံးလည်းဖြစ်ကာ အံ့မခန်း အောင်မြင်မှုများ သို့မဟုတ် လုပ်ဆောင်ချက်များ မရှိခဲ့ပေ။

သို့သော်လည်း ဤအချက်ကပင် လုံယောက်အာက လေးနက်စွာ တွေးခေါ်တတ်သူဖြစ်ကြောင်း ပြသနေသည်။

ကျွင်းရှောင်ယောက်ပင်လျှင်၊ ထိုမိန်းကလေးကို အလွန်ထူးကဲပြီး နက်နက်နဲနဲ ဖုံးကွယ်ထားသည်ဟု ထင်မြင်မိသောကြောင့် သာမန်အသိဖြင့် အကဲမဖြတ်ခဲ့ပေ။

"ကျိတောက်ရီ၊ နင် လေ့ကျင့်နေတာ ကြာပြီ။ နောက်ဆုံးတော့ ကိုးခုအတားအဆီးကို ဖြတ်ကျော်ပြီး အင်မော်တယ်စွမ်းအင်ဆယ်ခုကို လေ့ကျင့်နိုင်ခဲ့ပြီပေါ့"

ကျိချင်းရီက ချိုသာသောလေသံဖြင့် တိုးတိုးလေး ပြောလိုက်သည်။

ဤနတ်အလင်းများကြားမှ ရုပ်သွင်က‌၊ လူသားအင်မော်တယ်ခန္ဓာရှိသည့် လူသားအင်မော်တယ်ဂိုဏ်း၏ လျှို့ဝှက်ဆန်းကြယ်သော ဆက်ခံသူ၊ ကျိတောက်ရီမှတပါး အခြားမဟုတ်ပေ။

ကျိတောက်ရီက နတ်အလင်းများထဲမှ ထွက်လာခဲ့သည်။

သူရုပ်ရည်က မဆိုးသော်လည်း ရိုးရိုးရှင်းရှင်း ဝတ်ဆင်ထားလေသည်။ သူ၏ အနက်ရောင်ဆံပင်များကိုလည်း အထူးမပြင်ဆင်ဘဲ ပိတ်စတစ်စဖြင့် ချည်နှောင်ထားသည်။

သို့သော် ဤရိုးရှင်းမှုတွင်၊ သေမျိုးကမ္ဘာမှ နတ်တစ်ပါးကဲ့သို့ သဘာဝအတိုင်း ကျက်သရေရှိသည်။

သူ့အသားအရည်က ကျောက်စိမ်းကဲ့သို့ ကြည်လင်ပြီး မိန်းမများထက်ပင် ပို၍ဖြူသည်။ သူ့တစ်ကိုယ်လုံးက လူအသွေးအသားနှင့် တည်ဆောက်ထားသည့် လူခန္ဓာမဟုတ်သကဲ့သို့ပင်။

အမှန်လည်း ဤသည်မှာ လူသား အင်မော်တယ်ခန္ဓာ၊ တာအိုခန္ဓာသုံးထောင်အနက် ထိပ်တန်းဆယ်ခုထဲမှ တစ်ခု ဖြစ်သည်။

ယင်းက ရှေးဟောင်းမြင့်မြတ်ခန္ဓာ၊ ကောင်းကင်အသျှင်ခန္ဓာတို့နှင့် တူပေသည်။

ကျန်းလော့လီ၏ ရှေးဦးဝိညာဉ်အင်မော်တယ်ခန္ဓာမှာလည်း အသွင်ပြောင်းပြီးနောက် ဤအဆင့်သို့ ရောက်လာမည် ဖြစ်သည်။

ရှေးဦးဝိညာဉ်အင်မော်တယ်ခန္ဓာက များပြားလှသော အင်မော်တယ်စွမ်းအင်များကို ဝါးမျိုနိုင်ပြီး နတ်ဘုရားစွမ်းရည်များကို ထောက်ပံ့ပေးနိုင်သည်။

လူသားအင်မော်တယ်ခန္ဓာကတော့ အင်မော်တယ်စွမ်းအင်ဖြင့် လူသားအင်မော်တယ်ခန္ဓာကို တည်ဆောက်နိုင်ပေသည်။

ခန္ဓာကိုယ်ကြံ့ခိုင်မှုတွင်၊ အင်မော်တယ်စွမ်းအင်ဖြင့် တည်ဆောက်ထားသော ကျိတောက်ရီ၏ လူသားအင်မော်တယ်ခန္ဓာက အသျှင်ခန္ဓာထက် အားနည်းမည်မဟုတ်ဟု ဆိုနိုင်သည်။

"ချင်းရီ၊ အခု ငါ့ရဲ့ အင်မော်တယ်စွမ်းအင်ပမာဏက အဆုံးစွန်ရှေးဟောင်းလမ်းမှာ နံပါတ်တစ်လို့ ခေါ်နိုင်မယ်ထင်လား"

ကျိတောက်ရီက ပြုံးပြီး ကျိချင်းရီကို နူးညံ့သောအကြည့်ဖြင့် ကြည့်လိုက်သည်။

တစ်ချိန်က သူသည် ကျိချင်းရီကို သူ၏တာအိုလက်တွဲဖော်ဖြစ်ရန် ဖွင့်ဟဝန်ခံဖူးသော်လည်း ကျိချင်းရီက ငြင်းဆိုခဲ့သည်။

သို့သော်၊ သူက စိတ်မပျက်ပေ။

သူဟာ လူသားအင်မော်တယ်ဂိုဏ်း၏ ဆက်ခံသူဖြစ်သည်။ ကျိတောက်ရီကတော့ လူသားအင်မော်တယ်ဂိုဏ်း၏ သူတော်စင်ဖြစ်ပြီး သူ၏လက်ထောက်အဖြစ်လည်း ရှိနေသေးသည်။

"မမျှော်လင့်ထားတာတွေ ဖြစ်မလာရင်တော့ နံပါတ်တစ်ဖြစ်ပါလိမ့်မယ်"

ကျိချင်းရီက ပြောလိုက်သည်။

ကျွင်းရှောင်ယောက်က အင်မော်တယ်စွမ်းအင်ဆယ့်နှစ်ခု လေ့ကျင့်ပြီးသွားသည့်သတင်းမှာ သိပ်ပြီး ပြန့်နှံ့သွားခြင်းမရှိသေးပေ။

"ဒါဆိုရင် ငါ အခု ကျွင်းရှောင်ယောက်ကို အနိုင်ယူနိုင်မယ်လို့ မင်းထင်လား"

ကျိတောက်ရီက ဆက်မေးသည်။

ကျိချင်းရီက ဘာမှပြန်မပြောဘဲ ကျောက်စိမ်းစလစ်တစ်ခုကို ထုတ်ယူလိုက်၏။

"နင်က တံခါးပိတ်လေ့ကျင့်နေတာ ကြာပြီဆိုတော့ သတင်းအချက်အလက်တွေနဲ့ အဆက်ပြတ်နေမှာပဲ။ ကျေးဇူးပြုပြီး အတွင်းထဲက အချက်အလက်တချို့ကို တစ်ချက်ကြည့်လိုက်ပါဦး"

ကျိချင်းရီက ပြောသည်။

ကျိတောက်ရီ ခေါင်းညိတ်ပြီး ကျောက်စိမ်းစလစ်ကို ယူလိုက်၏။ ဝိညာဉ်အသိဖြင့် ကြည့်ပြီးသည်နှင့် တပြိုင်နက် သူ့မျက်နှာပေါ်ရှိ အပြုံးမှာ ချက်ချင်း ပျောက်ကွယ်သွားတော့သည်။

ထိုအထဲတွင် ကျွင်းရှောင်ယောက် ဖန်တီးခဲ့သည့် အဓိကဖြစ်ရပ်အားလုံးကို မှတ်တမ်းတင်ထားသည်။

ကူတိကျစ်၏ မင်္ဂလာပွဲသို့ ဓမ္မခန္ဓာဖြင့် တစ်ဦးတည်း ၀င်ရောက်ပြီး အန္တရာယ်ကင်းကင်း ထွက်ခွာသွားခဲ့သည်။

သင်္ချိုင်းဧကရာဇ်ကြယ်တွင် တားမြစ်ပါရမီရှင်များဖြစ်သည့် သူတော်စင်ရှန့်ထျန်းရီ၊ နဂါးဘုရင်လေးရွယ်ယွဲ့နှင့် ရွှေကျီးကန်းဒသမမင်းသားတို့ကို တစ်ယောက်တည်း တိုက်ခိုက်သည်။ ထိုသုံးဦးစလုံး သူ၏ရန်သူ မဟုတ်ကြ။

ကျွင်းရှောင်ယောက်၏ ဓမ္မခန္ဓာက လျှို့ဝှက်ဆန်းကျယ်ပြီး နာမည်ကျော်ကြားသော အသျှင်ခန္ဓာကို အချိန်တစ်ခုကြာ တိုက်ခိုက်နိုင်သည်။ မူလခန္ဓာကိုမူ အသျှင်ခန္ဓာက တိုက်ကွက်အနည်းငယ်ပင် မတားဆီးနိုင်ချေ။

ထိုအကြောင်းများက ကျိတောက်ရီကို မျက်မှောင်ကြုတ်သွားစေခဲ့သည်။

သူသည် အကန့်အသတ်ကိုချိုးဖြတ်၍ အင်မော်တယ်စွမ်းအင်ဆယ်ခုအထိ လေ့ကျင့်ခဲ့ပြီး လူသားအင်မော်တယ်ခန္ဓာလည်း ရှိသည်။

သို့သော်၊ ထိုကဲ့သို့သော အံ့ဖွယ်မှတ်တမ်းများကို မြင်လိုက်ရသောအခါ ရှားရှားပါးပါး တိတ်ဆိတ်သွားခဲ့သည်။

"နင်မသေချာရင် သူ့ကို ရန်လိုနေစရာ မလိုပါဘူး"

ကျိတောက်ရီက တည်ငြိမ်စွာပြောလိုက်သည်။

ဤစကားများက သတိပေးခြင်းဟု ထင်ရသော်လည်း မာနကြီးသူ ကျိတောက်ရီအတွက်တော့ စော်ကားခြင်းနှင့် မခြားပေ။

မျှော်လင့်ထားသညိ့အတိုင်း၊ ဤစကားကိုကြားတော့ ကျိတောက်ရီ မျက်မှောင်ကုပ်သွားသည်။

အမျိုးသားများက အထူးသဖြင့် အမျိုးသမီးများရှေ့တွင် မျက်နှာကို အထူးထိန်းသိမ်းကြပေသည်။

ထို့အပြင်၊ သူ၏ နောက်လိုက်တစ်ဦးသည်လည်း ကျွင်းရှောင်ယောက်၏နောက်လိုက် ရန်ချင်းယင်လက်ထဲတွင် သေဆုံးသွားခဲ့သည်။

ကျိတောက်ရီ ဤအကြွေးကို လုံးဝ မမေ့ပေ။

"သူက တကယ်တော်တယ်ဆိုတာ ငါဝန်ခံပါတယ်၊ ဒါပေမဲ့ ငါနဲ့ ရှုပ်ချင်ရင် မလွယ်ဘူး"

"သူနဲ့ ရှင်းရမဲ့ အကြွေးတွေတောင် မရှင်းရသေးဘူး။ ဒါ့အပြင် ငါနားမလည်တာတွေ ရှိနေတယ်။ ကောင်းကင်က ငါ့ကို ဧကရာဇ်ခုနစ်ပါးထဲက တစ်ပါးအဖြစ် သတ်မှတ်ပြီး တာအိုသက်သေပြခြင်းတံဆိပ်တစ်ခု ပေးအပ်ခဲ့ပေမဲ့ အခုထိ ပေါင်းစပ်လို့မရသေးဘူး။ ဒါက ဘာအဓိပ္ပာယ်လဲ"

ကျိတောက်ရီက သူ့လက်ကိုဝှေ့ယမ်းလိုက်ရာ ကောင်းကင်အငွေ့အသက်များဖြင့် တောက်ပသော တံဆိပ်တစ်ခု လေထဲတွင် ပေါ်လာခဲ့သည်။

ယင်းက အမှန်တကယ် ဧကရာဇ်ခုနစ်ပါး၏ တာအိုသက်သေပြခြင်း ဧကရာဇ်တံဆိပ် ဖြစ်၏။

သို့သော်လည်း အံ့ဩစရာကောင်းအောင် ကျိတောက်ရီမှာ တာအိုသက်သေပြခြင်းတံဆိပ်နှင့် ပေါင်းစည်း၍မရနိုင် ဖြစ်နေသည်။

"ကျွင်းရှောင်ယောက်ကို ကိုယ့်လက်နဲ့ သတ်နိုင်သူမှ ကောင်းကင်သရဖူကို ရလိမ့်မယ်။ ကြည့်ရတာ ဒါက အမှန်ဖြစ်သင့်တယ်"

ကျိချင်းရီက တွေးတွေးဆဆ ပြောလိုက်သည်။

သို့သော် ဤအခိုက်အတန့်တွင်၊ တာအိုသက်သေပြခြင်း ဧကရာဇ်တံဆိပ်က ရုတ်တရက် တောက်ပပြီး အနည်းငယ် တုန်ခါသွားသည်။

"ဒါက... အခြား ဆန့်ကျင်ခြင်းဧကရာဇ်တွေရဲ့ သတင်းစကားပဲ။ နောင်ကိုတွေ့ဖို့ ချိန်းလိုက်တာ"

ကျိတောက်ရီက ပြောလိုက်၏။

ယင်းကိုမြင်တော့ ဖန်သားပြင်လို ကြည်လင်နေသော ကျိချင်းရီ၏ မျက်လုံးထဲမှာ အလင်းတစ်ခု လင်းလက်သွားတော့သည်။

'နောက်အခြေအနေက ပိုပိုပြီး စိတ်ဝင်စားဖို့ကောင်းလာပြီ'

ကျိချင်းရီက တစ်ယောက်တည်း တွေးလိုက်သည်။

All Chapters