← Chapters

အခန်း ၈၂၃

Vol. 55 Ch. 823

အခန်း ၈၂၃

Vol. 55 Ch. 823

အခန်း ( ၈၂၃ ) တိုင်းတစ်ပါးမှဧကရာဇ်အသစ် တံခါးခေါက်ခြင်း၊ လှိုင်းတံပိုးများထလာပြီ၊ ဆန့်ကျင်ခြင်း ဧကရာဇ်ခုနစ်ပါးကြားမှ လျှို့ဝှက်တွေ့ဆုံမှု။

အဆုံးစွန် ရှေးဟောင်းလမ်းက ဆုံးခန်းတိုင်တော့မည်။

အဆုံးစွန်သော စမ်းသပ်မှု စတင်တော့မည်ဟူသော သတင်းသည်လည်း ရှေးလမ်းတစ်လျှောက် ပျံ့နှံ့သွားခဲ့သည်။

အမှန်အတိုင်းပြောရလျှင်၊ အစအဦး၌ ဧကရာဇ်လမ်းကို လျှောက်လှမ်းခဲ့သော ပါရမီရှင်များက မရေမတွက်နိုင်အောင် ရှိသည်။

သို့သော်လည်း နောက်ဆုံးမှာတော့ ရှေးဟောင်းလမ်းအဆုံးသို့ ရောက်ရှိပြီး အဆုံးစွန်စမ်းသပ်မှုတွင်ပါဝင်ရန် အရည်အချင်းပြည့်မီသူများမှာ တစ်သောင်းတွင်တစ်ယောက် မရှိခဲ့ပေ။

သူတို့ထဲတွင် အများစုက စမ်းသပ်မှုအတွင်း သေဆုံးခဲ့ကြသည်။

သို့မဟုတ် သူတို့နှင့် တခြားပါရမီရှင်များကြားမှ ကြီးမားသော ကွာဟချက်များကို မြင်နေသောကြောင့် စိတ်ဓာတ်ကျလာပြီး တာအိုနှလုံးသားပြိုလဲကာ လမ်းစဉ်များ ထာဝရ ရပ်တန့်သွားလေသည်။

ကျွင်းရှောင်ယောက်ကဲ့သို့ ပါရမီရှိသူက အနည်းငယ်မျှသာ ရှိသည်။

ပါရမီရှင် အများစုက သေခြင်းရှင်ခြင်း လမ်းကြောင်းပေါ်တွင် ရုန်းကန်နေကြရပေသည်။

ကျွင်းရှောင်ယောက် တိတ်တဆိတ် လေ့ကျင့်ပြီးနောက် ရှေးဟောင်းလမ်းတစ်ခုလုံး ခေတ္တမျှ ပြန်လည်ငြိမ်သက်သွားခဲ့သည်။

ရံဖန်ရံခါတော့လည်း ပါရမီရှင်များအကြောင်း သတင်းများ ထွက်ပေါ်လာတတ်၏။

ဥပမာအားဖြင့်၊ ‌ကျွင်းမိသားစုမှ ဘီလူးကြီး သုံးကောင်...

ကျွင်းရှောင်ယောက်အပြင် ကျန်နှစ်ဦးက ကျွင်းလုံခန်းနှင့် ကျွင်းမိုရှောင် ဖြစ်ချေသည်။

ပထမစီကွမ် ကျွင်းလုံခန်းက ရှေးနှစ်သွယ်မျက်လုံးရှင် ပုဂ္ဂိုလ်ကြီးတစ်ဦးထံမှ အမွေကို ရရှိခဲ့ပြီး သူ၏ ခွန်အား အလွန်တိုးတက်ခဲ့သည်။

သူ၏ နှစ်သွယ်မျက်လုံးကလည်း သဘာဝအတိုင်း ပြန်ပြောင်းနိုင်ပြီး အနက်ရောင်ပိတ်စဖြင့် ဖုံးအုပ်ထားရန် မလိုတော့ပါ။

ရှေးဟောင်းလူထူးဆန်း ကျွင်းလုံခန်းကတော့ ရှေးခေတ် ဧကရာဇ်တစ်ပါးထံမှ အမွေဆက်ခံနိုင်ခဲ့သည်ဟု ဆိုသည်။ သူ၏ လူသားဧကရာဇ်ခန္ဓာတွင် တုနှိုင်းမယှဉ်နိုင်သော တိုက်ခိုက်နိုင်စွမ်းရှိပြီး အားလုံးက ကြောက်ရွံ့ရပေသည်။

ကျွင်းမိသားစု၏ ဤဘီလူးကြီးသုံးကောင်အပြင် စီကွမ်များဖြစ်သည့် ကျွင်းမူလန်၊ ကျွင်းဝူရှန့်၊ ကျွင်းကျန်းကျန့်နှင့် အခြားသူများသည်လည်း ကိုယ်ပိုင်အောင်မြင်မှုများရရှိပြီး နာမည်တစ်ခုရခဲ့သည်။

သူတို့အပြင် ကျွင်းရှောင်ယောက်၏ နောက်လိုက်များလည်း ရှိသေးသည်။

ရီယု၊ ရန်ချင်းယင်၊ ဝမ့်ချွမ်၊ ထာဝရဆင်းရဲဒုက္ခနတ်ဘုရားမနှင့် အခြားသူများလည်း နာမည်ကြီးလာခဲ့သည်။

ကျွင်းရှောင်ယောက်၏ နောက်လိုက်များအနေဖြင့် သူတို့၏အဆင့်အတန်းက အခြားသူများထက် သာလွန်နေကြပြီ။

ကိုယ်ပိုင်ခွန်အားများမှာလည်း အလွန်ထူးကဲသည်။

ကျွင်းရှောင်ယောက်က သူ့ဖခင်ကို အတုယူပြီး နတ်ဘုရင်ရှစ်မျိုးနွယ်ကဲ့သို့ ဖြစ်တည်မှုတစ်ခုကို ဖန်တီးချင်သည်ဟုပင် တချို့က ထင်နေခဲ့ကြသည်။

ထို့အပြင် ကျွင်းရှောင်ယောက်နှင့် ပတ်သက်မှုရှိသည့် ရန်ယုမန်၊ ယွီချန်ကျွမ့်၊ ရှောင်မိုရှန်းနှင့် အခြားသူများလည်း တစ်စုံတစ်ခု ရရှိခဲ့သည်။

ကောင်းကင်ကိုးခု အင်မော်တယ်နယ်မြေကြီး၏ ဧကရာဇ်လမ်းတွင် တစ်ချိန်က ကျွင်းရှောင်ယောက် တိုက်ပွဲဝင်ခဲ့သော ဓားနတ်ဆိုး လူဝင်စားလည်း ရှိသေးသည်။ ရဲ့ကူချန်က အမှန်တကယ် ထင်ရှားကျော်ကြားပြီး တားမြစ် ဓားနတ်ဘုရား၏ အမွေဆက်ခံခဲ့သည်။

ယခုတိုင်အောင် ကြံ့ကြံ့ခံနိုင်သောသူများက အနည်းနှင့်အများ အမြတ်များသည်ဟု ဆိုနိုင်‌ပေသည်။

နောက်ဆုံးတွင်၊ လူတိုင်းက ဤရက်စက်ကြမ်းကြုတ်သော အဆုံးစွန်ရှေးဟောင်းလမ်းပေါ်တွင် နှစ်အနည်းငယ်ကြာအောင် မရှင်သန်နိုင်ပေ။

ကျွင်းရှောင်ယောက်နှင့် ဝန်းကျင်မှ လူများအကြောင်း သတင်းများအပြင် မကြာသေးမီက အကြီးမားဆုံးသတင်းမှာ လင်ယွမ်ကို အင်မော်တယ်ခုံရုံး၏ ဧကရာဇ်ငယ်အဖြစ် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

သမိုင်းတွင် ပထမဆုံးသော အမျိုးသမီးဧကရာဇ် ဖြစ်၏။

ထို့ကြောင့် လင်ယွမ်၏ ဂုဏ်သတင်းက အထွတ်အထိပ်သို့ ရောက်သွားတော့သည်။

သို့သော်လည်း အခြားသတင်းတစ်ခု ထွက်ပေါ်လာပြီး လူတိုင်းကို တုန်လှုပ်စေခဲ့သည်။

လူသားအင်မော်တယ်ဂိုဏ်း၏ လျှို့ဝှက်ဆန်းကြယ်သော ဆက်ခံသူ ကျိတောက်ရီက လူသားအင်မော်တယ်ခန္ဓာကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။ ယခုအခါ သူက ကန့်သတ်ချက် ကိုးခုကို ဖြတ်ကျော်ပြီး အင်မော်တယ်စွမ်းအင်ဆယ်ခုအထိ လေ့ကျင့်ခဲ့ပြီးပြီ။

ဤသတင်းထွက်လာသည်နှင့် အားလုံး အံ့သြသွားကြသည်။

အင်မော်တယ်စွမ်းအင်ဆယ်ခုသည် ခေတ်ကာလတစ်လျှောက်လုံး ပိုင်ဆိုင်ခဲပြီး အင်မတန် ရှားသည်။

ယေဘူယျအားဖြင့် အင်မော်တယ်စွမ်းအင် လေးငါးခုရှိသော ပါရမီရှင်များက လူအများကြားတွင် အကောင်းဆုံး ဖြစ်နေပြီ။

လူများစွာက ကျိတောက်ရီကို ကျွင်းရှောင်ယောက်အဆင့်သို့ သတ်မှတ်လိုက်ကြသည်။

သူတို့အပြင် အနောက်ဘက်နိဗ္ဗာန်ဘုံ၏ လူဝင်စားဗုဒ္ဓက ထွတ်မြတ်ဗုဒ္ဓတစ်ပါး၏ အမွေရရှိခဲ့သည်ဟု သတင်းများ ထွက်နေသည်။ သူ၏ မှတ်ဉာဏ်အချို့က နိုးထလာပြီး ယခင်ဘဝမှ စွမ်းရည်အချို့ကိုပင် အသုံးပြုနိုင်နေပြီ။ သူ့စွမ်းအားက လွန်စွာ ကြောက်မက်ဖွယ်ကောင်းသည်။

ထို့ပြင် အမှောင်ကမ္ဘာ၏ လျှို့ဝှက်ဆန်းကြယ်ပြီး အစွမ်းထက်သည့် လူတစ်ဦးမှ အမွေဆက်ခံရသော အမှောင်ဘုရင်မျိုးရိုး၏ "သေမင်းနတ်ဘုရား"ဟု လူသိများသူ ယန်ဧကရာဇ်လည်း ရှိသေးသည်။

ဤအဆင့်သို့ ရောက်ပြီးနောက်တွင် ထိပ်သီး ပါရမီရှင်အားလုံးနီးပါးက ကိုယ်ပိုင်အခွင့်အလမ်းကြီးများ ရရှိခဲ့ပြီဟု ဆိုနိုင်သည်။

ဤသည်မှာ အဆုံးစွန်ရှေးဟောင်းလမ်း၏ အဓိပ္ပါယ်လည်း ဖြစ်ချေသည်။

အမှန်တကယ် အစွမ်းထက်သည့် ထိပ်တန်းဘီလူးကြီး အနည်းစုကို ရွေးချယ်ပြီး အရင်းအမြစ်များကို ပုံအောပေးအပ်သည်။

ဤနည်းဖြင့်သာ တိုင်းတစ်ပါးပြည်များကို တိုက်ထုတ်ရန် သန်မာသူများ ပေါ်ပေါက်လာလိမ့်မည်။

ကျန်ရှိသော ပါရမီရှင်များက အရှိန်အဟုန်ဖြင့် တိုးတက်လာခဲ့ချိန်တွင်...

မိုးမြေတုန်ဟီးစေနိုင်သော သတင်းတစ်ခုက ကောင်းကင်ကိုးခူ အင်မော်တယ်နယ်မြေကြီး တစ်ခုလုံးတွင် ပေါက်ကွဲထွက်လာခဲ့သည်။

အင်မော်တယ်နယ်မြေကြီး၏ နယ်ခြားတံခါးကို တိုင်းတစ်ပါးမှ ဧကရာဇ်တစ်ပါးက တံခါးလာခေါက်၏။

ဤသတင်းမှာ ပင်လယ်ထဲသို့ ကျောက်တုံးကြီးတစ်လုံး ကျရောက်သွား၍ ကြီးမားသော လှိုင်းလုံးကြီးများ ဖြစ်ပေါ်လာစေသကဲ့သို့ပင်...

အင်မော်တယ်နယ်မြေကြီးမှ အဓိက ပုဂ္ဂိုလ်ကြီးများလည်း သတင်းရရှိပြီးနောက် တုန်လှုပ်သွားပြီး သူတို့အင်အားစုများအတွက် အစီအစဉ်များကို လျှို့ဝှက်စွာ စတင်လုပ်ဆောင်ခဲ့ကြသည်။

အင်မော်တယ်နယ်မြေကြီး၏ အခြားတစ်ဖက် တိုင်းတပါးပြည်တွင်...

အဆုံးမရှိသော သတ္တဝါများနှင့် အဆုံးမဲ့မျိုးနွယ်များ ရှိသည်။

ရာပေါင်းများစွာသော တော်ဝင်မိသားစုများက ကမ္ဘာကိုလွှမ်းခြုံသည်။

အင်မော်တယ် တော်ဝင်မျိုးနွယ်က ထိပ်သီး ဖြစ်ကြ၏။

ယင်းမှာ အလွန်အင်အားကြီးသည့် နယ်မြေကြီးတစ်ခု ဖြစ်ခဲ့သည်။ သူတို့၏ ပါရမီရှင်များက အင်မော်တယ်နယ်မြေကြီးမှ လူများထက် နိမ့်ကျခြင်းမရှိပေ။

ထို့အပြင်၊ တိုင်းတစ်ပါးမှ သတ္တဝါများတွင် သန်မာသော စွမ်းရည်များနှင့် ရက်စက်ကြမ်းကြုတ်သော နည်းလမ်းများရှိသည်။ သူတို့ထဲတွင် လူတိုင်းနီးပါးက စစ်သားများ ဖြစ်၏။

တိုင်းတစ်ပါးက အင်မော်တယ်နယ်မြေကြီးကို ကြိမ်ဖန်များစွာ ကျူးကျော်ဝင်ရောက်လာကာ အဆုံးမရှိ ဘေးဒုက္ခများ ရောက်စေခဲ့သည်။

ထိုစစ်ပွဲကြီးတိုင်းကို ရှေးသမိုင်းတွင် မှတ်တမ်းတင်ထား၏။ စစ်ပွဲတိုင်း၏ လွှမ်းမိုးမှုနှင့် အဖျက်စွမ်းအားက အင်မော်တယ်စစ်ပွဲများထက် အဆပေါင်းရာနှင့်ချီ၍ ပြင်းထန်သည်။

အဓိပဓိ အင်မော်တယ်ခုံရုံးသည် တစ်ချိန်က ကောင်းကင်ကိုးခု အင်မော်နယ်နယ်မြေကြီး၏ အကြီးအမှူးဖြစ်ခဲ့သည်။

ရလဒ်အနေဖြင့်၊ ပြင်းထန်သော ပြည်ပကျူးကျော်စစ်တွင် ပြိုကွဲသွားကြပြီး လက်ရှိ အင်မော်တယ်မျိုးရိုးကိုးခု ဖြစ်လာခဲ့ပေသည်။

အင်မော်တယ်ရတနာ ကောင်းကင်ဧကရာဇ်၏ပလ္လင်သည်ပင် အမည်မသိနေရာ၌ ပျောက်ဆုံးသွားခဲ့သည်။

ယင်းမှ ပြည်ပကျူးကျော်မှုမှာ ခြိမ်းခြောက်မှု မည်မျှ ကြီးမားမှန်း မှန်းဆနိုင်ပေသည်။

ယခင်က သတင်းများထွက်နေသော်လည်း လူအများမှာ ရှင်းရှင်းလင်းလင်း မသိရသေးပါ။

ယခုမူ၊ တိုင်းတပါးမှ ပုဂ္ဂိုလ်ကြီးက အချိန်မရွေးပေါက်ကွဲနိုင်သည့် ဗုံးတစ်လုံးကို စနက်တံ ဖြုတ်လိုက်သကဲ့သို့ တံခါးခေါက်လာပြီ ဖြစ်သည်။

နေရာတိုင်းမှာ တုန်လှုပ်ချောက်ချားနေပြီး...

လှိုင်းတံပိုးများလည်း မြင့်တက်လာတော့သည်။

နောက်ပိုင်းတွင် တံခါးခေါက်သော ဧကရာဇ်က တိုင်းတစ်ပါးမှ ဧကရာဇ်သစ် ဖြစ်လာကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သည်။

သဘာဝအတိုင်း၊ သူတစ်ယောက်တည်း အင်မော်တယ်နယ်မြေကြီးကို ထိုးဖောက်ဝင်မှာတော့ မဟုတ်ပါ။ လက်ညိုးတစ်ချက်ဖြင့် နယ်နိမိတ်စည်းတစ်ခုလုံးကို လှုပ်ခါသွားစေခဲ့ခြင်း ဖြစ်သည်။

သို့သော်၊ ဤသည်က တကယ့်ကျူးကျော်မှုမဟုတ်ပါ။ အစပြုရန် သတိပေးချက်တစ်ခုထက် မပိုသေးပေ။

အင်မော်နယ်မြေကြီး၏ နယ်နိမိတ်သည် မရေမတွက်နိုင်သော ပုဂ္ဂိုလ်ကြီးများ ချွေး၊ သွေးဖြင့် တည်ဆောက်ထားပြီး အင်မော်တယ်နယ်မြေကြီး၏နိယာမများလည်း ရှိသည်။

တိုင်းတစ်ပါးမှ ဧကရာဇ်များပင်လျှင် အထူးနည်းလမ်းမရှိဘဲ ဖြတ်ကျော်ရန် ခက်ခဲပေလိမ့်မည်။

ဖြတ်ကျော်နိုင်ခဲ့လျှင်ပင် သူတို့အင်အားများ လျော့ကျသွားရမည် ဖြစ်သည်။

ထို့ကြောင့် တိကျသေချာမှု မရှိဘဲ တိုင်းတစ်ပါးမှ ထိပ်တန်းပုဂ္ဂိုလ်များသည် တစ်ယောက်တည်း နက်နက်ရှိုင်းရှိုင်း လျှောက်လှမ်းနေမည်မဟုတ်ပေ။

သို့သော်လည်း ဤသည်မှာ အချက်ပြမှုတစ်ခု ဖြစ်သည်။

တိုင်းတစ်ပါးက လှုပ်ရှားရန် အချက်ပြလိုက်ပြီ။

တိုင်းတပါးမှဧကရာဇ်အသစ်က တံခါးခေါက်ပြီး မကြာမီ...

နယ်စပ်ရှိ ကာကွယ်သူများ‌ထံမှ သတင်းထွက်လာခဲ့သည်။

အဆုံးစွန်သောရှေးဟောင်းလမ်း၏ နောက်ဆုံးစမ်းသပ်မှုနေရာကို ဖွင့်လှစ်တော့မည်။

ဤခေတ်တွင်၊ အင်မော်တယ်နယ်မြေကြီး၏ ထိပ်တန်း ပါရမီရှင်များက တိုင်းတစ်ပါးမှ စေလွှတ်ထားသော ပါရမီရှင်များနှင့် ထိပ်တိုက်ရင်ဆိုင်ရလိမ့်မည်။

ထို့ပြင် ဤထိပ်တိုက်ရင်ဆိုင်မှုက ယှဉ်ပြိုင်ခြင်းလောက် မရိုးရှင်းပေ။

တိုင်းတပါးက နယ်မြေဖြတ်ကျော်ရန် နည်းလမ်းများကို လျှို့ဝှကိရှာဖွေနေပုံရသည်။

ဤနည်းလမ်းက ရှန်းရွှီကမ္ဘာကြီးမှ အဆုံးစွန် စမ်းသပ်မှုနေရာပင်။

အတိအကျပြောရလျှင်၊ ဤသတင်းကြောင့်ပင် ထိပ်သီးပါရမီရှင်များက အဆုံးစွန်ရှေးဟောင်းလမ်း၏ အဆုံးဆီသို့ အပြေးအလွှားသွားနေကြခြင်း ဖြစ်သည်။

အဆုံးစွန် စမ်းသပ်မှုအတွက် ပြင်ဆင်ကြလိမ့်မည်။

လှိုင်းများက ပို၍ မြင့်တက်လာခဲ့သည်။

ကျွင်းရှောင်ယောက်ကိုယ်တိုင်ကတော့ ဘာမျှ မသိပေ။

ဧကရာဇ်သင်္ချိုင်းကြယ်စင်မှ တားမြစ်ထားသောနေရာတစ်ခုတွင် တိတ်တဆိတ် လေ့ကျင့်နေသည်။

သူက အသက်စမ်းရေကို အတွင်းစကြာဝဠာအတွင်းသို့ ပြန်လည်သန့်စင်နေလေသည်။

မျက်စိတစ်မှိတ်အတွင်း သုံးလကြာသွားသည်။

အဆုံးစွန်ရှေးဟောင်းလမ်းတစ်ခုလုံးလည်း တိုက်ပွဲအငွေ့အသက်များနှင့် တင်းမာနေပြီ။

အင်မော်တယ်နယ်မြေကြီး၏ မျိုးဆက်သစ်လူငယ်များနှင့် သက်ဆိုင်သည့် ရက်စက်ကြမ်းကြုတ်သော စမ်းသပ်မှုတစ်ခု စတင်တော့မည်ဖြစ်သည်။

ဤမတိုင်မီကပင် အင်မော်တယ်နယ်မြေကြီးမှ မျိုးဆက်သစ်လူငယ်များ၏ တည်ရှိပုံကို ထိခိုက်စေမည့် အခြေအနေတစ်ခု တိတ်တဆိတ် ဖြစ်ပျက်ခဲ့သည်။

ယင်းမှာ ဆန့်ကျင်ခြင်း ဧကရာဇ် ခုနစ်ပါး၊ ဆုံတော့မည်။

ဟုတ်သည်၊ ပြင်ပကမ္ဘာက ဒါကို မသိပါ။

ဤသည်မှာ ဧကရာဇ်ခုနစ်ပါးတို့ကြားမှ လျှို့ဝှက်တွေ့ဆုံမှုဖြစ်သည်။

သို့သော်လည်း ပြင်ပကမ္ဘာက သိကြလျှင်တော့ ရုတ်ရုတ်သဲသဲ ဖြစ်သွားပေမည်။

အကြောင်းမှာ ယခုအခါ တိုင်းတပါး၏ နယ်စပ်က ဆူပွက်နေပြီး အဆုံးစွန်စမ်းသပ်မှုနေရာတွင် သွေးသံတရဲရဲနှင့် ရက်စက်ကြမ်းကြုတ်သည့် စစ်ပွဲကြီး ပေါ်လာတော့မည် ဖြစ်သောကြောင့်ပင်။

ဤအချိန်တွင်၊ အင်မော်တယ်နယ်မြေကြီးမှ ပါရမီရှင်များက စည်းလုံးညီညွတ်ပြီး တိုင်းတပါရှိ ဘုရင်ငယ်များကို မည်သို့ကိုင်တွယ်ရမည်အား စဉ်းစားသင့်သည်။

ကျွင်းရှောင်ယောက်ကတော့ အဓိက အင်အားစုဖြစ်ပြီး အရေးအကြီးဆုံးဖြစ်သည်မှာ သံသယရှိစရာမလိုပေ။

ကျွင်းရှောင်ယောက်က အင်မော်တယ်နယ်မြေကြီး၏ မျိုးဆက်သစ်မဏ္ဍိုင်များထဲမှ တစ်ဦးဟုပင် ဆိုနိုင်သည်။

ထို့ကြောင့်ပင် အင်မော်တယ်နယ်မြေကြီး၏ ထိပ်တန်း တိုက်ခိုက်ရေး အင်အားစုများထဲမှ တစ်ဦးကို ကိုယ်စားပြုသည့် ဆန့်ကျင်ခြင်း ဧကရာဇ် ခုနစ်ပါးက လျှို့ဝှက်စွာ တွေ့ဆုံနေခြင်း ဖြစ်သည်။

ဤမဏ္ဍိုင်ကို မည်ကဲ့သို့ ဖယ်ရှားရမည်နည်း။

All Chapters