အခန်း ၈၂၄
Vol. 55 Ch. 824
အခန်း ( ၈၂၄ ) လော်လီလေးမှ မမအဖြစ်သို့ ပြောင်းလဲခြင်း၊ လုံယောက်အာ၏ အသွင်ကူးပြောင်းမှု။
ဧကရာဇ်သင်္ချိုင်းကြယ်၏ ရှေးဟောင်းဂူတစ်ခုတွင်...
အနက်ရောင် ပိုးစကတ်ကို ၀တ်ဆင်ထားပြီး သွယ်လျသော အသွင်အပြင်တစ်ခုက တင်ပျဉ်ခွေ ထိုင်နေသည်။
သူမက ရှုံ့မဲ့နေသော မျက်နှာဖုံးကို ၀တ်ထား၏။
သူမ၏ အနက်ရောင်ဆံပင်များက ရေတံခွန်ကဲ့သို့ ကျောဘက်တွင် ပြန့်ကျဲနေလေသည်။
သူ့အသားအရည်ကတော့ အလွန်ဖြူဖျော့ပြီး လူမမာတစ်ဦးကဲ့သို့ ဖြစ်နေသည်။
သွယ်လျသော ခြေလက်များကလည်း ပတ်တီးများဖြင့် ပတ်ထားသေးသဖြင့် ထူးခြားသော အလှတစ်မျိုး ဖြစ်စေလေသည်။
ဤသည်မှာ ကျူးရှန်းဓားပြ ရွယ်ယွဲ့ပင် ဖြစ်သည်။
ယခုတော့ ဓားပြ ဆယ့်သုံးယောက်မှာ သူမတစ်ယောက်တည်း ကျန်တော့သည်။
သို့ပေမည့် ရွယ်ယွဲ့ဟာ ထိုဓားပြဆယ့်နှစ်ယောက် သေဆုံးမှုကြောင့် လုံးဝ ဝမ်းနည်းခြင်းမရှိပါ။
ဓားပြဆယ့်နှစ်ဦး သေဆုံးခြင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားချက်က၊ ကျွင်းရှောင်ယောက်၏ မျက်လုံးများမှ သတ်ဖြတ်လိုသည့်အကြည့်ကြောင့် နာကျင်ခြင်းနှင့် နှိုင်းယှဉ်မရပေ။
သူမ၏ မှတ်ဉာဏ်ထဲရှိ ရင်းနှီးသောမျက်နှာရှိသူက အခြားအမျိုးသမီးတစ်ဦးကို ကာကွယ်ရန်အတွက် သူ့အား တိုက်ခိုက်ခဲ့သည်။
ထိုအေးစက်သော သတ်ဖြတ်ချင်စိတ်က ရွယ်ယွဲ့၏ သေဆုံးပြီးသားနှလုံးသားကို ရုတ်တရက် စူးရှစွာ နာကျင်စေခဲ့ပေသည်။
"သူက ရင်းနှီးတဲ့ ပန်းတစ်ပွင့်ပဲ၊ ဒါပဲ…"
ရွယ်ယွဲ့က သူ့ဘာသာသူ ရေရွတ်လိုက်သည်။
သူမ၏ သေးသွယ်သော ကျောက်စိမ်းလက်ထဲမှာတော့ ကြည်လင်သော ကျောက်တုံးတစ်တုံးကို ကိုင်ဆောင်ထားပေသည်။ ကျောက်အတွင်းပြီး ရင့်ကျက်ပြီး နှစ်လိုဖွယ်ကောင်းသော အမျိုးသမီးတစ်ယောက်၏ အသံကို ကြားရသည်။
"နောင်ကျရင် ရှန်းရွှီကမ္ဘာကြီးပွင့်လာလိမ့်မယ်။ တာဝန် ပြီးမြောက်တဲ့အခါ ငါတို့ကမ္ဘာကို မင်း ပြန်လာနိုင်တယ်"
"နောက်ပြီး ကောင်းကင်ကိုးခု အင်မော်တယ်နယ်မြေကြီးရဲ့ ထိပ်သီး ပါရမီရှင်တွေကို စာရင်းပြုစုပါ"
"အချိန်ကျရင် အင်မော်တယ်နယ်မြေကြီးရဲ့ ပါရမီရှင်တွေက ငါတို့ကမ္ဘာရဲ့ ပါရမီရှင်တွေအတွက် သားကောင်ဖြစ်လာလိမ့်မယ်"
ထိုစကားကို ကြားရပြီးနောက် ရွယ်ယွဲ့ တိတ်ဆိတ်သွားသည်။
"သားကောင်လား"
ရွယ်ယွဲ့ ခပ်တိုးတိုး ရေရွတ်လိုက်၏။
ကျွင်းရှောင်ယောက်၏ အဆင့်အတန်းနှင့် နားမလည်နိုင်သော ကြောက်မက်ဖွယ် စွမ်းအားများဖြင့်...
တိုင်းတစ်ပါးမှ ရှာဖွေတွေ့ရှိပါက အာရုံစူးစိုက်မှု ခံရမည်မှာ သေချာသည်။ ဘုရင်ငယ်နှင့် တိုင်းတစ်ပါး၏ ခေါင်းဆောင်တို့ကပင် အမဲလိုက်ခြင်း ဖြစ်နိုင်သေးသည်။
ကျွင်းရှောင်ယောက်ကဲ့သို့လူများ ကြီးပျင်းလာသောအခါ တိုင်းတစ်ပါးကို ကြီးကြီးမားမား ခြိမ်းခြောက်မှု ရှိလာနိုင်သည့်အတွက် သူတို့ကို အမြစ်ပြတ် ချေမှုန်းပစ်ရန် လိုပေသည်။
ရွယ်ယွဲ့က လက်သီးကို တင်းတင်းကြပ်ကြပ် ဆုပ်လိုက်သည်။ သူမ၏ သေဆုံးနေသောနှလုံးမှာလည်း ထူးထူးခြားခြား ရှုပ်ထွေးသွား၏။
ကျွင်းရှောင်ယောက် အမဲလိုက်ခံရပြီး သူ့ရဲ့အဖြူရောင်အဝတ်အစားတွေ သွေးတွေစွန်းထင်းမှာကို သူ မြင်ချင်သေးရဲ့လား။
ရွယ်ယွဲ့၏ မျက်လုံးများ အရောင်ပြောင်းသွားသည်။
ထိုအချိန်တွင် အတွေးတစ်ခုက သူမ၏ စိတ်ထဲတွင် ပေါ်လာ၏။
ယင်းက တာအိုသက်သေပြခြင်း ဧကရာဇ် ဉာဏ်အလင်းတံဆိပ်မှ ဖြစ်သည်။
"ဧကရာဇ်ခုနစ်ပါးတို့ စုဝေးခြင်း..."
ရွယ်ယွဲ့က သူ့ဘာသာသူ ရေရွတ်လိုက်သည်။
.....….....
အခြားတစ်ဖက်တွင်...
ထိုက်ရွှီရှေးနဂါးမျိုးနွယ်စု၏ ဘိုးဘွားမြေ၊ နဂါးသတ်ဂူအပြင်ဘက်တွင်...
လုံယွမ်အပါအဝင် ထိုက်ရွှီရှေးနဂါးမျိုးနွယ်စု၏ အကြီးအကဲများ စိတ်လှုပ်ရှားစွာ စောင့်ဆိုင်းနေကြသည်။
လပေါင်းများစွာ ကြာသွားသော်လည်း နဂါးသတ်လိုဏ်ဂူထဲသို့ ဝင်သွားသည့် လုံယောက်အာထံမှ လုံးဝ လှုပ်ရှားမှုမရှိပေ။
အချိန်ကြာလေလေ လုံယောက်အာထက် ရှင်သန်နိုင်ခြေ နည်းပါးလေလေ ဖြစ်သည်။
"ဟင်း၊ ဒီလိုဖြစ်မယ်မှန်းသိရင် ငါ သူ့ကို နဂါးသတ်လှိုဏ်ဂူထဲ ရူးရူးမိုက်မိုက် ဝင်ခွင့်မပေးခဲ့ဘူး။ အဲဒါက မဆင်မခြင် ပြုတာပဲ"
ထိုက်ရွှီရှေးနဂါးမျိုးနွယ်မှ အကြီးအကဲတစ်ယောက်က သက်ပြင်းချလိုက်သည်။
သူတို့ဟာ လုံယောက်အာအတွက် အသက်စမ်းရေနှင့် ရှင်သန်ခြင်းကျမ်းကိုပင် စွန့်လွှတ်ခဲ့ကြသည်။
အကယ်၍ လုံယောက်အာ တစ်ခုခုဖြစ်လျှင်...
သူတို့၏ ထိုက်ရွှီရှေးနဂါးမျိုးနွယ်က အလွန်အားကောင်းသော ဧကရာဇ်ဖြစ်လာနိုင်သည့် ပါရမီဪဟဂ၏၏ဂ6ဪဪဟရရှင်တစ်ဦးကို ဆုံးရှုံးမည့်အပြင် အဖိုးတန်ရတနာများကိုလည်း ဆုံးရှုံးခဲ့ရလိမ့်မည်။
ယင်းက သွေးတက်စရာ ဖြစ်သည်။
"ငါ ယောက်အာကို ယုံကြည်တယ်။ သူဟာ အရင်တုန်းက အပျော်သဘောနဲ့ ရိုင်းစိုင်းခဲ့ပေမဲ့ မြင့်မြတ်ခန္ဓာ တိုက်ပွဲအပြီးမှာ သူ ကြီးပြင်းလာခဲ့ပြီ"
"သူ့ရဲ့ နှလုံးသားထဲက မလိုလားအပ်တဲ့ စိတ်ဆန္ဒတွေကပဲ သူ့အောင်မြင်မှုတွေအတွက် တွန်းအားဖြစ်လာလိမ့်မယ်"
လုံယွမ် အခိုင်အမာ ပြောလိုက်သည်။
လုံယွမ် ပြောပြီးသွားသည်နှင့်...
နဂါးသတ်လိုဏ်ဂူကြီးတစ်ခုလုံးတွင် အလွန်ကြောက်စရာကောင်းသော သွေးမျိုးဆက်ဖိအားတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။
လက်ရှိ ထိုက်ရွှီရှေးနဂါးမျိုးနွယ်၏ ဤအကြီးအကဲများမှာ အဓိပဓိနယ်ပယ်အထက်မှ တန်ခိုးကြီးသူများဖြစ်သည်။
ယခုတော့ အကြီးအကဲများအားလုံး အသက်ရှူကျပ်သွားသလို ခံစားလိုက်ရ၏။
သူတို့၏ ကျင့်ကြံခြင်းအခြေခံသာ လုံလောက်အောင် မသန်မာပါက မြေပေါ်တွင် ဒူးထောက်လိုက်ရမည် ဖြစ်သည်။
ဤသည်မှာ နယ်ပယ်မှ ဖိအားမဟုတ်ဘဲ သွေးမျိုးဆက်ဖိအားတစ်ခုပင်။
"ရွှေရောင် ရှေးနဂါးသွေး နိုးထလာပြီ..."
ထိုက်ရွှီရှေးနဂါးမျိုးနွယ်မှ အကြီးအကဲတစ်ဦးက တုန်လှုပ်သော လေသံဖြင့် ပြောလိုက်သည်။
"ဝုန်း"
ကျယ်လောင်သော ပေါက်ကွဲသံ ထွက်ပေါ်လာ၏။
နဂါးသတ်ဂူ၏ အ၀င်ဝတွင် ခရမ်းရောင်စွမ်းအင်နှင့် သွေးစွမ်းအင်က ဒီရေကဲ့သို့ လမ်းကြောင်းတိုင်းသို့ စီးဆင်းလာခဲ့သည်။
ဤအကြီးအကဲများက သူတို့နယ်ပယ်ကြောင့် ဤဖိအားကို တောင့်ခံနိုင်ကြသည်။
သို့ရာတွင်၊ အဝေးမှ ထိုက်ရွှီရှေးနဂါးမျိုးနွယ်စုမှ ငယ်ရွယ်သူများကတော့ မကြုံစဖူး တုန်လှုပ်ချောက်ချားရပြီး တစ်ယောက်ပြီးတစ်ယောက် ဒူးထောက်လိုက်ကြတော့သည်။
"ဒါ မင်းသမီးယောက်အာပဲ၊ မင်းသမီးယောက်အာ နဂါးသတ်ဂူထဲက ထွက်လာပြီ။ သူ့ရဲ့ရွှေရောင်ရှေးနဂါးသွေးကိုလည်း အောင်အောင်မြင်မြင် နိုးထလာခဲ့ပြီ"
ထိုက်ရွှီရှေးနဂါးမျိုးနွယ်ဝင် လူငယ်များက အော်ဟစ်လိုက်ကြသည်။
သူတို့ ခေါင်းငုံ့နေရတာ ကြာပြီ။
ယခုအခါ၊ အသျှင်ဘိုးဘွားနန်းတော်ကဲ့သို့ ထိုက်ရွှီရှေးနဂါးမျိုးနွယ်က လူတိုင်း၏ ရယ်မောစရာဖြစ်လာသည်။
သူတို့ကို သမိုင်းတွင် သနားစရာအကောင်းဆုံး နဂါးမျိုးနွယ်ဟုပင် ခေါ်ဝေါ်ကြ၏။
ယင်းကို ဘယ်သူခံနိုင်ပါမည်နည်း။
ထိုက်ရွှီရှေးနဂါးမျိုးနွယ်၏ သတ္တဝါများစွာ၏ အာရုံစိုက်မှုအောက်တွင်...
လှပသောရုပ်သဏ္ဍာန်တစ်ခုက နဂါးသတ်ဂူမှ ဖြည်းညှင်းစွာ ထွက်လာခဲ့သည်။
"ယောက်အာ"
လုံယွမ်နှင့် အကြီးအကဲများ စိတ်လှုပ်ရှားမှုဖြင့် မျက်လုံးများ ဝင်းလက်သွား၏။
သို့သော်လည်း သူတို့ကိုပို ပို၍အံ့ဩစေသည်မှာ...
ခြေတစ်လှမ်း လှမ်းလိုက်တိုင်း သူမ၏ အရပ်က သာမန်မျက်စိဖြင့် မြင်နိုင်သော အရှိန်ဖြင့် မြင့်မားသည်။
သူမ၏ ဦးခေါင်းနောက်ဘက်မှ စုထုံးထားသေ ခရမ်းရောင်ဆံပင်များက ရေတံခွန်ကဲ့သို့ ပြည်ကျသွား၏။
အဆုံးတွင် လုံယောက်အာက နဂါးသတ်ဂူအတွင်းမှ လုံးဝ ထွက်လာတော့သည်။
သူမက သေးသွယ်ပြီး ချစ်စရာကောင်းသော ကလေးမလေးမှ သွယ်လျပြီး လှပသော ရင့်ကျက်သည့် မိန်းမပျိုလေးအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
သူမ၏ ရေတံခွန်ကဲ့သို့ ခရမ်းရောင်ဆံပင်ရှည်များက သူမ၏တင်ပါးအထိ ရှည်လျားပေသည်။
သူမ၏ ရွှေရင်အစုံက မို့မောက်ပြီး သွယ်လျသောခါးနှင့် ပေါင်တံရှည်များ ရှိသည်။
သူမ ဝတ်ဆင်ထားသည့် နှင်းဖြူအဝတ်အစားများက သူမ၏ လှပသော ခန္ဓာကိုယ်အချိုးအစားကို ဖုံးကွယ်ထား၍ မရတော့ပါ။
ကျောက်စိမ်းနှင့် ထွင်းထုထားသကဲ့သို့ ချစ်စရာ မျက်နှာလေးက အလွန်လှပပြီး လက်ရာမြောက်လှသည်။
ခရမ်းရောင်မျက်လုံးများကလည်း မြင့်မြတ်သော ခရမ်းရွှေရောင် ဖီးနစ်မျက်လုံးတစ်စုံအဖြစ်သို့ ပြောင်းလဲသွားပြီ။
လူတစ်ကိုယ်လုံးက အလွန်မြင့်မြတ်ပြီး ထင်ရှားကျော်ကြားသော နဂါးဘုရင်မကဲ့သို့ ဖြစ်သည်။
ထိုက်ရွှီရှေးနဂါးမျိုးနွယ်စု၏ သတ္တဝါအားလုံး ကိုယ့်မျက်စိကို မယုံနိုင်အောင် အံ့အားသင့်သွားကြသည်။
"ယောက်... ယောက်အာ..."
လုံယွမ်သည်လည်း မယုံနိုင်ဘဲ လေသံများ ကတုန်ကယင် ဖြစ်သွား၏။
သူ့ရှေ့မှ ရင့်ကျက်သည့် မိန်းကလေးက ယခင် မိုက်မဲပြီး မိုက်မဲသော ကောင်မလေးနှင့် ကွာခြားလှပေသည်။
"အဘိုးလုံယွမ်၊ ကျွန်မ အောင်မြင်ပြီ"
လုံယောက်အာ၏ အနီရောင်နှုတ်ခမ်းများပေါ်တွင် အပြုံးတစ်ခု ပေါ်လာခဲ့သည်။
သူမ၏ သွေးမျိုးဆက် အပြည့်အဝ မနိုးထမီတွင် သူမအား သားလောင်းအဖြစ်သာ မှတ်ယူနိုင်ခဲ့သည်။
ယခုတော့ သွေးမျိုးဆက် နိုးထလာပြီးနောက် အမှန်တကယ် ဖွံ့ဖြိုးမှု အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
ယခုအခါ သူမက ယခင် အခြေအနေအား လုံးလုံးလျားလျား ကျော်လွန်သွားခဲ့ပြီ။
"ကောင်းတယ်၊ ကောင်းတယ်။ မင်းသမီးယောက်အာက ဧကရာဇ်ဖြစ်လာဖို့ အလားအလာရှိပြီး၊ အနာဂတ်မှာ ငါ့ထိုက်ရွှီရှေးနဂါးမျိုးနွယ်ရဲ့ ဘုရင်မဖြစ်လာလိမ့်မယ်"
ရှေးနဂါးမျိုးရိုး အကြီးအကဲတစ်ဦးက ရယ်မောလိုက်သည်။
"မင်းသမီးယောက်အာရဲ့ လက်ရှိအင်အားနဲ့ ကျွင်းရှောင်ယောက်ကိုရင်ဆိုင်ရင် မခက်ခဲမှာ ငါကြောက်တယ်"
ဤနဂါးမျိုးရိုး၏ အကြီးအကဲများက သူတို့၏အမာရွတ်များပျောက်ကင်းသွားသည်နှင့် အလွန်ဝမ်းသာကာ နာကျင်မှုကို မေ့သွားသည်။
"ကျွင်းရှောင်ယောက်..."
ဤစကားသုံးခွန်းကို ကြားရသည်နှင့် လုံယောက်အာ နှုတ်ခမ်းပေါ်မှ အပြုံးများက မှိန်ဖျော့သွားသည်။
ခွေးမတစ်ကောင်လို ဆက်ဆံခံရခြင်း၏ အရှက်တရားက သူ့စိတ်ထဲမှာ အထင်အရှား ရှိနေဆဲပင်။
"အဘိုးလုံယွမ်၊ ကျွန်မ လုပ်စရာရှိလို့ အရင်သွားတော့မယ်"
လုံယောက်အာက ပြောဆိုပြီး ထွက်ခွာသွားတော့မည်။
"ခဏလေး၊ ဒါက မင်းကို အသျှင်ဘိုးဘွားနန်းတော်က ပေးခဲ့တာ"
လုံယွမ်က ရှေးဟောင်းပစ္စည်းအချို့နှင့် အသျှင်သွေးကို လုံယောက်အာထံ ပေးအပ်ခဲ့သည်။
ရှေးဟောင်းပစ္စည်းမှာ သွေးစွန်းနေသော လှံ ဖြစ်သည်။
ယင်းကို ဘိုးဘွားနန်းတော်၏ ဘိုးဘွားများ အသုံးပြုခဲ့၏။
ထိုဘိုးဘေးက မြင့်မြတ်ခန္ဓာကို ထိုးဖောက်ရန် ဤကြေးလှံအား အသုံးပြုခဲ့ကြောင်း ကြားဖူးသည်။
လှံပေါ်တွင် စွန်းထင်းနေသောသွေးများက မြင့်မြတ်ခန္ဓာ၏ သွေးများဖြစ်ချေသည်။
လုံယောက်အာက ကြေးလှံနှင့် အသျှင်ခန္ဓာ သွေးအနှစ်သာရကိုယူပြီး ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက်မှာတော့ နှင်းဖြူခြေဗလာနှင့် လေထဲကိုနင်းကာ ချက်ခြင်း ပျောက်သွားတော့သည်။
ဤသည်မှာ ထိုက်ရွှီရှေးနဂါးမျိုးနွယ်၏ ထူးခြားသော ဟင်းလင်းပြင်စွမ်းရည် ဖြစ်သည်။
ရွှေရောင်ရှေးဟောင်းနဂါးသွေးကို နိုးထစေခဲ့သော လုံယောက်အာက ဤစွမ်းရည်ကို ကောင်းစွာပြသနိုင်ပြီဖြစ်ကြောင်း သိသာထင်ရှားလှပေသည်။
ယင်းကိုမြင်တော့ လုံယွမ်က တစ်ခုခုပြောရန် ဟန်ပြင်လိုက်သည်။ သို့သော်လည်း အဆုံးမှာတော့ မပြောဖြစ်ခဲ့ပေ။
လုံယောက်အာမှာ ကြီးပြင်းလာခဲ့ပြီဖြစ်၍ ပြုစုစောင့်ရှောက်ရန် မလိုအပ်တော့ပါ။
'ယောက်အာ၊ စိတ်ဆန္ဒဆုံးဖြတ်မစောပါနဲ့'
လုံယွမ်က စိတ်ထဲမှ သက်ပြင်းချလိုက်သည်။
လုံယောက်အာမှ ကျွင်းရှောင်ယောက်ကို ထပ်မံစော်ကားမည်အား သူ အမှန်တကယ် ကြောက်နေခဲ့ပေသည်။
လုံယောက်အာ၏ လက်ရှိအင်အားက ယခင်ကဲ့သို့ မဟုတ်ပေ။
သို့ပေမည့် ကျွင်းရှောင်ယောက်က သူမနှင့် ဆက်ဆံရာမှာ ခွန်အားဘယ်လောက်သုံးခဲ့လို့လဲ။
ကျူးရှန်းဓားပြ ရွယ်ယွဲ့နှင့် လုံယောက်အာက တပြိုင်နက်တည်း လှုပ်ရှားခဲ့ကြသည်။
သူတို့၏ ရည်မှန်းချက်က လူဆိတ်ညံသော စွန့်ပစ်ရှေးဟောင်းကြယ်တစ်ခုသို့ပင်။
ယင်းမှာ ဆန့်ကျင်ခြင်း ဧကရာဇ်ခုနစ်ပါး စုဝေးရာ ဖြစ်သည်။