အခန်း ၈၂၅
Vol. 55 Ch. 825
အခန်း ( ၈၂၅ ) ဧကရာဇ်ခုနစ်ပါးတို့၏ လျှို့ဝှက်ချက်များ။ ကောင်းကင်ရဲ့ လက်ဆောင် ဧကရာဇ်တံဆိပ်က တာအိုသက်သေပြခြင်းထက် မကဘူး။
မှောင်မိုက်သော ကြယ်ကောင်းကင်၏ နက်နဲသောနေရာတွင် ကြက်လေးတချို့ မှိတ်တုတ်မှိတ်တုတ် ဖြစ်နေသည်။
ဤနေရာက အဆုံးစွန်ရှေးဟောင်းလမ်း၏ အဆင့်တစ်ရာလေးမှ ဝေးလံခေါင်သီပြီး လူသူကင်းမဲ့သော ရှေးဟောင်းကြယ်စက်ဝိုင်းတစ်ခုတွင် ရှိပေသည်။
ဤရှေးဟောင်းကြယ်စက်ဝိုင်းက အခွင့်အလမ်းအနည်းငယ်သာရှိပြီး လူအရောက်အပေါက်နည်းသောကြောင့် လူဆိတ်ညံသောမြေဟုပင် ဆိုနိုင်သည်။
ယနေ့၊ လူသူကင်းမဲ့သော ဤကြယ်စက်ဝိုင်း၏ ရှေးဟောင်းကြယ်တစ်လုံးပေါ်တွင်...
လူရိပ်နှစ်ခု ရှိနေသည်။ ယင်းက အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ဖြစ်ချေသည်။
အမျိုးသားမှာ ပါကွားပုံရိပ်များ ဝန်းရံထားပြီး လျှို့ဝှက်ဆန်းကြယ်သော ကူတိကျစ် ဖြစ်သည်။
အခြားအမျိုးသမီးကတော့ သဘာဝအတိုင်း လင်ယွမ်သည်ပင်။
သူမက ပျင်းရိပျင်းတွဲဖြင့် ပလ္လင်ပေါ်တွင် မေးစေ့ကို လက်နှင့်ထောက်ကာ တင်ပါးလွှဲထိုင်နေသည်။
သူမက အေးစက်ခြင်း၊ မာနကြီးခြင်း၊ ချစ်စရာကောင်းပြီး ကြီးကျယ်ခမ်းနားခြင်းတို့ဖြင့် ကမ္ဘာကို လွှမ်းမိုးထားသော ဧကရီတစ်ဦးကဲ့သို့ပင်။
ကူတိကျစ်၏ မျက်လုံးများက လျှို့ဝှက်စွာ တောက်ပနေခဲ့သည်။
'ကျွင်းရှောင်ယောက် သေသွားတာနဲ့ လင်ယွမ်ကို လက်ထပ်ဖို့ တကယ် စဉ်းစားနိုင်ပြီ'
ကူတိကျစ်က တစ်ယောက်တည်း စဉ်းစားလိုက်လေသည်။
သူက ဘယ်အရာမှာ အရေးကြီးမှန်းတော့ သိသည်။
ယခုအချိန်တွင် အရေးကြီးဆုံးက ကျွင်းရှောင်ယောက်နှင့် ဆက်ဆံရန်ပင်။
ကျွင်းရှောင်ယောက်ကို သူ့လက်နှင့် သတ်နိုင်သရွေ့ ကောင်းကင်သရဖူကို ရယူနိုင်မည် ဖြစ်သည်။
ထို့နောက် သူက ကောင်းကင်ဘုံ၏ တရားဝင်ပြောရေးဆိုခွင့်ရှိသူ ဖြစ်လိမ့်မည်။
ထို့အပြင် သူက နှိမ့်ချပြီး ဧကရာဇ်ငယ်ရာထူးကို လင်ယွမ်အား စွန့်လွှတ်ပေးခဲ့သည်။
အချိန်တန်လျှင် လင်ယွမ်၏နောက်ကွယ်ရှိ ဝါဟွမ်အင်မော်တယ်မျိုးရိုးက လင်ယွမ်နှင့်သူကြား လက်ထပ်ထိမ်းမြားရန် အမှန်တကယ် သဘောတူမည်ဟု ကူတိကျစ် ယုံကြည်ခဲ့သည်။
ထိုအချိန်တွင် သူနှင့် လင်ယွမ်တို့က အဓိပဓိအင်မော်တယ်ခုံရုံး တစ်ခုလုံးတွင် စကားပြောနိုင်သူများ ဖြစ်လိမ့်မည်။
ကူတိကျစ်က အမှန်တကယ် ဉာဏ်ထက်ပြီး အကြံအစည်ကောင်းသည်ဟု ဆိုရမည်။
ကျွင်းရှောင်ယောက်ကိုသတ်ပြီး အလှလေးကို ပွေ့ဖက်နိုင်မည်။
သို့သော် သူ့အတွက် တားမြစ်ချက်ဟု သတ်မှတ်ထားသည့် လင်ယွမ်က ပုံမှန်မဟုတ်တာကိုတော့ သူ သတိမပြုမိခဲ့ပါ။
လင်ယွမ်ဟာ ကျွင်းရှောင်ယောက်နှင့် အချိန်အတော်ကြာနေခဲ့ပြီး ပြန်လည်ဝင်စားခြင်းပင်လယ်ထဲမှာ အချစ်နှင့် ဝမ်းနည်းပူဆွေးမှု ရာပေါင်းများစွာကို တွေ့ကြုံခံစားခဲ့ရသည်။
သူမ၏ ပေါင်ပေါ်မှာပင် ကျွင်းရှောင်ယောက်၏ လက်ရာများရှိသေးသည်။
လင်ယွမ်၏လက်ကိုပင် မကိုင်ဖူးသော ကူတိကျစ်၊ အမှန်တရားကို သိရှိပြီးနောက် သူမည်သို့ခံစားရမည်ကို တွေးကြည့်ရန်ပင် ခက်ခဲသည်။
"နင် တခြားဧကရာဇ်တွေ လာမယ်ဆိုတာ သေချာလား"
လင်ယွမ်က လျစ်လျူရှုစွာ ပြောလိုက်သည်။
"သေချာပေါက် လာကြပါလိမ့်မယ်။ ရှန်းရွှီကမ္ဘာက အကောင်းဆုံးအခွင့်အရေးပဲလေ။ ဒါကို လက်လွတ်သွားရင် ကျွင်းရှောင်ယောက်ကိုသတ်ဖို့ တော်တော်ခက်လိမ့်မယ်"
ကူတိကျစ်က ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။
အဆုံးစွန်ရှေးဟောင်းလမ်းတွင် သတ်ဖြတ်ခြင်းက တားမြစ်ချက်မဟုတ်ပေ။
အင်မော်တယ်အင်အားစုကြီးများပင် ဝင်ရောက်စွက်ဖက်ရန် ခက်ခဲသည်။
သူတို့၏ပါရမီရှင်များ ကျဆုံးလျှင်ပင် အကူအညီမဲ့စွာဖြင့် ကြည့်နေရုံပင်။
ရွှေကျီးကန်း မင်းသားဆယ်ပါးမှာလည်း ကိုးဦး သေဆုံးသွားခဲ့သည်။ ဤအတွက် နေနတ်ဘုရားတော်သည် လွန်စွာ ဒေါသထွက်ရ၏။
သို့သော်လည်း ဘာဖြစ်ခဲ့သနည်း။
စည်းမျဉ်းက စည်းမျဉ်းသာ ဖြစ်သည်။ အဆုံးစွန် ရှေးဟောင်းလမ်း၏ စည်းကမ်းများကို မည်သူမျှ ချိုးဖျက်၍မရပေ။
ထို့ကြောင့် ကူတိကျစ်က နောက်ဆုံးစမ်းသပ်မှုဧရိယာတွင် ကျွင်းရှောင်ယောက်ကို ဝန်းရံသတ်ဖြတ်ရန် ကြံစည်ခြင်း ဖြစ်သည်။
ဤနောက်ဆုံးအခွင့်အရေးကို လက်လွတ်လိုက်ပါက...
နောက်ပိုင်းမှာ ကျွင်းရှောင်ယောက်ကိုသတ်ရန် အလွန်တရာ ခက်လိမ့်မည်။
သူ့နောက်ကွယ်မှ ကျွင်းမိသားစုက နှာစေးနေမည် မဟုတ်ပါ။
"နင့်ကိုကြည့်ရတာ အောင်ပွဲက နင့်လက်ထဲမှာ ရှိနေသလိုပဲ"
လင်ယွမ်၏ မျက်လုံးများက အနည်းငယ် ကျဉ်းမြောင်းသွားကာ အရောင်အနည်းငယ်လက်သွားသည်။
"ငါ အတိအကျတော့ မပြောနိုင်ပါဘူး၊ ဒါပေမဲ့ ငါသေချာတယ်။ ဧကရာဇ်ခုနစ်ပါးရဲ့ လျှို့ဝှက်ချက်တချို့ကို ငါကိုယ်တိုင် နားမလည်နိုင်သေးဘူး"
"ကျွင်းရှောင်ယောက်ကို ကိုင်တွယ်ဖို့ ကောင်းကင်က ငါတို့ကိုပေးခဲ့တဲ့လက်နက်ဟာ တာအိုသက်သေပြခြင်း ဧကရာဇ်တံဆိပ် ဖြစ်လိမ့်မယ်"
ကူတိကျစ်က နက်နဲသော မျက်လုံးများဖြင့် ပြောလိုက်သည်။
"အိုး"
လင်ယွမ်၏ မျက်လုံးများက ထူးဆန်းသောအလင်းရောင်တစ်ခု လင်းလက်လာ၏။
ကူတိကျစ်က အခြားအရာတစ်ခုကို နားလည်ခဲ့သလော။
"တကယ်ပါပဲ၊ ဖူရှီအင်မော်တယ်ခန္ဓာက ဉာဏ်အလင်းနဲ့ နားလည်မှုမှာ အကောင်းဆုံးလို့ နာမည်ကျော်တာ မဆန်းဘူး"
လင်ယွမ် ပြောလိုက်သည်။
ဖူရှီအင်မော်တယ်ခန္ဓာသည် မူလက အင်မော်တယ်ဖွဲ့စည်းပုံဟု ဆိုကြသည်။ ယင်းက လျှို့ဝှက်ဆန်းကြယ်ကာ မှန်းဆ၍မရပေ။
ဟုတ်သည်၊ ဝါဟွမ်မြင့်မြတ်ခန္ဓာကလည်း အလားတူပင်။
ကူတိကျစ်က သက်ပြင်းချပြီး ပြောလိုက်သည်။
"စိတ်မကောင်းစရာက... မင်းနဲ့ငါ လက်ထပ်ပြီး တစ်ယောက်ကိုတစ်ယောက် စွမ်းအင်တွေ ဖြည့်တင်းပေးနိုင်ရင် နောက်ဆုံးမွေးလာတဲ့ ခန္ဓာကိုယ်က ဖရိုဖရဲခန္ဓာထက် အားနည်းနေမှာ မဟုတ်ဘူး"
ကူတိကျစ်က သက်ပြင်းချလိုက်သည်။
နေမင်း မြင့်မြတ်ခန္ဓာနှင့် လမင်း မြင့်မြတ်ခန္ဓာ၏ ပေါင်းစပ်မှုက ဖရိုဖရဲခန္ဓာကို မွေးဖွားပေးနိုင်သည်။
ဖူရှီမြင့်မြတ်ခန္ဓာနှင့် ဝါဟွမ်မြင့်မြတ်ခန္ဓာ ပေါင်းစပ်လျှင်လည်း အစွမ်းထက်ဆုံး တာအိုခန္ဓာကို မွေးဖွားပေးနိုင်လေသည်။
"တော်လောက်ပါပြီ၊ ငါ အခု မပြောချင်ဘူး"
လင်ယွမ်၏ မျက်လုံးများက ရွံရှာခြင်း အရိပ်အမြွက်တို့ ထွက်ပေါ်လာသည်။
အကြောင်းတစ်ခုခုကြောင့်၊ ဘဝတစ်ရာ ပတ်သက်မှုများကို တွေ့ကြုံပြီးနောက် သူဟာ အခြားအမျိုးသားများကို ပို၍ရွံရှာလာခဲ့သည်။
ဟုတ်ပေသည်၊ ဤသည်မှာ သူမက ကျွင်းရှောင်ယောက်ကို နှစ်သက်သည်ဟု မဆိုလိုပါ။ သူမ၏ နှလုံးသားထဲမှ သူ့ကို မုန်းတီးနေခဲ့သည်။
ကူတိကျစ်ကတော့ ပြုံးရုံပြုံးပြီး ဘာမျှ မပြောတော့ပါ။
ဤအခိုက်တွင် ဟင်းလင်းပြင်က လှုပ်ရှားပြီး လှိုင်းဂယက်များကဲ့သို့ ပျံ့နှံ့သွားသည်။
အရပ်မြင့်မြင့်နှင့် ခမ်းနားထည်ဝါသော ရုပ်သွင်တစ်ခုက လေထုကိုဖြတ်သန်းပြီး ရောက်လာခဲ့၏။
သူမက တင်ပါးထိရှည်လျားသော ခရမ်းရောင်ဆံပင်များကို ရေလှိုင်းဖြာသကဲ့သို့ ကျောဘက်တွင် ဖြန့်ချထားသည်။
ကျောက်စိမ်းကဲ့သို့မျက်နှာနှင့် ခရမ်းရွှေရောင်ဖီးနစ်မျက်လုံးများ ရှိ၏။
ရှိုက်ဖိုကြီးငယ် အသွယ်သွယ်မှာလည်း ပြီးပြည့်စုံစွာ ဖွံ့ဖြိုးမှုရှိလေသည်။
ဤသည်မှာ လုံယောက်အာ ဖြစ်သည်။
"မင်းက... လုံယောက်အာလား"
လင်ယွမ်နှင့် ကူတိကျစ်တို့ နှစ်ယောက်စလုံး အံ့သြသွားကြသည်။
သူတို့ကို အံ့အားသင့်စေသည်မှာ လုံယောက်အာက ဧကရာဇ်တစ်ပါး ဖြစ်နေခြင်းကြောင့် မဟုတ်ပေ။
သို့သော်လည်း ယခုအချိန်တွင် သူမ၏ပုံရိပ်က ယခင်သတင်းများနှင့် ကွာခြားလွန်းလှသည်။
တုတ်ထိုးသရေစာများနှင့် လော်လီလေးက ချက်ခြင်းပင် အရပ်မြင့်ပြီး သွယ်လျသော မိန်းကလေးအဖြစ်သို့ ပြောင်းလဲသွားသည်။
"ငါ အရင်ကလူ မဟုတ်တော့ဘူး"
လင်ယွမ် ပြောလိုက်သည်။
စိတ်နေစိတ်ထားနှင့် ပတ်သက်လာလျှင် သူမက လင်းယွမ်ထက် နိမ့်ကျသည်မဟုတ်ပေ။
တစ်ဦးမှာ သက်ရှိသတ္တဝါအားလုံးကို အပေါ်စီးမှ ကြည့်နေပုံရသော လူသားဧကရီတစ်ပါးကဲ့သို့ ဖြစ်သည်။
ကျန်တစ်ဦးကတော့ အလွန်မွန်မြတ်ပြီး ထောင်ပေါင်းများစွာသော နဂါးများ၏ လေးစားမှုကိုခံရသော နဂါးဘုရင်မကဲ့သို့ပင်။
"ကောင်းတယ်၊ မင်း ပိုသန်မာလာလေ ငါတို့ရဲ့ ယုံကြည်မှုတွေ ပိုတိုးလာလေပေါ့"
ကူတိကျစ်က ပြုံးပြီး ပြောလိုက်သည်။
လုံယောက်အာကို ဧကရာဇ်ခုနစ်ပါးအနက်မှ တစ်ပါးဖြစ်သည့်အတွက် သူတို့ အံ့သြခြင်းမရှိပေ။
အသျှင်ခန္ဓာသည် သဘာဝအားဖြင့် မြင့်မြတ်ခန္ဓာ၏ ရန်သူ ဖြစ်သည်။
သို့သော်လည်း လုံယောက်အာ၏ ကြေကွဲဖွယ်ရှုံးနိမ့်မှုကြောင့် ကျွင်းရှောင်ယောက်အပေါ် သူတို့၏ခြိမ်းခြောက်မှုက အကန့်အသတ်ရှိနိုင်သည်ဟု ကူတိကျစ် ခံစားခဲ့ရသည်။
ယခုတော့ လုံယောက်အာက ပြောင်းလဲလာသောကြောင့် ကျွင်းရှောင်ယောက်နှင့် ဆက်ဆံရာတွင် သဘာဝအတိုင်း ပို၍ ယုံကြည်မှုရှိလာတော့သည်။
"ငါ ကျွင်းရှောင်ယောက်နဲ့ ထပ်ပြီး တိုက်ခိုက်ချင်တယ်။ ငါခံစားခဲ့ရတဲ့ အရှက်တရားကို ငါပဲ ဆေးကြောပစ်ချင်တယ်"
ထိုစကားကိုကြားတော့ လုံယောက်အာက မျက်မှောင်ကြုတ်လိုက်သည်။
ကျွင်းရှောင်ယောက်ကို မည်သူနှင့်မျှ ပူးပေါင်းမတိုက်ခိုက်ချင်ပေ။
"ဒီစိတ်ဓာတ်က တကယ်ကို လေးစားဖို့ ထိုက်တန်ပါတယ်၊ ဒါပေမဲ့... မင်း သေချာရဲ့လား။ ဒါမှမဟုတ် အချိန်တန်ရင် ပိုပြီး ရှက်စရာကောင်းမှာလား"
ကူတိကျစ်က ပြောလိုက်သည်။
"နင် ငါ့ကို အထင်သေးနေတာလား"
လုံယောက်အာထံမှ အရှိန်အဝါများ ပေါက်ကွဲထွက်လာခဲ့၏။
သူမ၏ အသွင်အပြင်က ရင့်ကျက်လာသော်လည်း စရိုက်ကတော့ များစွာ မပြောင်းလဲကြောင်း ထင်ရှားသည်။
ဤကြောက်မက်ဖွယ်ကောင်းသော နဂါးစွမ်းအားက လင်ယွမ်ကို အံ့သြသွားစေခဲ့သည်။ အနည်းငယ်သော ခြိမ်းခြောက်မှုကိုပင် ခံစားရစေခဲ့၏။
လုံယောက်အာကို လျှော့မတွက်သင့်ပေ။
"အဲဒီလိုတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ဖြစ်လာခဲ့ရင်ကော..."
လုံယောက်အာ၏ ဖိအားကို ရင်ဆိုင်ရသော်လည်း ကူတိကျစ်က လက်နှစ်ဖက်ကိုနောက်ပစ်ပြီး အပြုံးမပျက် ရပ်နေဆဲ ဖြစ်သည်။
လုံယောက်အာ၏ မျက်နှာက အေးစက်သွားသည်။ သို့သော်လည်း သူမ၏ဒေါသကို ဖိနှိပ်လိုက်လေသည်။
တွေးကြည့်ရလျှင် ယင်းက မမှားပေ။
ကျွင်းရှောင်ယောက်က သူမနှင့် တိုက်ခိုက်ရာမှာ အစွမ်းကုန် မကြိုးစားခဲ့ကြောင်း ထင်ရှားသည်။
တစ်ဖက်လူ၏ အစွမ်းအစကို လုံယောက်အာ မသိသေးပေ။
"ဒါပေမဲ့ ဒါက အရေးမကြီးပါဘူး၊ မင်း ဆန္ဒရှိရင် တစ်ယောက်ချင်း တိုက်ခိုက်နိုင်ပေမဲ့ ငါတို့ရဲ့ အစီအစဉ်နဲ့ ကွဲပြားနေမှာ မဟုတ်ဘူး"
ကူတိကျစ်က ပုံမှန်အတိုင်း ပြောလိုက်သည်။
လုံယောက်အာက ငြိမ်နေပြီး ဘာမျှမပြောပါ။
ထိုအချိန်တွင် အဝေးမှ ကြီးကျယ်ခမ်းနားသော နတ်အလင်းရောင်တစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။
စစ်မှန်သော အင်မော်တယ်တစ်ပါး ဖြတ်သွားသကဲ့သို့ ဟင်းလင်းပြင်က အက်ကွဲသွား၏။ ထိုအရှိန်အဝါက ကြောက်စရာကောင်းလောက်အောင် ပြင်းထန်လှသည်။
"ဟင်၊ အဲဒါက တကယ်ပဲလား"
ကူတိကျစ်၊ လင်ယွမ်နှင့် လုံယောက်အာတို့အားလုံး အံ့အားသင့်သွားကြသည်။
နတ်အလင်းများကြားမှ ရိုးရှင်းသောအဝတ်အစားနှင့် ချောမောသောအသွင်အပြင်ရှိသော လူငယ်တစ်ဦး အေးအေးဆေးဆေး ထွက်လာခဲ့သည်။
သူ့အသွင်မှာ ရိုးရှင်းပြီး တည်ငြိမ်သော်လည်း မှန်းဆ၍မရပေ။
သူ့ခန္ဓာက အင်မော်တယ်စွမ်းအင်များ စီးဆင်းနေပြီး အင်မော်တယ်စွမ်းအင်နှင့် ထုဆစ်ထားသည့် လူသားအင်မော်တယ်ရတနာကဲ့သို့ ဖြစ်သည်။
သူသည်ကား လူသားအင်မော်တယ်ဂိုဏ်း၏ ဆက်ခံသူ ကျိတောက်ရီပင် ဖြစ်တော့သည်။