အခန်း ၈၂၆
Vol. 56 Ch. 826
အခန်း ( ၈၂၆ ) ဧကရာဇ်ခုနစ်ပါး စုံပြီ၊ ကောင်းကင်မှ အပ်နှင်းထားသော အဆုံးစွန်သတ်ဖြတ်ခြင်း အစီအစဉ်၊
"ကျိတောက်ရီ၊ မင်းဖြစ်နေမယ်လို့ မမျှော်လင့်ထားဘူး"
ကူတိကျစ်၏ မျက်လုံးများက အနည်းငယ် အရောင်ပြောင်းသွားသည်။
ဤတစ်ခါတော့ သူ တကယ်ကို မမျှော်လင့်ခဲ့ပေ။
ကောင်းကင်ကိုးခု အင်မော်တယ်နယ်မြေကြီးတွင် ထာဝရတည်ရှိနေသော ဂိုဏ်းဂဏကြီးများစွာ ရှိသည်။
နတ်ဆိုးအင်မော်တယ်ဂိုဏ်း၊ လူသားအင်မော်တယ်ဂိုဏ်း၊ အနောက်တိုင်း နိဗ္ဗာန်ဘုံ၊ ကုရ်အာန်သူတော်စင်ဂိုဏ်း စသည်ဖြင့်...
နှစ်ပေါင်းများစွာ သမိုင်းကြောင်းရှိသော အင်အားစုကြီးအနေဖြင့် လူသားအင်မော်တယ်ဂိုဏ်းမှာ အလွန်ရှေးကျသော အမွေအနှစ်တို့ ရှိသည်။ သူတို့က အင်မော်တယ်တာအိုမှ ထွက်လာသည်ဟုပင် ပြောကြ၏။
လူသားအင်မော်တယ်ဂိုဏ်း၏ ခေတ်ပြိုင်ဆက်ခံသူအနေဖြင့် ကျိတောက်ရီ၏ အဆင့်အတန်းနှင့် ခွန်အားနှင့် နည်းလမ်းများအကြောင်း အထူးပြောရန် မလိုပေ။
သို့သော်လည်း ယင်းက အရေးကြီးဆုံး မဟုတ်ပါ။
ကျိတောက်ရီတွင် အင်မော်တယ်အင်အားစုများ၏ ဆက်ခံသူများကိုပင် သတိထားစေသော လျှို့ဝှက်ဆန်းကျယ်သည့် နောက်ခံတစ်ခုလည်း ရှိသည်။
သူဟာ ကောင်းကင်ကိုးပါးအထက် တားမြစ်မိသားစု၏ အကြီးဆုံးသား ဖြစ်သည်။
ကောင်းကင်ကိုးပါးအထက် တားမြစ်မိသားစုက အဘယ်နည်း။
ယင်းမှာ အသက်တားမြစ်နယ်မြေနှင့် ဆက်စပ်နေသော တည်ရှိမှု ဖြစ်သည်။ ယင်းက အလွန်ကြောက်စရာကောင်းပြီး အလွယ်တကူ ထိပါးနိုင်တာ မဟုတ်ပေ။
အင်မော်တယ်အင်အားစုများပင်လျှင် သတိထားပြီး ဆက်ဆံရမည် ဖြစ်သည်။
ကျန်းစန်းယီ နတ်သန္ဓေကို ရရှိသောအခါ၊ ကျိချင်းရီက ကျိတောက်ရီအတွက် လွှဲပြောင်းပေးရန် ဆွဲဆောင်ခဲ့သည်။
ကျိတောက်ရီ၏ နောက်ခံအကြောင်းကိုလည်း ပြောပြခဲ့ပေသည်။
နောက်ပိုင်း ကျန်းစန်းယီက ငြင်းဆိုခဲ့သောအခါ၊ ကျိချင်းရီက သူမကို ကျိတောက်ရီနှင့် မိတ်ဆွေဖွဲ့နိုင်ရန် အခွင့်လမ်းကောင်းကို ဆုံးရှုံးသွားပြီဟု ပြောခဲ့သည်။
ဤအခွင့်အလမ်းကောင်းဆိုသည်က တားမြစ်မိသားစု၏ အကြီးဆုံးသားဟူသော ကျိတောက်ရီ၏ အထောက်အထားကို ရည်ရွယ်သည်။
ကောင်းကင်ကိုးပါးအထက် တားမြစ်မိသားစုက ကြီးမားသော နောက်ခံ ရှိသည်။ သူတို့က အသက်တားမြစ်မြေနှင့် ဆက်စပ်နေပြီး အနာဂတ်တွင် အရေးကြီးသော သမိုင်းဝင်ဖြစ်ရပ်များတွင်ပင် ပါဝင်လာလိမ့်မည်။
ယင်းက ကောင်းကင်ကိုးခု အင်မော်တယ်နယ်မြေကြီးတစ်ခုလုံးအပေါ် ကြီးမားသော အကျိုးသက်ရောက်မှုရှိပြီး သူတို့၏လက်တစ်ချောင်းဖြင့် အင်မော်တယ်အင်အားစုများကို ပြာကျသွားစေနိုင်လောက်သည်။
ယင်းကပင် အင်မော်တယ်အင်အားစုများနှင့် ရှေးဟောင်း မင်းမျိုးနွယ်မိသားစုများက တားမြစ်မိသားစုကို ကြောက်နေရသော အကြောင်းရင်း ဖြစ်ချေသည်။
ကျွင်းမိသားစုကတော့ ရှေးဟောင်းမင်းမျိုးနွယ်မိသားစုဟု ဆိုသည့်တိုင်...
အင်မော်တယ်ခုံရုံးကိုပင် ခြိမ်းခြောက်နိုင်သော တည်ရှိမှု ဖြစ်သည်။ သူတို့က အခြား ရှေးဟောင်းမင်းမျိုးနွယ်မိသားစုများ နှိုင်းယှဉ်နိုင်သောအရာ မဟုတ်ပေ။
ကျွင်းမိသားစုက မည်သည့် ခြိမ်းခြောက်မှုကိုမှ မကြောက်ပါ။
ကျိတောက်ရီတွင် လူသားအင်မော်တယ်ခန္ဓာရှိသောကြောင့် လူသားအင်မော်တယ်ဂိုဏ်းက ဆက်ခံသူအဖြစ် ရွေးချယ်ခဲ့ကြသည်။
တားမြစ်မိသားစု၏ အကြီးဆုံးသားဟူသော အထောက်အထားကိုတော့ သိသူများစွာမရှိပေ။
သို့သော်လည်း အဓိပဓိ အင်မော်တယ်ခုံရုံး၏ ထောက်လှမ်းရေးကွန်ရက်အရ ဤအကြောင်းကို သိနေသည်မှာ ပုံမှန် ဖြစ်သည်။
ဤအချက်ကြောင့်ပင် ကျိတောက်ရီက ပို၍ လျှို့ဝှက်ဆန်းကြယ်ပြီး အစွမ်းထက်ပုံရကာ မပစ်မှားသင့်သော တည်ရှိမှုများထဲမှ တစ်ခု ဖြစ်ခဲ့သည်။
"ဧကရာဇ်ခုနစ်ပါးမှာ အဓိပဓိ အင်မော်တယ်ခုံရုံးက နှစ်ဦးပါဝင်မယ်လို့ မမျှော်လင့်ထားဘူး။ ထိုက်ရွှီရှေးနဂါးမျိုးနွယ်ကလည်း တစ်ဦးရှိတယ်"
ကျိတောက်ရီက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
"အင်း၊ အဆုံးစွန်ရှေးဟောင်းလမ်းမှာလည်း ညီနောင်ကျိအကြောင်း ကောလဟာလတွေ ကြားဖူးပါရဲ့"
"ညီနောင်ကျိက ကမ္ဘာကြီးကို တုန်လှုပ်စေလောက်အောင် အင်မော်တယ်စွမ်းအင် ဆယ်ခုကို လေ့ကျင့်ထားတယ်လို့ ကြားတယ််"
ကူတိကျစ်က ပြုံးပြီး ပြောလိုက်၏။
ထိုစကားကိုကြားတော့ ကျိတောက်ရီ၏ မျက်လုံးများက အရောင်လက်သွားသည်။
ကူတိကျစ်၏ လေသံအရ ချီးမွမ်းပုံရသော်လည်း ဂရုစိုက်ပုံမပေါ်ပေ။
'ဖြစ်နိုင်မလား...'
ကျိတောက်ရီ၏ စိတ်ထဲတွင် တစ်ခုခုကို တွေးလိုက်မိသည်။
လင်ယွမ်နဲ့ ကူတိကျစ်တို့ နှစ်ယောက်လုံးဟာ သူတို့ရဲ့ ကန့်သတ်ချက်တွေကို ဖြတ်ကျော်ပြီး အင်မော်တယ်စွမ်းအင် ဆယ်ခုကို လေ့ကျင့်နိုင်ခဲ့လို့များလား။
ထိုသို့တွေးမိတော့ ကျိတောက်ရီ၏ မျက်လုံးထဲမှာ အရိပ်တစ်ခု ပေါ်လာခဲ့သည်။
သို့ပေမည့် သူကလည်း ဂရုမစိုက်ပေ။
လူသားအင်မော်တယ်ခန္ဓာ၏ လျှို့ဝှက်ဆန်းကြယ်မှုက အင်မော်တယ်စွမ်းအင်မျှသာ မဟုတ်ပါ။
ထို့ပြင်၊ သူ့မှာ တားမြစ်မိသားစု၏ အကြီးဆုံးသားဖြစ်သော အခြားအထောက်အထားလည်း ရှိသည်။
သူဟာ ထိပ်သီး တားမြစ်ရှေးဟောင်းနည်းလမ်းကိုလည်း လေ့ကျင့်ထား၍ မည်သူ့ထက်မျှ အားနည်းသူမဟုတ်ဟု ယုံကြည်သည်။
"ကျွင်းရှောင်ယောက်က ငါတို့တွေ ပူးပေါင်းရလောက်အောင် အစွမ်းထက်လို့လား"
ကျိတောက်ရီက လျစ်လျူရှုစွာ ပြောလိုက်သည်။
ကျွင်းရှောင်ယောက်၏ ဒဏ္ဍာရီကို ကြားဖူးသော်လည်း သူ့မျက်စိနှင့် မမြင်ဖူးပေ။
သူတို့အားလုံးက ကမ္ဘာ့ထိပ်သီး ပါရမီရှင်များ ဖြစ်သည်။ ရင်မဆိုင်ရသေးဘဲ မည်သူက အညံ့ခံမည်နည်း။
"ဘာပဲဖြစ်ဖြစ် လျှော့တွက်လို့တော့ မရဘူး။ မိုးမရွာခင် ကြိုတင်ပြင်ဆင်ထားဖို့ လိုတယ်"
ကူတိကျစ်က ပြောလိုက်သည်။
လင်ယွမ်က ကျိတောက်ရီကို သံသယ အရိပ်အမြွက်ဖြင့် ကြည့်လိုက်၏။
ကျိတောက်ရီက တစ်ခုခုလွဲမှားနေသလို သူ ခံစားရသည်။
ကူတိကျစ်လည်း အနည်းငယ်သတိပြုမိ၏။ သို့သော်လည်း ဘာမျှ မပြောတော့ပေ။
အတိုချုပ်ပြောရလျှင် လူတိုင်းမှာ သူ့အစီအစဉ်နှင့်သူ ရှိကြသည်။
ကျိတောက်ရီ ရောက်လာခြင်းနှင့်အတူ ဧကရာဇ်ခုနစ်ပါးက လေးပါးရောက်ခဲ့ပြီ ဖြစ်သည်။
"ဝှစ်"
ထိုအချိန်တွင် လေထဲမှ သွယ်လျသော ရုပ်သွင်တစ်ခု ပေါ်လာသည်။
ထိုသူက ရှုံ့မဲ့နေသော မျက်နှာဖုံးဝတ်ထားပြီး ခြေလက်များကိုလည်း ပတ်တီးများဖြင့် စည်းထား၏။
ရွယ်ယွဲ့ရောက်လာပြီ ဖြစ်သည်။
"မင်းက... ကျူးရှန်းဓားပြပဲ"
ရွယ်ယွဲ့ ရောက်ရှိလာခြင်းက လူလေးယောက်၏ မျက်လုံးများကို ပြောင်းလဲသွားခဲ့သည်။
ရွယ်ယွဲ့က နာမည်ဆိုးဖြင့် ကျော်ကြားသလို...
ပါရမီရှင်များစွာ၏ နှလုံးသားထဲမှ အိပ်မက်ဆိုးတစ်ခု ဖြစ်ခဲ့၏။
အထူးသဖြင့်၊ အထူးသွေးမျိုးဆက်ရှိသော တာအိုခန္ဓာရှိသည့် ပါရမီရှင်များ ဖြစ်သည်။ ရွယ်ယွဲ့၏ ပစ်မှတ်ထားခံရမည်ကို သူတို့ သေမတတ်ကြောက်ရွံ့ကြပေသည်။
"နင်က အခြားသူတွေရဲ့ သွေးမျိုးဆက်နဲ့ ခန္ဓာကိုယ်တွေကို လုယက်နေတဲ့ ဓားပြလား"
လုံယောက်အာ၏ ဖီးနစ်မျက်လုံးများက အေးစက်စက် အရိပ်အမြွက်တို့ဖြင့် တောက်ပလာခဲ့သည်။
ဤလူများကို သူ အမုန်းဆုံးပင်။
နောက်ဆုံးတွင်၊ သူမမှာလည်း ထူးခြားသော တာအိုခန္ဓာနှင့် သွေးမျိုးဆက် ရှိသည်။
ကျိတောက်ရီလည်း ရွယ်ယွဲ့ကိုကြည့်ရင်း ထူးခြားသော အလင်းတစ်ခု ပေါ်လာခဲ့လေသည်။
"ရှုပ်ထွေးနေတဲ့ သွေးသားအငွေ့အသက်တွေ၊ မင်းက တကယ်ပဲ သွေးမျိုးဆက်ပေါင်းစုံ ပေါင်းစပ်မှုလမ်းကို လျှောက်လှမ်းခဲ့တာပဲ"
ကျိတောက်ရီ အံ့သြသွားသည်။
သွေးမျိုးဆက်ထောင်ချီ ပေါင်းစပ်ခြင်းလမ်းစဉ်က အမှန်တကယ် ဖြစ်နိုင်ပါသလော။
"နင် ငါတိုရဲ့ သွေးမျိုးဆက် တာအိုခန္ဓာတွေကိုတော့ ဂရုမစိုက်ဘူး မဟုတ်လား"
လုံယောက်အာက ရန်လိုသော လေသံဖြင့် ပြောလိုက်သည်။
နောက်ဆုံးတွင်၊ ရောက်လာသူတိုင်းက အထူးသွေးနှင့် တာအိုခန္ဓာများ ရှိသည်။
ရွယ်ယွဲ့က ငြိမ်သက်နေပြီး ဘာမျှမပြောပေ။
"ဟင်း၊ ဒီလိုတော့ မဖြစ်သင့်ပါဘူး။ ငါတို့အားလုံးက ဆန့်ကျင်ခြင်း ဧကရာဇ် ခုနစ်ပါးဖြစ်လို့ ငါတို့မှာ ယာယီအားဖြင့် တူညီတဲ့ပန်းတိုင် ရှိတယ်။ အခု ငါတို့မှာ ဘုံရန်သူရှိလို့ အတွင်းရန်ပွဲတွေ မဖြစ်ရဘူး"
ကူတိကျစ်က ပြောလိုက်သည်။
"မင်းက ဆန့်ကျင်ခြင်း ဧကရာဇ်ခုနစ်ပါးရဲ့ ခေါင်းဆောင်ဖြစ်လိမ့်မယ်ထင်တယ်"
ကျိတောက်ရီက ဝင်ထောက်လိုက်၏။
"အဲဒါမဟုတ်ပါဘူး ညီနောင်ကျိ၊ ဒီလိုမထင်ပါနဲ့"
ကူတိကျစ်က ပြုံးပြီး ခေါင်းခါယမ်းလိုက်သည်။
ဤလူငါးဦးတွင် ကိုယ်ပိုင် အတွေးအမြင်များ ရှိသည်။ အရှိန်အဟုန်များက တဖြည်းဖြည်း မြင့်တက်လာခဲ့ပြီ။
ထိုအချိန်တွင် အနက်ရောင်၀တ်ရုံ ဝတ်ထားသော အမျိုးသားတစ်ဦးက တိတ်တဆိတ် ပေါ်လာသည်။
ယင်းကိုမြင်တော့ ကူတိကျစ်နှင့် အခြားသူအားလုံး မျက်မှောင်ကြုတ်သွားကြ၏။
"ဓမ္မခန္ဓာလား၊ ဒီက ညီနောင်... ဒါက နဲနဲတော့ ရိုးရှင်းတယ် မဟုတ်လား"
ကူတိကျစ် ပြောလိုက်သည်။
သူတို့အားလုံးက မူလခန္ဓာဖြင့် လာရောက်ခဲ့သော်လည်း အနက်ရောင် ၀တ်စုံဝတ်ထားသော ဤပုဂ္ဂိုလိမှာ ဓမ္မခန္ဓာဖြင့် ရောက်လာသည်။
"ဒါက လျှို့ဝှက်တွေ့ဆုံမှုတစ်ခုပါပဲ။ ကိစ္စမရှိဘူး"
အနက်ရောင်ဝတ်လူက ပြောလိုက်သည်။ သူ့အသံက အက်ရှရှဖြစ်ပြီး အသံဖျက်ထားမှန်း သိသာပေသည်။
ဒီလူက ဘယ်သူလဲ။
ကူတိကျစ်၊ လင်ယွမ်၊ ကျိတောက်ရီနှင့် အခြားသူများ၏ မျက်လုံးအကြည့်များက ပြောင်းလဲသွားကြသည်။
သို့သော်၊ ဤလူ၏ အရှိန်အဝါက အခိုးအငွေ့ကဲ့သို့ ဖြစ်နေပြီး ခန့်မှန်းရခက်စေသည်။
ထိုအချိန်တွင် အနက်ရောင်ဝတ် လူတစ်ယောက် ထပ်ရောက်လာပြန်သည်။
ကူတိကျစ် မျက်မှောင်ကြုတ်လိုက်၏။
သူက ဒုတိယ အနက်ရောင်ဝတ်လူ၏ အရှိန်အဝါကို စူးစမ်းကြည့်လိုက်သည်။
ထိုလူက သူ့အရှိန်အဝါကို နက်နက်နဲနဲ လျှို့ဝှက်ဆန်းကြယ်ထားသော်လည်း၊ ပုံမှန်မဟုတ်သော အရာတစ်ခုကို သတိပြုမိခဲ့ပေသည်။
ဤအရှိန်အဝါက အနည်းငယ်ကွဲပြားသော်လည်း ထိုမိသားစုနှင့် တူညီပေသည်။
'ဖြစ်နိုင်မလား...'
ကူတိကျစ်ဟာ တစ်ခုခုကို တွေးလိုက်မိသည်။
'စိတ်ဝင်စားဖို့ကောင်းတယ်၊ တကယ်ကို စိတ်ဝင်စားစရာပဲ။ တကယ်ကို အင်မော်တယ်နယ်မြေကြီးရဲ့ အလိုတော် ဖြစ်ထိုက်ပါပေတယ်။ ဒီလှုပ်ရှားမှုက အံ့သြစရာပဲ'
'ကျွင်းရှောင်ယောက်၊ မင်းက ကောင်းကင်ကို တွန်းလှန်နိုင်မယ်လို့ ထင်ထားပေမဲ့ တကယ်တော့ ကောင်းကင်က မင်းကို အိပ်ကပ်ထဲက ကစားစရာအဖြစ် သဘောထားပြီး လှည့်စားနေတာပဲ'
ကူတိကျစ်ဟာ သူ့စိတ်ထဲမှ ကြိတ်ပြီး လှောင်ရယ်လိုက်သည်။
အကယ်၍၊ ဤအနက်ရောင်ဝတ်လူ၏ မူလဇာစ်မြစ်သာ သူခန့်မှန်းထားသည့်အတိုင်း ဖြစ်လာပါက...
ရှန်းရွှီကမ္ဘာတွင်၊ အံ့သြဖွယ် ပြပွဲတစ်ခု ဖြစ်လာမည်ကို ကြောက်ရသည်။
ထိုအချိန်တွင် ကျွင်းရှောင်ယောက်၏ အမူအရာက အလွန်စိတ်ဝင်စားဖွယ် ကောင်းနေပေလိမ့်မည်။
"ဘာလဲ ကူတိကျစ်၊ ငါဘယ်သူလဲဆိုတာ မင်းသိလား"
နောက်ဆုံးရောက်ရှိလာသော ဝတ်ရုံနက်အမျိုးသားက အေးဆေးတည်ငြိမ်စွာပြောလိုက်သည်။ သူ့လေသံမှာလည်း ဖျက်ထား၏။ ယင်းမှာ ယောက်ျားအသံလား၊ မိန်းမအသံလား မသိနိုင်တော့ပေ။
"ဟားဟားဟား၊ ငါမသိပါဘူး"
ကူတိကျစ် ရယ်မောလိုက်သည်။
ထို့နောက် သူက ဆက်ပြောလိုက်သည်။
"မင်းတို့အားလုံး ရောက်လာပြီဆိုတော့၊ တာအိုသက်သေပြခြင်း ဧကရာဇ်တံဆိပ်ကနေ ငါ သိခဲ့ရတဲ့ လျှို့ဝှက်ချက်တချို့ကို ပြောပြမယ်”
"ကောင်းကင်ဘုံက ပေးခဲ့တဲ့ ဧကရာဇ်တံဆိပ်ဟာ တာအိုသက်သေပြဖို့သက်သက် မဟုတ်ဘူး"
ထိုသို့ပြောဆိုပြီးနောက် ကူတိကျစ်က သူ၏ တာအိုသက်သေပြခြင်း ဧကရာဇ်တံဆိပ်ကို အသက်သွင်းလိုက်သည်။ ကြီးစိုးသော ကောင်းကင်တာအို အငွေ့အသက်တစ်ခု ထွက်ပေါ်လာ၏။
တစ်ချိန်တည်းမှာပင် အခြား ဧကရာဇ်ခြောက်ပါးမှလည်း ထိုကဲ့သို့ ကြီးမားသော အငွေ့အသက်များ ထွက်ပေါ်လာတော့သည်။
တာအိုသက်သေပြခြင်း ဧကရာဇ်တံဆိပ်များကို ခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်ထားသည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ အတူတူ ဖြစ်သည်။
အရှိန်အဝါခုနစ်ခု ပေါက်ကွဲလာသည်နှင့်အမျှ ရှုပ်ထွေးသော ကောင်းကင်အမှတ်အသားများ လေထဲတွင် ပေါ်လာခဲ့၏။
"ဒါက... ဝင်္ကပါအမှတ်အသားလား"
ကျိတောက်ရီ အံ့အားသင့်စွာ ပြောလိုက်သည်။
သူသည် ယခင်က တိတ်တဆိတ်လေ့ကျင့်နေသောကြောင့် တာအိုဉာဏ်အလင်း ဧကရာဇ်တံဆိပ်ကို သေသေချာချာ နားမလည်ခဲ့ပေ။
"ဝုန်း"
မြေပြင် တုန်ဟီးစေသော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ ဧကရာဇ်ခုနစ်ပါး၏ စွမ်းအားက ကောင်းကင်တာအို ဝင်္ကပါကြီးအဖြစ်သို့ ပြောင်းလဲသွား၏။
ဤဝင်္ကပါတွသ် ကြောက်စရာကောင်းသည့် သတ်ဖြတ်ခြင်း အင်မော်တယ်ဓား အသွင်အပြင် ထွက်ပေါ်လာတော့သည်။
ထို့အပြင်၊ အင်မော်တယ်နှင့် ဗုဒ္ဓများ၏ ငိုကြွေးခြင်း၊ သွေးစွန်းနေသော မြင်ကွင်းအမျိုးမျိုး ရှိခဲ့သည်။
အင်မော်တယ်ဓား၏ အသွင်အပြင်က ကမ္ဘာအားလုံးကို ဖျက်ဆီးနိုင်သည့် အားကောင်းသော စွမ်းအားတစ်ခု သယ်ဆောင်လာပုံရသည်။ နတ်ဆိုး နတ်ဘုရားများပင် ကြောက်ရလိမ့်မည်။
သူတို့၏ ခြေဖဝါးအောက်ရှိ ရှေးဟောင်းကြယ်က ပြိုကျပျက်စီးတော့မည်ကဲ့သို့ အက်ကွဲကြောင်းများနှင့်အတူ တုန်ခါလာခဲ့သည်။
ကြောက်စရာကောင်းလွန်းလှပေသည်။ အရှိန်အဝါသက်သက်ဖြင့် ရှေးဟောင်းကြယ်တစ်လုံး ကွဲအက်သွားတော့မည်။
ယင်းက မည်မျှကြောက်စရာကောင်းလိုက်ပါသနည်း။
"အဲဒါ... အင်မော်တယ်လက်နက်၊ အင်မော်တယ်သတ်ဓားလား"
ကျိတောက်ရီ အသက်ပြင်းပြင်းရှူလိုက်သည်။
သူသည်ပင် ငြိမ်သက်မနေနိုင်တော့ပေ။
ထိုအခိုက်တွင်၊ သူတို့၏ စိတ်ထဲမှာ ထိတ်လန့်တုန်လှုပ်ဖွယ် အသံတစ်ခုက ကြီးစိုးသော အငွေ့အသက်တို့ဖြင့် ထွက်ပေါ်လာခဲ့သည်။
"ဧကရာဇ်ခုနစ်ပါးတို့ စည်းဝေးတဲ့အခါ အင်မော်တယ်ကိုသတ်နိုင်မယ်"
"ဧကရာဇ်ခုနစ်ပါး ကွပ်မျက်ခြင်း အင်မော်တယ် အစီရင်"