အခန်း ၈၂၇
Vol. 56 Ch. 827
အခန်း ( ၈၂၇ ) ရွယ်ယွဲ့၏ အထောက်အထား၊ ကူတိကျစ်၏ စတုတ္ထမြောက် သတ်ဖြတ်ခြင်း နည်းလမ်း၊ အဆုံးမှာ အောင်နိုင်သူက ကိုယ်တိုင်ပဲ။
အင်မော်တယ်ရတနာများသည် အလွန်အစွမ်းထက်မြက်ပြီး ထာဝရဖိနှိပ်ထားနိုင်သည်။
ယင်းမှာ ဧကရာဇ်လက်နက်ထက် ပိုရှားပါးပြီး အစွမ်းထက်သည့် အင်မော်တယ်ရတနာ ဖြစ်၏။
ကောင်းကင်ကိုးခု အင်မော်တယ်နယ်မြေကြီး တစ်ခုလုံးကို ရှာကြည့်လျှင်ပင် တွေ့ရန်မလွယ်ပေ။
သမိုင်းတွင် ပေါ်ထွန်းခဲ့သော အင်မော်တယ်ရတနာတိုင်းကလည်း အလွန်ကျော်ကြားပြီး လူတိုင်းသိကြသည်။
ဥပမာအားဖြင့်၊ အဓိပဓိ အင်မော်တယ်ခုံရုံး၏ အင်မော်တယ်ရတနာ ကောင်းကင်ဧကရာဇ်၏ပလ္လင်တော်က အချိန်နှင့်ဟင်းလင်းပြင်အား ဖိနှိပ်နိုင်သောအာဏာ ရှိသည်။
အင်မော်တယ်သတ်ဓားကလည်း ခေတ်အဆက်ဆက် ကျော်ကြားခဲ့သော အင်မော်တယ်ရတနာတစ်ခု ဖြစ်ချေသည်။
ယင်း အင်မော်တယ်ရတနာများကြား၌ သတ်ဖြတ်ခြင်းရတနာ ဖြစ်သည်။
နာမည်အတိုင်း အင်မော်တယ်များကိုပင် သတ်နိုင်စွမ်း ရှိ၏။
ဟုတ်သည်၊ ကူတိကျစ်နှင့် အခြားသူများ ဆင့်ခေါ်လိုက်သောအရာက သဘာဝအတိုင်း အင်မော်တယ်ရတနာအစစ် မဟုတ်ပါ။
အင်မော်တယ်သတ်ဓား အစစ်အမှန်က ပျောက်ဆုံးသွားသည်မှာ ကြာခဲ့ပြီ ဖြစ်သည်။ ယင်းကို မည်သည့်အခါမှ ရှာဖွေတွေ့ရှိခြင်း မရှိခဲ့ပေ။
ဤသည်မှာ ဆန့်ကျင်ခြင်း ဧကရာဇ်ခုနစ်ပါးအား ကောင်းကင်ဘုံမှ ပေးထားသည့် သတ်ဖြတ်ခြင်း ဝင်္ကပါတစ်ခုသာ ဖြစ်သည်။
သို့သော်လည်း ယင်းတွင် အင်မော်တယ်သတ်ဓား၏ အရိပ်အယောင်တစ်ခု ရှိပေသည်။
"ကြောက်စရာကောင်းလိုက်တဲ့ အငွေ့အသက်ပဲ..."
ကူတိကျစ်နှင့် အခြားသူများအားလုံး အလွန်အန္တရာယ်များသော အငွေ့အသက်ကို ခံစားလိုက်ရသည်။
ဆန့်ကျင်ခြင်း ဧကရာဇ်ခုနစ်ပါးမှာ ထိပ်တန်းပါရမီရှင်အဖွဲ့ဟု ဆိုနိုင်သည်။ မဟုတ်ပါက သူတို့ကို ရွေးချယ်ခံရမည်မဟုတ်ပေ။
သို့သော်လည်း ဤအခိုက်တွင် ဧကရာဇ်ခုနစ်ပါး ကွပ်မျက်ခြင်း အင်မော်တယ်အစီရင်ကို ရင်ဆိုင်ရသောအခါ သေခြင်း၏ အငွေ့အသက်ကို လူတိုင်း ခံစားလိုက်ရသည်။
"ဒါကမှ ကျွင်းရှောင်ယောက်ကိုသတ်ဖို့ ကောင်းကင်က ပေးအပ်ခဲ့တဲ့ ဝှက်ဖဲဖြစ်လိမ့်မယ်"
ကူတိကျစ်က ပြုံးပြီး သက်ပြင်းချလိုက်သည်။
မူလကတည်းက သူတို့ ခုနစ်ယောက် ပူးပေါင်းသောအခါ ကျွင်းရှောင်ယောက်၏အသက်ကို ခြိမ်းခြောက်ရန် လုံလောက်သည်။
ယခုကဲ့သို့ အင်မော်တယ်သတ်ဓားချီ အငွေ့အသက်များရှိသော ဧကရာဇ်ခုနစ်ပါး ကွပ်မျက်ခြင်း အင်မော်တယ်အစီရင်ကို ထပ်ပေါင်းလိုက်ပါက...
ကျွင်းရှောင်ယောက် ရှင်သန်ရန် နည်းလမ်းရှိပါ့ဦးမလား။
"ဒီထဲမှာ ဒီလို လျှို့ဝှက်ဆန်းကြယ်မှုတွေ ရှိလိမ့်မယ်လို့ ငါ မမျှော်လင့်ထားဘူး"
ကျိတောက်ရီလည်း သက်ပြင်းချလိုက်မိသည်။
သူ့မှာသာ ဤနည်းလမ်းမျိုး ပိုင်ဆိုင်ထားပါက အဆုံးစွန် စမ်းသပ်မှုကို သေချာပေါက် အောင်နိုင်လိမ့်မည်။
"ဝုန်း"
တုန်လှုပ်ချောက်ချားစရာ ကျယ်လောင်သော ပေါက်ကွဲသံတစ်ခုဖြင့်...
သူတို့၏ခြေအောက်ရှိ ရှေးဟောင်းကြယ်က အင်မော်တယ်သတ်ဓား စွမ်းအင်များကြောင့် ကြီးမားသော အပိုင်းအစများစွာအဖြစ်သို့ တိုက်ရိုက် ပေါက်ကွဲသွားခဲ့သည်။
"အားလုံး ဖယ်ရှားလိုက်ကြတော့"
ကူတိကျစ်က ပြောဆိုရင်း တာအိုသက်သေပြခြင်း ဧကဂာဇ်တံဆိပ် စွမ်းအားကို ဦးစွာ ရုတ်သိမ်းလိုက်၏။
ကျန်လူများလည်း ဧကရာဇ်တံဆိပ်၏ စွမ်းအားကို ရုတ်သိမ်းလိုက်ကြသည်။
"ကြောက်စရာကောင်းလိုက်တဲ့ စွမ်းအားပဲ”
လုံယောက်အာလည်း အသက်ပြင်းပြင်းရှူလိုက်မိသည်။
ဤစွမ်းအားမျိုးက မျိုးဆက်သစ်လူငယ်တိုင်း ရင်ဆိုင်နိုင်တာ မဟုတ်တော့ပေ။
"အခုတော့ ငါတို့ စိတ်သက်သာရာရသွားပါပြီ။ ကျွင်းရှောင်ယောက်ကို ဘယ်သူ သတ်နိုင်မယ်ဆိုတာကတော့ ကံတရားပေါ်မှာပဲ မူတည်တော့တယ်"
ကူတိကျစ်က ပြောလိုက်သည်။
"ဧကရာဇ်ဖြစ်လာဖို့ ရည်မှန်းထားတဲ့ ကောင်းကင်သရဖူ၊ ဒီဆုလာဘ်က ဆွဲဆောင်နိုင်လွန်းတယ်"
ကျိတောက်ရီက ပြောလိုက်၏။
ရွယ်ယွဲ့ကတော့ အစမှအဆုံးအထိ စကားတစ်ခွန်းမှ မပြောပေ။
ရှုံ့မဲ့နေသော မျက်နှာဖုံးကို ဝတ်ထားသောကြောင့်လည်း သူမ၏အမူအရာကို မည်သူမျှ မသိခဲ့ကြပါ။ အမှန်မှာ၊ ထိုမျက်နှာဖုံးအောက်မှ မျက်နှာအမူအရာက ရုန်းကန်မှုတို့ ဖြစ်နေခြင်း ဖြစ်သည်။
အထူးသဖြင့် ဧကရာဇ်ခုနစ်ပါး ကွပ်မျက်ခြင်း အင်မော်တယ်အစီရင်၏ ကြောက်မက်ဖွယ်စွမ်းအားကို ခံစားပြီးနောက်...
သွေးစွန်းနေသော အဖြူရောင်ဝတ်အစားများနှင့် သေဆုံးသွားသည့် ကျွင်းရှောင်ယောက်၏ရုပ်သွင်ကို မြင်ယောင်ပြီးချိန်တွင် ဖြစ်သည်။
ယင်းက သူမ၏ အေးစက်စက် ရေခဲနှလုံးသားကို ရုတ်တရက် တုန်လှုပ်သွားစေခဲ့သည်။
လင်ယွမ်သည်လည်း သူမနှင့် တူညီသော ခံစားချက်မျိုး ရှိခဲ့ပေသည်။
ယင်းက လင်ယွမ်ကို အနည်းငယ် မျက်မှောင်ကြုတ်သွားစေခဲ့သည်။
'ကျွင်းရှောင်ယောက် လုံးဝ သေဆုံးသွားသရွေ့၊ ထာဝရကံကြမ္မာနဲ့ ယွမ်ရဲ့ လွှမ်းမိုးမှုကို ဖယ်ရှားပစ်နိုင်လိမ့်မယ်'
လင်ယွမ်သည် ဤသည်က သူမ၏ ဆန္ဒမဟုတ်ဘဲ ထာဝရချစ်ခြင်းမေတ္တာနှင့် နတ်သမီးယွမ်၏ စိတ်ခံစားချက် သက်ရောက်မှုကြောင့်ဟု ယုံကြည်ထားခဲ့သည်။
"အခု ပြီးပြီဆိုတော့ ငါ ထွက်သွားဖို့ အချိန်တန်ပြီ"
ကျိတောက်ရီက ပြောလိုက်သည်။
"အားလုံးပဲ နောက်ဆုံးစမ်းသပ်မှုနေရာမှာ တွေ့မယ်"
ကူတိကျစ်က အနည်းငယ် လက်ယှက်လိုက်သည်။
အနက်ရောင်ဝတ်ရုံဝတ် လူနှစ်ယောက်လည်း တိုက်ရိုက်ထွက်ခွာသွားကြ၏။
အစမှအဆုံးအထိ သူတို့၏ အထောက်အထားများကို ထုတ်ဖော်ပြသခြင်း မရှိခဲ့ပေ။
ကျိတောက်ရီလည်း ခြေတစ်ချက်လှမ်းပြီး တိုက်ရိုက်ထွက်သွားသည်။
'ဒီဝှက်ဖဲရှိပေမဲ့ ငါ လုံယောက်အာရဲ့ အရှက်ကို ဆေးကြောဖို့ ကျွင်းရှောင်ယောက်နဲ့ တိုက်ခိုက်ရဦးမယ်"
ပြောဆိုပြီးနောက် လုံယောက်အာက သူမ၏ ကျောက်စိမ်းလက်ကို ဝှေ့ယမ်းပြီး ဟင်းလင်းပြင်ကိုဆုပ်ဖြဲကာ ထွက်သွားတော့သည်။
မျက်စိတစ်မှိတ်အတွင်းမှာ လူလေးယောက် ထွက်သွားသည်။
ရွယ်ယွဲ့လည်း ဘာမှမပြောဘဲ လှည့်ထွက်သွားရန် ဟန်ပြင်လိုက်၏။
ကူတိကျစ်၏ မျက်လုံးအကြည့်များက နက်ရှိုင်းပြီး ရုတ်တရက် ပြောလိုက်သည်။
"ခဏလေး"
"ဘာကိစ္စလဲ"
ရွယ်ယွဲ့ထံမှ နှင်းခဲကဲ့သို့ အေးစက်သော အသံတစ်ခု ထွက်လာသည်။
"မင်းက ပိအန်းအဖွဲ့အစည်းနဲ့ ပတ်သက်တဲ့သူပဲ။ မင်းက တိုင်းတစ်ပါးက ရောက်လာတာ"
ကူတိကျစ် ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။
"ဝုန်း"
သူပြောပြီးသည်နှင့် တပြိုင်နက် ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်ချင်စိတ်တစ်ခု ထွက်ပေါ်လာ၏။
ရွယ်ယွဲ့က သေမင်းတံစဉ်ကောက်ဖြင့် ကူတိကျစ်ကို ခုတ်ပိုင်းလိုက်တော့သည်။
ကူတိကျစ်က အပြောင်းအလဲမရှိသော အမူအရာဖြင့် ပြုံးပြီး လက်တစ်ဖက်ကို မြှောက်လိုက်သည်။
"ကန်းဟဲစ်ဂရမ်၊ ဝမ်ကျုံးယွဲ့"
တောင်တစ်လုံးကဲ့သို့ ခိုင်မာသော ခြောက်ထောင့်ကားချပ်တစ်ခု ပေါ်လာခဲ့၏။
တောင်ပေါ်ရှိ အလွှာများက တစ်ခုနှင့်တစ်ခုထပ်သွားပြီး အခိုင်မာဆုံး အတားအဆီးအဖြစ်သို့ ပြောင်းလဲသွားတော့သည်။
"ဝုန်း"
သေမင်းတံစဉ်ကောက်က ခြောက်ထောင့်ကားချပ်ကို ထိမှန်သောအခါ စွမ်းအင်လှိုင်းများ ဖြာထွက်လာခဲ့သည်။
"ရပ်လိုက်၊ ငါက မင်းနဲ့ရန်သူဖြစ်ဖို့ ရည်ရွယ်ချက်မရှိပါဘူး"
ကူတိကျစ် အော်လိုက်သည်။
ရွယ်ယွဲ့ ရပ်တန့်သွား၏။ သို့သော်လည်း မျက်နှာဖုံးအောက်မှ အေးစက်သော မျက်လုံးတစ်စုံက ကြယ်များကဲ့သို့ တလက်လက် တောက်နေဆဲပင်။
"နင် ဘယ်လိုသိတာလဲ"
ရွယ်ယွဲ့က သတ်ဖြတ်ချင်စိတ်တို့ဖြင့် ပြောလိုက်သည်။
"အဓိပဓိ အင်မော်တယ်ခုံရုံးရဲ့ ထောက်လှမ်းရေး ကွန်ရက်ကို လျှော့မတွက်နဲ့။ မင်းတို့ ပိအန်းအဖွဲ့အစည်းရဲ့ စိမ့်ဝင်မှုအကြောင်းကို ငါတို့မှာ နားလည်ထားပြီးသားပဲ"
"ပိအန်းအဖွဲ့အစည်းရဲ့ နောက်ကွယ်မှာ ရပ်တည်နေတဲ့ လူတွေက တိုင်းတပါးရဲ့ အင်မော်တယ်တော်ဝင်မျိုးနွယ်ဆိုတာကိုလည်း ငါတို့သိတယ်"
ကူတိကျစ်က အေးအေးဆေးဆေး ပြောသည်။
"အဲဒီတော့"
ရွယ်ယွဲ့၏ အသံက အေးစက်ပြီး ရန်လိုနေဆဲပင်။
ယခုအခါ၊ သူမ၏ အထောက်အထားက ပေါ်ပေါက်သွားခဲ့ပြီ ဖြစ်၍ အန္တရာယ်များနေပြီ ဖြစ်သည်။ သူမအတွက် တိုင်းတပါးသို့ အသက်ရှင်လျက်ပြန်ရန်ပင် မလွယ်တော့ပေ။
"စိတ်မပူပါနဲ့၊ မင်းက ဆန့်ကျင်ခြင်း ဧကရာဇ် ခုနစ်ပါးထဲက တစ်ပါးပဲ။ ငါတို့ရဲ့ မိတ်ဖက်လို့လည်း ပြောနိုင်တယ်။ ပုံမှန်အားဖြင့် ငါ မင်းကို ဘာမှ မလုပ်ပါဘူး"
"ဒီသတင်းကိုလည်း ငါ ထုတ်ဖော်မှာ မဟုတ်ဘူး"
ကူတိကျစ်က ညင်သာစွာ ပြုံးလိုက်၏။
တစ်ဖက်တွင်၊ လင်ယွမ်က ကူတိကျစ် လုပ်ဆောင်နေသည်များကို ကြည့်နေသည်။
"ဒါဆို နင့်ရည်ရွယ်ချက်က ဘာလဲ"
ရွယ်ယွဲ့က အေးစက်သောလေသံဖြင့် မေးလိုက်သည်။
ကူတိကျစ်က အကြောင်းပြချက်မရှိဘဲ သူမ၏အထောက်အထားကို ထုတ်ဖော်ပြောဆိုမည် မဟုတ်ပေ။
သူ့တွင် ရည်ရွယ်ချက်ရှိရမည်။
"ဟားဟားဟား၊ ဉာဏ်ကောင်းတဲ့လူတွေနဲ့ စကားပြောရတာ ငါ တကယ်သဘောကျတယ်။ ငါ အများကြီးမတောင်းဆိုပါဘူး။ ကျွင်းရှောင်ယောက်က မင်းတို့ တိုင်းတပါးအတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှုကြီးပဲ မဟုတ်လား"
"ဒါကြောင့် မင်းက ရှန်းရွှီကမ္ဘာမှာ မင်းတို့ တိုင်းတပါးရဲ့လူတွေ ကျွင်းရှောင်ယောက်နောက်ကိုလိုက်ဖို့ အကြောင်းကြားနိုင်မယ်လို့ ငါမျှော်လင့်တယ်"
ကူတိကျစ်၏ စကားကိုကြားတော့ ရွယ်ယွဲ့ အနည်းငယ် အံ့ဩသွားသည်။
ကူတိကျစ်က ကောင်းကင်ကိုးခု အင်မော်တယ် နယ်မြေကြီး၏ ပါရမီရှင် ဖြစ်သည်။
ယခုမူ၊ သူက ကျွင်းရှောင်ယောက်ကိုအမဲလိုက်ရန် တိုင်းတပါးမှ လူများကို အကြောင်းကြားရန်အတွက် သူ့အား တောင်းဆိုနေခဲ့ပြီ။
တိုင်းတပါးမှလာရောက်သည့် သူမကတောင် ကျွင်းရှောင်ယောက်အကြောင်း တိုင်းတပါးကို သတင်းမပို့ကြောင်း သိထားကြရမည် ဖြစ်သည်။
ယခုတော့ ကျွင်းရှောင်ယောက်ကို သေစေချင်ဆုံးသူက တိုင်းတစ်ပါးမှမဟုတ်ဘဲ အင်မော်တယ်နယ်မြေကြီး၏ ပါရမီရှင် ဖြစ်နေသည်။
ယင်းက ငါးဖယ် ပက်လက်လန်ခြင်းပင်။
"မင်းဘယ်လိုထင်လဲ၊ ဒါက တိုင်းတပါးအတွက် အကျိုးရှိတာကြောင့် မင်း သတင်းပို့လိုက်ရင် ကြီးမားတဲ့ ကောင်းကျိုးဆောင်ခြင်းလို့ ဆိုနိုင်တယ်"
"အချိန်တန်လို့ ရှန်းရွှီကမ္ဘာကို ရောက်တဲ့အခါ တိုင်းတပါးကို မင်း ပြန်သွားနိုင်တယ်။ ငါ မင်းကို ဖော်ထုတ်ပြမှာ မဟုတ်ဘူး"
ကူတိကျစ်က တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။
သူ၏ ကြံရည်ဖန်ရည်နှင့် လိမ္မာပါးနပ်မှုက ကြောက်စရာပင်။
"နင်က တကယ်ကို ရွံရှာစရာကောင်းတာပဲ"
ရွယ်ယွဲ့က အေးစက်စက် ပြောလိုက်သည်။
"ကြီးကျယ်ခမ်းနားတဲ့အရာတွေကို အောင်မြင်တဲ့သူတွေက အသေးအဖွဲကိစ္စတွေကို ဂရုမစိုက်ဘူး။ ရှေးခေတ်ကတည်းက သူရဲကောင်းတွေ အများကြီးမှာ သန့်ရှင်းတဲ့သူက ဘယ်လောက်ရှိမှာလဲ"
ကူတိကျစ်က ဒေါသလုံးဝမထွက်ဘဲ ပြုံးလိုက်၏။
ရွယ်ယွဲ့ စကားတစ်ခွန်းမှ မပြောတော့ဘဲ လှည့်ထွက်သွားတော့သည်။
"သူ သတင်းပေးမှာ သေချာလား"
လင်ယွမ်က မေးလိုက်သည်။
"သေချာပါတယ်၊ ငါတို့ မဖော်ပြဘူးဆိုရင်တောင် သူ သေချာပေါက် သတင်းပို့လိမ့်မယ်။ အခုက အတည်ပြုလိုက်ရုံပဲ"
ကူတိကျစ်က လက်နှစ်ဖက်ကို နောက်ပစ်ပြီး ရပ်လိုက်၏။
"နင့်ရဲ့ ဒီအကြံအစည်ကို သူက လျှောက်ဖြန့်လိုက်ရင်..."
လင်ယွမ်က တွေးတွေးဆဆ ပြောသည်။
"စိတ်မပူပါနဲ့၊ သူလုပ်မှာမဟုတ်ဘူး။ နောက်ဆုံးတော့ သူက အင်မော်တယ်နယ်မြေကြီးမှာ ရှိနေတုန်းပါပဲ။ ရှန်းရွှီကမ္ဘာကိုရောက်ရင် ဧကရာဇ်ခုနစ်ပါး ကွပ်မျက်ခြင်း အင်မော်တယ်အစီရင်နဲ့ သူ့ကိုလည်း ချက်ချင်း သတ်ပစ်မယ်"
ကျွင်းရှောင်ယောက်က ပြုံးပြီး ပြောလိုက်သည်။
အစကတည်းက သူဟာ ရွယ်ယွဲ့ကို အသက်ရှင်ခွင့်ပေးရန် ရည်ရွယ်ချက် မရှိပေ။
"ကူတိကျစ်၊ ငါ နင့်ကို ပိုသိလာရပြီ။ နင့်ရဲ့နည်းလမ်းတွေက တကယ်ရွံ့စရာကောင်းတယ်"
လင်ယွမ်၏ မျက်လုံးများတွင် နက်နဲသော ရွံရှာမှုအရိပ်အယောင်များ ထွက်ပေါ်လာခဲ့သည်။
“သူတို့ကို အသုံးချပြီး တိုင်းတစ်ပါးက လူတွေကို သတ်တာက ပုံမှန်မဟုတ်ဘူးလား”
ကူတိကျစ်က ဂရုမစိုက်ပေ။
"ဒါဆိုရင် နင်ပိုပြီး ဂရုစိုက်သင့်တယ်။ ကျွင်းရှောင်ယောက်ကို ဒီလိုနည်းနဲ့တောင် မသတ်နိုင်ရင် ရယ်စရာကောင်းလိမ့်မယ်"
ပြောဆိုပြီးနောက် လင်ယွမ်က တိုက်ရိုက် ထွက်ခွာသွားခဲ့သည်။
လင်ယွမ် ထွက်ခွာသွားတာကို ကြည့်ရင်း ကူတိကျစ်၏ မျက်လုံးများက လေးနက်မှုတို့ ပေါ်လာခဲ့ပေသည်။
"ပထမ သတ်ဖြတ်ခြင်း ၊ ဧကရာဇ် ခုနစ်ပါး ပူးပေါင်း သတ်ဖြတ်ခြင်း"
"ဒုတိယ သတ်ဖြတ်ခြင်း ၊ ဧကရာဇ် ခုနစ်ပါးနဲ့ သတ်ဖြတ်ခြင်း အစီရင်"
"တတိယ သတ်ဖြတ်ခြင်း၊ တိုင်းတစ်ပါးနဲ့ ပူးတွဲ အမဲလိုက်ခြင်း"
"ပုံမှန်ဆိုရင် ဒီသတ်ဖြတ်မှုသုံးခုက ကျွင်းရှောင်ယောက်ကိုသတ်ဖို့လုံလောက်တယ်လို့ ဆိုနိုင်တယ်"
"ဒါပေမဲ့..."
"သူ့ကိုသတ်နိုင်ရင်တောင် ငါကိုယ်တိုင် သတ်နိုင်မယ်လို့ အာမခံချက်မရှိဘူး"
"လင်ယွမ်က ကောင်းကင်သရဖူကို စွန့်လွှတ်မယ်လို့ ကတိပေးထားပေမဲ့ ကျန်တဲ့ငါးယောက်က ပြိုင်ဖက်တွေပဲ။ ငါက မကြောက်ပေမဲ့ သတိထားက ပိုကောင်းတယ်"
"ဒါပေမဲ့..."
"ငါ့မှာ စတုတ္ထမြောက် သတ်ဖြတ်ခြင်း လှုပ်ရှားမှုတစ်ခု ရှိသေးတယ်"
"ဒီနည်းလမ်းနဲ့ ဒီဧကရာဇ်သားတော်က ကျွင်းရှောင်ယောက်ကို ကိုယ်တိုင်လက်နဲ့ သတ်ပြီး ကောင်းကင်သရဖူကို ရယူနိုင်မယ်လို့ အာမခံနိုင်မယ်"
"ကျိတောက်ရီ၊ လုံယောက်အာနဲ့ အခြားသူတွေကတော့... ငါ့အတွက် လမ်းခင်းပေးရုံပဲ တတ်နိုင်လိမ့်မယ်။ ဟားဟားဟား"
ကူတိကျစ် ရယ်မောပြီး ထွက်သွားတော့သည်။
သူရေးဆွဲထားသည့် ကစားပွဲတွင် အစအဆုံးထိ အောင်နိုင်သူ တစ်ဦးတည်းသာ ရှိခဲ့သည်။
ယင်းက သူကိုယ်တိုင်ပင်။