အခန်း ၈၂၈
Vol. 56 Ch. 828
အခန်း ( ၈၂၈ ) ရှေးဟောင်းလမ်း၏ အဆုံး၊ ရှေးဦးအင်ပါယာမြို့တော်၊ ကာကွယ်သူမိသားစု။
ဧကရာဇ်ခုနစ်ပါး၏ ဤလျှို့ဝှက်တွေ့ဆုံမှုအကြောင်းကို သူတို့ခုနစ်ဦးသာ သိကြသည်။ ပြင်ပလူများက ယင်းအကြောင်းကို သိတောင်မသိကြပေ။
သို့သော်လည်း သူတို့ခုနစဦးစလုံးက အလွန်အစွမ်းထက်ပြီး မြင့်မားသည့် အဆင့်အတန်းတစ်ခု ရှိကြသည်။
အင်မော်တယ်နယ်မြေကြီး၏ မျိုးဆက်သစ်လူငယ်များကို ကြည့်လိုက်လျှင်အင် ဤလူခုနစ်ယောက်စလုံး လှုပ်ရှားရန် အရည်အချင်းပြည့်မီသောသူ တစ်ဦးမျှမရှိဟု ဆိုနိုင်သည်။
ကျွင်းရှောင်ယောက်က ပထမဆုံးပင်။
ထို့အပြင် နောက်ဆုံးလည်း ဖြစ်နိုင်သည်။
ဧကရာဇ်ခုနစ်ပါး၏ လျှို့ဝှက်တွေ့ဆုံမှုအပြီးမှာတော့ ဧကရာဇ်ခုနစ်ပါးတို့လည်း အဆုံးစွန်ရှေးဟောင်းလမ်း၏ အဆင့်တစ်ရာရှစ်ခုမြောက်သို့သွားရန် ပြင်ဆင်နေတော့သည်။
ယင်းက နောက်ဆုံးအဆင့် ဖြစ်သည်။
သူတို့အပြင် ကျန်သော ပါရမီရှင်များကလည်း နောက်ဆုံးအဆင့်သို့ လျှောက်လှမ်းခဲ့ကြသည်။
ရှေးယခင်ကပင် နောက်ဆုံးစမ်းသပ်စစ်ဆေးမှု စတင်တော့မည်ဟု ကာကွယ်သူများက သတင်းပို့ခဲ့၏။
ထို့ကြောင့်၊ ပါရမီရှင်များစွာဟာ ထိုနေရာသို့ စောစောသွားနိုင်ရန် ပြင်ဆင်နေတော့သည်။
ကျွင်းရှောင်ယောက်သာလျှင် ဧကရာဇ်သင်္ချိုင်းကြယ်တွင် တံခါးပိတ်ကျင့်ကြံနေဆဲ ဖြစ်သည်။ သို့သော်လည်း နောက်ဆုံးအဆင့်သို့ ရောက်နေပြီ။
အဆုံးစွန်ရှေးဟောင်းလမ်း၏ အဆင့် တစ်ရာ့ရှစ်တွင်...
ဤနေရာတွင် တိုက်ကြီးတစ်ခုကဲ့သို့ အလွန်ကြီးမားပြီး အကန့်အသတ်မဲ့သော မြို့ကြီးတစ်မြို့ ရှိသည်။
ကောင်းကင်မျှော်စင်ကဲ့သို့ မြင့်မားသော မြို့တော်တံတိုင်းက အဆုံးမဲ့ကာ မည်သူမျ အဆုံးကိုမမြင်နိုင်ပေ။
မြို့နံရံများမှာတော့ သွေးများစွန်းပြီး ဒဏ်ရာဒဏ်ချက်များလည်း ရှိနေသည်။ အချိန်မည်မျှ ကြာမြင့်ခဲ့ပြီမှန်း မသိသော်လည်း ရှေးကျပြီး ဆိတ်သုဉ်းခြင်း၏ အငွေ့အသက်တို့ ခံစားရစေသည်။
နေ၊ လနှင့် ကြယ်များက ဤမြို့ပတ်ပတ်လည်တွင် လှည့်ပတ်နေပေသည်။
မြို့ရိုးတလျှောက်မှာလည်း ရေတံခွန်ကဲ့သို့ ကြယ်များက ဆက်တိုက် ကြွေကျနေသည်။
ဤမြို့က မိုးနှင့်မြေကဲ့သို့ ကြီးကျယ်ခမ်းနားပြီး အလွန်ရှေးကျပုံရပေသည်။
အကယ်၍ ဤမြို့အောက်ကို ဝင်နိုင်လျှင်တော့ မြင်ရမည့်မြင်ကွင်းကြောင့် အံ့ဩသွားရမည် ဖြစ်သည်။
ဤမြို့ကို တိုက်ကြီးတစ်ခုကဲ့သို့ ကြီးမားပြီး အလွန်ရှေးကျသော အလောင်းတစ်လောင်းက ထမ်းပိုးထား၏။
ယင်းမှာ လိပ်နက်အလောင်းကြီး ဖြစ်သည်။
စစ်မှန်သည့် ရှေးဦးသားရဲကြီး လိပ်နက်။
ယင်းက တုန်လှုပ်စရာပင်။
ရှေးကျ၊ လူဆိတ်ညံ၊ အရိုင်းဆန်ပြီး ကြီးကျယ်ခမ်းနားခြင်း။
အငွေ့အသက်အမျိုးမျိုးဖြင့် ခမ်းနားထည်ဝါသည့် ဤရှေးမြို့ဟောင်းကြီး၏ရှေ့တွင် လူများက ဖုန်မှုန့်ကဲ့သို့ အရေးမပါတော့သလိုပင်။
မြို့တံခါးများမှာလည်း အလွန်မြင့်မားပြီး များပြားလှသော ဝိညာဉ်စွမ်းအင်များကို မျိုချနိုင်သည့် ရှေးဦး ကြယ်တာရာဝါးမျို သားရဲများ၏ ပါးစပ်နှင့် တူသည်။
ဤမြို့သည်ကား အဆုံးစွန်ရှေးဟောင်းလမ်း၏ အဆုံး၊ အဆင့် တစ်ရာရှစ်မှ... ရှေးဦးအင်ပါယာမြို့ ဖြစ်တော့သည်။
ရှေးဦးအင်ပါယာမြို့တော်၏ မူလဇာစ်မြစ်ကို မသိနိုင်သော်လည်း...
ထိုမြို့ကို အင်မော်တယ်များမှ တည်ဆောက်ခဲ့သည်ဟု ကောလဟာလများ ရှိသည်။
မြို့ရိုးပေါ်တွင် ပျံ့လွင့်နေသော ရှေးဟောင်းကမ္ပည်း အမျိုးမျိုးတို့ကလည်း အံ့အားသင့်ဖွယ် အတက်အကျများကို ထုတ်လွှတ်နေသေးသည်။
ဤမြို့သည် မြို့သာမကဘဲ ဧကရာဇ်များပင် မကိုင်လှုပ်နိုင်သော ခံတပ်တစ်ခုလည်း ဖြစ်သည်။
ရံဖန်ရံခါ ရှေးဦးအင်ပါယာမြို့သို့ ပါရမီရှင်များ နှစ်ယောက်တစ်တွဲ သုံးယောက်တစ်ဖွဲ့ ရောက်ရှိလာတတ်သည်။
ရှေးဦးအင်ပါယာမြို့သို့ ပထမဆုံး ရောက်လာပြီးနောက် လူတိုင်း အချိန်အတော်ကြာ တုန်လှုပ်ခြောက်ခြားသွားကြရစမြဲပင်။
ရှေးဦးအင်ပါယာမြို့တွင် အဆုံးစွန်စမ်းသပ်မှုနေရာသို့ ဦးတည်ပို့ဆောင်ပေးသော တည်နေရာရွှေ့ပြောင်းခြင်း အစီရင်တစ်ခု ရှိသည်။
"ဝိုး၊ ဒါက ရှေးလမ်းရဲ့အဆုံးက ရှေးဦးအင်ပါယာမြို့တော်လား၊ တစ်နေ့မှာ ဒီနေရာကို လာရောက်နိုင်မယ်လို့ မထင်ထားခဲ့ဘူး"
ရှေးဦးအင်ပါယာမြို့တော်ရှေ့တွင် ဆယ်နှစ်ကျော်ခန့်ရှိပြီး ငွေရောင်ဆံပင်နှင့် ချစ်စရာကောင်းသော ကလေးမလေးတစ်ယောက် ရှိနေသည်။
သူ့တွင် ပတ္တမြားသဖွယ် တောက်ပသော မျက်လုံးဝိုင်းဝိုင်းလေးရှိပြီး
ဆံပင်များကြားမှာလည်း ယုန်နားရွက်နှစ်ဖက်ရှိသေးသည်။
ထိုက်ယင်ကျောက်စိမ်းယုန် ဖြစ်သည်။
သူမ၏ ဘေးမှာတော့ အပြာရောင်ဝတ်စုံနှင့် မိန်းမလှတစ်ဦး ရပ်နေသည်။
သူမ၏ နက်မှောင်သော မျက်ခုံးများက ကွေးညွတ်ပြီး မျက်လုံးများက ကြည်လင်ပြတ်သားသည်။ ဖြောင့်စင်းသော နှာတံနှင့် သွေးစက်စက်ယိုစီးနေပုံရသည့် အနီရောင် ပန်းသီးတစ်လုံးကဲ့သို့ နှုတ်ခမ်းများက စိုလျက်ရှိ၏။
သို့သော်လည်း လူတစ်ကိုယ်လုံးတွင် ဖမ်းစားနိုင်ဆုံးအရာက လှပသောမျက်နှာသွင်ပြင် မဟုတ်ပါ။
သူမ၏ ခန္ဓာကိုယ် အချိုးအစား ဖြစ်သည်။
သူမ၏ရွှေရင်အစုံက ရွယ်တူ မိန်းကလေးများထက် ဖွံ့ဖြိုးပြီး ခါးက သေးကျဉ်သည်။
သို့သော်၊ လက်တစ်ကိုင်စာ သေးသွယ်သောခါးအောက်မှာက ရင်ခုန်သံမြန်စေနိုင်သည့် အဆီပြည့်ဝသည့် တင်သားများပင်။
ယင်းမှာ အင်မတန်လှပသည့် မက်မွန်သီးတစ်လုံးကဲ့သို့ပင် ဖြစ်သည်။
ဤသို့သော ခန္ဓာကိုယ်အချိုးအစားအပြင် မျက်နှာကလည်း လှပသည့်အတွက် အင်မတန်ကို ဆွဲဆောင်မှုရှိတော့သည်။
သာမန်ညောင်ည အမျိုးသားများ လုံးဝ သည်းခံနိုင်မည် မဟုတ်ပေ။
ဤအမျိုးသမီးကတော့ သဘာဝအတိုင်း ကမ္ဘာ့နံပါတ်တစ် မီးပြင်းဖိုခန္ဓာနှင့် ယွီချန်ကျွမ့် ဖြစ်သည်။
"အဆုံးစွန်ရှေးဟောင်းလမ်းရဲ့ လမ်းဆုံးမြို့ကို ရောက်နိုင်ဦးမယ်လို့ မမျှော်လင့်ထားဘူး"
ယွီချန်ကျွမ့်က တစ်ယောက်တည်းပြောနေသလို ရေရွတ်လိုက်သည်။
ယခင်က သူဟာ ရွှေကျီးကန်း ဒသမမင်းသား၏ အမဲလိုက်ခြင်းကို ခံခဲ့ရသည်။ ထိုအချိန်က သူ့အတွက်၊ အဆုံးစွန်ရှေးဟောင်းလမ်းကို ပြီးမြောက်အောင်နေနေသာသာ အဖမ်းမခံရလျှင်ပင် အလွန်ကံကောင်းပြီဟု ဆိုနိုင်သည်။
သို့သော်လည်း ကံကောင်းထောက်မစွာဖြင့် ဘုရားသခင်က သူမကို အဖြူရောင်ဝတ်စုံဖြင့် ဖြောင့်မတ်သောလူနှင့် တွေ့ဆုံခွင့်ပေးခဲ့သည်။
ကျွင်းရှောင်ယောက်ကြောင့်သာ မဟုတ်လျှင်၊ သူမကို ရွှေကျီးကန်း ဒသမမင်းသားက ဖမ်းမိသွားလောက်ပြီ ဖြစ်သည်။ ထိုအခါ အကျိုးဆက်များက တွေးတောင်မတွေးဝံ့စရာပင်။
ကျွင်းရှောင်ယောက်က သူမ၏ ကံကြမ္မာကို ပြောင်းလဲပေးခဲ့သူ ဖြစ်သည်။
ယွီချန်ကျွမ့်က ကျွင်းရှောင်ယောက်နောက်သို့ တစ်သက်လုံး လိုက်နေမည်ဟုပင် ဆုံးဖြတ်ထားပြီးပြီ။
ပထမဆုံးအကြိမ် အပါအဝင် သူမ၏ အရာအားလုံးက ကျွင်းရှောင်ယောက်နှင့် သက်ဆိုင်သည်။
"ဟင်း၊ သခင်လေး ရှေးဦးအင်ပါယာမြို့ကို ရောက်နေပြီလား မသိဘူး။ ရှောင်ယွိ သခင်လေးနဲ့ အတူရှိခဲ့တဲ့အချိန်တွေကို လွမ်းတယ်"
ထိုက်ယင်ကျောက်စိမ်းယုန်က လွမ်းဆွတ်စွာဖြင့် အဝေးကို လှမ်းမျှော်ကြည့်လိုက်သည်။
"ဟွန်း၊ နင်က သခင်အသစ်ရတော့ စိတ်ပြောင်းသွားပြီပေါ့လေ"
ယွီချန်ကျွမ့်က ထိုက်ယင်ကျောက်စိမ်းယုန်ကို မျက်စောင်းထိုးလိုက်၏။
"အဲလိုမဟုတ်ပါဘူး၊ ဒါပေမဲ့ သခင်လေးရဲ့ ပွေ့ချီခံရတဲ့ ခံစားချက်က တကယ်ကို ကောင်းတယ်"
ထိုက်ယင်ကျောက်စိမ်းယုန်က တိုးတိုးသက်သာ ပြောလိုက်သည်။
"သခင်လေးရဲ့ ပွေ့ဖက်ခံရတာ ဘယ်လို ခံစားရလဲ ငါလည်းသိချင်မိတယ်"
ယွီချန်ကျွမ့်လည်း မသိစိတ်က ရေရွတ်လိုက်မိသည်။
"သခင်မလေး၊ နင်ဘာပြောလိုက်တာလဲ"
ထိုက်ယင်ကျောက်စိမ်းယုန်က မေးလိုက်၏။
"ဟင့်အင်း၊ ဘာမှမဟုတ်ပါဘူး၊ မြို့ထဲကို ဝင်ကြရအောင်"
ယွီချန်ကျွမ့်လည်း ရှက်ရွံ့သွားပြီး စကားလမ်းကြောင်းပြောင်းလိုက်သည်။
ကြီးကြီးသေးသေး အလှတရားနှစ်ခုက မြို့တော်ထဲသို့ အတူတူ ဝင်ရောက်ခဲ့လေသည်။
မြို့တော်ထဲကို ရောက်လာသည်နှင့် ထိုက်ယင်ကျောက်စိမ်းယုန်က သတိထားကာ ဘယ်ညာ ကြည့်လိုက်သည်။
"ဘာဖြစ်လို့လဲ"
ယွီချန်ကျွမ့်က မေးသည်။
"ငါတို့ကို တစ်စုံတစ်ယောက်က လာဖမ်းမှာကြောက်လို့"
ထိုက်ယင်ကျောက်စိမ်းယုန်က ခေါင်းလေးငုံ့ပြီး ရေရွတ်လိုက်၏။
ထိုစကားကိုကြားတော့ ယွီချန်ကျွမ့်လည်း ခါးသက်သက်ပြုံးကာ ခေါင်းခါယမ်းလိုက်သည်။
ထိုက်ယင်ကျောက်စိမ်းယုန်က ရွှေကျီးကန်း ဒသမမင်းသားနှင့် အခြားသူများ၏ လိုက်ခြင်းကို ကြောက်ရွံ့နေခြင်းပင်။
ခဲမှန်ဖူးသည့် စာသူငယ်ကဲ့သို့ ဖြစ်သည်။
"စိတ်မပူပါနဲ့၊ ရွှေကျီးကန်း မင်းသားဆယ်ပါးမှာ ကိုးဦးက သေဆုံးသွားခဲ့ပြီ။ ကျန်တဲ့ မင်းသားတစ်ပါးကလည်း သင်္ချိုင်းဧကရာဇ်ကြယ်မှာ ကျွင်းသခင်လေးလက်နဲ့ ဒဏ်ရာပြင်းပြင်းထန်ထန်ရပြီးမှ ထွက်ပြေးလွတ်မြောက်သွားခဲ့တာ။ ဒါကြောင့် သိပ်လည်း စိတ်မပူပါနဲ့"
ယွီချန်ကျွမ့်က ပြုံးလျက် ပြောလိုက်သည်။
ရွှေကျီးကန်းဒသမမင်းသားက လက်စားချေရန်အတွက် ရူးသွပ်ပြီး သူ၏အကန့်အသတ်ကိုပင် ဖြတ်ကျော်သွားခဲ့ပြီမှန်းတော့ သူတို့ မသိခဲ့ကြပါ။
သို့ရာတွင်၊ ပစ်မှတ်က မူလ နူးညံ့ပြီး လှပသော ထိုက်ယင်မြင့်မြတ်ခန္ဓာ ယွီချန်ကျွမ့်မှ...
တစ်စုံတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ခက်ခဲကြမ်းတမ်းသော အရာတစ်ခုအဖြစ်သို့ ပြောင်းလဲသွားရ၏။
ယွီချန်ကျွမ့်က အဆုံးစွန်စမ်းသပ်မှု ဖွင့်မည့်အချိန်ကို စောင့်ဆိုင်းရင်း နားခိုစရာ နေရာရှာရန် ပြင်ဆင်နေချိန်တွင်...
လမ်းမကြီးမှ သံချပ်ကာဝတ် တပ်သားတချို့ ထွက်လာသည်။
သူတို့ထံမှ သွေးသံတရဲရဲဖြင့် သတ်ဖြတ်ချင်စိတ်များ ထွက်ပေါ်လျက် ရှိ၏။
သူတို့၏ ပစ်မှတ်က အမှန်တကယ် ယွီချန်ကျွမ့် ဖြစ်တော့သည်။
"ဟင်၊ အဲဒါက ကာကွယ်သူမိသားစု... ချိုင်မိသားစုရဲ့ အစောင့်တွေနဲ့တူတယ်"
"နောက်ပြီး အဲဒီမိန်းကလေးက ထိုက်ယင်မြင့်မြတ်ခန္ဓာ မဟုတ်လား"
ရှေးဦးအင်ပါယာမြို့မှ လူတချို့က စူးစမ်းလိုစိတ်ဖြင့် ကြည့်လိုက်သည်။
"နင်တို့..."
ယွီချန်ကျွမ့် မျက်မှောင်ကြုတ်လိုက်၏။
သူဟာ ရှေးဦးအင်ပါယာမြို့ကို ယခုမှ ရောက်လာခြင်းဖြစ်၍ ဘယ်သူ့ကိုမှ မနှောင့်ယှက်မိသင့်ဘူး မဟုတ်လား။
"မင်းက ထိုက်ယင်မြင့်မြတ်ခန္ဓာလား"
သံချပ်ကာဝတ် တပ်သားတစ်ယောက်က အေးစက်စက် ပြောသည်။
"ဟုတ်တယ်"
ယွီချန်ကျွမ့် ခေါင်းညိတ်လိုက်သည်။
"ဒါဆိုရင် ငါတို့နောက်ကို လိုက်ခဲ့ပါ"
"နင်တို့ ဘာလုပ်မလို့လဲ"
ယွီချန်ကျွမ့် မျက်နှာအမူအရာ ပြောင်းလဲသွား၏။
"မကောင်းဘူး၊ ငါတို့ကို ထပ်ပြီးဖမ်းတော့မယ်"
ထိုက်ယင်ကျောက်စိမ်းယုန်က အတိတ်မှ လိုက်ဖမ်းခံရသော နေ့ရက်များကို သတိရသွားကာ အော်လိုက်သည်။
"ဘာမှမဟုတ်လုပ်ဘူး၊ မိန်းကလေးယွီကို ဧည့်ခံဖို့ ဖိတ်ခေါ်လိုက်တာပဲ"
ထိုအချိန်တွင် တည်ငြိမ်သော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
လက်ထဲတွင် ခေါက်ယပ်တောင်တစ်ချောင်းကိုကိုင်ထားသော ခရမ်းရောင်ဝတ် လူငယ်တစ်ယောက်က အေးအေးဆေးဆေး လျှောက်လာခဲ့၏။
"အဲဒါ ချိုင်မိသားစုရဲ့ သခင်လေး ချိုင်စုန့်ပဲ"
ချိုင့်စုန့်ကို မြင်ရပြီးနောက် ပါရမီရှင်များစွာ၏ မျက်လုံးအကြည့်များ အနည်းငယ် ပြောင်းလဲသွားသည်။
အင်မော်တယ်အင်အားစုတချို့၏ တပည့်များပင် ချိုင်စုန့်ကို လေးနက်မှု အရိပ်အမြွက်ဖြင့် ကြည့်လိုက်ကြ၏။
ချိုင်စုန့်က သူတို့၏ လေးစားမှုကို ခံယူထိုက်သူ မဟုတ်ပါ။
သို့ရာတွင် ချိုင်စုန့်၏ ချိုင်မိသားစုက ကာကွယ်သူမိသားစုများမှ ဖြစ်သည်။ သူတို့က အင်မော်တယ်နယ်မြေကြီး၏ လူသားများအတွက် ကြီးစွာသော ကောင်းကျိုးဆောင်ခဲ့သောကြောင့် ဂုဏ်သိက္ခာကြီးမားကြပေသည်။
ရှေးဦးအင်ပါယာမြို့တော်တွင် ကာကွယ်သူမိသားစုများက အကြွင်းမဲ့ ဂုဏ်သိက္ခာနှင့် ကြီးစိုးသည်ဟု ဆိုနိုင်သည်။
အင်မော်တယ်အင်အားစုများ၏ ဆက်ခံသူများပင် ဤနေရာသို့လာသောအခါ နာခံမှုရှိရမည် ဖြစ်သည်။ ကာကွယ်သူမိသားစုများ၏ မျိုးဆက်များကို မပစ်မှားနိုင်ပေ။
သို့ရာတွင်၊ ချိုင်မိသားစုမှ သခင်လေး ချိုင်စုန့်က အဘယ်ကြောင့် ယွီချန်ကျွမ့်ကို ပစ်မှတ်ထားသနည်း။