← Chapters

အခန်း ၈၃၁

Vol. 56 Ch. 831

အခန်း ၈၃၁

Vol. 56 Ch. 831

အခန်း ( ၈၃၁ ) နတ်ဘုရားသားတော် ရောက်လာပြီ၊ ကြီးစိုးသူက ကြီးစိုးဆဲ၊ အင်ပါယာမြို့တော်ကို သွေးစွန်းစေမှာမျိုး မမြင်ချင်ကြဘူး မဟုတ်လား။

ကျွင်ရှောင်ယောက်က ဧကရာဇ်သင်္ချိုင်းကြယ်မှ ထွက်ခွာပြီးနောက် အဆုံးစွန်ရှေးဟောင်းလမ်း၏ အဆုံးဖြစ်သည့် ရှေးဦးအင်ပါယာမြို့တော်ကို ဦးတည်သွားခဲ့သည်။

ဤတွင် သဘာဝအတိုင်း ထူးခြားမှုများ မရှိပေ။

‌ကျွင်ရှောင်ယောက်အတွက် အလွန်အန္တရာယ်များသော အဆုံးစွန်ရှေးဟောင်းလမ်းက ကိုယ့်အိမ်ခြံဝင်းကဲ့သို့သာ ဖြစ်သည်။

ကျွင်ရှောင်ယောက်၏ အရှိန်နှင့် တည်နေရာရွှေ့ပြောင်းခြင်း အစီရင်တို့ဖြင့်...

တစ်လသာ ကြာခဲ့သည်။

အဆုံးစွန်ရှေးဟောင်းလမ်း၏ အဆင့်တစ်ရာ့ရှစ်မှ ရှေးဦးအင်ပါယာမြို့သို့ ကျွင်ရှောင်ယောက် ရောက်လာပြီ။

သူ့ရှေ့မှ ခမ်းနားထည်ဝါသော ရှေးဦးအင်ပါယာမြို့တော်မှာ တစ်ချက်ကြည့်လိုက်ပါက တိုက်ကြီးတစ်ခုကဲ့သို့ ဖြစ်သည်။

ကျွင်ရှောင်ယောက်၏ မျက်လုံးများတွင် အလင်းရောင်မှိန်မှိန်လေး လင်းလက်လာ၏။

ဤမြို့၏ ထူးခြားသောသဘာဝကို သူခံစားနိုင်သည်။ ယင်းမှာ ရှေးခေတ်ကတည်းက တည်ရှိခဲ့ပြီး မရေမတွက်နိုင်သော လှိုင်းလုံးကြီးများအား ကြုံတွေ့ခဲ့ရသော်လည်း ဆက်လက် တည်ရှိနေဆဲပင်။

ရှေးဦးအင်ပါယာမြို့တော် မပြိုလဲသရွေ့၊ အင်မော်တယ်နယ်မြေကြီးလည်း လုံခြုံလိမ့်မည် ဖြစ်သည်။

သို့‌သော်လည်း အကြောင်းတစ်ခုခုကြောင့် ကျွင်ရှောင်ယောက်၏ စိတ်ထဲတွင် ယောင်ဝါးဝါး ခံစားနေရသည်။

ကြီးမားသော အပြိုင်ခေတ်တွင် တိုင်းတပါးမှ ကျူးကျော်ခြင်းက ယခင်ခေတ်များထက် ပို၍ ပြင်းထန်လိမ့်မည်။

ဖြစ်ကောင်းဖြစ်နိုင်သည်မှာ၊ ဤတစ်ခေါက် ရှေးဦးအင်ပါယာမြို့တော်သည်ပင်...

ကျွင်ရှောင်ယောက်လည်း ခေါင်းကို အနည်းငယ်ခါယမ်းပြီး အတွေးစဖြတ်လိုက်သည်။

ကောင်းကင်ကြီး ပြိုကျလျှင်ပင် အရပ်မြင့်သူများက ထမ်းပိုးထားမည်ဖြစ်‌သောကြောင့် စိတ်ပူစရာ မလိုပေ။

ထို့အပြင်၊ ကျွင်းမိသားစုက အင်မော်တယ်နယ်မြေကြီးမှာ နှစ်ပေါင်းများစွာ ရပ်တည်လာခဲ့သူပီပီ၊ ကိုယ်ပိုင်လျှို့ဝှက်ချက်များနှင့် နည်းလမ်းများ အမြဲရှိသောကြောင့် အလွန်အမင်း ပူပန်နေစရာ မလိုပါ။

ကျွင်ရှောင်ယောက်လည်း လက်နှစ်ဖက်ကို နောက်ပစ်ပြီး ရှေးဦးအင်ပါယာမြို့တော်သို့ ဝင်ခဲ့သည်။

"အဲဒါ… ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်ပဲ"

ရှေးဦးအင်ပါယာမြို့တော်တွင် ပါရမီရှင်အချို့က အားကောင်းသော အရှိန်အဝါတစ်ခု မြို့တွင်းသို့ ဝင်ရောက်လာကြောင်း ခံစားခဲ့ရသည်။

လှမ်းကြည့်လိုက်ပြီးနောက် အားလုံး လွန်စွာ အံ့ဩသွား၏။

ထိုလူ နောက်ဆုံးတော့ ရောက်လာပြီ။

ရှေးဦးအင်ပါယာမြို့တော်၏ အပြင်ဧရိယာတစ်ခုလုံး အုတ်အုတ်ကျက်ကျက် ဖြစ်သွားသည်။

"ဝှစ်... ဝှစ်... ဝှစ်"

အဝတ်အစား လေတိုးသံများနှင့် ပါရမီရှင်များစွာ ရောက်လာကြ၏။

တားမြစ် ပါရမီရှင်ပင်လျှင် အံ့သြတကြီး မျက်လုံးများဖြင့် ကျွင်ရှောင်ယောက်ကို ကြည့်နေလေသည်။

နတ်အလင်းများ ဖုံးလွှမ်းထားသည့် အဖြူရောင်အဝတ်အစားများနှင့် ကျွင်ရှောင်ယောက်က တည်ငြိမ်စွာ လျှောက်လာခဲ့သည်။

ရှေးဦးအင်ပါယာမြို့တော်မှ ပါရမီရှင်များစွာတို့လည်း ကျွင်ရှောင်ယောက်ကိုကြည့်ရင်း အံ့အားသင့်မှုတို ပြည့်နေခဲ့လေသည်။

အထူးသဖြင့် အမျိုးသမီး ပါရမီရှင်အချို့၏ မျက်လုံးများက ပို၍ပင် တောက်ပနေကြသည်။

ထိုသို့သော အင်မော်တယ်တစ်ပါးကဲ့သို့ စိတ်နေစိတ်ထားမျိုးက သူ့ကို အထင်မကြီးဘဲ မနေနိုင် ဖြစ်စေပေသည်။

"နတ်ဘုရားသားတော် ရောက်လာတာက တိုင်းတပါးနဲ့ ဆက်ဆံဖို့ကို ပိုပြီး ယုံကြည်မှုရှိလာသလို ခံစားရစေတယ်"

"ဟုတ်တယ်၊ တိုင်းတစ်ပါးရဲ့ မျိုးဆက်သစ်တွေထဲမှာ နတ်ဘုရားသားတော်ထက် ပိုတန်ခိုးကြီးတဲ့သူတွေ ရှိလိမ့်မယ်လို့ မယုံဘူး”

ပါရမီရှင် အများအပြားက လေးစားမှုအပြည့်ဖြင့် ပြောလိုက်ကြသည်။

ကျွင်ရှောင်ယောက်က အင်မော်တယ်နယ်မြေကြီးမှ ပါရမီရှင်များ၏ ကျောရိုးနှင့် မဏ္ဍိုင်ဖြစ်လာကြောင်း ဤအချက်မှ တွေ့မြင်နိုင်သည်။

ရှန်းရွှီကမ္ဘာတွင်၊ ကျွင်ရှောင်ယောက် မကျဆုံးသရွေ့ သူတို့ ပိုပြီး ယုံကြည်မှုရှိလာလိမ့်မည်။

အဝေးတစ်နေရွာတွင်၊ ဗုဒ္ဓအလင်းများ တောက်ပနေပြီး ကျောက်စိမ်းနဂါး ဆင်ဖြူတော်ပေါ်မှာ တင်ပျဉ်ခွေထိုင်နေသော ပုံရိပ်တစ်ခု ရှိနေသည်။

လူဝင်စားဗုဒ္ဓ။

ကျွင်ရှောင်ယောက်က ပေါ့ပေါ့ပါးပါး တစ်ချက်လှမ်းကြည့်လိုက်သည်။

ယခင်ကလည်း အနောက်တိုင်းဂိုဏ်းမှ ဗြဟ္မာနှင့် တွေ့ဖူး၏။

သို့သော်၊ ဗြဟ္မာက သူ့ရှေ့မှ လူဝင်စားဗုဒ္ဓနှင့် ယှဉ်လျှင် အနည်းငယ်နောက်ကျနေသေးသည်။

ဤလူဝင်စားဗုဒ္ဒက ပြန်လည်ဝင်စားလာသော ဗုဒ္ဓဖြစ်ပြီး အတိတ်မှတ်ဉာဏ်များလည်း နိုးထနေပြီ ဖြစ်သည်။

အခြားတစ်ဖက်မှာတော့ အမှောင်စွမ်းအင်အတက်အကျများ ထွက်ပေါ်နေသော ရုပ်သွင်တစ်ခု ရှိ၏။

"ယမဧကရာဇ်လည်း ရောက်လာပြီ"

ပါရမီရှင်တစ်ယောက်က အော်လိုက်သည်။

အမှောင်ဘုရင်မျိုးရိုး၏ ထိုထိပ်တန်းပါရမီရှင်ကို "သေမင်းနတ်ဘုရား" ဟုလည်း ခေါ်သည်။

ယင်းက သူ ဘယ်လောက်အစွမ်းထက်သည်ဟူသော သက်သေပင်။

ကျွင်ရှောင်ယောက်၏ မျက်လုံးများမှ အေးစက်စက် အရိပ်အယောင်များ ပေါ်လာခဲ့သည်။

အမှောင်ဘုရင်မျိုးရိုးက ကျွင်းမိသားစု၏ အင်မော်တယ်စစ်ပွဲအတွင်း ဝင်ရောက်စွက်ဖက်ခဲ့၏။ ထို့ကြောင့် ဤမျိုးရိုးနှင့်ပတ်သက်လာလျှင် သတ်ဖြတ်လိုစိတ်သာ ရှိခဲ့သည်။

ယမဧကရဇ်၏ မျက်လုံးများကလည်း အေးစက်နေပေသည်။

သူသည်လည်း ကျွင်ရှောင်ယောက်အပေါ် ရန်လိုနေကြောင်း ထင်ရှားသည်။

"ကျွင်ရှောင်ယောက်၊ ငါတို့တွေ့ကြပြန်ပြီ"

တည်ငြိမ်သော စကားသံ ထွက်ပေါ်လာသည်။

မျက်နှာအမူအရာ တည်ကြည်ပြီး ပြတ်သားသော အမူအရာဖြင့် အနက်ရောင်ဝတ် လူငယ်တစ်ယောက် ပေါ်လာ၏။

"ရဲ့ကူချန်"

ကျွင်ရှောင်ယောက်၏ အမူအရာက ပြန်လည် ပျော့ပြောင်းသွားသည်။

ရဲ့ကူချန်ကိုတော့ သူ အမှန်တကယ် သဘောကျပေသည်။

ထို့အပြင်၊ လက်ရှိ ရဲ့ကူချန်၏စွမ်းအားက ယခင်ကနှင့် လုံးဝ ကွာခြားနေပြီဖြစ်ကြောင်း သူသိသည်။

"ငါတို့ ထပ်ပြီးတိုက်ခိုက်ဖို့ အခွင့်အလမ်းရှိဦးမှာပါ။ ဒါပေမဲ့ အဲဒီမတိုင်ခင်မှာ ဘယ်သူက တိုင်းတပါးသားတွေကို ပိုသတ်နိုင်လဲဆိုတာ ယှဉ်ကြည့်ကြရအောင်"

ရဲ့ကူချန်က အေးဆေးတည်ငြိမ်စွာ ပြောလိုက်သည်။

"ကောင်းပြီ"

ကျွင်ရှောင်ယောက် ခေါင်းညိတ်လိုက်၏။

"ကျွင်းသခင်လေး"

ရွှင်လန်းမှုအပြည့်နှင့် အသံထွက်လာခဲ့သည်။

အဝေးမှ လူရိပ်နှစ်ခု ပျံသန်းလာလေသည်။ ယွီဟွာဝမ်နှင့် ယွီယွင်ရှန့် ဖြစ်သည်။

ယွီယွင်ရှန့်က စိတ်လှုပ်ရှားပြီး ပြုံးရွှင်နေသော မျက်နှာအမူရာဖြင့် ကျွင်ရှောင်ယောက်အနားသို့ ရောက်လာခဲ့သည်။

"ညီနောင်ကျွင်း၊ မတွေ့တာကြာပြီ"

ယွီဟွာဝမ်လည်း ပြုံးလိုက်၏။

"အဆုံးစွန်စမ်းသပ်မှုကို မစတင်သေးဘူးထင်တယ်"

ကျွင်ရှောင်ယောက် ပြောလိုက်သည်။

မဟုတ်ပါက၊ ဤပါရမီရှင်များသည် ဤနေရာတွင် ရှိနေမည် မဟုတ်ပေ။

"ဟားဟားဟား၊ ညီနောင်ကျွင်း မလာဘူးဆိုရင် ငါတို့ အင်မော်တယ်နယ်မြေကြီးက မျိုးဆက်သစ်လူငယ်တွေရဲ့ နဖူးစည်းတွံဆိပ်ကို ဘယ်သူက ဆောင်ထားနိုင်မှာလဲ"

ယွီဟွာဝမ်က သူငယ်ချင်းဟောင်းတစ်ယောက်ကဲ့သို့ ကျွင်ရှောင်ယောက်နှင့် ရယ်မောရင်း ပြောလိုက်သည်။

"ညီနောင်ယွီဟွာက ငါ့ကို တကယ် တွန်းပင့်နေတော့တာပဲ"

ကျွင်ရှောင်ယောက် အနည်းငယ်ပြုံးကာ ပြောလိုက်၏။

"စကားမစပ်၊ မင်းသိသင့်တယ်လို့ ငါထင်တယ်"

ယွီဟွာဝမ်က ရုတ်တရက် လေးနက်သွားသည်။

ထို့နောက်တွင် ယွိချန်ကျွမ့်အကြောင်း ကျွင်းရှောင်ယောက်ကို အတိုချုံး ပြောပြလိုက်လေသည်။

"ငါက ယွိချန်ကျွမ့်နဲ့ ဘာမှမဆိုင်တဲ့အတွက် မပါဝင်နိုင်ခဲ့ဘူး၊ ဒါပေမဲ့ မင်းက သူနဲ့ အဆက်အသွယ်ရှိတယ်လို့ ကြားတယ်။ အဲဒါကြောင့် မင်းကို ပြောပြတာ"

ယွီဟွာဝမ်က ပြောလိုက်သည်။

နားထောင်နေပြီးနောက် ကျွင်းရှောင်ယောက် ပြုံးလိုက်၏။

သူ့ကို သိသူများကတော့ ဤအပြုံးက ဘာကိုဆိုလိုမှန်း ကောင်းစွာနားလည်လိမ့်မည်။

ကျွင်းရှောင်ယောက်က ယွိချန်ကျွမ့်ကို နောက်လိုက်အဖြစ် လက်မခံခဲ့သော်လည်း ယခင်က ကယ်တင်ခဲ့ဖူးသည်။

ထို့အပြင် ထိုက်ယင်ကျောက်စိမ်းယုန်ကိုလည်း ဖမ်းခဲ့၏။

ချစ်စရာကောင်းသည့် အိမ်မွေးသားရဲလေး ထိုက်ယင်ကျောက်စိမ်းယုန်အတွက်ဆိုလျှင်ပင် ကျွင်းရှောင်ယောက် နှာစေးနေမည် မဟုတ်ပေ။

"ကာကွယ်သူမိသားစုရဲ့ မျိုးဆက်တွေ၊ ဟုတ်လား။ သူတို့က တော်တော် အတင့်ရဲလာတာပဲ"

ကျွင်းရှောင်ယောက် ရေရွတ်လိုက်သည်။

ယွီဟွာဝမ်က မျက်မှောင်ကြုတ်ကာ သတိပေးလိုက်၏။

“ညီနောင်ကျွင်း၊ ကာကွယ်သူမိသားစုက အထူးအဆင့်အတန်း ရှိကြတယ်။ သူတို့ကို တခြားလူတွေလို ဆက်ဆံလို့မရဘူး။ မဟုတ်ရင် ပတ်ဝန်းကျင်ရဲ့ အကြီးအကျယ် ဝေဖန်ခံရလိမ့်မယ်"

“အဲဒါကြောင့်ပဲ သူတို့က ငါ့ကို မကြောက်မရွံ့ ရန်စမိတာပေါ့။ ဒါပေမဲ့ ငါ့စရိုက်ကို လွဲမှား တွက်ချက်ခဲ့ကြတာ သူတို့အမှားပဲ"

ကျွင်းရှောင်ယောက်က သူ့အင်္ကျီလက်ကို ခါယမ်းပြီး ပြောလိုက်သည်။

ဤတစ်ကြိမ်တွင် စွမ်းအားဖြည့်ထား၍ သူ့အသံက လှိုင်းလုံးကဲ့သို့ ပျံ့နှံ့သွားသည်။

"ဆယ့်ငါးမိနစ်အတွင်း ဘယ်သူ့ကိုမှ မတွေ့ရရင် ဒီနေ့ ရှေးဦးမြို့တော်ကို သွေးစွန်းစေတဲ့အတွက် အပြစ်မတင်နဲ့"

"ဝုန်း"

ကျွင်းရှောင်ယောက်ထံမှ အားကောင်းသော အရှိန်အဝါတစ်ခု ပေါက်ကွဲ ထွက်ပေါ်လာ၏။ ယင်းက အလွန်အေးစက်ကာ ရှေးဦးအင်ပါယာမြို့တော်တွင် ဖိအားတစ်မျိုး ဖြစ်ပေါ်စေခဲ့သည်။

"မဟာသူတော်စင်နယ်ပယ် အထွတ်အထိပ်"

ထိုအရှိန်အဝါကို ခံစားလိုက်ရပြီးနောက် ယွီဟွာဝမ်၏ မျက်လုံးများ အနည်းငယ် လှုပ်ရှားသွားသည်။

သူတင်မကဘဲ ယမဧကရာဇ်နှင့် လူဝင်စားဗုဒ္ဓ၊ တခြားသူများလည်း အနည်းငယ် တုန်လှုပ်သွားကြသည်။

"မဟာသူတော်စင်နယ်ပယ် အထွတ်အထိပ်။ ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်က အရင်ကတောင် မဟာသူတော်စင်နယ်ပယ်ကို ချိုးဖြတ်ရုံပဲ ရှိသေးတာ။ အခု မဟာသူတော်စင်နယ်ပယ် အထွတ်အထိပ်ကို ဘယ်လိုရောက်လာတာလဲ"

လူတိုင်း တုန်တုန်ယင်ယင် ဖြစ်သွားသည်။ အားလုံး အံ့ဩသွားကြ၏။

အမှန်တွင်၊ လူတိုင်း တုန်လှုပ်ရခြင်းက ကျွင်းရှောင်ယောက်၏ ကျင့်ကြံခြင်း‌အခြေခံအပြင်...

ကာကွယ်သူမိသားစုအပေါ် ကျွင်းရှောင်ယောက်၏ သဘောထားကြောင့်လည်း ပါဝင်သည်။

ယခင်ကတော့ ကျွင်းရှောင်ယောက်ကို ကာကွယ်သူများနှင့် ရင်ဆိုင်ရသည့်အခါ ကိုယ့်ကိုယ်ကိုယ် ချုပ်တည်းဦးမလားဟု လူတိုင်း တွေးမိခဲ့သည်။

ယခုတော့ သူဟာ ယခင်အတိုင်းပင် ကြီးစိုးနေဆဲဖြစ်ပုံပင်။

ကာကွယ်သူမျိုးရိုး၏ အထူးအဆင့်အတန်းကြောင့် သည်းခံထားခြင်းမရှိပါ။

တစ်ချိန်တည်းမှာပင်...

ရှေးဦးအင်ပါယာမြို့တော်အတွင်းရှိ အဓိက ကာကွယ်သူမိသားစုသုံးစုဖြစ်သည့် ချိုင်မိသားစု၊ ဖန်းမိသားစုနှင့် ဟုန်မိသားစုတို့တွင်...

ဤအသံကိုကြားရပြီးနောက် ချိုင်စုန့်၊ ဖန်းဖှေးနှင့် ဟုန်ချမ်တို့၏ အမူအရာများ ရုတ်တရက် ပြောင်းလဲသွားသည်။

ထိုစကားလုံးများမှ လွှမ်းမိုးမှုက သူတို့အားလုံးကို အနည်းငယ် ကြောက်ရွံ့သွားစေခဲ့၏။

ချိုင်မိသားစုတွင်...

လျှို့ဝှက်ဆန်းကြယ်သော ကြယ်တာရာ ကာကွယ်သူရှင်းက ပြောလိုက်သည်။

"ဘာမှမဖြစ်ပါဘူး၊ သွားလိုက်။ သူ မင်းကိုမထိဝံ့ဘူး"

"ဟုတ်တယ်၊ ငါတို့ ဘာမှမဖြစ်နိုင်ဘူး"

ချိုင်စုန့် ယုံကြည်မှုပြန်ရလာခဲ့၏။

ကာကွယ်သူရှင်းနှင့် သူ့နောက်ကွယ်မှ ပုဂ္ဂိုလ်ကို ထည့်မပြောလျှင်ပင်...

ကာကွယ်သူမိသားစု သူ့အထောက်အထားအရ ရှေးဦးအင်ပါယာမြို့တော်မှာ အမှန်တကယ် သတ်ဝံ့ပါ့မလား။

ထိုသို့တွေးမိသောအခါ ချိုင်စုန့်က တပ်သားတစ်ဖွဲ့ကိုခေါ်ပြီး ကျွင်းရှောင်ယောက်ဆီသို့ ထွက်ခဲ့သည်။

ဖန်းဖှေးနှင့် ဟုန်ချမ်တို့လည်း အလားတူဖြစ်၏။

ရှေးဦးအင်ပါယာမြို့တော်တွင် သူတို့ ကာကွယ်သူမိသားစုက မိုးကောင်းကင် ဖြစ်သည်။

ကောင်းကင်ကို မည်သူက ဆန့်ကျင်ဝံ့မည်နည်း။

All Chapters