← Chapters

အခန်း ၈၃၂

Vol. 56 Ch. 832

အခန်း ၈၃၂

Vol. 56 Ch. 832

အခန်း ( ၈၃၂ ) ကာကွယ်သူမျိုးရိုး၏ မျိုးဆက်များကို သတ်ခြင်း၊ ကမ္ဘာကြီးရဲ့ ကဲ့ရဲ့ရှုတ်ချမှုတွေကို ငါ ဂရုမစိုက်ဘူး။

ရှေးဦးအင်ပါယာမြို့တော်တွင် ကျွင်းရှောင်ယောက်က လက်နှစ်ဖက်ကို နောက်ပစ်ပြီး ရပ်နေခဲ့သည်။

ထိုစကားကို ကြွေးကြော်ပြီးနောက် ကျွင်းရှောင်ယောက်က ဆက်မပြောဘဲ တိတ်ဆိတ်သွား၏။

သို့သော်လည်း လူတိုင်း နားလည်သည်။

ချိုင်စုန့်နှင့် အခြားသူများမလှုပ်ရှားလျှင် အခြေအနေက တကယ်ဆိုးသွားမည်အား ကြောက်ရပေသည်။

အင်မော်တယ်အင်အားစုများ၏ အခြားမျိုးဆက်များသာ ကာကွယ်သူမျိုးရိုးကို ရင်ဆိုင်ရပါက ခြေတစ်လှမ်းဆုတ်ပေးနိုင်လောက်သည်။

သို့သော်လည်း ကျွင်းရှောင်ယောက်ကတော့ ဤလူမျိုးမဟုတ်မှန်း သိသာထင်ရှားလှပေသည်။

နာရီဝက်မကြာမီပင်...

မနီးမဝေးမှ ခြေသံများ ထွက်ပေါ်လာခဲ့သည်။

ချိုင်စုန့်၊ ဖန်းဖှေးနှင့် ဟုန်ချမ်တို့က ချပ်ဝတ်တန်ဆာဝတ် တပ်သားသုံးဖွဲ့နှင့်အတူ ရောက်လာကြ၏။

ပတ်ဝန်းကျင်ရှိ ပါရမီရှင်များအားလုံးလည်း စောင့်ကြည့်နေတော့သည်။

တစ်ဖက်က လူတိုင်း လေးစားအားကျရသည့် အထူးအဆင့်အတန်းရှိသော ကာကွယ်သူမိသားစုများမှ ဆင်းသက်လာသူ ဖြစ်သည်။

တစ်ဖက်မှာတော့ နာမည်ဂုဏ်သတင်း အထွတ်အထိပ်သို့ ရောက်နေသည့် ကျွင်းမိသားစု၏ သြဇာကြီးပြီး ကြီးစိုးသည့် နတ်ဘုရားသားတော် ဖြစ်၏။

ဤပဋိပက္ခများကို မည်သို့ အဆုံးသတ်မည်နည်း။

"ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်က အကြိမ်တစ်ရာကြားဖူးတာထက် အကြိမ်တစ်ရာ ‌မြင်ရတာက ပိုကောင်းတယ်။ တကယ်ကို သာမန်မဟုတ်ဘူးပဲ"

ရောက်လာပြီးနောက် ချိုင်စုန့်က အနည်းငယ်လက်ယှက်ပြီး ပြောလိုက်သည်။ သို့သော်လည်း သူ့အသွင်မှာ ဆင်ဝှေ့ရန်ရှောင် ပြောနေပုံရလေသည်။

ကျွင်းရှောင်ယောက်က အမှန်တကယ် ထူးချွန်သော်လည်း၊ ယခုအခါ သူက အင်မော်တယ်နယ်မြေကြီး၏ မျိုးဆက်သစ်လူငယ်များကြားမှ နံပါတ်တစ်သာ ဖြစ်ခဲ့သည်။

သူ့အနာဂတ်တွင် မည်သို့ ဖြစ်လာမလဲဆိုတာ ဘယ်သူသိမည်နည်း။

သူတို့နောက်လိုက်ရန် ရွေးချယ်ခဲ့သောသခင် မွေးဖွားလာပါက သူ့ဂုဏ်သတင်းမှာ ကျွင်းရှောင်ယောက်ထက် ဘယ်သောအခါမှ အားနည်းလိမ့်မည်မဟုတ်ကြောင်း ချိုင်စုန့်စိတ်ထဲတွင် သိသည်။

နောက်ဆုံးတွင်၊ ထိုသခင်လေးက အလွန်သန်မာပြီး အနှိုင်းမဲ့သည့် အထူးခန္ဓာတစ်ခု ဖြစ်ချေသည်။

ယင်းက ရှေးဟောင်းမြင့်မြတ်ခန္ဓာကိုပင် ကျော်လွန်နိုင်သည်။

"သူ ဘယ်မှာလဲ"

ကျွင်းရှောင်ယောက်က လျစ်လျူရှုစွာ ပြောလိုက်သည်။

ထိုစကားကိုကြားတော့ ချိုင်စုန့်၏ မျက်နှာအမူအရာက အနည်းငယ်ပြောင်းလဲသွားလေသည်။

"ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်၊ ငါသိသလောက်တော့ မင်းက ယွိချန်ကျွမ့်ကို တစ်ကြိမ်ကယ်တင်ခဲ့ဖူးပေမဲ့ သူက မင်းရဲ့နောက်လိုက် ဟုတ်ပုံမရဘူး။ မင်းနဲ့လည်း သိပ်ပြီး မပတ်သက်ဘူး မဟုတ်လား"

ကျွင်းရှောင်ယောက်၏ မျက်နှာအမူအဂာက မပြောင်းလဲဘဲ ထပ်ပြောသည်။

"ငါထပ်မေးမယ်၊ သူ ဘယ်မှာလဲ"

"ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်၊ ယွိချန်ကျွမ့်က မင်းအတွက်လည်း အရေးပါတဲ့သူမဟုတ်ဘဲနဲ့ အခြေ‌‌အနေတွေကို ဘာဖြစ်လို့ မဆွေးနွေးရမှာလဲ။ မင်း ဆန္ဒရှိတာကို ပြောပါ"

အမှန်အတိုင်းပြောရလျှင် ချိုင်စုန့်က သူ့ကိုယ်သူ အတော်သည်းခံ‌ပြီးနေပြီဟု ထင်သည်။

အကယ်၍၊ ဤနေရာတွင် အခြား အင်မော်တယ်အင်အားစုများဖြစ်ပါက လုံးဝသည်းခံမည် မဟုတ်ချေ။ နောက်ဆုံးတွင်၊ ထိုလူများက သူ့ကို ထိပါးဝံ့မည် မဟုတ်ပါ။

သို့သော်လည်း ကျွင်းရှောင်ယောက်၏ အရှိန်အဝါက ကြီးမားသည်။

ထို့ကြောင့် ချိုင်စုန့်ဟာ အတတ်နိုင်ဆုံး နောက်ဆုတ်ပေးရန် တွေးထားခြင်း ဖြစ်သည်။

ကျွင်းရှောင်ယောက်၏ အမူအရာက အေးစက်သွားပြီး တတိယအကြိမ် ထပ်ပြောလိုက်သည်။

"ငါ နောက်ဆုံးအကြိမ် မေးမယ်၊ သူ ဘယ်မှာလဲ"

ထိုစကားကိုကြားတော့ ချိုင်စုန့် ဒေါသမထွက်သေးသည့်တိုင် ဖန်းဖေးက မနေနိုင်တော့ပါ။

သူက မျက်ခုံးပင့်ပြီး လှမ်းအော်လိုက်သည်။

"တော်လောက်ပြီ ကျွင်းရှောင်ယောက်၊ ကျွင်းမိသားစုကြောင့် မင်းကို မျက်နှာသာပေးနေတာ။ သိပ်ပြီး အတင့်မရဲနဲ့"

"ငါတို့သူ့ကိုလိုချင်တယ်၊ ဒါကြောင့် မင်းရဲ့လက်ကို အပ်မှာမဟုတ်ဘူး"

ဖန်းဖေး၏ အေးစက်စက် အော်သံက ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့သည်။

ဂုဏ်သိက္ခာကြီးမားသော ကာကွယ်သူမိသားစုများ၏ မျိုးဆက်များအနေဖြင့် သူတို့ဟာ လေးစားမှုခံယူကြရသည်။

ဤသည်မှာ အခြားသူများမှ သူတို့ကို ပထမဆုံးအကြိမ် နှိမ့်ချခံခဲ့ရခြင်းပင်။

ထို့အပြင် ကျွင်းရှောင်ယောက်က အလွန်မာနကြီးပုံရသောကြောင့် ဖန်းဖေး ဒေါသဖြစ်ခဲ့ရသည်။

အနီးနားရှိ ပါရမီရှင်အုပ်စုများ အံသြသွား၏။

ကျွင်းရှောင်ယောက်ကို ကြိမ်းမောင်းဝံ့တယ်လား။

သေမင်းနားရွက်ကို တံတွေးဆွတ်နေတာလား။

"ဟင်း..."

ကျွင်းရှောင်ယောက်က သက်ပြင်းချလိုက်သည်။

"ဒီနတ်ဘုရားသားတော်က ကာကွယ်သူမျိုးရိုးရဲ့ မျိုးဆက်တွေကို သုံးကြိမ်တိတိ မျက်နှာသာပေးခဲ့တယ်။ ဒါပေမဲ့..."

ကျွင်းရှောင်ယောက်က ခဏရပ်လိုက်ပြီးနောက် ခွန်ပန်အမြန်နှုန်းဖြင့် ဖန်းဖေးဆီသို့ ရုတ်တရက် ခြေလှမ်းလိုက်သည်။

"မကောင်းတော့ဘူး"

ဖန်းဖေးနောက်မှ ချပ်ဝတ်တန်ဆာဝတ် တပ်သား မျက်နှာပျက်သွားပြီး လျင်မြန်စွာတုံ့ပြန်ခဲ့၏။

သို့သော်လည်း မည်သို့ဖြစ်မည်နည်း။

ကျွင်းရှောင်ယောက်၏ အမြန်နှုန်းကို လိုက်မမီနိုင်ပေ။

"ဂျိန်း"

ကျွင်းရှောင်ယောက်က လက်ညှိုးတစ်ချက်ညွှန်လိုက်သည်။

မိုးကြိုးဧကရာဇ်၏ မဟာနတ်ဘုရားသိုင်း၊ မိုးကြိုးဧကရာဇ်၏ လက်ချောင်း။

သူ၏ လက်ရှိ ကျင့်ကြံခြင်း အဆင့်နှင့်၊ အဆင့်တူ မဟာသူတော်စင်များကိုပင် ချက်ချင်း သတ်နိုင်သည်။

ဖန်းဖေးကဲ့သို့ လူတစ်ဦးကတော့ အထူး ပြောနေရန်ပင် မလိုပေ။

ပုံမှန်အားဖြင့် ကျွင်းရှောင်ယောက်က ထိုလူမျိုးကို ကြည့်ပင်မကြည့်ပါ။

"ဖောက်"

ကျွင်းရှောင်ယောက်က လက်ညှိုးညွှန်လိုက်သည်နှင့် ဖန်းဖေး၏ မျက်ခုံးနှစ်ခုကြားမှ အပေါက်တစ်ခု ထွက်ပေါ်လာကာ ရှေးဦးဝိညာဉ်သည်ပင် တိုက်ရိုက် ပေါက်ကွဲသွားတော့သည်။

ကာကွယ်သူမိသားစု၏ မျိုးဆက်တစ်ဦး သေဆုံးခဲ့ပြီ။

တိတ်ဆိတ်သည်။

မိုးနှင့်မြေကြားတွင် လုံးဝ တိတ်ဆိတ်သွား၏။

ရှေးဦးအင်ပါယာမြို့တော်တွင် ကာကွယ်သူမိသားစု၏ မျိုးဆက်များကို သတ်ဖြတ်ခြင်းမှာ ယခင်က တစ်ခါမှမဖြစ်ခဲ့ဖူးသော အရာ ဖြစ်သည်။

"ကျွင်းရှောင်ယောက်၊ နင်ရူးနေပြီ"

ဟုန်ချမ်လည်း သူ့ပါးစပ်ကို လက်နှင့်အုပ်ပြီး အော်ဟစ်လိုက်သည်။

ကျွင်းရှောင်ယောက်က တကယ်ကို သတ္တိကောင်းလှပေသည်။

"အတင့်ရဲလိုက်တာ"

ဖန်းမိသားစုမှ တပ်သားများလည်း သတ်ဖြတ်ချင်စိတ်များ ပေါက်ကွဲထွက်လာကာ ကျွင်းရှောင်ယောက်ကို တိုက်ခိုက်ကြတော့သည်။

သူတို့က မဟာသူတော်စင်များဖြစ်ပြီး သူတို့၏ သတ်ဖြတ်ချင်စိတ်များမှာ ကြောက်စရာကောင်းလွန်းသည်။

ဤလူများကို ရင်ဆိုင်ရသော်လည်း ကျွင်းရှောင်ယောက်က အေးစက်စက် နှာခေါင်းရှုံ့ပြီး ခြေတစ်ချက်လှမ်းလိုက်၏။

ပေါက်ကွဲသံနှင့်အတူ တပ်သားတစ်စု လွင့်စဉ်သွားတော့သည်။

"မင်းတို့အားလုံးက စစ်မြေပြင်မှာ ရန်သူတွေကို သတ်ခဲ့ကြတဲ့ သူရဲကောင်းတွေပဲ။ အခုလို မင်းတို့နဲ့မဆိုင်တဲ့ ဒုတိယမျိုးဆက်အတွက် အသက်ဆုံးရှုံးခံချင်လို့လား"

တပ်သားများ တုန်လှုပ်သွားကြသည်။

ကျွင်းရှောင်ယောက်၏ အရှိန်အဝါက အလွန်ကြောက်စရာကောင်းပြီး အနည်းငယ်မျှပင် မခုခံနိုင်ပေ။

တစ်ချိန်တည်းမှာပင်၊ သူတို့မျက်လုံးများမှာ ရှုပ်ထွေးမှုအရိပ်အမြွက်တို့ ပေါ်လာခဲ့၏။

ယခုလေးတင်၊ ကျွင်းရှောင်ယောက်က သူတို့အပေါ်မှာ သတ်ဖြတ်ချင်စိတ် ရှိခဲ့ပါက ယခုအခါ အမှန်တကယ် သေသွားလောက်ပြီ ဖြစ်သည်။

"ဒါက လူသတ်မှုပဲ၊ ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်က ငါတို့။ ကာကွယ်သူမိသားစုရဲ့ မျိုးဆက်ကို သတ်လိုက်ပြီ"

"ငါတို့ ဘိုးဘေးတွေက အင်မော်တယ်နယ်မြေကြီးကို ကာကွယ်ဖို့အတွက် သွေးမြေကျခံပြီး တိုင်းတပါးမှာ အသက်ပေးခဲ့ကြတာ၊ အခုတော့ သူတို့ရဲ့ မျိုးဆက်တွေကို အင်မော်တယ်နယ်မြေကြီးရဲ့ လူတွေက သတ်နေပြီ"

ဟုန်ချမ်က အသံကျယ်ကျယ်ဖြင့် အော်လိုက်သည်။

သူ့အသံက ရှေးဦးအင်ပါယာမြို့တော်မှ လူများကို ပိုမိုဆွဲဆောင်ခဲ့ပေသည်။

အကြောင်းမသိသော လူများက ယင်းကိုမြင်သောအခါ မျက်မှောင်ကြုတ်သွားခဲ့ကြသည်။

အကြောင်းသိသူများပင် ကျွင်းရှောင်ယောက်ကို ထင်ရာစိုင်းလွန်းပြီး သူ့အမူအရာမှာ အနည်းငယ်လွန်ကဲသည်ဟု ထင်သွားကြပေသည်။

"ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော် ပြဿနာကို ဖြေရှင်းတဲ့အခါ သတ်ဖြတ်ခြင်းကိုပဲ အဓိက အားကိုးတာလား"

"ကာကွယ်သူမိသားစုရဲ့ မျိုးဆက်တွေကို အခုလိုလုပ်တာကတော့ ရက်စက်လွန်းပါတယ်"

"ဟုတ်တယ်၊ ဒါက မိန်းမနှစ်ယောက်ပဲလေ။ မိန်းမအတွက် ကာကွယ်သူမိသားစုရဲ့ သားမြေးတွေကို သတ်တာကတော့ နည်းနည်း သဘာဝမကျဘူး"

အပြစ်တင်ပြောဆိုသံများ ထွက်ပေါ်လာခဲ့သည်။ ဤစကားသံများက ကြောက်စရာကောင်းသော လှံသွားများနှင့် ထိုးနေသကဲ့သို့ပင်။ ကြီးမားသော သက်ရောက်မှုရှိသည်။

"ဒါက နည်းနည်း ပြဿနာရှိတယ်"

ယွီဟွာဝမ်လည်း အနည်းငယ် မျက်မှောင်ကြုတ်သွား၏။

"ဒါက ဘယ်လိုဖြစ်တာလဲ။ ကာကွယ်သူမျိုးရိုးရဲ့ မျိုးဆက်တွေက အရင်မှားတာကို"

ယွီယွင်ရှန့် ဒေါသတကြီး ဖြစ်သွားသည်။

အရပ်ရပ်မှ ဆူညံနေသော အသံများကိုကြားတော့ ချိုင်စုန့်၏ မျက်လုံးများတွင် လှောင်ပြောင်သရော်မှု အရိပ်အမြွက်တို့ ထွက်ပေါ်လာခဲ့သည်။

ဤသည်ကပင် ကျွင်းရှောင်ယောက်ကို သူတို့ ရန်စဝံ့သော အကြောင်းရင်း ဖြစ်၏။

သူတို့၏ သူရဲကောင်းဆန်သော နောက်ခံများအရ ဘာကြောင့် ကြောက်နေရမည်နည်း။

ဟုန်ချမ်လည်း သူမ၏မျက်နှာက ဖြူဖျော့နေပြီး သူမ ကျယ်လောင်စွာ အော်ဟစ်ငိုယိုနေသည့်တိုင်၊ သူမ၏ မျက်လုံးများတွင် လှောင်ပြောင်မှု အရိပ်အယောင်များ ရှိနေပေသည်။

နင် ကျွင်းရှောင်ယောက်က သန်မာတယ်။

နောက်ခံကလည်း အရမ်းအားကောင်းတယ်။

ဒါပေမဲ့ အဲဒီလိုဆိုရင်တောင် ဘာဖြစ်လဲ။

လူတိုင်းရဲ့ ပြစ်တင်ဝေဖန်မှုကို ရပ်တန့်နိုင်မှာလား။

လူတစ်ယောက်ဆီမှ တံတွေးတွတွေးတစ်ချက်နှင့်ပင် ကျွင်းရှောင်ယောက် ရေစုန်မျောသွားနိုင်သည်။

ဤအခြေအနေမျိုးနှင့် ရင်ဆိုင်ရသောအခါ အင်မော်တယ်နယ်မြေကြီး၏ အစွမ်းထက်ဆုံး ပါရမီရှင်များပင် တုံ့ဆိုင်းသွားရမည် ဖြစ်သည်။

သို့သော်လည်း ကျွင်းရှောင်ယောက်က လျစ်လျူရှုထားဆဲပင်။

သူ့အရင်ဘဝကလည်း ဤအဖြစ်မျိုး မကြာခဏ မြင်ဖူးသည်။

အကြောင်းရင်း မသိနားမလည်ဘဲ ဖိုက်တာလုပ်သော ကီးဘုတ်ဖိုက်တာများက အမှားအမှန်ကို ကိုယ်တိုင်ဆုံးဖြတ်ကြပေသည်။

ငွေများ တရားနိုင်သလို လူများတရားနိုင်သောကြောင့်လည်း သူတို့လုပ်သမျှ အမှန်ဖြစ်ရသည်။

သူတို့ဘက်က မှားနေလျှင်ပင် ဖြောင့်မတ်သလို ပြုမူကြပေသည်။

အကျင့်စာရိတ္တကောင်းမွန်ပြီး ဖြောင့်မတ်သလိုနှင့် မြင့်မားသော အရပ်တွင် ရပ်တည်နေသော ကြောင်သူတော် တရားမျှတမှု ကာကွယ်ရေး အဖွဲ့များက ကျွင်းရှောင်ယောက်ကို ရွံ့ရှာစေသည်။

"တိတ်ကြစမ်း"

အေးစက်စက် အသံတစ်ခု ထွက်ပေါ်လာပြီး လူတိုင်းကို တုန်လှုပ်စေခဲ့သည်။

အားလုံး အသက်ရှုကျပ်သလို ခံစားလိုက်ရ၏။ တချို့လူများဆိုလျှင် ပါးစပ်ထဲမှ သွေးများပင် အန်ထွက်ကုန်တော့သည်။

"သေလူတွေ စကားအများကြီး မပြောဘူး"

ကျွင်းရှောင်ယောက်၏ မျက်လုံးများက အေးစက်နေပြီး ဟုန်ချမ်ကို လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်သည်။

ဟုန်ချမ်၏ မျက်နှာက သွေးဆုတ်ဖြူရော်သွားသည်။ ဟုန်မိသားစု၏ တပ်သားများက အလျင်အမြန် ရှေ့ကိုထွက်လာသော်လည်း ကျွင်းရှောင်ယောက်ကို မတားဆီးနိုင်ပေ။

"ဝုန်း"

လက်ဝါးရိုက်ချက်က ဟုန်ချမ်၏ ခန္ဓာကိုယ်ကို အပိုင်းပိုင်းကွဲအက်သွားစေခဲ့သည်။

သူမ၏ ပါးစပ်ကလည်း စုတ်ပြတ်သက်သွားတော့သည်။

ကျွင်းရှောင်ယောက်၏ လက်ဝါးရိုက်ချက်ကြောင့် သူ၏ ရှေးဦးဝိညာဉ်လည်း ပျက်စီးသွားသည်။

အရာအားလုံး တိတ်ဆိတ်သွားလေသည်။

ပတ်ဝန်းကျင်မှ လူများက မည်သို့ပင် ဝေဖန်နေကြစေကာမူ၊ ကျွင်းရှောင်ယောက်က ကာကွယ်သူမိသားစု၏ မျိုးဆက်သစ်တစ်ဦးကို ထပ်မံသတ်ဖြတ်လိုက်သည်။

ဤအရာက ဥပဒေမဲ့ မဟုတ်တော့ဘဲ၊ စည်းလွတ်ဝါးလွတ် ဖြစ်တော့သည်။

"ကမ္ဘာကြီးက ငါ့ကို ဝေဖန်နေရင်တောင် ဘာဖြစ်လဲ"

"ငါသတ်ချင်တဲ့သူကိုသတ်မယ်၊ ငါ့ကို ဘယ်သူတားဝံ့လဲ"

All Chapters