အခန်း ၈၃၃
Vol. 56 Ch. 833
အခန်း ( ၈၃၃ ) မင်းရဲ့ နောက်ကွယ်ကလူ ဘယ်သူဖြစ်ဖြစ် သူ မွေးလာဝံ့ရင် သူ့ကိုပါ သတ်မယ်။
ကျွင်းရှောင်ယောက်၏ စကားများက အရပ်ရပ်ကို တုန်ခါသွားစေခဲ့သည်။
ပါရမီရှင် အတော်များများ မျက်နှာများ အနည်းငယ် ဖြူဖျော့သွား၏။ အချို့က ကျွင်းရှောင်ယောက်၏ အင်အားကို လူကိုယ်တိုင် ပထမဆုံးအကြိမ် တွေ့ဖူးခြင်း ဖြစ်သည်။
ယင်းမှာ ကောင်းကင်ကိုးပါးရှိ သက်ရှိအားလုံးထက် သာလွန်လွှမ်းမိုးနိုင်သော အာဏာတစ်မျိုးပင်။
ကမ္ဘာကြီး၏ အေးစက်သော မျက်လုံးများနှင့် ဝေဖန်မှုများကို သူက လုံးဝ ဂရုမစိုက်ပေ။
ခဏလောက်တော့ အသံအားလုံး ပျောက်ကွယ်သွားပုံရသည်။
အပ်ကျသံပင် ကြားရလောက်အောင် အလွန် တိတ်ဆိတ်၏။
ကျွင်းရှောင်ယောက်က သူ့အင်္ကျီလက်ကိုခါယမ်းပြီး အေးစက်သော မျက်လုံးများဖြင့် ခြင်္သေ့ရှေ့မှ သိုးသငယ်ကဲ့သို့ တုန်လှုပ်နေသော ချိုင်စုန့်ကို ကြည့်လိုက်သည်။
"ဘိုးဘွားတွေရဲ့ ဂုဏ်ထူးဆောင်နာမည်ကို အားကိုးပြီး မြင့်မြတ်ဟန်ဆောင်နေတဲ့ လူညံ့လူမိုက် မျိုးဆက်သစ် မြေခွေးအုပ်တွေပဲ။ မင်းတို့ရဲ့ ဘိုးဘွားတွေက သူရဲကောင်းဆန်ဆန် နောင်တမရဘဲ သွေးသွန်းလောင်းခဲ့တာ မှန်ပါတယ်"
သူရဲကောင်းဟုဆိုလျှင် ဤကာကွယ်သူမိသားစုများ၏ ဘိုးဘွားများက အမှန်တကယ် လေးစားထိုက်သည်။
သို့သော်၊ ကျွင်းရှောင်ယောက်၏ ဖခင် ကျွင်းဝူဟွေ့ကလည်း သူရဲကောင်းတစ်ယောက်ဆိုတာ မေ့ထား၍မရပေ။
ဤနည်းဖြင့်၊ ကျွင်းရှောင်ယောက်သည်လည်း သူရဲကောင်းများ၏ မျိုးဆက်တစ်ဦး ဖြစ်သည်။
ထို့အတွက်ကြောင့်ပင် ကျွင်းရှောင်ယောက်က သူတို့ကို သတ်ရခြင်းအတွက် အနည်းငယ်မျှ အပြစ်ရှိသလို မခံစားရပေ။
"မင်း...မင်း...မင်း..."
ချက်ခြင်းသေဆုံးသွားသည့် ဖန်းဖေးနှင့် ဟုန်ချမ်ကြည့်ရင်း ချိုင်စုန့်၏ မျက်နှာက သွေးမရှိတော့သလို ဖြူရော်သွားသည်။ သူ့လေသံက ကတုန်ကယင်ဖြစ်နေပြီး စကားကိုတောင် ဖြောင့်ဖြောင့်တန်တန်း မပြောနိုင်တော့ပေ။
အကြောက်တရားက သူ့အသိစိတ်ကို လွှမ်းမိုးသွားခဲ့သည်။
ကျွင်းရှောင်ယောက်က ကြီးစိုးပြီး အမြဲတမ်း အချုပ်အတည်းမရှိ ပြုမူတတ်ကြောင်း သူ သိသည်။
သို့ရာတွင် ဤမျှ ပြတ်သားမည်ဟု မည်သူက ထင်ထားခဲ့မည်နည်း။
ရှေးဦးအင်ပါယာမြို့တော်တွင် ကာကွယ်သူမိသားစု၏ သားမြေးများကို မဆိုင်းမတွ သတ်ဖြတ်ခဲ့သည်။
ဤလူမျိုးက ကြောက်စရာအကောင်းဆုံးပင်။
အကြောင်းမှာ ထိုလူမျိုးက အကြောက်တရားမရှိဘဲ စိတ်ထဲရှိသည့်အတိုင်း လုပ်ဆောင်နိုင်သောကြောင့် ဖြစ်သည်။
သာမာန်ပါရမီရှင်တစ်ယောက်သာ ထိုသို့ပြုလျှင် အကြိမ်တစ်သောင်း ချက်ချင်း သေသွားရနိုင်သည်။
သို့ရာတွင်၊ ကျွင်းရှောင်ယောက်က မတူပေ။
ပြိုင်ဘက်ကင်းသော မိသားစုက သူ့ကို ထောက်ပံ့ထားသည်။
သူကိုယ်တိုင်ကလည်း မျိုးဆက်သစ်လူငယ်များကြားတွင် ပြိုင်ဘက်ကင်းနိုင်လောက်သော တည်ရှိမှု ဖြစ်၏။
ထိုသို့သောသူ ထကြွပါက ကောင်းကင်ကြီး ပြိုကျသွားလိမ့်မည်။
"ငါ မင်းကို အခွင့်အရေးပေးခဲ့တယ်၊ ဒါပေမဲ့ မင်းက အဲဒါကို မြတ်နိုးရမှန်း မသိဘူး။ အခုတော့ အရမ်းနောက်ကျသွားပြီ"
ကျွင်းရှောင်ယောက်က ခေါင်းကို အနည်းငယ်ခါယမ်းလိုက်သည်။ သူ့မျက်လုံးများကမူ အေးစက်ပြီး ခံစားချက်မဲ့၏။
သူက လက်ညိုးတစ်ချက်ညွှန်လိုက်သည်နှင့် မိုးကြိုးဧကရာဇ်၏လက်ချောင်းက လေထုကို ရုတ်တရက် ထိုးဖောက်ကာ ချိုင်စုန့်ထံသို့ တိုးဝင်သွားတော့သည်။
"မဟုတ်ဘူး၊ သခင်... ငါ့ကို ကယ်ပါဦး"
ချိုင်စုန့် သေးတဖြန်းဖြန်း ပါကျသည်အထိ ကြောက်သွားသည်။
သေခါနီးသော ခံစားချက်က ရေခဲလိုဏ်ဂူထဲ ကျသွားသလို ခံစားရ၏။
ဤအခိုက်အတန့်တွင် အားကောင်းသော ကြယ်အလင်းရောင်က လေထဲမှ ထွက်ပေါ်လာကာ မိုးကြိုးဧကရာဇ်၏ လက်ချောင်းကို ချေဖျက်သွားတော့သည်။
နောက်တော့ ငွေရောင်ဝတ်စုံနှင့် အဖြူရောင်မျက်နှာဖုံး ဝတ်ဆင်ထားသည့် ရုပ်သွင်တစ်ခု လေထဲမှ ပေါ်လာခဲ့သည်။
သူ့ထံမှ မဟာသူတော်စင်နယ်ပယ် အရှိန်အဝါများလည်း ထွက်ပေါ်လျက်ရှိ၏။
"ဟမ်"
ကျွင်းရှောင်ယောက် မျက်ခုံးပင့်လိုက်သည်။
အနီးနားရှိ လူတိုင်းလည်း အံ့အားသင့်သွားကြ၏။ ဤအချိန်တွင် ကျွင်းရှောင်ယောက်ကို တားဆီးဝံ့သူ ရှိဦးမည်ဟု မမျှော်လင့်ထားပေ။
"ကျွင်းရှောင်ယောက်၊ ရှေးဦးအင်ပါယာမြို့တော်မှာ ဥပဒေမဲ့ ပြုမူဝံ့တယ်။ မင်း သိပ်လွန်သွားပြီလို့ မထင်ဘူးလား"
ပေါ်လာခဲ့သူမှာ သူဘာဝအတိုင်း ကြယ်တာရာ ကာကွယ်သူရှင်း ဖြစ်သည်။ ချိုင်စုန့်နှင့် အခြားသူများ ညွှန်းဆိုသော လျှို့ဝှက်ဆန်းကြယ်သောသခင်၏ နောက်လိုက်လည်း ဖြစ်ချေသည်။
ယင်းကိုမြင်တော့ ကျွင်းရှောင်ယောက် ခဏစဉ်းစားပြီး တစ်စုံတစ်ခုကို နားလည်သွားသည်။
ယခင်ကတည်းက ထူးခြားသလို သူ ခံစားနေခဲ့ရ၏။
ကာကွယ်သူမိသားစုက မည်မျှ နိမ့်ကျနေပါစေ၊ ထိုက်ယင်မြင့်မြတ်ခန္ဓာကို ဖမ်းဆီးသကဲ့သို့ ပြုလုပ်ကြမည် မဟုတ်ပေ။
သူ့နောက်ကွယ်မှာ လျှို့ဝှက်ဇာတ်လမ်းတစ်ခု ရှိရမည် ဖြစ်သည်။
ယခုတော့ ချိုင်စုန့်နှင့် အခြားသူများက လက်ပါးစေများသာဖြစ်ကြောင်း ပေါ်လွင်လာချေပြီ။
"ချိုင်စုန့်နဲ့ တခြားသူတွေက ယွိချန်ကျွမ့်ကို သခင်အတွက် ခေါ်သွားကြတာ။ မင်း ပြဿနာတက်မသွားချင်ရင် လွှတ်ပေးလိုက်ဖို့ အကြံပေးချင်တယ်"
ကာကွယ်သူရှင်းက အေးစက်စက် ပြောလိုက်သည်။
ထိုစကားကိုကြားတော့ သူ့ပတ်ဝန်းကျင်မှ ပါရမီရှင်တော်တော်များများ အံ့ဩသွားကြသည်။
ကြယ်တာရာ ကာကွယ်သူရှင်း၏ အရှိန်အဝါကို သူတို့ ခံစားကြရ၏။
ယင်းက ထိပ်သီး တားမြစ်ပါရမီရှင်များထက် အားမနည်းပေ။
ယခုတော့ သူလိုလူက နောက်လိုက်တစ်ယောက်သာ ဖြစ်နေပါသလော။
သို့ဆိုလျှင် သူ့နောက်ကွယ်မှ သခင်က မည်မျှ ကြောက်စရာကောင်းသည့် တည်ရှိမှုတစ်ခု ဖြစ်သနည်း။
"ဖြစ်ကောင်းဖြစ်နိုင်တာက 'မျိုးစေ့'မွေးဖွားတော့မှာလား"
ယွီဟွာဝမ်၏ အမူအရာက အနည်းငယ်လေးနက်လာသည်။
"အစ်ကို၊ သူတို့နောက်မှာ မျိုးစေ့အဆင့် တည်ရှိမှုတစ်ခု ရှိနေတယ်လို့ ပြောချင်တာလား"
ယွီယွင်ရှန့်လည်း အခြေအနေကို မှန်းဆမိသွား၏။
“ဟုတ်တယ်၊ ဒါအမှန်ဖြစ်ရင် ရှေးဟောင်းသမိုင်းမှာ မြှုပ်ထားတဲ့ မျိုးစေ့တွေက အညှောက်ပေါက်ဖို့ အဆင်သင့်ဖြစ်နေပြီဆိုတဲ့ အဓိပ္ပါယ်ပဲ"
"အဲဒီအချိန်ကျရင် အင်မော်တယ်နယ်မြေကြီးရဲ့ မျိုးဆက်သစ်လူငယ် ဖွဲ့စည်းပုံက သိသိသာသာ ပြောင်းလဲသွားလိမ့်မယ်။ ညီနောင်ကျွင်းအတွက် မျိုးဆက်သစ်လူငယ် နံပါတ်တစ် ဆက်ပြီး ဖြစ်ချင်သေးရင် လွယ်တော့မှာမဟုတ်ဘူး"
ယွီဟွာဝမ်က သက်ပြင်းတစ်ချက်ချလိုက်သည်။
မျိုးစေ့အဖြစ် သတ်မှတ်ခံရသူများက ခေတ်တစ်ခု၏ ထိပ်တန်း ပါရမီရှင်များ ဖြစ်ကြ၏။
ဟုတ်ဟည်။
ကျွင်းရှောင်ယောက်အပြင် ဆန့်ကျင်ခြင်း ဧကရာဇ် ခုနစ်ပါးအဆင့်ရှိ တားမြစ်ပါရမီရှင်များ အားလုံးသည်လည်း ဤခေတ်၏ မျိုးစေ့အဆင့် ပုဂ္ဂိုလ်များဖြစ်ရန် အရည်အချင်းပြည့်မီကြပေသည်။
သို့သော်လည်း သူတို့ ကြီးထွားဖွံ့ဖြိုးရန် အချိန်က ထို'မျိုးစေ့များ' ထက် များစွာ တိုတောင်းသည်။
ထို့ကြောင့် အားနည်းချက် အနည်းငယ်တော့ ရှိလိမ့်မည်။
ကာကွယ်သူရှင်း၏ စကားများက လူတိုင်းကို များစွာ တွေးတောစေခဲ့သည်။
သူ့နောက်ကွယ်တွင် ထူးကဲသော တည်ရှိမှုတစ်ခု ရပ်တည်နေတာ ဖြစ်နိုင်ပေသည်။
သို့သော်လည်း ကျွင်းရှောင်ယောက်၏ အမူအရာက လုံးဝပြောင်းလဲမသွားဘဲ အေးစက်စက် ပြောလိုက်သည်။
"ဒီနတ်ဘုရားသားတော်က လက်ပါးစေနဲ့ စကားမပြောဘူး။ မင်းနောက်ကလူကို ထွက်လာဖို့ ပြောလိုက်ပါ"
"ကျွင်းရှောင်ယောက်... မင်း"
ကာကွယ်သူရှင်း၏ မျက်လုံးများက အေးစက်စက် အလင်းတို့ တောက်ပလာသည်။
ကျွင်းရှောင်ယောက်ဟာ သူ့အနောက်ကွယ်တွင် ရပ်နေသူက မျိုးစေ့အဆင့် တည်ရှိမှုမှန်း ခန့်မှန်းမိပုံရသည်။
သို့တိုင် သူ့ကို မျက်နှာသာမပေးသေးချေ။
"ငါ့သခင်က မမွေးသေးဘူး၊ ဒါပေမဲ့ သူ မွေးလာပြီးရင် မင်း..."
ကာကွယ်သူရှင်းက အေးစက်စက် ပြောလိုက်သည်။
သို့သော်လည်း သူ့စကားမဆုံးခင်မှာ ကျွင်းရှောင်ယောက်က မျက်မှောင်ကြုတ်ပြီး လက်ဝါးနှင့် ရိုက်ချလိုက်၏။
"နားညည်းလိုက်တာ"
"ဝုန်း"
ရွှေရောင်စွမ်းအင်က ကောင်းကင်မှ ရေတံခွန်ကဲ့သို့ တဟုန်းဟုန်းတောက်ကာ အရပ်ရပ်သို့ ပြန့်ကျဲသွားသည်။
ရွှေရောင်ကောင်းကင်ကြီး ပြိုကျလာသကဲ့သို့ လက်ဝါးကြီးတစ်ဖက်က ကာကွယ်သူရှင်းကို ဖိနှိပ်လာ၏။
ကျွင်းရှောင်ယောက်၏ လက်ရှိအင်အားဖြင့် ကာကွယ်သူရှင်းကဲ့သို့ တည်ရှိမှုကို သတ်ဖြတ်ခြင်းမှာ ခွေးတစ်ကောင်ကို သတ်ရခြင်းနှင့် မခြားပေ။
"ကျွင်းရှောင်ယောက်၊ မင်း အတင့်ရဲလှချေလား။ ငါ့သခင်က..."
"ဝုန်း"
ကာကွယ်သူရှင်း ဒေါသတကြီး အော်ဟစ်ပြီး အစွမ်းကုန် ပေါက်ကွဲလိုက်သည်။ ကြယ်မြစ် သဘာဝရူပါရုံတစ်ခုပင်လျှင် ထွက်ပေါ်လာခဲ့၏။
သို့သော်၊ ဤလက်ဝါးအောက်တွင် အရာအားလုံး ပြာများအဖြစ်သို့ ပြောင်းလဲသွားကြသည်။
ခန္ဓာကိုယ်ပေါက်ကွဲပြီး ရှေးဦးဝိညာဉ် ပျောက်ကွယ်ကာ ရုပ်ရော နာမ်ပါ ပျက်သုဥ်းသွားတော့သည်။
"မင်းနောက်ကလူက ဘယ်သူဆိုတာ အရေးမကြီးဘူး၊ သူမွေးလာဝံ့ရင် ငါသူ့ကိုပါ သတ်မယ်"
ကျွင်းရှောင်ယောက်က သူ့အင်္ကျီလက်ကို ဆတ်ခနဲခါယမ်းပြီး လျစ်လျူရှုစွာ ပြောလိုက်သည်။
အားလုံး ကြက်သေသေသွားကြလေသည်။
အဓိပဓိ တားမြစ်ပါရမီရှင်နှင့် အလွန် နီးစပ်သော ပါရမီရှင်တစ်ဦးကို ကျွင်းရှောင်ယောက်က တစ်ချက်တည်းဖြင့် ရိုက်သတ်လိုက်သည်။
နှစ်ဦးစလုံးက မဟာသူတော်စင်နယ်ပယ်များ ဖြစ်ကြ၏။ သူတို့ကြားမှ ကွာခြားမှုမှာ မည်မျှ ကြီးမားပါမည်နည်း။
သူတော်စင်သခင်ဖြစ်လျှင်ပင် မဟာသူတော်စင်ကို ကိုင်တွယ်ရန် တိုက်ကွက်အနည်းငယ် လိုနိုင်သည်။
"ဧကရာဇ်လူဝင်စားများလား၊ မဟုတ်သေးဘူး... ဒါက ဧကရာဇ်လူဝင်စားထက် ပိုသန်မာတယ်"
လူဝင်စားဗုဒ္ဓ၏ မျက်လုံးများက နက်နဲသွားသည်။
"သူက ဒီလောက်တောင် သန်မာတာလား"
တဟုန်းဟုန်းဟုန်းတောက်နေသော အနက်ရောင်အခိုးအငွေ့များနှင့် ယမဧကရာဇ်၏ မျက်လုံးများလည်း အလွန်လေးနက်နေ၏။
"မျှော်လင့်ထားတဲ့အတိုင်းပဲ"
ရဲ့ကူချန်လည်း စိတ်ခံစားချက်အပြည့်ဖြင့် သက်ပြင်းချလိုက်မိသည်။
ကျွင်းရှောင်ယောက်၏ နယ်ပယ်က မဟာသူတော်စင်နယ်ပယ် ကြီးမားသော ပြီးပြည့်စုံမှုသာ ဖြစ်သည်။
သို့သော်လည်း သူ၏ ခွန်အားက မဟာသူတော်စင်နယ်ပယ်ထက် များစွာ ကျော်လွန်နေခဲ့ပြီ။
ဤသို့ပင် ပြောရမည်။
ကျွင်းရှောင်ယောက်က မွေးလာတော့မည့် မျိုးစေ့များထက် အားမနည်းတော့ပေ။
အသက်နှစ်ဆယ်ကျော်အရွယ် ကျွင်းရှောင်ယောက်က ရှေးသမိုင်းတွင် မြှုပ်နှံထားသော အဓိပဓိ တားမြစ်ပါရမီရှင် မျိုးစေ့များကို ယှဉ်နိုင်ခဲ့သည်။
ဤအရည်အချင်းနှင့် ခွန်အားက အံ့မခန်းပင်။
"မင်း... မင်း သခင် ကာကွယ်သူရှင်းကို သတ်လိုက်ပြီ..."
ချိုင်စုန့် လိပ်ပြာလွင့်မတတ် ကြောက်လန့်သွားသည်။
ကျွင်းရှောင်ယောက်က အေးစက်ပြီး တည်ငြိမ်သော မျက်လုံးများဖြင့်ကြည့်ကာ ပြောလိုက်သည်။
"သူရဲကောင်း ဘိုးဘွားတွေရဲ့ သားမြေးဖြစ်ပြီး တစ်ပါးသူရဲ့ လက်ပါးစေ ကျွန်ဖြစ်ချင်စိတ် ရှိနေတယ်။ ငါ နတ်ဘုရားသားတော် မင်းရဲ့ ဘိုးဘွားတွေအစား ရှက်မိတယ်"
"မင်း...မင်း ငါတို့ ကာကွယ်သူမိသားစုကို ကျိန်ဆဲဝံ့တယ်"
ချိုင်စုန့်၏ မျက်နှာက နီရဲလာသည်။
ကျွင်းရှောင်ယောက်က သူ့ကို လူဘုံအလယ်တွင် ကြိမ်းမောင်းခဲ့၏။ ယင်းက တကယ်ကို ရှက်စရာကောင်းသည်။
"အပိုတွေပြောနေမဲ့အစား ရှန်းရွှီကမ္ဘာကို ဘာဖြစ်လို့ ငါနဲ့ မသွားရမှာလဲ။ မင်းနဲ့ငါ တိုင်းတပါးက မိစ္ဆာတွေကို ဘယ်သူက ပိုသတ်နိုင်မလဲဆိုတာ ပြိုင်ကြမလား"
ကျွင်းရှောင်ယောက် လှောင်ပြောင်လိုက်၏။
ချိုင်စုန့်လည်း ခဏချင်း စကားပြန်မပြောနိုင်တော့ပေ။
သူ၏ မဖြစ်စလောက်ခွန်အားဖြင့် ရှန်းရွှီကမ္ဘာကို သွားရောက်ခြင်းက တိုင်းတပါးမှ မိစ္ဆာများ၏ အစာအဖြစ် ထိုးကျွေးခံခြင်း မဟုတ်လော။
ဘယ်လိုသေသွားမှန်းပင် သိလိုက်ရမည် မဟုတ်ပေ။
ချိုင်စုန့်၏ အီးငုံမိသလို မအီမသာ မျက်နှာကိုကြည့်ရင်း ပတ်ဝန်းကျင်မှ လူများ ဆွံ့အသွားကြသည်။
ဂုဏ်သိက္ခာရှိသော သူရဲကောင်းများမှ ဆင်းသက်လာသူဟာ အမှန်တကယ်တမ်း ကြွက်တစ်ကောင်ကဲ့သို့ သူရဲဘောကြောင်နေသည်။
"မင်း မလုပ်ဝံ့ဘူးလား။ ဒါဆိုရင် ငါ နတ်ဘုရားသားတော်က ကာကွယ်သူမိသားစုအစား အမှိုက် ကူရှင်းပေးပါရစေ"
ပြောပြီးသည်နှင့် ကျွင်းရှောင်ယောက်က ချိုင်စုန့်ကိုသတ်ရန် သူ့လက်ကို မြှောက်လိုက်သည်။
ကျွင်းရှောင်ယောက်၏ မျက်နှာက ဖြူဖျော့သွားပြီး ဘောင်းဘီများ စိုလာပြန်တော့သည်။
ကြောက်လွန်းသဖြင့် သေးပါကျပြန်ပြီ။
ယင်းကိုမြင်တော့ သူတို့ပတ်ဝန်းကျင်မှ ပါရမီရှင်များလည်း သည်းမခံနိုင်တော့ပေ။
ကာကွယ်သူမျိုးရိုး၏ သားမြေးများက မည်သို့မည်ပုံ သူရဲဘောကြောင်သူများ ဖြစ်နေကြသနည်း။
"တော်လောက်ပြီ၊ ရပ်လိုက်"
ရုတ်တရက်၊ အေးစက်စက် အော်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။ တစ်ချိန်တည်းမှာပင် နယ်ပယ်ကိုးခုထက် ပိုအားကောင်းသော အရှိန်အဝါတစ်ခု ပေါ်ထွက်လာခဲ့၏။
အဓိပဓိတစ်ပိုင်း။
"မျိုးနွယ်တူဦးလေး၊ ကျွန်တော်ကို ကယ်ပါဦး"
ချိုင်စုန့်လည်း ရေနစ်ခါနီး ကောက်ရိုးတစ်မျှင်ကို ဆုပ်ကိုင်ထားမိသကဲ့သို့ အာခေါင်ခြစ်ကာ အော်ဟစ်လိုက်တော့သည်။