အခန်း ၈၃၄
Vol. 56 Ch. 834
အပိုင်း ( ၈၃၄ ) အဓိပဓိတစ်ပိုင်းကို ဆန့်ကျင်ခြင်း၊ ရှေးဦးအင်ပါယာမြို့အတွင်းမှ ပုဂ္ဂိုလ်ကြီးများ လှုပ်ရှားကုန်ပြီ။
မနီးမဝေးမှ သားသားနားနား ဝတ်စားထားသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ပေါ်လာခဲ့သည်။ သူက လေထဲမှ တစ်လှမ်းချင်း လျှောက်လာခဲ့၏။
ထိုသူမှာ ချိုင်မိသားစု၏ အကြီးအကဲတစ်ဦး ဖြစ်သည်။ သူ၏ အမည်ကတော့ ချိုင်ကျိဖြစ်ပြီး အဓိပဓိတစ်ပိုင်းနယ်ပယ်သို့ ရောက်နေပြီ။
ပုံမှန်အားဖြင့် ချိုင်မိသားစု၏ အဆင့်မြင့်ပုဂ္ဂိုလ်များမှာ အင်ပါယာမြို့တော် အတွင်းပိုင်း သို့မဟုတ် နယ်စပ်တွင် ရောက်နေတတ်ကြသည်။ သူတို့အတွက် မိသားစုတွင် အေးအေးနေရန် အချိန်မရှိပေ။
ယခုကဲ့သို့ သွေးထွက်သံယို မြင်ကွင်းနှင့် ချိုင်စုန့်၏ သနားစရာကောင်းသော အသွင်အပြင်ကို မြင်လိုက်ရသောအခါ ချိုင်ကျိ၏ မျက်နှာက အေးစက်သွားသည်။
"ကျွင်းရှောင်ယောက်၊ ဒါက ရှေးဦးအင်ပါယာမြို့တော်နော်။ ပျက်စီးခြင်းကောင်းကင် အင်မော်တယ်နယ်မြေကြီး မဟုတ်ဘူး"
"ပျက်စီးခြင်းကောင်းကင် အင်မော်တယ်နယ်မြေကြီးမှာ ကျွင်းမိသားစုက ကောင်းကင်ကို လက်တစ်ဖက်တည်းနဲ့ ဖုံးအုပ်ထားနိုင်ပေမဲ့၊ ဒီမှာတော့ ထိန်းထိန်းသိမ်းသိမ်းနေတာ ပိုကောင်းမယ်"
ချိုင်ကျိ အေးစက်စက်ဖြင့် ပြောလိုက်သည်။
ကျွင်းရှောင်ယောက်က ကာကွယ်သူမိသားစု၏ မျိုးဆက်များကို သတ်ပစ်လိုက်သော်လည်း၊ သူ့အတွက် ခက်ခဲလွန်းသောအရာများကို မလုပ်နိုင်ပါ။
အကြောင်းပြချက်က တစ်ခုသာ ရှိသည်။
ယင်းက ကျွင်းဝူဟွေ့ပင်။
နောက်ဆုံးတွင်၊ ကျွင်းဝူဟွေ့က နယ်စပ်မှာ နာမည်ကောင်းရှိသည်။
သို့သော်လည်း မကြာသေးမီက ကျွင်းဝူဟွေ့၏ ပျောက်ဆုံးမှုဟာ အတော်လေးကို တုန်လှုပ်သွားစေခဲ့သည်။
"အီးဟီး...၊ မျိုးနွယ်တူဦးလေး၊ ကျွင်းရှောင်ယောက်က ကျွန်တော်တို့ ကာကွယ်သူ မျိုးရိုးထဲက လူတွေကို သက်သက်မဲ့ သတ်လိုက်တာ၊ ခင်ဗျား ကျွန်တော်အတွက် ဆုံးဖြတ်ချက် ချရမယ်"
ချိုင်စုန့်က ငိုယိုပြီး ချိုင်ကျိအနားသို့ ရောက်လာခဲ့သည်။
"တော်လောက်ပြီ၊ တငိုငို တရီရီနဲ့... ရှက်ဖို့ကောင်းလိုက်တာ"
ချိုင်ကျိ ဆူပူလိုက်၏။
သူက အမြင်မရှိသူတစ်ယောက်ဖြစ်လျှင်ပင်...
ချိုင်စုန့်၊ ကာကွယ်သူရှင်းနှင့် သူ့နောက်ကွယ်မှ လျှို့ဝှက်ဆန်းကြယ်သောလူအကြောင်း သိသည်။
သူက တမင် နှာစေးခံနေခြင်း ဖြစ်ချေသည်။
နောက်ဆုံးတွင်၊ ထိုလျှို့ဝှက်ဆန်းကြယ်သောသခင်၏ မူလဇာစ်မြစ်က သူ့ကိုပင် ထိတ်လန့်စေခဲ့သည်။
ထိုလူကိုသာ အမှန်တကယ် ဖက်တွယ်နိုင်ပါက၊ သူတို့၏ ချိုင်မိသားစုဟာ ဧကန်မုချ တိုးတက်လာနိုင်လိမ့်မည်။
"ကျွင်းရှောင်ယောက်၊ မင်းလည်း လူသတ်ပြီးပြီဆိုတော့ ခြေတစ်လှမ်း ဆုတ်ပေးလိုက်ပါ။ ဖန်းမိသားစုနဲ့ ဟုန်မိသားစုကို ငါ ဂရုစိုက်လိုက်မယ်။ အဆင်ပြေတယ် မဟုတ်လား"
ချိုင်ကျိ ပြောလိုက်သည်။
"သူမကို လွှဲပေးပါ"
ကျွင်းရှောင်ယောက်က လျစ်လျူရှုစွာ ပြောလိုက်၏။
ချိုင်ကျိကို အဓိပဓိတစ်ပိုင်းဟူ၍ သူက လေးစားမှု လုံးဝ မပြပေ။
"ယွိချန်ကျွမ့်က အဲဒီသခင်အတွက် သတ်မှတ်ပြီးသွားပြီ။ လွှဲပြောင်းပေးဖို့ လုံးဝ မဖြစ်နိုင်ဘူး"
ချိုင်စုန့်က ကန့်ကွက်လိုက်သည်။
အဓိပဓိတစ်ပိုင်းနယ်ပယ် ကျွမ်းကျင်သူ ချိုင်ကျိ ရောက်ရှိလာပြီးနောက် ချိုင်စုန့်ဟာ ယုံကြည်မှုပြန်ရှိလာခဲ့သည်။ သူ မကြောက်တော့ပေ။
ကျွင်းရှောင်ယောက်က မည်မျှသန်မာသည်ဖြစ်စေ၊ နယ်ပယ်ကိုးခုအဆင့်မှာ ရှိနေဆဲ ဖြစ်သည်။
နယ်ပယ်ခုနစ်ခုမှ အဓိပဓိ အမည်ခံသူများက သူတော်စင်များ ထိပါးနိုင်တာ မဟုတ်ပေ။
"ကြည့်ရတာ မင်းတကယ်သေချင်နေပုံပဲ"
ကျွင်းရှောင်ယောက်၏ မျက်လုံးများက အေးစက်စက် အလင်းရောင်ဖြင့် တောက်ပလာခဲ့သည်။ သူက ချိုင်စုန့်ကို ထပ်မံတိုက်ခိုက်ရန် ဟန်ပြင်လိုက်၏။
"ကျွင်းရှောင်ယောက်၊ မင်း လွန်သွားပြီ"
ချိုင်ကျိ ပြောလိုက်သည်။
မဟာသူတော်စင်နယ်ပယ်နှင့် သူဟာ အမှန်တကယ် အလွန်အစွမ်းထက်သည်။
သို့ရာတွင် သူကဲ့သို့ အဓိပဓိတစ်ပိုင်းရှေ့တွင် မည်သို့ ဖုန်ထနိုင်မည်နည်း။
ချိုင်ကျိက လက်ဝါးရိုက်ချက် ထုတ်ဖော်လိုက်ရာ အဓိပဓိတစ်ပိုင်း အရှိန်အဝါများ ထွက်ပေါ်လာခဲ့သည်။
ကျွင်းရှောင်ယောက်က လက်တစ်ဖက်နှင့် ဆက်လက် တိုက်ခိုက်လိုက်၏။ တချိန်တည်းမှာပင် သူ့ခန္ဓာကိုယ်ထဲမှ မေယုကမ္ဘာ နှစ်ရာ့ခြောက်ဆယ်စွမ်းအားများ ပေါက်ကွဲထွက်ပြီး မြင့်မြတ်ခန္ဓာစွမ်းအင်နှင့်အတူ ချိုင်ကျိထံသို့ ဝင်ရောက်သွားတော့သည်။
"ဟာ၊ ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်က အဓိပဓိတစ်ပိုင်းကို တကယ် ရင်ဆိုင်နေတာပဲ"
ပါရမီရှင်အားလုံး အံ့ဩသွားကြသည်။
"ရထားကို တားဆီးဖို့ ကြိုးစားနေတဲ့ နှံ..."
ချိုင်ကျိက အရှိန်အဝါကြီးစွာ ပြောလိုက်သည်။ သို့သော်လည်း စကားမဆုံးမီ၊ အကန့်အသတ်မဲ့ ကြောက်စရာကောင်းသော ဖိအားကို ချက်ချင်း ခံစားလိုက်ရ၏။
ယင်းမှာ ကမ္ဘာကြီးတစ်ခုလုံး သူ့ထံသို့ ကျရောက်လာသကဲ့သို့ပင်။
မေယုကမ္ဘာ နှစ်ရာ့ခြောက်ဆယ်၏ စွမ်းအားက အလွန်ကြောက်စရာကောင်းသည်။
ဟင်းလင်းပြင်က ပြိုကျသွားပြီး ကစဉ့်ကလျား စွမ်းအင်နှင့် တုန်လှုပ်မှု လှိုင်းများက လေထဲတွင် ပြည့်နှက်သွားတော့သည်။
ယင်းက ရှေးဦးအင်ပါယာမြို့တော်၏ ခံစစ်ဝင်္ကပါများကိုပင် အသက်ဝင်စေကာ နိယာမများစွာ ပေါ်ထွက်လာခဲ့သည်။
"ဝုန်း"
ကြောက်စရာကောင်းသော ထိပ်တိုက်ရင်ဆိုင်မှုက ကြီးမားသော စွမ်းအင်လှိုင်းများကို ဖြစ်ပေါ်စေခဲ့သည်။ ကျွင်းရှောင်ယောက်နှင့် ချိုင်ကျိတို့ ပြိုင်တူ နောက်ပြန်ဆုတ်သွားရ၏။
သို့သော်လည်း ပြန်ဆုတ်သွားရင်း ကျွင်းရှောင်ယောက်က လက်ညိုးတစ်ချက်ညွှန်လိုက်သည်။
"မဟုတ်ဘူး"
ယုံကြည်မှုအပြည့်ရှိတေသော ချိုင်စုန့်၏ မျက်နှာပေါ်တွင် ချက်ချင်း စိတ်ပျက်အားငယ်မှုတို့ ပြည့်သွားသည်။
"ဖောက်"
လက်တစ်ချောင်းနှင့် သတ်လိုက်၏။
ချိုင်စုန့် သေပြီ။
"ကျွင်းရှောင်ယောက်၊ မင်း..."
ချိုင်ကျိ၏ အမူအရာက အေးခဲသွားသည်။ သူ လုံးဝမယုံနိုင်ပေ။
ပတ်ဝန်းကျင်ရှိလူများလည်း အေးခဲသွားကြသည်။
တချို့က ကုန်းကုန်းကွကွ၊ တချို့က ပါးစပ်အဟောင်းသားဖြစ်ပြီး တချို့ မျက်လုံးမျက်ဆံ ပြူးကျယ်နေကြ၏။
ယင်းမှာ နယ်ပယ်ခုနစ်ခုသို့ ဝင်ရောက်နေပြီဖြစ်သော အဓိပဓိတစ်ပိုင်း ဖြစ်သည်။
သို့တိုင် ကျွင်းရှောင်ယောက်က အမှန်တကယ် ဖလှယ်ခဲ့၏။ ယင်းက ဘယ်အဓိပ္ပာယ်နည်း။
လူဝင်စားဗုဒ္ဓ၊ ဧကရာဇ် ယမနှင့် အခြားသော တားမြစ်ပါရမီရှင်များပင် ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ စိတ်အေးအေးထားပြီး မနေနိုင်တော့ပေ။
အမှန်အတိုင်းပြောရလျှင် ဝှက်ဖဲအချို့ ထုတ်ဖော်ပါက သူတို့လည်း အဓိပဓိတစ်ပိုင်း၏ တိုက်ခိုက်မှုကို ခုခံနိုင်သည်။
သို့ရာတွင်၊ ကျွင်းရှောင်ယောက်ကတော့ ကျပန်းလှုပ်ရှားမှုဖြစ်ပြီး သူ၏ဝှက်ဖဲကို အသုံးမပြုခဲ့ပေ။
ကွာဟချက်က ကြီးမားသည်။
"မင်းနာမည်က ချိုင်ကျိလား၊ မင်းက တကယ်ကို ကြက်တစ်ကောင်ပဲ"
ကျွင်းရှောင်ယောက် ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
ဤချိုင်ကျိကို အဓိပဓိတစ်ပိုင်းများကြား၌ အားနည်းသူဟု ဆိုနိုင်သည်။
သူက တိုင်းတပါးကို သိပ်ရောက်ဖူးပုံမရပေ။
"ဂျူနီယာ၊ မင်း မောက်မာလွန်းပြီ"
ချိုင်ကျိ အော်ဟစ်လိုက်သည်။
သူသည် အဓိပဓိတစ်ပိုင်းဖြစ်သော်လည်း မဟာသူတော်စင်နယ်ပယ်မှ ကျွင်းရှောင်ယောက်က သူ့ရှေ့တွင် ချိုင်စုန့်ကို သတ်ပစ်လိုက်သည်။
ထို့မပြင် သူနှင့် တိုက်ကွက်ဖလှယ်ပြီး မျက်နှာကိုပင် ရိုက်သွား၏။
သို့သော်လည်း ချိုင်ကျိကို ပို၍ အံ့ဩတုန်လှုပ်စေသည်မှာ ကျွင်းရှောင်ယောက်၏ နတ်ဘုရားစွမ်းအင်က စကြာဝဠာကြီးကဲ့သို့ ကြီးမားလှသည်။
အဓိပဓိအချို့၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုသည်ပင် ကျွင်းရှောင်ယောက်လောက် မသန်မာနိုင်ပေ။
သူကဲ့သို့ အဓိပဓိတစ်ပိုင်းကတော့ ပြောနေရန်ပင် မလိုတော့ပါ။
"ဒီနေ့ မင်းကို ကျွင်းဝူဟွေ့ကိုယ်စား ငါသင်ပေးမယ်"
ချိုင်စုန့် ကြုံးဝါးလိုက်သည်။
ကျွင်းရှောင်ယောက်ကို သတ်ချင်လျှင်တော့ နည်းလမ်းမရှိပါ။ မဟုတ်ပါက အကျိုးဆက်များမှာ အလွန်ကြောက်စရာကောင်းမည် ဖြစ်သည်။
သို့သော်လည်း သင်ခန်းစာတစ်ခု ပေးတာကတော့ ပြဿနာမရှိပေ။
မထင်မှတ်ပဲ ထိုစကားကိုကြားတော့ ကျွင်းရှောင်ယောက်၏မျက်နှာက ရုတ်တရက် အေးစက်သွားသည်။
"မင်းကိုယ်မင်း ဘယ်သူလို့ ထင်လဲ၊ ငါ့အဖေအစား ပညာပေးရအောင် ဘာအစွမ်းအစရှိလို့လဲ"
သူ အော်ဟစ်လိုက်၏။
ကျွင်းဝူဟွေ့ကို သူကဲ့သို့ အဓိပဓိတစ်ပိုင်းက မည်သို့ ခိုင်းနှိုင်းပိုင်ခွင့်ရှိမည်နည်း။
"ဝုန်း"
နှစ်ယောက်သား တိုက်ခိုက်မှုများ ထပ်မံရင်ဆိုင်ခဲ့ကြသည်။ လူတိုင်း အံ့အားသင့်သွား၏။
ချိုင်ကျိက အတည်လုပ်နေပြီဖြစ်သော်လည်း ကျွင်းရှောင်ယောက်ကို မဖိနှိပ်နိုင်သေးပေ။
"သူက တကယ်ကို ကြက်တစ်ကောင်ပဲ"
ယွီယွင်ရှန့် ရယ်မောလိုက်သည်။
တစ်ချိန်တည်းမှာပင်၊ ရှေးဦးအင်ပါယာမြို့တော်၏ အနက်ရှိုင်းဆုံးအပိုင်း...
ဟင်းလင်းပြင်တစ်နေရာမှာ...
အဆင့်မြင့် တည်ရှိမှုတချို့က ဤနေရာတွင် လေ့ကျင့်ရန် တင်ပျဉ်ခွေထိုင်နေကြသည်။
ရုတ်တရက်၊ ဤတည်ရှိမှုများ တစ်ဦးပြီး တစ်ဦး မျက်လုံးပွင့်ပြီး လေ့ကျင့်ရာမှ နိုးလာခဲ့၏။
"ဘာတွေဖြစ်နေတာလဲ၊ အင်ပါယာမြို့တော်ရဲ့ ကာကွယ်ရေးဝင်္ကပါ အသက်ဝင်နေပြီလား"
"အဓိပဓိအဆင့် တိုက်ခိုက်နေတဲ့ အငွေ့အသက်ကို ရတယ်"
"အင်ပါယာမြို့တော်ထဲကို တိုင်းတပါးက အဓိပတိတစ်ယောက် ခိုးဝင်လာတာလား"
"ဟင်၊ အဲဒီအငွေ့အသက်က ချိုင်မိသားစုကပဲ"
လူများကြားတွင် အစိမ်းရောင်ဝတ် အဖိုးအိုတစ်ဦး၏ အမူအရာက ပြောင်းလဲသွားသည်။
၎င်းက ချိုင်မိသားစု၏ ဘိုးဘေးတစ်ဦးဖြစ်သော ချိုင်ချုံး ဖြစ်ချေသည်။
"အဲ့ကောင်လေးက ချိုင်ကျိပဲ။ အဲ... သူ့ရဲ့ ပြိုင်ဘက်၊ အဲဒီ အရှိန်အဝါက..."
တစ်ခုခုကို ခံစားမိဟန်ဖြင့် သူ့အမူအရာ ပြောင်းလဲသွားသည်။
"မဟုတ်ဘူး၊ မင်း အဲဒီမိသားစုကို စော်ကားမှာတော့ မဟုတ်လောက်ဘူး မဟုတ်လား"
ချိုင်ချုံး အလျင်စလို ထရပ်လိုက်၏။
ဤနေရာတွင် အခြား ကာကွယ်သူမိသားစုများ၏ ပုဂ္ဂိုလ်ကြီးများလည်း ရှိပေသည်။
"တာအိုရောင်းရင်းချိုင်ချုံး၊ ဘာဖြစ်နေတာလဲ"
အပြာရောင်ဝတ် အဖိုးအိုနှင့် အနီရောင်ဝတ် အဘွားအိုတစ်ယောက်က ရှေ့သို့ ထွက်လာသည်။
သူတို့က ဖန်းမိသားစုနှင့် ဟုန်မိသားစုတို့၏ ဘိုးဘွားများထဲမှ နှစ်ဦးပင်။
ဤမိသားစုသုံးစုက အတော်လေး ရင်းနှီးကြသည်။
"တစ်ခုခုဖြစ်သွားပြီ"
ချိုင်ချုံး နောက်ပြန်လှည့်မကြည့်တော့ဘဲ ကတိုက်ကရိုက် ထွက်သွားတော့သည်။
အခြားမျိုးနွယ်စုနှစ်စု၏ ဘိုးဘွားများသည်လည်း သံသယစိတ်ဖြင့် အချင်းချင်းကြည့်ကာ သူ့နောက်သို့ လိုက်သွားခဲ့ကြသည်။
တစ်ချိန်တည်းမှာပင်...
အခြားနေရာတစ်ခုမှာ မြင့်မားသော မျှော်စင်တစ်ခု ရှိနေသည်။
ပိတ်အင်္ကျီဝတ်ထားသော အဖိုးအိုတစ်ဦး မျှော်စင်ပေါ်တွင် တင်ပျဉ်ခွေထိုင်နေ၏။
ကစဉ့်ကလျား စွမ်းအင်များကလည်း သူ့ခန္ဓာကိုယ်အနှံ့ ရစ်ပတ်နေလေသည်။
ဤသည်မှာ အလွန် အရှိန်အဝါကြီးသည့် ပျက်စီးခြင်း တာအိုသခင်နယ်ပယ် ပုဂ္ဂိုလ်ကြီး ဖြစ်သည်။
သို့သော်လည်း အဘိုးအိုတွင် ဖမ်းစားနိုင်ဆုံးအရာက သူ၏နဖူးမှ ကြောက်စရာကောင်းသော အမာရွတ်ကြီး လေးခု ဖြစ်၏။
ယင်းမှာ တိုင်းတပါးမှ ထိပ်သီး ပုဂ္ဂိုလ်ကြီးများနှင့် တိုက်ခိုက်ရင်း ကျန်ရစ်ခဲ့သော အမာရွတ်များ ဖြစ်တော့သည်။
သူ့နဖူးပေါ်ရှိ အမာရွတ်လေးခုကြောင့်ပင် ရှေးဦးအင်ပါယာမြို့တော်နှင့် တိုင်းတပါးမှ သက်ရှိများက သူ့ကို အမာရွတ်လေးခုသခင်ဟု ခေါ်ကြသည်။
အမာရွတ်လေးခုသခင်က အလွန်မြင့်မားသော စွမ်းရည်ရှိသည့် စစ်ပြန်တစ်ဦး ဖြစ်သည်။
သူ့မျိုးဆက်မှ ဘိုးဘွားများစွာက တိုင်းတပါးနှင့် စစ်မြေပြင်တွင် ကျဆုံးသွားခဲ့ကြသည်။ နောက်ဆုံးတွင် သူ တစ်ဦးတည်း အလွန်ကြေကွဲဖွယ်ကောင်းသည့် ပုံစံဖြင့် ကျန်ခဲ့ပေသည်။
ဤအနစ်နာခံခြင်းမျိုးက ရှေးဦးအင်ပါယာမြို့နှင့် တိုင်းတပါးရှိ အမာရွတ်လေးခုသခင်၏ ဂုဏ်သိက္ခာကို ပို၍မြင့်မားစေခဲ့သည်။
သူဟာ ကာကွယ်သူမျိုးရိုး၏ ဝါရင့်ပုဂ္ဂိုလ်ကြီးတစ်ဦးပင် ဖြစ်လုနီးပါးပင်။
ကာကွယ်သူ မိသားစုများ၏ ဘိုးဘေးအချို့ပင် သူ့ကိုမြင်သောအခါ ရိုသေစွာ ဦးညွှတ်ကြရသည်။
ဤအခိုက်တွင် မျက်လုံးမှိတ်ပြီး လေ့ကျင့်နေသော အမာရွတ်လေးခုသခင်က အိုမင်းနေပြီဖြစ်သော သူ့မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်သည်။
သူ့မျက်လုံးများထဲတွင် အံ့အားသင့်နေသည့် အကြည့်များလည်း ရှိနေလေသည်။
"အဲ့ဒီ အရှိန်အဝါက ငါ့ကျေးဇူးရှင်ရဲ့သွေးပဲ"
အမာရွတ်လေးခုသခင် မတ်တပ်ထရပ်လိုက်သည်နှင့် ကစဉ့်ကလျားစွမ်းအင်များက လှိုင်းထသွားသည်။
သို့သော်လည်း တစ်ခုခုကို ခံစားလိုက်ရသလို၊ သူ့မျက်လုံးထဲမှာ မကြုံစဖူး ဒေါသများ ပေါ်လာခဲ့၏။
"သေစမ်း၊ ငါ့ကျေးဇူးရှင်က နယ်စပ်ကို နှစ်ပေါင်းများစွာ စောင့်ကြပ်ပြီး တိုင်းတစ်ပါးကို ကိုင်လှုပ်ခဲ့ပေမဲ့ သူ့ရဲ့သွေးကတော့ အင်ပါယာမြို့တော်မှာ ဖိနှိပ်ခံနေရတယ်"
"ဒါကို ဘယ်သူလုပ်တာလဲ၊ ငါ သူ့ကို အရေခွံဆုပ်ပစ်မယ်"
အမာရွတ်လေးခုသခင်က ဒေါသတကြီး အော်ဟစ်လိုက်သည်။
ဤခံစားချက်မှာ၊ မိမိက တိုင်းပြည်အတွက် သွေးသံတရဲရဲနှင့် စစ်မြေပြင်ကို ဖြတ်သန်းနေသော်လည်း...
မိမိ၏ မျိုးဆက်က နောက်ကွယ်တွင် ဖိနှိပ်ခံနေရခြင်းကို ရုတ်တရက် သိလိုက်ရသကဲ့သို့ ဖြစ်သည်။
ဤအခြေအနေမျိုးတွင် ဒေါသကို ထိန်းချုပ်နိုင်ရန် ခက်ခဲ၏။
အမာရွတ်လေးခုသခင်လည်း ဒေါသတကြီးဖြင့် ဟင်းလင်းပြင်ကို တိုက်ရိုက် ဆုပ်ဖြဲကာ ထွက်သွားတော့သည်။